← Chapters

ထူးခြားသောစိတ်ဝိညာဥ်သားရဲ

Vol. 7 Ch. 98

ထူးခြားသောစိတ်ဝိညာဥ်သားရဲ

Vol. 7 Ch. 98

မထင်မှတ်ထားသည့်ပြောင်းလဲမှု?----

ဂျန်ဖန်းအံ့အားသင့်သွားခဲ့သည်၊၊

“ကျေးဇူးပြုပြီးစီနီယာအကို ရှင်းပြပေးပါအုန်း----”

တပည့်က စိုးရိမ်သည့်အမူအရာဖြင့် သူ၏အဝတ်ထူကြီးကိုချွတ်လိုက်၏၊၊

“ငါတို့ပျားရည်စုဆောင်းဖို့ပြင်နေတုန်း စိတ်ဝိညာဥ်သားရဲတစ်ကောင် ပျားအုံထဲ ကျူးကျော်ရောက်နေတာကို သိလိုက်ရတယ်၊၊”

“အဲ့ကောင်က ပျားရည်တွေကို အငမ်းမရစားနေတယ်လေ၊၊ အဲ့တော့ ဝံပုလွေခေါင်းပျားတွေလည်း အတော်ထွက်ပြီး အဲ့စိတ်ဝိညာဥ်သားရဲကို တိုက်ခိုက်ကြတာပေါ့---"

“ငါတို့အောက်ရောက်တဲ့ချိန် ဝံပုလွေခေါင်းပျားတွေက ငါတို့ကို အကူတွေလို့အထင်မှားပြီး တိုက်ခိုက်ပါလေရော----”

ပြောနေရင်းဖြင့် တပည့်က သူ့အဝတ်တွေကို ခါလိုက်သည်၊၊

ရာနှင့်ချီသည့်ပျားအမှီးတွေ မြေပြင်ပေါ် ကျလာပြီး ထိုအချိန်က ဝံပုလွေခေါင်းပျားတွေ ဘယ်လောက်ရူးသွပ်နေလဲဆိုတာ မြင်နိုင်တာပဲဖြစ်သည်၊၊

“ဂျူနီယာညီလေး, မင်း တကယ်ပဲ အောက်ကိုဆင်းသွားချင်ရင် နောက်ရက်မှ ဆင်းတာကောင်းလိမ့်မယ်----”

တပည့်နှစ်ယောက်က ကြင်နာစွာဖြင့် သတိပေးလိုက်သည်၊၊

နောက်တစ်နေ့?----

စိတ်ဝိညာဥ်သားရဲစားသောက်ပြီးလျှင် ပျားရည်ဘယ်လောက်ကျန်မည်လဲ မည်သူသိမည်နည်း၊၊

သူသာ သုံပေါင်မစုဆောင်းနိုင်လျှင် တာဝန်ကျရှုံးမည်ဖြစ်သည်၊၊

ထိုအရာက သူ၏ပထမဆုံးတာဝန်ဖြစ်၍ ကျရှုံးလို့မဖြစ်ပေ၊၊

“ငါ အောက်ဆင်းသွားကြည့်ရမယ်----”

ဂျန်ဖန်းပြောလိုက်သည်၊၊

ဂျန်ဖန်းက အကြံဉာဏ်ကို လက်မခံတာမြင်သည့်အခါ တပည့်တွေထဲက တစ်ယောက်က ပြောလိုက်သည်၊၊

“ဒါဆိုလည်း ငါ့အဝတ်ထူကို ယူသွားလိုက်---”

“မင်းဒီတိုင်းဆင်းသွားရင် မင်းအတုတ်ခံရလို့ သေသွားလိမ့်မယ်-----”

ဂျန်ဖန်း ခေါင်းခါလိုက်သည်၊၊

“မလိုပါဘူး----”

ပြောပြီးနောက် သူက ကြိုးကိုကိုင်ကာ အောက်ကို စဆင်းတော့၏၊၊

တပည့်နှစ်ယောက် မျက်မှောင်ကြုတ်သွား၏၊၊

“ဒီဂျူနီယာဂျန်ဖန်းက ယုံကြည်မှုလွန်ကဲနေတာပဲ---”

“ဒီမှာပဲ စောင့်ရအောင်၊၊ သူအော်ဟစ်ပြီး အကူအညီတောင်းဖို့ မကြာလောက်ဘူး---"

တကယ်တော့ ဂျန်ဖန်းက ကြိုးတောင်မလိုပေ၊၊ လှုပ်ရှားမှုနည်းလမ်းဖြင့် သူက ချောက်ကမ်းပါးနံရံကို မြေပြင်ကဲ့သို့ သွားလာနိုင်တာပဲဖြစ်သည်၊၊

သူက စီနီယာအကိုနှစ်ယောက်ကို အများကြီးမစိုးရိမ်စေချင်ယုံပဲဖြစ်သည်၊၊

မကြာမီ----

သူက ချောက်ကမ်းပါးအလယ်ထိ လျှောဆင်းလာခဲ့သည်၊၊

အောက်၌ အောက်ခြေမရှိသည့်ချောက်နက်ကြီးတစ်ခုရှိနေ၏၊၊ မည်သို့သော စိတ်ဝိညာဥ်သားရဲက ပျားရည်ခိုးဖို့ ဤလောက်အမြင့်ကြီးတက်လာသနည်း၊၊

အဝေးမှ သူက လူတစ်ယောက်အရွယ်ရှိသည့် ဂူတစ်ခုကို ချောက်ကမ်းပေါ်၌တွေ့လိုက်ရသည်၊၊

ကြီးမားသည့်ရွှေရောင်ပျားအုံကြီးတစ်ခုက ဂူထဲမှငေါထွက်နေခဲ့သည်၊၊

မရေမတွက်နိုင်သည့် ဝံပုလွေခေါင်းပျားတွေက အရူးအမူး တဝီဝီမြည်နေပြီး အထဲမှတစ်စုံတစ်ခုကို တိုက်ခိုက်ဖို့ တိုးဝင်နေကြသည်၊၊

ထိုအခိုက်အတန့်၌----

ဝံပုလွေခေါင်းပျားတစ်ကောင်က ဂျန်ဖန်းကို သတိထားမိပြီး ချက်ချင်း သူ့ဆီကို ပျံသန်းလာခဲ့သည်၊၊

ဂျန်ဖန်း ချက်ချင်းပဲ သူပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းကိုဖွင့်ကာ အလွန်ပြင်းထန်သည့်ရနံ့တစ်ခုကို ထုတ်လွတ်လိုက်သည်၊၊

ဝံပုလွေခေါင်းပျား အနားရောက်သည့်အခါ မတိုက်ခိုက်တော့ပဲ သူ့ပတ်ပတ်လည်မှာ လှည့်ပတ်ပျံသန်းနေခဲ့သည်၊၊

ဂျန်ဖန်းကို သူဝတ်ရည်စုဆောင်းသည့် ပန်းပွင့်နှင့် အထင်မှားသွားပြီး နောက်ထပ် ရန်မလိုတော့ပေ၊၊

ဂျန်ဖန်း ဤနည်းလမ်းအလုပ်ဖြစ်တယ်လို့ စိတ်ထဲက တွေးလိုက်ပြီး ဂူထဲကို အေးအေးဆေးဆေး လျှောဆင်းသွားခဲ့သည်၊၊

အထဲကိုကြည့်လိုက်သည့်အခါ သူကြောင်အသွားခဲ့သည်၊၊

သူကကြောင်တစ်ကောင်အရွယ်အစားလောက်ရှိသည့် လိမ္မော်ရောင် စိတ်ဝိညာဥ်သားရဲတစ်ကောင်ကို တွေ့လိုက်သည်၊၊ ကြည်လင်သည့်မျက်လုံးတွေရှိပြီး အနက်ရောင်နှာခေါင်းတစ်စုံနှင့် လိမ္မော်ရောင်အမွေးအမျှင်တွေရှိတာပဲ ဖြစ်သည်၊၊

၎င်းက ပျားအုံကိုမှီပြီး ခြေတောက်ချိတ်ထားခဲ့သည်၊၊

၎င်း၏လက်ဖဝါးသေးသေးလေးတစ်ဖက်စီတွင် ပျားရည်တွေစီးကျနေသည့် ပျားလဘို့အစိတ်အပိုင်းတစ်ခုစီကို ကိုင်ထားပြီး ဘယ်ဘယ်ကိုက်လိုက် ညာဘက်ကိုက်လိုက်ဖြင့် စားသောက်နေခဲ့သည်၊၊

တစ်ဝက်လောက်စားပြီးနောက် ပျားလဘို့က သေးသွားသဖြင့် လွင့်ပစ်လိုက်သည်၊၊ ထို့နောက် နောက်ထပ်ကြီးသည့် အစိတ်အပိုင်းတစ်ခုကို ယူကာ ပျော်ရွင်စွာဖြင့် ဆက်လက်စားနေ၏၊၊

ကြမ်းပြင်၌ စွန့်ပစ်ထားသည့် ပျားလဘို့များစွာဖြင့်ပြန့်ကျဲနေခဲ့သည်၊၊

အကြမ်းဖျင်းတွက်ကြည့်လျှင် လွင့်ပစ်ထားသည့်ပျားရည်တစ်ခုတည်းနှင့်တင် ငါးပေါင်ထက်မနည်းပေ၊၊

မင်းက အရမ်းဖြုန်းတီးတာပဲ----

ဂျန်ဖန်း နဖူးကြောတွေ ထောင်ထလာခဲ့သည်၊၊

သူဆင်းလာခဲ့တာကံကောင်းသွား၏၊၊ မဟုတ်ရင် ထိုကောင်၏ဖြုန်းတီးမှုကြောင့် ပျားရည်တွေ အကုန်ပြောင်သွားမည်ဖြစ်သည်၊၊

စိတ်ပျက်စရာအကောင်းဆုံးက ထိုကောင်၏အရေခွံက အလွန်မာပြီး ဝံပုလွေခေါင်းပျားတွေ၏ ထိုးနှက်မှုမှ သက်ရောက်မရှိဖြစ်နေ၏၊၊

၎င်းက တိုက်ခိုက်နေသည့် ဝံပုလွေခေါင်းပျားတွေကို လျှာထုတ်တောင်ပြောင်နေလိုက်၏၊၊

ထိုကောင်၏မျက်နှာပေါ်က အမူအရာက အတော်လေး စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းတာဖြစ်သည်၊၊

“စောက်ကလေး ထွက်သွားစမ်း----”

ဂျန်ဖန်း ထိန်းမထားနိုင်တော့ပဲ အော်ပြောလိုက်၏၊၊

စိတ်ဝိညာဥ်သားရဲလေးက နောက်ဆုံးမှာတော့ ကျူးကျော်လာသူကို သတိထားမိလိုက်သည်၊၊

ချက်ချင်းပဲ ၎င်းက ခြေလေးချောင်းထောက်၍ အမြီးကိုမြှောက်ကာ အမွှေးအမျှင်အားလုံး ထောင်မတ်လာခဲ့သည်၊၊

၎င်းက သွားဖြဲပြလိုက်ပြီး ထူးဆန်းသည့် အော်သံတစ်ခုပြုလုပ်ကာ လူတွေကို လုံးဝကြောက်လန့်ပုံမရပေ၊၊

ဂျန်ဖန်း ရယ်လိုက်ပြီး ရှေ့တက်ကာ ထိုကောင့်လည်ပင်းမှကိုင်၍ အပြင်ကို လွင့်ပစ်ဖို့ပြင်လိုက်၏၊၊

မမျှော်လင့်စွာနှင့်----

ထိုအကောင်လေးက အလွန်မြန်သည့်အရှိန်ဖြင့် သူ့ဆီခုန်ဝင်လာခဲ့ရာ ဂျန်ဖန်း အချိန်မှီမတုံ့ပြန်နိုင်လုနီးပါးဖြစ်သွား၏၊၊

သူက အလျှင်အမြန် လက်ပြန်ရုတ်လိုက်သဖြင့် လက်ဖဝါးပေါ် ပူလောင်သည့်ခံစားချက်တစ်ခုသာ ခံစားလိုက်၏၊၊

ကြည့်လိုက်သည့်အခါ သူ့လက်ဖျံပေါ်၌ သိပ်မနက်သည့် အဖြူရောင်ခြစ်ရာ ငါးခုကို တွေ့လိုက်ရသည်၊၊

“အို့--- မင်းလက်သည်းတွေက အတော်ထက်တာပဲ၊၊ မရှိန်ကလည်း မယုံမနိုင်စရာပဲ----”

ဂျန်ဖန်း အံ့အားသင့်စွာဖြင့် မှတ်ချက်ပြုလိုက်သည်၊၊

သူ၏ထူးခြားသည့်လှုပ်ရှားမှုနည်းလမ်း နှင့် ကြေးနီရောင်အရေပြား သံမဏိအရိုး နယ်ပယ်ကို ရောက်နေတာ ကြောင့်သာမဟုတ်လျှင် ဤလက်သည်းတွေက သေချာပေါက် အရိုးထိအောင် လှီးဖြတ်သွားမည်ပဲ ဖြစ်သည်၊၊

စိတ်ဝိညာဥ်သားရဲငယ်လေးလည်း ထပ်တူ အံ့အားသင့်ပုံပေါ်နေ၏၊၊ ၎င်းက ညာဖက်လက်ဖဝါးကိုတောင် စိတ်ရှုပ်စွာဖြင့် မြှောက်ကြည့်နေပြီး သူ့လက်သည်းတွေ အလုံအလောက်မထက်ရှတော့ဘူးလားဟု သိချင်နေခဲ့၏၊၊

“အသေးလေး မင်း, မင်းရဲ့ပြိုင်ဘက်နဲ့ တွေ့ပြီကွ----”

ဂျန်ဖန်းမျက်လုံးစင်းလိုက်ပြီး သူ၏လုပ်ရှားမှုနည်းလမ်းကို ချက်ချင်းအသုံးပြုလိုက်၏၊၊

စိတ်ဝိညာဥ်သားရဲလေး ဂျန်ဖန်း၏လျှင်မြန်မှုကြောင့်် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်၊၊

၎င်း၏ဂုဏ်ယူရသည့် လျှင်မြန်မှုက ဂျန်ဖန်းကို ဆန့်ကျင်ရာမှာ မည်သည့်အာသာချက်မှ မရှိတော့ပေ၊၊

ထို့ပြင် ၎င်း၏ချွန်ထက်သည့်လက်သည်းတွေကလည်း မည်သည့်ထိခိုက်ဒဏ်ရာမှ ရအောင်မလုပ်နိုင်ပေ၊၊

ထို့ကြောင့် ခုနှစ်ချီ ရှစ်ချီလောက်ပြီး၌---

ဂျန်ဖန်းက ထိုကောင့်ကို လည်ပင်းမှကိုင်ပြီး နံရံပေါ်မှာဖိကပ်ထားခဲ့သည်၊၊

“သာမန်လူသာဆိုရင် မင်းကိုနိုင်မှာမဟုတ်ဘူး----”

ဂျန်ဖန်း အသက်ရူရင်းပြောလိုက်သည်၊၊

လူတစ်ယောက်က အခြေခံတည်ဆာက်ခြင်း အဆင့် ၇၊ အဆင့်၈ မရောက်လျှင် ထိုကောင်လေးကို ရင်ဆိုင်ရာ၌ အတော်လေး ဒုက္ခရောက်မည်ဖြစ်သည်၊၊

ထို့ပြင် ၎င်းကိုဖမ်းဖို့က ပိုလို့တောင် ခက်၏၊၊

စိတ်ဝိညာဥ်သားရဲလေး ကလန်ကဆန်ဖြင့် ရုန်းကန်နေပြီး ဂျန်ဖန်းကို သူ့လက်သည်းဖြင့် ကုတ်ဖို့ ကြိုးစားနေခဲ့သည်၊၊

သို့ပေမယ့် ၎င်း၏လက်ချောင်းတွေက အလွန်တိုနေသဖြင့် ဘယ်လောက်ပဲကြိုးစားကြိုးစား မရောက်နိုင်ဖြစ်နေခဲ့သည်၊၊

“ခဏလောက်ငြိမ်ငြိမ်နေစမ်းပါ----”

ဂျန်ဖန်းပြောလိုက်ပြီး ချောက်ကမ်းပါးနံရံမှ နွယ်ပင်အချို့ကို ဖြတ်ယူလိုက်သည်၊၊

ထို့နောက် စိတ်ဝိညာဥ်သားရဲလေးကို ဘောလုံးတစ်လုံးကဲ့သို့ တင်းကျပ်စွာချည်ပြီး ထောင့်တစ်နေရာ ပစ်ထားလိုက်သည်၊၊

ဝံပုလွေခေါင်းပျားတွေက ဂျန်ဖန်းကိုယ်ပေါ်က ရနံ့ကြောင့် သူ့ကို လုံးဝမတိုက်ခိုက်ကြပေ၊၊

သူတို့က သူ ပျားရည်တွေလွတ်လွတ်လပ်လပ်ယူတာကို ခွင့်ပြုနေ၏၊၊

ချောက်ကမ်းပါးအပေါ်၌----

တပည့်နှစ်ယောက် အချိန်တော်ကြာစောင့်နေပြီး ကြိုးမှ မည်သည့်လှုပ်ရှားမှုမှ မရှိသည့်အတွက် စိုးရိမ်နေကြသည်၊၊

“သူ မအော်နိုင်ခင် အတုတ်ခံရပြီး သေများသွားတာလား---”

ထိုအခိုက်အတန့်၌----

ကြိုးကလှုပ်ယမ်းလာခဲ့သည်၊၊

တပည့်နှစ်ယောက်ချက်ချင်းပြေးသွားကာ ကြိုးကို ဆွဲလိုက်၏၊၊

မကြာခင် သူတို့က ဂျန်ဖန်းကို ဆွဲတင်လိုက်ကြသည်၊၊ သူ ဘာထိခိုက်ဒဏ်ရာမှမရတာမြင်သည့်အခါ တုန်လှုပ်သွားကြသည်၊၊

“ဝံပုလွေခေါင်းပျားတွေက မင်းကို မတုတ်ဘူးလား----”

ခဏကြာပြီးနောက် ဂျန်ဖန်း ပျားလဘို့အိတ်ကြီးတစ်ခုသယ်လာတာကို သူတို့ သတိထားမိလိုက်သည်၊၊

အထဲ၌ အနည်းဆုံး ပျားရည်လေးပေါင်လောက်ရှိတာဖြစ်သည်၊၊

“မင်း ဒီလောက်အများကြီးရခဲ့တယ်ပေါ့၊၊ ဝံပုလွေခေါင်းပျားတွေ မင်းကို မတိုက်ခိုက်ဖူးလား---”

“အဲ့ဒီဝံပုလွေခေါင်းပျားတွေ ပျားရည်ကို ရတနာလို ဆက်ဆံတာ၊၊ နည်းနည်းယူရင်တောင် အသေလိုက်တုတ်တာ၊၊ ဒီလောက်အများကြီးဆိုရင်တော့ ပြောမနေတော့----”

“ဂျူနီယာညီလေး, မင်းက မယုံနိုင်စရာပဲ----”

စကားတစ်ခွန်းမှမပြောပဲ ဂျန်ဖန်းက သူတို့နှစ်ယောက်ကား ပျားရည်တစ်ပေါင် ခွဲပေးလိုက်သည်၊၊

“ဒါကို ယူပြီး သဖက်ခါကျရင် ပြန်တင်ပြလိုက်---”

တပည့်နှစ်ယောက် တွေဝေသွားကြသည်၊၊

“ငါတို့ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ----”

ဂျန်ဖန်း ပြောလိုက်သည်၊၊

“ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲ၊ ဘာလို့မရရမှာလဲ---”

အောက်၌အများကြီးကျန်သေးတာဖြစ်ပြီး သူက အကုန်သယ်မလာနိုင်ခဲ့လို့ဖြစ်သည်၊၊

ကျေးဇူးတင်သည့်အမူအရာဖြင့် နှစ်ယောက်သား လက်ခံလိုက်ကြသည်၊၊ သူတို့ထဲက တစ်ယောက်က အသံနှိမ့်ပြီး ပြောလိုက်သည်၊၊

“ဂျူနီယာဂျန်ဖန်း, အကြံလေးတစ်ခုလောက် ပေးပါရစေ---”

“မင်းပျားရည်တစ်ပေါင်ပဲတင်သင့်တယ်၊၊ ကျန်တဲ့ဟာကို ညဈေးတန်းမှာ ဈေးကောင်းကောင်းနဲ့ရောင်းလို့ရတယ်----”

“ငါတို့ဒါကို မင်းအတွက် လျို့ဝှက်ထားပေးမယ်----”

ပြောပြီးနောက် တပည့်နှစ်ယောက်က ဝတုတ်တုတ်တပည့်ကို ထူးဆန်းစွာ သယ်ဆောင်သွားခဲ့သည်၊၊

ဂျန်ဖန်း ပြုံးလိုက်သည်၊၊

သူတို့ထွက်ခွာသွားပြီးနောက် သူက ခြင်းတစ်ခုယူကာ အလျှင်အမြန်ပဲ အောက်ကို နောက်တစ်ကြိမ်ဆင်းသွားခဲ့သည်၊၊

ခဏကြာပြီးနောက်----

ပျားရည်၁၀ပေါင်၊ စိတ်ဝိညာဥ်သားရဲလေးတို့နှင့်အတူ သူ့နေအိမ်ကိုပြန်ရောက်လာခဲ့သည်၊၊

“အခု တာဝန်ပြီးသွားပြီဆိုတော့ စီနီယာအကိုအကြီး ဘာအပြစ်မှရှာလို့မရတော့ဘူး----"

ဂျန်ဖန်း ပြောပြီး ပျားရည်ကို ဘေးနားပစ်ထားလိုက်သည်၊၊

ထို့နောက် စိတ်ဝိညာဥ်သားရဲလေးကိုကြည့်လိုက်၏၊၊ ဘောလုံးတစ်လုံးကဲ့သို့ ချည်ခံထားရသော်လည်း ၎င်းက ကြမ်းကြုတ်စွာကြည့်နေဆဲဖြစ်သည်၊၊

“ကြမ်းတမ်းနေသေးတယ်ပေါ့၊ ငါမင်းနဲ့ နောက်မှ ရှင်းမယ်----”

သူက ပြောလိုက်သည်၊၊

ထို့နောက် ကြက်လှောင်အိမ်တစ်ခုရှာကာ စိတ်ဝိညာဥ်သားရဲလေးအား ပစ်ထည့်လိုက်သည်၊၊

သူမသိတာက----

တိမ်စိမ်းမြို့အပြင်၌----

ဖီးနစ်ငှက်နှင့်ဆင်တူသည့် ဧရာမငှက်ကြီးတစ်ကောင်ပေါ်၌ လှပသည့် ပုံရိပ်များစွာ မတ်ရပ်နေကြ၏၊၊

ထိပ်ဆုံး၌ အသက် ၄၀ အရွယ်ရှိသည့်အမျိုးသမီးတစ်ယောက်ရှိနေခဲ့၏၊၊ သို့ပေမယ့် သူမက အသက် ၃၀ လောက်သာထင်ရ၏၊၊

“ငါ့ရဲ့စိတ်ဝိညာဥ်သားရဲက တိမ်စိမ်းမြို့ကို ထွက်ပြေးသွားတာ သေချာလား-----”

ဦးဆောင်လာသည့်အမျိုးသမီးက မေးလိုက်သည်၊၊ သူမက ဂိုဏ်းကြီးကိုးဂိုဏ်းထဲက တစ်ခုဖြစ်သည့် စိတ်ဝိညာဥ်သားရဲဂိုဏ်းခေါင်းဆောင် ဂုန်ချိုင်ယီမှလွဲ၍ အခြားသူမဟုတ်ပေ၊၊

“အဲ့ဒီသားရဲလှိုင်းက သူကိုရှာနေတဲ့သားတွေကြောင့်ဖြစ်တာ၊၊ အဲ့ဒီကောင်လေးကို ပျောက်လို့မဖြစ်ဘူး----"

လှပသည့်အမျိုးသမီးတပည့်တစ်ယောက်က အရိုအသေပေးလိုက်သည်၊၊

“သေချာပါတယ်၊၊ အဲ့ဒီအကောင်လေး တိမ်စိမ်းမြို့ထဲဝင်သွားတာ တပည့်မျက်စိနဲ့တပ်အပ်မြင်လိုက်တာပါ-----”

ဂုန်ချိုင်ယီ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏၊၊

“ကောင်းပြီလေ, ဒါဆိုလည်း ငါတို့ တိမ်စိမ်းဂိုဏ်းဘိုးဘေးပူဇော်ပွဲကို အကြောင်းပြပြီး တိမ်စိမ်းဂိုဏ်းမှာ နေကြတာပေါ့-----”

“နင်က အဲ့အကောင်လေးကို တိတ်တဆိတ်ရှာ၊၊ အဲ့ဒါကို ရှာတွေ့မှဖြစ်မယ်----”

နှစ်ရက်ကြာပြီးနောက်----

ခေါင်းလောင်မြည်လာပြီး ဂိုဏ်းသခင်တောင်ထိပ် တပည့်တွေ အဓိကခန်းမထဲ၌ စုဝေးကြ၏၊၊

ဤနေ့က အစီရင်ခံရမည့်နေဖြစ်သည်၊၊

အတိတ်တုန်းက ထိုအရာဟာ ပုံမှန်ကိစ္စဖြစ်သည့်အတွက် မည်သူမှ အာရုံမစိုက်ကြပေ၊၊

သို့ပေမယ့် ယနေ့က ထူးခြား၏၊၊

စီနီယာအကိုကြီးက ဂျန်ဖန်းသာ စံနှုန်းမမှီလျှင် ရေအိမ်ဆေးရမည်ဟု ကြေညာထား၏၊၊

လူတိုင်း ဂျန်ဖန်းရောက်လာမှာကို စိတ်အားထက်သန်စွာစောင့်နေကြသည်၊၊

All Chapters