မင်းလှည့်စားနေတာပဲ
Vol. 7 Ch. 99
ဂျန်ဖန်းလည်း ခေါင်းလောင်းသံကြားပြီး အပြင်ထွက်ဖို့ပြင်ဆင်လိုက်၏၊၊
မမျှော်လင့်စွာဖြင့် လျိုချင်းရှန် ခိုးကြောင်ခိုးဝှက်ဖြင့် တံခါးလာခေါက်၏၊၊
“ဂျန်ဖန်း, မြန်မြန်တံခါးဖွင့်အုန်း----”
ဂျန်ဖန်း အံ့သြသင့်စွာဖြင့် သူမကို တံခါးဖွင့်ပေးလိုက်သည်၊၊
သူဘာမှမပြောရသေးခင် လျိုချင်းရှန် သူ့ကို အခန်းထဲဆွဲခေါ်သွားခဲ့သည်၊၊
သူမက သူ့ကို အထက်အောက်သေချာကြည့်လိုက်ပြီး ဘာမှမဖြစ်တာမြင်မှ နောက်ဆုံးစိတ်သက်သာယာရစွာဖြင့် သက်ပြင်းချလိုက်သည်၊၊
“တော်သေးတယ်, နင့်မှာဦးနှောက်တော့ရှိသားပဲ၊၊ ကိုယ့်ကိုယ်ကို ဒုက္ခအဖြစ်မခံဘူး----”
ထို့နောက် သူမက ကျောက်စိမ်းသေတ္တာတစ်ခုကို ဂရုတစိုက်ထုတ်ယူပြီး ဂျန်ဖန်းလက်ထဲတည့်ပေးလိုက်သည်၊၊
“ဒါကိုယူလိုက်----”
ဂျန်ဖန်း ငုံ့ကြည့်လိုက်ပြီး ကြောင်အသွားခဲ့သည်၊၊
“ဝံပုလွေခေါင်းပျားရည်? စီနီယာအမ, မင်း ဒါတွေ ဘယ်ကရတာလဲ----”
လျိုချင်းရှန် တံခါးမှီလိုက်ပြီး သူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်သည်၊၊
“ဒါပေါ့, ကောင်းကင်ပေါ်ကနေ ကျလာတာလေ----”
ဂျန်ဖန်း ရှက်ရွံ့သွားခဲ့သည်၊၊
စီနီယာအကိုနှစ်ယောက်ပြောတာကို သူမှတ်မိသေး၏၊၊ ညဈေးတန်း၌ ထိုအရာကို ဈေးကောင်းကောင်းဖြင့် ရောင်းချလို့ရတာပဲဖြစ်သည်၊၊
လျိုချင်းရှန်ထိုအရာကို ဘယ်လိုရခဲ့လဲဆိုတာ သူနားလည်သွားခဲ့သည်၊၊
“ဒါဆို မင်းက ငါ့ကိုဘာလို့ပေးတာလဲ----”
ဂျန်ဖန်း အံ့အားသင့်စွာဖြင့်မေးလိုက်သည်၊၊
သူ့၌ ပျားရည် ၁၀ပေါင် ရှိပြီးသားဖြစ်သည်၊၊
လျိုချင်းရှန် သူ့ ဉာဏ်ရည်ကိုမေးခွန်းထုတ်သည့်သဘောဖြင့် ထူးဆန်းစွာကြည့်လိုက်သည်၊၊
“အသိသာကြီးလေ, နင့်တာဝန်အတွက်ပေါ့ဟ----”
“ငါက နင်စားဖို့ပေးတယ်များမှတ်နေလား----”
ငါ့တာဝန်အတွက်?---
ဂျန်ဖန်း သူ့လက်ထဲရှိ ပျားရည်က လေးလာတာကို ရုတ်တရက်ခံစားလိုက်ရသည်၊၊
ရှုရို့ရန်နှင့် ချန်းစီလင်အပြင် လျိုချင်းရှန်က သူ့ကိုတွေးပေးသည့် တတိယမြောက်အမျိုးသမီးပဲဖြစ်သည်၊၊
“ကျေးဇူးတင်ပါတယ်, စီနီယာအမ----”
ဂျန်ဖန်း ကျေးဇူးတင်စွာပြောလိုက်သည်၊၊
သူက ထိုအရာကို မလိုအပ်ရင်တောင် ဤပျားရည်တစ်ပေါင်က သူ့မှာရှိသည့် ၁၀ပေါင်ထက် ပိုတန်ဖိုးရှိသည်ဟု ခံစားရ၏၊၊
လျိုချင်းရှန်ပြောလိုက်သည်၊၊
“မတတ်နိုင်ဘူးလေ, နင်က မောင်ကံဆိုးဖြစ်နေတာကိုး----”
“နင်ပျားရည်စုဆောင်းတဲ့တာဝန်ရခါမှ ပျားအုံမှာပြောင်းလဲမှုရှိလာတယ်----”
“အတွေ့အကြုံအရှိဆုံးပျားရည်စုဆောင်းသူဖြစ်တဲ့ ဖက်တီးချန်းတောင် အတုတ်ခံရပြီး ခုထိသတိမေ့နေတုန်းပဲ----”
“နင်ခေါင်းမာမာနဲ့ အောက်ဆင်းပြီး ထိခိုက်လာမှာကို ငါက စိုးရိမ်နေတာ၊၊ ဒါပေမယ့် နင်အဆင်ပြေနေတာမြင်တော့ ငါစိတ်အေးပါပြီ----”
ဂျန်ဖန်း ရယ်ချင်သွား၏၊၊
သူက အောက်ဆင်းသွားရုံသာမက ပျားရည်အများအပြားပါ ရလာခဲ့သေး၏၊၊
“ကောင်းပြီလေ, မြန်မြန် အဓိကခန်းမကိုသွားပြီး တင်ပြလိုက်----”
“ဒါကနင့်ရဲ့ပထမဆုံးတာဝန်ဆိုတော့ ငါ့အဖေစောင့်ကြည့်နေလိမ့်မယ်----”
“ဒီပျားရည်ကိုယူပြီး သူ့မျက်နှာကိုဖြတ်ရိုက်လိုက်၊၊ နင့်ကို အထင်သေးလို့မရဘူးဆိုတာ ပြလိုက်, ဟမ့်---”
နှာမှုတ်ပြီး သူမက အလျှင်အမြန်ပဲ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်၊၊
ဂျန်ဖန်း ဆွံ့အစွာဖြင့် ရေရွတ်လိုက်သည်၊၊
“ငါမှာ မင်းအဖေနဲ့ ဘာပြဿနာမမရှိဘူး၊၊ ဒါပေမယ့် မင်းမှာတော့ ရှိတယ်ထင်တယ်----”
စဥ်စားပြီးနောက်----
သူက လျိုချင်းရှန်ပေးခဲ့သည့်ပျားရည်ကို အိမ်မှာထားခဲ့ပြီး လုံခြုံစွာသိမ်းထားလိုက်၏၊၊
ထို့နောက် သူ့ခြင်းတောင်းကိုသယ်ကာ အဓိကခန်းမရှေ့ကိုရောက်လာခဲ့သည်၊၊
“တောက်ကျန်းဂွန်, မင်းစိတ်ဝိညာဥ်ဂျင်ဆင်း ၃ခုပဲ ရခဲ့တယ်၊၊ တာဝန်က ၁၀ ခု ဆိုတာ့ အများကြီးလိုသေးတယ်၊၊ ဒီတော့မင်းရမှတ်က ကျရှုံးတယ်----"
စီနီယာအကိုကြီး ဝမ်ချန်းဂျန် တပည့်အသီးသီး၏တာဝန်တွေကို စစ်ဆးနေခဲ့သည်၊၊
တောက်ကျန်းဂွန် တာဝန်ကျရှုံးတာသတတိထားမိတော့ သူက သူ့ပုခုံးကိုပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်၏၊၊
“ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတော့ စိတ်ဝိညာဥ်ဂျင်ဆင်းတွေကြီးထွားတဲ့အခြေအနေကို မသိသေးဘူး၊၊ တာဝန်ကျရှုံးတာ လက်ခံပေးလို့ရပါတယ်----”
“ငါမင်းကို ဒီတစ်ကြိမ်အပြစ်မပေးတော့ဘူး၊၊ နောက်တစ်ကြိမ်ဒီထက်ပိုကြိုးစားပါ----”
“နောက်တစ်ယောက်----”
ဂျန်ဖန်း အချိန်ကိုက်ရောက်လာပြီး သူ့ရှေ့မှာ ခြင်းတောင်းကိုချထားလိုက်သည်၊၊
များစွာသောတပည့်တွေ ချက်ချင်း အာရုံစိုက်လာကြသည်၊၊
“အဓိကပွဲကတော့ စပြီ----”
“သူ့တာဝန်က ပျားရည်စုဆောင်းရတာမလား? ဘာလို့ တောင်းကြီးယူလာတာလဲ----”
“သူက ဆေးပင်တွေသွားရှာလာခဲ့တာလား----”
“ဒီလိုဆိုရင်တော့ စီနီယာအကိုကြီးမှာ အကြောင်းပြချက်ရှိသွားပြီ----”
ဂျန်ဖန်းကိုမြင်သည့်အခါ ဝမ်ချန်းဂျန်အပြုံးက ပျောက်ကွယ်သွားပြီး အကြည့်တွေက တင်းမာလာခဲ့သည်၊၊
“ဂျန်ဖန်း မင်းတာဝန်ကို မင်းမှတ်မိလား---”
ဂျန်ဖန်းတည်ငြိမ်စွာပြန်ပြောလိုက်သည်၊၊
“စီနီယာအကိုကြီးသတိပေးစရာမလိုပါဘူး----"
သုံးရက်ကုန်ဆုံးပြီးတာတောင် သူက ခုထိရန်လိုနေတုန်းဖြစ်သည်၊၊
ဝမ်ချင်းဂျန် မျက်လုံးအနည်းငယ်မှေးလိုက်ပြီး ပြောလိုက်သည်၊၊
“ဒီတော့ ငါပြောခဲ့တာကိုလည်း မင်းမှတ်မိမှာပေါ့၊၊ မင်းသာ တာဝန်ကျရှုံးရင် ဂိုဏ်းသခင်တောင်ထိပ် ရေအိမ်အားလုံး သန့်ရှင်းရေးလုပ်ရမယ်ဆိုတာလေ----”
“မင်းမမေ့သေးဘူးမလား----”
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်၊၊
ထိုကောင်က စောနက တောက်ကျန်းဂွန်ကြ ဤကဲ့သို့မဟုတ်ပေ၊၊ ဘာကြောင့် သူကြမှ သဘောထားပြောင်းသွားရသနည်း၊၊
သူက တုံးတိပြောလိုက်သည်၊၊
“ဂျူနီယာညီလေးတောက်လည်း သူ့တာဝန် ကျရှုံးခဲ့တာပဲ မဟုတ်ဘူးလား----”
“စီနီယာအကိုကြီးက သူ့ကိုကြအရမ်းတွေနားလည် သက်ညှာပေးပြီး ဘာလို့ ကျွန်တော့်ကြမှ အပြစ်လာပေးနေတာလဲ----”
“ဒါက ခင်မင်ရာဆွေမျိုးစွဲတာ မဟုတ်ဘူးလား----”
တပည့်တွေအံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်၊၊
လူရှိသည့်နေရာတိုင်း နိုင်ငံရေးရှိတာဖြစ်သည်၊၊
တောက်ကျန်းဂွန်မိသားစုက အလွန်ချမ်းသာပြီး စီနီယာအကိုကြီးကို အကျိုးကျေးဇူးတွေပေး၏၊၊ ထို့ကြောင့် သူက သဘာဝအတိုင်း တောက်ကျန်းဂွန်ကို သဘောကျ၏၊၊
သို့ပေမယ့် စီနီယာအကိုကြီး၏ ဂုဏ်သိက္ခာကြောင့် တစ်ယောက်မှ ပါးစပ်မဟရဲပေ၊၊
မမျှော်လင့်စွာဖြင့် ဂျန်ဖန်းက ထိုအရာကို လူသိရှင်ကြား မေးခွန်းထုတ်လိုက်သည်၊၊
ဝမ်ချန်းဂျန်အမူအရာ တင်းမာသွားခဲ့သည်၊၊
သူ့မျက်လုံးထောင့်နားကနေ နောက်မှာရှိသည့် အဓိကခန်းမကိုကြည့်လိုက်သည်၊၊
အဓိကခန်းမထဲ၌ လျိုဝူချန်းက စောင့်ကြည့်နေခဲ့သည်၊၊
သူ အလျှင်အမြန်ပဲ ကိုယ့်ကိုယ်ကာကွယ်ပြီးပြောလိုက်သည်၊၊
“ဂျူနီယာညီလေးတောက်က အခန့်သားနေလာတဲ့လူဆိုတော့ ငါက သူ့ကို လျော့ပေါ့ပေးလိုက်တာ-----”
“ဒီလိုအသေးအမွှားကိစ္စလေးကို မင်း ရေးကြီးခွင်ကျယ်လုပ်နေမယ်လို့ မမျှော်လင့်ထားဘူး၊၊ ဒါဆိုလည်း ငါ ဒီကိစ္စကို တရားဝင်ကိုင်တွယ်ပေးမယ်----”
“ဂျူနီယာညီလေးတောက်, စီနီယာအကိုကြီးက မင်းကိုဂရုမစိုက်ချင်လို့ မဟုတ်ဘူး၊၊ ဒါပေမယ့် မင်းလည်းမြင်တာပဲ ဂျန်ဖန်းက ခွင့်မပြုဘူးလေ----”
“ဒီတော့ မင်းလည်း ရေအိမ်သန့်ရှင်းရေး လုပ်ရမယ်----”
ထိုအရာကိုကြားသည့်အခါ----
တောက်ကျန်းဂွန် လေးပင်စွာ အသက်ရှုလိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊၊
ဂျန်ဖန်း အေးစက်စွာပြန်စိုက်ကြည့်လိုက်သည်၊၊
“ဘာလဲ, မင်းမှာပြဿနာရှိလို့လား----”
တောက်ကျန်းဂွန် ဂျန်ဖန်း၏ကြမ်းတမ်းသည့်နည်းလမ်းတွေကို ပြန်အမှတ်ရသွားပြီး တုန်လှုပ်သွားကာ အလျှင်အမြန်ပြောလိုက်သည်၊၊
“မရှိပါဘူး, မရှိပါဘူး-----”
ထိုတိုက်ခိုက်မှုက သူ့အပေါ်မှာ နက်ရှိုင်းသည့်ထင်မြင်ချက်တစ်ခုကို ချန်ထားခဲ့သည်၊၊
ဝမ်ချန်းဂျန်မျက်လုံးထဲမှာ အထင်သေးသည့်အမူအရာတွေပေါ်လာပြီး တောက်ကျန်းဂွန်ကို တကယ့်အမှိုက်ကောင်ဟု တွေးလိုက်၏၊၊
သူက တောက်ကျန်းဂွန်နှင့် ဂျန်ဖန်းကြား ပဋိပက္ခတစ်ခုဖန်တီးဖို့ရည်ရွယ်ခဲ့၏၊၊ သို့ပေမယ့် သူ့ကိုအံ့အားသင့်စွာနှင့်ပဲ တောက်ကျန်ဂွန် အရှုံးပေးပြီးနေပြီဖြစ်သည်၊၊
အဓိကခန်းမထဲ၌----
လျိုချင်းရှန် တစ်ခစ်ခစ်ရယ်လိုက်၏၊၊
“အဖေ, နင် ဒါကိုမြင်လား----”
“ဂျန်ဖန်းကြောင့် နင့်ရဲ့အနှစ်သက်ရှုံးတပည့် ဒေါသတောင်မထွက်ရဲတော့ဘူး----”
လျိုဝူချန်၏ ပါးပြင် တွန့်လိမ်သွားခဲ့သည်၊၊
သေစမ်း---
တောက်ကျန်းဂွန်က ခန္ဓာကိုယ်နဲ့ မှော်ပညာနှစ်ခုလုံးကျင့်ကြံတဲ့ ရှားရှားပါးပါး ပါရမီရှင်လေ၊၊ ဒါတောင် စိတ်ဝိညာဥ်အမြစ်မရှိတဲ့ကောင်ရဲ့ အနိုင်ကျင့်ခံရတာလား----
“အရမ်းကြီးဝမ်းသာမနေနဲ့အုန်း၊၊ ငါကြားတာတော့ ဒီတစ်ကြိမ်ပျားအုံမှာ ပုံမှန်မဟုတ်တာ တစ်ခုဖြစ်သွားတယ်တဲ့၊၊ အတွေ့အကြုံရှိတဲ့ ချန်းတောက်ရှန်းတောင် ကျရှုံးပြီး အတော်လေး အတုတ်ခံလိုက်ရတယ်ဆိုပဲ---”
“ဂျန်ဖန်းက လုံးဝကို ဒဏ်ရာမရထားတော့ ပျားအုံဆီသွားတဲ့လူတစ်ယောက်နဲ့ မတူဘူး----"
“သူပျားရည်ရဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး----”
လျိုဝူချန်း လျိုချင်းရှန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်၊၊
သူမ ရုတ်တရက် ထိပ်ထိပ်ပျာပျာဖြစ်သွား၏၊၊
သူမအဖေ သူမ ပျားရည်တိတ်တဆိတ်ဝယ်တာ သိသွားသည်လား----
သို့ပေမယ့် သူက လွန်ခဲ့သည့် နှစ်ရက်လုံးတံခါးပိတ်ကျင့်ကြံနေပြီး တောင်ပေါ်မှ မဆင်းခဲ့ပေ၊၊
ထိုအခိုက်အတန့်၌----
ဝမ်ချန်းဂျန် ဂျန်ဖန်းနှင့် နောက်ထပ်အပိုတွေ မပြောချင်တော့၍ ပြောလိုက်သည်၊၊
“အခု မျှတသွားပြီလား-----”
ဂျန်ဖန်း ကျေနပ်သွားပြီး ပြောလိုက်သည်၊၊
“ဒီလိုမှတော်သေးတယ်----”
ထို့နောက် သူက ခြင်းတောင်းကို ဝမ်ချန်းဂျန်ဆီ ကန်ပေးလိုက်သည်၊၊
“စီနီယာအကိုကြီး, မင်းဘာသာ စစ်ဆေးကြည့်လိုက်----”
ဝမ်ချန်းဂျန် ခြင်းတောင်ကိုတစ်ချက်ကြည့်လိုက်ပြီး ခပ်လှောင်လှောင်အသံဖြင့်ပြောလိုက်သည်၊၊
“မစစ်ဆေးခင် ငါမင်းကို တစ်ခုသတိပေးစရာရှိတယ်---”
“ဒီလိုတာဝန်တွေက လိမ်လည်လို့မရဘူးနော်----”
“အထူးသဖြင့် တာဝန်ပစ္စည်းတွေကို အခြားနေရာတွေကနေ ဝယ်လို့မရဘူး---”
“မိရင် ကျရှုံးတာထက်ပိုဆိုမယ်နော်---”
အဓိကခန်းမထဲ၌ လျိုချင်းရှန် ချက်ချင်း ထိတ်လန့်သွားခဲ့သည်၊၊
ဝမ်ချန်းဂျင်းပြောပုံအရ သူ တစ်ခုခုကိုသိထားတာကို ဆိုလိုနေ၏၊၊
သူမမနေနိုင်ပဲ စိုးရိမ်သွားခဲ့သည်၊၊
လျိုဝူချင်း သူမကို အပြုံးတစ်ဝက်ဖြင့် စိုက်ကြည့်လိုက်သည်၊၊
“ဘာလဲ, စိုးရိမ်နေတာလား----”
လျိုချင်းရှန် သူမအမူအရာကို ပြန်ထိန်းလိုက်၏၊၊
“ဘယ်သူက စိုးရိမ်နေလို့လဲ, ဂျန်ဖန်းအရည်အချင်းနဲ့ ပျားရည်စုဆောင်းနိုင်တာ သာမန်ပဲ မဟုတ်ဘူးလား----”
လျိုဝူချန်း သူ့လက်ဖက်ရည်ကို စဥ်းစားဟန်ဖြင့် သောက်ကာ ပြောလိုက်သည်၊၊
“တပည့်တစ်ယောက်ငါ့ကို သတင်းပို့တယ်----”
“လွန်ခဲ့တဲ့ည ညဈေးတန်းမှာ ဂိုဏ်းသခင်တောင်ထိပ်ကလို့ ယူဆရတဲ့ တပည့်တစ်ယောက် ပျားရည်တစ်ပေါင် တိတ်တဆိတ်ဝယ်သွားတယ်တဲ့---"
“အဲ့ဒီလူက နင်မလား----”
ထိုအခြေအနေရောက်မှတော့ အရူးတောင် သိတာဖြစ်သည်၊၊
သူမ ဂျန်ဖန်းကို တိတ်တဆိတ်ကူညီတာ သူမအဖေသိသွားပြီပဲဖြစ်သည်၊၊
လျိုဝူချန်း အသေးစိတ်မပြောတော့ပဲ ထူးမခြားနားစွာပြောလိုက်သည်၊၊
“ဂျန်ဖန်း သူ့တာဝန်ကျရှုံးကြောင်း သူ့ဘာသာဝန်ခံခိုင်းလိုက်-----”
“သူကိုမျက်နှာသာအချို့ပေးလိုက်မယ်----”
“အခုသွား----”
လျိုချင်းရှန် သူမနှုတ်ခမ်းရဲရဲလေးကိုကိုက်လိုက်ပြီး တွန့်ဆုတ်စွာသွားလိုက်၏၊၊
အလိမ်ပေါ်သွားလျှင် ဂျန်ဖန်း ဆုပေးဒဏ်ပေးခန်းမ၏ ခေါ်ဆောင်မှုကို ခံရမည်ဖြစ်သည်၊၊ ထို့နောက် ရင်ပြင်မှာ ကြိမ်ဒဏ် ၁၀၀ ရိုက်ခံရပြီး သတိပေးမည်ဖြစ်သည်၊၊
ထိုသို့ဆိုလျှင် ဂျန်ဖန်း ဂိုဏ်းတစ်လုံးမှာ လုံးဝအရှက်ရသွားမည်ဖြစ်သည်၊၊
ထိုအရာနှင့်ယှဥ်လျှင် ရေအိမ်သန့်ရှင်းကတာက တော်သေး၏၊၊
ရှက်စရာကောင်းသော်လည်း သူတို့ဂိုဏ်းအတွင်းသာဖြစ်သည်၊၊