လူတစ်ယောက်ကအခေါင်းမမြင်မချင်း မျက်ရည်ကျမှာမဟုတ်ဘူး
Vol. 7 Ch. 100
လျိုချင်းရှန်တောင်းပန်သည့်အမူအရာဖြင့် ဂျန်ဖန်းနားချည်းကပ်လာခဲ့သည်၊၊
သူမက အသံနှိမ့်ပြီးပြောလိုက်သည်၊၊
“ဂျန်ဖန်း, အရှုံးကိုဝန်ခံလိုက်တော့----”
ဂျန်ဖန်း မျက်တောင် ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်၏၊၊
ဘာမှမလုပ်ရသေးပဲနှင့် သူက ဘာကြောင့် အရှုံးပေးရမည်နည်း၊၊
သူက ခေါင်းခါယမ်းကာပြောလိုက်သည်၊၊
“စီနီယာအမ, ငါ့တာဝန်ကစစ်ဆေးရသေးတာတောင် မဟုတ်ဘူး၊၊ ဘာလို့ အရှုံးကို ဝန်ခံရမှာလဲ----”
လျိုချင်းရှန် ရှက်ရွံ့သွားပြီး တီးတိုးပြောလိုက်သည်၊၊
“ငါအဖေအကုန်သိသွားပြီ၊၊ နောက်ထပ် ဟန်ဆောင်နေဖို့ မလိုတော့ဘူး----”
ဂျန်ဖန်းအနည်းငယ် စိတ်ရှုပ်သွားခဲ့သည်၊၊
လျိုဝူချန်းရှာတွေ့အောင် သူက ဘာလုပ်မိသနည်း၊၊
ထိုအခိုက်အတန့်၌ ဝမ်ချန်းဂျန်လည်း လှောင်ပြောင်သည့်အသံဖြင့် ပြောလိုက်သည်၊၊
“ဂျန်ဖန်း, အကိုကြီးကမင်းကို အခွင့်အရေးပေးနေတာ မဖြုန်းတီးနဲ့----”
“မင်းသာ အမှန်တကယ်လိမ်ညာနေတာဆိုရင် ရင်ပြင်ကို ဆွဲခေါ်ပြီး အရှက်ခွဲခံရလိမ့်မယ်၊၊ ငါတို့ ဂိုဏ်းသခင်တောင်ထိပ်ရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေတယ်----”
“ရိုးရိုးသားသားနဲ့ ရေအိမ်ဆေးတာ ပိုကောင်းပါတယ်----”
ဂျန်ဖန်းလုံးဝကို စိတ်ရှုပ်နေခဲ့သည်၊၊
သူက ဝမ်ချန်းဂျန်နှင့် လျိုချင်းရှန်တို့ကို ထူးဆန်းစွာကြည့်ပြီး ပြောလိုက်သည်၊၊
“မင်းတို့ပြောနေတာတွေ ငါနားမလည်ဘူး----”
“မင်းအရင်ဆုံး ငါတာဝန်ကို စစ်ဆေးသင့်တယ်၊၊ ပြီးမှအခြားကိစ္စတွေ ဆွေးနွေးကြတာပေါ့----”
လျိုချင်းရှန် ဂျန်ဖန်းအတွက် စိုးရိမ်သွားခဲ့သည်၊၊
ဆက်ဟန်ဆောင်ဖို့မလိုတော့ဟု သူမ ရှင်းရှင်းလင်းလင်းပြောပြီးပြီဖြစ်၏၊၊ သို့ပေမယ့် ဂျန်ဖန်းက ခုချိန်ထိ သဘောမပေါက်သေးပေ၊၊
သူက ဘယ်လိုလုပ် ဤလောက် ထုံရသနည်း၊၊
ဝမ်ချန်းဂျန် မျက်လုံးမှေးလိုက်ပြီး နှာမှုတ်လိုက်၏၊၊
“မင်းက အခေါင်းမမြင်မချင်း မျက်ရည်ကျမဲ့ကောင်မဟုတ်ဘူးပဲ----”
“မင်းက အရှုံးပေးဖို့ ငြင်းဆန်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့----”
ပြောပြီးနောက် သူက တောင်းပေါ်က အဝတ်ကို ဖယ်လိုက်သည်၊၊
အောက်၌ မြက်ခြောက်တွေသာရှိ၏၊၊
ထိုမြက်ခြောက်တွေပေါ်မှာ လတ်ဆတ်သည့်ပျားရည်တွေနှင့် ပျားလဘို့တစ်ခုရှိနေခဲ့သည်၊၊
လျိုချင်းရှန်မကြည့်ရဲပဲ အကူအညီမဲ့စွာသက်ပြင်းချလိုက်သည်၊၊
“သွားပြီ, လုံးဝကိုသွားပြီ----”
သူမက စွမ်းအားမဲ့သလို ခံစားနေရ၏၊၊
ဂျန်ဖန်း သူမအဖေရှေ့မှာ သူ၏ပထမဆုံးတာဝန်နှင့်ပတ်သက်ပြီး အနည်းငယ်လုပ်ပြနိုင်ဖို့ သူမမျှော်လင့်ခဲ့၏၊၊ ထိုမှသာ သူမအဖေက ဂျန်ဖန်းကို နောက်ထပ် လျော့မတွက်တော့မှာဖြစ်သည်၊၊
သို့ပေမယ့် ကိစ္စတွေက သူမထင်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ၊၊
ဂျန်ဖန်း ပြသခွင့်မရရုံသာမက သူ့ကိုယ်ကိုယ်ပါ သာသဖြစ်အောင်လုပ်မိ၏၊၊
ဝမ်ချန်းဂျန် ပျားရည်အပိုင်းအစကို အထင်သေးစွာဖြင့်ကြည့်လိုက်သည်၊၊
တော်တော်ခေါင်းမာတဲ့ကောင်ပဲ----
ဤပျားရည်အပိုင်းအစက သူရောင်းခဲ့သည့်အရာဖြစ်သည်၊၊
မနေ့က လျိုချင်းရှန်မေးသည့်အချိန်က သူက သူမအသံကိုမှတ်မိပြီး ဝယ်ယူသည့် ရည်ရွယ်ချက်ကို ခန့်မှန်းမိ၏၊၊
ယခု, သူရောင်းလိုက်သည့်ပျားရည် ဂျန်ဖန်းတာဝန်၌ ပေါ်လာတာမြင်တော့ သူဘယ်လိုလုပ်မရယ်ချင်ပဲနေမည်နည်း၊၊
သို့ပေမယ့် ခဏကြာတော့ သူမျက်မှောင်ကြုတ်သွားသည်၊၊
ထိုအရာက သူရောင်းလိုက်သည့်အရာနှင့် ဘာကြောင့် အနည်းငယ် ကွာခြားနေရသနည်း၊၊
စဥ်းစားကြည့်လိုက်တော့ သူက အကြောင်းအရာကို ခန့်မှန်းမိပြီး ရယ်လိုက်၏၊၊
“မင်းလုံးဝတုံးတာတော့မဟုတ်ဘူးပဲ၊၊ ပုံစံမတူအောင်ဖြတ်တောင်ထားလိုက်သေးတယ်----”
“ဒါပေမယ့် မင်းရဲ့ပါးနပ်မှုက လွဲနေတယ်---"
“မင်းဝယ်ထားတဲ့ဒီပျားရည်အပိုင်းအစမှာ အထူးတောက်ပမှုန့်တစ်မျိုးပါတယ်၊၊ တိကျတဲ့အလင်းရောင်အောက်မှာဆို ပေါ်လာလိမ့်----"
ဂျန်ဖန်း နောက်ဆုံးမှာတော့ သူပြောနေတဲ့အရာကို နားလည်သွားခဲ့သည်၊၊
လက်စသတ်တော့ လျိုချင်းရှန်၏ပျားရည်ကို သူတို့သိနေတာပဲဖြစ်သည်၊၊
ထို့ကြောင့် သူတို့က တောင်းတစ်ခုလုံးက လျိုချင်းရှန်ပေးခဲ့တာဟုအထင်မှားနေကြတာဖြစ်၏၊၊
“မင်းအတွေးလွန်နေပြီ----”
ဂျန်ဖန်း နှုတ်ခမ်းတွန့်ကွေးလိုက်ပြီး ပြောလိုက်သည်၊၊
“ပြီးတော့ ခြင်းတောင်းအောက်မှာလဲထပ်ရှိ----”
သူပြောလို့မပြီးသေးခင်မှာပဲ ဝမ်ချန်းဂျန် လှောင်ပြောင်လိုက်၏၊၊
“နောက်ဆုံးအချိန်ထိကို ငြင်းနေတုန်းပဲ----”
“ဒါဆိုလည်း ငါအရာရာကို ထုတ်ပြရတာပေါ့---”
“ငါကို ထီးတစ်ချောင်းပေးစမ်း----”
တပည့်တစ်ယောက်က ချက်ချင်းပဲ လေးလံသည့် ဆီစိမ်စက္ကူထီးတစ်ချောင်းပေးလိုက်သည်၊၊
ဝမ်ချန်ဂျန်ဖွင့်လိုက်သည့်အခါ ကြီးမားသည့်အရိပ်တစ်ခုက ပျားရည်ကို ဖုံးအုပ်သွားခဲ့သည်၊၊
“ဂျနီယာညီလေး, ညီမလေးတို့, ဒီပျားရည်ပေါ်မှာ တောက်ပမှုန့်ပါလားဆိုတာ ငါကိုသက်သေးလုပ်ပေးကြပါ၊၊”
“ပါတယ်ဆိုရင် ဂျန်ဖန်း တာဝန်အတွက် ဒါကို ညဈေးတန်းကနေဝယ်လာတာလို့ သက်သေပြနေတာပဲ”
“အဲ့လိုဆိုရင် စီနီယာအကိုတစ်ယောက်အနေနဲ့ ငါကိုယ်တိုင်သူ့ကို ဆုပေးဒဏ်ပေးခန်းမကို ဆွဲခေါ်သွားမယ်၊၊ လုံးဝသက်ညှာပေးမှာ မဟုတ်ဘူး----”
များစွာသောတပည့်တွေ အကြည့်ချင်းဖလှယ်လိုက်ကြသည်၊၊
စမ်းသပ်ဖို့တောင် လိုသေးသည်လား----
စီနီယာအကိုကြီး ယုံကြည်မှုရှိရှိပြောနေမှတော့ သူက လုံးဝသေချာလို့ပဲဖြစ်သည်၊၊
မဟုတ်လျှင် ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်သလို ဖြစ်နေမှာ ဖြစ်သည်၊၊
လူတိုင်းမချင့်မရဲဖြင့် ကြည့်လိုက်ကြသည်၊၊
လျိုချင်းရှန်တိတ်တဆိတ်ဒေါသထွက်နေခဲ့သည်၊၊ သူမက ဝမ်ချန်းဂျန် လှည့်စားခံလိုက်ရပြီဆိုတာ နားလည်လိုက်၏၊၊
ယခု ငြင်းဖို့နည်းလမ်း မရှိတော့ပေ၊၊
ဂျန်ဖန်း ဆုပေးဒဏ်ပေးခန်းမကို ပို့ခံရမှာ သေချာနေပြီဖြစ်သည်၊၊
ဝမ်ချန်ဂျန် ဂျန်ဖန်း၏အမူအရာကို အနီးကပ်ကြည့်လိုက်သည်၊၊ အလိမ်ပေါ်သည့်အခါ သူ့မျက်နှာပေါ်မှာ ပေါ်လာမည့် ကြောက်ရွံ့မှုတွေကို မျှော်လင့်နေခဲ့သည်၊၊
သို့ပေမယ့်----
သူက ရုတ်တရက် လူတိုင်းမျက်လုံးထဲက ပြောင်းလဲမှုကို သတိထားမိလိုက်သည်၊၊
မခြင့်မရဲအခြေအနေကနေ စိတ်ရှုပ်ထွေးသည့် အမူအရာကို ပြောင်းလဲနေကြ၏၊၊
ဟမ်?----
ဝမ်ချန်းဂျန် သူ့အလိုလို အရိပ်အောက်က ပျားရည်ကိုကြည့်လိုက်သည်၊၊
ထိုအရာက တောက်ပလာသည့်လက္ခာမရှိပေ၊၊
နည်းနည်းလေးတောင်မရှိပေ၊၊
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ----”
မကျေနပ်စွာဖြင့် ဝမ်ချန်းဂျန် ထိုအရာကို တစ်ဖက်လှန်လိုက်သည်၊၊
ရလဒ်က အတူတူပဲဖြစ်သည်၊၊
လူတိုင်း ကြောင်အနေကြ၏၊၊
တောက်ပမှုနှင့်တူသည့်အရာဘယ်နေရာမှာ ရှိသနည်း၊၊
လျိုချင်းရှန် တစ်ခဏကြောင်အနေပြီး အော်ပြောလိုက်သည်၊၊
“ဂျန်ဖန်း ဒါကိုဝယ်ခဲ့တာလို့ ဘယ်သူပြောလဲ----”
“သက်သေမရှိပဲနဲ့ နင် လူတစ်ယောက်ကို စွပ်စွဲလို့မရဘူး----”
“ဒီပျားရည်ကို ဂျန်ဖန်း သူ့ဘာသာ စုဆောင်းခဲ့တာ အသိသာကြီး----”
“အဲ့ဒါမမှန်ဘူးလား, ဝမ်ချန်းဂျန်----”
သူမက စိတ်ထဲမှာ အလွန်ပျော်ရွင်နေခဲ့သည်၊၊
ဘာဖြစ်သွားလဲဆိုတာ သူမမသိပေမယ့် ဂျန်ဖန်း ကံကောင်းစွာဖြင့် ဤကပ်ဘေးမှ လွတ်မြောက်ပြီဖြစ်သည်၊၊
ဝမ်ချန်းဂျန် အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်၊၊
သူက ထိုအရာအပေါ်ကို သေချာပေါက် တောက်ပမှုန့်ဖြန်းခဲ့၏၊၊ ထိုသို့ဆိုလျှင် ဘယ်လိုဖြစ်ပြီး တစ်ခုမှမမြင်ရသနည်း၊၊
ဂျန်ဖန်း ရှာတွေ့ပြီး အချိန်မှီဖယ်ရှားခဲ့သည်လား----
ပျားလဘို့ဖြတ်ထားတာကိုတွေးပြီး သူက ပိုသေချာလာခဲ့သည်၊၊
သူက တင်းမာသည့်မျက်နှာထားဖြင့် နှာမှုတ်လိုက်သည်၊၊
“မင်းကိုယ်မင်းကံကောင်းပြီလို့ထင်နေတာလား----”
“ဂျန်ဖန်း, မင်းက ပျားရည်တစ်ပေါင်စုဆောင်းခဲ့တယ်၊၊ တာဝန်အောင်မြင်ပြီ----”
အဓိကခန်းမထဲ၌----
လျိုဝူချန်း နှာမှုတ်လိုက်ပြီး ဂျန်ဖန်းကို ပိုလို့တောင် အထင်သေးစွာကြည့်လိုက်သည်၊၊
“နည်းနည်းလေးထက်မြက်တာကို အကုန် ကောက်ကျစ်တဲ့နည်းလမ်းတွေမှာ သုံးပစ်တယ်----”
“ဒီကောင် အနာဂတ်မှာ ဘာမှတိုးတက်မှာ မဟုတ်ဘူး----”
လျိုချင်းရှန် တိတ်တဆိတ်ကျေနပ်နေခဲ့သည်၊၊ အောင်မြင်မှုက မထူးခြားပေမယ့် အနည်းဆုံး ရေအိမ်မဆေးရတော့ပေ၊၊
သို့ပေမယ့်----
ထိုအခိုက်အတန့်၌ ဂျန်ဖန်း ပြောလိုက်သည်၊၊
“ဘာတွေအလျင်လိုနေတာလဲ၊၊ စောစောက ငါပြောတယ်လေ, အောက်မှာရှိသေးတယ်လို့----”
သူက ပျားရည် ၁၀ ပေါင်ခက်ခက်ခဲခဲ သယ်လာရတာဖြစ်၏၊၊ ဒါတောင် အောင်မြင်သည်ဆိုသည့်အဆင့်ပဲ ရသည်လား----
အမ်?----
လျိုချင်းရှန် ကြောင်အသွားခဲ့သည်၊၊
ဝမ်ချန်ဂျန်လည်း အံ့အားသင့်သွား၏၊၊
လျိုဝူချန်းတောင် အံ့အားသင့်စွာဖြင့် ခန်းမအပြင်ထွက်လာပြီး ခြင်းတောင်းနားကို ကပ်လာခဲ့သည်၊၊
သူက မြက်ခြောက်တွေကို ဖယ်ကြည့်လိုက်သည့်အခါ အောက်၌ တစ်ပေါင်ထက်များသည့် ပျားရည်တွေအမှန်တကယ်ရှိနေခဲ့သည်၊၊
သူက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်၊၊
“ဂျန်ဖန်း, ဒါတွေက လျိုချင်းရှန်မင်းကို ပေးတဲ့ပျားရည်တွေမဟုတ်ဘူးလား---”
ဝမ်ချန်းဂျန်တင်ပြမှုအရ သူက လျိုချင်းရှန်ကို ပျားရည်တစ်ပေါင်သာ ရောင်းခဲ့၏၊၊
ဘယ်လိုလုပ်ပြီး ဂျန်ဖန်း၌ နှစ်ခုရှိနေရသနည်း၊၊
လျိုချင်းရှန်လည်း အံ့အားသင့်နေခဲ့သည်၊၊
“ဂျူနီယာမောင်လေးဂျန်, ဒီပျားရည်တွေ နင်ဘယ်ကရခဲ့တာလဲ----”
ဂျန်ဖန်း စိတ်ဓာတ်ကျစွာဖြင့်ပြောလိုက်သည်၊၊
“စီနီယာအမ, မင်းပေးတဲ့ပျားရည်ကို ငါအိမ်မှာထားခဲ့ပြီ----”
“ဒီလိုဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်၊၊ ဒါပေမယ့် တာဝန်ကို ငါ့ဘာသာ ပြီးမြောက်ခဲ့တာပါ----”
လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်၊၊
ပျားရည်က မည်သည့်တောက်ပမှုမှ မပြတာ အံ့သြစရာမရှိတော့ပေ၊၊
လက်စသတ်တော့ ဂျန်ဖန်းက တာဝန်အတွက် သူကိုယ်တိုင်စုဆောင်းထားသည့် ပျားရည်ကို အသုံးပြုခဲ့တာပဲဖြစ်သည်၊၊
လူတိုင်း ဂျန်ဖန်းကို အထင်လွဲခဲ့ကြ၏၊၊
လျိုချင်းရှန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်ရှည်ကြီးချလိုက်သည်၊၊ ထို့နောက် ဂျန်ဖန်းအတွက် ဂုဏ်ယူသွားပြီး လျိုဝူချန်းကို မျက်စောင်းထိုးကာကြည့်လိုက်သည်၊၊
“ဂျူနီယာမောင်းလေးဂျန်, နင့်ကို အထင်သေးတဲ့လူတွေ ဘယ်လောက်များလဲ နင်မသိဘူးနော်----”
လျိုဝူချန်း ကို့ရို့ကားယား ချောင်းဆိုးလိုက်ပြီး ဂျန်ဖန်းပခုံးကို ပုတ်လိုက်သည်၊၊
“တာဝန်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ----”
“အခြားသူတွေမသွားရဲတဲ့အချိန်မှာ မင်းက ဒဏ်ရာမရပဲ နှစ်ပေါင်စုဆောင်းနိုင်ခဲ့တယ်----”
“ထူးချွန်မှတ်အတွက် မင်းကို ဆုပေးတာ မလွန်ပါဘူး-----”
“ဆုအနေနဲ့ နောက်လအတွက် မင်းတာဝန်လုပ်စရာမလိုတော့ဘူး----”
ဂျန်ဖန်း စိတ်သက်သာရာ ရသွားခဲ့သည်၊၊
ထိုအရာကောင်း၏၊၊ သူက ဝမ်ချန်းဂျန်မျက်နှာကို ခနလောက် မမြင်ရတော့ပေ၊၊
သို့ပေမယ့်----
ဝမ်ချန်းဂျန် ကန့်ကွက်လိုက်၏၊၊
“သခင်, ရမှတ်က တာဝန်ပြီးမြောက်မှုအပေါ်မူတည်ပြီး ပေးသင့်တယ်၊၊ စိတ်ထင်တိုင်း မပေးသင့်ပါဘူး----”
“နှစ်ပေါင်က အောင်မြင်ရုံလောက်ပဲ ရှိပါသေးတယ်----”
ထိုအရာက အမှန်ဖြစ်၏၊၊
တာဝန်ဘယ်လောက်ခက်ခဲခက်ခဲ မူလစည်းမျဥ်းကို မစဥ်းစားမဆင်ခြင်ပဲ မပြောင်းလဲသင့်ပေ၊၊
လျိုဝူချန်း ထိုအရာကိုတွေးပြီး သဘောတူလိုက်သည်၊၊
“ကောင်းပြီလေ, ဒါဆိုလည်း စည်းမျဥ်းအတိုင်းသွားကြတာပေါ့----”
ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်သည်၊၊
“နေပါအုန်း, အောက်မှာ နောက်ထပ်ရှိသေးတယ်----”