← Chapters

စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်လား?--- တစ်ခါမှမကြားဖူးဘူး

Vol. 7 Ch. 101

စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်လား?--- တစ်ခါမှမကြားဖူးဘူး

Vol. 7 Ch. 101

ဘာ?----

ထပ်ရှိသေးတယ်----

လူအုပ်မယုံနိုင်ဖြစ်သွားကြသည်၊၊

ဤကဲ့သို့အန္တရာယ်ရှိသည့်အချိန်မှာ ၂ပေါင်၊ ၃ပေါင်စုဆောင်းနိုင်တာက အလွန်ခက်ခဲနေပြီဖြစ်သည်၊၊

သို့ပေမယ့်ထပ်ရှိသေးသည်တဲ့လား----

“ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ-----”

ဝမ်ချန်းဂျန် မယုံကြည်နိုင်ဖြစ်နေခဲ့သည်၊၊

ဤပျားရည်စုဆေင်းသည့်တာဝန်က အလွန်စိန်ခေါ်မှုကြီး၏၊၊

သူကိုယ်တိုင်သွားမယ်ဆိုလျှင်တောင် ၂ ပေါင်စုဆောင်းနိုင်မည်မဟုတ်ပေ၊၊

သို့ပေမယ့် မြက်ခြောက်အလွာကိုဖယ်လိုက်သည့်အခါ အမှန်တကယ် နောက်ထပ် တစ်ပေါင်ရှိနေခဲ့သည်၊၊

နောက်တစ်လွာထပ်ဖယ်လိုက်သည့်အခါ နောက်ထပ်တစ်ပေါင်ထပ်ရှိနေခဲ့သည်၊၊

လူအုပ်၏ အံ့အားသင့်နေသည့်အကြည့်တွေအောက်မှာပဲ----

တစ်လွာပြီးတိုင်းတစ်လွာမှာ ပျားရည်တွေရှိနေခဲ့သည်၊၊

အဆုံးမှာတော့ ပျားရည် ၁၀ ပေါင်တိတိ စုဆောင်းထားတာကိုတွေ့လိုက်ရသည်၊၊

ဂျန်ဖန်း ရှင်းပြလိုက်သည်၊၊

“ပျားရည်တွေအများကြီးပုံထားရင် အလွယ်တကူပိပြီး ပျက်စီးသွားနိုင်တယ်---”

“ဒါကြောင့် တစ်လွာချင်းဆီကို မြက်ခြောက်နဲ့ကန့်ထားတာ၊၊ ဒါဆို ပျက်စီးမှုမရှိတော့ဘူးလေ၊၊”

လျိုဝူချန်းအရမ်းအံ့အားသင့်နေပြီး ဘာပြောရမလဲမသိတော့ပေ၊၊

ဤပမာဏက အခြားတပည့်တွေ နှစ်ဝက်လောက်စုဆောင်းသည့် ပမာဏနှင့် ညီမျှတာပဲဖြစ်သည်၊၊

လျိုချင်းရှန် မျက်လုံးတွေက ပျော်ရွင်မှုကြောင့် တောက်ပလာခဲ့သည်၊၊

“အဖေ, ငါမပြောဘူးလား----- ဂျူနီယာမောင်လေးဂျန်က အရမ်းထူးချွန်ပါတယ်ဆို---”

ထိုအရာကြောင့် လျိုဝူချန်း ဆွံ့အသွားခဲ့သည်၊၊

ဂျန်ဖန်းက တာဝန်ကို အမှန်တကယ်ပဲ ကောင်းကောင်းမွန်မွန် ပြီးမြောက်ခဲ့ပြီး အခြားစီနီယာတပည့်တွေထက် အများကြီး ပိုကောင်းတာပဲဖြစ်သည်၊၊

သူက လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်၊၊

“ဒီတစ်ကြိမ် ဂျန်ဖန်းရဲ့ လုပ်ဆောင်ချက်က ငါမျှော်မှန်းထားတာထက်ကျော်လွန်နေတယ်၊၊ ထူးချွန်တဲ့လုပ်ဆောင်မှုပဲ၊၊ ကန့်ကွက်ချင်တဲလူရှိသေးလား----”

ထိုအရာကိုကြားသည့်အခါ ဝမ်ချန်းဂျန် ငေးကြောင်နေပြီး ခေါင်းညိတ်လိုက်၏၊၊

“မရှိပါဘူး၊ ကန့်ကွက်စရာမရှိပါဘူး----”

သူ့ရှေ့ကပျားရည် ၁၀ ပေါင်နှင့် သူက အခြား ဘာပြောနိုင်အုန်းမည်နည်း၊၊

တပည့်တွေလည်း သက်ပြင်းချသံတွေနှင့် ချီးကျူးသံတွေအပြည့်ပဲဖြစ်သည်၊၊

မည်သူထင်ထားမည်နည်း၊၊ စီနီယာအကိုကြီးက အသစ်လာသူတစ်ယော်ကို ဒုက္ခပေးချင်ခဲ့၏၊၊ သို့ပေမယ့် အဆုံးမှာတော့သူကိုယ်တိုင် ထိုသူ၏ သင်ခန်းစာပေးခြင်းကို ပြန်ခံလိုက်ရသည်၊၊

အတော်လေး ထူးဆန်းသည့် အလှည့်အပြောင်းပဲဖြစ်သည်၊၊

လျိုဝူချန်း ပျားရည် ၁၀ ပေါင်ကိုကြည့်လိုက်ပြီး မပြုံးပဲမနေနိုင်ပေ၊၊

“ကောင်းပြီး, လူတိုင်း လူစုခွဲကြတော့----”

ဤအရာက အမှန်တကယ် ပစ္စည်းကောင်းဖြစ်၏၊၊

အထူးသဖြင့် အမျိုးသမီးအကြီးအကဲတွေ အကြိုက်ဖြစ်၏၊၊ သူတို့က ထိုအရာကို စိတ်ဝိညာဥ်လက်ဖက်ရည် သို့မဟုတ် အလှအပခရင်အဖြစ် ပြုလုပ်ကြ၏၊၊

သာမန်စုဆောင်းမှုတွေက သူတို့ကို ခွဲဝေပေးဖို့ မလုံလောက်ပေ၊၊

၁၀ ပေါင်က နှစ်ဝက်အကြာ ဆုလဒ်အဖြစ် ခွဲဝေပေးဖို့ လုံလောက်သွားပြီဖြစ်သည်၊၊

“အဖေ, နင့်ကတိပေးထားတာ မေ့သွားပြီလား----”

လျိုချင်းရှန် ဖြတ်ပြောလိုက်သည်၊၊

“ဂျန်ဖန်းသာ ထိပ်ဆုံးသုံးယောက်အဆင့်ဝင်ရင် ပျားရည်တစ်ဝက်ခွဲပေးမယ်လို့ နင်မပြောခဲ့ဘူးလား----”

ဟမ်?----

တစ်ဝက်ခွဲပေးမယ်?---

ဒါဆို ငါးပေါင်ခွဲပေးရမှာပေါ့----

ဒါကြီးက အရမ်းမများလွန်းဘူးလား----

“ဘုရားရေ, ပျားရည်တစ်ပေါင်ကို သလင်းကျောက် ၂၀၀ တန်တယ်---”

“ငါးပေါင်ဆိုတော့ သလင်းကျောက် တစ်ထောင်ပေါ့----”

ဝမ်ချန်းဂျန် ပိုလို့တောင်မနာလိုဖြစ်သွားခဲ့သည်၊၊

သူ နှစ်ဝက်လောက် ကြိုးကြိုးစားစား အလုပ်လုပ်တာတောင် သလင်းကျောက် တစ်ထောင် မရပေ၊၊

ဂျန်ဖန်းကတော့ သုံးရက်တည်းနှင့် ဤကဲ့သို့ ကြီးမားသည့်ဆုလဒ်မျိုး ရရှိနေပြီဖြစ်သည်၊၊

လျိုဝူချန်း အတော်လေးတွန်ဆုတ်နေသော်လည်း လူများရှေ့မှာပေးထားသည့်ကတိကို ပြန်ပြင်လို့မရပေ၊၊

သူက စိတ်မပါစွာနှင့်ပဲ ဂျန်ဖန်းကို ငါးပေါင် ဆုချလိုက်ရ၏၊၊

ဂျန်ဖန်းက တွန့်ဆုတ်မနေပေ၊၊

သူက လျိုချင်းရှန်ကို နှစ်ပေါင်တိုက်ရိုက် ပေးလိုက်သည်၊၊

အစောပိုင်းသူမအကူအညီအတွက် ပြန်ပေးတာဖြစ်သည်၊၊

“ဘာလို့ ငါ့ကိုပေးတာလဲ----”

လျိုချင်းရှန် လက်ဝှေ့ယမ်းပြလိုက်သည်၊၊

“နင်ဒါကို ဆေးတောင်ထိပ်ကို ရောင်းလို့ရတယ်၊၊ သူတို့မှာ အလှအပခရင်လုပ်တဲ့ အထူးဆေးညွှန်းတစ်ခုရှိတယ်----”

ဂျန်ဖန်း သေသေချာချာစဥ်းစားကြည့်တော့ မသေမျိုးဆေးစာအုပ်ထဲမှာ ဖော်ပြထားသည့် အလားတူဆေးညွှန်းမျိုးကို အမှတ်ရလိုက်သည်၊၊

ဆေးတောင်ထိပ်ကိုရောင်းတာထက် သူကိုယ်တိုင်လုပ်တာက ပိုကောင်း၏၊၊

“ကောင်းပြီလေ, ငါဒါကိုလုပ်ပြီးရင် စီနီယာအမဆီ ပို့ပေးမယ်-----”

ဘယ်အမျိုးသမီးက အလှအပကို ငြင်းဆန်နိုင်မည်နည်း၊၊ အသက် ၂၀၊ အလှဆုံးအသားအရည်တွေရှိရင်တောင် ချွင်းချက်မဟုတ်ပေ၊၊

လျိုချင်းရှန် မချိပြုံးပြုံးလိုက်သည်၊၊

“ဒါကို မေ့လိုက်ပါ----”

“ဆေးတောင်ထိပ်က အဲ့ဆေးကို အသေအချာထိန်းသိမ်းထားတာ၊၊ သူတို့တောင်ထိပ်အမျိုးသမီးတွေအတွက်တောင် မလုံလောက်ဘူး----”

“ဂိုဏ်းသခင်သမီးဖြစ်တဲ့ငါတောင်မှ တစ်လကို တစ်ပုလင်းပဲဝယ်နိုင်တယ်၊၊ ဒါက တော်တော်ကိုမလုံလောက်တာ----”

အဲ့လိုလား?----

ဂျန်ဖန်းပြုံးလိုက်သည်၊၊

“စောင့်ကြည့်နေပါ, စီနီယာအမ----”

ထို့နောက် သူက ပျားရည်ငါးပေါင်သယ်ပြီး အိမ်သို့ပြန်ရောက်လာခဲ့သည်၊၊

အစောပိုင်း သူစုဆောင်းထားသည့် ၂ ပေါင်ရယ်၊ လျိုချင်းရှန်ပေးသည့် ၁ ပေါင်ရယ်ပေါင်းလျှင် သူ့ မှာ ပျားရည်စုစုပေါင်း ၈ ပေါင်ရှိ၏၊၊

ထိုအရာက ပျားရည်စည်ကြီးတစ်ခုလုပ်ဖို့ လုံလောက်တာဖြစ်သည်၊၊

သူက ချက်ချင်း စတင်ဖို့ ဆုံးဖြတ်လိုက်၏၊၊

နေ့လည်လောက်ရောက်မည့်အချိန်၌----

သူက အိုးထဲမှာရှိသည့် အလှအပခရင်တွေကို ကြည့်ပြီး မျက်နှာမှာ ပျော်ရွင်သည့်အရိပ်အယောင် ပေါ်လာခဲ့သည်၊၊

“ဒီအလှအပခရင်တွေက ဆေးတောင်ထိပ်ကဟာနဲ့ ယှဥ်လို့ရမလားမပြောတတ်ဘူး----”

“ဒါကို စမ်းသပ်ဖို့ တစ်စုံတစ်ယောက် ရှာရမယ်----”

ထမင်းစားခန်းထဲ၌ ငါးပန်းကန်စားပြီးနောက်----

ဂျန်ဖန်း အလှခရင်ပုလင်းအနည်းငယ်ကို ယူပြီး ဂိုဏ်းမှထွက်ကာ တိမ်စိမ်းမြို့ကို ဦးတည်လိုက်သည်၊၊

ဤအကျိုးသက်ရောက်မှုမသိသည့် အလှအပခရင်ကို မြို့ကကျင့်ကြံသူတွေနှင့် စမ်းသပ်တာပိုကောင်း၏၊၊

အဘယ်ကြောင့်ဆိုသော် ထိုအရာသာ အလုပ်ဖြစ်လျှင် ပြဿနာမရှိပေ၊၊

သို့ပေမယ့် ပြဿနာရှိပြီး တစ်စုံတစ်ယောက် အသားအရေပျက်စီးသွားလျှင် သူထွက်ပြေးလို့ရတာပဲဖြစ်သည်၊၊

အကယ်၍ အမျိုးသမီးတပည့်တွေ၏ အသားအရည်ကိုပျက်စီးသွားခဲ့လျှင် သူတို့က ဂိုဏ်းသခင်တောင်ထိလိုက်လာပြီး သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲကြမည်ဖြစ်သည်၊၊

“တိမ်စိမ်းဂိုဏ်းက အလှအပခရင်အလကားစမ်းသပ်လို့ရတယ်နော်---- အလကားနော်--- အလကား----”

သူက မြို့၏ အဓိကလမ်းမကြီးဘေးမှာ ထိုင်နေပြီး ဆိုင်းဘုဒ်သေးသေးလေးတစ်ခု ကိုင်ကာ ကျယ်လောင်စွာ အော်ပြောနေခဲ့သည်၊၊

အလကားဆိုသည့်စကားကြောင့်လား တိမ်စိမ်းဂိုဏ်း၏ ဂုဏ်သတင်းကြောင့်လားတော့ မသိပေ၊၊

ခဏအကြာ၌ ဖြတ်သွားဖြတ်လာအမျိုးသမီးများစွာ ရပ်ကြည့်ကုန်ကြ၏၊၊

ထိုထဲ၌ ထင်ရှားသည့်စရိုက်လက္ခဏာရှိပြီး ရောင်စုံဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ရှိနေခဲ့သည်၊၊

“ဆရာ, ဒီကောင်က လူလိမ်လားမသိဘူး? တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်က ဒီနေရာမှာ ဘယ်လို့လုပ် အလှအပခရင် ရောင်းမှာလဲ----”

“ဒါ့အပြင်, အလှအပခရင်က ဆေးတောင်ထိပ်ရဲ့ အထူးပစ္စည်းလေ၊၊ အဲ့ကတပည့်အားလုံးက အမျိုးသမီးတပည့်တွေပဲ၊၊ သူ့ကြည့်ရတာ သူတို့ထဲက တစ်ယောက်နဲ့ မတူဘူး----"

သူတို့က စိတ်ဝိညာဥ်သားရဲဂိုဏ်းအဖွဲ့မှ လွဲပြီး အခြားသူတွေမဟုတ်ပေ၊၊

စိတ်ဝိညာဥ်သားရဲဂိုဏ်းသခင် ဂုန်ချိုင်ယီ ဂျန်ဖန်းလက်ထဲက ကျောက်စိမ်းပုလင်းကို ကြည့်ပြီး သူမမျက်လုံးထဲမှာ အံ့အားသင့်မှု အချို့ ပြသလာခဲ့သည်၊၊

“ဒါပေမယ့် သူ့လက်ထဲက ခရင်က သာမန်နဲ့မတူဘူး-----”

“ဒါကိုကြည့်ရတာ တန်ဖိုးကြီးပစ္စည်းအများကြီးသုံးပြီး အထူးနည်းလမ်းတစ်ခုနဲ့ လုပ်ထားတယ်နဲ့တူတယ်-----”

စိတ်ဝိညာဥ်သားရဲလေးကို ရက်အတော်ကြာရှာနေရသည့်အတွက် သူမ၏အသားအရည်ကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ပေ၊၊ ထို့ကြောင့် သူမက ကျက်သေရေရှိစွာဖြင့် ဂျန်ဖန်းရှေ့မှာထိုင်လိုက်သည်၊၊

“ငါဒါကို စမ်းကြည့်ချင်တယ်-----”

ဂျန်ဖန်းမော့ကြည့်လိုက်သည့်အခါ အံ့သြသွားခဲ့သည်၊၊

သူမက အသက်သုံးဆယ်လို့ထင်ရပေမယ့် အသွင်အပြင်က ကျောက်ဆစ်ရုပ်လိုသေသပ်လှပလှ၏၊၊

သူမငယ်ငယ်က အသက်ရူမှားလောက်သည့် အလှလေးတစ်ယောက်ဆိုတာ အသေအချာပဲဖြစ်သည်၊၊

ထို့ပြင် ထူးခြားသည့်စရုက်လက္ခဏာ၊ သူမ၏ ဝတ်စားဆင်ယင်ပုံ၊ အမူအရာတွေအားလုံး သာမန်အမျိုးသမီး တစ်ယောက်နှင့်မတူပဲ ထူးခြားနေ၏၊၊

ဒါပေမယ့် ဘာဖြစ်လဲ?----

ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အနာဂတ်မှာ ဆက်ဆံမည်မဟုတ်ပေ၊၊ သူမအရေပြားထိခိုက်သွားလျှင်တောင် သူ့ကိုလိုက်ရှာနိုင်မည်မဟုတ်ပေ၊၊

“ကောင်းပြီလေ, ဒါကို မင်းလက်ပေါ်မှာ သုံးကြည့်လိုက်----”

ဂုန်ချိုင်းယီ ခပ်ဖွဖွရယ်လိုက်ပြီး သူမ၏ ကျောက်စိမ်းရောင်လက်လေးကို ဆန့်ထုတ်ပေးလိုက်သည်၊၊

ကောင်းကောင်းဂရုစိုက်ထားသော်လည်း အချိန်က သူမအရေပြားပေါ်မှာ အမှတ်အသားချန်ထားခဲ့ပြီးဖြစ်သည်၊၊

အထူးသဖြင့် လက်မနှင့်လက်ညိုးနေရာ၌ အရေးကြောင်းတွေရှိနေခဲ့သည်၊၊

မိတ်ကပ်ဘယ်လောက်များများ ထိုအရာကို ဖုံးထားနိုင်မည်မဟုတ်ပေ၊၊

ဂျန်ဖန်း ဆေးပုလင်းဖွင့်လိုက်ပြီး ကျောက်စိမ်းတူတစ်ခုဖြင့် ခရင်ကိုယူလိုက်သည်၊၊ ထို့နောက် မသေမျိုးဆေးစာအုပ်ထဲ၌ဖော်ပြထားသည့်အတိုင်း ညင်သာစွာနှိပ်နှယ်ပေးပြီး ဆေးစွမ်းကို အရေပြားအစိတ်အပိုင်းတိုင်း၌ ညီညာစွာ ရောစပ်ဝင်ရောက်သွားစေ၏၊၊

ဂုန်ချိုင်းယီမျက်လုံးတွေ အံ့အားသင့်မှုကြောင့် တောက်ပသွားခဲ့သည်၊၊

ဤနည်းလမ်းက လုံးဝကျွမ်းကျင်နေပုံရ၏၊၊

“ဒီနေရာမှာစောင့်ပြီး မင်းရဲ့အရေပြားကို လေ့လာကြည့်ပါ-----”

“နောက်တစ်ယောက်----”

တစ်နာရီကြာပြီးနောက် ဆေးအားလုံး အသုံးပြုပြီးသွားပြီဖြစ်သည်၊၊

အမျိုးသမီးတွေလိမ်းထားသည့်နေရာတွေမှာ ပြောင်းလဲမှုတွေပြသနေပြီဖြစ်သည်၊၊

“ဒါအကျိုးသက်ရောက်မှုရှိတယ်၊၊ ငါလက်ပေါ်ကအမာရွတ်ပျောက်သွားပြီ----”

“ဘုရားရေ, ငါ့မျက်နှာပေါ်ကတင်းတိတ်တွေ ပျောက်သွားပြီ၊၊ ဒါ တကယ်ကြီးလား----”

ဂုန်ချိုင်ယီလည်း ပျော်ရွင်နေပြီး သူမလက်မနှင့်လက်ညိုးကြားက အရေးကြေင်းတွေ သိသိသာသာ မှေးမှိန်သွားပြီဖြစ်သည်၊၊

လက်နှစ်ဖက်ယှဥ်ကြည့်လျှင် ခြားနားမှုက သိသာလှ၏၊၊

သူမအနေနိုင်ပဲ အော်ပြောလိုက်သည်၊၊

“အံ့သြစရာပဲ, ဒါက ဆေးတောင်ထိပ်က ဟာထက်အများကြီးပိုကောင်းတာပဲ----”

“ပုံမှန်လမ်းလျှောက်ရုံနဲ့ ဒီလို ထူးခြားတဲ့အရာမျိုး တွေ့ရတယ်----”

“လူငယ်လေး, ငါ ၁၀ ပုလင်းဝယ်ချင်တယ်----”

ဂျန်ဖန်း သူတို့၏ကောင်းမွန်သည့်တုန့်ပြန်မှုကို မြင်သည့်အခါ လုံးဝစိတ်သက်သာယာရသွားသည်၊၊

နောက်ဆို သူက ယုံကြည်မှုရှိရှိဖြင့် တိမ်စိမ်းဂိုဏ်းတပည့်တွေကို ရောင်းလို့ရပြီဖြစ်သည်၊၊

အပြင်လူတွေအတွက်တော့-----

သူတို့လူတွေအတွက်တောင်မလောက်တာ အပြင်လူကို ဘာလို့ရောင်းရမည်နည်း၊၊

“ရောင်းဖို့မရှိဘူး, နှုတ်ဆက်ပါတယ်----”

ဂျန်ဖန်း ဆိုင်းဘုဏ်သေးသေးလေးကို လွင့်ပစ်လိုက်ပြီး တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်၊၊

ဂုန်ချိုင်းယီ၏ လှပသည့်အမျိုးသမီးတပည့် မျက်မှောက်ကြုတ်သွားသည်၊၊

“ငါတို့မှာ သလင်းကျောက်တုံးမရှားဘူး၊၊ နင် ဈေးသာပြောလိုက်----”

သူမဆရာ အလှအပထုတ်ကုန်ကြောင့် ဒီလောက်ပျော်ရွင်သွားတာ မမြင်ရတာ အချိန်တော်ကြာပြီဖြစ်သည်၊၊

ဂျန်ဖန်း ပြန်လှည့်မကြည့်ပေ၊၊

“ငါပြောပြီးပြီ, ရောင်းဖို့မရှိဘူး----”

အမျိုးသမီးတပည့် ဒေါသတကြီးပြောလိုက်သည်၊၊

“စမ်းတော့စမ်းသပ်ပြီး မရောင်းဘူးဆိုတော့ နင်က ဘာသဘောလဲ----”

ဂုန်ချိုင်းယီ သူမကိုနောက်ထပ်မပြောဖို့ လက်မြောက်တားလိုက်သည်၊၊

သူမက နွေးထွေးသည့်အပြုံးတစ်ခုနှင့် ပြောလိုက်သည်၊၊

“လူငယ်လေး, ငါက စိတ်ဝိညာဥ်သားရဲဂိုဏ်းက ဂုန်ချိုင်းယီပါ----”

“မင်း ချွင်းချက်တစ်ခုထားပြီး ပုလင်းအနည်းငယ်ရောင်းလို့ရမလား----”

ဂုန်ချိုင်းယီ?---

အဲ့ဒါဘယ်သူလဲ?----

ဂျန်ဖန်း သူမကို တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်၊၊

“ရောင်ဖို့မရှိဘူး----”

ထို့နောက် အရှိန်မြှင့်လိုက်ပြီး အဝေးကို လျှင်မြန်စွာထွက်ခွာသွားသည်၊၊

ဂုန်ချိုင်းယီရဲ့အမူအရာ အနည်းငယ်တင်းမာသွား၏၊၊

All Chapters