← Chapters

ကံဆိုးခြင်း

Vol. 7 Ch. 102

ကံဆိုးခြင်း

Vol. 7 Ch. 102

သူမ၏လှပသည့်အမျိုးသမီးတပည့်က ဒေါသတကြီးခြေဆောင့်လိုက်၏၊၊

“ဒါက အရမ်းလွန်တာပဲ၊၊ သူက ဆရာ့ရဲ့ မျက်နှာကိုတောင်မထောက်ဘူး၊၊ ကျွန်မသူ့ကို ပြန်ခေါ်လာမယ်----”

ဂုန်ချိုင်းယီ သူမနဖူးကိုပွတ်လိုက်သည်၊၊

“ငါ မျက်နှာပျက်ရတာမလုံလောက်သေးဘူးလို့ မင်းထင်လား----”

သူမနာမည်ထုတ်ပြောပြီးတာတောင် ဤသိုင်းပညာရှင်လေးက သူမကို မျက်နှာသာမပေးမယ်လို့ မျှော်လင့်မထားပေ၊၊

စိတ်ဝိညာဥ်သားရဲဂိုဏ်းသခင်ဖြစ်တဲ့ သူမက အမှန်တကယ် ထိုမျှလောက် ဂုဏ်သတင်းမကြီးတော့ဘူးလား----

ဂျန်ဖန်း၏ထွက်ခွာသွားသည့်ပုံရိပ်ကိုကြည့်ပြီး သူမ မနေနိုင်ပဲ နည်းနည်း နှုတ်ခမ်းဆူလိုက်သည်၊၊

“ကောင်စုတ်လေး, မင်းနောက်ခံကို ငါရှာမတွေ့စေနဲ့ပေါ့ကွာ----”

အမျိုးသမီးတွေက အငြိုးအတေးထားတတ်ကြ၏၊၊

သူ့တို့အဆင့်အတန်းဘယ်လောက်မြင့်မြင့် ကိစ္စမရှိပေ၊၊

အတော်လေးကျေနပ်နေပြီး ဂျန်ဖန်း ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်ရောက်လာခဲ့သည်၊၊

တပည့်အားလုံးအလုပ်များနေကြ၏၊၊

ဂိုဏ်းသခင်သမီးလျိုချင်းရှန်တောင် အလုပ်ကြမ်းတွေကူလုပ်နေရ၏၊၊

“စီနီယာအမ, ဘာတွေဖြစ်နေတာလဲ----”

သူ့ကိုမြင်သည့်အခါ လျိုချင်းရှန် ချက်ချင်းနှုတ်ခမ်းဆူလိုက်ပြီး မကျေနပ်စွာဖြင့် တံမြက်စည်းနှင့် လှမ်းပစ်လိုက်၏၊၊

“နင်က ဘယ်သွားပြီးပျော်နေတာလဲ----”

“စိတ်ဝိညာဥ်ဂိုဏ်းသခင်အလည်လာတယ်၊၊ ခဏနေရင် ငါ့အဖေနဲ့ ဂိုဏ်းသခင်တောင်ထိပ်မှာတွေ့လိမ့်မယ်----”

“ငါမှာတော့ ခါးကျိုးမတတ် သန့်ရှင်းရေးလုပ်ရလွန်းလို့ အရမ်းပင်ပန်းနေပြီ၊၊ နင်ကတော့အပြင်မှာ ပျော်နေတယ်ပေါ့----”

ဘယ်သူက အပျော်သွားရှာလို့လဲ----

ဂျန်ဖန်း ခရင်တစ်ပုလင်း အလျှင်အမြန်ထုတ်ယူလိုက်ပြီး လျိုချင်းရှန်ကို ပေးလိုက်သည်၊၊

“ဒါ အမအတွက်----”

“ဘာလဲ---”

လျိုချင်းရှန် အဖုံဖွင့် အနံ့ခံကြည့်လိုက်တော့ လန်းဆန်းတဲ့ရနံ့တစ်ခုက ထွက်ပေါ်လာခဲ့သည်၊၊

သူမ အံ့အားသင့်သွားခဲ့သည်၊၊

“ဆေးတောင်ထိပ်ရဲ့ အလှအပခရင်? မဟုတ်ဘူး၊ အနံ့က မတူဘူး----”

သူမက လက်ပေါ်မှာ အနည်းငယ်စမ်းသုံးကြည့်လိုက်၏၊၊

သူမအသားအရေက မြင်နိုင်သည့်အရှိန်ဖြင့် တောက်ပလာခဲ့ပြီး အံ့အားသင့်စွာ အော်ပြောလိုက်သည်၊၊

“အကျိုးသက်ရောက်မှုက ဆေးတောင်ထိပ်ကဟာထက်ပိုကောင်းတာပဲ၊၊ ဂျူနီယာမောင်လေး, နင် ဒါကို ဘယ်ကရခဲ့တာလဲ----”

ဂျန်ဖန်း တိုးတိုးနေဖို့ လက်ဟန်ပြလိုက်၏၊၊

“မင်းက တစ်ကမ္ဘာလုံးကိုသိစေချင်နေတာလား----”

လျိုချင်းရှန်း ပိုမိုနီးကပ်စွာမှီလိုက်ပြီး ပျော်ရွင်စွာပြောလိုက်သည်၊၊

“နင်ဒါကို ဘယ်ကဝယ်ခဲ့တာလဲ? ငါ့ကို မြန်မြန်ပြောပြ----”

ဂျန်ဖန်း လျို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်၊၊

“ငါကိုယ်တိုင်လုပ်ခဲ့တာ၊၊ ဒါက မျိုးရိုးစဥ်ဆက်ဆေးညွှန်းတစ်ခုပဲ----”

“အခုကစပြီး ငါမင်းအတွက် အလှအပခရင် ထုတ်ပေးမယ်----”

လျိုချင်းရှန် မယုံနိုင်အောင်ဖြစ်နေခဲ့သည်၊၊

အကျိုးသက်ရောက်မှုက အမှန်တကယ်ပဲ ဆေးတောင်ထိပ်ထက်ကောင်း၏၊၊

သို့ပေမယ့် အခုကစပြီး ဂျန်ဖန်းက အလှအပခရင်အတွက် တာဝန်ယူပေးမယ်ဆိုတာ ကြားသည့်အခါ သူမသံသယတွေ အလျှင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့သည်၊၊

ဘယ်သူက ဂရုစိုက်လို့လဲ----

ငါမှာအလုံအလောက်ရှိနေသ၍ အဆင်ပြေပြီ----

“စီနီယာအမ မင်းကိုဂရုစိုက်ခဲ့တာ အလကားမဟုတ်ဘူးပဲ၊၊ မောင်လေးထိုင်နေလိုက်, ကိုယ့်ကိုယ်ကို ပင်ပန်းအောင်မလုပ်နဲ့၊၊ အမပဲ တံမြက်စည်းလှည်းလိုက်မယ်----"

ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်၊၊

အလှအပခရင်က အလှအပကိုတိုက်တက်စေရုံသာမက အမျိုးသမီးတွေကို ပိုပြီး နူးညံ့သိမ်မွေ့လာစေ၏၊၊

“ဂျန်ဖန်း, လူတိုင်းအလုပ်များနေတာ၊၊ မင်းက ဒီမှာအချောင်ခိုနေတာလား----”

ဝမ်ချန်းဂျန် တပည့်တွေအလုပ်လုပ်နေတာကို ကြီးကြပ်နေခဲ့သည်၊၊

ဂျန်ဖန်းနှင့် လျိုချင်းရှန် နီးကပ်နေတာကို အဝေးမှမြင်သည့်အခါ သူက စိတ်မသက်မသာ ခံစားလာရပြီး အပြစ်ပြောဖို့လျှောက်လာလိုက်သည်၊၊

“စိတ်ဝိညာဥ်သားရဲဂိုဏ်းသခင် မကြာခင်ရောက်လာတော့မယ်ဆိုတာ မင်းသိလား---”

လျိုချင်းရှန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်၊၊

“ဂျူနီယာမောင်လေးဂျန် အချောင်ခိုနေတယ်လို့ ဘယ်သူပြောလဲ၊၊ သူ--- သူက---”

အလျှင်အမြန်စဥ်းစားလိုက်ပြီး သူမက အလှအပခရင်ကို ထုတ်ယူလိုက်သည်၊၊

“သူက စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်အတွက် လက်ဆောင်ပြင်ဆင်နေတာ----”

ဝမ်ချန်းဂျန် သာမန်ကျောက်စိမ်းပုလင်းကို ကြည့်လိုက်ပြီး အထဲက ခရင်ကို မြင်လိုက်သည်၊၊

သူက တင်းမာစွာပြောလိုက်သည်၊၊

“ဂျန်ဖန်း, စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်က ဘယ်သူလဲဆိုတာ မင်းသိလား----”

“သူမက ဂိုဏ်းကြီး ၉ဂိုဏ်း ဂိုဏ်းချုပ်တွေထဲက တစ်ယောကဖြစ်ပြီး အလွန်လေးစားရတဲ့သူကွ----”

“သူမသုံးတဲ့အသုံအဆောင်တွေကလည်း ရှားပါးတဲ့ရတနာတွေကြီးပဲ၊၊ ဒါကို မင်းက ဂိုဏ်းသခင်တောင်ထိပ်ရဲ့ ကြိုဆိုလက်ဆောင်အဖြစ် ဒီသုံးစားမရတဲ့ခရင်ပေးမယ်ပေါ့----”

“ငါတို့လူရယ်ခံရမှာ မကြောက်ဘူးလား၊၊ မင်းက ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ငါ့တို့ကိုလှောင်အောင် လုပ်နေတာပဲ----"

ဂျန်ဖန်း ပြောစရာစကားမရှိဖြစ်သွားသည်၊၊

လျိုချင်းရှန်က အလှအပခရင်ကို ဘာကြောင့်အကြောင်းပြချက်အဖြစ်အသုံးပြုရသနည်း၊၊

စိတ်ဝိညာဥ်သားရဲဂိုဏ်းသခင်ကမည်သူနည်း၊၊

ဤအရေးမပါသည့်ပစ္စည်းက ဘယ်တော့မှ ကြိုဆိုလက်ဆောင်ဖြစ်လာမည် မဟုတ်ပေ၊၊

လျိုချင်းရှန်ခေါင်းမာစွာဖြင့်ပြောလိုက်သည်၊၊

"ဂျန်ဖန်းရဲ့ ခရင်က တကယ်အကျိုးသက်ရောက်မှုရှိတယ်၊၊ စိတ်ဝိညာဥ်သားရဲဂိုဏ်းသခင် ဒါကို ကြိုက်ချင်ကြိုက်မှာပေါ့----"

သူမ ဂျန်ဖန်းကို ပိုသဘောကျလေလေ ဝမ်ချန်းဂျန် ပိုပြီးမသက်မသာခံစားရလေလေဖြစ်သည်၊၊

သူက ဂျန်ဖန်းကို နောက်ထပ်အကြိမ်အနည်းငယ် ဆူပူဖို့ ပြင်လိုက်၏၊၊

ရုတ်တရက်, သူကအတွေးတစ်ခုရသွားခဲ့သည်၊၊

သူ့သဘောထားကိုပြောင်းပြီး အလှအပခရင်ကို အပြုံးတစ်ခုနှင့်ယူလိုက်၏၊၊

"တကယ်လား---"

"ဂျူနီယာညီလေးဂျန်မှာ ဒီလိုအတွေးရှိမှတော့ ဒါကို ကြိုဆိုလက်ဆောင်အဖြစ်ထားလိုက်ကြတာပေါ့---"

"အခုတော့ ငါပဲသိမ်းဆည်းထားလိုက်မယ်----"

ထို့နောက် အင်္ကျီထဲကိုထည့်ကာ အခြားနေရာတွေမှာ ကြီးကြပ်ဖို့ လှည့်ထွက်သွားခဲ့သည်၊၊

'မင်းက ဒါကို ကြိုဆိုလက်ဆောင်လို့ပြောမှတော့ မင်းဆန္ဒအတိုင်း စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်ဆီပိုပေးရတာပေါ့----'

'ဒီလိုအမှိုက်ပစ္စည်းမျိုးကို ကြိုဆိုလက်ဆောင်အဖြစ်ပေးမှတော့ သူမ သေချာပေါက် ဒေါသထွက်မှာပဲ----'

'ဒါဆို ဂိုဏ်းသခင်လည်းဒေါသထွက်ပြီး မင်းကိုအပြင်းအထန်အပစ်ပေးလိမ့်မယ်'

လျိုချင်းရှန်လည်း သူမပြဿနာရှာမိပြီဆိုတာ နားလည်လိုက်၏၊၊

"ဂျန်ဖန်း, ငါတို့ဘာလုပ်သင့်လဲ၊၊ ဒီပစ္စည်းကို ကြိုဆိုလက်ဆောင်အဖြစ်သုံးတာ စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်မပျော်ရွင်လောက်ဘူးမလား----"

လျိုချင်းရှန် တောင်းပန်လိုက်၏၊၊

ဂျန်ဖန်း သူ့နဖူးကိုပွတ်ပြီးပြောလိုက်သည်၊၊

"တကယ်လို့ သူမ ကြိုက်ရင်ကော----"

"တကယ်လို့?----"

လျိုချင်းရျန် ခါးသီးစွာပြုံးလိုက်သည်၊၊

"စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်ကို နင်နားမလည်ပါဘူး---"

"သူမက သူမရဲ့ မအိုမင်းတဲ့အလှကြောင့် နာမည်ကြီးတယ်၊၊ ပြီးတော့ သူမက အလှအပရတနာတွေနဲ့ပတ်သက်ရင် အတော်လေးချေးများတယ်----"

"ဒါက အာနိသင်ကောင်းရင်တောင်, သူမ သဘောကျချင်မှ ကျမှာ----"

ဂျန်ဖန်းသက်ပြင်းချပြီး အကူအညီမဲ့သလို့ ခံစားလိုက်ရသည်၊၊

"ဒါက ဖြစ်နိုင်ချေရှိတယ်လို့ပဲ ငါပြောတာပါ---"

သူတောင် ထိုအရာဖြစ်လာမယ်လို့ မယုံကြည်ပေ၊၊

ရုတ်တရက်----

အဝေးမှ အဖွဲ့တစ်ခု ဖီးနစ်ငှက်ကဲ့သို့ ငှက်တစ်မျိုး စီးလာကြသည်၊၊

လျိုဝူချန်း ခန်းမထဲကထွက်လာပြီး အလွန်တက်ကြွနေခဲ့သည်၊၊

"စိတ်ဝိညာဥ်သားရဲဂိုဏ်ချုပ်ရောက်လာပြီ၊၊ သူမကို ကြိုဆိုဖို့ အသင့်ပြင်ထားကြ----"

"စိတ်ဝိညာဥ်သားရဲဂိုဏ်းက ငါတို့ တိမ်စိမ်းဂိုဏ်းရဲ့ ယုံကြည်ရတဲ့ မဟာမိတ်တစ်ခုပဲ၊၊ ဘာမလေးစားမှုမှ မပြမိစေနဲ့----"

"မင်းတို့ သူမကို နှောက်ယှက်မိရင် ငါ မင်းတို့ကို အပြင်းအထန်အပြစ်ပေးမယ်---"

လူတိုင်း အလေးအနက်တုံ့ပြန်လိုက်ကြ၏၊၊

လျိုချင်းရှန် ပြဿနာကိုခံစားမိပြီး ဂျန်ဖန်းကို တိတ်တဆိတ်တွန်းလိုက်ပြီး တီးတိုးပြောလိုက်သည်၊၊

"နင်ခဏလောက် ရှောင်နေလိုက်ပါ့လား----"

လက်ရှိအခြေအနေအရ ဒါက အကောင်းဆုံး ရွေးချယ်မှုဖြစ်နိုင်၏၊၊

သို့ပေမယ့် သူက အဝေးကြီးမပုန်းနိုင်ပေ၊၊ လျိုဝူချင်းသူ့ကိုခေါ်လျှင်ပြဿနာရှိနိုင်၏၊၊

ဘေးပတ်ပတ်လည်ကိုကြည့်ပြီး သူက တိတ်တဆိတ် ခန်းမထောင့်တစ်နေရာကို တိတ်တဆိတ်ဝင်ရောက်သွားခဲ့သည်၊၊

ထို့နောက်ဤနေရာမှာဖြစ်သည့်အရာတွေကို တိတ်တဆိတ်နားထောင်နေလိုက်၏၊၊

ဂုန်ချိုင်းယီ တပည့်နှစ်ယောက်ကို ဦးဆောင်ပြီး ဖြည်းညှင်းစွာဆင်းသက်လာခဲ့သည်၊၊

သူမက အရောင်စုံဝတ်စုံကိုဝတ်ဆင်ထားပြီး ကျက်သရေရှိကာ အလွန်လှပလှ၏၊၊

သူမ၏ ရည်မွန်သည့်စရိုက်ကလည်း ကြီးကျယ်ခမ်းနားလှကာ ရင်သက်ရှုမောဖွယ်အလှက ရှိနေသည့် လူငယ်အမျိုးသမီးတပည့်တွေထက် မလျော့ကြပေ၊၊

"ဂိုဏ်းချုပ်ဂုန်, မင်းငါတို့ဂိုဏ်းကို နောက်ဆုံးလာခဲ့တာတောင် အချိန်အတော်ကြာခဲ့ပြီ----"

လျိုဝူချန်း ရှေ့ထွက်လာပြီး သူမကို အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်၏၊၊ သူက သူမရည်ရွယ်ချက်ကို သိချင်နေခဲ့သည်၊၊

"ငြိမ်နေရတာအချိန်တော်ကြာပြီဆိုတော့ လှုပ်ရှားချင်စိတ်လေးဖြစ်လာလို့ လမ်းလျှောက်ထွက်လာတာ၊၊ တိမ်စိမ်းဂိုဏ်းနယ်မြေကို ဖြတ်လာတော့ ဝင်လည်ဖို့ အတွေးရသွားတာ----"

ဂုန်ချိုင်းယီ အနည်းငယ်ပြုံးလိုက်သည်၊၊

သူမက စိတ်ဝိညာဥ်သားရဲလေးရှာမည့်အကြောင်းကို ဘာတစ်ခုမှမပြောပေ၊၊

ဂုန်ချိုင်းယီ အကြောင်းပြချက်မရှိပဲလာမည်ဟု လျိုဝူချင်းမယုံပေ၊၊ သို့ပေမယ့် သူက နောက်ထပ်မပေးတော့ပဲ ပြောလိုက်သည်၊၊

"ကျေးဇူးပြုပြီး, ခန်းမထဲမှာ လာထိုင်ပါအုန်း----"

ထိုအခိုက်အတန့်၌---

ဝမ်ချန်းဂျန် ရှေ့ထွက်လာခဲ့သည်၊၊

"ဂိုဏ်းချုပ်ဂုန်, ကျေးဇူးပြုပြီး ခဏနေပါအုန်း---"

"ငါရဲ့ ဂျူနီယာညီလေး၊ ညီမလေးအချို့က ဂိုဏ်းချုပ်ဂုန်ရောက်လာလို့ အရမ်းစိတ်လှုပ်ရှားနေကြတယ်၊၊ ဒါကြောင့် ဂိုဏ်းချုပ်ဂုန်အတွက် လက်ဆောင်သေးသေးလေးအချို့ပြင်ဆင်ထားပါတယ်----"

"ကျေးဇူးပြုပြီး လက်ခံပေးပါ----"

ဂုန်ချိုင်းယီ ထိုအရာနှင့်ပတ်သက်ပြီး အတော်လေး ကျေနပ်နေခဲ့သည်၊၊

ထိုအရာက ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေ သူမကို အမှန်တကယ်သဘောကျတယ်ဆိုတာ ပြသနေ၏၊၊

"တကယ်လား? ငါ့ကိုပြစမ်းပါအုန်း---"

ဂုန်ချိုင်းယီ စိတ်ဝင်စားစွာဖြင့်ပြုံးလိုက်သည်၊၊

ဝမ်ချန်းဂျန် လက်ဆောင်ပစ္စည်းတွေကို လင်ဗန်းတစ်ခုပေါ်တင်လိုက်၏၊၊ ဂျန်ဖန်း လက်ဆောင်လည်း အပါအဝင်ဖြစ်သည်၊၊

ထို့ပြင် ထိုအရာက အထင်ရှားဆုံးနေရာမှာ ဖြစ်သည်၊၊

ဂုန်ချိုင်းယီ မျက်လုံးပင့်လိုက်သည်၊၊

လက်ဆောင်တစ်ခုချင်းစီက တန်ဖိုးအရမ်းမကြီးသော်လည်း အတော်လေးထူးခြားသည့်အတွက် သူမအလွန်ပျော်ရွင်နေခဲ့သည်၊၊

သို့ပေမယ့် သူမအကြည့် ကျောက်စိမ်းပုလင်းတစ်ခုပေါ်ရောက်သွားသည့်အခါ သူမအပြုံးတွေအေးခဲသွားခဲ့သည်၊၊

သူမအမြင်မှားနေလားလို့ မနေနိုင်ပဲ တွေးလိုက်မိသည်၊၊

သူမ၏လှပသည့်အမျိုးသမီးတပည့်ကို လှည့်ကြည့်လိုက်သည့်အခါ သူမလည်း ကျောက်စိမ်းပုလင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်၊၊

ထိုအရာက တိမ်စိမ်းမြို့ လမ်းဘေးက အလှအပခရင်မလား၊၊ ထိုလူငယ်လေးက သူမတို့ကို ရောင်းဖို့ငြင်းဆန်ခဲ့၏၊၊

သူမ ဝယ်လို့တောင်မရခဲ့သည့်အခါက ယခုတော့ ကြိုဆိုလက်ဆောင်အဖြစ် သူမရှေ့မှာ ရောက်လာခဲ့သည်၊၊

သူမ မနေနိုင်ပဲ ကျောက်စိမ်းပုလင်းကို ကောက်ယူလိုက်ပြီး တိတ်တဆိတ်ကျေနပ်နေကာ မေးလိုက်သည်၊၊

"ဒါကို ဘယ်သူပေးတာလဲ----"

သူမကို အနီးကပ်စောင့်ကြည့်နေသည့် လျိုချင်းရှန် စိုးရိမ်သွားခဲ့သည်၊၊

All Chapters