အထောက်အထားဖော်ထုတ်ခံရခြင်း
Vol. 7 Ch. 103
တကယ်ပဲ ငါကြောက်နေတဲ့အရာဖြစ်လာပြီ၊၊
အခြားလက်ဆောင်တွေနှင့်ယှဥ်လျှင် ကျောက်စိမ်းပုလင်းက စုတ်ချာလှ၏၊၊
ထို့ပြင် ဝမ်ချန်းဂျန်က ထိုအရာကို ထင်ရှားသည့်နေရာမှာ တမင်တကာထားသည့်အတွက် ချက်ချင်း သတိထားမိလိုက်သည်၊၊
လျိုချင်းရှန်စိတ်ထဲ၌ ဝရုန်းသုန်းကား ဖြစ်နေပြီဖြစ်သည်၊၊
လျိုဝူချန်းလည်း ဂုန်ချိုင်းယီကောက်ယူလိုက်သည့် ကျောက်စိမ်းပုလင်းကို အာရုံစိုက်မိသွားပြီး သူ့မျက်ခွံ့တွေ အပြင်းအထန် ကျုံ့သွားခဲ့သည်၊၊
ဤအရာက တစ်ယောက်ယောက် လွင့်ပစ်ထားသည့်အမှိုက်နှင့်တူပြီး ဘယ်လိုလုပ် ကြိုဆိုလက်ဆောင်တွေကြား ရှိနေရသနည်း၊၊
ဒါက ဂုန်ချိုင်းယီကို တမင်တကာ အရှက်ခွဲတာ မဟုတ်ပေဘူးလား----
"ဒါ ဘယ်သူ့ဟာလဲ---"
သူက ဒေါသတကြီးမေးလိုက်သည်၊၊
ဝမ်ချန်းဂျန်ပြုံးလိုက်သည်၊၊
အရာရာက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေခဲ့၏၊၊
တကယ်တော့, အကျိုးသက်ရောက်မှုက သူမျှော်လင့်ထားသည့်ထက် ပိုလို့တောင် ကောင်းနေသေး၏၊၊
ဤတစ်ချိန် ဂျန်ဖန်း မျက်နှာပျက်ရုံတင်မဟုတ်ပဲ အများကြီးပိုဆိုးသွားနိုင်၏၊၊
သူက လက်ချင်းယှက်ပြီးပြောလိုက်သည်၊၊
"ဆရာ, ဂိုဏ်းချုပ်ဂုန်, ဒါက ကျွန်တော်တို့ ဂိုဏ်းသခင်တောင်ထိပ်ရဲ့ ဂျူနီယာညီလေးဂျန်ဖန်းပေးတဲ့ ကြိုဆိုလက်ဆောင်ပါ---"
"ဂျန်ဖန်း?----"
လျိုဝူချန်း မျက်ခုံးတွေချက်ချင်းပင့်တက်သွားခဲ့သည်၊၊
သူက စူးရှသည့်အကြည့်တွေဖြင့် တပည့်တွေကို လှည့်ပတ်ကြည့်လိုက်၏၊၊ ဂျန်ဖန်း အရိပ်အယောင်မမြင်သည့်အခါ အော်ပြောလိုက်၏၊၊
"ဂျန်ဖန်း, ဒီကိုလာခဲ့စမ်း----"
အမှန်တကယ်ပဲ ထိုကောင်က အကျိုးအမြတ်ထက် ပြဿနာကပိုများ၏၊၊
လက်ဆောင်တစ်ခုပေးမည်ဆိုလျှင် မပေးချင်လည်းမပေးနဲ့၊ ပေးမည်ဆိုလျှင်လည်း ပိုပြီးသင့်တော်သည့်အရာတစ်ခုခု ပေးသင့်၏၊၊
ပုလင်းကျိုးတစ်ခုပေးတာက တမင်တကာ စော်ကားနေတာ မဟုတ်ပေဘူးလား----
ထောင့်တစ်နေရာမှာ ပုန်းနေသည့် ဂျန်ဖန်း သက်ပြင်းချလိုက်ပြီး သူမလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိလိုက်၏၊၊
သူက ထောင့်မှထွက်လာပြီး လူအုပ်ကိုကြည့်လိုက်သည်၊၊ သူ့အကြည့်က ချက်ချင်းပဲ ရောင်စုံဝတ်စုံနှင့်အမျိုးသမီးဆီကို ရောက်သွားခဲ့ပြီး ကြောင်အသွားခဲ့သည်၊၊
ဤအမျိုးသမီးက လမ်းဘေး၌ အလှအပခရင် အလကား စမ်းသပ်ခဲ့သည့်တစ်ယောက်မလား----
သူမကိုယ်သူမ ပြောတာတော့ ဂုန်ဘာယီဆိုတုန်းပဲဖြစ်သည်၊၊
သူက သူမကို အလှအပခရင်ရောင်းဖို့တောင် ငြင်းခဲ့သေး၏၊၊
သူမကအမှန်တကယ်ပဲ စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်လား?----
ဂျန်ဖန်း ပါးစပ်ထဲမှာ ခါးသီးမှုကို ခံစားလိုက်ရသည်၊၊
သူအခုတလော ကျိန်စာများမိနေသလား၊၊ ဘယ်လိုဖြစ်ပြီး ဤလောက်ကံမကောင်းရသနည်း၊၊
ပထမဦးစွာ သူက ပုံရိပ်ကြီးတစ်ခုကို စော်ကားမိပြီး ယခု သူမက သူ့နေရာကို ရောက်လာပြီဖြစ်သည်၊၊
သူမ သူ့မျက်နှာကိုမှတ်မိသွားလို့မဖြစ်ပေ၊၊
ထို့ကြောင့် ဂျန်ဖန်း မျက်နှာကို အင်္ကျီလက်ဖြင့်ကာလိုက်ပြီး သတိထားလျှောက်လာကာ ဗလုံးဗထွေးသံဖြင့်ပြောလိုက်သည်၊၊
"ဆရာ, ဂိုဏ်းသခင်ဂုန်----"
အာ---
လျိုဝူချန်းမျက်မှောင်ကြုတ်လိုက်၏၊၊
"မင်းမျက်နှာကို အင်္ကျီလက်နဲ့ ဘာလို့ကာထားရတာလဲ----"
ဂျန်ဖန်း ပြန်ပြောလိုက်သည်၊၊
"ကျွန်တော်ခုလေးတင်လဲကျပြီး မျက်နှာဒဏ်ရာရသွားလို့ပါ၊၊ ဒါက ဂိုဏ်းသခင်ဂုန်ကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မယ်၊၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွတ်ပေးပါ ဆရာနဲ့ ဂိုဏ်းသခင်ဂုန်---"
"ဒါဆို မင်းအသံနဲ့ပတ်သက်ပြီးကကော ဘာမှားနေတာလဲ----"
ဂျန်ဖန်း ပြောလိုက်သည်၊၊
"အအေးမိနေလို့ပါဆရာ----"
အဝေး၌ လျိုချင်းရှန် ရယ်ရမလား ငိုရမလား မသိတော့ပေ၊၊
သူမက အမှန်တကယ် ဂျန်ဖန်းအတွက် စိတ်မကောင်းဖြစ်နေခဲ့သည်၊၊
လျိုဝူချန်းက ဂျန်ဖန်း ယနေ့ ဂိုဏ်းသခင်တောင်ထိပ်ကိုအရှက်ရစေတယ်လို့သာ ခံစားနေရ၏၊၊ သူက ဒေါသတကြီး မေးလိုက်သည်၊၊
"မင်းဘယ်လို မိုက်မဲတဲ့အလုပ်မျိုးလုပ်ခဲ့လဲ သိလား----"
ဂျန်ဖန်း ခါးသီးစွာပြုံးလိုက်သည်၊၊
မင်းက ငါ့ကို လာအပြစ်ပြောနေတာလား?----
မင်းရဲ့သမီးနဲ့ ပတည့်ကြီးကိုပဲ အပြစ်တင်လိုက်----
ငါက အမှန်တကယ် နစ်နာရသူဟ---
ဝမ်ချန်းဂျန် လှောင်ပြောင်လိုက်ပြီး ပွဲကောင်းတစ်ခုကြည့်ဖို့စောင့်နေလိုက်သည်၊၊
နောက်လာမည့်အရာက သေချာပေါက် ခမ်းနားမည်ပဲဖြစ်သည်၊၊
သို့ပေမယ့်မမျှော်လင့်စွာဖြင့်----
ဂုန်ချိုင်းယီပြောလိုက်သည့်အရာကြောင့် သူအံ့အားသင့်သွားခဲ့သည်၊၊
"ဂိုဏ်းချုပ်လျို အထင်မှားနေပြီ---"
"ငါ ဒီအလှအပခရင်ကို တကယ်သဘောကျတယ်----"
အာ?----
ဤပစ္စည်းက ဈေးပေါပုံရပြီး ဂုဏ်သရေရှိ ဂိုဏ်းချုပ်ဂုန်က ကြိုက်မည်လား----
လျိုဝူချန်း တစ်ခဏကြောင်အသွားပြီး မေးလိုက်သည်၊၊
"ဂိုဏ်းသခင်ဂုန်, မင်း ဒီကလေးကို ကာကွယ်ပေးနေတာ ငါသိတယ်----"
"စိတ်မပူပါနဲ့၊ ငါတို့ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ပတည့်တွေကို စည်းကမ်းရှိအောင် လုပ်ပေးရမယ်၊၊ မဟုတ်ရင် အနှေးနဲ့အမြန် ပြဿနာဖြစ်လာလိမ့်မယ်----"
"လာကြစမ်း, သူ့ကိုခေါ်သွားကြ----"
ဂုန်ချိုင်းယီအလျှင်အမြန်ပဲ သူမလက်ကိုမြောက်ကာ သူ့ကို တားလိုက်သည်၊၊ သူမက လေးလေးနက်နက်ပြောလိုက်သည်၊၊
"ဂိုဏ်ချုပ်လျို, ရှင်တကယ် အထင်မှားနေပြီ---"
"ဒီအလှအပခရင်က ကျွန်မသုံးဖူးတဲ့ဟာတွေထဲမှာ အကောင်းဆုံးပဲ----"
"ရှင်တို့တစ်ယောက်မှ ဒါကို အသိအမှတ်မပြုတာ ထူးဆန်းတယ်----"
"ဘာလို့ ဒီလိုပစ္စည်းကောင်းမျိုးကို တန်ဖိုးမရှိဘူးလို့ထင်ရတာလဲ---"
အခန်းတစ်ခုလုံး အံ့အားသင့်မှုကြောင့် တိတ်ဆိတ်သွားကြသည်၊၊
လူတိုင်းက အလှအပခရင်ပုလင်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြ၏၊၊
ဤအထင်ကြီးစရာမရှိသည့်ပစ္စည်းက ချေးများသည့်ဂုန်ချိုင်းယီထံမှ ထိုမျှလောက် ချီးကျူးခံရသည်လား---
ဝမ်ချန်းဂျန် သတိပြန်ရလာခဲ့သည်၊၊
သူက ဂျန်ဖန်းကို အရှက်ခွဲဖို့ ရည်ရွယ်ထားပြီး ရှေ့တက်ကာ ပြောလိုက်သည်၊၊
"ဂိုဏ်းသခင်ဂုန်, မင်း မှားနေတာများလား----"
"ဒါက သတိထားဖို့တောင် မထိုက်တန်တဲ့ပစ္စည်းတစ်ခုပါပဲ-----"
"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာကျအောင်မလုပ်ပါနဲ့----"
ဂုန်ချိုင်းယီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်၊၊
"ဒီဂိုဏ်းချုပ်က ဒါကို ကိုယ်တိုင်အသုံးပြုကြည့်ခဲ့တာ၊၊ ငါ့မှာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်----"
"ဒီဂိုဏ်းချုပ်ကို ဆရာလုပ်ရအောင် မင်းနေရာကဘာမိုလို့လဲ----"
ဝမ်ချန်းဂျန် ရုတ်တရက် ထိပ်လန့်သွားခဲ့သည်၊၊
နောက််ဆုံးတော့ ဝမ်ချန်းဂျန် သူအလျှင်စလိုလုပ်မိပြီဆိုတာ သိသွား၏၊၊ သူကအလျှင်အမြန်ဦးညွတ်ကာ တောင်ပန်လိုက်ပြီး နောက်ကိုဆုတ်သွားခဲ့သည်၊၊
လျိုဝူချန်းလည်း ဂုန်ချိုင်းယီ ကြိုဆိုလက်ဆောင်ကို အမှန်တကယ်ကြိုက်တယ်ဆိုတာ နာလည်လိုက်၏၊၊
သူကစိတ်သက်သာယာရစွာ ပြုံးလိုက်ပြီး ဂျန်ဖန်း ပုခုံးကိုပုတ်လိုက်သည်၊၊
"ဂျန်ဖန်း, ဒီတစ်ကြိမ်မင်းလက်ဆောင်က အကြံဉာဏ်အကောင်းဆုံးပဲ၊၊ မင်းဒီလ အပိုသလင်းကျောက် ၁၀၀ ထပ်ရမယ်----"
ဂျန်ဖန်း ဘေးအန္တာရယ်မှလွတ်မြောက်သွားပြီးပြောလိုက်သည်၊၊
"ကျေးဇူးတင်ပါတယ်, ဆရာ----"
လျိုချင်းရှန်လည်း စိတ်သက်စွာဖြင့်သက်ပြင်းချလိုက်ပြီး ဂျန်ဖန်းအတွက် အမှန်တကယ်ပျော်နေခဲ့သည်၊၊
ကြည့်ရတာ သူကလုံခြုံသွားပြီဖြစ်သည်၊၊
သို့ပေမယ့် ဂုန်ချိုင်းယီ သိချင်စွာဖြင့် မေးလိုက်သည်၊၊
"ဂျန်ဖန်း, ဟုတ်တယ်နော်? ဒီအလှအပခရင် ဘယ်ကရလဲ မင်း ဒီဂိုဏ်းချုပ်ကို ပြောပြနိုင််မလား----"
တစ်ပုလင်းက လုံလောက်ဖို့ အတော်လေး လိုသေး၏၊၊
ဂျန်ဖန်းထွက်ခွာပြီးနောက် အလှအပခရင်က ဆက်ပြီးအာနိသင်ရှိနေသေးတာ သူမတွေ့လိုက်ရ၏၊၊
သူမလက်အရည်ပြားက ပိုပြီးနူးညံ့လာပြီး ၂၀ အစောပိုင်း လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သည်၊၊
သူမလက်ဖမိုးကအရေပြားနှင့် နှိုင်းယှဥ်လျှင် ကွာခြားချက်က အလွန်ကြီးမားလှ၏၊၊
ဤကဲ့သို့ထိပ်တန်းထုတ်ကုန်မျိုးကို သူမတစ်ကိုယ်လုံးအသုံးပြုရမည်ပဲဖြစ်သည်၊၊
ထို့ကြောင့် တစ်ပုလင်းက ဘယ်လိုမှ မလုံလောက်ပေ၊၊
သူမက ပုလင်းတစ်ရာလောက်ဝယ်ရမည်ဖြစ်သည်၊၊
ဂျန်ဖန်း တွေဝေနေခဲ့သည်၊၊
"ငါ, ငါ တပည့်အချို့ ရင်ပြင်မှာ ဒါကို ရောင်းနေတာ မတော်တဆမြင်ခဲ့တာပါ----"
"သိချင်စိတ်ပြင်းပြပြီး တစ်ပုလင်းဝယ်ခဲ့တာ၊၊ ဂိုဏ်းသခင်ဂုန်လိုချင်တယ်ဆိုရင် တပည့်တစ်ယောက်ကို ရင်ပြင်မှာရှာခိုင်းလိုက်ပါ့မယ်၊၊ သူတို့ အဲ့လူကို ရှာတွေ့ချင်တွေ့မှာပါ----"
အို့-----
ဒီလိုကိုး----
ဂုန်ချိုင်းယီအနည်းငယ်ခေါင်းညိတ်လိုက်သည်၊၊
လျိုဝူချန်းလည်း ဤအခြေအနေကိုမြင်မှ တည်ငြိမ်သွားခဲ့သည်၊၊ ထို့ကြောင့် သူက အချိန်ကိုက်ပြောလိုက်သည်၊၊
"ဂိုဏ်းသခင်ဂုန် ကျေးဇူးပြုပြီးအထဲကို လိုက်ခဲ့ပါ----"
ဂုန်ချိုင်းယီခေါင်းညိတ်လိုက်ပြီး သူ့နောက်ကနေ ခန်းမထဲကို လိုက်လာခဲ့၏၊၊
ထိုမှသာ ဂျန်ဖန်း သက်ပြင်းချနိုင်တော့၏၊၊
အလွန်နီး၏၊၊သူက ထုတ်ဖော်ခံရလုနီးပါးပဲ ဖြစ်သည်၊၊
ဂုန်ချိုင်းယီသာ သူက သူမကို ခရင်ရောင်းဖို့ ငြင်းဆန်လိုက်သည့်လူငယ်လေးဆိုတာ သိသွားလျှင် ဘာဖြစ်မလဲဆိုတာ သူစိတ်ကူးကြည့်လို့တောင်မရပေ၊၊
ထိုအရာက ကောင်းကောင်းအဆုံးမသတ်မှာတော့ အသေအချာပဲဖြစ်သည်၊၊
အဝေးမှ လျိုချင်းရှန် သူ့ကို လက်ဝှေ့ယမ်းပြလိုက်၏၊၊ ထို့ကြောင့် အလျှင်အမြန်ပြေးလာလိုက်ပြီး နှစ်ယောက်သားအဝေးကို တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်၊၊
သို့ပေမယ့် ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက်----
ဂုန်ချိုင်းယီ ရုတ်တရက် သံသယဝင်လာခဲ့သည်၊၊
ယောက်ျားတစ်ယောက်က ဘာကြောင့် အလှအပခရင်ဝယ်မည်နည်း၊၊
ထို့ပြင် ဤအလှအပခရင်က သူမကြိုက်ပြီး မငြင်းနိုင်ဘူးဟု သူဘာကြောင့် ထင်ရသနည်း၊၊
လှည့်ကြည့်လိုက်သည့်အခါ ဂျန်ဖန်းက ထောင့်နားကိုရောက်နေပြီဖြစ်သည်၊၊
သူမအရင်က သံသယမဝင်ခဲ့ပေ၊၊ သို့ပေမယ့် ယခုအခါမှာတော့ ဂျန်ဖန်းနောက်ကျောက အလွန်ရင်းနှီးသလို ခံစားနေရ၏၊၊
ဤဂျန်ဖန်းက ခရင်ရောင်းသည့်လူငယ်လေးနှင့် ခန္ဓာကိုယ်အချိုးအစား ဆင်တူနေပုံရ၏၊၊
ထိုအရာကိုတွေးပြီး သူမက ချက်ချင်းလှမ်းခေါ်လိုက်၏၊၊
"ဂျန်ဖန်းဆိုတဲ့တပည့်, ပြန်လာပါအုန်း----"
ဂျန်ဖန်းထွက်သွားတော့မည်ဖြစ်သည်၊၊
ရုတ်တရက် ခေါ်သံကြားသည့်အခါ သူ့မျက်နှာ အစိမ်းရောင်ပြောင်းသွားသည်၊၊
မဖြစ်နိုင်တာ?----
သူ ဒီလောက်တောင်ကံဆိုးရသည်လား----
နံမည်တပ်ခေါ်ခံရသဖြင့် ရွေးချယ်စရာမရှိပဲ မျက်နှာကိုနောက်တစ်ကြိမ် အင်္ကျီလက်ဖြင့်ကာကာ ပြန်လှည့်လာလိုက်ရသည်၊၊
ဗလုံးဗထွေးအသံဖြင့် သူက ပြောလိုက်သည်၊၊
"ဂိုဏ်းသခင်ဂုန် ဘာများမှာကြားချင်လို့ပါလဲ-----"
သူ၏ခိုးကြောင်ခိုးဝှက်အမူအရာကို မြင်သည့်အခါ ဂုန်ချိုင်းယီလုံးဝသေချာသွားခဲ့သည်၊၊
သူမရှေ့က ဤဂျန်ဖန်းက ခရင်ရေင်းသည့် လူငယ်လေးပဲဖြစ်သည်၊၊
သူမကို ဘာမျက်နှာသာမှမပေးတာကို တွေးပြီး သူမ ရယ်လည်းရယ်ချင်း, စိတ်လည်းတိုနေခဲ့သည်၊၊
စနှောက်သည့်အသံဖြင့် ပြုံးစစ မေးလိုက်သည်၊၊
"ဟမ်? မင်းအသံက ခုနကနဲ့ ဘာလို့မတူတော့တာလဲ----"
ဂျန်ဖန်းနှလုံးသားကျုံ့သွား၏၊၊ သူ အိုဗာဖြစ်သွားသည်လား----
သူက အလျှင်အမြန်ပဲ ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်၊၊
"ဒါက အအေးမိနေလို့ပါ၊၊ ကျွန်တော်ဒါကို ထိန်းချုပ်လို့မရဘူး----"
ဂိုဏ်းသခင်ဂုန် တစ်ခစ်ခစ်ရယ်လိုက်၏၊၊
"တကယ်လား? ဘာလို့ မင်းကို ငါ အရမ်းရင်းနှီးနေတာလဲ----"
"ငါတို့တစ်နေရာရာမှာ ဆုံးဖူးလား----"
ဂျန်ဖန်း အတော်လေး စိုးရိမ်သွားခဲ့သည်၊၊
ဤအချိန်၌ သူဆက်ဟန်မဆောင်နိုင်တော့ပေ၊၊ တစ်ဖက်လူက သူကို မှတ်မိသွားပြီဖြစ်သည်၊၊