← Chapters

ငါသူ့ကိုလိုချင်တယ်

Vol. 7 Ch. 104

ငါသူ့ကိုလိုချင်တယ်

Vol. 7 Ch. 104

သူကအင်္ကျီလက်ကို ကို့ရို့ကားယား ဖယ်လိုက်ပြီး ရှုက်ရွံ့စွာပြောလိုက်သည်၊၊

"တိမ်စိမ်းဂိုဏ်းအတွင်းစည်းတပည့် ဂျန်ဖန်း, ဂိုဏ်းသခင်ဂုန်ကို နှုတ်ဆက်ပါတယ်----"

"နင်ပဲ---"

ဘေးနားကလှပသည့်အမျိုးသမီးတပည့် သူ့ကို ချက်ချင်းမှတ်မိသွားပြီး ဒေါသတကြီး ဓားရိုးကိုင်ကာ ဆွဲထုတ်ဖို့ပြင်လိုက်၏၊၊

ဂုန်ချိုင်းယီ သူမကိုရပ်တန့်ဖို့ လက်ဝှေ့ယမ်းပြလိုက်၏၊၊ ထို့နောက် ရွတ်နှောက်နှောက်အကြည့်တစ်ခု သူမမျက်လုံးထဲမှာရှိနေပြီး ပြောလိုက်သည်၊၊

"မင်းနဲ့ငါက တကယ်ရေစက်ရှိတာပဲ----"

ဒါက မကောင်းတဲ့ရေစက်လေ----

ဒါက မကောင်းတဲ့ရေစက်ဟ----

ဂျန်ဖန်း စိတ်ထဲမှာ ညည်းတွားနေခဲ့သည်၊၊

ဂုဏ်သရေရှိဂိုဏ်းသခင်က လမ်းဘေးလာပြီး အလှအပခရင် အလကားစမ်းသပ်မည်ဟု မည်သူက ထင်ထားမည်နည်း၊၊

သူက နွေလယ်ကနှင်းထက်တောင် ပိုအနိုင်ကျင့်ခံရတာဖြစ်သည်၊၊

အခြေအနေက ထိုသို့ဖြစ်လာမှတော့ သူက တောင်းပန်ရုံသာတတ်နိုင်တော့၏၊၊

"ဂိုဏ်းသခင်ဂုန်, မင်းကို မမှတ်မိတာ ငါ့အမှားပါ၊၊ မင်းနာမည်ပြောတာတောင် မရောင်းခဲ့---"

ဂုန်ချိုင်းယီမျက်နှာ ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့သည်၊၊

ဤကဲ့သို့ကိစ္စမျိုးက လူရှေ့မှာ ပြောရမည့်အရာလား----

သူမက သူမဂုဏ်သတင်းကို ဂရုမစိုက်ရတော့ဘူးလား----

သူမက အလျှင်အမြန်လက်ဆန့်ထုတ်လိုက်ပြီး ဂျန်ဖန်းပါးစပ်ကိုကာကာ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်၊၊

"အဓိပ္ပာယ်မရှိတဲ့စကားတွေတော်လောက်ပြီ---"

အမ်?---

ရှိနေသည့်လူတိုင်း အံ့အားသင့်နေကြသည်၊၊

ဘာတွေဖြစ်နေသည်လဲ----

စိတ်ဝိညာဥ်သားရဲဂိုဏ်းသခင်က ဂျန်ဖန်းပါးစပ်ကို သူမလက်နှင့်ကာလိုက်သည်လား----

ဤအရာက အရမ်းနှီးကပ်လွန်းနေ၏၊၊

ဂုန်ချိုင်းယီဘာမှမပြောရသေးခင် ဂျန်ဖန်း တစ်ခုခုမှားနေတာကို ခံစားမိပြီး အလျှင်အမြန် နောက်ဆုတ်လိုက်၏၊၊

သူမကျေက်စိမ်းရောင်လက်လေး၏ နူးညံ့နွေးထွေးမှုက သူ့နှုတ်ခမ်းမှာ စွဲကျန်နေသေး၏၊၊

ထို့နောက် အလျှင်အမြန်ပြောလိုက်သည်၊၊

"ဂိုဏ်းသခင်ဂုန်, ဘာကိစ္စမှမရှိတော့ရင် ကျွန်တော်အရင်ဆုံး သွားလိုက်ပါအုန်းမယ်----"

ထွက်ပြေးချင်တာလား?----

ဂုန်ချိုင်းယီစိတ်ထဲက နှာမှုတ်လိုက်၏၊၊

သူမကို လူရှေ့မှာ အရှက်ရလုနီးပါးဖြစ်စေပြီးတာတောင် စကားတစ်ခွန်းမပြောပဲ ထွက်သွားချင်သည်လား----

သို့ပေမယ့် ဂျန်ဖန်း ဤနေရာမှာရှိနေအောင် သူမဘာလုပ်နိုင်မည်နည်း၊၊

လမ်းဘေးဆိုင်က ရှက်စရာကောင်းသည့် အဖြစ်အပျက်အကြောင်းပြောရမည်လား----

ရုတ်တရက် သမ တစ်စုံတစ်ခုသတိရသွားပြီး ပြောလိုက်သည်၊၊

"ဂိုဏ်းသခင်လျို, ငါ တိမ်စိမ်းဂိုဏ်းမှာ ရက်အနည်းငယ်လောက်နေဖို့စီစဥ်ထားတယ်----"

"ငါ့ကို လိုက်ပတ်ပြဖို့ ဂိုဏ်းနဲ့ရင်းနှီးကျွမ်းဝင်တဲ့တစ်ယောက်လောက်လိုအပ်တယ်----"

လျိုဝူချန်း သဘာဝအတိုင်း အလွန်ပျော်ရွင်သွားခဲ့သည်၊၊

တွေးမနေပဲ သူက ဝမ်ချန်းဂျန်ကို ဆင့်ခေါ်လိုက်သည်၊၊

"ဒါက ငါ့ရဲ့အကြီးဆုံးတပည့်ကြီးပဲ၊၊ သူကတိမ်စိမ်းဂိုဏ်းမှာနေလာတာ နှစ်အတော်ကြာပြီ၊၊ ဒီမှာရှိတဲ့ သစ်ပင်၊မြက်ပင်ကမှအစ အကုန်သိတယ်---"

"နောက်ရက်အနည်းငယ်အတွက် သူ့ကို မင်းဘေးမှာထားလိုက်မယ်---"

ဝမ်ချန်းဂျန် အတိုင်းထက်အလွန် ပျော်ရွင်သွားခဲ့သည်၊၊

ဤအရာက ကြီးမားသည့်အခွင့်အရေးကြီးဖြစ်သည်၊၊

ဧည့်သည်တစ်ယောက်အနေဖြင့် ဂိုဏ်းသခင်ဂုန်က သူမကူညီပေးသည့်လူအား ရက်ရက်ရောရောပေးကမ်းမည်ဖြစ်သည်၊၊

သူမက ဆုလဒ်အများကြီး ပေးမှာအသေအချာပဲဖြစ်သည်၊၊ မဟုတ်လျှင် သူမနှင့် စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ ဂုဏ်သတင်း ထိခိုက်မည်ပဲဖြစ်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, တပည့်ဝမ််ချန်းဂျန် အချိန်မရွေး ဂိုဏ်းချုပ်ဂုန်ရဲ့ဝန်ဆောင်မှုအတွက် အသင့်ရှိပါတယ်----"

မမျှော်လင့်စွာဖြင့်----

ဂုန်ချိုင်းယီ သူ့ကိုကြည့်တောင်မကြည့်ပဲ ဂျန်ဖန်းရဲ့ရှောင််လွဲနေတဲ့မျက်လုံးတွေကို ပြုံးစစဖြင့်ကြည့်နေ၏၊၊

ဂျန်ဖန်း ထိုကဲ့သို့ပြုမူလေ သူမရယ်ချင်လေလေ ဖြစ်သည်၊၊

သူမကို ဘယ်သူလိုက်ပြပေးမယ်ဆိုတာ အရေးမကြီးပေ၊၊ ဘာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့တစ်ယောက်ကို မရွေးချယ်ရမည်နည်း၊၊

"မလိုဘူး၊၊ ဂျန်ဖန်းက အတော်လေးကောင်းတယ်လို့ငါထင်တယ်၊၊ သူကို လိုက်ပြခိုင်းလိုက်မယ်----"

ဟမ်?---

လူတိုင်း အံ့အားသင့်သွားကြသည်၊၊

စီနီယာတပည့်ကို လျစ်လျူရှုပြီး တပည့်အသစ်ကို ရွေးချယ်လိုက်သည်လား----

ထိုအခိုက်အတန့်၌ လူတိုင်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို သံသယမရှိပဲ မနေနိုင်ဖြစ်လာခဲ့သည်၊၊

လျိုဝူချန်း စိုးရိမ်သွား၏၊၊

"ဂိုဏ်းချုပ်ဂုန်, ဂျန်ဖန်း အသစ်တစ်ယောက်ပါ၊၊ သူ ဒီတာဝန်ကို လုပ်နိုင်မယ် မထင်ဘူး----"

ဂျန်ဖန်း သူမဈေးဝယ်ကို တစ်ခါတည်းနှင့် သုံးကြိိမ်ငြင်းလိုက်တာကို မှတ်မိ၏၊၊

ထိုကဲ့သို့ပြတ်သားမှုနှင့် မလုပ်နိုင်တာ မဖြစ်နိုင်ပေ၊၊

"မလိုဘူး၊၊ ငါ သူ့ကိုပဲ လိုချင်တယ်----"

ဂုန်ချိုင်းယီ အခိုင်အမာပြောလိုက်သည်၊၊

လျိုဝူချန်း ရွေးချယ်စရာမရှိတော့ပဲ ဂျန်ဖန်းကို မှာကြားလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန် မင်းကို တန််ဖိုးထားမှတော့ မင်းကောင်းကောင်းမွန်မွန်လုပ်၊၊ သူမအလိုရှိတဲ့အချိန်တိုင်း ဝန်ဆောင်ဖို့ အသင့်ရှိနေပါ၊ နားလည်လား----"

ဂျန်ဖန်း ခါးသီးစွာခံစားလိုက်ရသည်၊၊

သူ့ကိုနာမည်တောင်တပ်ခေါ်သည်ဖြစ်၍ ဤအမျိုးသမီး၌ ဘယ်လိုဆိုးရွားသည့်ရည်ရွယ်ချက်တွေရှိလဲဆိုတာ စိတ်ကူးယဥ်ကြည့်လို့တောင်မရပေ၊၊

သူက အလျှင်အမြန်ပဲ ငြင်းဆန်လိုက်သည်၊၊

"ဂိုဏ်းသခင်ဂုန်, မင်း စီနီယာအကိုကြီးကို ခေါ်သွားသင့်တယ်----"

"ငါက တပည့်အသစ်ဆိုတော့ တိမ်စိမ်းဂိုဏ်းနဲ့ မရင်းနှီးဘူး----"

ကောင်စုတ်လေး, ထွက်ပြေးချင်တယ်ပေါ့----

မင်းလွတ်မှာတဲ့လား---

ဂုန်ချိုင်းယီအလျော့မပေးပဲ စနှောက်ပြီး ပြောလိုက်သည်၊၊

"ဘယ်လောက်တိုက်ဆိိုင်လိုက်လဲ၊ ငါလည်းမရင်းနှီးဘူး----"

"ငါတို့ အတူတူ ရင်းနှီးအောင်လုပ်ဖို့ အချိန်ကိုက်ပဲပေါ့---"

သေစမ်း----

အမကြီး ကျွန်တော်ပစ္စည်းမရောင်းတာနဲ့ပဲ မင်းက အငြိုးထားနေတာလား---

ဂျန်ဖန်း စကားမပြောနိုင်လောက်အောင် ဖြစ်နေခဲ့သည်၊၊

လျိုဝူချန်းလည်း ကို့ရို့ကားယား ခံစားလိုက်ရသည်၊၊

ဂုန်ချိုင်းယီနှင့် ဂျန်ဖန်းကြား ပုဂ္ဂိုလ်ရေးအငြိုးအတေးရှိမည်ဟု သူတွေးလိုက်၏၊၊

အကူအညီမဲ့စွာဖြင့် သူက ပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်အတင်းပြောနေမှတော့, ဂျန်ဖန်း, မင်း ဂိုဏ်းချုပ်ဂုန်ရဲ့အမိန့်တွေကို သေသေချာချာ လိုက်နာပါ----"

ဂျန်ဖန်း စိတ်ထဲမှာ အဆတစ်ရာလောက် ဆန္ဒမရှိဖြစ်နေခဲ့သည်၊၊

သို့ပေမယ့် သူက မျက်နှာငြိုးငယ်စွာဖြင့်သာ ပြန်ဖြေလိုက်နိုင်၏၊၊

"ဟုတ်ကဲ့----"

တပည့်တွေလည်း ဆွံ့အနေကြ၏၊၊

ဤကဲ့သို့ကောင်းသည့်တာဝန်မျိုး သူတို့အိမ်မက်တောင်မက်လို့မရပေ၊၊ သို့ပေမယ့် ဂျန်ဖန်းကတော့အမှန်တကယ်မလိုချင်ချင် ဖြစ်နေခဲ့သည်၊၊

ဤကဲ့သို့ ပြည့်ဝနေသည့်လူက ငတ်မွတ်နေသည့်လူ၏ ဆာလောင်မှုကို နားလည်မည်မဟုတ်ပေ၊၊

သူဒီလောက်သဘောမကျဖြစ်နေတာမြင်တော့ ဂုန်ချိုင်းယီ ပိုလို့တောင် ကျေနပ်သွားခံသည်၊၊ သူမက သာမန်အတိုင်း ကျောက်စိမ်းပုလင်းတစ်ခုကို ဂျန်ဖန်းဆီပစ်ပေးလိုက်သည်၊၊

"ဒါက မင်းအတွက်ဆုလဒ်ပဲ၊၊ ဒီဂိုဏ်းချုပ်က မင်းကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာ မဟုတ်ပါဘူး----"

ဂျန်ဖန်း အလိုလို ဖမ်းလိုက်၏၊၊

အထဲက အမည်မသိ အညိုရောင်အရည်ကို မြင်သည့်အခါ သူက အံ့အားသင့်စွာဖြင့် မေးလိုက်သည်၊၊

"နတ်ဆိုးသားရဲတွေသောက်တဲ့ဟာလား----"

ဂုန်ချိုင်းယီမျက်ခုံးတွေ တွန့်လိမ်သွားခဲ့သည်၊၊

"ဘာ? စိတ်ဝိညာဥ်ဂိုဏ်းက နတ်ဆိုးသားရဲတွေအတွက်ပဲ ပစ္စည်းသန့်စင်နိုင်တာမိုလို့လား---"

မဟုတ်လို့လား?----

ဂျန်ဖန်း မေးခွန်းထုတ်သည့်အမူအရာ ပြသလာ၏၊၊

ဂုန်ချိုင်းယီ ခြေဆောင့်လုနီပါး ဒေါသထွက်လာခဲ့သည်၊၊ ဤကောင်လေးက သူမကို ဘာကြောင့် အမြဲစိတ်တိုအောင်လုပ်နေရသနည်း၊၊

လျိုဝူချန်းပစ္စည်းကိုမြင်ပြီး တိတ်တဆိတ်တုန်လှုပ်သွားကာ ဂျန်ဖန်းကို အလျှင်အမြန် ပုတ်လိုက်သည်၊၊

"မြန်မြန် ဂိုဏ်းချုပ်ဂုန်ကို ကျေးဇူးတင်လိုက်----"

"ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ကို တို့မြှင့်ပေးနိုင်တဲ့ မြေကမ္ဘာဖီးနစ်မြက်အရည်ပဲ၊၊ စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ ထူးခြားတဲ့ရတနာတစ်ခုလေ----"

"ဒါကိုစုဆောင်ဖို့ မြေကြီးထဲအနက်ကြီးတူးရတဲ့ အထူးစိတ်ဝိညာဥ်သားရဲတွေလိုအပ်တယ်၊၊"

"ပုံမှန်ဆိုရင် စိတ်ဝိညာဥ်ဂိုဏ်းကတပည့်တွေတောင် ဆုလဒ်အဖြစ် တစ်ခါတစ်ရံပဲ ရကြတာ---"

ဘေးနားကလှပသည့်အမျိုးသမီးတပည့် မနာလိုသည့်အမူအရာတွေပြသလာခဲ့သည်၊၊

ထိုအရာကို ဂျန်ဖန်းကို ပေးသည်လား----

သူမကိုယ်တိုင်တောင် ဤကဲ့သို့ဆုလဒ်မျိုး အကြိမ်အနည်းငယ်သာရဖူး၏၊၊

ရတနာဆိုတာ နားလည်သွားမှသာ ဂျန်ဖန်း ထိုအရာကိုပျော်ရွင်စွာလက်ခံလိုက်ပြီး ပြုံးလိုက်သည်၊၊

"ကျေးဇူးတင်ပါတယ်, ဂိုဏ်းသခင်ဂုန်----"

ချက်ချင်းပြောင်းလဲသွားသည့်သူ့အမူအရာကို မြင်သည့်အခါ ဂုန်ချိုင်းယီ ဒေါသတကြီးပြောလိုက်သည်၊၊

"လက်တွေ့ဆန်လှကြီလား----"

"မင်းက အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်မလား? ဒီပုလင်းက မင်းရဲ့ အဆင့်တစ်ဝက်ကို မြှင့်တင်ဖို့ပဲလုံလောက်တယ်၊၊ အပြည့်အဝမြှင့်တင်ဖို့ဆိုရင် မင်း နှစ်ပုလင်းလိုလိမ့်မယ်----"

"မင်းရဲ့လုပ်ဆောင်မှုကိုကြည့်ရမှာပဲ၊၊ မင်းသာ ငါ့ကို စိတ်ကျေနပ်စေရင် နောက်ထပ်တစ်ပုလင်းပေးမယ်---"

"မနက်ဖြန်မနက်စောစော ဒီနေရာမှာ ငါ့ကို စောင့်နေပါ----"

ထိုအခါမှသာ ဂုန်ချိုင်းရီ၌ မကောင်းသည့်ရည်ရွယ်ချက်မရှိဘူးဆိုတာ ဂျန်ဖန်း နာလည်လိုက်၏၊၊

"ကောင်းပါပြီ, ဂိုဏ်းချုပ်ဂုန်---"

ထို့နောက် လျိုဝူချန်းက ဂုန်ချိုင်းယီကို အဓိကခန်းမထဲကို ဖိတ်ခေါ်လိုက်၏၊၊

စီနီယာအကိုတွေနှင့်အမတွေလည်း အလွန်မနာလိုဖြစ်နေပြီး သူတို့မျက်လုံးတွေ ပေါက်ထွက်လုနီးပါပင်၊၊

"ဂျူနီယာမောင်လေး, နင်က တော်တော် ကံကောင်းပါလား---"

"နင့်ကို ဂိုဏ်းချုပ်ဂုန်က ဘာလို့ ဒီလောက် သဘောကျနေရတာလဲ----"

"တကယ်တော့, ငါသိရသလောက်ဆိုရင် မြေကမ္ဘာဖီးနစ်မြက်အရည်ကို စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်တွေတောင် အတော်လေး လိုချင်ကြတယ်တဲ၊၊ ဂိုဏ်းချုပ်ဂုန်က နင့်ကို တကယ်ပဲ ဆုချလိုက်တယ်နော်၊၊ ဒါက အဓိပ္ပာယ်မရှိဘူး----"

ဂျန်ဖန်းပြုံးလိုက်သည်၊၊

ထိုအရာက ဂုန်ချိုင်းယီအလှအပခရင် အများအပြားလိုအပ်နေတာကြောင့်ဆိုတာ ဂျန်ဖန်းသိ၏၊၊ သို့ပေမယ့် ပြေပြလို့မရပေ၊၊

"ဒါက အကိုကြီးအမကြီးတွေရဲ့ ကောင်းချီးတွေကြောင့်ပါ----"

ဂျန်ဖန်း ရိုးကျိုးစွာပြောလိုက်သည်၊၊

ထိုအခိုက်အတန့်၌----

ဝမ်ချန်းဂျန် လူအုပ်ထဲမှဖြတ်လျှောက်လာပြီး မဲမှောင်သည့်မျက်နှာဖြင့် ဂျန်ဖန်းကို တိတ်တဆိတ်စိုက်ကြည့်နေခဲ့သည်၊၊

သူက အလွန်မပျော်မရွင်ဖြစ်နေတာ သိသာလှ၏၊၊

ဤကဲ့သို့ဧည့်ခံသည့်တာဝန်မျိုးက အမြဲတမ်း စီနီယာတွေသာ လုပ်ဆောင်ရတာဖြစ်၏၊၊

ဤတစ်ချိန် ထိုအရာက ဂျန်ဖန်းဆီ ရောက်သွားခဲ့၏၊၊

ဝမ်ချန်းဂျန်ကို ဒေါသထွက်သွားစေတာက ဂျန်ဖန်း ထိုအရာအတွက် ယှဥ်တောင် မယှဥ်ပြိုင်ခဲ့ပေ၊၊ သူက အကြိမ်များစွာတောင် ငြင်းခဲ့သေး၏၊၊

သို့ပေမယ့် ဂုန်ချိုင်းယီက ဂျန်ဖန်းကို အခိုင်အမာတောင်းဆိုနေခဲ့သည်၊၊

သူက အကြံဉာဏ်သာပေးနိုင်၏၊၊

"မင်းအခြားဘယ်တောင်ထိပ်မဆိုသွားလို့ရပေမယ့် ဂိုဏ်းချုပ်ဂုန်ကို ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကိုတော့ ခေါမသွားမိစေနဲ့---"

"အကြောင်းအရင်းကို မင်းနားလည်တယ်မလား----"

ဂျန်းဖန်းခေါင်းညိတ်လိုက်၏၊၊

"သတိပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအကို-----"

ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ဂိုဏ်းသခင်တောင်ထိပ်နှင့် အမြဲတမ်း ဆန့်ကျင့်ဘက်ပဲဖြစ်သည်၊၊

နှစ်ဖက်လုံးက ပေါ်တင်တစ်မျိုး လျို့ဝှက်စွာတစ်မျိုး ယှဥ်ပြိုင်နေကြတာဖြစ်သည်၊၊

ဂိုဏ်းချုပ်ဂုန်ကိုသာ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်သို့ခေါ်သွားလျှင် မဟာအကြီးအကဲနှင့် သူ့တပည့်တွေက သူမရှေ့မှာ ခွန်အားပြပြီး ဂိုဏ်းသခင်တောင်ထိပ်ကို ကျော်တက်သွားမှာ အသေအချာပဲဖြစ်သည်၊၊

ထိုအရာက ဂိုဏ်းသခင်ထောင်ထိပ်၏ ဂုဏ်သတင်းကို ထိခိုက်စေမည့်အပြင် နှစ်ဖက်မဟာမိတ်ကိုတောင် ထိခိုက်နိုင်၏၊၊

လူတိုင်းထွက်ခွာမှုနှင့်အတူ---

ဂျန်ဖန်း မြေကမ္ဘာဖီးနစ်မြက်အရည်နှင့်အတူ သူ့နေအိမ်သို့ပြန်ရောက်လာခဲ့သည်၊၊

အထဲဝင်လိုက်သည့်အခါ, တစ်စုံတစ်ယောက် ရောက်နေတာကို မမျှော်လင့်ပဲ တွေ့လိုက်ရပြီး ထိတ်လန့်သွားခဲ့သည်၊၊

All Chapters