← Chapters

လူထုအကူအညီဖြင့် ဇနီးတွေဆီ အလည်အပတ်သွားခြင်း

Vol. 7 Ch. 105

လူထုအကူအညီဖြင့် ဇနီးတွေဆီ အလည်အပတ်သွားခြင်း

Vol. 7 Ch. 105

"မင်းဘယ်လိုဝင်လာတာလဲ----"

ရောက်လာသူက လျိုချင်းရှန်မှလွဲပြီး အခြားသူမဟုတ်ပေ၊၊

လျိုချင်းရှန်နှာမှုတ်လိုက်ပြီး သော့တစ်ချောင်းထုတ်ပြလိုက်သည်၊၊

ဂျန်ဖန်း အလျှင်အမြန်သူ့သော့ကို စစ်ဆေးကြည့်လိုက်သည့်အခါ ရှိနေသေးကြောင်း တွေ့လိုက်ရ၏၊၊

ထိုအခါ လျိုချင်းရှန် သူမ၏ ဂိုဏ်သခင်သမီးဆိုသည့်အဆက်အသွယ်ဖြင့် သော့အပိုတစ်ချောင်း ရခဲ့တာ သူချက်ချင်းသိလိုက်၏၊၊

"စီနီယာအမ, ဒါမသင့်တော်ဘူး ထင်တယ်နော်----"

ဂျန်ဖန်း အနည်း၍ငယ်မျက်မှောင်ကြုတ်လိုက်သည်၊၊

သူတို့ဆက်ဆံရေးဘယ်လောက်ကောင်းကောင်း ကိုယ်ရေးကိုယ်တာအချို့တော့ ရှိသင့်၏၊၊

လျိုချင်းရှန် ဝေးကွာသွားသလိုခံစားလိုက်ရသည်၊၊

သူမက သော့အပိုကို စားပွဲပေါ်ထားလိုက်ပြီး နှာသံဖြင့်ပြောလိုက်သည်၊၊

"ပထမဦးဆုံး, နင့်နေရာကိုစစ်ဆေးကြည့်လိုက်အုန်း၊၊ တစ်ခုခုများ ပျောက်နေမလားဆိုတာ----"

အနီးကပ်စစ်ဆေးကြည့်လိုက်တော့ အခန်းက ခြစ်ရာတွေနှင့်ပြည့်နှက်နေတာ မြင်လိုက်၏၊၊

ပစ္စည်းအများစုလည်း ပျက်စီးနေပြီ ဖြစ်သည်၊၊

သူခိုးဝင်တာလား?----

အလျှင်အမြန်ပဲ ကုတင်အောက်က အလှအပခရင်၊ အခြေခံတည်ဆောက်ခြင်း ဆေးလုံးနှင့် ဝိညာဥ်နက်အရိုးလိမ်းဆေး ကုန်ကြမ်းတွေကို စစ်ကြည့်လိုက်သည်၊၊

အားလုံးအကောင်းပတိတိုင်းရှိနေ၏၊၊

ပျောက်နေသည့်တစ်ခုတည်းသောပစ္စည်းက သူကြိုးနှင့်ချည်းထားခဲ့သည့် စိတ်ဝိညာဥ်သားရဲလေးပဲဖြစ်သည်၊၊

နွယ်ကြိုးပေါ်ကကိုက်ရာတွေကိုမြင်သည့်အခါ ဘာဖြစ်လဲဆိုတာ သူနားလည်သွား၏၊၊

ထိုဉာဏ်နီဉာဏ်နက်များသည့် အကောင်လေး လွတ်မြောက်သွားပြီး အခန်းကို ထင်တိုင်းကြဲဖျက်ဆီးသွားတာဖြစ်သည်၊၊

"စီနီယာအမ, ငါ့အခန်းမှာတစ်ခုခုမှားနေတာ သတိထားမိလို့ သော့အပိုနဲ့ လာစစ်ဆေးတာလား----"

ဂျန်ဖန်း သူ လျိုချင်းရှန်ကို နားလည်မှုလွဲသွားတယ်ဆိုတာ နားလည်လိုက်၏၊၊

တကယ်ပဲ သူမမျက်နှာလွဲသွားပြီး မျက်လုံးတွေက အနည်းငယ်နီရဲနေခဲ့သည်၊၊

ဒါက---

ဂျန်ဖန်း ဘယ်လိုချော့ရမှန်းမသိတော့ပေ၊၊

သူက အထဲကိုပြန်ဝင်သွားပြီး အလှအပခရင်မ်ပုလင်းအနည်းငယ်ဖြင့် ယူလာခဲ့သည်၊၊

"စီနီယာအမ, ဂိုဏ်းချုပ်ဂုန်က စောစောကအလှအပခရင်မ်ပုလင်းကိုယူလိုက်ပြီ၊၊ ဒီမှာအမအတွက် အသစ်တစ်ပုလင်း----"

လျိုချင်းရှန် ချုပ်တည်းပြီးပြောလိုက်သည်၊၊

"မလိုချင်ဘူး၊၊ နင်ငါ့ကို လာဘ်ထိုးလို့ရမယ် မထင်နဲ့---"

ဂျန်ဖန်းပြောလိုက်သည်၊၊

"နှစ်ပုလင်းဆိုရင်ကော---"

လျိုချင်းရှန်တွေဝေနေပြီး ညည်းတွားလိုက်သည်၊၊

"ငါနင့်ကို ခွင့်လွတ်မှာမဟုတ်ဘူး----"

"ဒါဆို သုံးပုလင်းဆိုရင်ကော----"

"တော်တော့----"

"လေးပုလင်း---"

"ဒီလိုလုပ်မနေနဲ့တော့----"

"ငါးပုလင်း----"

"ကောင်းပြီ,ကောင်းပြီ, ဒါအရမ်းများနေပြီ၊၊ ငါတစ်ခါတည်းနဲ့ အကုန်မသုံးနိုင်ဘူး---"

လျိုချင်းရှန် ပုလင်းငါးပုလင်းကို ပိုက်ထားလိုက်ပြီး သူမမျက်ရည်တွေက ရယ်သံတွေအဖြစ်ပြောင်းလဲသွားခဲ့သည်၊၊

ထိုအရာကို မြင်သည့်အခါ ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်၊၊

အမျိုးသမီးတစ်ယောက်အတွက် အလှအပခရင်မ်မဖြေရှင်းနိုင်တာ တစ်ခုမှမရှိပေ၊၊

"ဂျန်ဖန်း, နင့်အခန်းထဲမှာဘာဖြစ်နေတာလဲ၊၊ ငါရောက်တဲ့အချိန်မှာ အထဲက တစ္ဆေသရဲအော်သံလိုလိုကြားရတယ်၊၊ သူခိုးတစ်ယောက်ခိုးဝင်တဲ့အတိုင်းပဲ---"

လုံးဝပျက်စီးနေသည့် နေအိမ်ကိုကြည့်ကာ ဂျန်ဖန်း မျက်နှာမဲမှောင်နေပြီး ပြောလိုက်သည်၊၊

"ဘာကိုတူရမှာလဲ၊၊ ဒါသူခိုးမှသူခိုးပဲ----"

"နောက်တစ်ကြိမ်မလာတာကောင်းမယ်၊၊ လာခဲ့လို့ရှိရင် ဒီကောင့်ကို အပြင်းအထန်နှိပ်စက်ပစ်မယ်----"

လျိုချင်းရှန် ခေါင်းညိတ်လိုက်၏၊၊

"နင် ပိုပြီး သတိထားတာကောင်းလိမ့်မယ်၊၊ ဂိုဏ်းသခင်တောင်ထိပ်ကိုတောင်ခိုးဝင်ရဲတဲ့ သူခိုးက သာမန်တော့မဟုတ်နိုင်ဘူး----"

သူမထွက်သွားတော့ ဂျန်ဖန်း တံခါးပိတ်လိုက်သည်၊၊

အနည်းငယ်သန့်ရှင်းရေးလုပ်ပြီးနောက် ပစ္စည်းတွေကို အပြင်မှာထားတာမလုံခြုံဘူးလို့ တွေးမိ၏၊၊

ထို့ကြောင့် အကုန်လုံးကို ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး၊ ဝိညာဥ်နက်အရိုးလိမ်းဆေးတွေအဖြစ် ချက်ချင်းပဲ သန့်စင်ဖို့ ဆုံးဖြတ်လိုက်၏၊၊

သူ သန့်စင်ပြီးတဲ့အချိန်မှာ အာရုံတက်နေပြီပဲဖြစ်သည်၊၊

သူက ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး ၁၀လုံး နှင့် ဝိညာဥ်နက်အရိုးလိမ်းဆေး ၉ ပုလင်းကို သယ်သွားလိုက်သည်၊၊

အလှအပခရင်မ်ခြင်းတောင်းကလည်း အိမ်မှာထားဖို့ မလုံခြုံပေ၊၊

ထိုအရာကိုတွေးပြီး တစ်ခါတည်းယူလာဖို့ ဆုံးဖြတ်လိုက်သည်၊၊

အဓိကခန်းမရှေ့၌----

ဂုန်ချိုင်းယီအံ့အားသင့်နေခဲ့သည်၊၊

"နင်ကြားခဲ့တာ သေကောသေချာရဲ့လား၊၊ ဂျန်ဖန်မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးပေါ့---"

ယွမ်ကျီယုအမည်ရှိသည့် လှပသည့်အမျိုးသမီးတပည့် ခေါင်းညိတ်ပြီး ပြောလိုက်သည်၊၊

"ကျွန်မအမျိုးသမီးတပည့်များစွာကို မေးခဲ့ပြီးပါပြီ၊၊ သူ့မှာ စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုတာာ အမှန်ပါ----"

ဂုန်ချိုင်းယီ အနည်းငယ်အံ့အားသင့်နေခဲ့သည်၊၊

"အံ့သြစရာပါလား----"

"ဂိုဏ်းသခင်တောင်ထိပ်က တကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်ကို ခေါ်ခဲ့တယ်---"

"ထားလိုက်တော့၊၊ သူက ငါ့စိတ်ဝိညာဥ်သားရဲဂိုဏ်းက မဟုတ်ဘူး၊၊ ဒါကြောင့် သူမှာ စိတ်ဝိညာဥ်အမြစ်ရှိတာမရှိတာက ကိစ္စမရှိဘူး----"

ထိုအခိုက်အတန့်၌-----

အဝေးမှဂျန်ဖန်းလာနေတာကို သူမမြင်လိုက်၏၊၊

သူရင်ဘတ်၌ လွယ်အိတ်ကြီးတစ်လုံးလွယ်ထားပြီး ကျောဘက်မှာလည်း သစ်သားပုံးကြီးတစ်ခုကို သယ်ထား၏၊၊

သူမ မပြုံးပဲမနေနိုင်ပေ၊၊

"မင်းက ငါနဲ့ ခရီးအရှည်ကြီးထွက်ဖို့ စီစဥ်နေတာလား---"

ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်၊၊

"ငါ့အိမ်ထဲ သူခိုးဝင်တယ်လေ၊၊ ဒီတော့ ငါလည်း ရွေးချယ်စရာမရှိပဲ တန်ဖိုးကြီးပစ္စည်းတွေ ငါ့နဲ့အတူယူလာခဲ့ရတာပဲ----"

သူက သစ်သားပုံးကြီးကို အောက်ချလိုက်ပြီး ဖုံးထားသည့်အဝတ်ကို ဖယ်လိုက်သည်၊၊ ထိုအခါ အလှအပခရင်မ်ခြင်းကြီး တစ်ခုပေါ်လာခဲ့သည်၊၊

"ဂိုဏ်းသခင်ဂုန်, ကျေးဇူးပြုပြီး ထည့်စရာ ခြင်းတောင်းတစ်ခုခုယူလိုက်ပါ----"

ဂုန်ချိုင်းယီ အလွန်ပျော်ရွင်သွား၏၊၊

"အများကြီးပါလား----"

"ကျီယု, မြန်မြန်ထည့်စရာသွားယူလိုက်----"

သူမက ဂျန်ဖန်း၌ ပုလင်းတစ်ရာလောက် မရှိမှာကို စိုးရိမ်နေခဲ့၏၊၊

သို့ပေမယ့် ယခုခြင်းကြီးက ပုလင်းပေါင်းရာချီအတွက်လုံလောက်တာဖြစ်သည်၊၊

ယွမ်ကျီယုလည်း စကားမပြောနိုင်အောင် ဖြစ်သွားပြီး အမြန်ပုံသေးသေးတစ်ခုယူပြီး ပြည့်အောင်ဖြည့်လိုက်သည်၊၊

ထိုအရာက ဂုန်ချိုင်းယီ ရေချိုးဖို့တောင် လုံလောက်၏၊၊

ဂျန်ဖန်း ဂရုမစိုက်ပေ၊၊

နှိုင်းယှဥ်ကြည့်လျှင် မြေကမ္ဘာဖီးနစ်မြက်အရည်က ဤအလှအပခရင်မ်ထက် များစွာတန်ဖိုးရှိတာပဲဖြစ်သည်၊၊

ဂုန်ချိုင်းယီ ဂျန်ဖန်းကို ပိုသဘောကျစွာ ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်၊၊

"ပထမဆုံး မင်းငါ့ကို ဘယ်ခေါ်သွားဖို့ စီစဥ်ထားလဲ----"

ဂျန်ဖန်း ခရီးစဥ်ကို ရေးဆွဲထားပြီး ဖြစ်သည်၊၊

"ကောင်းကင်ဓားတောင်ထိပ်----"

ကောင်းကင်ဓားတောင်ထိပ်အကြီးအကဲကို အကြောင်းကြားထားပြီးဖြစ်၍ သူက တောင်ထိပ်ပတည့်အားလုံးကို ဦးဆောင်ပြီး သူတို့ကို အထူးကြိုဆိုဖို့ တောင်ခြေကို ရောက်လာခဲ့၏၊၊

လီချင်ဖုန်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်၊၊

"တိမ်စိမ်းဂိုဏ်းအကြီးအကဲလီချင်ဖုန်း ဂိုဏ်းချုပ်ဂုန်ကို နှုတ်ဆက်ပါတယ်---"

ဂိုဏ်ချုပ်ဂုန် တိမ်စိမ်းဂိုဏ်းကို အလည်လာသည့်သတင်းက အတော်လေးပြန့်နှံ့နေပြီ ဖြစ်သည်၊၊

သူမ တိမ်စိမ်းဂိုဏ်းကို လှည့်ပတ်ကြည့်မည်ဟုသိသည့်အခါ တောင်ထိပ်အမျိုးစုံက အကြီးအကဲတွေ ပြင်ဆင်မှုများစွာ ပြုလုပ်ထားကြ၏၊၊

သူတို့မသိတာက ဂိုဏ်ချုပ်ဂုန် ဘယ်တောင်ထိပ်ကို အရင်လာမလဲဆိုတာပဲ ဖြစ်သည်၊၊

ထိုအရာက ဂိုဏ်းချုပ်ဂုန် မည်သည့်တောင်ထိပ်ကို တန်ဖိုးအထားဆုံးလဲဆိုတာ ပြသနေ၏၊၊

ဂုန်ချိုင်းယီ သူတို့၏ မထင်ရှားသည့် ကောင်းကင်ဓားတောင်ထိပ်ကို ပထမဦးစွာလာမည်ဟု လီချင်ဖုန်း ဘယ်တုန်းကမှ မျှော်လင့်မထားပေ၊၊

ဤအရာကြောင့် လီချင်ဖုန်း အလွန်ပျော်ရွင်သွားခဲ့သည်၊၊

ဂုန်ချိုင်းယီ ခေါင်းညိတ်ပြီး အနည်းငယ်ပြုံးပြလိုက်သည်၊၊

"အကြီးအကဲလီ, အရမ်းယဥ်ကျေးနေပါပြီ၊၊ ငါတို့က သာမန်အတိုင်း လှည့်ပတ်ကြည့်ရုံပါ----"

လီချင်ဖုန်း ပျော်ရွင်စွာပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, ကျေးဇူးပြုပီး ငါ့တို့ တောင်ထိပ်နဲ့ မိတ်ဆက်ပေးပါရစေ----"

ဂုန်ချိုင်းယီခေါင်းညိတ်လိုက်၏၊၊

သို့ပေမယ့် သူမ ဂျန်ဖန်းကိုလည်း မမေ့ပဲ လှည့်ပြီးပြောလိုက်သည်၊၊

"ဂျန်ဖန်း, နင်လည်း အတူတူ---"

ထိုအခါမှသာ သူမသတိထားမိလိုက်သည်၊၊

ဂျန်ဖန်းက သူမမသိလိုက်သည့် တစ်ချိန်ချိန်မှာ နောက်နားတစ်နေရာကို ခိုးကြောင်ခိုးဝှက်ရောက်နေပြီး အလွန်လှပသည့်အမျိုးသမီတပည့်နှစ်ယောက်နှင့် ပရောပရည်လုပ်နေခဲ့သည်၊၊

သူတို့က သူ့ကို ယောက်ျားဟုခေါ်တာကြားသည့်အခါ ဂုန်ချိုင်းယီ ပိုလို့တောင်အံ့အားသင့်သွားခဲ့သည်၊၊

အလှတရား၏ပုံရိပ်ဟု တင်စားရသည့် ဤအမျိုးသမီးတပည့်နှစ်ယောက်က အမှန်တကယ်ပဲ ဂျန်ဖန်း ဇနီးတွေလား----

သူဘယ်လိုများ သူမတို့ကို ယောက်ျားတစ်ယောက်တည်းကို မျှဝေဖို့ စည်းရုံးလိုက်သနည်း၊၊

ထို့ပြင် ဂျန်ဖန်းကလည်း သူမတို့အပေါ် နှမြောတွန့်တိုမနေပေ၊၊ တစ်ယောက်စီကို အလှအပခရင်မ်ခြင်းသေးတစ်ခုစီပေးလိုက်၏၊၊

ဂျန်ဖန်း ကောင်းကင်ဓားတောင်ထိပ်ကို ပထမဆုံးအဖြစ်ရွေးတာ အံ့သြစရာမရှိတော့ပေ၊၊ သူက ဟန်ဆောင်လည်ပတ်တာကို အသုံးချပြီး သူ့ဇနီးတွေဆီ အလည်လာတာပဲဖြစ်သည်၊၊

ထိုအရာက ဂုန်ချိုင်းယီကို အတော်လေး ဒေါသထွက်သွားစေ၏၊၊

"ဂျန်ဖန်း---"

သူမက အော်ခေါ်လိုက်သည်၊၊

သူမအသံကြားသည့်အခါ ဂျန်ဖန်း ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို အလျှင်အမြန်နှုတ်ဆက်ကာ အပြေးလာပြီး ပြောလိုက်သည်၊၊

"ဂိုဏ်းသခင်ဂုန်, ဘာများပြောချင်လို့လဲ----"

ဂုန်ချိုင်းယီ ပါးစပ်ဟလိုက်ပေမယ့် အပြစ်တင်သည့်စကားတွေ ပြန်လည်မျိုသိပ်လိုက်ရ၏၊၊

သူ့ဇနီးတွေနှင့်တွေ့တာ ဘာမှားလို့နည်း၊၊

ထိုအရာက မည်သည့်နှောင့်နှေးမှုမှ မဖြစ်ပေ၊၊

သူမက ဘယ်ကနေစဆူရမှန်းတောင် မသိတော့ပေ၊၊ ထို့ကြောင့် ခပ်ဖွဖွညည်းတွားရုံသာ တတ်နိုင်၏၊၊

"အကြီးအကဲလီက ကောင်းကင်ဓားတောင်ထိပ်ကို လိုက်ပြပေးမလို့တဲ့၊၊ နင် လှည့်ပတ်မကြည့်ချင်ဘူးလား---"

ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်၊၊

ကောင်းကင်ဓားတောင်ထိပ်ကို လှည့်ပတ်ကြည့်တာက သူမိန်းမတွေနှင့် ရှိတာလောက် ပျော်စရာမကောင်းပေ၊၊

သို့ပေမယ့် သူ့တာဝန်က ဂိုဏ်းချုပ်ဂုန်၏ အပန်းဖြေခရီးကို လိုက်ပါဖို့ပဲဖြစ်သည်၊၊

"ကျေးဇူးပြုပြီး အကြီးအကဲလီ လမ်းပြပါ----"

ဂျန်ဖန်း လီချင်ဖုန်းကို ပြုံးပြလိုက်သည်၊၊

အမြဲတမ်း မကျေမနပ်ဖြစ်နေသည့် လီချင်ဖုန်း ကြောင်အသွားသည်၊၊

ထိုအခါမှသာ ဂိုဏ်းချုပ်ဂုန် ကောင်းကင်ဓားတောင်ထိပ်ကို အရင်လာရသည့် အကြေင်းကို နားလည်သွား၏၊၊

ဤအရာက ဂိုဏ်းချုပ်ဂုန် ကောင်းကင်ဓားတောင်ထိပ်ကို တန်ဖိုးထားလို့မဟုတ်ပဲ ဂျန်ဖန်းဇနီးတွေ ဒီနေရာမှာ ရှိနေလို့ပဲဖြစ်သည်၊၊

ဂုန်ချိုင်းယီိကို ဂျန်ဖန်းက ဤနေရာအား ချော့ခေါ်လာသည်လား----

ထိုအရာကြောင့် လီချင်ဖုန်း၏စိတ်လှုပ်ရှားမှုကို များစွာ လျော့ကျသွားစေ၏၊၊

သို့ပေမယ့် သူ့ကို ပိုလို့တောင် မသက်မသာဖြစ်သွားစေတာက----

စွမ်းအားကြီးတောင်ထိပ်သခင်တစ်ယောက်ဖြစ်သည့်သူက ဂျန်ဖန်းလိုကောင်လို ကောင်းကင်ဓားတောင်ထိပ်အား လူကိုယ်တိုင် လိုက်ပြီး မိတ်ဆက်ပေးနေရ၏၊၊

ထိုအရာက ဘယ်လိုအခြေအနေကြီးလဲ----

ဒင်းဝမ်ပိုင် တပည့်တွေကြားထဲမှာရှိနေပြီး ယုံကြည်မှုရှိစွာလမ်းလျှောက်နေသည့် ဂျန်ဖန်းကို စောင့်ကြည့်နေခဲ့သည်၊၊

သူကတော့ မကျေမနပ်ဖြင့် နောက်ကနေကပ်လိုက်လာနေရ၏၊၊

"သူများအားကိုးနဲ့ ပါဝါပြနေတာပဲ----"

ရုတ်တရက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး လီချင်းဖုန်းဆီသွားကာ တီးတိုးပြောလိုက်သည်၊၊

"ဆရာ, ဂိုဏ်းချုပ်ဂုန်ကို ဘာလို့ ကျွန်တော်တို့ ကောင်းကင်ဓားတောင်ထိပ်ရဲ့ ဓားသင်္ချိုင်းကို ခေါ်မသွားတာလဲ----"

"ဒါက ကျွန်တော်တို့တောင်ထိပ်ရဲ့ထူးခြားတဲ့အင်္ဂါရပ်ပဲ၊၊ ပြီးတော့ ဂိုဏ်းချုပ်ဂုန်ကိုလည်း လက်ဆောင်အဖြစ် ဓားတစ်ချောင်းဆွဲထုတ်ခိုင်းလို့ရတယ်လေ----"

လီချင်ဖုန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်က ဓားပညာမလေ့ကျင့်ဘူး၊၊ သူ့ကို ဓားဆွဲထုတ်ခိုင်းရင် အရှက်ခွဲသလို ဖြစ်နိုင်တယ်----"

ဓားသင်္ချိုင်းကဓားတွေက နှစ်အတော်ကြာ ဓားချီတွေနှင့်ရောနေပြီး စိုက်ထားပေမယ့် အားကောင်းလှ၏၊၊

ကြုံရာကျပန်းဓားတစ်ချောင်းဆွဲထုတ်မိလျှင် ဓားချီတွေပေါက်ကွဲပြီး အခြေအနေတွေ ကို့ရို့ကားယားဖြစ်သွားမည်ဖြစ်သည်၊၊

ဒင်းဝမ်ပိုင် ဂျန်ဖန်းကို ညွှန်ပြလိုက်၏၊၊

"ဒီလိုတာဝန်မျိုးကို ဂိုဏ်းချုပ်ဂုန်ကို လုပ်ခိုင်းလို့ဘယ်ဖြစ်မလဲ၊၊ ဂျန်းဖန်းကို ဆွဲထုတ်ခိုင်းတာပေါ့---"

လိီချင်ဖုန်းမျက်လုံးတွေ တောက်ပသွား၏၊၊

All Chapters