← Chapters

ဓားဆွဲထုတ်ခြင်း

Vol. 8 Ch. 106

ဓားဆွဲထုတ်ခြင်း

Vol. 8 Ch. 106

သူလည်း ဂျန်ဖန်းကို မကြိုက်ပေ၊၊

လမ်းတစ်လျှောက်၌ သူက ထိုကောင့်ကို ကောင်းကင်ဓားတောင်ထိပ်အကြောင်း ရှင်းပြခဲ့ရပြီး ထိုအရာက အတော်လေး မသက်မသာဖြစ်ရ၏၊၊

ဂျန်ဖန်းကို ရှင်းထုတ်ဖို့ အချိန်ကျပြီပဲဖြစ်သည်၊၊

ထို့ကြောင့် သူ့မာနကို အနည်းငယ် ဖိနှိပ်လိုက်ပြီး ပြုံးလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, ကျွန်တော်တို့ ကောင်းကင်ဓားတောင်ထိပ်မှာ ဓားသင်္ချိုင်းတစ်ခုရှိတယ်----"

"အဲ့နေရာမှာ ထိပ်တန်းအဆင့်ရှိတဲ့ ဓား ၁၀၈ ချောင်းကို ပြုစုပျိုးထောင်ထားတယ်၊၊"

"ကျေးဇူပြုပြီး ဂိုဏ်းချုပ်ဂုန် အဲ့ဒီကို လိုက်ခဲ့ပေးပါ---"

ဂုန်ချိုင်းယီ ဝမ်းသာအားရ ခေါင်းညိတ်လိုက်၏၊၊

သူမလည်း တိမ်စိမ်းဂိုဏ်းကောင်းကင်ဓားတောင်ထိပ်၏ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပြီဖြစ်သည်၊၊

ဤတောင်ထိပ်၏ ဓားပညာကထိပ်တန်းအဆင့်အဖြစ်မသတ်မှတ်နိုင်သော်လည်း စုဆောင်းထားည့် နာမည်ကြီးဓားတွေက ဂိုဏ်း၉ ဂိုဏ်းမှာ အကောင်းဆုံးပဲဖြစ်သည်၊၊

ထိုနေရာ၌ ဘယ်လိုဓားကောင်းမျိုးရှိနေမလဲဆိုတာ သူမလည်း မြင်ချင်မိ၏၊၊

အုပ်စုက ကောင်းကင်ဓားတောင်ထိပ်၏ ဗဟိုနေရာကို ရောက်လာခဲ့သည်။

ကြီးမားသည့်ကျောက်နံရံကြီးတစ်ခုရှေ့၌----

များစွာသော ဓားရာတွေ ကျောက်နံရံကြီးပေါ်၌ ထွင်းထုထားခဲ့သည်၊၊

အားကောင်းသည့်ဓားချီက ကျောက်နံရံအပေါ်မှာ မှိန်ဖျော့ဖျော့ရစ်ဝဲနေကာ အချိန်မရွေး ပေါက်ထွက်လာပြီး တိုက်ခိုက်တော့မည့်အလားပင်၊၊

ထိုနံရံပေါ်၌ ထူးခြားသည့် ဓားရှည်တွေ တစ်ချောင်းပြီးတစ်ချောင်း ထိုးစိုက်ထားခဲ့သည်၊၊

တစ်ခုချင်းစီက စိတ်ဝိညာဥ်အလင်းတန်း တွေတောက်ပနေပြီး အနိမ့်ဆုံးက အလယ်အလတ်အဆင့် မှော်ရတနာပဲဖြစ်သည်၊၊

ထို့ပြင် ၎င်းတို့က အလယ်အလတ်အဆင့် မှော်ရတနာတွေထဲမှာတောင် အလွန်ကောင်းမွန်၏၊၊

ဂျန်ဖန်းကြည့်နေရင်း မနေနိုင်ပဲ ထပ်ခါထပ်ခါ အံ့သြနေရသည်၊၊

ထိုထဲ၌ ရှုရို့ရန်၏ အစိမ်းရောင်ဓားထက် နိမ့်သည့်ဓားတစ်ချောင်းမှမပါပေ၊၊

ပိုကောင်းသည့်ဓားတွေတောင် မရေမတွက်နိုင်အောင်ရှိသေး၏၊၊

"ဂိုဏ်းချုပ်ဂုန် ဘယ်လိုထင်လဲ----"

လီချင်ဖုန်း ဂုဏ်ယူစွာမေးလိုက်သည်၊၊

ဂုန်ချိုင်းယီ သူမ၏ချီးကျုးမှုကို မထိန်းထားနိုင်ပေ၊၊

"ဒါက ဂုဏ်သတင်းနဲ့ တကယ်ပဲ ကိုက်ညီပါတယ်---"

သူမက ဓားအသုံးမပြုတာတောင် ဤဓားတစ်ချောင်းချင်းစီ၏ထူးခြားမှုကို ခံစားမိ၏၊၊

လီချင်ဖုန်း ပြောလိုက်သည်၊၊

"ဂိုဏ်းသခင်ဂုန် ကြိုက်တယ်ဆိုရင် တစ်ချောင်းရွေးနိုင်ပါတယ်၊၊ ကျွန်တော့်လက်ဆောင်အဖြစ်သဘောထားလိုက်ပါ---"

ဂုန်ချိုင်းယီမျက်လုံးတွေ အနည်းငယ်တောက်ပသွားခဲ့သည်၊၊

မည်သူက ဓားကောင်းတစ်ချောင်းကို မကြိုက်မည်နည်း၊၊

သူမ အသုံးမပြုလျှင်တောင် စုဆောင်းဖို့ ကောင်းတာဖြစ်သည်၊၊

"ဒါဆိုလည်း တောင်ထိပ်သခင်လီကို ကျေးဇူးတင်ပါတယ်----"

ပြောပြီးနောက် သူမက ကျောက်နံရံဆီကို လျှောက်သွားပြီး အနက်ရောင်ဓားရိုးဖြင့် ဓားရှည်တစ်ချောင်းကို ယူဖို့ပြင်လိုက်၏၊၊

လီချင်ဖုန်း အလျှင်အမြန်ပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန် ကျေးဇူးပြုပြီး ခနနေပါအုန်း-----"

"ဒီဓားတွေက အချိန်ကြာမြင့်စွာတည်ရှိနေခဲတာဖြစ်လို့ ဓားချီတွေပါဝင်ပါတယ်၊၊ ပြီးတော့ ဒါတွေကို ဆွဲထုတ်ဖို့ဆိုရင် ဓားပညာအဆင့်မြင့်ဖို့လိုအပ်တယ်၊၊ မဟုတ်ရင် သူတို့က ခန္ဓာကိုယ်ကိုထိခိုက်စေလိမ့်မယ်----"

ယွမ်ကျီယု ခေါင်းညိတ်လိုက်၏၊၊

"ဆရာ, ဒါအမှန်ပဲ---"

"ဒီဓားတွေကို အလွယ်တကူသွားကိုင်လို့ မရဘူး၊၊ အဲ့ထဲက ဓားချီတွေကို ဖယ်ထုတ်ဖို့ ဓားပညာလိုအပ်တယ်---"

သူမက ငယ်ငယ်လေးထဲက ဓားပညာကိုလေ့ကျင့်ခဲ့သူဖြစ်ပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ ဓားကျွမ်းကျင်သူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်၊၊

တစ်ချက်ကြည့်ရုံဖြင့် ဓားသင်္ချိုင်း၏ ထူးခြားမှုကို သတိထားမိ၏၊၊

ဂုန်ချိုင်းယီခေါင်းညိတ်လိုက်၏၊၊

"ဒါဆိုလည်း နင် ငါ့အတွက် အဲ့ဒီဓားနက်ကို ဆွဲနှုတ်လာခဲ့----"

ယွမ်ကျီယု အရိုအသေပေးလိုက်သည်၊၊

"ဟုတ်ကဲ့,ဆရာ----"

သူမက ယုံကြည်မှုရှိစွာဖြင့် ဓားသင်္ချိုင်းဆီသွားလိုက်ပြီးလေထဲခုန်တက်လိုက်သည်၊၊ ထို့နောက် ဓားရိုးကိုကိုင်ကာ အားနှင့်ဆွဲထုတ်လိုက်၏၊၊

ဟစ်!

သန်မာသည့်ဓားချီတစ်ခုက နံရံတစ်လျှောက်ပေါက်ကွဲထွက်လာပြီး ယွမ်ကျီယုထံ တည့်တည့်မတ်မတ် တိုက်ခိုက်လိုက်၏၊၊

ယွမ်ကျီယု ရုတ်တရက် ထိတ်လန့်သွားခဲ့သည်၊၊

ဤဓားချီက သူမမျှော်လင့်ထားသည်ထက် ပိုအားကောင်းနေခဲ့သည်၊၊

အလျှင်အမြန်ပဲ သူမဓားကိုထုတ်ကာ ဓားချီကို ဖယ်ထုတ်ဖို့ကြိုးစားလိုက်၏၊၊ သို့ပေမယ့် အားကောင်းသည့်ဓားချီက သူမဓားကို တိုက်ရိုက်ပဲ လက်ထဲမှ လွင့်ထွက်သွားစေခဲ့သည်၊၊

သူမလည်း လွင့်ထွက်သွားပြီး မြေပြင်ပေါ် ကို့ရို့ကားယားပြုတ်ကျသွားခဲ့သည်၊၊

လူများစွာကြည့်နေသည်ဖြစ်၍ ယွမ်ကျီယု၏မျက်နှာလေး နီရဲသွားခဲ့သည်၊၊

သူမက ရှက်ရွံ့စွာဖြင့် ဂုန်ချိုင်းယီဘေးနားကို ပြန်ရောက်လာခဲ့သည်၊၊

"ဆရာ, ကျွန်မ, ကျွန်မ မယူနိုင်ဘူး----"

ဂုန်ချိုင်းယီလည်းရှက်သွားပြီး ပြောလိုက်သည်၊၊

"မေ့လိုက်တော့, ဒီဓားနဲ့ ငါ ရေစက်မပါဘူးလို့ပဲ သတ်မှတ်လိုက်မယ်---"

လီချင်ဖုန်း စိုးရိမ်သွားခဲ့သည်၊၊

သူ့ရည်ရွယ်ချက်က ဂျန်ဖန်းအရှက်ရစေဖို့ ဖြစ်သည်၊၊ သို့ပေမယ့် ယွမ်ကျီယုက ဂျန်ဖန်းအစား အထိနာသွားခဲ့သည်၊၊

ဤအရာကြောင့် ဂုန်ချိုင်းယီလည်း အခြေအနေမကောင်းဖြစ်သွားရသည်၊၊

သူမ မနေနိုင်ပဲ ဒင်းဝမ်ပိုင်ကို ဒေါသတကြီး ကြည့်လိုက်၏၊၊

မင်းပေးတဲ့အကြံကိုလည်းကြည့်အုန်း----

ဂျန်ဖန်းတစ်ခဏတွေဝေနေခဲ့သည်၊၊ သူသာ ဂုန်ချိုင်းယီကို ဤကဲ့သို့ ထွက်သွားစေခဲ့လျှင် သူ့တာဝန်ကျရှုံးသည်ဟု ယူဆနိုင်၏၊၊

ထို့ကြောင့် သူက လက်ချင်းယှက်ပြီးပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, မင်းဒီဓားကို သဘောကျရင် ကျွန်တော်မင်းအတွက် ယူပေးပါ့မယ်----"

"နင်ကလား---"

ဂုန်ချိုင်းယီ အံ့အားသင့်သွားခဲ့သည်၊၊

"နင်က ဓားပညာမှာလည်း တော်တာပဲလား----"

သူမစိတ်ထဲ၌ ဂျန်ဖန်းကို စိတ်ဝိညာဥ်အမြစ်မရှိဘူးဟု ခေါင်းစဥ်တပ်ပြီးသွားပြီဖြစ်သည်၊၊

စိတ်ဝိညာဥ်အမြစ်မရှိမှတော့ သိုင်းပညာလမ်းကြောင်းနှင့်ပတ်သက်သည့် အရာရာတိုင်းက သူနှင့်မဆိုင်တော့ပေ၊၊

ဂျန်ဖန်းပြောလိုက်သည်၊၊

"ကျွန်တော်နည်းနည်းတော့ သိပါတယ်---"

ယွမ်ကျီယု သူမရှက်ရွံ့မှုကြောင့် ဒေါသထွက်နေဆဲဖြစ်၏၊၊ ဂျန်ဖန်း အဆင်ခြင်မဲ့ ရှေ့တက်သွားတာမြင်သည့်အခါ လှောင်ပြောင်ပြီးပြောလိုက်၏၊၊

"နင်မေ့လိုက်တာပိုကောင်းမယ်----"

"ဒီဓားချီက သာမန်အားဖြင့် အားမကောင်းဘူး၊၊ ငါလဲကျသွားတာကိုပဲ တွေးမနေနဲ့---"

"နင်ထိခိုက်သွားရင် ငါတို့ နင့်ဆရာကို ရှင်းပြဖို့ခက်နေမယ်----"

ဂျန်ဖန်းပြောလိုက်သည်၊၊

"မစိုးရိမ်ပါနဲ့----"

ထိုနောက်သူက ကျောက်နံရံဆီ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်၊၊

ထိုအရာကြောင့် လီချင်ဖုန်းနှင့် ဒင်းဝမ်ပိုင် လှောင်ပြောင်သည့်အမူအရာတွေ ပြသလာကြသည်၊၊

နောက်ဆုံးမှာတော့ ဂျန်ဖန်း ရှေ့ထွက်လာပြီဖြစ်သည်၊၊

သူ ကိုယ့်ကိုယ်ကိုဘယ်လိုအရှက်ခွဲမလဲ ဆိုတာ ကြည့်ရမည်ဖြစ်သည်၊၊

ထိုစဥ် ဂျန်ဖန်းက လှုပ်ရှားမှုနည်းလမ်း အသုံးပြုကာ မတ်စောက်သည့်နံရံပေါ် တည့်တည့်တက်သွားလိုက်သည်၊၊

ထို့နောက်----

သူက ဓားရိုးကိုဆုပ်ကိုင်ကာ တုန်လှုပ်ဖွယ်စွမ်းအားဖြင့် ဆွဲထုတ်လိုက်၏၊၊

ဓားအတွင်းရှိ ကျယ်ပြောသည့်ဓားချီက ပေါက်ကွဲထွက်လာသည့် ပင်လယ်လှိုင်းတံပိုးကဲ့သို့ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်၊၊

ဂျန်ဖန်း အလျှင်အမြန်ပဲ "အထီးကျန်ကြယ်" ကို ပြတ်ပြတ်သားသား အသုံးပြုလိုက်ပြီး လာနေသည့်ဓားချီကို အဝေးကို ဖယ်ရှားလိုက်၏၊၊

ခရက်----

လူတစ်ယောက်လောက်ထူသည့်သစ်ပင်တစ်ပင် ဓားချီထိမှန်ပြီး လဲကျသွားခဲ့သည်၊၊

ဂျန်ဖန်း ခမ်းနားသည့်လှုပ်ရှားမှုဖြင့် အနက်ရောင်ဓားကိုကိုင်ကာ ဂုန်ချိုင်းယီကို ပေးလိုက်သည်၊၊

"ရော့ဒီမှာ---"

ဂုန်ချိုင်းယီ ကြောင်အနေခဲ့သည်၊၊

ယွမ်ကျီယုလည်း ကြောင်အနေခဲ့သည်၊၊

လီချင်ဖုန်းနှင့် ဒင်ဝမ်းပိုင်တို့လည်း ကြောင်အနေကြသည်၊၊

သူက တကယ်ပဲ ဓားကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့သည်၊၊ ထိခိုက်ဒဏ်ရာတောင်မရပေ၊၊

"နင်က မဆိုးဘူးပဲ----"

အခြားလူတွေက သူမ ဂျန်ဖန်း ဓားပညာကို ချီးကျူးသည်ဟု ထင်ကြ၏၊၊

တကယ်တော့ သူမက ဂျန်ဖန်း၏ လှုပ်ရှားမှုနည်းလမ်းကို သဘောကျတာပဲဖြစ်သည်၊၊

အခြားလူတွေသတိမထားမိပေမယ့် ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းအချို့သုံးလိုက်တာကို သူမမြင်လိုက်၏၊၊

ထို့ပြင် လှုပ်ရှားမှုနည်းလမ်းတွေကို နားလည်ဖို့ နားလည်နိုင်စွမ်းအတော်လေး မြင့်မားမှရတာပဲဖြစ်သည်၊၊

ဂိုဏ်း၉ဂိုဏ်း၌ လှုပ်ရှားမှုနည်းလမ်းကျွမ်းကျင်သည့် သိုင်းပညာရှင်အနည်းငယ်သာရှိ၏၊၊

ယွမ်ကျီယု အတော်လေးအံ့အားသင့်နေခဲ့သည်၊၊

ဂျန်ဖန်းနှင့်ပတ်သက်ပြီး သူမစုဆောင်းထားသည့် အချက်အလက်တွေကိုတောင် သံသယရှိလာ၏၊၊

သူက တကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိဘူးလား၊၊ ထိုသို့ဆိုလျှင် စိတ်ဝိညာဥ်အမြစ်မရှိသည့်လူနှင့် ဘာကြောင့် နည်းနည်းမှမတူရသနည်း၊၊

လီချင်ဖုန်းလည်း တုန်လှုပ်နေပြီး သူ့မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်၊၊

"ထူးဆန်းတယ်, သူ့ဓားပညာက တကယ် ကောင်းတာပဲ---"

"ဖြစ်နိုင်တာ အရင်က ငါ သူ့ကို တကယ်ပဲ မှားယွင်းဆုံးဖြတ်ခဲ့တာလား----"

ဒင်းဝမ်ပိုင် အံ့ကြိတ်လိုက်သည်၊၊

သူက ဂျန်ဖန်းအရှက်ရအောင်လုပ်ဖို့ကျရှုံးခဲ့ရုံသာမက ဂျန်ဖန်း စွမ်းရည်ပြခွင့်ပါ ပေးလိုက်သလိုဖြစ်နေ၏၊၊

ထို့ကြောင့် ဆန္ဒမရှိစွာဖြင့်ပြောလိုက်သည်၊၊

"ဘာမှမဟုတ်တဲ့ဓားပညာလေးပါ, ပြောပလောက်အောင်မဟုတ်ပါဘူး----"

ဂုန်ချိုင်းယီ သူ့ကို တစ်ချက်ကြည့်လိုက်သည်၊၊

ဘယ်လိုပဲဖြစ်ဖြစ် ဂျန်ဖန်းက သူမရွေးချယ်ထားသည့် လူဖြစ်၏၊၊

လူတိုင်း အထင်သေးလို့ရမည်လား၊၊

သူမက ထူးမခြားနားစွာပြောလိုက်သည်၊၊

"အကြီးအကဲလီ, နင့်တပည့်က အတော်လေး ထူးချွန်တယ်နဲ့တူတယ်----"

"သူ့ကို ဓားဆွဲနှုတ်ပြခိုင်းလို့ရမလား----"

"သူ့ရဲ့ ထူးကဲ့တဲ့ဓားပညာကို သင်ယူနိုင်တော့ ဂျန်ဖန်းအတွက်လည်း ကောင်းတာပေါ့---"

ဒါက----

လီချင်ဖုန်း ရှက်ရွံ့သွားခဲ့သည်၊၊

ဓားသင်္ချိုင်းမှဓားတွေသာ ယူဖို့လွယ်ကူနေလျှင် ဂျန်ဖန်းကို တမင်တကာ ခက်ခဲအောင်လုပ်မည်မဟုတ်ပေ၊၊

ဒင်းဝမ်ပိုင် ကျင့်ကြံရေးက မြင့်သော်လည်း သူက တစ်ခါမှ ဓားဆွဲမနှုတ်ဘူးပေ၊၊

သူ အောင်မြင်ဖို့က မသေချာပေ၊၊

သို့ပေမယ့် ဒင်းဝမ်ပိုင်ကတော့ သူ့ကို အထင်သေးသည်ဟုခံစားရ၏၊၊ ထို့ပြင် ဂျန်ဖန်းက သူ့ကို ကောင်းကင်ဓားတောင်ထိပ်မှာ လာကျောသွားတာဖြစ်သည်၊၊

သူက ဘယ်လိုလုပ်ငြိမ်ခံနိုင်မည်နည်း၊၊

"ဂိုဏ်းသခင်ဂုန်ပြောမှတော့ ကျွန်တော့်စွမ်းရည်ကို ပြရတာပေါ့----"

ထို့နောက် ကျောက်နံရံဆီပြေးသွားကာ လေထဲကိုခုန်တက်လိုက်ပြီး ဓားဆွဲထုတ်လိုက်၏၊၊

ဟစ်!

အားကောင်းသည့်ဓားချီက သူ့ထိန်းချုပ်နိုင်တာထက်ပိုနေပြီး သူ့ကိုတိုက်ရိုက်ပဲ နောက်သို့ ခြေလှမ်းများစွာ နောက်ဆုတ်သွားစေခဲ့သည်၊၊

ထို့နောက် ကျောက်တုံးစားပွဲတစ်ခုပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားပြီး မြေပြင်မှာ နာကျင်စွာ အော်ဟစ်နေခဲ့သည်၊၊

ဟ! ဟ!

ယွမ်ကျီယု မထိန်းနိုင်ပဲ ရယ်လိုက်၏၊၊

"ဒါပဲလား၊၊ နင်က ငါ့လောက်တောာင် မတော်ဘူးပဲ---"

ဂုန်ချိုင်းယီလည်း ကျေနပ်နေခဲ့သည်၊၊

ဒီလောက်ဆူညံနေပြီး ဂျန်ဖန်းဓားပညာအပေါ် အထင်သေးနေတဲ့ကောင်က ဒါပဲလား----

သူမက မတ်တပ်ရပ်ပြီး ပြောလိုက်သည်၊၊

"ဂျန်ဖန်း, ဒီမှာဓားပညာအကောင်းဆုံး တောင်ထိပ်ကို ခေါ်သွားပေး----"

ဂျန်ဖန်း ဓားပညာ အတိအကျ ဘယ်အဆင့်လဲဆိုတာ သူမ ယခု အတော်လေး သိချင်နေ၏၊၊

စောနကစွမ်းဆောင်ရည်အရ သူနှင့် သက်တူရွယ်တူတွထဲ၌ ထိပ်တန်းအလယ်အလတ်အဆင့်လောက် ရှိသင့်၏၊၊

သူ့အရည်အချင်းကိုစမ်းသပ်ဖို့ ဓားပညာပါရမီရှင် အနည်းငယ်ကို ရှာရမည်ဖြစ်သည်၊၊

ထို့ကြောင့်---

ခဏအကြာ၌ သူတို့က အပူပင်မဲ့တောင်ထိပ်ကို ရောက်လာကြသည်၊၊

ကျောက်ဝူကျိ ဂျန်ဖန်းကိုမြင်သည့်နှင့် ချက်ချင်း ဒေါသထွက်သွားခဲ့သည်၊၊

"ကောင်စုတ်လေး, မင်းက ငါ့အပူပင်မဲ့တောင်ထိပ်ကို လာရဲသေးတယ်ပေါ့-----"

All Chapters