← Chapters

သူဘယ်လောက်ထူးချွန်လဲ

Vol. 8 Ch. 107

သူဘယ်လောက်ထူးချွန်လဲ

Vol. 8 Ch. 107

ဂျန်ဖန်း လက်ချင်းယှက်ပြီး အကူညီမဲ့စွာ ပြောလိုက်သည်၊၊

"အကြီးအကဲကျောက်, ငါ့မှာ ရွေးချယ်စရာမရှိဘူးလေ----"

ဂုန်ချိုင်းယီ ဘေးနားမှာရပ်နေပြီး ကြောင်အနေခဲ့သည်၊၊

သူမက ရေရွတ်လိုက်၏၊၊

"နင့်က တကယ့် ပြဿနာအိုးပဲ----"

ပထမဦးစွာ သူမနှင့်ဖြစ်ပြီး ယခု သူ့ဂိုဏ်းတောင်ထိပ်အကြီးအကဲတစ်ယောက်နှင့် ဖြစ်၏၊၊

အားလုံးက အဆင့်အတန်းမြှင့်သည့်လူတွေပဲဖြစ်သည်၊၊

ယွမ်ကျီယု မျက်လုံးလှန်လိုက်သည်၊၊

"ပြဿနာကောင်---"

သို့ပေမယ့် ကျောက်ဝူဂျိအလျှင်အမြန်ရှင်းပြလိုက်သည့်အခါ ဆရာကော တပည့်ပါ အံ့အားသင့်သွားကြသည်၊၊

"ဂိုဏ်းသခင်ဂုန်, မင်းတို့ အထင်လွဲနေပြီ----"

"ငါ ဒီကလေးကို မုန်လည်းမုန်းသလို ချစ်လည်းချစ်ပါတယ်----"

"တပည့်တွေရွေးတဲ့အချိန်တုန်းက----"

သူက အကြောင်းအရာတွေကို ပြောပြလိုက်၏၊၊

ဂုန်ချိုင်းယီ အံ့အားသင့်နေ၏၊၊

လက်စသတ်တော့ ဤစိတ်ဝိညာဥ်အမြစ်မရှိသည့်ဂျန်ဖန်းကြောင့် ဂိုဏ်းသခင်တောင်ထိပ်နှင့် အပူပင်မဲ့တောင်ထိပ်တို့ တိုက်ခိုက်ခဲ့ဖူးကြတာဖြစ်သည်၊၊

မဖြစ်နိုင်ဘူး?---

ဂျန်ဖန်းရဲ့ဓားပညာကျွမ်းကျင်မှုက တကယ်ပဲ ဒီလောက်တောင်မြင့်တာလား----

သူမက သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ၊၊

"အကြီးအကဲကျောက်, နင်က ဂျန်ဖန်းရဲ့ ဓားတာအိုကျွမ်းကျင်မှုကို အတော်လေး အထင်ကြီးတာပဲလား---"

ကျောက်ဝူဂျိ ခေါင်းကုတ်လိုက်၏၊၊

"ငါ မျက်စိနဲ့တော့ မမြင်ဘူးပါဘူး၊၊ ဒါပေမယ့် ငါ့တပည့်ဂုန်စွန်းနန်က သူ့ကို အတော်လေး ချီမွမ်းနေတာ၊၊ ဒါကြောင့်ပဲ ငါသူ့ကို တပည့်အဖြစ်လက်ခံဖို့ စိတ်ဝင်စားတာ----"

"ဘာ? ဂုန်စွန်းနန်လား----"

ယွမ်ကျီယု အော်ပြောလိုက်သည်၊၊

"မဖြစ်နိုင်တာ, စီနီယာအကို ဂုန်စွန်းနန်က ဂိုဏ်း၉ဂိုဏ်းမှာ ထိပ်တန်း ဓားပညာပါရမီရှင်ပဲဟာကို----"

ဓားသမားတစ်ယောက်အနေဖြင့်

ဂုန်နန်းစွန်နာမည်က လူငယ်ဓားသမားတွေအတွက်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်၊၊

သူက နှစ်ရာချီမှာတစ်ယောက် ရှာမှရှားသည့် ဓားတာအိုပါရမီရှင်ဖြစ်ပြီး အသက် သုံးနှစ်မှာ ဓားပညာကို စတင်လေ့ကျင့်ခဲ့၏၊၊

၁၀နှစ်အရွယ်မှာ ဓားပညာကို ကျွမ်းကျင်ခဲ့၏၊၊

၁၈ နှစ်မှာ တိမ်စိမ်းဂိုဏ်းကိုဝင်ရောက်ခဲ့ပြီး အပူပင်မဲ့တောင်ထိပ်၏ စီနီယာတပည့်တွေကို ဓားနည်းလမ်းတစ်ခုတည်းဖြင့် အနိုင်ယူခဲ့၏၊၊

ထိုအချိန်မှစ၍ သူ့နာမည်က ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားခဲ့သည်၊၊

သူက သူမနှလုံးသားထဲက သူရဲကောင်း ဂွန်စွန်းနန်ဖြစ်သည်၊၊

သို့ပေမယ့် ဂုန်စွန်းနန် ဂျန်ဖန်းအား ဤလောက်ချီးမွမ်းခဲ့တာက သူမကို မယုံနိုင်ဖြစ်စေခဲ့သည်၊၊

ဂုန်ချိုင်းယီ ပိုလို့တောင်သိချင်လာပြီး ပြောလိုက်သည်၊၊

"ဒီလိုလား----"

"ဂုန်စွန်းနန်နဲ့ ဂျန်ဖန်းကို ပြိုင်ခိုင်းလိုက်ပါလား၊၊ ငါလည်း နင့်တပည့်ရဲ့ ဓားပညာကို တွေ့ရတာပေါ့----"

ကျောက်ဝူးဂျိသဘောမတူရသေးခင် ဂုန်စွန်းနန် အလျှင်အမြန်ခုန်ထွက်လာခဲ့သည်၊၊

"ကောင်းတယ်, အဲ့တာကောင်းတယ်၊၊ ကျွန်တော်လည်း ဂျူနီယာညီလေးဂျန်နဲ့ အမြဲတမ်း ဓားချင်းယှဥ်ချင်နေခဲ့တာ----"

ဂျန်ဖန်း ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်၊၊

"စီနီယာအကိုဂုန်စွန်း, ကျေးဇူးပြုပြီး ကျွန်တော့ကို မစပါနဲ့ဗျာ----"

"ကျွန်တော့်ရဲ့ကျင့်ကြံရေးနယ်ပယ်နဲ့ ဘယ်လိုလုပ ယှဥ်ပြိုင်နိုင်မှာလဲ----"

ဂုန်စွန်းနန် သူ့လက်ကိုပွတ်သပ်လိုက်ပြီး ပြောလိုက်သည်၊၊

"ဒါများဘာခက်လို့လဲ၊၊ ငါ့ကျင့်ကြံရေးကို မင်းနဲ့အဆင့်တူထိ ဖိနှိပ်လိုက်မယ်၊၊ မြန်မြန် အချိန်ဆွဲမနေနဲ့တော့---"

ဂျန်ဖန်း ပြောလိုက်သည်၊၊

"ဒါပေမယ့် ကျွန်တော့မှာ ဓားလည်း မရှိဘူးလေ----"

ဂုန်ချိုင်းယီ နှာမှုတ်လိုက်၏၊၊

"ဆင်ခြေတွေကြီးပဲ----"

သူမလက်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဂျန်ဖန်းဆီ အနက်ရောင်ဓားအားပစ်ပေးလိုက်သည်၊၊

"ယူလိုက်----"

ဂျန်ဖန်း အကူအညီမဲ့သလိုခံစားလိုက်ရ၏၊၊ သူကရွေးချယ်စရာမရှိတော့ပဲ ဓားကိုယူကာ တိုက်ပွဲအတွက်ပြင်ဆင်ရတော့၏၊၊

နှစ်ယောက်သားက အလျှင်အမြန်ပဲ တိုက်ခိုက်လိုက်ကြသည်၊၊

သူတို့၏ဓားရိပ်တွေက ရောယှက်နေပြီး ချီစွမ်းအင်ဓားချက်တွေသာ ထွက်ပေါ်နေခဲ့သည်၊၊

ဓားပညာတွေက ရိုးစင်းပြီး တန်ဆာမဆင်ထားသော်လည်း စွမ်းအားက မယုံနိင်စရာကောင်းလှ၏၊၊

ဆယ်ကွက်ဖလှယ်ပြီးနောက်တောင် သူတို့က လက်ရည်ညီနေဆဲဖြစ်သည်၊၊

ယွမ်ကျီယုမျက်မှောင်ကြုတ်လိုက်သည်၊၊

"ကြည့်ရတာ ဂျန်ဖန်း ဓားပညာက ပြောသလောက်လဲမဟုတ်သလိုပဲ---"

သို့ပေမယ့် ဂုန်ချိုင်းယီမျက်လုံးတွေက အရောင်တောက်နေခဲ့သည်၊၊

"အထင်ကြီးစရာပဲ၊, ဂုန်စွန်းနန် သူ့ကို အတော်လေး ချီးကျူးနေတာ အံ့သြစရာမရှိတော့ပါဘူး၊၊ ဂျန်ဖန်းရဲ့ ဓားပညာက တကယ့်ကို တစ်ခုခုပဲ----"

ကျောက်ဝူဂျိလည်း မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ရံဖန်ရံခါ သူ့ပေါင်ကို ခပ်ပြင်းပြင်း ရိုက်နေခဲ့သည်၊၊

"ဘုရားရေ, ဘယ်လို ဓားတာအိုပါရမီရှင်မျိုးကို ငါလွဲချော်သွားတာလဲ----"

"ဂိုဏ်းချုပ်, ဂိုဏ်းချုပ်, မင်ကြောင့် ငါ့အပူပင်မဲ့တောင်ထိပ် နစ်နာသွားပြီးကွာ----"

သူတို့ကြောင့် ယွမ်ကျီယု ကြောင်တောင်တောင် ဖြစ်သွားသည်၊၊

နှစ်ယောက် လက်ရည်ညီနေတာ အသိသာကြီးပဲဖြစ်သည်၊၊

ဒါတောင် ဂုန်စွန်းနန်က သူ့နယ်ပယ်ကို ဖိနှိပ်ထားလို့ဖြစ်သည်၊၊ မဟုတ်လျှင် ဂျန်ဖန်း ချက်ချင်းရှုံးနိမ့်သွားမှာဖြစ်သည်၊၊

ဘာကြောင့် လူတိုင်းက ဂျန်ဖန်းကို အတော်လေး ချီးကျူးနေကြသနည်း၊၊

အကွက်ရေတစ်ရာဖလှယ်ပြီးနောက် နှစ်ယောက်လုံး အနည်းငယ်မောလာခဲ့၏၊၊ ထိုအရာက တိုက်ပွဲ၏ပြင်းထန်မှုကို ပြသနေပြီး သူတို့အစွမ်းကုန်ကြိုးစားခဲ့ကြတာပဲဖြစ်သည်၊၊

"သရေပဲ----"

ဂျန်ဖန်း သူ့ဓားကို ပြန်သိမ်းလိုက်ပြီး နောက်ဆုတ်သွားခဲ့သည်၊၊

သို့ပေမယ့် ဂုန်စွန်းနန် မျက်နှာမှာ ရှုပ်ထွေးသည့်အမူအရာဖြစ်နေခဲ့သည်၊၊ ထို့နောက် သူ့ဓားကိုပြန်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်၊၊

"ငါရှုံးပြီ---"

ဘာ?----

ယွမ်ကျီယု သူမအားကျရသည့်လူက စိတ်ဝိညာဥ်အမြစ်မရှိသည့်လူအား ရှုံနိမ့်သွားခဲ့တာကို လက်မခံနိုင်ပဲ ဒေါသတကြီးပြောလိုက်သည်၊၊

"စီနီယာအကိုဂုန်စွန်း, နင်က ဂျန်ဖန်းကို အလျော့ပေးတိုက်ခဲ့တာပဲ၊၊ နင်မရှုံးပါဘူး----"

ဂုန်စွန်းနန် သူမကိုကြည့်လိုက်ပြီး ခါးသီးစွာပြုံးလိုက်သည်၊၊

"ငါ့ကို အထင်ကြီးပေးလို့ ကျေးဇူးတင်ပါတယ်, ဂျူနီယာညီမ၊၊ ဒါပေမယ့် ငါ့က သိမ်မွေ့အဆင့်နိမ့် ဓားသိုင်းကို အသုံးပြုခဲ့တာ၊၊"

"ဂျန်ဖန်းကတော့ အဝါရောင်အဆင့်မြင့် ဓာသိုင်းကိုပဲ အသုံးပြုခဲ့တာ----"

"ဒါတောင် သူက ငါနဲ့ လက်ရည်တူ ယှဥ်တိုက်နိုင်တယ်----"

"ငါတို့သာ တူညီတဲ့အဆင့်ရှိတဲ့ဓားသိုင်းတွေသုံးကြမယ်ဆိုရင် ငါ အချိန်တော်ကြာကတည်းက ရှုံးသွားပြီ----"

ဂုန်ချိုင်းယီ ဂျန်ဖန်းကို အမြင်သစ်တစ်မျိုးဖြင့် မြင်လာပြီဖြစ်သည်၊၊

သူမမျက်လုံးတွေထဲ၌ သဘောကျမှုတွေ အပြည့်ပဲဖြစ်သည်၊၊

"အဆင့်နိမ့်ဓားသိုင်းကိုသုံးပြီး အဆင့်မြင့်ဓားသိုင်းစွမ်းအားမျိုး ထုတ်ဖော်နိုင်တယ်၊၊ ဒါက သံသယရှိစရာမလိုအောင် ဓားပညာပါရမီမြင့်တာပဲ---"

"ဂုန်စွန်းနန် သူ့ကို အတော်လေး အထင်ကြီးနေတာ အံ့သြစရာမဟုတ်ပါဘူး----"

ကျောက်ဝူဂျိ ရင်ထဲသည်းထဲကကို နောင်တရနေပြီး ဂျန်ဖန်းပုခုံးကို ဆုပ်ကိုင်လိုက်သည်၊၊

"ငါ့ကို မင်းဓားပညာ ဘာလို့ စောစောမပြခဲ့တာလဲ---"

"မင်းသာဒီလောက်ပါရမီရှိတာသိရင် ဂိုဏ်းချုပ်ကိုဆန့်ကျင်ပြီး အပူပင်မဲ့တောင်ထိပ်ကိုခေါ်ယူခဲ့မှာ----"

အား----

ယခုချိန်မှာတော့ အရာရာက နောက်ကျသွားပြီဖြစ်သည်၊၊

သူတို့အဖွဲ့တောင်အောက်ဆင်းလာပြီး ဆေးတောင်ထိပ်ကို ဖြတ်လာကြ၏၊၊

တပည့်များစွာက ခူးယူထားသည့်ဆေးပင် အမျိုးမျိုးကို တောင်ထိပ်သို့သယ်ဆောင်နေကြ၏၊၊

"ဂျူနီယာမောင်လေးဂျန်?----"

အမျိုးသမီးတပည့်တွေထဲက တစ်ယောက်က ဂျန်ဖန်းကို မှတ်မိလိုက်၏၊၊ သူမက စုချီနင်ပဲဖြစ်သည်၊၊

ဂျန်ဖန်း အံ့သြစွာဖြင့်မေးလိုက်သည်၊၊

"မင်းတို့ဘာလုပ်နေတာလဲ----"

စုချီနင်မျက်နှာက စိုးရိမ်မှုတွေ အပြည့်ဖြင့် ပြောလိုက်သည်၊၊

"ငါတို့ တောင်ထိပ်သခင် နေမကောင်းဖြစ်နေလို့ ဒီဆေးပင်တွေ အရေးတကြီးလိုနေတယ်---"

ရုတ်တရက်, သူမမျက်နှာတောက်ပသွားခဲ့သည်၊၊

"ဟုတ်သားပဲ, နင်ငါတို့ကို ဆေးကူပြီး သန့်စင်ပေးပါလား----"

"ဒီအထူးဆေးကို ငါတို့ဆရာပဲ သန့်စင်နိုင်တာ၊၊ ငါတို့တပည့်တွေလုပ်တဲ့ဟာကို မကျေနပ်ဘူး---"

ဒါက----

ဂျန်ဖန်း ဂုန်ချိုင်းယီကိုကြည့်လိုက်သည်၊၊

သူက ယခုလက်ရှိ တာဝန်ထမ်းဆောင်နေတာဖြစ်သည်၊၊

ဂုန်ချိုင်းယီပဟေဠိဖြစ်သွားသည်၊၊ သူမ တစ်ခုခုနားလည်မှုလွဲနေတာလားမေးသည့်သဘောဖြင့် ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်၊၊

သူမနားကြားမမှားလျှင်----

ဆေးတောင်ထိပ်မှတပည့်က ဂျန်ဖန်း ဆေးသန့်စင်ဖို့အကူအညီတောင်းနေတာပဲဖြစ်သည်၊၊

သို့ပေမယ့် ဆေးသန့်စင်တာ ဆေးတောင်ထိပ်တပည့်တွေ၏ အလုပ်မဟုတ်ဘူးလား---

ဘာကြောင့် တပည့်သစ်တစ်ယောက်ကို အကူအညီတောင်းနေရသနည်း၊၊

သံသယအချို့နှင့် သူမခေါင်းညိတ်လိုက်သည်၊၊

"အကြီးအကဲရဲ့လုံခြုံရေးက ပိုအရေးကြီးပါတယ်၊၊ အဲ့ကိုအရင်သွားရအောင်----"

"ငါလည်းကြည့်ရအောင်လိုက်ခဲ့မယ်----"

ဤတစ်ချိန် ဂျန်ဖန်း ဘာလုပ်နိုင်မလဲဆိုတာ သူမမြင်ချင်သေး၏၊၊

ခဏကြာပြီးနောက်---

သူတို့က ဆေးတောင်ထိပ်ကို ရောက်လာခဲ့ကြသည်၊၊

ဆေးတောင်ထိပ်တပည့်များစွာ ဆေးပင်တွေကျိုချက်နေပြီး အလုပ်များနေကြ၏၊၊

ဤဆေးတွေက အလွန်ရှုပ်ထွေးလှ၏၊၊ ထို့ကြောင့် အမျိုးတပည့်အုပ်စု ကောင်းကောင်းမခွဲခြားတတ်ပဲ ပျာယာတွေခတ်နေကြ၏၊၊

အဆုံမှာတော့ သူတို့က ကျရှုံးခြင်းနှင့်သာ အဆုံးသတ်သွားကြသည်၊၊

"နောက်တစ်ကြိမ် ကျရှုံးပြန်ပြီ----"

"ဆေးအစုံအသစ်တစ်ခုက ခုထိမရောက်သေးဘူးလား၊၊ ဆရာ့အခြေအနေက အကြာကြီးမစောင့်နိုင်တော့ဘူး----"

"ဆေးတွေကပြဿနာမဟုတ်ဘူး၊၊ ပြဿနာက ငါတို့ ဆေးအစုံခြောက်စုံကို ပျက်စီးစေပြီးသွားတာပဲ-----"

ထိုအရာက သတို့အရည်အချင်းညံ့လို့ မဟုတ်ပေ၊၊ ထိုနှလုံးအားတိုးဆေးကကို အသုံးမများရုံသာမက အတော်လေးလည်း ရှုပ်ထွေးလှ၏၊၊

အရင်ကတစ်ခါမှမလုပ်ဖူးသည့်အတွက် သတို့က ဤကဲ့သို့အချိန်တိုအတွင်းမှာ ဆေးဖော်စပ်နိုင်မည်မဟုတ်ပေ၊၊

ထိုအချိန်၌ စုချီနင်အပြေးရောက်လာခဲ့သည်၊၊

"လူတိုင်းဘေးဖယ်ကြ၊၊ လမ်းဖယ်ပေးကြ, လမ်းဖယ်ပေးကြ----"

"ဂိုဏ်းသခင်တောင်ထိပ်က ဂျူနီယာမောင်လေးဂျန်ရောက်လာပြီ----"

ဂျန်ဖန်းဆိုတာကြားသည့်အခါ သူတို့မျက်လုံးတွေတောက်ပလာပြီး အလျှင်အမြန်လမ်းဖယ်ပေးလိုက်ကြသည်၊၊

ထိပ်တန်းအဆင့် ဝိညာဥ်နက်အရိုးလိမ်းဆေးသန့်စင်နိုင်သည့် ဤနာမည်ကြီးပုံရိပ်ကို မျှော်လင့်သည့်မျက်လုံးတွေဖြင့် ကြည့်နေကြ၏၊၊

ဂျန်ဖန်း အမြန်ရောက်လာပြီး ပြောလိုက်သည်၊၊

"ဆေးညွှန်း----"

အမျိုးသမီးတပည့်တစ်ယောက် သူ့အား ဆေးညွှန်းပေးလိုက်သည်၊၊

ဆေးညွှန်း၌ ဆေးနာမည်မပါသော်လည်း ဂျန်ဖန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏၊၊

"ရနံ့ကိုးမျိုးနှလုံးအားတိုးဆေး----"

"ဒါကနှလုံးအားနည်းတာကို ကုသဖို့သုံးတာပဲ---"

"အကြီးအကဲဝမ်က ဘာဖြစ်တာလဲ? သူမ တပည့်ရွေးတုန်းကတောင် အကောင်းကြီးလေ---"

ထိုစဥ်က သူမ ကျောက်ဝူဂျိနှင့် တိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့၏၊၊

ယခုဘယ်လိုလုပ်ပြီး ဤကဲ့သို့နှလုံးအားနည်းသွားရသနည်း၊၊

ဂုန်ချိုင်းယီလည်း သိချင်စွာနှင့် နားထောင်နေခဲ့သည်၊၊

ပုံမှန်အားဖြင့် နှလုံးအားနည်းခြင်းက ဒေါသကြောင့်ဖြစ်ရတာဖြစ်သည်၊၊

ဆေးတောင်ထိပ်သခင်အား ဤမျှလောက်ဒေါသထွက်အောင် ဘယ်အရာက ပြုလုပ်ခဲ့သနည်း၊၊

စုချီနင်တွေဝေနေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်၊၊

"တပည့်ရွေးချယ်တုန်းက ဂျူနီယာမောင်လေးဂျန်ကို ဂိုဏ်းသခင်တောင်ထိပ်က ခေါ်သွားတယ်လေ----"

"ပြန်ရောက်တော့ ဆရာစိတ်ဆိုးလွန်ပြီး မေ့လဲသွားတာပဲ----"

အာ----

ဂုန်ချိုင်းယီနှင့် ယွမ်ကျီယုတို့ အံ့အားသင့်သွားကြသည်၊၊

ဘာတွေဖြစ်နေသနည်း၊၊

ဆေးတောင်ထိပ်သခင်လည်း ဂျန်ဖန်းကို လိုချင်နေသည်လား----

All Chapters