မဟာအကြီးအကဲ၏ခက်ခဲအောင်လုပ်မှု
Vol. 8 Ch. 108
သူတို့ကိုအံ့အားသင့်စေဆုံးအရာက ဂျန်ဖန်းကိုမရသည့်အတွက် စိတ်တိုပြီး မေ့လဲသွားတာပဲဖြစ်သည်၊၊
ဂျန်ဖန်း မနေနိုင်ပဲ နှုတ်ခမ်းအနည်းငယ် တွန့်လိုက်သည်၊၊
သူက နောက်ထပ်တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်း ရနံ့ကိုးမျိုးနှလုံးအားတိုးဆေးကို သန့်စင်လိုက်၏၊၊
သူ့နည်းလမ်းက အတော်လေးကျွမ်းကျင်လှပြီး ထိပ်ထိပ်ပျာပျာဖြစ်နေသည့် တပည့်တွေနှင့် လုံးဝကွဲပြားနေ၏၊၊
ထိုအရာကြောင့် တပည့်များစွာထံမှ အာမေဋိတ်သံတွေထွက်ပေါ်လာခဲ့သည်၊၊
သိပ်မကြာလိုက်ပေ, ဆေးလုံးတွေ အသင့်ရှိနေပြီပဲဖြစ်သည်၊၊
စုချီနင် ၎င်းတို့ကိုစစ်ဆေးလိုက်ပြီး အော်ပြောလိုက်သည်၊၊
"ထိပ်တန်းအဆင့် ရနံ့ကိုးမျိုးနှလုံးအားတိုးဆေး----"
"ဆရာတောင် ဒါတွေကို မသန့်စင်နိုင်ဘူး---"
ဂျန်ဖန်းပြောလိုက်သည်၊၊
"မြန်မြန် အကြီးအကဲဝမ်ကိုတိုက်လိုက်----"
စုချီနင်ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ခန်းမကိုပြေးတော့၏၊၊
ခဏကြာပြီးနောက်----
သူမမျက်ရည်သုတ်ရင်းပြန်လာပြီး အလွန်ဝမ်းနည်းနေပုံရ၏၊၊
ဂျန်ဖန်းနှလုံးသားကျုံ့ဝင်သွားသည်၊၊
"ဆေးက အလုပ်မဖြစ်ဖူးလား---"
ယွမ်ကျီယု လှောင်ပြောင်လိုက်၏၊၊
"ကျားကြောက်လို့ဆင်ကြီးကိုး, ဆင်ကြီးကျားထက်ဆိုးဖြစ်နေပြီ---"
ဂုန်ချိုင်းယီ ထူးဆန်းစွာဖြင့် စိတ်သက်သာယာရစွာသက်ပြင်းချလိုက်သည်၊၊
"ဒါမှပိုသင့်တော်သေးတယ်၊၊ သူသာအရာရာမှာ ကျွမ်းကျင်နေရင် ထူးဆန်းနေလိမ့်မယ်----"
လှုပ်ရှားမှုနည်းလမ်းကိုကျွမ်းကျင်သည့် တပည့်တစ်ယောက်က ဓားပညာမှာကျွမ်းကျင်သလို ဆေးပညာမှာလည်းကျွမ်းကျင်နေရင် သူမတောင် မနာလိုဖြစ်ရမည်ဖြစ်သည်၊၊
ကံကောင်းစွာဖြင့် သူ၏ဆေးသန့်စင်နိုင်စွမ်းက သိပ်မကောင်းပေ၊၊
သို့ပေမယ့် မည်သူသိမည်နည်း၊၊ စုချီနင် သူမခေါင်းကို ထပ်ခါထပ်ခါယမ်းလိုက်သည်၊၊
"အဲ့လိုမဟုတ်ပါဘူး----"
"ဆေးက ကောင်းကောင်းအလုပ်လုပ်ပါတယ်၊၊ ဆရာသောက်ပြီးပြီးချင်း ချက်ချင်းနိုးလာတယ်----"
ဂျန်ဖန်းကြောင်အသွား၏၊၊
"ဒါဆို အားလုံးအထင်လွဲအောင် ဘာလို့ငိုနေရတာလဲ----"
စုချီနင် နောက်တစ်ကြိမ်ငိုလိုက်သည်၊၊
"ဘာလို့လဲဆိုတော့ ဆရာက ဒီဆေးကို နင်ဖော်စပ်တာသိသွားတယ်၊၊ ပြီးတော့ သူဖော်စပ်တာထက်ပိုကောင်းနေတယ်လေ----"
"ဒါနဲ့ သူမခြေထောက်ကိုထု ကောင်းကင်ကိုမော့ပြီး သက်ပြင်းအနည်းငယ်ချနေတယ်၊၊ ပြီးတော့ ပြန်ပြီးမေ့လဲသွားတာပဲ----"
ခန်းမရှေ့မှာတိတ်ဆိတ်သွားခဲ့သည်၊၊
ခဏကြာပြီးနောက် လူတိုင်းငိုရမလား ရယ်ရမလား မသိတော့ပေ၊၊
ကြည့်ရတာ ဂျန်ဖန်း ဆေးပညာအရည်အချင်းတွေထုတ်ပြလေလေ သူမတို့ဆရာ့အခြေအနေက ပိုဆိုးလေလေ ဖြစ်ပုံရ၏၊၊
ဂျန်ဖန်း ခါးသီးသည့်မျက်နှာနဲ့ ကျန် ဆေးလုံးတွေ စုချီနင်ကို ပေးလိုက်သည်၊၊
"ငါဒီမှာရှိနေသ၍တော့ နင့်ဆရာရဲ့အဖျားက ပျောက်သွားမှာမဟုတ်ဘူး၊၊ နှုတ်ဆက်ပါတယ်----"
ထို့နောက် လက်ချင်းယှက်ကာ ကြောင်အနေသည့် ဂုန်ချိုင်းယီကိုပြောလိုက်သည်၊၊
"ဂိုဏ်းသခင်ဂုန်, သွားကြစို့၊၊ အကြီးအကဲဝမ်ပြန်လည်ကုသနေတာကို မနှောက်ယှက်ရအောင်---"
"အို, အို---"
ဂုန်ချိုင်းယီကြောင်တောင်တောင်ဖြင် ဂျန်ဖန်း နောက်ကို လိုက်သွားခဲ့သည်၊၊
သူမက ဂျန်ဖန်းနောက်ကျောကို စိုက်ကြည့်နေပြီး မယုံကြည်နိုင်မှုတွေနှင့်ပြည့်နေခဲ့သည်၊၊
သူမက နောက်တစ်ကြိမ် တီးတိုးပြောလိုက်သည်၊၊
"ကျီယု, အဲ့သတင်းကို နင်ဘယ်ကကြားခဲ့တာလဲ----"
"သူ့ကိုကြည့်ပါအုန်း၊၊ စိတ်ဝိညာဥ်အမြစ်မရှိတဲ့လူနဲ့တူလို့လား----"
ယွမ်ကျီယုတောင် သူမအလိမ်ခံရသည်လားဟု ကိုယ့်ကိုယ်ကိုသံသယရှိလာခဲ့သည်၊၊ သူမက ဂျန်ဖန်းနောက်ကျောကိုစိုက်ကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်၊၊
"ကျွန်မ, ကျွန်မနောက်တစ်ခါ ထပ်မေးကြည့်ပါအုန်းမယ်----"
ဂုန်ချိုင်းယီ ညင်သာစွာသက်ပြင်းချလိုက်ပြီး ဂျန်ဖန်းကို မနာလိုစွာဖြင့်ကြည့်လိုက်သည်၊၊
"ဂိုဏ်းချုပ်လျိုက တကယ်ကံကောင်းတာပဲ----"
"ငါ့မှာသာ ဒီလိုတပည့်တစ်ယောက်ရှိရင်----"
ယွမ်ကျီယု လျှာလိပ်သွား၏၊၊
"ဆရာ, ကျွန်မတို့ဂိုဏ်းမှာ အမျိုးသမီးတွေပဲရှိတာလေ၊၊ အမျိုးသားတပည့်လက်ခံတာ ထုံထမ်းစဥ်လာမရှိဘူးမလား----"
ဂုန်ချိုင်းယီ သူမကိုစိုက်ကြည့်လိုက်သည်၊၊
"နင့်ငါ့ကို သတိပေးဖို့မလိုပါဘူး---"
"ငါ မနာလိုမှုနည်းနည်းလေးတောင် ထုတ်ပြောလို့မရဘူးလား----"
သူမက သက်ပြင်းသာချလိုက်နိုင်၏၊၊
အမှန်တကယ်တော့ ဂျန်ဖန်းကို တပည့်အဖြစ်ခေါ်တာဟာ မဖြစ်နိုင်လုနီးပါးပဲဖြစ်သည်၊၊
ယခုချိန်က ညနေစောင်းနေပြီပဲဖြစ်သည်၊၊
သူတို့က တောင်ထိပ်သုံးခုကို လည်ပတ်ပြီး တစ်နေ့တာကုန်ဆုံးသွား၏၊၊
ဂျန်ဖန်းသူတို့ကို ဂိုဏ်းသခင်တောင်ထိပ်ဆီ အရင် ပြန်ခေါ်လာခဲ့သည်၊၊
ပြန်လည်မွေးဖွားခြင်းတောင်ခြေရောက်သည့်အခါ၌----
နီညိုရောင်အမွေအမျှင်ရှိသည့် သားရဲလေးတစ်ကောင်က ဘယ်ကခိုးလာမှန်းမသိသည့် စိတ်ဝိညာဥ်ဂျင်ဆင်းကို အသံမြည်အောင် ကိုက်စားနေခဲ့သည်၊၊
ဂျန်ဖန်းသစ်ပင်အောက်ကဖြတ်သွားသည့်အခါ ၎င်က ချက်ချင်းမှတ်မိသွား၏၊၊
သူ၏အနက်ရောင်နှာခေါင်းသေးသေးလေးကို တွန့်လိုက်ပြီး လက်ထဲမှ စိတ်ဝိညာဥ်ဂျင်ဆင်းကို ဂျန်ဖန်းဆီပစ်လိုက်၏၊၊
ဂျန်ဖန်း အလွန်သတိရှိနေပြီး အင်္ကျီလက်ကိုဝှေ့ယမ်းကာ စိတ်ဝိညာဥ်ဂျင်ဆင်းကို အဝေးလွင့်ထွက်သွားစေ၏၊၊
ထို့နောက် မော့ကြည့်လိုက်သည့်အခါ စိတ်ဝိညာဥ်သားရဲလေးနှင့် အကြည့်ချင်းဆုံသွား၏၊၊
စိတ်ဝိညာဥ်သားရဲလေးက ရွတ်နှောက်နှောက်ဖြင့် သူ့ကိုကျောပေးကာ ဖင်လှုပ်ပြီး တောနက်ထဲ ပြေးဝင်သွားသည်၊၊
ဂျန်ဖန်း ဒေါသထွက်သွားခဲ့သည်၊၊
ခွေးမသား---
သူကလိုက်ဖမ်းဖို့ပြင်လိုက်၏၊၊ သို့ပေမယ့် သစ်တောအနက်ပိုင်းက မဟာအကြီးအကဲ၏ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်အပိုင်းဆိုတာသတိရပြီး ရပ်လိုက်၏၊၊
ဂုန်ချိုင်းယီတို့နှင့်အတူ ပြန်လည်မွေဖွားခြင်းတောင်ထိပ်သွားဖို့က မသင့်တော်ပေ၊၊
ယွမ်ကျီယုလည်း စိတ်ဝိညာဥ်သားရဲလေးကို သတိထားမိ၏၊၊
သူမပျော်ရွင်သွားပြီး ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်သည်၊၊ ထို့နောက် ဂုန်ချိုင်းယီ၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်၊၊
"ဘာ?---"
ဂုန်ချိုင်းယီ ဝမ်းသာသွားခဲ့သည်၊၊
သူမ တိမ်စိမ်းဂိုဏ်းကိုလာရသည့်ရည်ရွယ်ချက်က ထိုစိတ်ဝိညာဥ်သားရဲလေးကို ရှာဖို့ပဲဖြစ်သည်၊၊
သူမကစိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ညွှန်ပြလိုက်သည်၊၊
"အဲ့ဒီနေရာကဘယ်နေရာလဲ? ငါသွားကြည့်ချင်တယ်---"
အာ?---
ဂျန်ဖန်း ဒုက္ခများသွား၏၊၊
"အခုက အတော်လေးနောက်ကျနေပြီ၊၊ မနက်ဖြန်မှပြန်လာရအောင်---"
ဂုန်ချိုင်းယီမစောင့်နိုင်တော့ပဲ သူမဘာသာသူမ လှေကားထစ်တွေကို စတင်တက်တော့၏၊၊
ဂျန်ဖန်း သူမကို တစ်ယောက်တည်း မလွတ်နိုင်ပေ၊၊
သူက ဂိုဏ်းသခင်တောင်ထိပ်ကို သတင်းပို့ဖို့ ဖြတ်သွားဖြတ်လာတပည့်တစ်ယောက်ကို တားလိုက်၏၊၊
ထို့နောက် ဂုန်ချိုင်းယီနောက်မှလိုက်၍ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို တက်လာလိုက်သည်၊၊
ထိုအခိုက်အတန့်၌ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ညနေခင်းလေ့ကျင့်ခန်း ဆင်းနေကြ၏၊၊
မဟာအကြီးအကဲ ဖုန်းဂုချန်းက သူ့တပည့်တွေကိုလူကိုယ်တိုင်သင်ကြားနေခဲ့သည်၊၊ သူတို့ ဓားရာတွေ၊ လက်သီးရာတွေ၊ ခြေရာတွေနှင့်ပြည့်နှက်နေသည့် ရှေးဟောင်းနံရံကြီးတစ်ခုရှေ့၌ နာလည်ဆင်ခြင်နေကြတာဖြစ်သည်၊၊
"ဂိုဏ်းချုပ်ဂုန်? မြန်မြန်, စိတ်ဝိညာဥ်လက်ဖက်ရည်နဲ့ သစ်သီးတွေ သွားယူကြစမ်း---"
ဖုန်းဂုချန်း အတော်လေး အံ့အားသင့်နေခဲ့သည်၊၊
ဂိုဏ်းသခင် ဂိုဏ်းချုပ်ဂုန်အား ပြန်လည်မွေးဖွားခြင်းတောင်ထိပ်လာဖို့ အစီအစဥ်ဆွဲပေးမည်ဟု သူတစ်ခါမှ တွေးမထားပေ၊၊
ထို့ကြောင့် သူက မည်သည့်ပြင်ဆင်မှုက ပြုလုပ်မထားပေ၊၊
ဂုန်ချိုင်းယီပြုံးလိုက်သည်၊၊
"အကြီးအကဲဖုန်း, ဒီလို လုပ်ထုံးလုပ်နည်းတွေမလိုပါဘူး၊၊ ငါက လမ်းကြုံတာနဲ့ ရှုခင်းလှလှလေးတွေမြင်တော့ ကြည့်ရအောင်လာလိုက်တာ---"
သူမ ဤနေရာသို့ စိတ်ဝိညာဥ်သားရဲလေး လာရှာတာကို ဖုန်းဂုချန်းမသိပေ၊၊
သူက ချက်ချင်းပဲ စိတ်အားထက်သန်စွာ စီစဥ်ပေးတော့သည်၊၊
"ငါကိုယ်တိုင် ဂိုဏ်းချုပ်ဂုန်ကို လိုက်ပတ်ပြပါ့မယ်---"
လူများစွာရှိနေသည့်အတွက် စိတ်ဝိညာဥ်သားရဲလေးကိစ္စမည်သို့လုပ်မည်နည်း၊၊
ရှာတွေ့ခဲ့လျှင်တောင် သူတို့က အလွယ်တကူသတိထားမိနိုင်၏၊၊ အချိန်ကျလာလျှင် တိမ်စိမ်းဂိုဏ်းအပြင်ဘက်ကို ခေါ်သွားဖို့က ခက်မည်ဖြစ်သည်၊၊
"ငါ တောင်ထိပ်တော်တော်များများကို သွားပြီးပြီဆိုတော့ နည်းနည်းပင်ပန်းနေပြီ၊၊ နင့်တပည့်တွေ ဒီနေရာမှာနားလည်ဆင်ခြင်နေတာကိုပဲ ကြည့်နေလိုက်တော့မယ်---"
"ငါ့တပည့်ကျီယုကိုပဲ ပတ်ကြည့်ခိုင်းလိုက်ပါ့မယ်----"
ယွမ်ကျီယု နာလည်စွာဖြင့်ပြောလိုက်သည်၊၊
"ဆရာ, ဒါဆိုလည်း တပည့်တစ်ယောက်တည်း သွားလိုက်ပါ့မယ်----"
ဖုန်းဂုချန်း ချက်ချင်းပဲ ချောင်ကျန့်ကို ခေါ်လိုက်သည်၊၊
"မင်း ကျီယုနဲ့ အဖော်လိုက်သွားပေးလိုက်----"
ယွမ်ကျီယုပြောလိုက်သည်၊၊
"မလိုပါဘူး၊၊ ကျွန်မက တစ်ယောက်တည်းနေရတာကို သဘောကျတယ်----"
"ဒါက မသင့်တော်ပါဘူး၊၊ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ဧည့်ဝတ်မကျေဘူးလို့ သတင်းထွက်သွားနိုင်တယ်----"
ဖုန်းဂုချန်းမျက်လုံးထဲ၌ သံသယအရိပ်အယောင်တွေပေါ်လာခဲ့သည်၊၊
သိသာစွာပဲ ဂုန်ချိုင်းယီက သူမတပည့်ကို တစ်ယောက်တည်းသွားစေချင်တာ ဖြစ်သည်၊၊
ဖြစ်နိုင်တာ သူတို့က ပြန်လည်မွေးဖွားခြင်းတောင်ထိပ်မှ တစ်ခုခုရှာနေတာပဲဖြစ်သည်၊၊
ရုတ်တရက်----
သူက ဂျန်ဖန်းကိုမြင်လိုက်ပြီး နားလည်သွားခဲ့သည်၊၊
ဒါ လျိုဝူချန်းရဲ့ အကြံပဲ----
သူက ဂုန်ချိုင်းယီကိုအကူအညီတောင်းပြီး အလည်အပတ်ခရီးကိုဗန်းပြကာ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်၏လျို့ဝှက်ချက်တွေကို စုံစမ်းခိုင်းလိုက်တာသေချာ၏၊၊
ထိုအရာကိုတွေးပြီး သူက အတော်လေး ဒေါသထွက်သွားခဲ့သည်၊၊
သူ့ကိုလှည့်စားဖို့ကြိုးစားသည်လား----
ဆုတောင်းလေ----
သူက ဂျန်ဖန်းကို ကောက်ကျစ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊၊
"ငါမှတ်မိပါသေးတယ်၊ မင်းနာမည်က ဂျန်ဖန်း မလား----"
ဂျန်ဖန်း တည်ငြိမ်စွာ အရိုအသေပေးလိုက်သည်၊၊
"တပည့်ဂျန်ဖန်း, မဟာမကြီးအကဲကို နှုတ်ဆက်ပါတယ်----"
ဤနေရာ၌ ဂုန်ချိုင်းယီရှိနေသည်ဖြစ်၍ မဟာမကြီးအကဲမည်သို့ သူ့ကို တိုက်ခိုက်ရဲမည်နည်း၊၊
ဖုန်းဂုချန်း ဂုန်ချိုင်းယီကို တစ်ချက်ကြည့်လိုက်၏၊၊ ထို့နောက် ဂျန်ဖန်းကိုကြည့်ကာ စံနမူနာတစ်ခုပြဖို့ လိုအပ်တယ်ဟု ခံစားလိုက်ရသည်၊၊
ပထမအနေဖြင့် လျိုဝူချန်းကို သတိပေးရမည်ဖြစ်သည်၊၊
ဒုတိယအနေဖြင့် ဂုန်ချိုင်းယီအား ဂိုဏ်းသခင်တောင်ထိပ်၏မိုက်မဲမှုကို ပြသရမည်ဖြစ်သည်၊၊
"မင်းက စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုပေမယ့် ဂိုဏ်းချုပ်က တန်ဖိုးထားသားပဲ၊၊ ဂိုဏ်းချုပ်ဂုန်အဖော်လိုက်ပေးဖို့ထည့်ပေးလိုက်တယ်ဆိုတော့ မင်းမှာ အရည်အချင်းအချို့တော့ရှိမှာပဲ၊၊ ဟုတ်တယ်မလား---"
"တိုက်တိုက်ဆိုင်ဆိုင်, ငါ့တပည့်တွေလည်း မိုခယ်ကျောက်နံရံကို နားလည်ဆင်ခြင်နေကြတယ်---"
"မင်းကြိုးစားကြည့်ချင်လား---"
အို?----
ဂုန်ချိုင်းယီ အံ့အားသင့်စွာကြည့်လိုက်သည်၊၊
"အကြီးအကဲဖုန်းက တကယ်ရက်ရောတာပဲ၊၊ ဒါပေမယ့် ဂျန်ဖန်းအရည်အချင်းကနိမ့်တော့ မသင့်တော်လောက်ဘူး---"
မိုခယ်ကျောက်နံရံက ကောင်းကင်ပြင်ပဥက္ခာခဲ၏ အပိုင်းအစတစ်ခုဖြစ်၏၊၊
၎င်းပေါ်၌ သန်မာသည့်စစ်သည်တော်တွေ၏ တိုက်ပွဲအမှတ်အသားတွေနှင့် သူတို့၏ သိုင်းစိတ်ဆန္ဒတွေ ပါဝင်၏၊၊
နာလည်နိုင်စွမ်းမြင့်သည့်လူတွေက ထိုအရာမှ အားကောာင်းသည့်နည်းလမ်းတွေကို ရရှိနိုင်၏၊၊
ပြောကြတာတော့ အားအကောင်းဆုံးနားလည်မှုက သိမ်မွေ့အဆင့်မြင့်ဓားသိုင်းတစ်ခုဖြစ်သည်၊၊
ဆန့်ကျင်ဘက်အနေဖြင့် နားလည်နိုင်စွမ်းနိမ့်သည့်လူတွေ အတင်းအကြပ်နာလည်ဖို့ကြိုးစားလျှင် ကျန်ရှိသည့်သိုင်းစိတ်ဆန္ဒကြောင့် ထိခိုက်ဒဏ်ရာရသွားမည်ပဲဖြစ်သည်၊၊
အနိမ့်ဆုံးခေါင်းကိုက်နိုင်ပြီး အဆိုးဆုံးဆိုလျှင် သတိမေ့သွားမည်ဖြစ်၏၊၊
ဂျန်ဖန်း၌ စိတ်ဝိညာဥ်အမြစ်မရှိသည့်အတွက် နားလည်နိုင်စွမ်းနိမ့်တာကို ပြသနေ၏၊၊ သူ့အတွက်ကျင့်ကြံဖို့က မသင့်တော်ပေ၊၊
ဖုန်းဂုချန်း ရယ်လိုက်သည်၊၊
"ဂိုဏ်းချုပ်ဂုန် မှားနေပြီ----"
"ဂျန်ဖန်းက ဂိုဏ်းသခင်ရဲ့ ချစ်ရတဲ့တပည့်ပဲ၊၊ သူက မိုခယ်ကျောက်နံရံကို စမ်းမကြည့်ရဲဘူးဆိုရင် ဂိုဏ်းသခင်တောင်ထိပ်က အမှိုက်တွေလက်ခံသလို ဖြစ်မနေဘူးလား----"
ဘုရားရေ---
ထိုပြောဆိုမှုဖြင့် ဂျန်ဖန်းဆက်တွေဝေနေအုန်းမည်ဆိုလျှင် ဂိုဏ်းသခင်တောင်ထိပ်ကို အရှက်ရစေတာပဲဖြစ်သည်၊၊
နာလည်ဆင်ခြင်ခိုင်းတာလား----
ခုချိန်ထိတော့ မည်သည့်နည်းလမ်းကမှ သူ့အတွက် ပြဿနာမဖြစ်သေးပေ၊၊
သူက လက်ခြင်းယှက်လိုက်ပြီးပြောလိုက်သည်၊၊
"အကြီးအကဲဝမ်ဒီလိုပြောနေမှတော့ ငါကြိုးစားကြည့်ပါ့မယ်---"
"ဒါပေမယ့် အရင်ရှင်းအောင်လုပ်ထားရမယ်၊၊ ငါနားလည်တဲ့နည်းလမ်းက ငါ့အပိုင်နော်၊၊ နောက်မှခက်ခဲအောင်မလုပ်ပါနဲ့, မဟာမကြီးအကဲ----"
ဟမ်?----
ဂုန်ချိုင်းယီ နှလုံးသား ခုန်ပေါက်လာခဲ့သည်၊၊
ဖြစ်နိုင်တာ----
ဤကောင်က နာလည်နိုင်စွမ်းလည်း မြင့်တာပဲလား----
ဘယ်လိုဖြစ်ပြီး ကိစ္စတွေက ကျိုးကြောင်းမဆီလျော်ရသနည်း၊၊