← Chapters

ငါဓားလှုပ်ရှားမှုကို နားမလည်ဘူးလို့ ဘယ်သူပြောလဲ

Vol. 8 Ch. 109

ငါဓားလှုပ်ရှားမှုကို နားမလည်ဘူးလို့ ဘယ်သူပြောလဲ

Vol. 8 Ch. 109

တပည့်အသစ်တစ်ယောက်ဖြစ်သည့် ချောင်းကျန့် ထူးမခြားနားစွာ ပြောလိုက်သည်၊၊

"မင်းအတွေးလွန်နေပြီ-----"

"မိုခယ်ကျောက်နံရံသာ နားလည်ဖို့လွယ်နေရင် ဒီမှာ သိုင်းကျမ်းတွေ ထားစရာတောင် နေရာရှိမှာမဟုတ်တော့ဘူး---"

"အဝါရောင်အဆင့်နိမ့်သိုင်းကျမ်းတစ်ခု ရရင်တောင် မင်းကံကောင်းနေပြီ၊၊ စွမ်းအားကြီးဓားသိုင်းတစ်ခုကိုချက်ချင်းတတ်မြောက်ချင်ရင်တော့ မင်းဆုတာတောင်းနေလိုက်တော့----"

ဂျန်ဖန်း မိုခယ်ကျောက်နံရံကို ကြည့်ပြီး စဥ်းစားလိုက်သည်၊၊

"ဒါက တကယ်ပဲ ဒီလောက်တောင်နားလည်ဖို့ခက်တာလား----"

ဖုန်းဂုချန်း ဘာမှဖုန်းကွယ်မနေတော့ပဲ ရယ်ပြီးပြောလိုက်သည်၊၊

"ဒါပေါ့ ခက်တာပေါ့၊၊ ဒါပေမယ့် အဲ့လိုခက်မှပဲ ဂိုဏ်းသခင်တောင်ထိပ်တပည့်တစ်ယောက်ရဲ့ထူးခြားမှုကို ပြပေးနိုင်မှာလေ----"

"မင်းကတပည့်အသစ်ဆိုတော့ ဒီအကြီးအကဲ မင်းဆီက အများကြီးမမျှော်လင့်ထားပါဘူး----"

"ချောင်ကျန့်လို အဝါရောင်အလယ်အလတ်အဆင့် သိုင်းကျမ်းတစ်ခုနားလည်နိုင်ရင်ကို အထင်ကြီးဖို့ကောင်းနေပါပြီ----"

"အဲ့အခါကျရင် ငါမင်းကို အဲ့သိုင်းကျမ်းပေးရုံသာမကဘူး အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးတစ်လုံးပါဆုချလိုက်အုန်းမယ်၊၊ ဘယ်လိုလဲ----"

ဂျန်ဖန်း ပျော်ရွင်စွာလက်ခံလိုက်၏၊၊

"သဘောတူတယ်----"

အခြေအနေပေးမှတော့ မိုခယ်ကျောက်နံရံက နားလည်ဖို့ခက်ခဲရင်တောင် သူကြိုးစားရမည်ဖြစ်သည်၊၊

ထို့ပြင် ဂိုဏ်းသခင်တောင်ထိပ်၏ ဂုဏ်သတင်းကို ညိုးနွမ်းအောင်လုပ်လို့မရပေ၊၊

သူက မိုခယ်ကျောက်နံရံနားချည်းကပ်လာပြီး မျက်လုံးမှိတ်လိုက်၏၊၊ ထို့နောက် နံရံပေါ်က သိုင်းကျမ်းများစွာကို အလျှင်အမြန်ပဲ အာရုံခံစားလိုက်၏၊၊

ဂျန်ဖန်းငါစာဟပ်တာကိုမြင်သည့်အခါ မဟာအကြီးအကဲ သူ့မုတ်ဆိတ်ကိုပွတ်သပ်လိုက်ပြီး ပြုံးလိုက်သည်၊၊ မိုခယ်ကျောက်နံရံကြောင့် ဂျန်ဖန်း တုန်လှုပ်သွားမှာကို စောင့်နေခဲ့သည်၊၊

ချောင်ကျန့် လှောင်ပြောင်လိုက်၏၊၊

"မင်းကိုယ်မင်းငါ့လို အဝါရောင်အလယ်အလတ်အဆင့် သိုင်းကျမ်းနာလည်နိုင်မယ်လို့ထင်နေတယ်ပေါ့----"

"ဒဏ်ရာမရရင်တောင် ကံကောင်းလှပြီ----"

ထိုအခိုက်အတန့်၌----

လျိုဝူချန်း သတင်းကြားပြီး ဝမ်ချန်းဂျန်နှင့်အတူ အပြေးလာခဲ့၏၊၊

ဂျန်ဖန်း နံရံကိုနားလည်ဆင်ခြင်နေတာမြင်သည့်အခါ သူ့အမူအရာပြောင်းလဲသွားသည်၊၊

"ဒီကောင်ကွာ----, ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကိုမလာဖို့ ငါပြောထားရဲ့သားနဲ့ လာဖြစ်အောင်လာလိုက်သေးတယ်ကွာ၊၊ အခုလည်း မိုခယ်ကျောက်နံရံကို ရမ်းသမ်းပြီး နာလည်ဆင်ခြင်နေပြန်ပြီ----"

ဝမ်ချန်းဂျန် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် တီးတိုးပြောလိုက်သည်၊၊

"ဆရာ, ဂျန်ဖန်း မကြာခင် လူရယ်စရာဖြစ်တော့မယ်----"

"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်တပည့်တွေတောင် နံရံကို အလွယ်တကူ နားလည်မဆင်ခြင်ရဲကြဘူး၊၊ သူတို့က နံရံရဲ့ဘယ်အစိတ်အပိုင်းက အန္တရာယ်ရှိတယ်၊ မရှိဘူးဆိုတာ ရင်းနှီးဖို့ မဟာအကြီးအကဲရဲ့ ရက်ပေါင်းများစွာ ညွှန်ကြားမှုတွေလိုအပ်တယ်----"

"အရမ်းကာရောနားလည်ဆင်ခြင်လို့ အဲ့ဒီအားကောင်းတဲ့သိုင်းကျမ်းတွေနဲ့တွေ့သွားရင် သူသေချာပေါက် ဒဏ်ရာရမှာပဲ----"

လျိုဝူချန်းလည်း စိုးရိမ်နေခဲ့သည်၊၊

ဤနေရာသို့လာသည့်လမ်း၌ မဟာအကြီးအကဲက ဂျန်ဖန်းကိုခက်ခဲအောင်လုပ်ပြီး ဂုန်ချိုင်းယီရှေ့၌ သူ့ကိုအရှက်ခွဲမည်ကို စိုးရိိမ်နေခဲ့တာဖြစ်သည်၊၊

ယခု သူကြောက်သည့်အရာက အမှန်တကယ်ဖြစ်လာပြီပဲဖြစ်၏၊၊

မိုခယ်ကျောက်နံရံကို မည်သို့ အလွယ်တကူ နားလည်ဆင်ခြင်နိုင်မည်နည်း၊၊

သူက အလျှင်အမြန်ပဲရှေ့တက်ကာ ပြောလိုက်သည်၊၊

"မဟာအကြီးအကဲ, ဂျန်ဖန်းမှာ စိတ်ဝိညာဥ်အမြစ်မရှိတော့ သာမန်နာလည်နိုင်စွမ်းပဲ ရှိမှာ----"

"သူ့ကို မိုခယ်ကျောက်နံရံနာလည်ဆင်ခြင်ခိုင်းတာ တကယ်မသင့်လျော်ဘူး----"

"အခုချက်ချင်းရပ်ခိုင်းလိုက်ပါ-----"

ဖုန်းဂုချန်း ပြင်ပဂိုဏ်းချုပ်တစ်ယောက်ရှေ့၌ ဂိုဏ်းသခင်တောင်ထိပ်အား နှိမ့်ချနိင်မည့်အခွင့်အရေးရှိနေပြီဖြစ်၍ မည်သို့ အလွယ်တကူစွန့်လွတ်နိုင်မည်နည်း၊၊

သူက လှောင်ပြောင်လိုက်၏၊၊

"ဂိုဏ်းချုပ်, မင်းတပည့်မင်း မယုံဘူးလား----"

"မင်းက စူးရှတဲ့အမြင်ရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲလေ----"

"စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်ကိုလက်ခံမှတော့ ငါတို့နားမလည်နိုင်တဲ့အကြောင်းပြချက်တွေရှိရမယ်၊၊ ဟုတ်တယ်မလား----"

"ဘာလို့ဖုံးကွယ်နေမှာလဲ၊၊ ငါတို့အားလုံးမြင်ရအောင် သူ့ကိုပြခိုင်းလိုက်ပါ----"

မင်းဖင်ကိုပဲကြည့်----

မင်းကငါ့ကို အရှက်ခွဲချင်နေတာကိုများ----

သို့ပေမယ့် ဂုန်ချိုင်းယီရှိနေသည်ဖြစ်၍ သူက ဒေါသမဖြစ်အောင်ထိန်းလိုက်ပြီး သူမထွက်ခွာသွားစေမည့်နည်းလမ်းကိုသာ စဥ်းစားနေလိုက်သည်၊၊

ထိုအခါ နောက်ပိုင်း ဂျန်ဖန်းအရှက်ကွဲလျှင်တောင် သူ့ကိုယ်တိုင်ပဲခံစားရမှာဖြစ်ပြီး ဂုန်ချိုင်းယီရှေ့၌ ဂိုဏ်းသခင်တောင်ထိပ်ကို ဆွဲချမည်မဟုတ်ပေ၊၊

"ဂိုဏ်းသခင်ဂုန်, ဂျူနီယာတွေ ဒီနေရာမှာ လေ့ကျင့်ပါစေ၊၊ ဘာလို့ ငါတို့ ဂိုဏ်းသခင်တောင်ထိပ်ကိုမပြန်တာလဲ၊၊ ငါညစာပြင်ထားပြီးပြီ၊၊ မင်းပြန်လာမှာကိုစောင့်နေတာ----"

လျိုဝူချန် ပေါ့ပါးသည့်အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်၊၊

ဂုန်ချိုင်းယီအနည်းငယ်ပြုံးလိုက်၏၊၊ သူမ၏ လှပသည့်မျက်လုံးတွေကတော့ ဂျန်ဖန်းနောက်ကျောကိုသာ ကြည့်နေပြီး အတော်လေး စိတ်ဝင်စားနေခဲ့သည်၊၊

"ဒါမကြာလောက်ပါဘူး----"

"ဂျန်ဖန်း ဘယ်လိုသိုင်းကျမ်းမျိုး နားလည်သွားမလဲဆိုတာ ငါအတော်လေး သိချင်နေတယ်---"

လျိုဝူချန်း ချက်ချင်းပဲ စိုးရိမ်ပြီး ချွေးတွေထွက်လာခဲ့သည်၊၊

ဟမ်, သိုင်းကျမ်းနားလည်တာလား----

သူက သိုင်းစိတ်ဆန္ဒကြောင့် သေချာပေါက် ဒဏ်ရာရမည်ပဲဖြစ်သည်၊၊

ထိုစဥ်---

ဂျန်ဖန်းရှေ့ကကျောက်နံရံက စတင်ပြောင်းလဲလာခဲ့သည်၊၊

ထက်ရှသည့်သိုင်းစိတ်ဆန္ဒတစ်ခု ဂျန်ဖန်းရှေ့ကျောက်နံရံထက်၌ ပေါ်လာခဲ့သည်၊၊ ထိုအရာက အလွန်အားကောင်းပြီး ၎င်းကို အဝေးကနေတောင် ခံစားလို့ရတာဖြစ်သည်၊၊

သူတို့က အသံနက်အော်သံကြီးတွေကို ခပ်ယဲ့ယဲ့ကြားနိုင်တာပဲဖြစ်သည်၊၊

တိုက်! တိုက်! တိုက်!

ဂုန်ချိိုင်းယီအမူအရာအနည်းငယ်ပြောင်းလဲသွားသည်၊၊

"ဒီလိုအားကောင်းတဲ့တိုက်ပွဲစိတ်ဆန္ဒ---- ဒီအကွက်က သိမ့်မွေ့အဆင့်ကိုကျော်လွန်နေပြီ----"

လျိုဝူချန်းမျက်လုံးတွေထဲ၌ စိုးရိမ်မှုတွေပြသလာခဲ့သည်၊၊

"ဒီလောက်တောင် တိုက်ဆိုင်ရလား----"

"မိုခယ်ကျောက်နံရံထဲမှာရှိတဲ့ မြေကမ္ဘာအဆင့်လက်ချောင်းနည်းလမ်း---"

"ငါတို့အားလုံး ဒါကို အရင်ကတွေ့ဖူးတယ်၊၊ အလွန်သိမ်မွေ့ရှုပ်ထွေးပြီး ဘယ်သူမှ နားမလည်ခဲ့ဘူး----"

"ဒါပေမယ့် ဒါပေါ်မလာတာ အချိန်တော်ကြာနေပြီ-----"

"အခု ရုတ်တရက် ဂျန်ဖန်းရှေ့မှာပေါ်လာတယ်----"

သူ့နှလုံးသား အပြင်းအထန်ကျုံ့သွား၏၊၊

ယခု အားလုံးပြီးသွားပြီဖြစ်သည်၊၊ ဂျန်ဖန်း တုန်လှုပ်ရုံသာမက အပြင်အထန်ပါဒဏ်ရာရတော့မည်ပဲဖြစ်သည်၊၊

ဝမ်ချန်းဂျန်လည်း တိတ်တဆိတ်သက်ပြင်ချလိုက်သည်၊၊

"အရှက်ကွဲမှာက ရှောင်လွဲလို့မရတော့ဘူး----"

ဖုန်းဂုချန်း မနေနိုင်ပဲ ရယ်လိုက်၏၊၊

ဤကောင်လေးက ဘယ်လိုတောင် ကံမကောင်းရသနည်း၊၊

အစကတည်းက အခက်ခဲဆုံးသိုင်းစိတ်ဆန္ဒနှင့်တွေ့သည်ဖြစ်၍ သူ သေချာပေါက် သတိမေ့သွားတော့မည်ပဲဖြစ်သည်၊၊

ချောင်ကျန့်လည်းလှောင်ပြောင်လိုက်၏၊၊ သူက လက်ပိုက်ထားပြီး နောက်လာမည့်အခိုက်အတန့်ကို စောင့်မျှော်နေခဲ့သည်၊၊

မမျှော်လင့်စွာဖြင့်----

အားကောင်းသည့်သိုင်းစိတ်ဆန္ဒက အမည်မသိအကြောင်းပြချက်တစ်ချို့ကြောင့် တဖြည်းဖြည်း အားနည်းလာခဲ့သည်၊၊

ဂျန်ဖန်းကတော့ မထိခိုက်ပဲရှိနေဆဲဖြစ်သည်၊၊

ဖုန်းဂုချန် အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်၊၊

"ဒါ--- ပျောက်ကွယ်သွားပြီလား----"

လျိုဝူချန်းနှင့် ဝမ်ချန်းဂျန်တို့ စိတ်သက်သာယာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်သည်၊၊

ကပ်သီလေးပဲ---

သို့ပေမယ့် ဂုန်ချိုင်းယီကတော့ စိတ်ပျက်သွားပြီး ရေရွတ်လိုက်သည်၊၊

"သူ လက်ချောင်းနည်းလမ်းနားလည်ဖို့ ငါက မျှော်လင့်ထားတာကို----"

ထို့နောက် သူမက ကိုယ့်ကိုယ်ကိုလှောင်ပြောင်စွာဖြင့် ပြုံးလိုက်သည်၊၊

"ငါဘာတွေတွေးနေတာလဲ? ဒါက မြေကမ္ဘာအဆင့် လက်ချောင်းနည်းလမ်းလေ----"

"ငါတို့အကြီးအကဲတွေရှေ့မှာ ကျင့်စဥ်အပြည့်အစုံရှိရင်တောင် နားလည်ဖို့ အချိန်အတော်ကြာယူရမှာ---"

"ဂျန်ဖန်းလိုတပည့်သစ်လေးတစ်ယောက်က ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ သိုင်းစိတ်ဆန္ဒကနေ ဘယ်လိုလုပ်နားလည်နိုင်မှာလဲ----"

လက်ဖက်ရည်တစ်ခွက်စာအချိန်ကြာပြီးနောက်----

ဂျန်ဖန်းသူ့မျက်လုံးကိုဖြည်ညင်းစွာဖွင့်လိုက်ပြီး ကျောက်နံရံရှေ့မှ ထလာလိုက်သည်၊၊

တစ်ဖက်လှည့်လိုက်ည့်အခါ လျိုဝူချန်ကို သတိထားမိပြီး ချက်ချင်းရှေ့တက်လာခဲ့သည်၊၊

"ဆရာ, မင်းဘာလို့ဒီရောက်နေတာလဲ----"

လျိိုဝူချန်း သူ့ကိုစိုက်ကြည့်လိုက်သည်၊၊

"မင်းကပြောရဲသေးတယ်ပေါ့---"

"မင်းကို ဘယ်သူက မိုခယ်ကျောက်နံရံကို နားလည်ဆင်ခြင်ခိုင်းလို့လဲ---"

ဘေးမှာရပ်နေသည့်ဂုန်ချိုင်းယီ ရှေ့ထွက်ပြီး ဂျန်ဖန်းဖက်ကပြောပေးလိုက်သည်၊၊

"ဂိုဏ်ချုပ်လျို, ဂျန်ဖန်းစိန်ခေါ်မှုကိုလက်ခံတာ နင်တို့ ဂိုဏ်းသခင်တောင်ထိပ်ဂုဏ်သိက္ခာအတွက်ပါ----"

"ရလဒ်ဘယ်လိုပဲဖြစ်ဖြစ် နင်သူ့ကို စိတ်ပျက်အောင်တော့မလုပ်သင့်ဘူး---"

ထိုအခါမှသာ လျိုဝူချန် ဒေါသပြေသွားသည်၊၊

သူက ဂျန်ဖန်းပုခုံးကိုပုတ်လိုက်သည်၊၊

"အနည်းဆုံးတော့မင်းက ဂိုဏ်းသခင်တောင်ထိပ်ကို စိတ်မပျက်စေခဲ့ဘူးပဲ----"

"ဘာသိုင်းကျမ်းမှနားမလည်ခဲ့ဘူးဆိုပေမယ့် မင်းက တုန်လှုပ်ချောက်ခြားသွားတာမျိုးလည်း မရှိခဲ့ဘူး----"

ဤအရာက စိတ်ဝိညာဥ်အမြစ်မရှိသည့် ဂျန်ဖန်း စွမ်းဆောင်ရည်နှင့်ကိုက်ညီတာပဲ ဖြစ်သည်၊၊

မဟာအကြီးက နှိမ့်ချချင်ပေမယ့် ဘာမှမပြောနိုင်ပေ၊၊

ဖုန်းဂုချန်း အလွန်စိတ်ပျက်သွားခဲ့သည်၊၊

သူမျှော်မှန်းထားသည့် ဂျန်ဖန်း ဒဏ်ရာရပြီး အရှက်ကွဲတာက ဘယ်တော့မှဖြစ်မလာတော့ပေ၊၊

သူက ဂျန်ဖန်းကိုကြည့်ပြီး စိတ်မပါစွာဖြင့် ပြောလိုက်သည်၊၊

"ဒီတော့ ဒါက ဂိုဏ်းသခင်တောင်ထိပ်ရဲ့ တပည့်ပဲ----"

"သူက သိုင်းကွက်တစ်ခုတောင် နားမလည်နိုင်ခဲ့ဘူး----"

လျိုုဝူချန်း ထူးမခြားနားစွာပြောလိုက်သည်၊၊

"မဟာအကြီးအကဲ, မင်းက ဟာသတွေပြောနေပါပြီ၊၊ မင်းတောင်ထိပ်ရဲ့တပည့်တွေကို နားလည်မဆင်ခြင်ခင် သုံးရက်လောက် လမ်းညွှန်ပေးရတာမလား၊၊ ဒါတောင် ဓားကွက်တစ်ခု မဖမ်းဆုပ်နိုင်ခဲ့ကြဘူးလေ၊၊

"ဂျန်ဖန်ကဘယ်လိုလုပ်ပြီး မိနစ်အနည်းငယ်နဲ့ နားလည်နိုင်မှာလဲ---"

"ကျရှုံးတာပုံမှန်ပါပဲ----"

ဤရှင်းပြမှုနှင့် ဂိုဏ်းသခင်တောင်ထိပ်၏ ဂုဏ်သတင်းကို ထိန်းသိမ်းနိုင်ခဲ့၏၊၊

ယနေ့အစီအစဥ်က အချည်းနှီးဖြစ်သွားပြီဆိုတာ ဖုန်းဂုချန်းလည်းသိ၏၊၊ ထို့ကြောင့် သူက ဂျန်ဖန်းကိုဘေးတိုက်တစ်ချက်ကြည့်လိုက်သည်၊၊

"ဂိုဏ်းချုပ်က ပါရမီရှင်တစ်ယောက်ကို လက်ခံခဲ့တယ်လို့ထင်ခဲ့တာ----"

"ကြည့်ရတာ ငါမှားသွားပုံပဲ၊၊ သူက တကယ်အမှိုက်ပဲ----"

ထိုအခိုက်အတန့်၌ လျိုဝူချန်းနှင့် ဝမ်ချန်ဂျန်တို့ တိတ်တဆိတ်အကြည့်ချင်းဖလှယ်လိုက်ကြသည်၊၊

ထိုအရာက ဂိုဏ်းတစ်ခုလုံးသဘောတူထားတာဖြစ်သည်၊၊

ထို့ကြောင့်ရှက်စရာမဟုတ်ပေ၊၊

ဂုန်ချိုင်းယီလည်း စိတ်ဝင်စားမှု မရှိတော့ပေ၊၊

အဝေးမှ ယွမ်ကျီယုလက်ဗလာဖြင့်ပြန်လာတာကိုမြင်သည့်အခါ သူမက ခေါင်းအနည်းငယ်ယမ်းလိုက်သည်၊၊ စိတ်ဝိညာဥ်သားရဲလေးအား ဖမ်းမမိခဲ့ဘူးဆိုလာ သိလိုက်ပြီးသူမ၏စိတ်ပျက်မှုက နောက်ထပ်ပိုတိုးလာခဲ့သည်၊၊

ထို့နောက် စိတ်ဓာတ်ကျစွာဖြင့်ထရပ်ကာ ထွက်သွားဖို့ပြင်လိုက်၏၊၊

ထိုအခိုက်အတန့်၌-----

ဂျန်ဖန်း ဖုန်းဂုချန်းကို တစ်ချက်ကြည့်လိုက်သည်၊၊

သူ အစတုန်းက ကိစ္စတွေကို နိုင်သည်ရှုံးသည်မပြပဲ အေးအေးဆေးဆေးပဲ ပြီးသွားချင်တာဖြစ်သည်၊၊

သို့ပေမယ့် မဟာအကြီးအကဲ၏စကားတွေက အလွန်ကြမ်းတမ်းလှ၏၊၊

ထိုသို့ဆိုမှတော့ ပြပေးရမည်ဖြစ်သည်၊၊

"မဟာအကြီးအကဲ, ငါ သိုင်းကွက်တစ်ခု နားမလည်ခဲ့ဖူးလို့ ဘယ်သူပြောလဲ-----"

All Chapters