← Chapters

မြေကမ္ဘာအဆင့်လက်ချောင်းသိုင်း

Vol. 8 Ch. 110

မြေကမ္ဘာအဆင့်လက်ချောင်းသိုင်း

Vol. 8 Ch. 110

ဤစကားသံထွက်ပေါ်လာသည့်အခါ ရှိနေသည့်လူအားလုံး အုန်းအုန်းကျက်ကျက်ဖြစ်သွားသည်၊၊

ဖုန်းဂုချန်းမျက်ခုံးတွေတွန့်ခေါက်သွားပြီး ပြောလိုက်သည်၊၊

"မင်းက သိုင်းကျမ်းတစ်ခုနားလည်ခဲ့တယ်ပေါ့၊၊ ဘယ်တုန်းကလဲ----"

သူက ဂျန်ဖန်းကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာဖြစ်ပြီး မည်သည့် ဉာဏ်အလင်းရသည့်လက္ခဏာမှမမြင်လိုက်ပေ၊၊

ပုံမှန်ဆိုရင် တပည့်တွေ သိုင်းကျမ်းတစ်ခုနားလည်သည့်အခါ ဝမ်းသာပျော်ရွင်သည့်အမူအရာတွေပြတတ်ကြ၏၊၊

အဆုံးမှာတော့ နံရံပေါ်မှာရှိသည့် ကျင့်ကြံရေးနည်းလမ်းအားလုံးက သူတို့တစ်ခါမှမတွေ့ဖူးသည့် အဆင့်မြင့်ကျင့်စဥ်တွေပဲဖြစ်သည်၊၊

သို့ပေမယ့် ဂျန်ဖန်းက အစမှအဆုံးထိ တည်ငြိိမ်နေခဲ့သည်၊၊

ဤအရာကြောင့် သူအပါအဝင်လူအားလုံး ဂျန်ဖန်း တစ်ခုမှနားမလည်ခဲ့ဘူးဟု တွေးလိုက်တာဖြစ်သည်၊၊

ဝမ်ချန်းဂျန် တစ်ခဏကြောင်အသွားသည်၊၊

သူက မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်၊၊

"မင်း အဓိပ္ပာယ်ရှိတာတွေ မပြောတာ ပိုကောင်းမယ်၊၊ ဒါက ဂိုဏ်းသခင်တောင်ထိပ်ရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတယ်----"

သူက ထိုအရာကို လုံးဝမယုံပေ၊၊

အဘယ်ကြောင့်ဆိုသော် တစ်ခါက အတွင်းစည်းတပည့်တွေအတွက် ကျောက်နံရံကို နားလည်ဆင်ခြင်ဖို့ ဂိုဏ်းက စီစဥ်ပေးဖူး၏၊၊

သူအပါအဝင် တပည့်အများစု ဘာမှမရခဲ့ပေ၊၊

ဂျန်ဖန်း တစ်ခုခုနားလည်တာ မည်သို့ဖြစ်နိုင်မည်နည်း၊၊

လျိုဝူချန်းကြားဖြတ်ဝင်ပြောလိုက်သည်၊၊ သူ့မျက်နှာက မျှော်လင့်မှုတွေ အပြည့်ပဲ ဖြစ်သည်၊၊

"မင်းတကယ်နားလည်ခဲ့တာလား? မြန်မြန် ငါတို့ကိုပြစမ်းပါ----"

အနိမ့်ဆုံးကျင့်စဥ်တောင် ဂိုဏ်းသခင်တောင်ထိပ်ဂုဏ်သိက္ခာတောက်ပဖို့ လုံလောက်၏၊၊

အဆုံးမှာတော့ ဂျန်ဖန်း၌ စိတ်ဝိညာဥ်အမြစ်မရှိပေ၊၊

စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်တစ်ယောက်က ပြန်လည်မွေးဖွားခြင်းတောင်ထိပ်၏ ပါရမီရှင်ဟုခေါ်သည့်တပည့်တွေထက် ပိုသန်မာနိုင်သေး၏၊၊

ဂုန်ချိုင်းယီ အံ့အားသင့်သွားခဲ့သည်၊၊

မဖြစ်နိုင်တာ?----

ဒီကောင် အဲ့ဒါကို တကယ်နားလည်သွားတာလား----

သူမက လျိုဝူချန်းထက်တောင် ပိုပြီး မျှော်လင့်တကြီးဖြစ်နေခဲ့သည်၊၊

"ဒီဂိုဏ်းချုပ်ကိုလည်း ပြစမ်းပါအုန်း----"

ဂျန်ဖန်း၌ ဤကဲ့သို့မြင့်မားသည့်နားလည်ဆင်ခြင်မှုမျိုးရှိတာကို မယုံနိုင်ပေ၊၊

ဂျန်ဖန်း ခေါင်းညိတ်လိုက်ပြီး ပိုကျယ်ဝန်းသည့်နေရာကို အနည်းငယ်ရွေ့လိုက်သည်၊၊ ထို့နောက် ဖုန်းဂုချန်းကို ပြောလိုက်သည်၊၊

"ငါ့ကို ဆေးဘာတစ်ချောင်းနဲ့ ဓားတစ်ချောင်းလောက်ငှားပါ----"

ဟမ်?----

သူက နည်းလမ်းတစ်ခုထက်ပိုပြီးနားလည်ခဲ့သည်လား----

ချောင်ကျန့်လက်မခံနိင်ဖြစ်သွားပြီး အော်ပြောလိုက်သည်၊၊

"ဟန်ဆောင်နေတာရပ်လိုက်တော့၊၊ မင်း အဝါရောင်အဆင့်နိမ့်သိုင်းကျမ်းတစ်ခု နားလည်ခဲ့ရင်တောင် ဘိုးဘေးအမွေးနံ့သာကို မီးရှို့တာနဲ့အတူတူပဲ----"

"နှစ်ခုနားလည်တာလား? အိမ်မက်သာမက်နေလိုက်----"

ဂျန်ဖန်း ပြန်ဖြေဖို့ စိတ်မဝင်စားပေ၊၊

သူက အနီးမှာရှိသည့်ပြန်လည်မွေးဖွားခြင်းတောင်ထိပ်တပည့်ဆီမှ ဆေးဘာနှင့် ဓားကိုဆွဲယူလိုက်သည်၊၊

ထို့နောက် ဆေဘာကို မြေပြင်မှာစိုက်ပြီး ဓားကိုလက်ဖြင့်ကိုင်ကာ စတင်သရုပ်ဖော်တော့၏၊၊

"နေကိုထိုးဖောက်သွားသောသက်တန့်ရှည်----"

ဓားချက်နှင့်အတူ အားကောင်းသည့်ဓားချီက မြားတစ်စင်းကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်၊၊ ထို့နောက် သိပ်မဝေးသည့်နေရာမှ ထင်ရူးပင်ကို လဲကျသွားစေခဲ့သည်၊၊

"အဝါရောင်အဆင့်မြင့် ဓားသိုင်း----"

ဂုန်ချိုင်းယီ ပထမဦးစွာအော်ပြောလိုက်ပြီး သူမမျက်လုံးတွေက တောက်ပနေခဲ့သည်၊၊

လျိုဝူချန်းလည်း ကြောင်အနေခဲ့သည်၊၊ ခဏနေမှသာ ပျော်ရွင်စွာဖြင့် အူလိုက်သည်းလိုက်ရယ်လိုက်သည်၊၊

"ငါ့တပည့်ဂျန်ဖန်း, မင်းက ငါ့ကို အရမ်းဂုဏ်ယူစေတယ်----"

"အချိန်တိုလေးနဲ့ အဝါရောင်အဆင့်မြင့်ဓားသိုင်းကို နားလည်ခဲ့တယ်----"

"ဒါက ပြန်လည်မွေးဖွားခြင်းတောင်ထိပ် တပည့်တွေကို သာသွားပြီ----"

"ငါမင်းကိုတပည့်အဖြစ်လက်ခံခဲ့တာ မမှားဘူးပဲ----"

"ဟ--- ဟ--- ဟ---"

သူက ဂျန်ဖန်းကို မယုံသော်လည်း ပြန်လည်မွေးဖွားခြင်းတောင်ထိပ်အားထိုးနှက်ရမည့် အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ၊၊

ဖုန်းဂုချန်းမျက်နှာ အရုပ်ဆိုးသွား၏၊၊

ဂိုဏ်းသခင်တောင်ထိပ်ကို အရှက်ခွဲမည့် သူ့အစီအစဥ်က ဂျန်ဖန်၏ပြသမှုဖြင့် ရလဒ်က ပြောင်းပြန်ဖြစ်သွားပြီပဲဖြစ်သည်၊၊

သေစမ်း---

ချောင်ကျန့် ယုံကြည်ဖို့ခက်ခဲနေပြီး ကန့်ကွက်လိုက်၏၊၊

"စိတ်ဝိညာဥ်အမြစ်မရှိတဲ့မင်းက ငါ့ထက်မြင့်တဲ့ ဓားသိုင်းကို နားလည်ခဲ့တယ်ပေါ့----"

"ဂိုဏ်ချုပ်လျိုမင်းကို သင်ပေးခဲ့တာမလား၊၊ ပြီးတော့မှ ဒီနေရာလာပြီး ဟန်ဆောင်ပြနေလေ----"

ဂျန်ဖန်း သူ့ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်၏၊၊

သူက ဓားကိုတပည့်စီပြန်ပစ်ပေးလိုက်ပြီး မြေပြင်က ဆေဘာကိုကောက်ယူလိုက်သည်၊၊

"ကောင်းကင်အက်ကွဲခြင်းဓားချက်----"

အားကောင်းသည့်လှုပ်ရှားမှုနှင့်အတူ လေးလံသည့်ဆေဘာကို ခုတ်ချလိုက်သည်၊၊

ခရက်!

အပြာရောင်ကျောက်မြေပြင်က တစ်လက်မလောက်နက်သည်အထိ အက်ကွဲသွားခဲ့သည်၊၊

ဂုန်ချိုင်းယီမျက်လုံးတွေက ပိုလို့တောင် တောက်ပလာခဲ့သည်၊၊

"သိမ်မွေ့အဆင့်နိမ့်ဆေးဘာဓားသိုင်း----"

ဂျန်ဖန်း မရပ်တန့်ပေ၊၊

သူက ဆေဘာဓားကိုချထားပြီး လေထဲသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်၏၊၊

"ရေနဂါးအမြီး----"

ဂုန်ချိုင်းယီနောက်တစ်ဖန် အံ့အားသင့်သွားခဲ့သည်၊၊

"သိမ်မွေ့အလယ်အလတ်အဆင့်လက်သီးသိုင်း----"

ထို့နောက် ဂျန်ဖန်း သူ့ခြေထောက်ကိုလွဲယမ်းလိုက်ရာ ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်၊၊

"အလင်းခွဲခြေထောက်----"

ဂုန်ချိုင်းယီ မယုံကြည်နိုင်ဖြစ်နေပြီး ရေရွတ်လိုက်သည်၊၊

"သိမ်မွေ့အဆင့်မြင့် ခြေထောက်သိုင်း----"

တစ်ခါတည်းဖြင့် သိုင်းကွက်လေးခု ပြသပြီးနောက်-----

ဂျန်ဖန်း နောက်ဆုံးမှာရပ်တန့်လိုက်ပြီး အံ့သြနေသည့်ချောင်ကျန့်ကိုဘေးတိိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်၊၊

"ဒါတွေကကောငါ့ကို ဘယ်သူသင်ပေးလိုက်တာလဲ----"

"ငါတို့ဂိုဏ်သခင်တောင်မှာ ဆေးဘာနည်းလမ်း၊ လက်ဝါးနည်းလမ်းနဲ့ ခြေထောက်နည်းလမ်းတွေမရှိဘူး---"

ချောင်ကျန့်မျက်နှာ မကြည်မသာဖြစ်သွားသည်၊၊

စိတ်ဝိညာဥ်အမြစ်ရှိသည့်သူက စိတ်ဝိညာဥ်အမြစ်မရှိသည့်လူထက် အမှန်တကယ်နှိမ့်ကျသည်လား----

လျိုဝူချန်းလည်းကြောင်အနေခဲ့သည်၊၊ ဂျန်ဖန်းက အလွန်ခက်ခဲသည့် သိမ်မွေ့အဆင့်မြင့် ခြေထောက်နည်းလမ်းကိုတောင် နားလည်ခဲ့၏၊၊

သူက မနေနိုင်ပဲ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်၊၊

"မဟာအကြီးအကဲ, ငါဘာလို့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ကိုခေါ်ခဲ့လဲဆိုတာ မင်းသိချင်နေတာမလား----"

"အခုကောနားလည်ပြီးလား၊၊ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းကို မင်းမြင်တယ်နော်---"

"ဟ-- ဟ--- ဟ----"

သူက ဤကဲ့သို့လန်းဆန်းမှုမျိုး မခံစားရာ ကြာပြီဖြစ်သည်၊၊

ယနေ့, ဂျန်ဖန်းက ဂိုဏ်းသခင်တောင်ထိပ်အတွက် ဂုဏ်သတင်းကိုပြန်ယူပေးခဲ့ပြီး သူ့ကို အလွန်ပျော်ရွင်စေ၏၊၊

ဖုန်းဂုချန်၏အိုမင်းသည့်မျက်နှာက မဲမှောင်သွား၏၊၊

သူက ဂျန်ဖန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်၊၊

"ကောင်းပြီလေ, ကြည့်ရာတာ ငါမှားသွားပုံပဲ----"

"ဂိုဏ်းချုပ်ရဲ့အမြင်က တကယ်ကို ထူးခြားတာပဲ၊၊ ဒီလို ပြိုင်ဘက်ကင်းပါရမီရှင်ကို တပည့်အဖြစ်ယူနိုင်တယ်----"

"ငါတို့ ဘိုးဘွေးပူဇော်ပွဲမှာ ထပ်တွေ့ကြတာပေါ့-----"

ထိုမှသာ ချောင်ကျန့်အသိပြန်ဝင်လာခဲ့သည်၊၊

သူက ဂျန်ဖန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်၊၊

အစတုန်းက သူဟာ ဂျန်ဖန်းကို ဘယ်တုန်းကမှအလေးမထားခဲ့ပေ၊၊ သူက လျိုချင်းရှန်နှင့် လောင်းချင်ရုံသာဖြစ်သည်၊၊

သို့ပေမယ့် ယခု သူက ဂျန်ဖန်းကိုလည်း ကြည့်မရတော့ပေ၊၊

"ဟမ့်, မင်းက အရမ်းအထင်ကြီးစရာကောင်းတာပဲ၊၊ ဘိုးဘေးပူဇော်ပွဲမှာလဲ အခုလို လုပ်ပြနိုင်အုန်းမလားဆိုတာ ကြည့်ကြတာပေါ့----"

ဂျန်ဖန်း လက်နှောက်ပစ်ကာရပ်နေပြီး တည်ငြိမ်စွာပြောလိုက်သည်၊၊

"မစိုးရိမ်ပါနဲ့, ငါလုပ်မှာပါ----"

ဤအရာကြောင့် ချောင်ကျန့် ဒေါသတကြီး အံ့ကြိတ်လိုက်ပေမယ့် အကူအညီမဲ့သလိုခံစားလိုက်ရ၏၊၊

ယနေ့ဂျန်ဖန်းက အမှန်တကယ်ပဲ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်တပည့်တွေကို ကျော်တက်သွားခဲ့၏၊၊

လျိုဝူချန်းစိတ်အခြေအနေကောင်းနေပြီး မေးလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, ငါ့တပည့်ဘယ်လိုနေလဲ----"

သူက ပေါ်တင်ပဲ ကြွားဝါလိုက်၏၊၊

ဂုန်ချိုင်းယီ သူမမနာလိုမှုကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပေ၊၊

"ရာစုနှစ်ကြာမှာ တစ်ခါပေါ်ထွက်ခဲတဲ့ ပါရမီရှင်ပဲ၊၊ ဒီဂိုဏ်းချုပ်မှာသာ ဒီလိုတပည့်မျိုးရှိရင်---"

အာ----

လျိုဝူချန်းအံ့အားသင့်သွားသည်၊၊

ရာစုနှစ်ကြာမှ တစ်ခါပေါ်ထွက်ခဲတဲ့ပါရမီရှင်လား----

ဒါက သိုင်းကျမ်းအပိုင်းအစလေးအချို့နားလည်ရုံလေးပဲ မဟုတ်ဘူးလား----

ထိုကဲ့သို့ချဲ့ကားပြောဖို့မလိုပေ၊၊

သူက သုန်မှုန်စွာဖြင့် တိတ်ဆိတ်သွားခဲ့သည်၊၊

ဂိုဏ်းသခင်တောင်ထိပ်ပြန်ရောက်ပြီး----

ထမင်းစားပြီးနောက် ဂျန်ဖန်း သူ့နေရာသို့ ပြန်ရောက်လာခဲ့သည်၊၊

သူက ကြီးမားသည့်ကျောက်ဆောင်ကြီးတစ်ခုရှေ့၌ မတ်တပ်ရပ်နေခဲ့၏၊၊ ထို့နောက် အသက်ရူသံကိုထိန်းညှိကာ အာစုံစုစည်းပြီး ယနေ့သူမြင်ခဲ့သည့် မြေကမ္ဘာအဆင့် လက်ချောင်းသိုင်းကို ပြန်မြင်ယောင်လိုက်၏၊၊

မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းက သူ့ဘာသာပျောက်ကွယ်သွားသည်ဟု လူတိုင်းကထင်ကြ၏၊၊

တကယ်တော့ ဂျန်ဖန်း ထိုအရာကို နားလည်ခဲ့၏၊၊

မြေကမ္ဘာအဆင့်သိုင်းကျမ်းနားလည်ခြင်းက အံ့အားသင့်မှုကိုကျော်နေမှာတွေးပြီး သူက လူရှေ့မှာချမပြခဲ့ချင်းဖြစ်၏၊၊

သူကျင့်ကြံနေစဥ်----

ဂုန်ချိုင်းယီတို့ဆရာတပည့်နှစ်ယောက် ဂျန်ဖန်းနေရာကို လာနေကြသည်၊၊

"ဆရာ, နင်က ဂျန်ဖန်းကို တပည့်အဖြစ် လက်ခံချင်တာလား----"

ယွမ်ကျီယု မယုံနိုင်ဖြစ်နေသည်၊၊

လမ်းလျှောက်ထွက်ဖို့အခွင့်အရေးကိုအသုံးချပြီး ဂုန်ချိုင်းယီ ဂျန်ဖန်းနေရာကို တည့်တည့်မတ်မတ် ရောက်လာခဲ့သည်၊၊

သူမက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး တွေဝေနေခဲ့သည်၊၊

"ငါစဥ်းစားတုန်းပါ----"

"အဆုံးမှာတော့ ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းက အမျိုးသမီးတပည့်တွေပဲ လက်ခံတာလေ၊၊ အမျိုးသားတပည့်တွေကို ဘယ်တော့မှ လက်မခံခဲ့ဘူး---"

"ဒါပေမယ့် ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ မြေကမ္ဘာအဆင့်ဘိုးဘေးသိုင်းကျမ်း---- ဒါကို တည်ထောင်သူဘိုးဘေးပြီးကတည်းက ဘယ်သူမှ နားမလည်တော့ဘူး၊၊ ဂျန်ဖန်းက ကူညီပေးကောင်းပေးနိုင်လောက်တယ်----"

သူမကဂျန်ဖန်းကို တပည့်အဖြစ်လက်ခံရမလား မခံရဘူးလားဆိုတာ စဥ်းစားနေဆဲဖြစ်ပြီး ဆုံးဖြတ်ရခက်ခဲနေခဲ့သည်၊၊

သိမ်မွေ့အဆင့်မြင့်ခြေထောက်နည်းလမ်း နားလည်တာက အချိန်သာပေးလျှင် မြေကမ္ဘာအဆင့်နည်းလမ်းကိုနားလည်မည်ဟု မဆိုလိုပေ၊၊

သို့ပေမယ့် ဤကဲ့သို့လုပ်တာက ဘိုးဘေးစည်းမျဥ်းကိုချိုးဖောက်ရာရောက်၏၊၊

ယွမ်ကျီယု သဘောမကျစွာပြောလိုက်သည်၊၊

"ဆရာ, အရမ်းကြီးမတွေးပါနဲ့----"

"သိမ်မွေ့အဆင့်မြင့်နဲ့ မြေကမ္ဘာအဆင့်က လုံးဝမတူညီတဲ့ အရာတွေပါ---"

"အများဆုံး ဂျန်ဖန်းက သိမ်မွေ့အဆင့်မြင့်ပဲ နားလည်နိုင်မှာပါ၊၊ မြေကမ္ဘာအဆင့်က မဖြစ်နိုင်လုနီးပါးပဲ----"

နှစ်ယောက်သားစကားပြောရင်းဖြင့် လမ်းလျှောက်လာကြပြီး ဂျန်ဖန် နေရာကို ရောက်လာကြ၏၊၊

ပေါ့ပေါ့ပါးပါးပဲ အပေါကိုမော့ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက်လုံး နေရာမှာပဲ အံ့အားသင့်သွားကြသည်၊၊

All Chapters