စိတ်ဝိညာဥ်သားရဲလေး၏ရည်
Vol. 8 Ch. 111
ဂျန်ဖန်း ကြီးမားသည့်ကျောက်တုံးကြီးကို သာမန်အတိုင်းညွှန်ပြလိုက်သည့်အခါ ထူးဆန်းသည့်အားတစ်ခုက သူ့လက်ချောင်းပတ်လည်မှာမှိန်ဖျော့ဖျော့ရစ်ပတ်လာခဲ့သည်၊၊
ထို့နောက် အလွန်ကြီးမားသည့်ကျောက်တုံးကြီးက သူ့လက်ချောင်းအောက်၌ တို့ဖူးတစ်ခုကဲ့သို့ထိုးဖောက်ခံလိုက်ရ၏၊၊
လက်ချောင်းအားကရပ်တန့်မသွားပဲ မီတာဝက်လောက်ထူသည့် ကျောက်တုံးတစ်ခုကို လျှင်အမြန်ပဲထိုးဖောက်သွားကာ ရှေ့နောက်ဖြောင့်တန်းသည့် အပေါက်တစ်ခုဖြစ်သွားစေခဲ့သည်၊၊
သူတို့ မြေကမ္ဘာအဆင့်သိုင်းကျမ်းကို တစ်ခါမှမမြင်ဘူးပေမယ့် ဆရာတပည့်နှစ်ယောက်လုံး ထိုလက်ချောင်းသိုင်းက သိမ်မွေ့အဆင့်မဟုတ်ဘူးဆိုတာ အတိအကျသိ၏၊၊
"မြေကမ္ဘာအဆင့်သိုင်းကျမ်း----"
ယွမ်ကျီယု ပင့်သက်ရှိုက်လိုက်သည်၊၊
ဂုန်ချိုင်းယီလည်း အပြင်းအထန်တုန်လှုပ်နေခဲ့သည်၊၊ တိမ်စိမ်းဂိုဏ်း၌ မည်သူမှ မြေကမ္ဘာအဆင့်သိုင်းကျမ်းကို နားမလည််ပေ၊၊
ဂျန်ဖန်းကတော့ လမ်းညွှန်မှုမရှိပဲနှင့် သူ၏ပထမဆုံးကြိုးစားမှုမှာတင် ထိုအရာကို မိုခယ်ကျောက်တုံးမှနားလည်သွားခဲ့သည်၊၊
ဤအရာက ဘယ်လိုကောင်းကင်ကိုဆန့်ကျင်နေသည့် နားလည်နိုင်စွမ်းနည်း၊၊
"ဒီကောင်လေးကို တပည့်အဖြစ်ယူကိုယူရမယ်----"
ဂုန်ချိုင်းယီအသက်ရှုရပ်မလိုဖြစ်သွားသည်၊၊
နောက်ထပ်တွေဝေနေဖို့မလိုတော့ပေ၊၊
ဤကဲ့သို့ကမ္ဘာတုန်လုပ်နိုင်သည့်ပါရမီဖြင့် မည်သူက ဘိုးဘေးစည်းမျဥ်းတွေကို ဂရုစိုက်နေတော့မည်နည်း၊၊
ယွမ်ကျီယု သူမအနီရောင်နှုတ်ခမ်းလေးကို ကာလိုက်ပြီး သူမ၏ပင်ကိုယ်စွဲအယူအဆတွေလုံးဝ ပျောက်ကွယ်သွားခဲ့သည်၊၊
ဤကဲ့သို့လူမျိုးကို သင်က ခိုးလို့တောင်ရ၏၊၊
ကျား၊မတွေလောက်တော့ မည်သူက ဂရုစိုက်နေမည်နည်း၊၊
"ဒါပေမယ့်ဆရာ, သူက တိမ်စိမ်းဂိုဏ်းရဲ့တပည့်တစ်ယောက်လေ၊၊ နင်သူ့ကိုတပည့်အဖြစ်လက်ခံချင်ရင် ဂိုဏ်းသခင်လျိုသဘောတူလားမေးဖို့လိုလိမ့်မယ်----"
ယွမ်ကျီယု မှင်တက်စွာဖြင့် ရုတ်တရက် ပြောလိုက်သည်၊၊
အခြားဂိုဏ်းမှတပည့်ခိုးတာက လွယ်ကူမည်တဲ့လား----
ဂုန်ချိုင်းယီ အသိပြန်ဝင်လာပြီး ထိုအရာက ခက်ခဲတာကို သူမလည်းသိလိုက်သည်၊၊
"ဒီလိုထူးချွန်တဲ့တပည့်မျိုးကိုခေါ်သွားဖို့က လွယ်မှာတော့မဟုတ်ဘူး---"
"ဒီကစ္စက ရေရှည်အစီအစဥ်ဆွဲဖို့လိုတယ်----"
ထိုအရာအားလုံးကို ဘာမှမသိပဲ ဂျန်ဖန်းက အပေါက်ကို ကျေနပ်စွာဖြင့်ကြည့်နေခဲ့သည်၊၊
"မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းရဲ့ စွမ်းအားက တကယ်ထူးခြားတာပဲ----"
"အကွက်တစ်ကွက်ပဲရှိတာတော့ စိတ်မကောင်းစရာပဲ----"
ဂျန်ဖန်း တစ်ယောက်တည်းရေရွတ်နေ၏၊၊ ထို့နောက် တစ်ဖက်လှည့်ပြီး သူ့အခန်းကို ပြန်သွားလိုက်သည်၊၊
အခန်းပြန်ရောက်သည့်အခါ ဂျန်ဖန်း ခေါင်းမှမီးခိုးတွေထွက်တော့မတတ် အလွန်ဒေါသထွက်သွားခဲ့သည်၊၊
အခန်းက ခြစ်ရာတွေနှင့်ပြည့်နေပြီး လက်ဖက်ရည်စားပွဲနှင့် ကုလားထိုင်တွေကို ကိုက်ဝါးထားခဲ့သည်၊၊ အိပ်ယာခင်းတွေလည်း ဖွာလန်ကျဲနေပြီး အဝတ်တွေလည်း စုတ်ပြဲနေခဲ့သည်၊၊
မေးစရာမလိုတော့ပေ၊၊ ထိုအရာက စိတ်ဝိညာဥ်သားရဲလေး ဝင်ရောက်ပြီး လက်စားချေသွာတာပဲဖြစ်သည်၊၊
"ခွေးမသားအသေးလေး၊၊ ငါမင်းကို ဘယ်လို ပညာပေးမလဲဆိုတာ ကြည့်နေလိုက်---"
သူက တောင်အောက်ကိုပြေးဆင်းပြီး ဆေးပင်ဝယ်လိုက်၏၊၊ ထို့နောက် တံခါးပိတ်ကာ သန့်စင်တော့၏၊၊
ခဏကြာပြီးနောက်----
မီးကဲ့သို့နီရဲပြီး ကျောက်စိမ်းလိုလှပသည့် ပဲစေ့အရွယ်ဆေးလုံးတစ်ဒါဇင်က သူ့လက်ဝါးထဲမှာပေါ်လာခဲ့သည်၊၊
၎င်းတို့က မလွန်ဆန်နိုင်သည့်ဆွဲဆောင်မှတစ်ခုထွတ်လွတ်နေပြီး လူတစ်ယောက်ကို တစ်ကိုက်လောက်စားချင်စိတ်ပေါ်လာစေ၏၊၊
သို့ပေမယ့် ဤပစ္စည်းက အရမ်းကာရောစားလို့မရပေ၊၊
ဤအရာက နတ်ဆိုးသားရဲတွေအတွက် အထူးဖြစ်သည့် ခြေသုံးလှမ်းယစ်မူးဆေးဖြစ်သည်၊၊
တစ်လုံးတည်းကတောင် နတ်ဆိုးသားရဲတစ်ကောင်ကို ချက်ချင်းသတိလစ်သွားစေ၏၊၊
ဂျန်ဖန်း တစ်ခဏတွေးလိုက်ပြီး ခြေသုံးလမ်းယစ်မူးဆေးတွေကို ကျေက်စိမ်းပုလင်းတစ်ခုထဲထည့်လိုက်သည်၊၊
သူက အဟသေးသေးလေးတစ်ခု ဖွင့်ထားပြီး တင်းတင်းကြပ်ကြပ်မပိတ်မိသလို ဟန်ဆောင်လိုက်၏၊၊ ထို့နောက် ခေါင်းအုံးအောက်မှာထားလိုက်သည်၊၊
ဤစိတ်ဝိညာဥ်သားရဲလေးက အတော်လည်တာဖြစ်သည်၊၊
သူသာမြေပြင်ပေါ်အဆင်ခြင်မဲ့ကျဲထားလျှင် သံသယဝင်မည်ပဲဖြစ်သည်၊၊
ထိုကောင်လေးကကိုယ်တိုင်ရှာတွေ့မှပဲ ကံကောင်းသည်ဟု ထင်မှာဖြစ်သည်၊၊
အရာရာပြင်ဆင်ပြီးနောက်---
သူက ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးထုတ်ကာ သောက်လိုက်၏၊၊ ထို့နောက်ချက်ချင်းပဲ နဂါးရှာဖွေကျမ်းကိုအသက်သွင်းပြိး ဆေးလုံးမှစိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူတော့၏၊၊
ကျင့်ကြံပြီးသည့်အခါ ညသန်းခေါင်ကိုရောက်နေပြီဖြစ်သည်၊၊
ဂျန်ဖန်း မအံ့သြပဲမနေနိုင်ဖြစ်သွားသည်၊၊
"ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးတစ်လုံးက ငါ့နယ်ပယ်ရဲ့ ဆယ်ပုံတစ်ပုံတောင် တိုးမြှင့်မပေးနိုင်ဘူး---"
အခြေခံတည်ဆောက်ခြင်းနယ်ပယ်ရောက်ပြီးနောက် တိုးတက်ဖို့က ကောင်းကင်ကိုတက်ရသကဲ့သို့ခက်ခဲလာ၏၊၊
ထို့ပြင် ဤအရာက ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးဖြစ်၏၊၊
သာမန်အခြေခံတည်ဆောက်ခြင်းဆေးလုံးဆိုလျှင် အကျိုးသက်ရောက်မှုက အလွန်နိမ့်ကျမည်ပဲဖြစ်သည်၊၊
သူက မကျေနပ်နိုင်ဖြစ်နေပြီး ဂုန်ချိုင်းယီပေးသည့် မြေကမ္ဘာဖီးနစ်မြက်အရည်ကို ထုတ်ကာ တစ်ချိုက်တည်း သောက်ချလိုက်၏၊၊
ဤအရာက စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ အထူးပစ္စည်းဖြစ်ပြီး အဖိုးမဖြတ်နိုင်ပေ၊၊
၎င်း၏အကျိုးသက်ရောက်မှုက အံ့သြစရာကောင်းပြီး ဆေးစွမ်းအားကို ပြိုင်ဘက်ကင်း စိတ်ဝိညာဥ်စွမ်းအင်အဖြစ် ပြောင်းလဲပေး၏၊၊
သာမန်လူသာဆိုရင် ရုတ်တရက်စုပြုံဝင်လာသည့် ဤလောက်များပြားသည့်စိတ်ဝိညာဥ်စွမ်းအင်တွေကို တစ်ခါတည်းစုပ်ယူနိုင်ဖို့ ခက်ခဲမည်ဖြစ်သည်၊၊
အနည်းဆုံးတစ်ဝက်လောက်က အလေအလွင့်ဖြစ်သွားမည်ဖြစ်သည်၊၊
သို့ပေမယ့် ဂျန်ဖန်း၏အနန္တစိတ်ဝိညာဥ်အမြစ်၊ သိမ်မွေ့အဆင့်မြင့်ကျင့်စဥ်တို့နှင့်ရင်ဆိုင်ရာ၌ ဤစိတ်ဝိညာဥ်စွမ်းအင်အားလုံး တစ်ခုမှမလွတ်မြောက်ပေ၊၊
တစ်ရက်ကုန်သွား၏၊၊
ဂျန်ဖန်းမျက်လုံးတွေ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်၊၊
သူ့ပတ်လည်က လေထုကလည်ပတ်နေပြီး ရုတ်တရက် အခြေခံတည်ဆောက်ခြင်း အဆင့် ၄ ကို ရောက်ရှိသွားခဲ့သည်၊၊
"မြေကမ္ဘာဖီးနစ်မြက်အရည်က မျှော်လင့်ထားတဲ့အတိုင်းပါလား----"
ဂျန်ဖန်း အံ့အားသင့်စွာပြောလိုက်သည်၊၊
"နောက်ထပ်တစ်ပုလင်းလောက်ရရင် ကောင်းမှာပဲ---"
ဂုန်ချိုင်းယီ၏ကတိကိုတွေးပြီး သူမမပြန်ခင် နောက်ထပ်တစ်ပုလင်းပေးအုန်းမလားဆိုတာ မျှော်လင့်နေမိ၏၊၊
နောက်တစ်နေ့မနက်စောစော၌----
ဂျန်ဖန်း ဂုန်ချိုင်းယီကို တိမ်စိမ်းဂိုဏ်းသို့ ဆက်လက်လိုက်ပြ၏၊၊
ဤတစ်ချိန်ဂျန်ဖန်းကို ပဟေဋိဖြစ်စေတာက ယွမ်ကျိယုသာမက သူအစောပိုင်းဆုံတွေ့ဖူးသည့် အမျိုးသမီးတပည့်များစွာလည်း လိုက်ပါလာခဲ့သည်၊၊
ထို့ပြင်, တောင်ထိပ်တစ်ခုချင်းစီတိုင်း၌ ထိုတပည့်တွေက ခွဲထွက်သွားပြီး သီခြားလုပ်ဆောင်ကြ၏၊၊
"ဂိုဏ်းချုပ်ဂုန်, မင်းတို့တစ်ခုခုရှာနေတာလား----"
ဂျန်ဖန်း ဉာဏ်မကောင်းလျှင်တောင် အချို့သဲလွန်စတွေကို မြင်နိုင်တာပဲဖြစ်သည်၊၊
ဂုန်ချိုင်းယီမျက်လုံးတွေ အလင်းတစ်ချက်လက်သွားပြီး ပြောလိုက်သည်၊၊
"မင်းအတွေးလွန်နေပြီ----"
သူမထပ်ပြောချင်စိတ်မရှိတာကိုမြင်သည့်အခါ ဂျန်ဖန်းလည်း ထပ်မမေးတော့ပေ၊၊
သူတို့လုပ်ရပ်တွေကို ဂိုဏ်ချုပ်သေချာပေါက်မြင်မှာဖြစ်ပြီး ဂိုဏ်းကိုကိုင်တွယ်ခိုင်းလိုက်တာပိုကောင်း၏၊၊
သူက သူ့လိုက်ပြရမည့်အလုပ်လုပ်ရုံပင်ဖြစ်သည်၊၊
ညနေစောင်းသည့်အခါ----
ဂျန်ဖန်း သူ့နေရာသို့ပြန်ရောက်လာပြီး အတော်လေးပင်ပန်းနေပြီဖြစ်သည်၊၊
အထဲ၌ရှုပ်ပွနေတာမြင်သည့်အခါ ပျော်ရွင်သွားခဲ့သည်၊၊
ထိုစိတ်ဝိညာဥ်သားရဲလေးပြန်လာပြီဖြစ်သည်၊၊
တံခါးဖွင့်ပြီး အထဲကိုကြည့်လိုက်သည့်အခါ----
အတိအကျပင်, စိတ်ဝိညာဥ်သားရဲလေး အိပ်ယာပေါ်မှာမှောက်ပြီး ကျယ်လောင်စွာဟောက်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်၊၊
၎င်းဘေး၌ ခြေသုံးလှမ်းယစ်မူးဆေးတွေ ပြန့်ကျဲနေခဲ့သည်၊၊
"ကောင်စုတ်လေး, နောက်ဆုံးတော့ မင်း ငါ့လက်ထဲပြန်ရောက်ပြီပေါ့, ဟမ့်----"
သူက ပြင်ဆင်ထားသည့် ထူးဆန်းသည့်သံမဏိကြိုးတစ်ခုကို ထုတ်ယူလိုက်ပြီး တင်းကြပ်စွာချည်နှောင်လိုက်၏၊၊
ဤတစ်ချိန် ၎င်းသွားတွေဘယ်လောက်ထက်ထက်ကိစ္စမရှိပေ၊၊ ထိုကောင်ကြိုးကို ကိုက်ဖြတ်နိုင်မည်မဟုတ်ပေ၊၊
အချိန်ဘယ်လောက်ကုန်သွားမှန်မသိပေ၊၊
စိတ်ဝိညာဥ်သားရဲလေးက မှုန်ကုတ်ကုတ်ဖြင့် ၎င်း၏ အဖြူအနက်မျက်လုံးတွေကို ဖွင့်လိုက်သည်၊၊ အနား၌ဓားသွေးသံကြားသည့်အခါ သူရုတ်တရက် လန့်သွား၏၊၊
သေချာကြည့်လိုက်တော့ ဂျန်ဖန်း မီးဖိုချောင်သုံးဓားတစ်ချောင်းကို သွေးနေတာပဲဖြစ်သည်၊၊
သူ့ဘေး၌ ရေနွေးအိုးတစ်အိုးလည်း ပွက်ပွက်ဆူနေခဲ့သည်၊၊
သူ့ကိုသူ တဖန်ပြန်ကြည့်လိုက်သည့်အခါ တင်းကြပ်စွာချည်နှောင်ထားခံရပြီး လှုပ်ရှားလို့မရပေ၊၊
ချစ်! ချစ်! ချစ်!
၎င်းက ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး သံကြိုးကိုကိုက်ဖြတ်ဖို့ ကြိုးစားလိုက်၏၊၊ သို့ပေမယ့် သူ့သွားတွေတာ ကြိုးမလိုဖြစ်သွားခဲ့သည်၊၊
ဂျန်ဖန်းမီးဖိုချောင်သုံးဓားကိုကိုင်ကာ လှည့်လာပြီး ၎င်း၏လုံးဝန်းသည့်ဝမ်းဗိုက်ပေါ်မှာ အမူအရာအချို့လုပ်ပြလိုက်၏၊၊
"အလျားလိုက်ဖြတ်သင့်လား, ဒါမဟုတ် ဒေါင်လိုက်ဖြတ်သင့်လား---"
"အသားက ငါးညှီနံ့များနံမလားမသိဘူးနော်---"
"ပေါင်းရင်မွှေးလောက်တယ်၊၊ ဒါမှမဟုတ်လည်းကြော်စားရင် အရသာရှိလောက်မလားပဲ----"
စိတ်ဝိညာဥ်သားရဲလေးနားလည်သွားပြီး ကြောက်လန့်တကြားလူးလိမ့်ကာ အထိန်းချုပ်ကင်းမဲ့စွာအော်ဟစ်နေခဲ့သည်၊၊
ထိုအရာက ကျယ်လောင်စွာကျိန်ဆဲနေသကဲ့သို့ပင်၊၊
ဂျန်ဖန်း တစ်ခစ်ခစ်ရယ်လိုက်၏၊၊
"ခေါင်းမာနေတုန်းပဲလား? ကောင်းပြီလေ, ဒါဆိုလည်း ပြုတ်ကျတာပေါ့--"
သူက စိတ်ဝိညာဥ်သားရဲလေး၏ခြေထောက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ပွက်ပွက်ဆူနေသည်ရေနွေးအိုးပေါ်မြောက်ထားလိုက်သည်၊၊
လွတ်သာချလိုက်လျှင် ထိုကောင်ကျက်ပြီပဲဖြစ်သည်၊၊
ဤအရာကြောင့် နောက်ဆုံးမှာတော့ စိတ်ဝိညာဥ်သားရဲလေး ကြောက်လန့်သွားခဲ့သည်၊၊
၎င်းက ဂျန်ဖန်းကို တောင်းပန်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊၊
"အခု မင်းကြောက်ပြီမလား---"
ဂျန်ဖန်း ထိုကောင့်ကိုမထားပြီးပြောလိုက်သည်၊၊
"ဒါပေမယ့် မင်းကိုဘယ်လိုလုပ်ရင်ကောင်းမလဲ စဥ်းစားမရသေးဘူး----"
"လွတ်ပေးလိုက်ရင် မင်းက ပြဿနာလိုက်ရှာမယ်----"
"မွေးထားဖို့ကျတော့လည်း မင်းက ဘာမှသုံးစားလို့ရတဲ့ကောင်မဟုတ်ဘူး----"
"သတ်ပစ်လိုက်တာပဲ ပိုကောင်းပါတယ်----"
ပြောပြီးနောက် သူက ထိုကောင့်ကို အိုးထဲပစ်ထည့်ဖို့ ပြင်လိုက်၏၊၊
စိတ်ဝိညာဥ်သားရဲလေး ကြောက်လန့်မှုကြောင့် တုန်ယင်သွားပြီး ၎င်းခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အလင်းလွာတစ်ခုပေါ်လာခဲ့သည်၊၊
ခဏကြာပြီးနောက်----
၎င်းကိုချည်နှောင်ထားသည့်သံကြိုးနှင့်အတူ ပျောက်ကွယ်သွားပြီး ဂျန်ဖန်း လေကိုသာကိုင်မိလိုက်၏၊၊
ကြောင်အ---
ဖုတ်!
အသံနှင့်အတူ သံကြိုးဖြင့်ချည်နှောင်ခံထားရသည့် စိတ်ဝိညာဥ်သားရဲလေး တံခါးကိုတိုက်မိပြီးပြုတ်ကျတာကို မြင်လိုက်ရသည်၊၊
"ဘာဖြစ်သွားတာလဲ----"
ဂျန်ဖန်း လုံးဝကို အံ့အားသင့်နေခဲ့သည်၊၊
စိတ်ဝိညာဥ်သားရဲလေးက ၎င်း၏ဝှက်ဖဲကို နောက်တစ်ကြိမ်ထပ်လုပ်လိုက်၏၊၊
ဤတစ်ချိန်၌ ဂျန်ဖန်းရှင်းရှင်းလင်းလင်းမြင်လိုက်သည်၊၊ စိတ်ဝိညာဥ်သားရဲလေးက နေရာမှာပျောက်ကွယ်သွားပြီး အခြားနံရံတစ်ခုမှာပြန်ပေါ်လာခဲ့သည်၊၊
၎င်းက နံရံကိုဖြတ်ဖို့ကြိုးစားနေတာပဲဖြစ်သည်၊၊
သို့ပေမယ့် သူနှင့်အတူ သံကြိုးကိုယူမသွားနိုင်ဖြစ်နေခဲ့၏၊၊
ထို့ကြောင့်သူက ပိတ်ဆို့ခံရပြီး နောက်ကိုပြန်လွင့်လာခဲ့သည်၊၊
"လေဟာနယ်စွမ်းရည်လား----"
ဂျန်ဖန်းပင့်သက်ရှိုက်လိုက်သည်၊၊