သခင်အဖြစ်အသိအမှတ်ပြုခြင်း
Vol. 8 Ch. 112
သူကလုံးဝကိုမယုံကြည်နိုင်ဖြစ်နေခဲ့သည်၊၊
ဤစိတ်ဝိညာဥ်သားရဲလေး၏အရည်အချင်းက အမှန်တကယ်ပဲ လေဟာနယ်ရွေ့ပြောင်းခြင်းဖြစ်၏၊၊
နေအိမ်ပတ်လည်ကအတားအဆီးတွေကို လျှစ်လျူရှုပြီး ထိုကောင်အမြဲလွတ်လွတ်လပ်လပ် သွားလာနေတာ အံ့သြစရာမရှိတော့ပေ၊၊
စိတ်ဝိညာဥ်သားရဲလေးနောက်တစ်ကြိမ်ထွက်ပြေးတော့မည်ကိုမြင်သည့်အခါ ဂျန်ဖန်း အလျှင်အမြန်ပြေးသွားပြီး ဖိထားလိုက်သည်၊၊
"ကောင်လေး, ပြေးချင်နေတုန်းပဲလား----"
ထွက်လမ်းမရှိတော့တာမြင်သည့်အခါ စိတ်ဝိညာဥ်သားရဲလေး တောင်းပန်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်၊၊
ဂျန်ဖန်း သူ့မေးစေ့ကိုပွတ်လိုက်ပြီး ပြောလိုက်သည်၊၊
"ကြည့်ရတာမင်းက နည်းနည်း အသုံးဝင်သားပဲ၊၊ သတ်ရမှာနှမြောစရာကောင်းတယ်----"
"ဒါပေမယ့် ငါမင်းကိုမသတ်ဘူးဆိုရင် မင်းက နောက်တစ်ကြိမ်ထွက်ပြေးဖို့ကြိုးစားလိမ့်မယ်----"
ထိုအရာကိုကြားသည့်အခါ----
စိတ်ဝိညာဥ်သားရဲလေး ချက်ချင်းပဲ သူ့နဖူးကို ဂျန်ဖန်းဆီထိုးပေးလိုက်သည်၊၊
သူ့နဖူးမွှေးအောက်၌ တြိဂံပုံ မှိိန်ဖျော့ဖျော့အဖြူရောင်အလင်းတန်းတစ်ခုရှိနေခဲ့သည်၊၊
"မင်းက ငါ့ကို သခင်အဖြစ်အသိအမှတ်ပြုချင်တာလား---"
ဤအရာဟာ နတ်ဆိုးသားရဲတစ်ကောင် သခင်အဖြစ်အသိအမှတ်ပြုဖို့ တောင်းဆိုနေတယ်ဆိုတာ ဂျန်ဖန်းသိ၏၊၊
အဖြူရောင်အလင်းတန်းထဲသို့ စိတ်ဝိညာဥ်တစ်မျှင်လောက်ထည့်သွင်းရုံဖြင့် နတ်ဆိုးသားရဲဖြင့် စိတ်ဝိညာဥ်ချိတ်ဆက်မှု ပြုလုပ်နိုင်မည်ဖြစ်သည်၊၊
တစ်ချိန်တည်းမှာပဲ နတ်ဆိုးသားရဲ၏ခန္ဓာထဲမှာ ကျန်ရှိခဲ့သည့် ထိုစိတ်ဝိညာဥ်အမျှင်တန်းက နတ်ဆိုးသားရဲကို ထိခိုက်အောင် ပြုလုပ်နိုင်၏၊၊
ဤနည်းဖြင့် နတ်ဆိုးသားရဲကို ထိန်းချုပ်နိုင်၏၊၊
သို့ပေမယ့် သခင်၏ဝိညာဥ်က နတ်ဆိုးသားရဲ၏ဝိညာဥ်ထက်ပိုသန်မာရမည်ပဲဖြစ်သည်၊၊
မဟုတ်လျှင် သားရဲက သခင်၏ ဝိညာဥ်အမှတ်အသားကို အချိန်မရွေးဖျက်ပစ်လို့ရတာဖြစ်ပြီး နောက်ဆုံးမှာဆရာကို ဆန့်ကျင်နိုင်၏၊၊
သူက ဘယ်လိုလုပ်တွေဝေနေမည်နည်း၊၊
ချက်ချင်းပဲ စိတ်ဝိညာဥ်တစ်မျှင်ထုတ်ကာ အဖြူရောင်အလင်းတန်းထဲကို ထည့်သွင့်လိုက်၏၊၊
ထိုအခါ သူက ချက်ချင်းပဲ စိတ်ဝိညာဥ်သားရဲလေး၏အတွေးတွေကို ခံစားမိ၏၊၊
"မင်းရွံံစရာကောင်းတဲ့ကောင်, ဒီသခင်လေးက အခုတော့ သည်းခံလိုက်အုန်းမယ်----"
"မင်းသတိလွတ်တဲ့အချိန် ဒီသခင်လေးက မင်းကို အံ့အားသင့်စရာကြီးတစ်ခု ပေးမယ်---"
"လူသားလေးတစ်ယောက်ဖြစ်တဲ့မင်းက ငါသခင်လေးဆီမှာ ဝိညာဥ်အမှတ်အသားလုပ်နိုင်မယ်ထင်နေတာလား----"
အကောင်လေး၏အတွေးတွေကိုကြားသည့်အခါ ဂျန်ဖန်း ခပ်ဖွဖွပြုံးလိုက်သည်၊၊
"မင်းကြိုးစားကြည့်လို့ရတယ်----"
စိတ်ဝိညာဥ်သားရဲလေးချက်ချင်းကြောက်ရွံ့သွားခဲ့သည်၊၊
သူ့အတွေးတွေပေါ်သွားပြီဆိုတာ သိသွားသည့်အခါ သားရဲလေး အလျှင်အမြန်ပဲ ဂျန်ဖန်း ဝိညာဥ်အမှတ်အသားကို ဖျက်ဖို့ကြိုးစားတော့၏၊၊
သို့ပေမယ့် ကြိုးစားလေလေ သူလုံးဝထိပ်လန့်လာလေလေဖြစ်သည်၊၊
သူ၏ကိုယ်ပိုင်ဝိညာဥ်စွမ်းအားဖြင့် ထိုအရာကို လုံးဝမဖျက်ပစ်နိုင်ပေ၊၊
"ဘာ---, ဒီရွံံစရာကောင်းတဲ့ကောင်ရဲ့ ဝိညာဥ်စွမ်းအားက ငါ့ထက်သန်မာတာလား----"
အကြိမ်ကြိမ်ကြိုးစားကြည့်ပေမယ့် အားလုံး အချည်းနည်းသာဖြစ်သည်၊၊
တစ်ဖက်မှာတော့ ဂျန်ဖန်း၏အတွေးလေးတစ်ခုက သားရဲလေးကိုနာကျင်စွာ အော်ဟစ်သွားစေ၏၊၊
ဓားမြှောင်တစ်ခုဖြင့် သူ့ဦးနှောက်ထဲကို ထိုးသွင်းနေသကဲ့သို့ဖြစ်သည်၊၊
တစ်ခဏအတွင်းမှာပဲ အလွန်နာကျင်လာပြီး သာရဲလေး မြေပြင်မှာလူးလှိိမ့်နေခဲ့သည်၊၊
၎င်းက စိတ်ထဲကနေ အသနားခံလိုက်၏၊၊
"ချီလင်းလေးမှားသွားပါတယ်၊၊ သခင်, ငါ့ကို ခွင့်လွတ်ပေးပါ---"
ထိုကောင်အရှုံးပေးတာမြင်သည့်အခါ ဂျန်ဖန်း ရပ်လိုက်၏၊၊ သူကပန်ဒါကဲ့သို့ဖောင်းကားနေသည့် ထိုကောင့်ကိုကြည့်ပြီး ပြောလိုက်သည်၊၊
"မင်းကချီလင်းပေါ့---"
ခေါင်းမှခြေဖျားအထိ ထိုကောင်က ချီလင်းနှင့် နည်းနည်းမှမတူပေ၊၊
ချီလင်းလေးနာကျင်စွာညည်းညူလိုက်၏၊၊
"အသွင်းအပြင်မမိုက်တာနဲ့ပဲ နာမည်ခမ်းခမ်းနားနားတွေမရှိရတော့ဘူးလား----"
အာ---
အသွင်အပြင်မရှိပဲနဲ့ နာမည်ကအလုပ်ဖြစ်မှာတဲ့လား----
"မင်းက ဘာသားရဲအမျိုးအစားလဲ----"
ဂျန်ဖန်း သိချင်စွာဖြင့်မေးလိုက်သည်၊၊
ချီလင်လေး ခေါင်းခါးယမ်းပြီးတွေးလိုက်သည်၊၊
"ငါလည်းမသိဘူး၊၊ ငါကတစ်ယောက်တည်းမွေးလာတာ၊၊ နောက်ဆုံးအကြိမ်တုန်းက နတ်ဆိုးသားတွေနဲ့ လူသားကျွမ်းကျင်သူတွေအများကြီး ငါ့ကိုလိုက်ဖမ်းနေကြလို့ ဒီနေရာကို ကပ်သီလေးလွတ်မြောက်လာတာ----"
ဂျန်ဖန်း စဥ်းစားပြီးပြောလိုက်သည်၊၊
"လေဟာနယ်စွမ်းအားရှိတဲ့ နတ်ဆိုးသားရဲမျိုးနွယ်အများကြီးမရှိဘူး----"
"အချိန်ရှိရင် ငါမင်းကိုကူရှာပေးမယ်----"
"ကောင်းပြီ, သွားကစားနေတာ့၊၊ ငါ့ကျင့်ကြံလိုက်အုန်းမယ်-----"
ချီလင်းလေးကိုယ်က သံကြိုးကိုဖြည်ပေးလိုက်ပြီး ဂျန်ဖန်း စတင်ကျင့်ကြံလိုက်၏၊၊
သူက ခြေချိတ်ထိုင်လိုက်ပြီး ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးတစ်လုံးထုတ်ယူကာ ပါးစပ်ထဲပစ်ထည့်လိုက်၏၊၊
ကျင့်စဥ်ကိုလည်ပတ်တော့မည့်အချိန်မှာပဲ သူ့နားနားကနေ ပြွတ်ခနဲအသံတစ်ခုကို ကြားလိုက်ရသည်၊၊
ကြည့်လိုက်သည့်အခါ ချီလင်လေးက သူ့ရင်ဘတ်နားမှာ သရေတွေကျနေတာမြင်လိုက်၏၊၊
"ဘာလဲ, မင်းက ဒါတွေစားရတာကြိုက်တာလား?"
ဂျန်ဖန်း နောက်ထပ်အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးထုတ်ယူလိုက်၏၊၊
ချီလင်းလေး၏မျက်လုံးတွေပြူးကျယ်သွား၏၊၊
သူက ရှေ့ခြေထောက်နှစ်ချောင်းမြောက်ကာ မတ်တပ်ရပ်လိုက်ပြီး အဆက်မပြတ်ခေါင်းညိတ်လိုက်၏၊၊
ဂျန်ဖန်း တခစ်ခစ်ရယ်လိုက်ပြီး ဆေးလုံးကို သာမန်အတိုင်းပစ်ပေးလိုက်သည်၊၊
ချီလင်းလေး ထိုအရာကိုပါးစပ်ဖြင့်ဖမ်းလိုက်ပြီး အလျှင်အမြန်ပဲ ဝါးစားကာမျိုချလိုက်၏၊၊ ထို့နောက် အမြီးယမ်းကာ ဂျန်ဖန်းကို မျှော်လင့်တကြီးကြည့်နေခဲ့သည်၊၊
"ဒါတွေ ကောင်းကင်က ကျလာတယ်များ မင်းထင်နေတာလား----"
ဂျန်ဖန်း ထိုကောင့်ကို စိုက်ကြည့်လိုက်သည်၊၊
ခဏစဥ်းစားပြီးနောက်----
ဂျန်ဖန်း ထိပ်တန်းအဆင့် ဝိညာဥ်နက်အရိုးလိမ်းဆေးအနည်းငယ်ထုတ်ယူလိုက်၏၊၊
ချီလင်းလေး၏မျက််လုံးတွေနောက်တစ်ကြိမ်တောက်ပသွားပြီး ၎င်းအမှီးကို ဆက်ယမ်းနေခဲ့သည်၊၊
ဤချီလင်းလေးကစိတ်ဝိညာဥ်စွမ်းအင်ပါသည့်အရာတိုင်းကိုကြိုက်တာကို ဂျန်ဖန်း နားလည်လိုက်၏၊၊
ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် ထိပ်တန်းအဆင့်ဝိညာဥ်နက်အရိုးလိမ်းဆေးတို့ကို တန်းဖိုးကြီးကုန်ကြမ်းတွေဖြင့် ဖော်စပ်ထားခြင်းဖြစ်သည်၊၊
"ဒီတော့ မင်းက ဒါတွေကြိုက်တာပေါ့၊၊ ဒါကလွယ်ပါတယ်----"
ဂျန်ဖန်း ဝိညာဥ်နက်အရိုးလိမ်းဆေးများစွာကို သာမန်အတိုင်းပစ်ပေးလိုက်ပြီး ပြောလိုက်သည်၊၊
"ငါက ဝိညာဥ်သခင်တစ်ယောက်ပဲ---"
"ငါ့နောက်ကိုလိုက်၊၊ မင်းကို စိတ်ဝိညာဥ်ဆေးလုံးတွေအဝကျွေးမယ်---"
ထိုအရာကိုကြားသည့်အခါ, ချီလင်းလေး ဂျန်ဖန်းကို အံ့အားသင့်စွာကြည့်လိုက်သည်၊၊
သိသာစွာပဲ ၎င်းက ဝိညာဥ်သခင်တစ်ယောက်၏တည်ရှိမှုကို သိတာဖြစ်သည်၊၊
သူ့စိတ်ထဲ၌ အတွေးတစ်ခု ထိန်းမရသိမ်းမရ ပေါ်လာခဲ့သည်၊၊
"နေ့တိုင်းစိတ်ဝိညာဥ်ဆေးလုံးတွေနဲ့နိုးထရမယ်၊၊ ကောင်းကင်နဲ့မြေကြီးရတနာတွေကို လိုက်ရှာစရာမလိုတော့ဘူး၊၊ ပြီးတော့ ဘယ်သူလိုက်ဖမ်းတာမှလည်း မခံရတော့ဘူး၊၊"
"ကြည့်ရတာ သူ့နောက်လိုက်တာလည်း အရမ်းကြီးတော့မဆိုးဘူးပဲ---"
ထိုအရာကိုတွေးပြီး သားရဲလေးပြုံးလိုက်သည်၊၊ သူက ဝိညာဥ်နက်အရိုးလိမ်းဆေးတွေကိုလက်ဖြင့်ပွေ့ပိုက်ကာ ပျော်ရွင်စွာစားသောက်နေခဲ့သည်၊၊
ဂျန်ဖန်း နှုတ်ခမ်းမဲ့လိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်၏၊၊
နောက်တစ်နေ့၌---
သူက ချီလင်းလေးကို အပြင်မထွက်ဖို့ မှာလိုက်၏၊၊
ထို့နောက် ဂုန်ချိုင်းယီကိုစောင့်ဖို့ ခန်းမရှေ့ကို သွားလိုက်၏၊၊
မမျှော်လင့်စွာဖြင့်----
မရင်းနှီးသည့်ဧည့်သည်အချို့ရှိနေခဲ့သည်၊၊
သူတို့အားလုံးက တောင့်တင်းသည့်ခန္ဓာကိုယ်တွေရှိပြီး အသားအရည်ကမဲနက်နေကာ ကြွက်သားတွေက သံမဏိကဲ့သို့မာကျောလှ၏၊၊
ဂုန်ချိုင်းယီအနည်းငယ်မျက်မှောင်ကြုတ်နေပြီး သူမရှေ့က နှစ်မီတာလောက်မြင့်သည့် မျှော်စင်ကဲ့သို့လူကြီးကို စိုက်ကြည့်နေခဲ့သည်၊၊
"ဂိုဏ်းချုပ်ကောင်း, နင်က တိမ်စိမ်းဂိုဏ်းမှာ ဘာလုပ်နေတာလဲ----"
သူမရှေ့မှလူက ဧရာမဂိုဏ်း ဂိုဏ်းခေါင်းဆောင်မှလွဲ၍အခြားသူမဟုတ်ပေ၊၊
ကောင်းယွမ်ဘ----
"ဟ-- ဟ---, သေချာတာပေါ့, ငါလည်းဂိုဏ်းချုပ်ဂုန်လိုပဲ လျှောက်ပတ်ကြည့်ချင်လို့လေ----"
ကောင်းယွမ်ဘ သူ့မျက်နှာကြမ်းကြီးဖြင့် ခပ်ဖျော့ဖျော့ပြုံးလိုက်၏၊၊
သူ့လက်တွေက အရှက်မရှိစွာဖြင့် ဂုန်ချိုင်းယီပုခုံးကိုကိုင်ပြီး အခွင့်အရေးယူဖို့ကြိုးစားလိုက်၏၊၊
ဂုန်ချိုင်းယီနောက်ဆုတ်သွားပြီး အေးစက်စွာပြောလိုက်သည်၊၊
"ကောင်းယွမ်ဘ,ကျေးဇူးပြုပြီး လေးစားမှုရှိပါ---"
ကောင်းယွမ်ဘပြုံးပြီး ပြောလိုက်သည်၊၊
"ဂိုဏ်းချုပ်ဂုန်က အရင်လိုဆွဲဆောင်မှုရှိနေတုန်းပဲ၊၊ ဒါက ငါ့ကိုမင်းရဲ့ပြိုင်ဘက်ကင်းအလှအပကိုပြန်ပြီးအမှတ်ရသွားစေတယ်၊၊ ငါစိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ်၊၊ တောင်းပန်ပါတယ်၊၊ တောင်းပန်ပါတယ်--- ဟ--- ဟ---"
ဂုန်ချိုင်းယီ ဒေါသထွက်သွားသည်၊၊
သူမက နောက်ထပ်စကားမပြောတော့ပဲ ရှေးဟောင်းလွန်းပျံတစ်ခုကိုထုတ်ယူပြီး ခန္ဓာကိုယ်ပတ်လည်၌ ချီစွမ်းအင်တွေလှည့်ပတ်လာခဲ့သည်၊၊
သူမဒေါသကို နောက်ထပ်မထိန်းနိုင်တော့တာ အသိသာပဲဖြစ်သည်၊၊
ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်၊၊
'ဒီအမျိုးသမီးက ဒေါသကြီးသားပဲ----'
'တိုက်ခိုက်ဖို့ လုံးဝတွေဝေမနေဘူး----'
ဤရက်တွေ သူနှင့်အတူရှိချိန်၌ သူမ အတော်လေး သိမ်မွေ့ညင်သာနေသည်မဟုတ်လား----
ဂျန်ဖန်းသူမကိုတားတော့မည့်အချိုန်၌ လျိုဝူချန်းအပြေးရောက်လာပြီး စိုးရိမ်စွာပြောလိုက်သည်၊၊
"ဂိုဏ်းချုပ်ဂုန်, ခဏနေပါအုန်း----"
သို့ပေမယ့် ဂုန်ချိုင်းယီသူ့ကိုလျစ်လျူရှုပြီး ပြောလိုက်သည်၊၊
"ဒီကောင်က သင်ခန်းစာအပေးမခံရရင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းမဲ့ကောင်မဟုတ်ဘူး----"
သူ့ဆရာ သူမကိုမတားနိုင်တာ မြင်သည့်အခါ ဂျန်ဖန်း ဝင်ပြောရုံသာတတ်နိုင်၏၊၊
"ဂိုဏ်းချုပ်ဂုန်, သူကြောင့်နဲ့ ဘာလို့စိတ်ရှုပ်ခံနေမှာလဲ----"
ဂျန်ဖန်းအသံကြားသည့်အခါ----
ဂုန်ချိုင်းယီအမူအရာပြောင်းလဲသွား၏၊၊ သူမက စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး အရင်လိုကြင်နာတတ်သည့်အမကြီးတစ်ယောက်ပုံစံပြန်ပြောင်းသွား၏၊၊
လွန်းပျံကိုလည်း ပြန်သိမ်းလိုက်ပြီး အနည်းငယ်ပြုံးပြီး နောက်လှည့်ကြည့်လိုက်သည်၊၊
"ကောင်းပြီလေ, မောင်လေးဂျန်ဖန်းပြောတာ နားထောင်လိုက်မယ်----"
လျိုဝူချန်း ကြောင်အသွား၏၊၊
'ငါတောင်တားလို့မရတာ, ဂျန်ဖန်းကျ ဒီလိုချက်ချင်းကြီးရသွားတယ်ပေါ့----'
'ဂိုဏ်းချုပ််ဆိုတဲ့ငါ့အာဏာက ဒီလောက်တောင် နည်းသွားပြီလား----'
ကောင်းယွမ်ဘလည်း ဂျန်ဖန်းကိုကြည့်လိုက်ပြီး စူးစမ်းလိုက်သည်၊၊
"တိမ်းစိမ်းဂိုဏ်း ဂိုဏ်းသခင်တောင်ထိပ်တပည့်၊၊ ဂုန်ချိုင်းယီဒီလောက်တန်ဖိုးထားတယ်ဆိုတော့----"
"သူက ဂိုဏ်းချုပ်လျိုတန်ဖိုးထားတဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံရေးနှစ်ခုလုံးကျင့်ကြံတဲ့ ပါရမီရှင်လား----"
ကောင်းယွမ်ဘနောက်၌ မျက်နှာကြမ်းကြမ်းနှင့် ထွားထွားကြိုင်းကြိုင်းတပည့်တစ်ယောက်ရှိနေ၏၊၊ သူ၏ငယ်ရွယ်သည့်မျက်လုံးတွေထဲ၌ တိုက်ခိုက်လိုစိတ်တွေပြသနေခဲ့သည်၊၊
"အဲ့လိုဆိုရင်, မင်းဘာလို့ငါနဲ့မပြိုင်တာလဲ---"
လျိုဝူချန်း ရုတ်တရက် ထိပ်လန့်သွား၏၊၊
သူ့ရှေ့မှလူက ကောင်းယွမ်ဘ၏တူဖြစ်ပြီး ကောင်းယွမ်ဘအထူးလေ့ကျင့်ပေးထားသည့် ခန္ဓာသန့်စင်ပါရမီရှင် ကောင်ဝူရှန်းဖြစ်သည်၊၊
မကြာသေးခင်ကမှတပည့်အဖြစ်လက်ခံထားသော်လည်း သူ၏ခန္ဓာကိုယ်က သန်မာလွန်း၏၊၊ စိတ်ဝိညာဥ်အမြစ်မရှိသည့်ဂျန်ဖန်း ယှဥ်နိုင်မည်မဟုတ်ပေ၊၊
ထို့ကြောင့် လျိုဝူချန်းအလျှင်အမြန်ပြောလိုက်သည်၊၊
"မင်းရဲ့သဘောကျမှုအတွက် ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်ကောင်း၊၊ ဒါပေမယ့် ဒါက ငါ့ရဲ့နိမ့်ကျတဲ့တပည့်ဂျန်ဖန်းပါ၊၊ အရည်အချင်းကလည်းညံ့တာမို့ ပြောဖို့မတန်ပါဘူး----"
ဤစကားတွေကြောင့် ဂုန်ချိုင်းယီ အထင်သေးခံရသည်ဟု ခံစားရ၏၊၊
အရည်အချင်းညံ့ဖျင်းတယ်, ပြောဖို့မထိုက်တန်ဘူး?----
လျိုဝူချန်းနှိမ့်ချလွန်းနေတာလား?---
သို့ပေမယ့် ကောင်းယွမ်ဘကတော့ ဂျန်ဖန်းကို စိုက်ကြည့်နေဆဲဖြစ်ပြီး မျက်လုံးမှေးပြီး ပြောလိုက်သည်၊၊
"မဟုတ်ဘူး---"
"ငါ့ပင်ကိုယ်အသိစိတ်အရ ဒီကောင်က အရမ်းသန်မာတယ်လို့ပြောနေတယ်----"