တပည့်ကို သူများပေးခြင်း
Vol. 8 Ch. 113
ထိုစကားတွေကြောင့် ဂုန်ချိုင်းယီတိတ်တဆိိတ် အံ့အားသင့်သွား၏၊၊
ဤကောင်းယွမ်ဘ၏ အလိုလိုသိစိတ်က အမှန်တကယ်ပဲ အားကောင်းလှပြီး ဂျန်ဖန်း ထူးခြားမှုကို သတိထားမိ၏၊၊
သို့ပေမယ့် နောက်ထပ်ပြောလိုက်သည့်အရာကြောင့် ဂုန်ချိုင်းယီ ကြောင်အသွား၏၊၊
"ငါခံစားလို့ရတယ်၊၊ သူ့ရဲ့အသက်ရှင်သန်နိုင်စွမ်းက ရွယ်တူတွေထဲမှာပြိင်ဘက်ကင်းပဲ----"
ကောင်းဝူရွမ်း ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်၊၊ သူ့မျက်လုံးတွေထဲ၌ တိုက်ခိုက်လိုစိတ်တွေ အပြင်းအထန် တောက်လောင်နေခဲ့သည်၊၊
"ငါတို့ဧရာမဂိုဏ်းအပြင်ဘက်မှာ ဒီလိုခန္ဓာသန့်စင်ပါရမီရှင်တစ်ယောက်ရှိနေမယ်လို့ ငါမျှော်လင့်မထားဘူး----"
"လာ, တိုက်ခိုက်ရအောင်----"
အမ်?---
ခန္ဓာသန့်စင်သူလား----
ဂုန်ချိုင်းယီ ဂျန်ဖန်းကို ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်သည်၊၊
'ဒီကောင်မှာ ဖုံးကွယ်ထားတဲ့စွမ်းရည်တွေ၊ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင်ရှိသေးတာလဲ----'
အခြားတစ်ဖက်မှာတော့ ဂျန်ဖန်း အတော်လေး အခက်တွေ့နေခဲ့သည်၊၊
သူက ဧရာမဂိုဏ်း၏သံမဏိသွေးစစ်မှန်ကျမ်းကို လေ့ကျင့်ထားတာဖြစ်ပြီး တိုက်ခိုက်လျှင် မှတ်မိသွားနိုင်၏၊၊
ကံကောင်းစွာဖြင့် လျိုဝူချန်းက ဂျန်ဖန်း ဂိုဏ်းသခင်တောင်ထိပ်ကို အရှက်ခွဲမည်ကို ခွင့်မပြုနိင်ပေ၊၊
သူက အလျှင်အမြန်ပဲဝင်ပြောလိုက်သည်၊၊
"ဂိုဏ်းချုပ်ကောင်း, မင်းတိမ်စိမ်းဂိုဏ်းကိုလာတာ ဘာရည်ရွယ်လဲဆိုတာ မေးလို့ရမလား----"
ထို့နောက် ဂုန်ချိုင်းယီကို ကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းမေးလိုက်သည်၊၊
"ဒါမှမဟုတ် ဂိုဏ်းချုပ်နှစ်ယောက် ငါ့ရဲ့တိမ်စိမ်းဂိုဏ်းကို တစ်ခုခုလာရှာတာများလား?----"
လွန်ခဲ့သည့်နှစ်ရက်အတွင်း ဂုန်ချိုင်းယီ၏ ပုံမှန်မဟုတ်သည့်အပြုအမူတွေကို သူသတိထားမိ၏၊၊
ရှုခင်းလည့်ပတ်ကြည့်နေသည်ဟုထင်ရသော်လည်း တကယ့်လက်တွေ့မှာ တပည့်တွေက တောင်ထိပ်အသီးသီးကို ရှာဖွေနေတာပဲဖြစ်သည်၊၊
ရုတ်တရက်လာရောက်လည်ပတ်မှုနှင့် ပေါင်းလိုက်လျှင် သူ့စိတ်ထဲ၌ ခန်းမှန်းထားတာတစ်ခုရှိ၏၊၊
ယခု ဂိုဏ်း၉ ဂိုဏ်း၌အဝေးဆုံးဖြစ်သည့် ဧရာမဂိုဏ်းတောင် မဖိတ်ခေါ်ပဲရောက်လာပြီဖြစ်၍ ထိုခန့်မှန်းချက်ကိုအတည်ပြုနိုင်ပြီဖြစ်သည်၊၊
ဂုန်ချိုင်းယီတစ်ခဏစဥ်းစားနေပြီး နောက်ထပ်ဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာ သိလိုက်၏၊၊
သူမက လေးလေးနက်နက်ပြောလိုက်သည်၊၊
"မကြာသေးခင်ကဖြစ်တဲ့သားရဲလှိုင်းကိစ္စကို ကောင်းကင်ဘုံစက်ယန္တယာခန်းမက စုံစမ်းခဲ့တယ်----"
"ကောင်းကင်နဲ့မြေကြီးရဲ့ ထူးဆန်းသားရဲက ပေါ်ထွက်လာပြီ---"
"နတ်ဆိုဘုရင်က နတ်ဆိုးသားရဲတွေကိုဦးဆောင်ပြီးလိုက်ရှာနေလို့ သားရဲလှိုင်းပေါ်လာတာပဲ----"
"ငါလိုက်ဖမ်းရင်းနဲ့ အဲ့ဒါကတိမ်စိမ်းဂိုဏ်းထဲဝင်သွားတာ တွေ့လိုက်တာပဲ---"
လျိုဝူချန်းမျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏၊၊
"သားရဲလှိုင်းဖြစ်ပေါ်စေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ထူးဆန်းသားရဲတစ်ကောင်?၊၊ အဲ့တာက နတ်ဆိုးအင်ပါယာ ဒါမှမဟုတ် အဲ့ထက်အဆင့်မြင့်တဲ့သားရဲတစ်ကောင်ရဲ့ မျိုးဆက်များလား----"
ဂုန်ချိုင်းယီမျက်လုံးတွေတောက်ပနေပြီး ခေါင်းခါယမ်းလိုက်သည်၊၊
"ငါလည်းမသိဘူး---"
"ဒါပေမယ့် အဲ့အကောင်လေးမှာ ထူးခြားတဲ့နောက်ခံရှိတာတော့သေချာတယ်----"
"မဟုတ်ရင်, ရာစုနှစ်ချီအပြင်မထွက်တဲ့ နတ်ဆိုးအင်ပါယာက ဒီလောက်ဝေးဝေး သွားမှာမဟုတ်ဘူး၊၊ သူက ရှာဖွေဖို့ နတ်ဆိုးသားရဲအားလုံးကို ဆင့်ခေါ်လိုက်တာလေ----"
ဂုန်ချိုင်းယီ ကောင်းယွမ်ဘကို စောင့်ငှဲ့ကြည့်ပြီး ပြောလိုက်သည်၊၊
"ငါဒါကိုသိတာ ငါတို့စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ သားရဲတွေသတင်းပေးလို့ပဲ----"
"ဂိုဏ်ချုပ်ကောာင်း, နင့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက ကျယ်ပြန့်ပါတယ်၊၊ နင်လည်း သိပြီးပြီမလား----"
ကောင်းယွမ်ဘပြုံးလိုက်သည်၊၊
"ဂိုဏ်းချုပ်လျို, အဲ့ဒီသားရဲ တိမ်စိမ်းဂိုဏ်းမှာရှိတာ ငါတို့အားလုံးသိပြီးမှတော့ ခင်ဗျားရဲ့ဂိုဏ်းက ဒါကို တစ်ဦးတည်းပိုင်ဆိုင်ဖို့ ခက်လိမ့်မယ်----"
လျိုဝူချန်း အမူအရာက မသေမချာဖြစ်နေဆဲဖြစ်သည်၊၊
သူက အမှန်တကယ်ပဲ ထိုအရာကို မောင်ပိုင်စီးဖို့တွေးထားပေမယ့် ဤနေရာ၌ ဂိုဏ်းချုပ်နှစ်ယောက်ရှိနေ၏၊၊ သူတို့ကို မောင်းထုတ်ဖို့ကလည်း မဖြစ်နိုင်ပေ၊၊
"ဒီကိစ္စမှာငါတို့ ကိုယ့်အရည်အချင်းပေါ် ကိုယမှီခိုကြတာပေါ့၊၊ နတ်ဆိုးသားရဲကိုဘယ်သူပဲရှာတွေ့တွေ့ ရှာတွေ့တဲ့သူအပိုင်ပဲ၊၊"
လျိုဝူချန်းပြောလိုက်သည်၊၊
ကောင်းယွမ်ဘနှင့် ဂုန်ချိုင်းယီတို့ နှစ်ယောက်လုံးမကန့်ကွက်ပေ၊၊
သူတို့ကချက်ချင်းပဲ တပည့်တွေကိုဦးဆောင်ကာ ရှာဖွေမှုကို စတင်လိုက်၏၊၊
"ဂျန်ဖန်း, ငါနဲ့လိုက်ခဲ့၊၊ ဂျန်ဖန်း--- ဂျန်ဖန်း----"
ဂျန်ဖန်းအတွေးထဲမှာ နစ်မြောနေတာ သတိထားမိပြီး ဂုန်ချိုင်းယီ အကြိမ်များစွာ အော်ခေါ်လိုက်၏၊၊
"အော်, အင်း, အင်း----"
ဂျန်ဖန်း အသိပြန်ဝင်လာပြီး အလျှင်အမြန်တုံ့ပြန်လိုက်၏၊၊
"နင်ဘာတွေတွေးနေတာလဲ?---"
ဂုန်ချိုင်းယီ သိချင်စွာဖြင့် မေးလိုက်သည်၊၊
"ဒီလောက်တောင်အာရုံပျံ့လွင့်နေတယ်----"
ဂျန်ဖန်း အာရုံမပျံ့လွင့်ပဲနေမည်လား----
သူထင်တာသာမမှားလျှင် ဂိုဏ်းသုံးဂိုဏ်းရှာဖွေနေသည့် ကောင်းကင်နှင့်မြေကြီးထူးဆန်းသားရဲက မကြာသေးခင်က သူယဥ်ပါးအောင်လုပ်ထားသည့် ချီလင်းလေးဖြစ်နိုင်၏၊၊
လက်စသတ်တော့ ထိုကောင်က သားရဲလှိုင်း၏ အရင်းအမြစ်ဖြစ်နေသည်လား?----
သူ ဘာကိုယဥ်ပါးအောင်လုပ်မိသည်နည်း၊၊
သူ့မျက်လုံးထဲက အပြစ်ရှိမှုတွေကို ဖုံးကွယ်လိုက်ပြီး ပြောလိုက်သည်၊၊
"ဒီလိုကောင်းကင်နဲ့မြေကြီးထူးဆန်းသားရဲမျိုးက ဘယ်လိုမျိုးလဲဆိုတာ တွေးနေတာပါ----"
ဂုန်ချိုင်းယီ စိတ်သက်သာယာရသွားပြီး စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်၊၊
"ငါတို့သွားရင် ပြောကြတာပေါ့----"
"ဒီလိုတည်ရှိမှုမျိုးက ငါတို့ဂိုဏ်း၉ဂိုဏ်း နားလည်တာထက်ကျော်နေတယ်----"
"ငါကြားတာတော့ အဲ့ဒီနတ်ဆိုးသားရဲက ဘယ်ကလာတယ်၊ ဘာအမျိုးအစားလဲဆိုတာ ကောင်းကင်ဘုံစက်ယန္တရားခန်းမတောင် ရှာမတွေ့ဘူးတဲ့----"
"ဒါပေမယ့် ဒါ ရှားပါးပြီး အတုမရှိတဲ့ သားရဲတစ်ကောင်ပဲဖြစ်ရမယ်----"
"နင်သာငါ့ကိုကူရှာပေးရင် ငါ ဘယ်အခြေအနေမဆို သဘောတူပေးမယ်---"
ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသည့် ဂုန်ချိုင်းယီကိုကြည့်ပြီး ဂျန်ဖန်း စိိတ်မပါ့တပါ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်၊၊
မင်းကိုလက်လွဲပေးရမယ်?---
အိမ်မက်မက်နေလိုက်လေ---
ဤသို့ဖြင့် တိမ်စိမ်းဂိုဏ်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏၊၊
လျိုဝူချန်းအမိန့်အောက်၌ ဂိုဏ်းသခင်တောင်ထိပ်နှင့် တောင်ထိိိပ်ကိုးခု အကြီးအားလုံးနှင့် တပည့်တွေအကုန် ပိုက်စိပ်တိုက်ရှာဖွေတော့၏၊၊
ဧရာမဂိုဏ်းနှင့် စိတ်ဝိညာဥ်သားရဲဂိုဏ်းလည်း တတ်နိုင်သည့်နည်းလမ်းပေါင်းစုံသုံးကာ ရှာဖွေကြ၏၊၊
ဆယ်ရက်ကျော်ကြာပြီးနောက်----
သဘာဝအတိုင်း ရလဒ်မရှိပေ၊၊
"ကြည့်ရတာ ငါတို့နောက်ဆုံးအကြိမ်လိုက်ဖမ်းတုန်းက သတိပေးသလိုဖြစ်သွားတယ်နဲ့တူတယ်၊၊ အဲ့ဒါက အစောကြီးကတည်းက ထွက်သွားလောက်ပြီ---"
ဂုန်ချိုင်းယီပင်ပန်းစွာဖြင့် သူမနားသယ်ကို သပ်လိုက်သည်၊၊
တိမ်စိမ်းဂိုဏ်းက သူတို့ကြောင့် လုံးဝကို ဇောက်ထိုးမိုးမျှော်ဖြစ်လုနီးပါးဖြစ်သည်၊၊
စိတ်ဝိညာဥ်သားရဲလေးသာ ဤနေရာမှာရှိနေအုန်းမည်ဆိုလျှင် လုံးဝပုန်းနေဖို့ မဖြစ်နိုင်ပေ၊၊
ထို့ကြောင့် တစ်ခုတည်းသောရှင်းပြချက်က သားရဲလေး တိမ်စိမ်းဂိုဏ်းကထွက်သွားပြီပဲဖြစ်သည်၊၊
ယွမ်ကျီယု သိသိသာသာ ပိုပြီး ပိန်သွားခဲ့သည်၊၊
"ဆရာ, ကျွန်မတို့ လက်ဗလာနဲ့ပြန်ရတော့မှာလား----"
"မဟုတ်ရင်ကော----"
ဂုန်ချိုင်းယီ စိတ်ပျက်စွာဖြင့်ပြောလိုက်သည်၊၊
"တိမ်စိမ်းဂိုဏ်းအနီးနားမှာ တောင်တန်းတွေ သောင်းချီရှိတယ်----"
"ငါတို့ သားရဲလေးကိုခြေရာမခံနိုင်တော့ရင် ရှာဖို့က ကောက်ရိုးပုံထဲအပ်ရှာရတာထက်ပိုခက်လိမ့်မယ်----"
"ခနနေအုန်း---"
ဂုန်ချိုင်းယီ ရုတ်တရက် သတိရသွားသည်၊၊
"ငါတို့ ဒီတိုင်းပြန်လို့မဖြစ်ဘူး----"
"ဂျန်ဖန်းကို ငါတို့နဲ့အတူခေါ်ခဲ့ရမယ်----"
"အဲ့လိုပါရမီရှင်မျိုးကို စိတ်ဝိညာဥ်သားရဲဂိုဏ်းမခေါ်နိုင်ပဲနဲ့ ငါမပြန်နိုင်ဘူး----"
ယွမ်ကျီယုတွေဝေနေခဲ့သည်၊၊
"ဒါပေမယ့် သူ့ကိုခေါ်ဖို့ ဆရာဘယ်လိုစီစဥ်ထားလဲ----"
"သူက ဒီလောက်ထူးချွန်တာ ဂိုဏ်းချုပ်လျိုက ပေးမှာတဲ့လား----"
ဂုန်ချိုင်းယီ နောက်တစ်ကြိိမ် ခေါင်းကိုက်သွား၏၊၊
သူမက နှုတ်ခမ်းကိုက်ပြီးပြောလိုက်သည်၊၊
"ဒါဆိုလည်း ငါတို့သူ့ကို အကျိုးအမြတ်များများပေးလိုက်ရုံပေါ့----"
ခဏကြာပြီးနောက်----
ဂျန်ဖန်း ကျင့်ကြံနေရင်းဖြင့် လျိုဝူချန်း ရုတ်တရက် ဆင့်ခါ်တာခံလိုက်ရ၏၊၊
ထို့ကြောင့် သူက အလျှင်အမြန်ပဲ အဓိကခန်းမကိုလာလိုက်ပြီး လျိုဝူချန်းနှင့် ဂုန်ချိုင်းယီတို့ နှစ်ယောက်လုံးရှိနေတာကို မြင်လိုက်၏၊၊
"ဂျန်ဖန်း, ဂိုဏ်းချုပ်ဂုန်က မနက်ဖြန်ပြန်တော့မှာ၊၊ သူမက မင်းကို ဒီနေရာခေါ်လိုက်တာပဲ----"
လျိုဝူချန်း ပဟေဠိဖြစ်နေခဲ့သည်၊၊
ဂုန်ချိုင်းယီက သူနှင့်တွေ့ဆုံဖို့လေးလေးနက်နက်တောင်းဆိုခဲ့ပြီး ဂျန်ဖန်းကို ဆင့်ခေါ်ခိုင်းခဲ့သည်၊၊
သူမဘာလုပ်ချင်နေလဲဆိုတာ လျိုဝူချန်းနားမလည်နိုင်ဖြစ်နေ၏၊၊
"ဂိုဏ်းချုပ်ဂုန်, ငါက တပည့်အသစ်ဆိုတော့ ဂိုဏ်းနဲ့သိပ်မရင်းနှီးပါဘူး၊၊ ဒါကြောင့် ဧည့်ဝတ်မကျေခဲ့ရင် တောင်းပန်ပါတယ်၊၊ ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ----"
ဂျန်ဖန်း နှိမ့်ချစွာပြောလိုက်သည်၊၊
ဂုန်ချိုင်းယီ ဂျန်ဖန်းကို အဓိပ္ပာယ်ပါပါကြည့်လိုက်ပြီး မေးလိုက်သည်၊၊
"ဂျန်ဖန်း, မင်း ဒီဂိုဏ်းချုပ်ကို ဘယ်လိုထင်လဲ----"
မင်းကိုလား?----
ဂျန်ဖန်း ဂုန်ချိုင်းယီကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်၊၊
ဖြူစင်ဝင်းပသည့်အသားအရည်၊ ချောမောလှပပြီးကျက်သရေရှိသည့်မျက်နှာ၊ ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်, သူမက တကယ့်ကို အလွန်လှပလှ၏၊၊
ထို့ပြင် စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်ကလည်း အထူးကောင်းမွန်၏၊၊
အရေးကြီးဆုံးက သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲဖြစ်သည်၊၊
"ဂိုဏ်းချုပ်ဂုန်က နူးညံ့ကြင်နာတတ်ပြီး ပြိုင်ဘက်ကင်အလှပိုင်ရှင်ပါ၊၊ မင်းကို ဧည့်ခံပေးရတာ ငါ့ရဲ့ဂုဏ်ကျက်သရေပါ----"
ဂျန်ဖန်း ပြန်ဖြေလိုက်သည်၊၊
ဂုန်ချိုင်းယီ အနည်းငယ်ပြုံးလိုက်ပြီး မမျှော်လင့်စွာဖြင့် ပြောလိုက်သည်၊၊
"ဒါဆို မင်း ငါ့ကိုအမှုထမ်းဖို့ စိတ်ဝိညာဥ်သားရဲဂိုဏ်းကိုလိုက်ဖို့ ဆန္ဒရှိလား----"
အမ်?---
ဂျန်ဖန်း အံ့အားသင့်သွားခဲ့သည်၊၊
လျိုဝူချန်း သူ့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အံ့အားသင့်ပြီး ကြောင်အသွားခဲ့သည်၊၊
"ဂိုဏ်းချုပ်ဂုန်, မင်း ဘာပြောတာလဲ----"
ဂုန်ချိုင်းယီ သူမရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ၊၊
"လက်ဝက်လောက်ကြာပြီးတဲ့နောက်မှာ ငါ ဂျန်ဖန်းကို အတော်လေး သဘောကျသွားတယ်----"
"ဒီတပည့်ကို ငါ့နဲ့ထည့်ပေးလိုက်ဖို့ ဂိုဏ်းချုပ်လျိုစဥ်းစားပေးလို့ရမလား---"
လျိုဝူချန်း ပဟေဠိဖြစ်နေခဲ့သည်၊၊
ဂျန်ဖန်းမှာ ဘာထူးခြားတာတွေရှိနေလို့နည်း၊၊
သူက နားလည်နိုင်စွမ်းကောင်းလျှင်တောင် စိတ်ဝိညာဥ်အမြစ်မရှိပေ၊၊
သူက မျက်မှောက်ကြုတ်ပြီး မေးလိုက်သည်၊၊
"ဂိုဏ်းချုပ်ဂုန်, မင်းက သူ့ကိုဘာလုပ်ဖို့ လိုချင်တာလဲ----"
ဂုန်ချိုင်းယီ ထိုကောင့်ကို ဘာတွေသဘောကျနေလဲ သူအမှန်တကယ် နားမလည်ပေ၊၊
ဂုန်ချိုင်းယီ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်၊၊
"ဂိုဏ်းခေါင်းဆောင်ငယ်----"
ခလွမ်!
လျိုဝူချန်း အလွန်မတန်အံ့သြသင့်သွားပြီး လက်ထဲက လက်ဖက်ရည်ခွက်လွတ်ကျသွားခဲ့သည်၊၊
"ဂိုဏ်းခေါင်းဆောင်ငယ်? ဂိုဏ်းချုပ်ဂုန် မင်းက ဟာသတွေပြောနေပြန်ပြီ---"
ဂုန်ချိုင်းယီ မျက်မှောင်ကြုတ်သွားသည်၊၊
စိတ်ဝိညာဥ်သားရဲဂိုဏ်းက ဂျန်ဖန်းအား ဆိုးဆိုးဝါးဝါးဆက်ဆံမှာကို လျိုဝူချန်းစိုးရိမ်မည်အား သူမစိတ်ပူ၏၊၊
ထို့ကြောင့် ဂရုတစိုက်တွေးလိုက်ပြီး ဂျန်ဖန်းကို ဂိုဏ်းခေါင်းဆောင်ငယ်ခန့်လိုက်တာပဲဖြစ်သည်၊၊
သို့ပေမယ့် လျိုဝူချန်းက မကျေနပ်သေးဘူးလား----
ဂျန်ဖန်း ဘယ်လောက်ထူးချွန်ချွန် သူက တပည့်တစ်ယောက်သာဖြစ်သည်၊၊
ဂိုဏ်းခေါင်းဆောင်ငယ်ရာထူးက အတော်လေးမြင့်မားနေပြီဖြစ်သည်၊၊
"ဂိုဏ်းချုပ်လျိုအလိုရှိတာ တစ်ခုခုရှိရင် ပြောနိုင်ပါတယ်၊၊ ငါ ဂျန်ဖန်းကို တကယ် ခေါ်သွားချင်တာပါ----"
ဂုန်ချိုင်းယီ ပြောလိုက်သည်၊၊
လျိုဝူချန်း ဂျန်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊
ထိုကောင်နှင့်ပတ်သက်ပြီး မည်သည့်ထူးခြားမှုမှ သူမမြင်ပေ၊၊
သူက အလျှင်အမြန်ပြောလိုက်သည်၊၊
"ဂိုဏ်းချုပ်ဂုန်, မင်း သူ့ကို အထင်ကြီးနေပြီ----"
"ဂျန်ဖန်းက စိတ်ဝိညာဥ်အမြစ်မရှိတဲ့ တပည့်တစ်ယောက်လေ၊၊ မင်းသူ့ကိုလိုချင်တာ သူ့အတွက်ကံကောင်းမှုပဲ----"
"သူသာသဘောတူရင် ငါ့မှာ ကန့်ကွက်စရာမရှိပါဘူး----"
ဘာ?----
ဂုန်ချိုင်းယီ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်၊၊
သူမကြားတာကို သူမမယုံနိုင်ဖြစ်နေခဲ့သည်၊၊
လျိုဝူချန်းက ဤတပည့်ကို လုံးဝ ဂရုမစိုက်ဘူးပေါ့----
သူမစိတ်ထဲ၌ အလွန်စိတ်လှုပ်ရှားစရာကောင်းသည့်အတွေးတစ်ခု ပေါ်လာခဲ့သည်၊၊
လျိုဝူချန်း သူ့တပည့်တန်းဖိုးကို မသိတာ ဖြစ်နိုင်လား----