← Chapters

အမျိုးသမီးနှစ်ယောက်၏ထိပ်တိုက်တွေ့ဆုံးမှု

Vol. 8 Ch. 114

အမျိုးသမီးနှစ်ယောက်၏ထိပ်တိုက်တွေ့ဆုံးမှု

Vol. 8 Ch. 114

"ဂိုဏ်းချုပ်လျို, နင်ဟာသပြောနေတာတော့ မဟုတ်ပါဘူးနော်----"

"ဒီလိုထူးချွန်တဲ့တပည့်မျိုး ငါ့ကိုပေးချင်တာ သေချာလား----"

ဂုန်ချိုင်းယီ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ သတိထားပြီးမေးလိုက်သည်၊၊

"ထူးချွန်တယ်----"

ဂိုဏ်းချုပ်လျို ခါးသီးစွာသက်ပြင်းချလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, မင်းက ငါ့ကိုလှောင်နေတာပဲ----"

"စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်လက်ခံထားလို့ ဟာသဖြစ်ရပြီ---"

သူ့စိတ်ထဲ၌ ဂျန်ဖန်းက ဂိုဏ်းသခင်တောင်ထိပ်၏ အရှက်အရဆုံးတပည့်တစ်ယောက်ဖြစ်ပြီး သူ့အရှက်ဆုံးအရာလည်း ဖြစ်သည်၊၊

သို့ပေမယ့် ဂုန်ချိုင်းယီ၏လှပသည့်မျက်လုံးတွေ အံ့သြပျော်ရွင်မှုကြောင့် တောက်ပလာခဲ့သည်၊၊

ယွမ်ကျီယုတောင် သူမ၏အနီရောင်နှုတ်ခမ်းလေးကိုကာလိုက်ပြီး လျာကိုတိတ်တဆိတ်ကိုက်လိုက်သည်၊၊

ဂျန်ဖန်း ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ လျိုဝူချန်းမသိဘူးလား?----

ဂျန်ဖန်း အတော်လေး ကို့ရို့ကားယားဖြစ်သွားခဲ့သည်၊၊

သူကလက်ချင်းယှက်လိုက်ပြီး ပြောလိုက်သည်၊၊

"ဆရာ, ဂိုဏ်းချုပ်ဂုန်---"

"တပည့်တွေနေရာပြောင်းတာ အရင်ဆုံး တပည့်တွေရဲ့ထင်မြင်ချက်ကိုမေးသင့်တယ်မလား---"

သူ့ဇနီးတွေက တိမ်စိမ်းဂိုဏ်းမှာ ရှိတာဖြစ်သည်၊၊

ဘယ်လိုလုပ်ပြီး သူမတို့ကိုစွန့်ခွာပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ်ဖြစ်လာနိုင်မည်နည်း၊၊

ဂုန်ချိုင်းယီမျက်လုံးထဲ၌ ဉာဏ်နီဉာဏ်နက်များသည့်အလင်းတစ်ချက်ဖြတ်ပြေးသွားသည်၊၊

"အခုလေးတင်နင်သဘောတူထားတာ မဟုတ်ဘူးလား----"

"ဘယ်လိုတောင်နင့်စကားကိုပြန်ပြင်နိုင်ရတာလဲ----"

ဂျန်ဖန်းကြောင်အသွားသည်၊၊

"ဒီတပည့် ဘယ်တုန်းကသဘောတူလိုက်လို့တုန်း----"

ဂုန်ချိုင်းယီ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်၊၊

"စောနတုန်းက ငါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ မင်းကိုမေးခဲ့တယ်လေ----"

"မင်းပဲ အရမ်းကောင်းတယ်ဆို----"

"ဒီတော့ငါက ဒါကို မင်းသဘောတူတာလို့ ယူဆလိုက်တာ----"

"တော်ပြီ, မင်းဘာမှဆက်ပြောမနေနဲ့တော့၊၊ မင်းဆရာနဲ့ငါဆွေးနွေးနေတာကို မနှောင့်ယှက်နဲ့---"

သူမနှစ်စက္ကန့်လောက်တွေဝေနေပြီးနောက် ရှုပ်ထွေးသည့်ပုံစံတွေဖြင့်အလှဆင်ထားသည့် ကျောက်စိမ်းပုလင်းတစ်ခုကို တွန့်ဆုတ်စွာထုတ်ယူလိုက်သည်၊၊

အထဲ၌ အမည်မသိသွေးတွေဖြင့်ပြည့်နှက်နေပြီး မီးတောက်တွေကဲ့သို့ အဆက်မပြတ် ဆူပွက်နေခဲ့သည်၊၊

ထိုအရာကိုမြင်သည့်အခါ, လျိုဝူချန်း အံ့သြမှုကြောင့် ထခုန်လိုက်သည်၊၊

"နတ်ဆိုးအင်ပါယာရဲ့သွေး---"

"ဂိုဏ်းချုပ်ဂုန်, မင်းတကယ်ကြီးလား----"

တစ်ခါက ကုန်မြေတိုက်ကြီးပေါ်မှာ နတ်ဆိုးကျားတစ်ကောင်ပေါ်လာပြီး နတ်ဆိုးအုပ်ကြီးကိုဦးဆောင်ခဲ့၏၊၊

၎င်း၏ကျင့်ကြံရေးက နတ်ဆိုအင်ပါယာအဆင့်ကိုရောက်ရှိနေပြီး လူသားပုံစံပြောင်းနိုင်တာဖြစ်သည်၊၊

၎င်းက အသွင်ပြောင်းနိုင်သည့် ဒဏ္ဍာရီလာနတ်ဆိုသားရဲတစ်ကောင်ဖြစ်သည်၊၊

နောက်ပိုင်း၌ရုတ်တရက်သေဆုံးသွားပြီး အလောင်းကို ကုန်မြေတိုက်ကြီးအဆင့်ကျွမ်းကျင်သူလေးယောက်က ခွဲဝေယူခဲ့ကြ၏၊၊

ထိုကျွမ်းကျင်သူတွေထဲမှတစ်ယောက်နှင့် ဆက်ဆံရေးအချို့ရှိတာကြောင့် ဂုန်ချိုင်းယီကို နတ်ဆိုးအင်ပါယာသွေးအချို့ချီးမြှင့်ခဲ့၏၊၊

"နတ်ဆိုအင်ပါယာသွေးက နတ််ဆိုးသားရဲတွေကိုအစာကျွေးဖို့ ထိပ်တန်းပစ္စည်းဖြစ်ရုံတင်မကဘူး ခန္ဓာသန့်စင်သူတွေအတွက်လည်း ရတနာတစ်ခုပဲ---"

"ဒီနှစ်တွေမှာ ဧရာမဂိုဏ်းက အချို့အနည်းငယ်ရောင်းဖို့ မင်းကိုတောင်ဆိုခဲ့ကြတယ်၊၊ ဒါပေမယ့်မင်းဘယ်တော့မှမရောင်းခဲ့ဘူး---"

"အခု ဂျန်ဖန်းနဲ့လှဲဖို့ ဒါသုံးမယ်ပေါ့----"

ဂုန်ချိုင်းယီအမူအရာကလေးနက်နေပြီး ဟာသလုပ်နေပုံမရပေ၊၊

သူမက နတ်ဆိုးအင်ပါယာသွေးပုလင်းကို လျိုဝူချန်းရှေ့တွန်းပို့လိုက်ပြီး ပြောလိုက်သည်၊၊

"အနာဂတ်မှာ ဂိုဏ်းချုပ်လျို စိတ်မကောင်းဖြစ်မှာ ငါမလိုချင်ဘူး---"

"ယူလိုက်ပါ----"

အဆုံးမှာတော့ သူတို့က မဟာမိတ်တွေဖြစ်ကြသည်၊၊

သူမက လျိုဝူချန်းစိတ်ဖြေသိမ့်နိုင်ဖို့ နတ်ဆိုးအင်ပါယာသွေးတစ်ပုလင်းပေးတာဖြစ်သည်၊၊

တစ်နေ့ သူသာဂျန်ဖန်းအရည်အချင်းတွေကို ရှာတွေ့ခဲ့လျှင် နောင်တရပြီးအလွန်မတန်ရှက်သွားမည်ပဲဖြစ်သည်၊၊

လျိုဝူချန်း မည်သို့ လက်မခံပဲ နေမည်နည်း၊၊

ဤနည်းဖြင့် သူ့ဘေးက ဆူးပင်ကိုဖယ်ရှားနိုင်ပြီး ထိုကောင်နှင့်သူ့သမီး၏လျို့ဝှက်ချက်ကိုလည်း လျောက်မပြောအောင်ကာကွယ်နိုင်မည်ဖြစ်သည်၊၊

ထို့ပြင် အလွန်တန်ဖိုးကြီးသည့် နတ်ဆိုးအင်ပါယာသွေးလည်းရသေး၏၊၊

ထိုအရာက နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိတာပဲဖြစ်သည်၊၊

"ကောင်းတယ်, ကောင်းတယ်----"

သူက စိတ်လှုပ်ရှားစွာဖြင့် နတ်ဆိုးအင်ပါယာသွေးပုလင်းကိုယူဖို့ လက်ဆန့်ထုတ်လိုက်၏၊၊

ထိုအချိန်မှာပဲ ရက်အတော်ကြာပျောက်နေသည့် လျိုချင်းရှန် ရုတ်တရက်ရောက်လာခဲ့သည်၊၊

သူမက လျိုဝူချန်းကိုရပ်တန့်လိုက်ပြီး မျက်ခုံးတွေက တွန့်ခေါက်နေခဲ့သည်၊၊

"အဖေက ဂျန်ဖန်းကို စိတ်ဝိညာဥ်သားရဲဂိုဏ်းပေးမလို့ပေါ့----"

"နတ်ဆိုးအင်ပါယာသွေးလေးတစ်ပုလင်းနဲ့လေ----"

ဂျန်ဖန်း၌ အနန္တစိတ်ဝိညာဥ်အမြစ်ရှိ၏၊၊

ဒဏ္ဍာရီလာအနန္တစိတ်ဝိညာဥ်အမြစ်ဖြစ်၏၊၊

နတ်ဆိုးအင်ပါယာ ၁၀ ယောက်တောင် သူနှင့်မယှဥ်နိုင်ပေ၊၊

နတ်ဆိုးအင်ပါယာသွေးလေးတစ်ပုလင်းကတော့ ပြောစရာကိုမလိုတော့ပေ၊၊

သူမအဖေ နတ်ဆိုးအင်ပါယာသွေး တစ်ပုလင်းလေးနှင့် စည်းရုံးခံလိုက်ရတာမြင်သည့်အခါ သူမအလွန်ဒေါသထွက်သွားခဲ့သည်၊၊

ဂုန်ချိုင်းယီ နွေးထွေးစွာပြောလိုက်သည်၊၊

"သခင်မလေးလျို, နတ််ဆိုးအင်ပါယာသွေးတစ်ပုလင်းက ဂျန်ဖန်းလိုစိတ်ဝိညာဥ်အမြစ်မရှိတဲ့လူအတွက်အရမ်းနည်းနေလို့လား----"

လျိုချင်းရှန် နူးညံ့လှပသည့်စိတ်ဝိညာဥ်သားရဲဂိုဏ်းခေါင်းဆောင်ကိုစိုက်ကြည့်ပြီး စိတ်ထဲမှ စိုးရိမ်သွားခဲ့သည်၊၊

'ဒီမိန်းမ ဂျန်ဖန်းမှာ အနန္တအမြစ်ရှိတာ သိသွားတာများလား----'

'နတ်ဆိုးအင်ပါယာသွေးတစ်ပုလင်းတောင် ပေးဖို့ဆန္ဒရှိနေတယ်----'

သူမက သူမကိုသူမတည်ငြိမ်အောင်လုပ်လိုက်ပြီး အဓိပ္ပာယ်ပါပါပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, ဂျန်ဖန်းဘာတွေလုပ်နိင်လဲဆိုတာ ရှင်သိတယ်မလား၊၊ ကျွန်မလည်း သိတယ်----"

"ရှင်က သူ့ကို နတ်ဆိုးအင်ပါယာသွေးတစ်ပုလင်းလေးနဲ့လဲချင်နေရင်တော့ ကျွန်မသဘောမတူနိုင်ဘူး----"

ဂုန်ချိုင်းယီမျက်နှာ တစ်ခဏတောင့်တင်းသွား၏၊၊

သူမနှလုံးသားကခုန်ပေါက်နေခဲ့သည်၊၊

'ဒီမိန်းကလေးကလည်း ဂျန်ဖန်းစွမ်းရည်တွေကိုသိတာလား----"

'ဟုတ်သားပဲ, သူတို့ကအနေနှီးတော့ ရင်းနှီးတာမဆန်းပါဘူး---'

'ဘာလို့ဒီအချိန်ကျမှ ပေါ်လာရတာလဲ----'

လျိုချင်းရှန်သဘောထားကြောင့် လျိုဝူချန်း အံ့အားသင့်သွားခဲ့သည်၊

သူက ဆူပူလိုက်၏၊၊

"ချင်းရှန်, မရိုင်းနဲ့၊၊ ဘယ်လိုလုပ်ပြီး မင်း ဂိုဏ်းချုပ်ဂုန်ကို ဒီလိုပြောနိုင်ရတာလဲ---"

လျိုချင်းရှန် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊၊

"အဖေ, ငါ ချောင်ကျန့်နဲ့သဘောတူထားတာ နင်မေ့သွားပြီလား၊၊ အဲ့သဘောတူညီချက်အတွက် ဂျန်ဖန်းကိုလိုသေးတယ်လေ---"

"ဘာလဲ, အဖေက အဖေ့သမီးကို မဟာအကြီးအကဲရဲ့တပည့်အနိုင်ကျင့်တာ မြင်ချင်လို့လား----"

လျိုဝူချန်း သူ့နဖူးသူရိုက်လိုက်သည်၊၊

ထိုကိစ္စကို သူအခုမှ သတိရ၏၊၊

သူ့သမီး၊ သူ့တပည့်နှင့် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်တို့၏ ယှဥ်ပြိုင်မှုဖြစ်သဖြင့် သူ ပေါ့ပေါ့တန်တန်လုပ်လို့မရပေ၊၊

"ဂိုဏ်းချုပ်ဂုန်, ငါတို့ တပည့်ပြောင်းတဲ့ကိစ္စကို နောက်မှဆွေးနွေးရအောင်----"

"ဘိုးဘေးပူဇော်ပွဲပြီးမှ ဒါကိုဆွေးနွေးကြတာပေါ့----"

သို့ပေမယ့် ဂုန်ချိုင်းယီ သံကိုပူတုန်းရိုက်ရမည့် အခွင့်အရေးကို လက်လွတ်မခံချင်ပေ၊၊

သူမက လျိုချင်းရှန်ကို အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်၊၊

"သခင်မလေးလျို, တစ်ခုလောက်လောင်းကြရင်ကောဘယ်လိုလဲ---"

"ဂျန်ဖန်းရှုံးရင် သူ့ကို စိတ်ဝိညာဥ်သားရဲဂိုဏ်းက ပိုင်မယ်---"

လျိုချင်းရှန် ရန်လိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်၊၊

"သူနိုင်ခဲ့ရင်ကော----"

ဂုန်ချိုင်းယီခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊၊

"မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့နီးနေပြီမလား၊၊ ပြီးတော့ ငါ့ရဲ့စိတ်ဝိညာဥ်သားရဲဂိုဏ်းက မြေနဂါးသလင်အူတိုင်ကို လိုချင်နေတာကြာပြီမလား----"

"ဂျန်ဖန်းသာနိုင်ရင်, ငါချွင်းချက်ထားပြီး မင်းကို တစ်ခုပေးမယ်----"

မြေနဂါးသလင်းအူတိုင်----

လျိုဝူချန်း တုန်လုပ်သွားသည်၊၊

"ဂိုဏ်းချုပ်ဂုန်, မဖြစ်ဘူး၊၊ ဒါက တန်ဖိုးဖြတ်လို့မရတဲ့ရတနာလေ၊၊ စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ အမြုတေဖွဲ့စည်းခြင်းတပည့်အတွက်ပဲဖြစ်သင့်တာပါ----"

"ဒါ ကိစ္စမရှိပါဘူး---"

ဂုန်ချိုင်းယီ လျိုချင်းရှန်ပြုံးပြီး ကြည့်လိုက်သည်၊၊

"သခင်မလေးလျို, မင်း လောင်းရဲလား---"

လျိုချင်းရှန် ဂုန်ချိုင်းယီကို စိုက်ကြည့်လိုက်သည်၊၊

တစ်ဖက်လူက သူမကို ထောင်ချောက်ထဲကျအောင်ဆွဲဆောင်နေတာ သူမသိ၏၊၊ သို့ပေမယ့် ထိုအရာက မြေနဂါးသလင်းအူတိုင်ဖြစ်၏၊၊

ထိုအရာက သိုင်းပညာရှင်တစ်ယောက်ကို အမြုတေဖွဲ့ဖို့အခွင့်အရေးတိုးမြှင့်ပေးနိုင်ပြီး အပြင်ဘက်ကမ္ဘာ၌ မရနိုင်ပေ၊၊

ပိုပြီးအရေးကြီးတာက သူမ ဂုန်ချိုင်းယီထံမှ စိန်ခေါ်သည့်အငွေ့အသက်ကို ခံစားနေရ၏၊၊

မြေနဂါးသလင်းအူတိုင်အတွက်မဟုတ်လျှင်တောင် သူမအောက်စည်းရောက်လို့မဖြစ်ပေ၊၊

"ကျွန်မလက်ခံတယ်----"

ဂုန်ချိုင်းယီ ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်၊၊

"ကောင်းပြီ, လောင်းကြေးကဂျန်ဖန်းပဲ----"

"မနက်ဖြန်ပြိုင်ပွဲမှာ ငါတို့ရလဒ်ကို ဆုံးဖြတ်ကြတာပေါ့-----"

လျိုချင်းရှန် ပြန်ပြောလိုက်သည်၊၊

"သဘောတူတယ်---"

အမျိုးသမီးနှစ်ယောက်အကြည့်ခြင်း ဖလှယ်လိုက်ကြပြီး လေထဲမှာ မီးပွားလေးတွေရှိနေခဲ့သည်၊၊

ဘေးခန်းမတစ်ခု၌----

ကောင်းဝူရွမ်းမေးလိုက်သည်၊၊

"ဦးလေး, ငါတို့ အဲ့ဒီ ကောင်းကင်နဲ့ မြေကြီး ထူးဆန်းသားရဲကို လက်လျော့လိုက်ပြီလား၊၊ ဒါက နှမျှောစရာကြီးလေ----"

ကောင်းယွမ်ဘလက်နှောက်ပစ်ထားပြီး ရယ်လိုက်သည်၊၊

"ငါတိမ်စိမ်းဂိုဏ်းကိုအပြေးလာခဲ့တာ အဲ့ဒါမရမှာစိုးလို့မဟုတ်ဘူး----"

"တိမ်းစိမ်းဂိုဏ်း ဒါမှမဟုတ် စိတ်ဝိညာဥ်သားရဲဂိုဏ်း ရသွားမှာစိုးလို့ပဲ----"

"အခု တစ်ယောက်မှမရဘူးဆိုတော့ ငါစိတ်သက်သာယာရသွားပြီ---"

ဂိုဏ်းတစ်ခုခုသာ စိတ်ဝိညာဥ်သားရဲလေးကိုရသွားလျှင် ထိုအရာက ခြိမ်ခြောက်မှုတစ်ခုဖြစ်လာမည်ပဲဖြစ်သည်၊၊

တစ်ယောက်မှမရလျှင်တော့ အဆင်ပြေ၏၊၊

ကောင်းဝူရွမ်း အနည်းငယ်ခေါင်းညိတ်လိုက်၏၊၊

"ဒါဆို့ ငါတို့ ဘာလို့ထွက်မသွားသေးပဲ တိမ်စိမ်းဂိုဏ်းမှာနေနေသေးတာလဲ----"

ကောင်းယွမ်ဘ ခပ်ဖွဖွပြုံးလိုက်သည်၊၊

"ငါတို့ ဒီရောက်မှတော့, တိမ်စိမ်းဂိုဏ်းပါရမီရှင်တွေ ငါတို့ဧရာမဂိုဏ်းပါရမီရှင်တွေရဲ့စွမ်းအားကို အားကျမှာကို မင်းမမြင်ချင်ဘူးလား----"

ထိုအရာကိုကြားသည့်အခါ ကောင်းဝူရွမ်း ဂျန်ဖန်းကို တွေးမိပြီး သူ့အကြည့်တွေက ထက်ရှလာခဲ့သည်၊၊

"ဟုတ်သားပဲ, ငါ အဲ့ဒီကလေးကိုမေ့တော့မလို့----"

"အတွင်းစည်းတပည့်လေးက ခန္ဓာကိုယ်ကျင့်ကြံရဲတယ်----"

"မနက်ဖြန်ကျရင် ခန္ဓာကျင့်ကြံခြင်းအစစ်ကဘာလဲဆိုတာ သူ့ကိုပြပေးရမယ်----"

All Chapters