← Chapters

ယှဥ်ပြိုင်မှု

Vol. 8 Ch. 115

ယှဥ်ပြိုင်မှု

Vol. 8 Ch. 115

နောက်တစ်နေ့၌----

တောင်ထိပ် ၁၀ခုမှ ခေါင်းလောင်းသံတွေမြည်လာခဲ့သည်၊၊

အပြင်စည်းတပည့်အသစ်တွေအပါအဝင်, တိမ်စိမ်းဂိုဏ်းကိုဝင်ရောက်ခဲ့သည့်တပည့်သစ်တွေအားလုံး ဘိုးဘေးခန်းမကို စုဝေးကြ၏၊၊

လျိုဝူချန်း၏ဦးဆောင်မှုအောက်၌ တပည့်သစ်တွေ တစ်ယောက်ပြီးတစ်ယောက် အမွေးတိုင်တွေမီးရှို့ပြီး ဘိုးဘေးရုပ်ထုရှေ့၌ အရိုအသေပေးကြ၏၊၊

အခမ်းအနားပြီးဆုံးပြီးနောက်---

အတွင်းစည်းတပည့်တွေ ပိုမိုအာရုံစိုက်လာကြသည်၊၊

အဘယ်ကြောင့်ဆိုသော် နောက်လာမည့်အပိုင်းက အရေးကြီးဆုံးအပိုင်းဖြစ်သောကြောင့်ပင်၊၊

ထိုအရာက ဘိုးဘေးခန်းမရှေ့၌ စိန်ခေါ်တိုက်ခိုက်ရမှာပဲဖြစ်သည်၊၊

"ဂိုဏ်းချုပ်ဂုန်, ငါကြားတာတော့ မင်း ဂိုဏ်းချုပ်လျိုသမီးနဲ့ လောင်းထားတယ်ဆို---"

ကောင်းယွမ်ဘ ဂုန်ချိုင်းယီကို လှည့်ကြည့်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်၊၊

သူမက ပိတ်အင်္ကျီပါးပါးတစ်ထည်ပြောင်းဝတ်ထားပြီး အလွန်အမင်းဆွဲဆောင်မှုရှိနေခဲ့၏၊၊

"မင်းငါနဲ့ကောလောင်အုန်းမလား---"

ဂုန်ချိုင်းယီမျက်နှာ အနည်းငယ် အေးစက်သွားသည်၊၊

"စိတ်မဝင်စားဘူး----"

အလယ်မှာထိုင်နေသည့်လျိုဝူချန်း အတော်လေးအကူညီမဲ့သလိုခံစားနေရ၏၊၊

သူက သူတို့နှစ်ယောက်ကြားထိုင်နေတာတောင် ကောင်းယွမ်ဘက ဂုန်ချိုင်းယီကို နှောင့်ယှက်နေတုန်းဖြစ်သည်၊၊

"ဂိုဏ်းချုပ်ကောင်း, တပည့်တွေပြိုင်ပွဲစတော့တယ်----"

"ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ---"

ကောင်းယွမ်ဘ နှာမှုတ်လိုက်၏၊၊

သူ့မျက်လုံးတွေကျဥ်းမြောင်းသွားပြီး တောင်ထိပ်သခင်အသီးသီးဘေးမှာရပ်နေသည့် တပည့်တွေကိုကြည့်ပြီး လှောင်ပြောင်လိုက်၏၊၊

"သူတို့မှာတကယ်ကို တပည့်သစ်နည်းနည်းလေးရှိတာပါ့လား၊၊ ဒါပေမယ့်လည်း ကြည့်ရတာတန်မဲ့ပွဲလေးရှိအုန်းမလား သိချင်မိတယ်---"

လျိုဝူချန်းမျက်နှာ အနည်းငယ်မဲမှောင်သွား၏၊၊

နှစ်ပေါင်းများစွာကြာသွားတာတောင် ကောင်ယွမ်ဘက အရင်လိုမောက်မာနေဆဲဖြစ်သည်၊၊

သို့ပေမယ့် ဂိုဏ်း၉ဂိုဏ်း၌ ဧရာမဂိုဏ်းက အားအကောင်းဆုံးဆိုတာ မည်သူက ငြင်းနိုင်မည်နည်း၊၊

တိမ်စိမ်းဂိုဏ်းကတော့ အားအနည်းဆုံးဂိုဏ်းတစ်ခုဖြစ်သည်၊၊

သူက တောင်ထိပ်သခင်တွေကို အကြည့်တစ်ချက်ပို့လိုက်သည့်အခါ သူတို့အချင်းချင်းနားလည်သွားကြသည်၊၊

ထိန်ချန်မထားပဲ ခွန်အားကုန်သုံးဖို့အကြီးအကဲတွေအလျှင်အမြန်ပဲ တပည့်သစ်တွေကိုမှာကြားလိုက်၏၊၊

ထို့မှသာ အပြင်လူရှေ့မှာ တိမ်စိမ်းဂိုဏ်းနာမည်အရှက်မရမည်ဖြစ်သည်၊၊

တပည့်သစ်တွေကောင်းယွမ်းဘ၏အထင်အမြင်သေးမှုကို ခံစားမိပြီး အားလုံးဒေါသမီးတွေတောက်လောင်လာကြသည်၊၊

ထို့ကြောင့်----

ဂျန်ဖန်းအပါအဝင် အတွင်းစည်းတပည့်နှစ်ဆယ်က မဲနှိုက်ပြီး စတင်ယှဥ်ပြိုင်ကြတော့၏၊၊

သူတို့ရှေ့၌ သစ်သားသေတ္တာတစ်လုံး ပေါ်လာခဲ့ပြီး လျိုဝူချန်းပြောလိုက်သည်၊၊

"သေတ္တာထဲမှာ နံပါတ် ၁ ကနေ ၁၀ထိဘောလုံးတွေရှိတယ်၊၊ နံပါတစ်ခုစီကိုနှစ်လုံးရှိတယ်၊၊"

"နံပါတ်တူနှိုက်မိတဲ့လူတွေက တစ်ယောက်နဲ့တစ်ယောက်ယှဥ်ပြိုင်တိုက်ခိုက်ရမယ်----"

များစွာသောလူတွေက ချောင်ကျန့်နှင့် တောက်ကျန်းဂွန်ကို အရင်သတိထားမိ၏၊၊

ဤနှစ်ယောက်က တပည့်သစ်တွေထဲ၌ အသန်မာဆုံးဟုပြောနိုင်၏၊၊

ပါရမီရှင်အမျိုးသမီးတပည့်တွေဖြစ်သည့် ရှုရို့ရန်, ရှုယင်းရင်း, ချန်းစီလင်တို့ ရှိပေမယ့် သူမတို့လေ့ကျင့်ချိန်က မကြာသေးပဲ ကျင့်ကြံရေးကလည်းမမြင့်သေးပေ၊၊

သူတို့ထဲကတစ်ယောက်နှင့်ကျလျှင် အခွင့်အရေးရှိသေး၏၊၊

သို့ပေမယ့် ချောင်ကျန့် ဒါမှမဟုတ် တောက်ကျန်ဂွန်နှင့်သာ ကျလျှင် ချက်ချင်း ထုတ်ပယ်ခံရမည်ပဲဖြစ်သည်၊၊

လူတိုင်းက ဂိုဏ်းချုပ်နှင့် အကြီးအကဲကိုးယောက်ရှေ့၌ သူတို့၏ပထမဆုံးပွဲဦးထွက်ကို ထင်မြင်ချက်ကောင်းအောင်လုပ်ရမည်ပဲဖြစ်သည်၊၊

နောက်ဆုံးဆုလဒ်ဖြစ်သည့် စာအုပ်ဆောင်ဝင်ခွင့်အတွက်တော့ သူတို့ မမျှော်လင့်ရဲကြပေ၊၊

မကြာခင်---

ဂျန်ဖန်း နံပါတ် ၃ မဲပေါက်သွား၏၊၊

ချက်ချင်းပဲ လျိုဝူချန်း သူတို့ကို တွဲဖက်ပေးလိုက်၏၊၊

"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်, ချောင်ကျန့် နဲ့ အပူပင်မဲ့တောင်ထိပ် တောက်စုလင်---"

"ဂိုဏ်းသခင်တောင်ထိပ် တောက်ကျန်းဂွန်နဲ့ မိုးကောင်းကင်တောင်ထိပ် ဝူဂျန်းတောက်---"

ပြိုင်ပွဲစဥ်တွေကိုကြားသည့်အခါ---

တောက်စုလင်နှင့် ဝူဂျန်းတောက်တို့မှလွဲ၍ တပည့်သစ်အားလုံး စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်၊၊

အသန်မာဆုံးနှစ်ယောက်က တွဲဖက်တွေ့သွားပြီဖြစ်၍ ကျန်သည့်လူတွေ ပိုပြီးအဆင်ပြေသွားပြီဖြစ်သည်၊၊

"ဂိုဏ်းသခင်တောင်ထိပ်ဂျန်ဖန်း နဲ့ ဓားရူးတောင်ထိပ် ကျန်းကျူး---"

ဂျန်ဖန်းကြည့်လိုက်သည့်အခါ နံပါတ်သုံးဘောလုံးကိုင်ထားသည့် အရပ်ရှည်ရှည် ချောမောသည့်တပည့်တစ်ယောက်ကို တွေ့လိုက်ရသည်၊၊

"မင်းက ဂိုဏ်းသခင်တောင်ထိပ်ရဲ့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်မလား----"

"နာမည်ကြားဖူးနေတာအတော်ကြာပြီ၊၊ မင်းငါ့ရဲ့လှုပ်ရှားမှုသုံးကွက်ထက်ပိုခုခံနိုင်မလား ကြည့်ရတာပေါ့----"

ပတ်ဝန်းကျင်မှ ရယ်သံတွေပဲ့တင်ထပ်လာခဲ့သည်၊၊

တပည့်အသစ်တွေ၌ အသန်မာဆုံးက သံသယရှိစရာမလိုအောင် ချောင်ကျန့်နှင့် တောက်ကျန်းဂွန်တို့ဖြစ်သည်၊၊

သို့ပေမယ့် ကျော်ကြားမှုအရ ဂျန်ဖန်းက မေးစရာလိုသည့်မြင်းနက်တစ်ကောင်ဖြစ်သည်၊၊

"ဒီကောင့်ကံက မကောင်းဘူးပဲ၊၊ ကျန်ကျူးနဲ့မှ ကျရတယ်လို့၊၊ သူက ဓားရူးတောင်ထိပ်သခင်ရဲ့ သဘောအကျဆုံးတပည့်လေ---"

"ကျန်းကျူးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီးတော့ အဝါရောင်အဆင့်မြင့်ဆေးဘာသိုင်းကိုလည်း လေ့ကျင့်ထားတယ်---"

"ပြောကြတာတော့ သူ့ဆေဘာဓားပညာက ထူးခြားပြီး တောင်ထိပ်သခင်က အတော်လေးချီးကျူးထားတယ်တဲ့----"

"ဂျန်ဖန်းလို စိတ်ဝိညာဥ်အမြစ်မရှိတဲ့လူအတွက်တော့ သူဆီက သုံးကွက်ခုခံဖို့ မဖြစ်နိုင်ဘူး---"

သူတို့ဆွေးနွေးသံတွေက ဂျန်ဖန်းအပေါ် ဘယ်လိုမှမသက်ရောက်ပဲ နားညီးရုံသာဖြစ်သည်၊၊

ဂုန်ချိုင်းယီ လျိုချင်းရှန်ကို အပြုံးတစ်ဝက်ဖြင့်ကြည့်ပြီး ပြောလိုက်သည်၊၊

"သခင်မလေးလျို, ဂျန်ဖန်းသာ ချောင်ကျန့်နဲ့မတိုက်လိုက်ရပဲ ရှုံးသွားရင် ငါတို့လောင်းကြေးကိုဘယ်လိုလုပ်မလဲ---"

သူမက ဂျန်ဖန်းစွမ်းရည်ကို အများကြီးမျှော်လင့်မထားပေ၊၊

ဂျန်ဖန်း၏ထူးချွန်မှုက သူ၏နားလည်မှုနှင့် ဆေးပညာဖြစ်သည်၊၊ သို့ပေမယ့် စိတ်ဝိညာဥ်အမြစ်မရှိပဲနှင့် သူ၏ခွန်အားက ဘယ်လိုမှ အားမကောင်းနိုင်ပေ၊၊

သူက ကျန်းကျူးကိုတောင် ကျော်ဖြတ်နိုင်ချင်မှ ကျော်ဖြတ်နိုင်မှာဖြစ်သည်၊၊

လျိုချင်းရှန်ကတော့ ထူးဆန်းစွာပြုံးလိုက်သည်၊၊

"သူက ကျန်းကျူးတောင်မနိုင်ဘူးဆိုရင် ငါ့ရှုံးတယ်လို့သတ်မှတ်လို့ရတယ်---"

အို?---

ဂုန်ချိုင်းယီ အံံအားသင့်သွားခဲ့သည်၊၊

လျိုချင်းရှန် ဘာကြောင့် ဂျန်ဖန်းခွန်အားကို ဤမျှလောက်ယုံကြည်မှုရှိနေသနည်း၊၊

သူ့ခွန်အားမမြင့်တာ အသိသာကြီးပဲဖြစ်သည်၊၊

တပည့်တွေကို စီစဥ်ပြီးသည်နှင့် ပြိုင်ပွဲကို အလျှင်အမြန်ပဲ စတင်လိုက်၏၊၊

ချောင်ကျန့်နှင့် တောက်ကျန်းဂွန်တို့က တပည့်သစ်တွေထဲ၌ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်၊၊

ငါးကွက်အတွင်း သူတို့ကပြိုင်ဘက်ကို အနိုင်ရပြီး ခွန်အားကိုထိန်းသိမ်းထားနိုင်ခဲ့သည်၊၊

အခြားပြိုင်ပွဲတွေလည်း အစီအစဥ်တကျ ဆက်လက်ဖြစ်ပွားနေခဲ့သည်၊၊

ကောင်းဝူရွမ်းလက်နောက်ပစ်ထားပြီး ပြိုင်ပွဲတွေကို တည်ငြိမ်စွာကြည့်နေရင်း ခေါင်းခါယမ်းကာပြောလိုက်သည်၊၊

"ချောင်ကျန့်နဲ့ တောက်ကျန်းဂွန်ကလွဲရင် အခြားလူတွေက အမှိုက်တွေကြီးပဲ----"

"တိမ်စိမ်းဂိုဏ်းကတကယ့်ကို ခေါင်တာပဲ၊၊ ဘာမျိုးစေ့ကောင်းမှမရှိဘူး----"

သူက ရည်ရွယ်ချက်ရှိရှိ အသံကိုနှိမ့်မထားခဲ့ပေ၊၊

ထို့ကြောင့် ရှိနေသည့်တပည့်အားလုံး ထိုအရာကို ကြားလိုက်ကြသည်၊၊

ချောင်ကျန့်မျက်ခုံးတွေ တွန့်ခေါက်သွားခဲ့သည်၊၊

"ကောင်းဝူရွမ်း, မင်းငါနဲ့ ယှဥ်ပြိုင်ရဲလား----"

တိမ်စိမ်းဂိုဏ်ပိုင်နက်၌ ပေါ်တင်ရမ်းကာနေတာဖြစ်၍ တပည့်သစ်တွေ၏အသန်မာဆုံးဖြစ်သည့်သူက မကြားသလိုဟန်ဆောင်နေလို့မရပေ၊၊

ကောင်းဝူရွမ်း လှောင်ပြောင်လိုက်၏၊၊

"မင်လား? မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး---"

"ငါမင်းနဲ့ ပြိုင်ဖို့ စိတ်မဝင်စားဘူး----"

ထိုအခိုက်အတန့်၌----

လျိုဝူချန်း အမူအရာကင်းမဲ့စွာဖြင့် ကြေညာလိုက်၏၊၊

"နောက်ဆုံးအဖွဲ့, ဂျန်ဖန်း နဲ့ ကျန်းကျူး----"

သူ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုက်သလိုခံစားလိုက်ရသည်၊၊

သူအကြောက်ဆုံးက ဂျန်ဖန်းကိုယ့်ကိုယ်ကို ဟာသလုပ်ပြီး သူ့ဂုဏ်သတင်းကိုထိခိုက်အောင်လုပ်မှာကိုပဲဖြစ်သည်၊၊

သို့ပေမယ့် ဤကဲ့သို့အခမ်းအနားတွင် ဂျန်ဖန်းပေါ်လာရမည်ဖြစ်သည်၊၊

ပေါ်လာရပြီး ယှဥ်ပြိုင်ရမည်ဖြစ်၏၊၊

ထို့ပြင် သူ့ကံကအရမ်းဆိုးပြီး ကျန်းကျူးနှင့် ကျသွား၏၊၊

တပည့်အသစ်တွေထဲ၌ ကျန်းကျူးခွန်အားက ထိပ်ဆုံးထဲမှာပါ၏၊၊

ချောင်ကျန့်အာရုံပြောင်းသွားပြီး ဂျန်ဖန်းကို အထင်မြင်သေးစွာကြည့်လိုက်သည်၊၊

"ငါနဲ့တိုက်မယ်တဲ့လား? မင်း သူ့ကိုတောင်ကျော်နိုင်မှာမဟုတ်ဘူး----"

သို့ပေမယ့် သူ့မျက်ခုံးတွေ တွန့်ခေါက်သွားခဲ့သည်၊၊ အဘယ်ကြောင့်ဆိုသော် ကောင်းဝူရွမ်းမျက်လုံးတွေ တောက်ပလာပြီး စိတ်ဝင်စားမှုတွေပြသလာတာကြောင့်ပင်၊၊

"ကောင်းတယ်---"

"ငါ့ပြိုင်ဘက်လို့မြင်တဲ့တစ်ယောက် နောက်ဆုံးတော့ပေါ်လာပြီ---"

"မင်းခွန်အား ငါ့ကိုပြစမ်းပါ----"

ချောင်ကျန့် မကျေမနပ်ဖြစ်သွားသည်၊၊

ကောင်းဝူရွမ်းက သူ့ခွန်အားကိုလျစ်လျူရှုပြီး ဂျန်ဖန်းကိုတော့ အထင်ကြီးနေသည်လား----

ဘာလို့လဲ?----

သူက တိမ်စိမ်းဂိုဏ်းတပည့်သစ်တွေထဲ၌ အသန်မာဆုံးဖြစ်သည်၊၊

လူတိုင်းက ဘာကြောင့်ဂျန်ဖန်းကို အထင်ကြီးနေကြသနည်း၊၊

လူတိုင်းက အတွေးမတူကြပေမယ့် ဤတိုက်ပွဲကို စိတ်ဝင်စားကြတာ ချွင်းချက်မဟုတ်ပေ၊၊

ချောင်ကျန့်နှင့် တောက်ကျန်ဂွန်တို့ တိုက်ပွဲထက်တောင် ပိုစိတ်ဝင်စားကြ၏၊၊

ဂျန်ဖန်း တည်ငြိမ်စွာလျှောက်လာခဲ့သည်၊၊

ကျန်းကျူးလည်း ကြီးမားသည့်ဆေးဘာဓားကြီးကိုသယ်ဆောင်ထားပြီး လက်နက်မပါသည့်ဂျန်ဖန်းကို ကြည့်လိုက်သည်၊၊

"မင်းလက်နက်ဘယ်မှာလဲ----"

"မလိုဘူး---"

ဂျန်ဖန်းခေါင်းခါယမ်းလိုက်သည်၊၊

ဤအဆင့်နှင့်တိုက်ခိုက်ဖို့ ခရမ်းဓားကိုသုံးဖို့မလိုပေ၊၊

ကျန်းကျူး နှာမှုတ်လိုက်၏၊၊

"မောက်မာလိုက်တာ---"

"ရက်အနည်းငယ်လောက်ဂိုဏ်းသခင်တပည့်ဖြစ်သွားတာနဲ့ မင်းကိုယ်မင်းအဆင့်မြင့်တယ်လို့ထင်သွားတာလား----"

"ပြိုင်ပွဲက အရည်အချင်းနဲ့ပဲဆိုင်တယ်၊ အဆင့်အတန်းနဲ့မဟုတ်ဘူးကွ---"

"ကောင်းပြီလေ, ငါ့ဓားကိုသုံးပြီး မင်းကိုနိုးလာအောင်လုပ်ပေးမယ်---"

"ငါမင်းကို ညှာတာပေးမှာပါ---"

သူက ရှေ့တက်လာခဲ့သည်၊၊ အရှိန်က မိုကြိုးကဲ့သို့မြန်လှပြီး ဖုန်မှုန့်တွေကို တုန်ခါသွားစေခဲ့သည်၊၊

ဆေးဘာဓားရှည်က အေးစက်စက်အလင်းတစ်ချက်လက်သွားပြီး ဂျန်ဖန်းဆီသို့ အားပြင်းစွာ ခုတ်ချလိုက်သည်၊၊

"မြင်းစီးသူရဲကောင်းတစ်သောင်းတိုက်ခိုက်ခြင်း---"

တပည့်သစ်တွေ၏မျက်လုံးတွေ တောက်ပသွားခဲ့သည်၊၊

ချောင်ကျန့်နှင့် တောက်ကျန်ဂွန် အနည်းငယ်တည်ငြိမ်သွား၏၊၊ ဤဓားချက်၏ခွန်အားက သူတို့မျှော်လင့်ထားသည်ထက်ကျော်လွန်နေခဲ့သည်၊၊

လျိုဝူချန်းမျက်နှာ အရုပ်ဆိုးသွားပြီး အနည်းငယ် ဒေါသထွက်သွားခဲ့သည်၊၊

စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် မောက်မာပြီးလက်နက်မသုံးပေ၊၊

မည်သူက ဂျန်ဖန်းကို ဤကဲ့သို့သတ္တိမျိုးပေးလိုက်သနည်း၊၊

ထိုအရာက ပြဿနာရှာနေတာပဲ မဟုတ်ဘူးလား----

သို့ပေမယ့်----

ဒုန်းဆိုသည့်အသံတစ်ခုနှင့်အတူ လျိုဝူချန်းအမူအရာပြောင်းလဲသွားခဲ့သည်၊၊

ဤအသံက ဓားသံတစ်ခုနှင့်မတူပဲ လက်သီး ဒါမှမဟုတ် ကန်ချက်တစ်ခုနှင့် တူနေခဲ့သည်၊၊

ကြည့်လိုက်သည့်အခါ ကြမ်းကြုတ်စွာတိုက်ခိုက်လိုက်သည့် ကျန်းကျူး သွေးချောင်းတွေဆိုးနေပြီး နောက်ကို တယိမ်းတယိုင်ဆုတ်ကာ ဒူးထောက်ကျသွားခဲ့သည်၊၊

သူ့ဓားရှည်ထောက်ပံ့ပေးထားလို့သာမဟုတ်ရင် သူက မြေပြင်ပေါ်လဲကျနေပြီး မတ်တပ်တောင်ရပ်နိုင်တော့မည်မဟုတ်ပေ၊၊

ဂျန်ဖန်းအမူအယာကင်းမဲ့စွာဖြင့် လက်ချင်းယှက်ပြောလိုက်သည်၊၊

"ငါ့ကို အနိုင်ပေးလို့ကျေးဇူးတင်ပါတယ်----"

တစ်ခဏတိတ်ဆိတ်ပြီးနောက် နေရာတစ်ခုလုံးက ပွက်လောရိုက်သွားခဲ့သည်၊၊

All Chapters