ရှုယင်းရင်နှင့်ပြန့်တွေ့ခြင်း
Vol. 8 Ch. 116
"ဂျန်ဖန်း တကယ်ကြီးနိုင်သွားခဲ့တာလား----"
"ပြီးတော့တစ်ကွက်တည်းနဲ့လေ----"
"ဒါက မယုံနိုင်စရာပဲ----"
တပည့်တွေတုန်လှုပ်ကုန်ကြ၏၊၊
အကြီးအကဲတွေနှင့် များစွာသောတောင်ထိပ်သခင်တွေလည်း တည်ငြိမ်မနေနိုင်တော့ပေ၊၊
ဂုန်ချိုင်းယီ ကြောင်အနေခဲ့၏၊၊
"သူ့မှာစိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုတာ သေချာရဲ့လား---"
"ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်းနေရတာလဲ---"
လျိုချင်းရှန် ဂုဏ်ယူနေခဲ့သည်၊၊
စိတ်ဝိညာဥ်ရေကန်တုန်းက ဂျန်ဖန်း သူမကို ဤအကွက်သုံးပြီး နောက်ကိုဆုတ်သွားစေတာဖြစ်သည်၊၊
ကျန့်ကျူလို လူမျိုးတွေက ဂျန်ဖန်း ပြိုင်ဘက်မဖြစ်နိုင်ပေ၊၊
လျိုဝူချန်းမျက်လုံးတွေထဲ၌ အံ့အားသင့်မှုတွေရှိနေခဲ့သည်၊၊
"သူတကယ်နိုင်သွားတာပဲ---"
ဂျန်ဖန်းအပြင်းအထန်ရှုံးနိမ့်မည်စု သူတွေးထားခဲ့တာဖြစ်သည်၊၊
သူက စိတ်သက်သာယာရစွာသက်ပြင်းချလိုက်သည်၊၊
"အနည်းဆုံးတော့ ငါတို့နောက်ဆုံးမှာ တစ်ပွဲနိုင်သွားပြီ၊၊ ပြီးတော့ ဒါက ဓားရူးတောင်ထိပ်ရဲ့ အစစ်အမှန်တပည့်တစ်ယောက်ကို နိုင်သွားတာ----"
"နောက်ပွဲတွေရှုံးရင်တောင်, အရှုက်ကွဲမှာ မဟုတ်တော့ဘူး----"
ကောင်းဝူရွမ်းမျက်လုံးတွေက ပြုံးယောင်သန်းနေခဲ့သည်၊၊
"ငါသိသားပဲ၊၊ ဒီကောင်က မရိုးရှင်းပါဘူးဆို-----"
"သူသုံးသွားတဲ့လက်ဝါးသိုင်းက နာမည်ကြီးသိုင်းပညာတစ်မျိုး ဖြစ်နိုင်တယ်----"
လူအများစုက ကျန်းကျူးပေါ်အာရုံစိုက်ထားပေမယ့် သူကတော့အမြဲတမ်း ဂျန်ဖန်းကိုသာ စောင့်ကြည့်နေခဲ့သည်၊၊
ထို့ကြောင့် လက်ဝါးချက်၏ထူးခြားမှုကို သတိထားမိတာပဲဖြစ်သည်၊၊
ချောင်ကျန့် နှာမှုတ်လိုက်၏၊၊
"မတော်တဆနိုင်သွားရုံလေးပါ---"
ကောင်းဝူရွမ်း ရယ်လိုက်၏၊၊
"မတော်တဆ? ငါ့အထင် ခုချိန် မင်း အဲ့ဒီလက်ဝါးချက်ကိုခုခံရင်တောင် ရလဒ်က ပိုမကောင်းနိုင်ဘူး----"
ချောင်ကျန့် ဒေါသတကြီး ရယ်လိုက်၏၊၊
"သူကလေ? ငါ့ကိုတစ်ကွက်တည်းနဲ့ အနိုင်ယူမယ်ပေါ့----"
အကြီးအကဲတွေလည်း လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြ၏၊၊
ဓားရူးတောင်ထိပ်သခင် ကြောင်အနေခဲ့သည်၊၊ သူက မနေနိုင်ပဲ လီချင်ဖုန်းကိုကြည့်ပြီး မေးလိုက်သည်၊၊
"အကြီးအကဲလီ---"
"မင်းပြောတော့ သူ့က စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်ဆို----"
"ဘယ်လိုလုပ်ပြီး ငါကိုယ်တိုင်ခေါ်လာတဲ့ ကျန့်ကျူးထက်သန်မာနေရတာလဲ---"
"ငါသာသိခဲ့ရင် သူ့ကိုလည်းလက်ခံခဲ့မှာ----"
လီချင်ဖုန်း ချက်ချင်းပဲ ရှက်သွားခဲ့သည်၊၊
သို့ပေမယ့် သူကအလျှင်အမြန်ပဲ အကြောင်းပြချက်ကိုရှာတွေ့သွားပြီး ပြောလိုက်သည်၊၊
"ဒါ တိုက်ဆိုင်သွားတာပဲဖြစ်မယ်၊၊ ဟုတ်တယ် တိုက်ဆိုင်သွားတာ----"
"ကျန်းကျူးကယုံကြည်မှုလွန်ကဲသွားတာ၊၊ သူတို့သာနောက်တစ်ကြိမ်တိုက်ခိုက်ရင် ဂျန်ဖန်း အခွင့်အရေးတောင်ရမှာမဟုတ်ဘူး----"
ပြိုင်ပွဲပထမအကျော့က အေးအေးဆေးဆေး ပြီးဆီးသွားခဲ့သည်၊၊
လျိုဝူချန်းအလျှင်အမြန်ပဲ အနိုင်ရရှိသည့်တပည့် ၁၀ ယောက်ကို ဒုတိယအကျော့အတွက် မဲထပ်နိုက်ခိုင်းလိုက်၏၊၊
"ဂိုဏ်းသခင်တောင်ထိပ်ဂျန်ဖန်း နဲ့ ဂိုဏ်းသခင်တောင်ထိပ် တောက်ကျန်းဂွန်"
မဲရလဒ်တွေကြေညာပြီးသည်နှင့် လူတိုင်း တီးတိုးဆွေးနွေးမှုတွေ နောက်တစ်ကြိမ်စတင်လာခဲ့သည်၊၊
အများစုက နောင်တတွေနှင့်ပြည့်နှက်နေခဲ့သည်၊၊
သိသာစွာပဲ ဂျန်ဖန်း ကံဆိုးပြီး တောင်ထိပ်တူစီနီယာအကိုနှင့်ကျသွားသည်ဟု သူတို့တွေက တွေးနေကြတာဖြစ်သည်၊၊
လျိုဝူချန်းလည်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်၊၊
"ဒီလောက်တောင်ကံဆိုးရလား----"
"ဒါပေမယ့် ကျန်တဲ့သူအားလုံးက သန်မာကြပါတယ်၊၊ ဒီတော့ဘယ်လိုပဲဖြစ်ဖြစ် ဂျန်ဖန်း ရှုံးမှာပါပဲ----"
ထိုအရာကိုတွေးပြီး သူက နောက်ထပ်ဂရုမစိုက်တော့ပဲ မဲရလဒ်တွေကို ဆက်လက်ကြေညာလိုက်၏၊၊
ပြိုင်ပွဲတွေကို စီစဥ်ပြီးနောက်----
ဂျန်ဖန်းနှင့် တောက်ကျန်းဂွန် စင်မြင့်ထက်ကို ရောက်လာခဲ့သည်၊၊
ချောင်ကျန့် လှောင်ပြောင်လိုက်၏၊၊
"ကောင်းဝူရွမ်း, ဂျန်ဖန်းနိုင်မယ်လို့ မင်းထင်လား----"
ကောင်းဝူရွမ်းရယ်လိုက်သည်၊၊
"ဘာလို့မနိုင်ရမှာလဲ---"
ချောင်ကျန့် ထူးဆန်းသလိုခံစားနေရ၏၊၊
ထိုအရာက တောက်ကျန်းဂွန်ဖြစ်၏၊၊ ခန္ဓာကိုယ်နှင့် ကျင့်ကြံရေး နှစ်မျိုးလုံးလေ့ကျင့်သည့် အားကောင်းသူဖြစ်၏၊၊ သူကိုယ်တိုင်တောင် အနိုင်ရဖို့ မသေချာပေ၊၊
ဂျန်ဖန်းက မည်သို့အနိုင်ရနိုင်မည်နည်း၊၊
ဂုန်ချိုင်းယီလည်း တူညီစွာ သိချင်နေခဲ့သည်၊၊
"သခင်မလေးလျို, ဂျန်ဖန်းနိုင်မယ်ဆိုတာ မင်းသေချာလား---"
လျိုချင်းရှန် လက်သည်းညှပ်နေရင်း ထူးမခြားနားစွာပြောလိုက်သည်၊၊
"သေချာတာပေါ့---"
တကယ်လား?----
ဂုန်ချိုင်းယီအနည်းငယ် စိုးရိမ်သွားခဲ့သည်၊၊
သူမ ဂျန်ဖန်းစွမ်းအားကို လျော့တွက်မိပြီလား-----
သူမက သူ့ပေါ်၌ လောင်ကြေးကြီးကြီးလောင်းထားတာဖြစ်သည်၊၊
လီချင်ဖုန်း မုတ်ဆိတ်မွေးသပ်နေရင်း ပြောလိုက်သည်၊၊
"ဒီကောင်လေး ရှုံးဖို့က သတ်မှတ်ပြီသွားပြီ---"
"စောင့်ကြည့်လိုက်ပါ၊၊ ငါဘယ်တော့မှ လူကဲခတ် မမှားဖူးဘူး----"
သို့ပေမယ့်----
လျိုဝူချန်း ပြိုင်ပွဲစတင်ကြောင်ကြေညာလိုက်သည်နှင့်---
တောက်ကျန်းဂွန် လက်ချင်းယှက်ကာ နောက်ဆုတ်သွားခဲ့သည်၊၊
"ငါ အရှုံးပေးတယ်---"
ဘာ?---
လျိုဝူချန်း အံ့အားသင့်စွာဖြင့် ဖြုန်းခနဲမတ်တပ်ရပ်လိုက်သည်၊၊
"တောက်ကျန်ဂွန်, မင်းဘာလုပ်နေတာလဲ၊၊ အရှုံးပေးတယ်? ဂျန်ဖန်းကိုအရှုံးပေးတာလား---"
တောက်ကျန်းဂွန်က သူ့မျှော်လင့်ချက်ဖြစ်၏၊၊
တောက်ကျန်ကွန်၏အမွာကျင့်ကြံခြင်းက တပည့်သစ်အကုန်လုံးကိုအနိုင်ယူပြီး ဂိုဏ်းသခင်တောင်ထိပ်ဂုဏ်သတင်းကို ထိန်းသိမ်းပေးမယ်လို့ သူက ယုံကြည်ထားခဲ့သည်၊၊
ယခုတော့ ထိုကောင်က အရှုံးပေးနေသည်လား----
ထို့ပြင် သူဘယ်သောအခါမှ တပည့်အဖြစ်မမြင်သည့် ဂျန်ဖန်းကို အရှုံးပေးနေခြင်းဖြစ်သည်၊၊
အခြားအကြီးအကဲတွေလည်း အံ့သြတုန်လှုပ်နေကြ၏၊၊
ထိပ်တန်းပြိုင်ပွဲဝင်တွေထဲကတစ်ယောက်ဖြစ်သည့် တောက်ကျန်းဂွန်က အမှန်တကယ် အရှုံးပေးနေခဲ့သည်၊၊
ချောင်ကျန့်လည်း သတိမထားမိပဲ ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်၊၊
"ဒါမဖြစ်နိုင်ဘူး----"
"ဂျန်ဖန်း တောက်ကျန်ဂွန်းရဲ့ ပျော့ကွက်တစ်ခုခုကိုသိထားတာများလား---"
လီချင်ဖုန်း တယိမ်းတယိုင်ဖြစ်သွားခဲ့သည်၊၊
ရုတ်တရက်ဖြစ်ပေါ်လာသည့်ကိစ္စက သူ့ကိုအရှက်ရသွားစေပြီး ပြောလိုက်သည်၊၊
"ဘယ်လိုလုပ်ပြီး တောက်ကျန်ဂွန်က ဂျန်ဖန်းထက်နိမ့်ကျမှာလဲ----"
"သေချာပေါက် သူတို့နှစ်ယောက်ကြားမှာ သဘောတူညီချက်တစ်ခုရှိရမယ်---"
တပည့်အများစု ရလဒ်ကို လက်ခံဖို့ ခက်ခဲနေကြသော်လည်း----
ထိုအကြောင်းကိုတွေးမိပြီး သူတို့ လီချင်ဖုန်းပြောတာကို လက်ခံသွားကြသည်၊၊
မဟုတ်လျှင် တောက်ကျန်းဂွန်က ဘာကြောင့်အရှုံးပေးမည်နည်း၊၊
သို့ပေမယ့် ဂုန်ချိုင်းယီကတော့ မျက်မှောင်ကြုတ်နေခဲ့သည်၊၊
"ဂျန်ဖန်းနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ---"
လဝက်လောက်အတူတူနေပြီး သူကိုနားလည်ပြီဟု သူမထင်ခဲ့၏၊၊
သို့ပေမယ့် သူက ဘယ်လိုဖြစ်ပြီ ပိုပိုနားမလည်နိုင်ဖြစ်လာရသနည်း၊၊
ဤသို့ဖြင့်----
ဒုတိယအကျော့က ဆွေးနွေးသံတွေကြားမှာပဲ ပြီးဆုံးသွားခဲ့သည်၊၊
မကြာမီ, ကျန်ရှိသည့်ငါးယောက်က နောက်တစ်ကြိမ်မဲနှိုက်ကြ၏၊၊
လျိုဝူချန်း ကြေညာလိုက်၏၊၊
"ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ချောင်ကျန့် နဲ့ တိမ်မြူခိုးတောင်ထိပ် ချန်းဟောင်"
"ကောင်းကင်ဓားတောင်ထိပ် ရှုယင်းရင် နဲ့ ဆေးတောင်ထိပ် ပန်ချောင်ချောင်"
"ဂျန်ဖန်း--- ကင်းလွတ်ခွင့်ရ----"
ဤရလဒ်ကြောင့် ဆွေးနွေးသံတွေ နောက်တစ်ကြိမ်ပေါ်ပေါက်လာခဲ့သည်၊၊
"မဖြစ်နိုင်ဘူး, ဒီဂျန်ဖန်း နောက်ဆုံးအကျော့တုန်းက ပြိုင်ဘက်က အရှုံးပေးတယ်၊၊ အခုလည်း ကင်းလွတ်ခွင့်ရသွားပြန်ပြီ---"
"သူ့ကံကကို ကောင်းလွန်းနေတာပါကွာ----"
"ဒီကောင့်ကို တိမ်စိမ်းဂိုဏ်းရဲ့လာဘ်ကီးဘုရင်ကြီးလို့ခေါ်ရမယ်---"
ရှုယင်းရင် ခက်ခက်ခဲခဲဖြင့် ထိပ်ဆုံးငါးယောက်ကိုရောက်လာပြီး ဂျန်ဖန်း ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်၊၊
"နင်က အတော်လေးကံကောင်းသားပဲ----"
ဂျန်ဖန်း ပခုံးတွန့်ပြလိုက်သည်၊၊
"ငါလည်း တော်တော်လေး တိုက်ခိုက်ချင်နေပါပြီ---"
ရှုယင်းရင် နှာမှုတ်လိုက်၏၊၊
"အကျိုးကျေးဇူးတွေယူပြီး ရိုးသားချင်ယောင်ဆောင်နေတယ်---"
"ဒါဆိုလည်း ငါတိုက်တာကိုကြည့်နေလိုက်---"
ဂိုဏ်းသို့ဝင်ရောက်သည့်လဝက်အချိန်မှစ၍ ရှုယင်းရင် ယခုချိန်ထိ တံခါးပိတ်ကျင့်ကြံနေခဲ့တာဖြစ်သည်၊၊
ယနေ့ သူမစွမ်းအားကိုပြသရမည်ပဲဖြစ်သည်၊၊
ထို့ပြင် ကြိုးစားအားထုတ်မှုကလည်း အကျိုးကျေးဇူးရှိ၏၊၊
တိမ်စိမ်းဂိုဏ်း၏အရင်းအမြစ်ကောင်းတွေဖြင့် သူမ၏အဆင့် ၆ စိတ်ဝိညာဥ်အမြစ်က အတော်လေးအရှိန်မြှင့်လာခဲ့သည်၊၊
လက်ဝက်ဆိုသည့်အချိန်အတွင်းမှာ သူမက အခြေခံတည်ဆောက်ခြင်း အဆင့် ၁မှ အဆင့် ၂သို့ ချိုးဖြတ်နိုင်ခဲ့၏၊၊
သူမ၏လှုပ်ရှားမှုနည်းလမ်းကလည်း ပိုမိုပြည့်စုံလာပြီး ကောင်းကင်ဓားတောင်ထိပ်၏ ဓားသိုင်းကိုလည်း တတ်မြောက်ခဲ့၏၊၊
အထီးကျန်လှေမြို့တုန်းကနှင့်ယှဥ်လျှင် သူမခွန်အားက သိသိသာသာတိုးတက်လာပြီပဲဖြစ်သည်၊၊
ထိပ်ဆုံးငါးယောက်ဝင်နိုင်သည့် ပန်ချောင်ချောင်လည်း သာမန်လူမဟုတ်ပေ၊၊
သို့ပေမယ့် ဆယ်ကွက်လောက်ဖလှယ်ပြီးနောက် ရှုယင်းရင် သူမကို ဓားချက်တစ်ချက်ဖြင့် အနိုင်ယူလိုက်၏၊၊
ပရိသတ်အားလုံး ဝမ်းသာအားရအော်ဟစ် အားပေးကြ၏၊၊
ဂုန်ချိုင်းယီမျက်လုံးတွေထဲ၌ အံ့အားသင့်မှု အရိပ်အယောင်တွေရှိနေခဲ့သည်၊၊
"ဒီကောင်မလေးက လှုပ်ရှားမှုနည်းလမ်းတတ်သားပဲ----"
"ပြီးတော့ ဂျန်ဖန်းဟာနဲ့တစ်ခုခု ဆက်စပ်နေသလိုပဲ---"
လျိုဝူချန်းမျက်လုံးတွေက နှစ်သက်မှုတွေပြသလာ၏၊၊
"လီချင်ဖုန်းက တကယ်ပဲ တပည့်ကောင်းတစ်ယောက်ရသွားတာပဲ----"
ချောင်ကျန့် ခွန်အားကောအလှအပကော ထူးကဲကောင်းမွန်သည့် မိန်ခလေးကို မှိန်မောစွာကြည့်နေပြီး စိတ်အားထက်သန်စွာ ဂုဏ်ပြုလိုက်သည်၊၊
"ဂျူနီယာညီမရှု, မင်းခွန်အားက သန်မာသားပဲ၊၊ ထိပ်တန်းအမျိုးသမီးတပည့်သစ်ဆိုတဲ့ ဂုဏ်သတင်းနဲ့တိုက်တန်ပါတယ်---"
"ပြိုင်ပွဲပြီးရင် မကြာခဏလက်ရည်စမ်းကြတာပေါ့---"
ရှုယင်းရင် အနည်းငယ်အံ့အားသင့်သွားသည်၊၊
ဤချောင်ကျန့်က မဟာအကြီးအကဲ၏ ဂုဏ်ယူရသည့်တပည့်ဖြစ်ပြိး စိတ်ဝိညာဥ်အမြစ်ကလည်း သူမထက်မြင့်၏၊၊
ထို့ပြင် နာမည်ကြီးသိုင်ပညာမိသားစုမှ ဆင်းသက်လာတာဖြစ်ပြီး ရှုမိသားစုလိုမိသားစုငယ်လေးထက် အများကြီးပိုမြင့်တာပဲဖြစ်သည်၊၊
ဤကဲ့သို့လူမျိုးက သူမကို မိတ်ဆွေလာဖွဲ့နေသည်လား---
သူမအလွန်ကျေနပ်သွားပြီး ယဥ်ကျေးစွာပြောလိုက်သည်၊၊
"ကောင်းပါပြီ, စီနီယာအကိုချောင်----"
ထို့နောက် မျက်လုံးထောင့်ကနေ ဂျန်ဖန်းကို ကြည့်လိုက်သည်၊၊
ဤအရာက သူမရှုယင်းရင်၏ ဆွဲဆောင်မှုဆိုတာ ဂျန်ဖန်းကို ပြောနေသကဲ့သို့ပင်ဖြစ်သည်၊၊
အမြဲတမ်းထိပ်တန်းပါရမီရှင်တွေကို ဆွဲဆောင်မိစေတာဖြစ်သည်၊၊
ကံမကောင်းစွာဖြင့် ဂျန်ဖန်းက သူမကို ကြည့်တောင်မကြည့်ပေ၊၊
ဤအရာကြောင့် ရှုယင်းရင် သူမငွေရောင်သွားလေးတွေကို ကိုက်ပြီး ပြောလိုက်သည်၊,
"ဂျန်ဖန်း, နင့်နယ်ပယ်က ငါ့ထက်မြင့်လို့ လူတွေကိုအထင်သေးလို့ရမယ်မထင်နဲ့----"
"တိမ်စိမ်းဂိုဏ်းမှာ စိတ်ဝိညာဥ်အမြစ်နဲ့ အဆင့်တွေကို ဆုံးဖြတ်တာ----"
"နင်က နင့်အလားအလာကို အကုန်သုံးပြီးမှ အခြေခံတည်ဆောက်ခြင်းအဆင့် ၄ကို ရောက်ခဲ့တာ၊၊ နောက်ထပ်တိုးတက်ဖို့က အတော်လေးခက်ခဲတယ်----"
"ဒါပေမယ့် ငါကတော့ နင့်ကို ဖြည်းဖြည်းခြင်း ကျော်တက်သွားမှာ---"