← Chapters

ဂုဏ်သိက္ခာအတွက်တိုက်ပွဲ

Vol. 8 Ch. 117

ဂုဏ်သိက္ခာအတွက်တိုက်ပွဲ

Vol. 8 Ch. 117

ဂျန်ဖန်း ကြောင်သွားခဲ့သည်၊၊

သူကလူတွေကို ဘယ်မှာအထင်သေးနေလို့နည်း၊၊

သူက ရှုရို့ရန်ကျောပြင်ကိုကြည့်နေပြီး သူမကိုသတိရနေတာ အတွေးထဲမှာနစ်မြောနေခဲ့သည်၊၊

ရှုယင်းရင်နှင့် မငြင်းခုံးချင်သဖြင့် ခေါင်းညိတ်ပြီးပြောလိုက်သည်၊၊

"ဟုတ်တယ်, ဟုတ်တယ်, မင်းမှန်တယ်----"

ဤကဲ့သို့ ဖြန်းကာသန်းကာပြောဆိုမှုက ရှုယင်းရင်ကို ပိုလို့တောင် စိတ်ပျက်သွားစေခဲ့သည်၊၊

သူမက ဒေါသတကြီးဓားဆွဲထုတ်ကာ ဂျန်ဖန်းကို ညွှန်ပြလိုက်သည်၊၊

"ငါနင်နဲ့ယှဥ်ပြိုင်ချင်တယ်၊၊ နင်လက်ခံရဲလား----"

သုံးကျော့ပြိုင်ပြီးနောက် ချောင်ကျန့်၊ ဂျန်ဖန်းနှင့် ရှုယင်းရင်တို့သာ ကျန်တော့၏၊၊

သဘာဝအတိုင်း နှစ်ယောက်စီပြိုင်ပြီး နောက်ဆုံးအဆင့်ကို သတ်မှတ်မည်ပဲဖြစ်သည်၊၊

သို့ပေမယ့် တိုက်ပွဲကိုအချိန်အတော်ကြာကြည့်လာသည့် ကောင်းဝူရွမ်း မယိုးမယွဖြစ်လာပြီး အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည်၊၊

"ဂျန်ဖန်း, ငါလည်းဘာလို့ဝင်မပြိုင်ရမှာလဲ၊၊ ဒါအဆင်ပြေတယ်မလား----"

"မင်းနဲ့ အဲ့ဒီမိိန်းခလေးတိုက်နေချိန်မှာ ငါ ချောင်ကျန့်နဲ့ ပြိုင်လိုက်မယ်လေ----"

"အဲ့ဒီနှစ်ယောက်ကိုထုတ်ပယ်ပြီးရင် မင်းနဲ့ငါနဲ့ ကောင်းကောင်းတိုက်လို့ရပြီ---"

ဂျန်ဖန်းအဖြေကိုစောင့်မနေတော့ပဲ ချောင်ကျန့် ဒေါသတကြီး လှောင်ပြောင်လိုက်၏၊၊

"ကောင်းဝူရွမ်း, မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ----"

"မင်းက ငါ့ကို ထုတ်ချင်တယ်ပေါ့---"

သူကကိုယ်တိုင်ဆုံးဖြတ်ချက်မချရဲပေ၊၊ ထို့ကြောင့် မဟာအကြီးအကဲဖုန်းဂုချန်းကို ဒေါသတကြီးမေးလိုက်သည်၊၊

"ဆရာ, ကျေးဇူးပြုပြီး ကျွန်တော့်ကို့ ဒီအရိုင်းအစိုင်းကောင်ကို သင်ခန်းစာပေးခွင့်ပြုပါ---"

ဖုန်းဂုချန်း အကြည့်ရွေ့သွားပြီး ဖြည်းဖြည်းချင်းခေါင်းညိတ်လိုက်၏၊၊

"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို အရှက်မရစေနဲ့----"

"ခဏနေအုန်း----"

လျိုဝူချန်း ကြားဝင်ပြောလိုက်သည်၊၊

"ဒါက ငါတို့တိမ်စိမ်းဂိုဏ်း ဘိုးဘေးကန်တော့ပွဲပဲ၊၊ အခြားဂိုဏ်းကတပည့်တွေ ဝင်ပါလာတာက မသင့်တော်ဘူး----"

ကောင်းဝူရွမ်းက ဧရာမဂိုဏ်း၏ အသန်မာဆုံးတပည့်အသစ်ဖြစ်သည်၊၊

သူသာ တိမ်စိမ်းဂိုဏ်းဘိုးဘေးကန်တော့ပွဲ၏ ပထမနေရာရသွားလျှင် အပြင်လူတွေ လှောင်ရယ်ကြမည်ပဲဖြစ်သည်၊၊ တိမ်စိမ်းဂိုဏ်းတပည့်သစ်တွေနှိမ့်ကျလို့ ဧရာမဂိုဏ်းက နင်းချေခံရတာလို့ထင်ကုန်မှာပဲဖြစ်၏၊၊

ကောင်းယွမ်ဘရယ်ပြီးပြောလိုက်သည်၊၊

"တိမ်စိမ်းဂိုဏ်းတပည့်တွေ အရည်အချင်းမရှိပြီး မျက်နှာပျက်မှာကို ဂိုဏ်းချုပ်လျို စိုးရိမ်နေတာလား---"

ဖုန်းဂုချန်း ပြုံးပြီးပြောလိုက်သည်၊၊

"ဂိုဏ်းချုပ်, ကလေးတွေကို ပျော်ခိုင်းလိုက်ပါ၊၊ ဒါက ထိခိုက်မှုမရှိပါဘူး----"

"ငါ့ပြန်လည်မွေးဖွားခြင်းတောင်ထိပ်တပည့်နဲ့ဆိုရင် ငါတို့ချန်ပီယံဖြစ်မှာ သေချာပါတယ်---"

သူက ပြုံးနေ၏၊၊

သို့ပေမယ့် သူ့စကားတွေက မောက်မာမှုတွေနှင့်ပြည့်နှက်နေပြီး ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က တိမ်စိမ်းဂိုဏ်းမှာ အသန်မာဆုံးဆိုတာ စောင်းပါရိပ်ခြေပြောနေခဲ့သည်၊၊

သူက ပြန်လည်မွေဖွားခြင်းတောင်ထိပ်က အားကောင်းပြီး ဂိုဏ်းသခင်တောင်ထိပ်က အားနည်းတယ်ဆိုတာ ရှိနေသည့် ဂိုဏ်းချုပ်နှစ်ယောက်ကို ပြချင်တာ အသိအသာပဲဖြစ်သည်၊၊

သူ့ရည်ရွယ်ချက်က ဆိုးရွားလှ၏၊၊

လျိုဝူချန်းအမူအရာ အတော်လေး အရုပ်ဆိုးသွားခဲ့သည်၊၊

တောက်ကျန်းဂွန်သာ ရှိသေးလျှင် အခွင့်အရေးရှိသေး၏၊၊

သို့ပေမယ့် ကျန်ရှိနေသည့်လူက ဂျန်ဖန်း ဖြစ်နေသဖြင့် ကံပေါ်ကိုပဲ ပုံအပ်ရတော့မည်ဖြစ်သည်၊၊

သူက ဘယ်လိုလုပ်ပြီး ဂိုဏ်းသခင်တောင်ထိပ်ကိုယ်စား ကောင်းဝူရွမ်းနှင့် တိုက်ခိုင်နိုင်မည်နည်း၊၊

ဘိုးဘေးကန်တော့ပွဲ၏ အဓိကနေရာက ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ဆီကို လုံးလုံးရောက်သွားပြီပဲဖြစ်သည်၊၊

အရေးကြီးဆုံဂက ပြင်ပဂိုဏ်းတွေရှေ့မှာပဲ ဖြစ်သည်၊၊

ဤအရာက တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်၏ ဂုဏ်သတင်းကို အတော်လေး ထိခိုက်စေတာပဲဖြစ်သည်၊၊

သူ့မကန့်ကွက်နိုင်ခင် ဖုန်းဂုချန်း သူ့အစား ကြေညာပြီးနေပြီဖြစ်သည်၊၊

"ယှဥ်ပြိုင်မှုစတင်ပြီ၊၊ ဂျန်ဖန်းနဲ့ ရှုယင်းရင် ပထမဆုံး ယှဥ်ပြိုင်မယ်----"

လျိုဝူချန်း အသိပြန်ဝင်လာသည့်အခါ နောက်ကျသွားပြီပဲဖြစ်သည်၊၊

သူက စိတ်ထဲမှာ အတော်လေး ဒေါသထွက်နေခဲ့သည်၊၊

မဟာအကြီးအကဲက ပိုပိုပြီးရဲတင်းလာပြီး ဂိုဏ်းချုပ်ကိုယ်စားအမိန့်တွေပါ ထုတ်ပြန်ရဲလာ၏၊၊

သို့ပေမယ့် ပြင်ပဂိုဏ်ချုပ်နှစ်ယောက်ရှိနေသည်ဖြစ်၍ သူ့ဒေါသကို ထိန်းထားလိုက်ရသည်၊၊

မဟုတ်လျှင် တိမ်စိမ်းဂိုဏ်းအတွင်းရေးပဠိပက္ခကို အပြင်လူတွေသိကုန်မည်ပဲဖြစ်သည်၊၊

ထို့ကြောင့် သူ့ဒေါသကိုမြိုသိပ်နိုင်ရုံသာတတ်နိုင်ပြီး ဂျန်ဖန်းနှင့် ရှုယင်းရင်တို့ပြိုင်ပွဲကိုသာ ကြည့်နေလိုက်သည်၊၊

"ဓားချက်ကိုလက်ခံစမ်း----"

ရှုယင်းရင် သူမ၏အားအကောင်းဆုံး ဓားကွက်ဖြင့်စတင်လိုက်ပြီး ခွန်အားကုန်အသုံးပြုလိုက်သည်၊၊

ဂျန်ဖန်း ပဟေဠိဖြစ်နေခဲ့သည်၊၊

"ငါမင်းကိုဘာလုပ်မိလို့ မင်းက ဒီလောက်ကြီးထိ တိုက်ခိုက်နေရတာလဲ----"

"ငါတို့တိမ်စိမ်းဂိုဏ်းကိုတောင်ရောက်နေပြီး၊၊ မင်းက ထင်ရာစိုင်းနေတုန်းပဲလား----"

ဂျန်ဖန်း သူမကို ထင်ရာစိုင်းခွင့်ပေးမည်မဟုတ်ပေ၊၊

သူက မိုခယ်ကျောက်နံရံမှ သိမ်မွေ့အဆင့်မြင့် ခြေထောက်နည်းလမ်းကို ပြတ်ပြတ်သားသားအသုံးပြုလိုက်သည်၊၊

ကလန်!

ရှုယင်းရင်၏ဓားရှည် အဝေးကို လွင့်ထွက်သွား၏၊၊

သို့ပေမယ့် သူမက နှုတ်ခမ်းကိုက်လိုက်ပြီး အရှုံးပေးဖို့ငြင်းဆန်လိုက်၏၊၊ ထို့နောက် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ ဂျန်ဖန်းကို ထိုးချလိုက်သည်၊၊

ဂျန်ဖန်း ဆွံ့အသွား၏၊၊ သူမက သင့်လျော်သည့် လက်သီးသိုင်းတစ်ခုတောင် မလေ့ကျင့်ရသေးပေ၊၊

တွေဝေမနေပဲ သူမလက်သီးကို လက်ဝါးဖြင့်ဖမ်းယူကာ သူမနောက်ကျောဘက်ကို လိမ်ကာ အသာအယာဖိနှိပ်ထားလိုက်သည်၊၊

ရှုယင်းရင်း အစော်ကားခံရသလို ခံစားလိုက်ရသည်၊၊ သူမ တစ်လခွဲလောက်ကျင့်ကြံခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ဂျန်ဖန်း ဖိနှိပ်တာခံလိုက်ရ၏၊၊

အလှလေးအနိုင်ကျင့်ခံရသည့်ဤမြင်ကွင်းက ချောင်ကျန့်ကို အတော်လေး မပျော်မရွင်ဖြစ်သွားစေ၏၊၊

သူက ဒေါသတကြီး အော်ပြောလိုက်၏၊၊

"ဂျန်မျိုးရိုးနဲ့ကောင်, မင်း ဂျူနီယာညီမရှုကို အနိုင်ကျင့်ရဲတယ်ပေါ့----"

"မင်းပြန်ပေးဆပ်စေရမယ်----"

ရှုယင်းရင် ဂုဏ်ယူစွာဖြင့် နှာမှုတ်လိုက်၏၊၊

"နင်ကြားပြီလား----"

"စီနီယာအကိုချောင်က ငါ့အတွက် ရပ်တည်ပေးတယ်၊၊ နင်တော့ဒုက္ခရောက်ပြီ----"

"ဟမ့်---"

ဂျန်ဖန်း သူမကိုလွတ်လိုက်ပြီး ခါးသီးစွာရယ်လိုက်သည်၊၊

"သူ ကောင်းဝူရွမ်းကို အနိုင်ယူပြီးမှ ပြောကြတာပေါ့----"

"ငါ့မသိစိတ်အရ ဒီကောင်းဝူရွမ်းက ရင်ဆိုင်ရမလွယ်ဘူး----"

ရှုယင်းရင် နာကျင်နေသည့် သူမလက်မောင်းကိုပွတ်သပ်လိုက်ပြီး ခွန်းတုံ့ပြန်လိုက်၏၊၊

"နင့်ရဲ့မသိစိတ်က နင့်ဟာပဲ၊၊ စီနီယာအကိုချောင်အတွက် ဘာမှအသုံးမဝင်ဘူး---"

"စောင့်ကြည့်ပါ၊ နင်သူ့စွမ်းရည်ကို မြင်မှာပါ----"

တကယ်လား?----

ဂျန်ဖန်းပြုံးလိုက်ပြီး ဘေးဘက်ကို လျှောက်သွားလိုက်သည်၊၊

ချောင်ကျန့်နှင့် ကောင်းဝူရွမ်း လူအုပ်၏အားပေးသံတွေကြားမှာ စင်မြင့်ပေါ်ရောက်လာခဲ့ကြသည်၊၊

နှစ်ယောက်လုံးက ထူးချွန်သည့်တပည့်သစ်တွေဖြစ်ကြပြီး ပြိုင်ဘက်ကင်းခွန်အားတွေ ရှိကြ၏၊၊

ချောင်ကျန့်ဓားရှည်တစ်လက်ကိုကိုင်ထားပြီး ပြောလိုက်သည်၊၊

"ငါ့ဓားက အလယ်အလတ်အဆင့် မှော်ရတနာပဲ၊၊ မယုံနိုင်လောက်အောင် ထက်ရှတယ်----"

"နောက်ပိုင်းမင်းဒဏ်ရာရသွားရင်, ငါ့ကို အပြစ်မတင်နဲ့----"

ကောင်းဝူရွမ်းလက်ပိုက်ထားပြီး ပြင်းရိစွာကြည့်လိုက်သည်၊၊

"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့----"

"မင်းဓားဘယ်လောက်ထက်ထက် အရင်ဆုံးငါ့ကိုထိမှရမှာ----"

"လာခဲ့, ငါမင်းကို သုံးကွက်အကျောပေးမယ်----"

ဘာ?---

ငါ့ကို သုံးကွက်အကျောပေးမယ်?----

ချောင်ကျန့်အပြင်းအထန် အစော်ကားခံရသလိုခံစားရပြီး လှောင်ပြောင်လိုက်၏၊၊

"ငါ,ချောင်ကျန့် ပြိုင်ဘက်ကင်းပါရမီရှင်ပဲ၊၊ ပြိုင်ဘက်များစွာနဲ့တွေ့ဖူးတယ်၊၊ အမြဲတမ်းငါကပဲ အကွက်အကျောပေးခဲ့တာ----"

"တစ်ယောက်ယောက်က ငါ့ကို အကွက်အကျောပေးတာ ဒါ ပထမဆုံးပဲ----"

"ကောင်းပြီလေ, မင်းခွန်အားက မင်းမောက်မာတာလောက်ရှိမလားဆိုတာ ကြည့်ရသေးတာပေါ့----"

ကလန်!

သူက လိမ္မော်ရောင်ဓားရှည်ကိုဆွဲထုတ်ပြီး ဓားသိုင်းကို ပြတ်ပြတ်သားသားအသုံးပြုလိုက်၏၊၊

"ကောင်းကင်ရှည်ခုတ်ချက်----"

"ကြယ်နှင့်လကို တိုက်ခိုက်ခြင်း----"

"မြေကြီးကိုဖုံးကာနေသည့် လေနှင့်တိမ်---"

သူက သိမ်မွေ့အဆင့်နိမ့် ဓားချက်သုံးခုကို ဆက်တိုက်ထုတ်သုံးလိုက်သည်၊၊

သို့ပေမယ့်---

ထိုအားကောင်းသည့်ဓားချက်တွေက ကောင်းဝူရွမ်းရှေ့၌ အနှေးပြကွက်တွေကဲ့သို့ဖြစ်နေ၏၊၊

သူ့မျက်နှာပေါ်မှာ ခပ်ဖွဖွအပြုံးတစ်ခုရှိနေဆဲဖြစ်ပြီး လက်ပိုက်ကာ တစ်လှမ်းမှမရွေ့ပေ၊၊

ပခုံးလေးလှုပ်၊ ခေါင်းလေးစောင်း၊ ခန္ဓာကိုယ်လှည့်ကာ ဓားချက်သုံးခုကို အသာအယာရှောင်တိမ်းလိုက်သည်၊၊

သူက အမှန်တကယ်ပဲ ကတိပေးထားသည့်အတိုင်း သုံးကွက်အကျောပေးခဲ့သည်၊၊

ရှိနေသည့် အကြီးအကဲတွေနှင့် တပည့်တွေအားလုံး ပင့်သက်ရှိုက်သွားကြသည်၊၊

"သူခုလေးတင် သုံးကွက်အကျောပေးလိုက်တာလား---"

"သူက ရပ်နေပြီး ဓားချက်သုံးချက်ကို ခံယူလိုက်တယ်---"

"အဲ့တာတောင် ချောင်ကျန့်က သူ့ဆံချည်မျှင်တစ်မျှင်ကို ထိခိုက်အောင်မလုပ်နိုင်ဘူး---"

"ဒါက ခန္ဓာသန့်စင်ခြင်းရဲ့ ကြောက်စရာကောင်းမှုလား၊၊ တုန့်ပြန်တဲ့အရှိန်က မယုံနိုင်စရာပဲ----"

ဖုန်းဂုချန်း အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်၊၊

သူက ချောင်ကျန့်ခွန်အားကို အတော်လေး ယုံကြည်မှုရှိတာဖြစ်သည်၊၊ ထို့ကြောင့် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ဂုဏ်သတင်းတိုးတက်ဖို့ ချောင်ကျန့်ကို ကောင်းဝူရွမ်းနှင့် တိုက်ခိုက်ခိုင်းလိုက်တာပဲဖြစ်သည်၊၊

ကောင်းဝူရွမ်း ဒီလောက်သန်မာမည်ဟု မည်သူက ထင်ထားမည်နည်း၊၊

ကောင်းယွမ်းဘ လှောင်ပြောင်သည့်အသံဖြင့် ပြောလိုက်သည်၊၊

"ငါ့တူကိုစိန်ခေါ်တယ်, မင်းမှာသတ္တိတော့ရှိသားပဲ----"

"သူက ငါ့မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ခန္ဓာသန့်စင်ပါရမီရှင်ပဲ, ငါငယ်ငယ်တုန်းကထက်တောင် အားကောင်းသေတယ်---"

ထိုအရာကိုကြားသည့်အခါ----

ဖုန်းဂုချန်း နှလုံးသားကျုံးသွားသည်၊၊

ချောင်ကျန့်သာရှုံးလျှင် အကျိုးဆက်က မတွေးဝံ့စရာပဲဖြစ်သည်၊၊

စင်မြင်ပေါ်၌----

ချောင်ကျန့်တုန်လှုပ်နေပြီး အနည်းငယ် ရှက်သွားခဲ့သည်၊၊

ဂိုဏ်းတစ်ခုလုံးရှေ့၌ သူက လုံးဝကို စော်ကားခံလိုက်ရတာဖြစ်သည်၊၊

သူက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ဓားကိုနောက်တစ်ကြိမ်လွဲယမ်းလိုက်သည်၊၊

"လူတွေကိုအထင်မသေးနဲ့--"

သို့ပေမယ့်---

ကောင်းဝူရွမ်းမလှုပ်ရှားပေ၊၊ သူကဘာမှမလုပ်ပေ၊၊ သုံးကွက်ပြည့်သွားတာတောင် မပြောပေ၊၊

ချောင်ကျန့်သာလျှင် သူ့မျက်လုံးရှေ့မှာ အရိပ်တစ်ခုကိုမြင်လိုက်၏၊၊ ထို့နောက် ရပ်နေဆဲဖြစ်သည့် ကောင်းဝူရွမ်းအရိပ်တစ်ခုအသွင်ပြောင်းကာ ချောင်ကျန့်ကိုဓားနှင့်အတူအဝေးကို လွင့်ထွက်သွားစေခဲ့သည်၊၊

သူက နောက်ကို မီတာပေါင်းများစွာလွင့်ထွက်သွားပြီး သွေးအန်ကာ နောက်ဆုံး လျိုဝူချန်း ခြေထောက်နားမှာ ပြုတ်ကျသွားခဲ့သည်၊၊

လျိုဝူချန်းမျက်နှာ အတော်လေး ကြည့်ရဆိုးသွား၏၊၊

သူက ဖုန်းဂုချန်းကို ဒေါသတကြီးကြည့်လိုက်သည်၊၊

ဤရှုံးနိမ့်မှုက ချောင်ကျန့်တင်ရှုံးတာမဟုတ်ပဲ တိမ်စိမ်းဂိုဏ်းဂုဏ်သတင်းလည်း ရှုံးသွားတာဖြစ်သည်၊၊

ဘိုးဘေးရုပ်ထုရှေ့ ဘိုးဘေးကန်တော့ပွဲမှာ တိမ်စိမ်းဂိုဏ်း၏အသန်မာဆုံးတပည့်ကို ပြင်ဂိုဏ်းတပည့်တစ်ယောက်က တစ်ကွက်တည်းဖြင့် ဒဏ်ရာများစွာရသွားစေခြင်း---

ဤအရာက ဧရာမပျက်လုံးကြီးပဲဖြစ်သည်၊၊

အမှားကြီးတစ်ခုလုပ်မိတာကိုသိပြီး ဖုန်းဂုချန်း ငြင်းခုံဖို့ကြိုးစားလိုက်၏၊၊

"တပည့်တစ်ယောက်ရှိသေးတယ်မလား----"

"ငါ့တပည့်တင်ရှုံးမှာမဟုတ်ဘူး, မင်းတပည့်လည်း ရှုံးမှာပဲ----"

လျိုဝူချန်း ဖုန်းဂုချန်းကို ချက်ချင်းတိုက်ခိုက်ချင်သွား၏၊၊

ဤကဲ့သို့ မဟာအကြီးအကဲမျိုးနှင့် တိမ်စိမ်းဂိုဏ်းတဖြည်းဖြည်း ဆုတ်ယုတ်လာမည်ပဲဖြစ်သည်၊၊

သို့ပေမယ့် ပြင်ပဂိုဏ်းချုပ်နှစ်ယောက် ရှိနေခဲ့သည်၊၊

သူဘယ်လောက်ပဲ ဒေါသထွက်ပါစေ သူတို့ထွက်သွားအောင်စောင့်ရမည်ပဲဖြစ်သည်၊၊

မဲမှောင်နေသည့်မျက်နှာဖြင့် စိတ်မရှည်စွာပြောလိုက်သည်၊၊

"ဂျန်ဖန်း, ကောင်းဝူရွမ်း, မြန်မြန်တိုက်ခိုက်ကြ---"

သူက ဤအရှက်ရစရာကိစ္စကို မြန်မြန်ပြီးသွားဖို့သာ မျှော်လင့်နေခဲ့သည်၊၊

ဂိုဏ်းချုပ်နှစ်ယောက်ကို ပြန်ပို့ပြီးနောက် သူက ဤကိစ္စကို ဖုန်းဂုချန်းနှင့် စာရင်းရှင်းရမည်ပဲဖြစ်သည်၊၊

ဂျန်ဖန်း အမူအယာကင်းမဲ့စွာဖြင့် ရှေ့ထွက်လာခဲ့သည်၊၊

ပြိုင်ဘက်က ငယ်စဥ်ကတည်းက ခန္ဓာသန့်စင်လာသည့် လူဖြစ်၍ သူလည်း သူ၏ သံမဏိသွေးစစ်မှန်ကျမ်း စမ်းသပ်ကြည့်ချင်နေခဲ့သည်၊၊

All Chapters