ရုပ်ခန္ဓာပြိုင်ဆိုင်မှု
Vol. 8 Ch. 118
ထို့ပြင် လျိုဝူချန်း၏စိုးရိမ်မှုကိုလည်း ဂျန်ဖန်း ခံစားမိ၏၊၊
ကောင်းဝူရွမ်းနှင့်တိုက်ပွဲက သာမန်ယှဥ်ပြိုင်မှုမဟုတ်ဘူးဆိုတာနားလည်၏၊၊
ထိုအရာက တိမ်စိမ်းဂိုဏ်းဂုဏ်သတင်းနှင့် သက်ဆိုင်နေခဲ့သည်၊၊
သူက အနည်းငယ်ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါးခြေလှမ်းများဖြင့် စင်မြင့်အလယ်ကို ရောက်လာခဲ့သည်၊၊
ထို့နောက် တည်ငြိမ်စွာပြောလိုက်သည်၊၊
"ငါအကောင်းဆုံးလုပ်မှာပါ၊၊ မင်းလည်းထိန်းမထားတာပိုကောင်းတယ်----"
"မဟုတ်ရင်, မင်းအန္တရာယ်မဖြစ်ပါဘူးလို့ ငါ့အာမမခံဘူး----"
အသေအချာပဲဖြစ်သည်၊၊ သူဆိုလိုသည့်အကောင်းဆုံးဆိုသည်မှာ ခရမ်းဓားနှင့် မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းတို့မပါဝင်ပေ၊၊
သူက ဤအရာတွေကိုဝှက်ဖဲအဖြစ်ချန်ထားချင်သေးတာဖြစ်ပြီး ပြိုင်ပွဲအတွင်းမှာသုံးတာက ဉာဏ်မရှိရာကျ၏၊၊
ဘေးနားမှာရပ်နေသည့် ချောင်ကျန့် အလွန်ရှက်နေပြီး မည်သူ့ရမ်းရမှန်းမသိဖြစ်နေခဲ့သည်၊၊
သူက အလွန်ယုံကြည်မှုရှိနေပေမယ့် ကောင်းဝူရွမ်း၏ ရက်ရက်စက်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏၊၊
ဂျန်ဖန်းစကားတွေကြားသည့်အခါ သူက နှာခေါင်းရှုံ့လိုက်သည်၊၊
"အသိဉာဏ်မရှိတဲ့စောက်ရူးပဲ----"
"ကောင်းဝူရွမ်းဘယ်လောက်အားကောင်းလဲဆိုတာ ခုလေးတင်မင်းမမြင်လိုက်ဘူးလား---"
"ဒါကို မင်းက ဒီလိုမောက်မာတဲ့စကားလုံးတွေပြောရဲသေးတယ်----"
ဂျန်ဖန်း သူ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်၊၊
"ကောင်းဝူရွမ်းဘယ်လောက်အားကောင်းလဲတော့ မမြင်လိုက်ဘူး----"
"မင်း ဘယ်လောက်အရည်အချင်းမရှိလဲဆိုတာပဲမြင်လိုက်တယ်----"
"သုံးကွက်အကျောပေးခံရတာတောင် ရန်သူကမင်းကို တစ်ချက်တည်းနဲ့အလဲသိပ်လိုက်တာလေ---"
"ငါသာမင်းနေရာမှာဆိုရင် ရှက်လွန်းလွန်းလို့ ပုန်းနေလောက်ပြီ၊၊ ထပ်ပြီးအရှက်ကွဲအောင် အခုလို ပွစိပွစိလာလုပ်မနေဘူး----"
ရှိနေသည့်အကြီးအကဲတွေနှင့် တပည့်တွေအားလုံး ချောင်ကျန့်ကို အထင်သေးစွာကြည့်လိုက်ကြသည်၊၊
ခွန်အားကိုသာလျှစ်လျူရှုလိုက်လျှင် သူ့အပြုအမူက တကယ့်ကို လူတွေကို အထင်သေးစေ၏၊၊
ယခုချိန်မှာ ဂျန်ဖန်းက တိမ်စိမ်းဂိုဏ်းအတွက် ပြင်ပဂိုဏ်းကို တိုက်ခိုက်နေခြင်း ဖြစ်သည်၊၊
ဒါကိုချောင်ကျန့်က ကိုယ့်လူကိုအားမပေးရုံသာမက ရန်သူစိတ်ခွန်အားကိုပါမြှင့်တင်ပေးနေခဲ့သည်၊၊
ဖုန်းဂုချန်း သူ့တပည့်ကိုကာကွယ်ပြီး နှာခေါင်းရှုံ့လိုက်သည်၊၊
"မင်းတို့တွေဘာကြည့်နေကြတာလဲ----"
"ငါ့တပည့်ပြောတာ ဘာမှားနေလို့လဲ----"
"မင်းတို့ ကိုယ့်ကိုယ်လည်းပြန်မေးကြည့်အုန်း၊၊ ဒီစိတ်ဝိညာဥ်အမြစ်မရှိတဲ့ကောင်က နိုင်မှာတဲ့လား-----"
ဒါ---
တပည့်တွေနှင့် အကြီးအကဲတွေ အနည်းငယ်သက်ပြင်းချလိုက်ကြသည်၊၊
ထိုအရာက အမှန်ပဲဖြစ်သည်၊၊ အံ့ဖွယ်ကံကောင်းမှုသာမရှိလျှင် ဂျန်ဖန်း ခွန်အားဖြင့် အနိုင်ရဖို့က မဖြစ်နိုင်ပေ၊၊
ဂျန်ဖန်းကို ယုံကြည်သည့် လျိုချင်းရှန်တောင် ဤအချိန်၌ မျက်မှောင်ကြုတ်နေခဲ့သည်၊၊
ဂုန်ချိုင်းယီ ခပ်ဖွဖွပြုံးပြီးပြောလိုက်သည်၊၊
"ဘယ်လိုလဲ, သခင်မလေးလျို, ယုံကြည်မှုမရှိတော့ဘူးလား----"
လျိုချင်းရှန် သူမ၏ငွေရောင်သွားလေးတွေကို ကိုက်လိုက်သည်၊၊
"ဂျန်ဖန်း ချောင်ကျန့်ကို ဘာပြဿနာမှမရှိပဲ ကိုင်တွယ်နိုင်မယ်လို့ ငါယုံတယ်---"
"ဒါပေမယ့် ကောင်းဝူရွမ်းကိုနိုင်ဖို့ကြ---"
သူမအမှန်တကယ်ပဲ ယုံကြည်မှုမရှိပေ၊၊
ဂုန်ချိုင်းယီ ယုံကြည်မှုရှိစွာဖြင့် ခါးကျောဆန့်လိုက်သည်၊၊ ထိုအခါ သူမ၏ ရောင်စုံဝတ်စုံရောက်ရှိ ဆွဲဆောင်မှုရှိသည့်ကောက်ကြောင်းတွေက အထင်းသားထွက်ပေါ်လာခဲ့သည်၊၊
"ဒီလိုဆိုမှတော့ ငါအားမနာတော့ဘူးနော်၊၊ ဂျန်ဖန်းကို ခေါ်သွားလိုက်တော့မယ်---"
သဘောတူညီမှုအရ ဂျန်ဖန်း ချောင်ကျန့်ကို အနိုင်ယူပြီး တပည့်သစ်တွေ၏နံပါတ်တစ် ရရမည်ပဲဖြစ်သည်၊၊
သူသာကောင်းဝူရွမ်းကို ရှုံးနိမ့်သွားလျှင်----
ဂုန်ချိုင်းယီ အနိုင်ရသည်ဟု ယူဆလို့ရတာဖြစ်သည်၊၊
ထိုအခါ သူမက မြေနဂါးသလင်းအူတိုင်ကို ထားခဲ့ကာ ဂျန်ဖန်းကို ခေါ်သွားမည်ပဲဖြစ်သည်၊၊
လျိုချင်းရှန်နှလုံးသားကျုံ့ဝင်သွားခဲ့သည်၊၊
အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ရှိသည့် ဂျန်ဖန်းကို ဘယ်လိုလုပ် ခေါ်သွားခိုင်းနိုင်မည်နည်း၊၊
သူမက တိုက်ပွဲကို အာရုံစိုက်ကြည့်နေပြီး အံ့ဖွယ်တစ်ခုမြင်ရဖို့ ဆုတောင်းနေခဲ့သည်၊၊
ကံမကောင်းစွာဖြင့် ကောင်းဝူရွမ်းရှေ့တက်လာသည့်အခါ မြေပြင်က တစ်လက်မလောက်ကျွံ့ဝင်သွားတာမြင်ပြီး သူမ စိတ်ဓာတ်ကျသွားခဲ့သည်၊၊
"ခန္ဓာသန့်စင်ခြင်းအဆင့်၆---"
လျိုချင်းရှန်နှလုံးသား ပိုလို့တောင် ကျုံ့ဝင်သွားခဲ့သည်၊၊
ကျင့်ကြံရေးကဲ့သို့ပင် ခန္ဓာသန့်စင်ခြင်းမှာလည်း နယ်ပယ်အဆင့်တွေရှိ၏၊၊
ခန္ဓာသန့်စင်အဖွင့်နယ်ပယ်က အခြေခံတည်ဆောက်ခြင်းအဆင့်နှင့်တူပြီး ခန္ဓာသန့်စင်ခြင်းအဆင့် ၆ က အခြေခံတည်ဆောက်ခြင်းအဆင့် ၆ နှင့် တူတာပဲဖြစ်သည်၊၊
ဂျန်ဖန်းကဲ့သို့ အသစ်တစ်ယောက်က ခန္ဓာသန့်စင်အဆင့်၆ကျွမ်းကျင်သူ၏ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း၊၊
ကောင်းဝူရွမ်း၏ အားကောင်းသည့်အရှိန်အဝါကိုခံစားမိသည့်အခါ ဂျန်ဖန်းကတော့ စိတ်သက်သာယာရသွားခဲ့သည်၊၊
ရှုဂန်လီနှင့်ယှဥ်လျှင် ကောင်းဝူရွမ်း၏ ခန္ဓာသန့်စင်ခြင်းက အတော်လေးအားနည်း၏၊၊
"လှုပ်ရှားပါ---"
ဂျန်ဖန်း သူ့စိတ်ဝိညာဥ်စွမ်းအားကို ဖိနှိပ်လိုက်သည်၊၊
ဤခန္ဓာသန့်စင်ပါရမီရှင်ကိုရင်ဆိုင်ဖို့ သူက သံမဏိသွေးစစ်မှန်ကျမ်းပထမအဆင့်ကို အသုံးပြုဖို့ စီစဥ်ထား၏၊၊
ကောင်းဝူရွမ်းရယ်လိုက်၏၊၊ သူကလက်ပိုက်ထားဆဲဖြစ်ပြီး ချောင်ကျန့်နှင့်တိုက်တုန်းကကဲ့သို့ ထပ်ပြောလိုက်သည်၊၊
"ငါမင်းကို သုံးကွက်အကျောပေးမယ်----"
ဤတစ်ချိန်၌ မည်သူကမှ သူမောက်မာသည်ဟုမထင်တော့ပေ၊၊
ထိုအစား ကောင်းဝူရွမ်းက တိမ်စိမ်းဂိုဏ်းကို မျက်နှာသာပေးနေသည်ဟုသာ ခံစားရ၏၊၊
ဂျန်ဖန်းသာ တန်းရှုံးသွားလျှင် တိမ်စိမ်းဂိုဏ်းအရှက်ကွဲမှာပဲဖြစ်သည်၊၊
လျိုဝူရှန်း စိတ်မရှည်စွာဖြင့်ပြောလိုက်သည်၊၊
"ဂျန်ဖန်း စကားပေါမနေနဲ့၊၊ မြန်မြန် အဆုံးသတ်လိုက်တော့---"
အရှက်ကကွဲပြီးနေပြီဖြစ်သည်၊၊
မြန်မြန်ပြီးလေလေ, သူခံစားရသည့် စိတ်ခုက္ခက ပိုနည်းလေလေဖြစ်သည်၊၊
မူလတုန်းက ဂျန်ဖန်း ကောင်းဝူရွမ်းကို မမောက်မာဖို့အကြံပေးချင်၏၊၊ သို့ပေမယ့် လျိုဝူချန်းတိုက်တွန်းနေပြီဖြစ်၍ သူက ဘာမှမပြောတော့ပေ၊၊
သူက ခြေထောက်အနည်းငယ်ကွေးလိုက်သည်၊၊ ထိုအခါ သူ့ခြေသလုံးကြွက်သားတွေ၌ စွမ်အားတွေထွက်ပေါ်လာခဲ့သည်၊၊
ကြီးမားသည့်ကိုယ်ခန္ဓာစွမ်အားက သူ့ကို ယုန်တစ်ကောင်ကဲ့သို့ ရုတ်တရက် ခုန်ထွက်သွားစေခဲ့သည်၊၊
အရှိန်က အထီးကျန်ငန်းရိုင်းအရိပ်လှုပ်ရှားမှုနည်းလမ်း ပထမအဆင့်ဖြင့် ယှဥ်နိုင်တာပဲဖြစ်သည်၊၊
တည်တည်ငြိမ်ငြိမ်ပြုံးပြီးမတ်တပ်ရပ်နေသည့် ကောင်းဝူရွမ်းအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်၊၊
ခန္ဓသန့်စင်သူ---
လှုပ်ရှားလိုက်သည်နှင့် သူက ပြိုင်ဘက်၏ခွန်အားအတိမ်အနက်ကို ခံစားမိလိုက်သည်၊၊
ဂျန်ဖန်း မြေပြင်ကို သာမန်အတိုင်းအားယူပြီးပြုလုပ်လိုက်သည့် ဤကဲ့သို့ကြောက်စရာကောင်းသည့်အရှိန်က သူ့ကို ရုတ်တရက် ထိတ်လန့်သွားစေခဲ့သည်၊၊
ထိုအခါမှသာ ဂျန်ဖန်းက သူထင်ထားသည်ထက် များစွာပိုသန်မာတာကို နားလည်လိုက်သည်၊၊
သူကအလျှင်အမြန်ပဲ လက်တွေအောက်ချကာ ဒူးကွေးပြီး တိုက်ခိုက်ရေးအသွင်ယူလိုက်ဩ၊၊
သို့ပေမယ့် အရမ်းနောက်ကျသွားပြီဖြစ်သည်၊၊
ဂျန်ဖန်းက ပစ်လွတ်လိုက်သည့် ကြယ်တစ်စင်းကဲ့သို့ရောက်လာပြီး ကောင်းဝူရွမ်းရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်၊၊
ထိတ်လန့်သွားသည့်ကောင်းဝူရွမ်း အလျှင်အမြန်ပဲ ရင်ဘတ်ကိုလက်ဖြင့်ကာလိုက်ရပြီး ပြန်မတိုက်နိုင်လိုက်ပေ၊၊
ဘန်း!
ကျောက်တုံးနှစ်ခု ပြင်းထန်စွာတိုက်မိသကဲ့သို့ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့သည်၊၊
ကောင်းဝူရွမ်း နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်၊၊
ကြီးမားသည့်စွမ်းအားကြောင့် သူကတည်ငြိမ်အောင်မလုပ်နိုင်တော့ပဲ ဖင်ထိုင်လဲကျသွား၏၊၊
လက်က အရိုးတွေလည်း ကျိုးကျေသွားသလိုခံစားလိုက်ရပြီး ထုံနာကျင်နေခဲ့သည်၊၊
ကြည့်နေသည့် အကြီးအကဲတွေနှင့် တပည့်တွေအားလုံးလည်း ကြောင်အသွားကြသည်၊၊
လျိုဝူချန်းမျက်နှာပေါ်က ထိုင်းမှိုင်းမှုတွေလည်း အံ့သြသင့်မှုအဖြစ်ပြောင်လဲသွားခဲ့သည်၊၊
ကောင်းယွမ်ဘ၏ ယုံကြည်မှုရှိသည့်အပြုံးလည်း ရုတ်ချည်းအေးခဲသွားခဲ့သည်၊၊
ဂုန်ချိုင်းယီ၏ ခပ်ဖွဖွအပြုံးလည်း ရုတ်တရက် အံ့အားသင့်မှုတွေဖြင့် အစားထိုးသွားခဲ့သည်၊၊
ဂျန်ဖန်းကို ကောင်းကောင်းနားလည်သည်ဟုထင်ထားသည့် လျိုချင်းရှန်တောင် သူမ၏အနီရောင်နှုတ်ခမ်းလေးကိုကာပြီး မျက်လုံးတွေပြူးကျယ်နေခဲ့သည်၊၊
ချောင်ကျန့် မယုံကြည်နိုင်စွာဖြင့် ကြောင်ငေးကြည့်နေခဲ့သည်၊၊
ရှုယင်းရင်၏နူးညံ့သည့်မျက်လုံးတွေလည်း ပြူးကျယ်နေပြီး ရေရွတ်လိုက်သည်၊၊
"သူ,သူက ခန္ဓာကိုယ်စွမ်းအားသုံးပြီး ဂိုဏ်း၉ဂိုဏ်းရဲ့ထိပ်တန်း ခန္ဓာသန့်စင်ပါရမီရှင်ကို နောက်ဆုတ်သွားစေတာပဲ---"
ချက်ချင်းပဲ----
တပည့်တွေ၏ စိတ်လှုပ်ရှားတုန်လှုပ်ပြောဆိုသံတွေ ဆူညံပွက်လောရိုက်သွားခဲ့သည်၊၊
"စိတ်ဝိညာဥ်အမြစ်မရှိတဲ့ဒီကောင်လေးက အရည်အချင်းအချို့ရှိသားပဲ----"
"ငါတို့တိမ်စိမ်းဂိုဏ်း မျှော်လင့််ချက်ပြီးကွ---"
"ကြိုးစားထား, ဂျူနီယာညီလေးဂျန်, ငါတို့တိမ်စိမ်းဂိုဏ်းဂုဏ်သတင်းကို ပြန်ယူလာခဲ့---"
ကျယ်လောင်သည့်အားပေးသံတွေကြောင့် ကောင်းဝူရွမ်း ကြောင်အသွားရာမှ သတိရလာခဲ့သည်၊၊
သူက ခုန်ထလိုက်ပြီး မျက်လုံးတွေက ဂျန်ဖန်းအပေါ်၌သာရှိနေခဲ့သည်၊၊ အစောပိုင်းယုံကြည်မှုတွေလည်း မရှိတော့ပေ၊၊
အစောပိုင်းသူပြောခဲ့သည့် သုံးကွက်အကျောပေးတာလည်း ယခုချိန်မှာ ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်သလိုဖြစ်နေပြီး မျက်နှာတစ်ခုလုံး နီရဲနေခဲ့သည်၊၊
ခန္ဓာသန့်စင်ခြင်း၌ သူထက်မနိမ့်သည့် လူကိုယ်မှ သုံးကွက်အကျောသွားပေးနေခဲ့သည်၊၊
"ကောင်းတယ်, ငါမင်းကို လျော့တွက်မိသွားတယ်၊၊ မင်းကအခြားခန္ဓာသန့်စင်သူတွေနဲ့ မတူဘူးပဲ၊၊ မင်းက ကျွမ်းကျင်သူပဲ---"
ကောင်းဝူရွမ်း လက်သီးတင်းကျပ်စွာ ဆုပ်လိုက်ပြီး နှာမှုတ်လိုက်၏၊၊
"ဒီဆိုဆိုမှတော့ ငါမင်းနဲ့ အလေးအနက်တိုက်ရတော့မှာပေါ့---"
"ဘာက ခန္ဓာသန့်စင်ခြင်းအစစ်အမှန်လဲဆိုတာ ငါမင်းကို ပြပေးမယ်----"
ပြောနေရင်းဖြင့် သူ့ခန္ဓာကိုယ်အတွင်းကနေ ပဲလှော်သည့်အသံမျိုးတွေထွက်ပေါ်လာခဲ့သည်၊၊
ဤအရာက သူ့ကြွက်သားတွေ အလွန်အမင်း လှုပ်ရှားလာတာကြောင့်ဖြစ်သည်၊၊
ထိုအချိန်မှာ သူက ကြမ်းကြုတ်သည့် လူသတ်စက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်၊၊
အသံနှိမ့်နှိမ့် ဟိန်းဟောက်လိုက်ပြီး ဂျန်ဖန်းဆီကို မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ ပြေးဝင်သွားခဲ့သည်၊၊
"တောင်ခွဲကျောက်တုံး---"
သူ၏သံလက်သီးက ဂျန်ဖန်းဦးခေါင်းကို ထိုးချလိုက်သည်၊၊
ဂျန်ဖန်း ကြောက်မသွားပေ၊၊ သူလည်း ခွန်အားပြည့်အသုံးပြုလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်၏၊၊
"ကြေနီအသားအရည်သံမဏိအရိုး---"
ဘန်း!
မိုးခြိမ်းသံကဲ့သို့ ခန္ဓာကိုယ်ခြင်းတိုက်မိသံက စင်မြင့်တစ်လျှောက်ပျံ့နှံ့သွားခဲ့သည်၊၊
ဤတိုက်ခိုက်မှု၏ရလဒ်က ရှိနေသည့်လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်၊၊