ချောင်ကျန့်၏အရှုံးမပေးမှု
Vol. 8 Ch. 119
ဂျန်ဖန်း တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ်ရပ်နေဆဲဖြစ်သည်၊၊
သို့ပေမယ့် ကောင်းဝူရွမ်းကတေ့ နောက်ကို လွင့်ပျံသွားပြီး မြေပြင်ပေါ်အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့သည်၊၊ သူ့လက်မောင်းတွေလည်း ပုံစံမကျလိမ်ခေါက်နေပြီး ကျိုးသွားတာ သိသာလှ၏၊၊
ဤကဲ့သို့ရလဒ်က ရှိနေသည့်လူတိုင်းကို တုန်လှုပ်မှုကြောင့် စကားမပြောနိုင်ဖြစ်သွားစေ၏၊၊
ဂိုဏ်း ၉ ဂိုဏ်း နံပါတ်၁ ခန္ဓာသန့်စင်ပါရမီရှင်ဖြစ်သည့် ကောင်းဝူရွမ်း ခွန်အားကုန်အသုံးပြုတာတောင် တိမ်စိမ်းဂိုဏ်းတပည့်အသစ်၏ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်၊၊
သူဂုဏ်အယူရဆုံးအပိုင်းမှာ(ခန္ဓာသန့်စင်) ဂျန်ဖန်းကို တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခြင်းဖြစ်သည်၊၊
လျိုဝူချန်း ကြောင်အနေခဲ့သည်၊၊
သူသဘောမကျဆုံးတပည့်က ချောင်ကျန့်ကိုအနိုင်ယူထားသည့် စွမ်းအားကြီးပြိုင်ဘက်ကို အနိုင်ရသွားသည်လား----
ခနကြာတော့ချက်ချင်းသတိပြန်ဝင်လာပြီး ဝမ်းသာအားရရှေ့သို့ပြေးထွက်လာလာခဲ့သည်၊၊ ထို့နောက် ဂျန်ဖန်း ပုခုံးကိုလက်နှစ်ဖက်ဖြင့်ကိုင်ပြီး မျက်နှာက အပြုံးပန်းတွေဝေဆာနေခဲ့သည်၊၊
"ကောင်းကောင်းလုပ်ခဲ့တာပဲ၊ တကယ့်ကို ကောင်းတယ်----"
တိမ်စိမ်းဂိုဏ်းဂုဏ်သတင်းကို ထိန်းထားနိုင်ရုံသာမက အများကြီးတိုးမြှင့်သွားပြီပဲဖြစ်သည်၊၊
မင်းတို့ဧရာမဂိုဏ်းက ကိုယ့်ကိုယ်ကို နံပါတ်၁ ခန္ဓာသန့်စင်ဂိုဏ်းအဖြစ် ဂုဏ်ယူနေကြတာမလား----
စိတ်မကောင်းပါဘူး၊၊ မင်းတို့ရဲ့အသန်မာဆုံးတပည့်က ငါတို့တိမ်စိမ်းဂိုဏ်းရဲ့စိတ်ဝိညာဥ်အမြစ်မရှိတဲ့ တပည့်ကိုတောင် မယှဥ်နိုင်ဘူး----
ကောင်းယွမ်ဘအလျှင်အမြန်ရှေ့တက်လာပြီး စစ်ဆေးကြည့်လိုက်သည့်အခါ ကောင်းဝူရွမ်းလက်မောင်းကျိုးသွားတာကို တွေ့လိုက်ရသည်၊၊ သူက တုန်လှုပ်မှုနှင့် ဒေါသကို ခံစားရလိုက်ပြီး ပြောလိုက်သည်၊၊
"ကောင်လေး, မင်းကအကြင်နာတရား တော်တော်ကင်းမဲ့တာပဲ----"
ဂုန်ချိုင်းယီ ဂျန်ဖန်းဘေး၌ ပေါ်လာပြီး အနည်းငယ်လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်၊၊
"ဒါက သူတို့ရဲ့ ဘိုးဘေးကန့်တော့ပွဲအခမ်းအနားလေ၊၊ ဒါကို ဧရာမဂိုဏ်းက ရှိုးပြချင်နေတာလေ---"
"အခုမျက်နှာပျက်တော့ ဒေါသထွက်တယ်ပေါ့----"
ဂိုဏ်းချုပ်နှစ်ယောက် ဂျန်ဖန်းကို ကာကွယ်နေတာမြင်သည့်အခါ----
ကောင်းယွမ်ဘအံ့ကြိတ်လိုက်ပြီး ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်၊၊
"ကောင်းတယ်,ကောင်လေး, ငါမင်းကို မှတ်ထားမယ်----"
"သားရဲလှိုင်းခုခံတဲ့အခါ မင်း ငါတို့ဧရာမဂိုဏ်းတပည့်တွေနဲ့ မတွေ့ဖို့ မျှော်လင့်တယ်---"
ပြောပြီးနောက် ကောင်းဝူရွမ်းကိုသယ်ကာ မျက်မှာပျက်စွာဖြင့် ထွက်ခွာသွားခဲ့သည်၊၊
သူတို့ထွက်ခွာသွားတာကိုကြည့်ပြီး လျိုဝူချန်းနှင့် ဂုန်ချိုင်းယီ နှစ်ယောက်သား စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်၊၊
လျိုဝူချန်း ဂုန်ချိုင်းယီကိုလက်ချင်းယှက်ပြီး ကျေးဇူးတင်စွာပြောလိုက်သည်၊၊
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်ဂုန်----"
"ကောင်းယွမ်ဘက အမြဲတမ်းမောက်မာပြီး သူ့တပည့်တွေကိုကာကွယ်ပေးတယ်၊၊ ငါ့တပည့်က သူသဘောအကျဆုံးတပည့်ကို ဒဏ်ရာရသွားစေတာဆိုတော့ ဒီကိစ္စကို သူလွယ်လွယ်လွတ်ပေးမှာမဟုတ်ဘူး---"
ဂုန်ချိုင်းယီ ဂျန်ဖန်းလှည့်လိုက်ပြီး နောင်တရစွာဖြင့်သက်ပြင်းချလိုက်သည်၊၊
"ငါတကယ်မင်းကိုသဘောကျတယ်----"
"ငါတို့မှာအတူတူနေရဖို့ ကံကြမ္မာပါမလာတာ စိတ်မကောင်းစရာပဲဲ----"
သူမအသံထဲ၌ နောင်တရမှုတွေ ပါဝင်နေခဲ့သည်၊၊
သူမက လျိုချင်းရှန်နှင့်လောင်းကြေးကို ရှုံးနိမ့်သွားပြီဖြစ်သည်၊၊
သဘောတူညီမှုအရ, ဂျန်ဖန်းကို တပည့်အဖြစ်လက်ခံမည့်အကြောင်းထပ်ပြောလို့မရတော့ပေ၊၊
ဂျန်ဖန်း ဤသိမ့်မွေ့နူးညံ့ပြီး စဥ်းစားပေးတတ်သည့် စိတ်ဝိညာဥ်သားရဲဂိုဏ်း ဂိုဏ်းချုပ်ကို အတော်လေးသဘောကျ၏၊၊ သူက ပြောလိုက်သည်၊၊
"ဂိုဏ်းချုပ်ဂုန်, ဒီအတောအတွင်းမင်းက ငါ့ကို အတော်လေးဂရုစိုက်ပေးခဲ့တယ်၊၊ ဒါကို ငါစိတ်ထဲမှာ အမြဲအမှတ်ရနေမှာပါ----"
ဂုန်ချိုင်းယီ နောက်ဆုံးမှာတော့ အနည်းငယ်ပြုံးလိုက်ပြီး ခါးမှ မြေကမ္ဘာဖီးနစ်မြက်အရည်တစ်ပုလင်းထုတ်ယူလိုက်၏၊၊
"ပြောထားတဲ့အတိုင်း, ဒါမင်းအတွက်ပဲ----"
ဂျန်ဖန်း ပျော်ရွင်သွားခဲ့သည်၊၊
"ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်ဂုန်----"
ဤအရာက အလွန်ကောင်းမွန်သည့် ပစ္စည်းဖြစ်၏၊၊
ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးနှင့်ဆိုလျှင် ဤအရာက အခြေခံတည်ဆောက်ခြင်းနယ်ပယ်ကို နောက်တစ်ဆင့်တိုးမြှင့်ပေးနိုင်၏၊၊
ထို့ပြင်း ဂုန်ချိုင်းယီက အနက်ရောင်ဓားကိုလည်း သူ့လက်ထဲထည့်ပေးလိုက်သည်၊၊
"ဒီဓားက ငါမင်းကို လက်ဆောင်ပေးတာ---"
"အမှတ်တရအဖြစ်သိမ်းထားလိုက်ပါ---"
ဂျန်ဖန်း ဓားကိုကြည့်ပြီး ပိုလို့တောင် ဝမ်းသာသွားခဲ့သည်၊၊
ဤအရာက အလယ်အလတ်အဆင့် မှော်ရတနာဖြစ်ပြီး ကောင်းကင်ဓားတောင်ထိပ် ဓားသင်္ချိုင်းမှ ရလာတာဖြစ်သည်၊၊
သူ့ကျောကခရမ်းဓားက အရမ်းအားကောင်းလွန်း၏၊၊
သေခြင်းရှင်ခြင်းရန်သူနှင့် ရင်ဆိုင်တာမျိုးမဟုတ်လျှင် သုံးဖို့ကမသင့်လျှော်ပေ၊၊
သာမန်ပြိုင်ပွဲလေးတွေအတွက် အနက်ဓားရောင်ဓားကဲ့သို့သော်မှော်ရတနာတစ်ခု အမှန်တကယ်လိုအပ်၏၊၊
"ဂိုဏ်းချုပ်ဂုန်, မင်းရဲ့ကြင်နာမှုကို ငါဘယ်လိုပြန်ပေးရမလဲမသိတော့ပါဘူး----"
ဂျန်ဖန်းပြောလိုက်ပြီး အနည်းငယ်ရှက်နေခဲ့သည်၊၊
ဂုန်ချိုင်းယီ ပါးစပ်ကိုကာပြီး အနည်းငယ်ရယ်လိုက်သည်၊၊
"ငါမင်းဆီက ဘာမှမလိုချင်ပါဘူး----"
"အနာဂတ်မှာအခွင့်အရေးရှိရင်သာ စိတ်ဝိညာဥ်သားရဲဂိုဏ်းကို အလည်လာခဲ့ပါ၊၊ ငါမင်းကို ကိုယ်တိုင်ဧည့်ခံပါ့မယ်---"
ဂျန်ဖန်း လေးလေးနက်နက်ခေါင်းညိတ်လိုက်၏၊၊
"ငါ သေချာပေါက်လာခဲ့မှာပါ---"
ထို့နောက် ဂုန်ချိုင်းယီသူမပျံသန်းသားရဲကို ခေါ်လိုက်ပြီး တပည့်တွေနှင့်အတူ ကောင်းကင်သို့ပျံသန်းသွားကာ ဖော်ပြလို့မရသည့်နောင်တတွေဖြင့် ထွက်ခွာသွားခဲ့သည်၊၊
လျိုချင်းရှန်ကတော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်သည်၊၊
"နောက်ဆုံးတော့, ဒီမိန်းမထွက်သွားပြီ----"
ထို့နောက် ဂျန်ဖန်းနားကို အပြုံးတစ်ခုဖြင့်ချည်းကပ်လာခဲ့သည်၊၊ သူမက ပါးစပ်နားရွက်တက်ချိတ်အောင်ပြုံးနေသည့် လျိုဝူချန်းကိုကြည့်ပြီး ရွတ်နှောက်နှောက်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်၊၊
"ဘယ်လိုလဲ,အဖေ---- အဖေ့သမီးရဲ့ဆုံးဖြတ်ချက်က မဆိုးဘူးမလား----"
"ဂျန်ဖန်းကို တပည့်အဖြစ်လက်ခံတာ နင့်ကို စိတ်မပျက်စေဘူးမလား----"
လျိုဝူချန်း ချောင်းဟန့်လိုက်ပြီး ဂျန်ဖန်းကို အနည်းငယ်သဘောကျစွာဖြင့်ကြည့်လိုက်သည်၊၊
"ဂျန်ဖန်းရဲ့ခန္ဓာသန့်စင်ပါရမီက တကယ့်ကို မျှော်လင့်မထားတဲ့အရာပဲ----"
"ငါတို့တိမ်စိမ်းဂိုဏ်းရဲ့ ခန္ဓာသန့်စင်ခြင်းအရင်းအမြစ်က ဧရာမဂိုဏ်းထက် များစွာနှိမ့်ကျနေတာတော့ စိတ်မကောင်းစရာပဲ----"
သူ့စိတ်ထဲမှာ နောင်တရနေခဲ့သည်၊၊
ဂျန်ဖန်းသာ ကျင့်ကြံရေးဘက်မှာပါရမီရှိလျှင် သူက ဂျန်ဖန်းကျင့်ကြံရေးကို လုံးဝအာရုံစိုက်ပေးမည်ဖြစ်သည်၊၊
ကံမကောင်းစွာဖြင့် တိမ်စိမ်းဂိုဏ်းက ခန္ဓာသန့်စင်ခြင်း၌ မကျွမ်းကျင်ပေ၊၊
ဤအရာအားလုံးကို အဝေးမှကြည့်နေသည့် ချောင်ကျန့် အတော်လေးမနာလိုဖြစ်လာပြီး မျက်လုံးတွေနီရဲလာခဲ့သည်၊၊
သူ ရှက်စရာကောင်းစွာရှုံးနိမ့်ခဲ့သည့်ပြိုင်ဘက်ကို ဂျန်ဖန်းက အလွယ်တကူအနိုင်ရခဲ့သည်၊၊
ထိုအရာက သူဟာ ဂျန်ဖန်းထက်နိမ့်ကျသည်ဟု ဆိုလိုနေသည်မလား----
"ဘာတွေရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ? သူက ကံကောင်းပြီး ကောင်းဝူရွမ်းကို နိုင်သွားတာ---"
သူက မကျေနပ်စွာဖြင့် ကန့်ကွက်လိုက်၏၊၊
ဂျန်ဖန်းမျက်လုံးထဲမှာ မနှစ်မြို့သည့်အရိပ်ယောင်တွေပေါ်လာခဲ့သည်၊၊
ထိုကောင်က တကယ်ကို စိတ်ပျက်စရာကောင်း၏၊၊
သူက မနေနိုင်ပဲပြောလိုက်သည်၊၊
"ငါမှတ်မိသေးတာမှန်တယ်ဆိုရင် မင်း စီနီယာအမလျိုနဲ့ လောင်ကြေးထပ်ထားတယ်မလား---"
"ငါသာ ဘိုးဘေးကန်တော့ပွဲအခမ်းအနားမှာ အနိုင်ရရင် မင်း ဂိုဏ်းသခင်တောင်ထိပ်ကို ဝင်ရောက်မယ်ဆိုတာလေ---"
"အခုက အဲ့ဒီလောင်းကြေးကို အတည်ပြုဖို့ အချိန်ရောက်ပြီမလား---"
ထိုစကားတွေကြောင့် လူတိုင်းမျက်နှာ ပြောင်းလဲသွားကြသည်၊၊
ချောင်ကျန့် အဆင့် ၇ စိတ်ဝိညာဥ်အမြစ်နှင့် ဖြစ်ပြီး မဟာအကြီးအကဲတန်ဖိုးထားရသည့် တပည့်ဖြစ်သည်၊၊
သူသာ အမှန်တကယ် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကထွက်ဖို့ ဖိအားပေးခံရပြီး ဂိုဏ်းသခင်တောင်ထိပ်ဝင်ရောက်ရလျှင် ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ဘယ်လောက်တောင်မျက်နှာပျက်ရမည်နည်း၊၊
ထိုအရာကိုကြားသည့်အခါ, ဖုန်းဂုချန်း ချက်ချင်း ကြိမ်းမောင်းလိုက်၏၊၊
"မင်းရိုင်းလိုက်တဲ့ကလေး, ဒါက ဟာသတစ်ခုပဲလေ၊၊ ဘယ်လိုဖြစ်ပြီး အတည်ယူနိုင်မှာလဲ----"
"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်နဲ့ ဂိုဏ်းသခင်တောင်ထိပ်ကို စိတ်ဝမ်းကွဲအောင်လုပ်ဖို့ မကြိုးစားနဲ့----"
အို?---
ဝန်မခံချင်ဘူးပေါ့----
ထို့ပြင် ဂျန်ဖန်း၌ လျို့ဝှက်အကြံအစည်တွေရှိနေသည်ဟုတောင် စွပ်စွဲလိုက်သေး၏၊၊
ဂျန်ဖန်း ချောင်ကျန့်ကို အေးစက်စွာကြည့်လိုက်သည်၊၊
"လောင်ကြေးက ဂိုဏ်းချုပ်၊ အကြီးအကဲကိုးယောက်နဲ့ တပည့်တွေအားလုံးရှေ့မှာ လုပ်ခဲ့တာ၊၊ ဘယ်လိုလုပ်ပြီးဟာသဖြစ်နိုင်မှာလဲ----"
"ချောင်ကျန့်, မင်းအရှုံးကိုလက်မခံနိုင်ရင် အစကတည်းက မလောင်းနဲ့ပေါ့----"
"ဒါက ရှက်စရာကောင်းလွန်းတယ်---"
ချောင်ကျန့်အတော်မာနကြီးသူဖြစ်၍ ထိုအရာကိုကြားသည့်အခါ ဒေါသထွက်သွားခဲ့သည်၊၊
သူကအံ့ကြိတ်လိုက်ပြီး ဖုန်းဂုချန်းကို ဒူးထောက်အရိုအသေပေးလိုက်သည်၊၊
"တပည့်ချောင်ကျန့် တာဝန်မကျေပါဘူး---"
"အခု လောင်ကြေးရှုံးသွားပြီဖြစ်လို့ ကတိအတိုင်း ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က နှုတ်ထွက်ရပါမယ်---"
ထို့နောက်
လျိုဝူချန်းနားချည်းကပ်ကာ ဒူးတစ်ဖက်ထောက်လိုက်၏၊၊
လျိုဝူချန် စိတ်လှုပ်ရှားနေခဲ့သည်၊၊ ဤအရာက သူ့သမီးကဲ့သို့ အဆင့်၇ စိတ်ဝိညာဥ်အမြစ်ဖြစ်ပြီး အဆုံးမဲ့အလားအလာတွေနှင့် ဖြစ်သည်၊၊
သို့ပေမယ့် ချောင်ကျန့်နောက်ထပ်ပြောလိုက်သည့်အရာက လျိုဝူချန်းကို ဒုက္ခရောက်သွားစေခဲ့သည်၊၊
"ဂိုဏ်းချုပ်, ငါ ဂိုဏ်းသခင်တောင်ထိပ်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်----"
"ဒါပေမယ့် ငါ ဂျန်ဖန်းနဲ့ အတူတူမနေနိုင်ပါဘူး---"
"ဂိုဏ်းသခင်တောင်ထိပ်က သူနဲ့ငါ တစ်ယောက်ယောက်ကိုရွေးပေးပါ၊၊ နှစ်ယောက်လုံးတော့မရပါဘူး----"
ဤအရာက လျိုဝူချန်း ဂျန်ဖန်းကိုထုတ်ပယ်ဖို့ သွယ်ဝိုက်ပြီး တွန်းအားပေးနေတာပဲဖြစ်သည်၊၊
တစ်ယောက်က စိတ်ဝိညာဥ်အမြစ်မရှိသူဖြစ်ပြီး တစ်ယောက်က အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ဖြစ်၏၊၊
လျိုဝူချန်း ဘယ်သူ့ကိုရွေးမယ်ဆိုတာ မေးနေစရာတောင်မလိုတော့ပေ၊၊
ချောင်ကျန့်၏ မကောင်းသည့်ရည်ရွယ်ချက်က အထင်းသားပေါ်လွင်နေခဲ့သည်၊၊
လျိုဝူချန်း ဂျန်ဖန်းကို ထုတ်ပယ်ဖို့ကမဖြစ်နိုင်ပေ၊၊ အထူးသဖြင့် သူက သူ့သမီးနှင့် စေ့စပ်ထားသူဖြစ်၏၊၊
သို့ပေမယ့် ချောင်ကျန့်ကိုလည်း သူ မစွန့်လွတ်နိုင်ပေ၊၊
"ချောင်ကျန့်, ဂျန်ဖန်းက ခုလေးတင် အကျိုးဆောင်မှုကြီးလုပ်ထားတာ၊၊ ငါသူ့ကို ဂိုဏ်းက ထုတ်လိုက်လျှင် လူတွေငါ့ကို ဘယ်လိုထင်ကြမလဲ----"
လျိုဝူချန်း သွေးဆောင်စွာပြောလိုက်သည်၊၊
"ရန်သူတွေတောင်သင့်မြတ်ကြသေးတာပဲ၊၊ မကျေနပ်မှုတွေကို သိမ်းထားမနေပါနဲ့----"
"ငါ့ကိုမျက်နှာသာပေးတဲ့အနေနဲ့ သူနဲ့ သင့်မြတ်လိုက်ပါကွာ၊၊ ဘယ်လိုလဲ----"
ဤလောက်ပြောနေမှတော့ ချောင်ကျန့် ဘယ်လိုလုပ်ပြီး မနာခံပဲနေနိုင်တော့မည်နည်း၊၊
သူ့အကြည့်ကိုရွေ့လိုက်ပြီး အေးစက်စွာရယ်လိုက်သည်၊၊
"သူ့နဲ့ သင့်မြတ်ဖို့ကတော့ မဖြစ်နိုင်ဘူး----"
"ငါကြားတာတော့ သူ့မှာ ဇနီးအလှလေးနှစ်ယောက်ရှိတယ်ဆိုပဲ----"
"သူသာ ငါ့ကို တစ်ယောက်ပေးမယ်ရင် ငါစဥ်းစား----"
သူပြောလို့မပြီးသေးခင်မှာပဲ----
ဘေးနားကဂျန်ဖန်း မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ချက်လက်သွားပြီး တုန်လှုပ်နေသောနဂါးလက်ဝါးကို တွေဝေမနေပဲအသုံးပြုလိုက်သည်၊၊
ချောင်ကျန့် သတိရှိနေပြီး ဒေါသတကြီး လှောင်ပြောင်လိုက်၏၊၊
"မင်းခွေးမသား, ငါလည်း မင်းကို သင်ခန်းစာပေးချင်နေတာ---"
"မင်းကိုယ်မင်း ငါ့ထက်သာတယ်လို့ တကယ်ထင်နေတာလား---"