တပည့်အဆင့်များ
Vol. 8 Ch. 120
ရုပ်ခန္ဓာခြင်းယှဥ်လျှင် သူက ဂျန်ဖန်းနှင့် မယှဥ်နိုင်တာ ချောင်ကျန့်ဝန်ခံ၏၊၊ သို့ပေမယ့် ကျင့်ကြံရေးခြင်းယှဥ်မယ်ဆိုရင်တော့ ဂျန်ဖန်းက သူ့ဖိနပ်သယ်ပေးဖို့တောင် မထိုက်တန်ပေ၊၊
"ကမ္ဘာမြေကိုဖုံးလွမ်းသောလေနှင့်တိမ်----"
သူက ပြတ်ပြတ်သားသား ဓားဆွဲထုတ်ကာ ချက်ချင်းပဲ အသန်မာဆုံးဓားကွက်ကို အသုံးပြုလိုက်သည်၊၊
တစ်ယောက်က လက်သီးကိုသုံးပြီး တစ်ယောက်က ဓားကိုအသုံးပြုတာဖြစ်သည်၊၊
တစ်ယောက်က စိတ်ဝိညာဥ်အမြစ်မရှိသည့်အမှိုက်ကောင်ဖြစ်ပြီး အခြားတစ်ယောက်က အဆင့် ၇ စိတ်တိညာဥ်အမြစ်နှင့် ပါရမီရှင်ဖြစ်သည်၊၊
ရလဒ်ကို ပြေစရာတောင်မလိုပေ၊၊
ဂျန်ဖန်းလက် ဓားဖြင့်အခွဲခံရပြီး တိိုက်ပွဲက သွေးအလိမ်းလိမ်းဖြင့် ပြီးသွားမည်ဖြစ်သည်၊၊
အမျိုးသမီးတပည့်အချို့ဆို ကြိုတင်ပြီး အော်ဟစ်နေပြီဖြစ်သည်၊၊
အမျိုးသားတပည့်အချို့လည်း မကြည့်ရဲတော့ပဲ အကြည့်လွဲလိုက်ကြသည်၊၊
အကြီးအကဲများစွာလည်း အနည်းငယ်ခေါင်းခါယမ်းလိုက်ကြသည်၊၊
(စာရေးဆရာက အဲ့ကောင်တွေကို စောက်တုံးတွေလို့တွေးပြီးများရေးနေလားမသိဘူး၊၊ ဒီလောက်ကြီးကြမ်းပြထားလည်း အမှိုက်ကောင်လို့ထင်နေကြတုန်း---)
"သူက ရုပ်ခန္ဓာသန်မာတာတော့ ဟုတ်ပါတယ်၊၊ ဒါပေမယ့် အခုတော့ သူ့အားနည်းချက်နဲ့ ချောင်ကျန့်ကိုထိပ်တိုက်တွေ့နေတယ်----"
"သင်ခန်းစာကောင်းကောင်းပေးခံရမှာ မြင်ယောင်သေးတယ်----"
ထိုအရာကိုမြင်သည့်အခါ လျိုဝူချန်း ရုတ်တရက် ဒေါသတကြီး အော်ပြောလိုက်သည်၊၊
"ရပ်စမ်း---"
သူက ဝင်တားဖို့ပြင်လိုက်၏၊၊
သို့ပေမယ့် ဖုန်းဂုချန်း အလွန်ပျော်သွားခဲ့သည်၊၊ သူက အင်္ကျီလက်ကိုခါယမ်းပြီး လျိုဝူချန်းဆီလက်သီးတစ်ချက်ပစ်သွင်းကာ တားဆီးလိုက်၏၊၊
လျိုဝူချန်း သူ့တပည့်ကိုယူသွားလျှင် သူ့ကိုလည်း တစ်ယောက်ဆုံံးရှုံးအောင်လုပ်ရမည်ဖြစ်သည်၊၊
ထိုမှသာ မျှတမည်ဖြစ်သည်၊၊
မျက်တောင်တစ်ခတ်အတွင်းမှာပဲ---
ဂျန်ဖန်းနှင့် ချောင်ကျန့်တို့ တိုက်ခိုက်ပြီးနေပြီဖြစ်ပြီး တုန်လှုပ်ဖွယ်ကိစ္စတစ်ခုဖြစ်သွား၏၊၊
ချောင်ကျန့်ဓား မခုတ်နိုင်ခင်မှာပဲ ဂျန်ဖန်းလက်ဝါးက သူ့ပခုံးကိုကျရောက်နေပြီဖြစ်သည်၊၊
ခရက်!
အရိုးအက်သံတစ်ခုက ရင်ပြင်တစ်လျှောက်ကို ပဲ့တင်ထပ်သွားခဲ့သည်၊၊
ထို့နောက် ချက်ချင်းပဲ ချောင်ကျန့်နောက်ကို လွင့်ပျံသွားပြီး ရင်ပြင်ထဲက ကျောက်တိုင်ကြီးကို ဝင်ဆောင့်သွားခဲ့သည်၊၊
ကြီးမားသည့်အားကြောင့် ကျောက်တိုင်ကြီး ကွဲကြေသွားပြီး ပွင့်ကူအိမ်ကဲ့သို့အက်ကြောင်းတွေဖြစ်ပေါ်သွားခဲ့သည်၊၊
ချောင်ကျန့် ပါးစပ်နှင့်နှာခေါင်းမှ သွေးတွေထွက်နေရုံသာမက မျက်လုံးတွေမှလည်း စီးကျနေခဲ့သည်၊၊
သူက ဒဏ်ရာအပြင်းအထန်ရသွားပြီပဲဖြစ်သည်၊၊
တစ်ဖက်မှာတော့ ဂျန်ဖန်း နေရာမှာ တည်ငြိမ်စွာရပ်နေပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်၊၊
"ဘေးချင်းယှဥ်လျှောက်ဖို့မတန်ဘူး၊၊ ဟုတ်လား----"
"မင်းတန်ဖိုးကိုလည်း အရင်ပြန်ချိန်ကြည့်လိုက်အုန်း----"
လူတိုင်းကြောင်အသွားကြသည်၊၊
သူတို့အကြည့်တွေက တဖြည်းဖြည်းထိပ်လန့်လာကြသည်၊၊
"အကြီးအကဲလီ, ဒါမင်းပြောတဲ့ အလားအလာအကတ်အသတ်ရှိတယ်ဆိုတာလား----"
အကြီးအကဲတစ်ယောက်က လီချင်ဖုန်းကို နောက်တစ်ကြိမ်မေးခွန်းထုတ်လိုက်သည်၊၊
အရင်က ဂျန်ဖန်းကို လျစ်လျူရှုထားခဲ့သည့် အကြီးအကဲများစွာလည်း လီချင်ဖုန်းကို မရင်းနှီးစွာကြည့်လိုက်ကြသည်၊၊
"ဒါကသာ အလားအလာအကုန်သုံးထားတာဆိုရင် ချောင်ကျန့်ဘယ်လိုလုပ်မလဲ၊၊ အခြားပါရမီရှင်တွေကော ဘယ်လိုလုပ်မလဲ---"
မေးခွန်းတွေကြောင့် လီချင်ဖုန်းမျက်နှာ နီရဲသွားခဲ့သည်၊၊
သူက ခေါင်းမာစွာငြင်းခုန်လိုက်၏၊၊
"ဒီကောင်လေး---, ဒီကောင်လေးကို သေချာပေါက် ဂိုဏ်းချုပ်ဂုန်ကလမ်းညွှန်ပေးထားတာပဲ၊၊ ဒါကြောင့် နည်းနည်း တိုးတက်လာတာ----"
"အနာဂတ်မှာဒီလိုလမ်းညွှန်မှုမျိုးမရှိရင် သူနောက်ထပ်တိုးတက်တော့မှာမဟုတ်ဘူး----"
ပြေကြသည့်အတိုင်း မျက်စိမိတ်ယုံကြည်မှုက တောင်တစ်လုံးကဲ့သို့ဖြစ်၏၊၊ ဖွဲ့စည်းဖို့လွယ်ကူပေမယ့် ဖယ်ရှားဖို့တော့ခက်ခဲလှ၏၊၊
အကြီးအကဲတွေ ဤရှင်းပြချက်ကလက်ခံနိုင်သည်ဟုယူဆကြ၏၊၊
အဆုံးမှာတော့ ဂုန်ချိုင်းယီက ဂျန်ဖန်းကို အတော်လေးသဘောကျတာဖြစ်သည်၊၊
မည်သူသိမည်နည်း၊၊ သူမက သူ့ကို တန်ဖိုးကြီးရတနာအချို့တောင် တိတ်တဆိတ်ပေးခဲ့နိုင်၏၊၊
လျိုချင်းရှန် ပါးစပ်ကိုကာလိုက်ပြီး တိတ်တဆိတ်ရယ်လိုက်သည်၊၊
အရူးတစ်သိုက်ပဲ---
ခုထိ စုံလုံးကန်းနေကြတုန်း---
ဂျန်ဖန်းသန်မာရသည့်အကြောင်းအရင်းက ပြင်ပလမ်းညွှန်မှုကြောင့်မဟုတ်ပေ၊၊ မွေးရာပါကိုသန်မာနေလို့ဖြစ်သည်၊၊
ခွေးသေတစ်ကောင်ကဲ့သို့ဖြစ်နေသည့် ချောင်ကျန့်ကိုကြည့်ပြီး လျိုချင်းရှန် ဂျန်ဖန်း ပခုံးကို ပုတ်လိုက်သည်၊၊
"တော်တယ်---"
"သူများမိန်းမချောင်းနေတဲ့ဒီလိုအမှိုက်မျိုးကိုအခုလိုပဲဆက်ဆံသင့်တယ်----"
ခဏမှိန်မောနေပြီးနောက် လျိုဝူချန်း ချောင်ကျန့်ဆီအလျှင်အမြန်ပြေးပြီး စစ်ဆေးကြည့်လိုက်သည်၊၊
"မင်းဒဏ်ရာတွေဘယ်လိုနေလဲ----"
ဤအရာက အဆင့် ၇ စိတ်ဝိညာဥ်အမြစ် တပည့်ဖြစ်၏၊၊
မည်သူထင်ထားမည်နည်း၊၊ ချောင်ကျန့် လျိုဝူချန်းကို အဝေးတွန်းလွတ်လိုက်ပြီး အံ့ကြိတ်လိုက်သည်၊၊
"ဂိုဏ်းချုပ်လျို စိုးရိမ်စရာမလိုပါဘူး---"
သူက သူ့ဘာသာကုန်ကြုံးမတ်တပ်ရပ်လိုက်ပြီး သူ့ကိုကြည့်နေသည့်အကြည့်တွေကို ကြည့်လိုက်သည်၊၊
ထိုအခါ အရှက်တကွဲရှုံးနိမ့်သွားတာကိုအမှတ်ရသွားပြီး အတော်လေးရှက်သွားခဲ့သည်၊၊
သူက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဂျန်ဖန်းကို မုန်းတီးစွာကြည့်လိုက်သည်၊၊
"ငါ, ချောင်ကျန့် တစ်နေ့မှာ ဒီစော်ကားခံရတာကို ပြန်လက်စားချေမယ်---"
"တိမ်စိမ်းဂိုဏ်းက ငါ့ဆန္ဒကိုလိုက်လျောမပေးဘူးဆိုမှတော့ ငါ တိမ်စိမ်းဂိုဏ်းကထွက်တယ်---"
"မင်းတို့တွေ အနာဂတ်မှာ နောင်တမရဖို့ မျှော်လင့်တယ်---"
သူက ဒေါသတကြီးပြောလိုက်ပြီး တောင်ဂိတ်တံခါးကို ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားလိုက်သည်၊၊
လျိုဝူချန်းနောက်ကလိုက်ပြီး တားပေးမယ့် ချောင်ကျန့်က အကျောက်အကန်ငြင်းဆန်နေခဲ့သည်၊၊
ချောင်ကျန့်တို့ ချောင်မိသားစုက ထင်ရှားသည့်သိုင်းပညာမိသားစုဖြစ်သည့်အတွက် သူ့ကို အင်အားသုံးပြီးနေခိုင်းဖို့က မဖြစ်နိုင်ပေ၊၊
အဆုံးမှာတော့ လျိုဝူချန်း ကိုယ့်ပေါင်ကိုယ်ရိုက်ကာ ချောင်ကျန့်ထွက်သွားတာကို နောင်တရစွာဖြင့်ကြည့်နေခဲ့ရသည်၊၊
အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ကို ဂိုဏ်း၉ ဂိုဏ်းလုံးက ရတနာအဖြစ်ဆက်ဆံမည်ပဲဖြစ်သည်၊၊
တိမ်စိမ်းဂိုဏ်းကတော့ ထိုအရာကို ထွက်သွားခွင့်ပြုလိုက်သည်၊၊
သူက တစ်ဖက်လှည့်ပြီး ဂျန်ဖန်းကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်၊၊
လျိုချင်းရှန် နှုတ်ခမ်းစူလိုက်ပြီး ဂျန်ဖန်းရှေ့မှာ ရပ်လိုက်သည်၊၊
"ဂျန်ဖန်းလုပ်တာဘာမှားလို့လဲ----"
အကြီးအကဲတွေလည်း လေးပင်စွာသက်ပြင်းချလိုက်သည်၊၊
ဘေးကကြည့်နေသူတွေအနေဖြင့် သူတို့က ဂျန်ဖန်းကိုထောက်ခံပြီး သူလုပ်တာမမှားဘူးဟုခံစားရ၏၊၊
ကိုယ့်ဇနီးကို လူရှေ့မှာစော်ကားပြောဆိုတာ သတ်မပြစ်တာတောင် အံ့သြစရာကောင်းနေပြီဖြစ်သည်၊၊
သို့ပေမည့် လျိုဝူချန်းကိုလည်း သူတို့ နားလည်၏၊၊
ဂိုဏ်းသခင်တောင်ထိပ်ကို ထိန်းချုပ်နေသည့် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အဆင့် ၇ စိတ်ဝိညာဥ်အမြစ်ကို ဆုံးရှုံးရတာ အတော်ခံစားရမည်ဖြစ်သည်၊၊ ထို့ပြင် မဟာအကြီးအကဲ၏ပုန်ကန်မှုကိုလည်း ရင်ဆိုင်နေရသေး၏၊၊
ဖုန်းဂုချန်း, သူတန်ဖိုးထားရသည့်တပည့် ဆုံးရှုံးရသည့်အတွက် ဒေါသထွက်နေခဲ့သည်၊၊
သူက ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်၊၊
"မင်းကိုယ်မင်း သန်မာတယ်လို့ ထင်နေတာလား----"
"ကောင်းပြီလေ, တစ်လနေလို့ရှိရင် ဂိုဏ်းတပည့်တွေရဲ့အဆင့်သတ်မှတ်ခြင်းရှိတယ်----"
"မင်းဘယ်လောက်ကြာအောင်ရယ်နိုင်မလဲ ကြည့်ရတာပေါ့----"
ပြောပြီးနောက် သူက ဒေါသတကြီးထွက်ခွာသွားခဲ့သည်၊၊
လျိုချင်းရှန်အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး လျိုဝူချန်းကို ပြောလိုက်သည်၊၊
"အဖေ, ဒီတစ်ကြိမ် တပည့်တွေအဆင့်သတ်မှတ်တာကို ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ရဲ့စစ်မှန်တကယ့် ထျန်းလုံက ကြီးကြပ်မှာမလား----"
"သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ကျွမ်းကျင်သူလေ၊၊ သေချာပေါက် တပည့်အဆင့်သတ်မှတ်ခြင်းကိုသုံးပြီး ဂျန်ဖန်းကို ပစ်မှတ်ထားမှာပဲ---"
ဂျန်ဖန်းဘယ်လောက်ပဲသန်မာမာ အဆင့် ၈ ကို ယှဥ်နိုင်ဖို့ကတော့ ခက်ခဲမည်ပဲဖြစ်သည်၊၊
အကဲဖြတ်စဥ်အတောအတွင်း မတော်တဆထိခိုက်မှုတွေရှိတာက ပုံမှန်ပဲဖြစ်သည်၊၊ ဒန်တန်အက်ကွဲသွားတာတွေတောင်ရှိတတ်၏၊၊
ဤတစ်ကြိမ် မဟာအကြီးအကဲက သူချစ်ရသည့်တပည့်ဆုံးရှုံးရသည့်အတွက် ဂျန်ဖန်းကို မည်သို့အလွယ်တကူလွတ်ပေးမည်နည်း၊၊
လျိုဝူချန်း နှာမှုတ်လိုက်၏၊၊
"ဒါက သူကိုယ်တိုင်ရဲ့အမှားပဲ----"
ထို့နောက် ဒေါသတကြီးထွက်ခွာသွားခဲ့သည်၊၊
လျိုချင်းရှန် ပိုလို့တောင်စိုးရိမ်သွားပြီး အစောပိုင်းချောင်ကျန့်၏စိန်ခေါ်မှုအား လက်ခံခဲ့တာကို နောင်တရနေခဲ့သည်၊၊
ထိုအတွက်သာမဟုတ်လျှင် ယနေ့အဖြစ်အပျက်တွေ ဖြစ်လာမည်မဟုတ်ပေ၊၊
"စီနီယာအမ, မစိုးရိမ်ပါနဲ့----"
ဂျန်ဖန်း နှစ်သိမ့်လိုက်၏၊၊
"ငါသတိထားမှာပါ၊၊ ဒါအဆင်ပြေပါတယ်----"
နောက်ဆုံးမှာတော့ အချိန်တစ်လရှိသေးတာဖြစ်သည်၊၊
ထိုအချိန်အတွင်း သူ့ကျင့်ကြံရေးနောက်တစ်ဆင့်မြင့်သွားမည်ဟု သူထင်၏၊၊
ထို့ပြင် လှုပ်ရှားမှုနည်းလမ်းနှင့်ဆိုလျှင် သူက တန်ထျန်းလုံပြိုင်ဘက်မဟုတ်ဘူးဆိုလျှင်တောင် ဒဏ်ရာတော့ရမည်မဟုတ်ပေ၊၊
လျိုချင်းရှန် နှုတ်ခမ်းကိုက်လိုက်သည်၊၊
"တပည့်အဆင့်သတ်မှတ်ခြင်းက ဘာကိုဆိုလိုလဲ နင်နားမလည်ပါဘူး----"
"နင်သာ အဆင့်နိမ့်နိမ့်ပဲရရင် တိမ်စိမ်းဂိုဏ်းက ထုတ်ခံရပြီး မြို့သခင်အဖြစ် ဂိုဏ်းလက်အောက်မှာရှိတဲ့ မြို့တစ်မြို့ကိုပို့ခံရမှာ----"
"အထီးကျန်လှေမြို့က ယဲ့ဂျိဖုန်းလည်း တစ်ခါက အဆင့်လျော့ချခံရတဲ့ တပည့်တစ်ယောက်ပဲ----"
ဘာ?---
ဂျန်ဖန်း ထိတ်လန့်သွားခဲ့သည်၊၊
လာမည့်အဆင့်သတ်မှတ်ပွဲက ပြန်လည်မွေးဖွားခြင်းတောင်ထိပ်လက်ထဲမှာရှိနေခဲ့သည်၊၊
သူတို့သာ အကြောင်းပြချက်ရှာပြီး အဆင့်လျော့ချလျှင် သူကဖိအားပေးနှင်ထုတ်ခံရမည်ဖြစ်၏၊၊
ထိုအခါအရင်းအမြစ်လည်းရတော့မည်မဟုတ်ပေ၊၊
အခြေခံတည်ဆောက်ခြင်းဆေးလုံးကုန်ကြမ်းတောင် ရဖို့ခက်ခဲပြီပဲဖြစ်သည်၊၊
ထို့ကြောင့် တန်ထျန်လုံ၏အကဲဖြတ်မှု၌ ပြိုင်ဘက်ကင်းခွန်အားကို ပြသရတော့မည်ပဲဖြစ်သည်၊၊
သူတို့ သူ့အားအဆင့်နိမ့်ပေးဖို့ အကြောင်းပြချက်မရှိအောင်လုပ်ရမည်ဖြစ်၏၊၊
နောက်တစ်နည်းပြောရလျှင် သူ့ခွန်အားက တန်ထျန်းလုံကိုယှဥ်နိုင်ရမည်ဖြစ်သည်၊၊
သို့ပေမယ့် တန်ထျန်းလုံက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်၏၊၊
သူကတော့ အဆင့် ၄ သာဖြစ်သည်၊၊
ထို့ကြောင့် ကျင့်ကြံရေးရေးနှင့် သိုင်းကျမ်းတွေမှာ သိသိသာသာ အဆင့်ချိုးဖြတ်ရတော့မည်ပဲဖြစ်သည်၊၊
သိုင်းကျမ်းအကြောင်းပြောမှ ဂျန်ဖန်း ဘိုးဘေးကန်တော့ပွဲပထမဆုအကြောင်းကိုတွေးမိလိုက်သည်၊၊
"စီနီယာအမ, ငါ့ဆုလဒ်လဲ မရတော့ဘူးလား----"
လျိုဝူချန်းက ထွက်သွားပြီဖြစ်သည်၊၊
ရလဒ်ကို ကြေညာမသွားခဲ့ပေ၊၊
လျိုချင်းရှန် ခါးသီးစွာပြုံးလိုက်သည်၊၊
"နင် အင်မော်တယ်စာအုပ်ရရင်တောင် ဘာတွေဖြစ်သွားမှာမလို့လဲ----"
"တစ်လဆိုတဲ့အချိန်က ဘာကိုမဆိုနားလည်ဖို့တိုလွန်းတယ်---"
ထိုအရာက အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်နေချင်းဟုသာ သူမခံစားမိ၏၊၊
သို့ပေမယ့် ဂျန်ဖန်း ရေရွတ်လိုက်သည့်အရာက သူမကို အံ့အားသင့်သွားစေခဲ့သည်၊၊
"တိမ်စိမ်းဂိုဏ်းစာအုပ်ဆောင်မှာ ဒီလိုအစွမ်းထက်ကျင့်စဥ်တစ်ခုရှိတာလား----"
"ဒါကိုကျင့်ကြံဖို့ တစ်လတောင်အချိန်လိုတာပေါ့---"