မကောင်းသည့် သင်္ကေတ
Vol. 7 Ch. 88
ထိုညတွင် အန်လင်းသည် တုန်ဖန်ရွှယ် ကိုယ်တိုင် ပြင်ဆင်ပေးသည့် ဟင်းလျာများကို စားသောက် လိုက်ရသည်။
သူမ၏ ဟင်းလျာများသည် အမြင်လှပြီး အရသာထူးကဲ ရုံသာမက စွမ်းအင်များကိုပါ ပြန်လည် ဖြည့်တင်း ပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း အထောက်အကူ ဖြစ်စေသည်။ တုန်ဖန်ရွှယ် ချက်ပြုတ်ပေးသည်ကို စားသောက်ရင်း အန်လင်းသည် အပြည့်အဝ ချီးကျူးလိုက်သည်။ စားသောက်ပြီးသည့် နောက်တွင် အန်လင်းသည် ပို၍ ကောင်းလာသည်ဟု ခံစားရသည်။
ကျောက်ကပ် အားဆေးကိုပါ သောက်ခွင့်ရမည်ဆိုလျှင် ပို၍ စွမ်းအင် ပြည့်ဝနိုင်လာမည် ဖြစ်သည်။
ထို့နောက်တွင် သူတို့သုံးဦးသားသည် ဟိုတယ်မှ ထွက်ခွာကာ လမ်းမများပေါ်တွင် လမ်းလျှောက်ထွက်ကြသည်။
ညလေညင်းသည် သူ့အား ဖြတ်သန်းတိုက်ခတ်သွားသဖြင့် အန်လင်းသည် စိတ်ကျေနပ်ကာ လန်းဆန်းလာတော့သည်။
“ဟူး... ဒီနေ့ ညစာကတော့ တကယ်ကို ကောင်းလွန်းတယ်... နင်တို့ နှစ်ယောက်ကို ကျေးဇူးအများကြီး တင်ပါတယ်နော်...”
အန်လင်းသည် သူ့ဘေးတွင် ရှိနေသည့် မိန်းမပျိုလေး နှစ်ဦးအား ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထျန်းလင်းလင်းသည် ဆင်စွယ်ရောင် ဝတ်စုံလေးအား ဝတ်ဆင်ထားကာ တုန်ဖန်ရွှယ်ဘေးတွင် လမ်းလျှောက်နေသည်။ သူမသည် တုန်ဖန်ရွှယ်၏ လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏ အရပ်သည် ခေါင်းတစ်လုံးခန့် နိမ့်လျက်ရှိသည်။ ထိုအချက်သည် သူမအား နုငယ်ကာ နှစ်လိုဖွယ် ကောင်းစေသည်။
အန်လင်းသည် သူမတို့အား ကျေးဇူးတင်လာသည်ကို ကြားလိုက်ရသည်အခါ သူမသည် ချက်ချင်း ဆိုသလိုပင် “ငါတို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး... အတုအယောင် ဘုန်းတော်ကြီးရေ... ဘာလို့ တိဘက်ကို ငါတို့နဲ့အတူတူ မလိုက်တာလဲ...”
အန်လင်းသည် ထျန်းလင်းလင်း၏ အပြောကို ကြားလိုက်ရသည့်အခါ တွေဝေသွားသည်။ ထို့နောက် အလျင်အမြန်ပင် တစ်စုံတစ်ခုအား သတိရလိုက်မိသည်ကြောင့် ရယ်မောလိုက်သည်။
“အာ... နင်က ဦးလေး လင်းရီအတွက် စိုးရိမ်နေတာလား...”
ထျန်းလင်းလင်းသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“လုံဟူတောင်ရဲ့ ဂိုဏ်းသားတွေက တိဘက်ကို သွားကြပေမဲ့လည်း ဦးဦးလင်းရီကို ရှာမတွေ့ကြဘူး... ငါကြောက်တာက... သူ...”
အန်လင်းသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ ထိုသည်က အလွန်ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်သည်။ လင်းရီသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး လုံဟူတောင်၏ သန်မာ အားကောင်းသော ကျင့်ကြံသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။
ထိုအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးသည်ပင်လျှင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဆိုပါက ထိုပြဿနာသည် အတော်လေး ခက်ခဲပေလိမ့်မည်။ တာအိုခန္ဓာ အဆင့်မျှသာ ရှိသေးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ကြောင့် အန်လင်းအနေဖြင့် အခြားသူများအား မည်သည့် အကူအညီများ ပေးနိုင်ပါမည်နည်း။
အန်လင်း တုံ့ဆိုင်းနေသည်ကို မြင်ရသည်ကြောင့် ထျန်းလင်းလင်းသည် အားတင်းကာ ပြုံးလိုက်သည်။
“ကိစ္စမရှိပါဘူး... နင့်ခန္ဓာကိုယ်ကလည်း အားနည်းနေတယ် ဆိုတော့ တိဘက်ကို သွားမယ်ဆိုရင်တောင် ဖျားနာ လာလိမ့်မယ်... မေ့လိုက်တော့နော်...”
သူမမျက်နှာတွင် ထင်ဟပ်နေသည့် အလျော့မပေးလိုသော အရိပ်အယောင်များအား မြင်ရသည့်အခါ အန်လင်း မသွားလျှင်တောင် သူမတစ်ဦးတည်း သွားလိမ့်မည် ဖြစ်သည်ကို သိလိုက်သည်။
“ဒီလိုဆိုရင်ကော... ငါ မနက်ဖြန်ကျ ပြင်ဆင် လိုက်မယ်လေ... ပြီးရင် အတူတူ သွားကြတာပေါ့... ရိုးရိုးသားသား ပြောရရင်တော့ ငါလည်း တိဘက်ကို တစ်ခါမှတောင် မသွားဖူးဘူး... အဲဒါကြောင့် အတော်လေး တက်ကြွနေတယ်...” အန်လင်းက ရယ်မောလိုက်သည်။
“တကယ်လား....” ထျန်းလင်းလင်း၏ မျက်လုံးများသည် အန်လင်းပြောသည့် စကားအား ကြားလိုက်ရသည့် အခါတွင် အရောင် လက်သွားလေသည်။ သူမ၏ ချစ်စရာ မျက်နှာလေးထက် ပျော်ရွှင်မှုတို့ သန်းလာလေသည်။
အန်လင်း ပြန်ပြောဖို့ ပြင်နေစဉ်မှာပင် ကောင်းကင်ထက်မှ ရင်းနှီးသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဘာလို့ မနက်ဖြန်အထိ စောင့်နေဦးမှာလဲ... ဒီညပဲ သွားကြမယ်...”
ချက်ချင်း ဆိုသလိုပင် ဧရာမ စာအုပ်ကြီး တစ်အုပ်သည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ လှပသည့် အမျိုးသမီး တစ်ဦးသည် စာအုပ်ထိပ်တွင် ထိုင်လျက်ရှိပြီး သူမသည် လျှို့ဝှက်သည့် အပြုံးတစ်ခု ချိတ်ဆွဲကာဖြင့် အန်လင်းအား စုန်ချည် ဆန်ချည် ကြည့်လာသည်။
“ဆရာမ ယွဲ့ရင်... ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...” အန်လင်းသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
“အိုး... အလှလေး နှစ်ယောက်နဲ့ ဒိတ် နေတာကို နှောင့်ယှက် မိသွားတာလား...” မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် စနောက်လိုက်သည်။ တုန်ဖန်ရွှယ်သည် ထိုစကားအား ကြားသည့်အခါတွင် ရှက်သွေး ဖြာလာလေသည်။
ထျန်းလင်းလင်းမူကား “ဒီမှာ... ရှင်က ကျွန်မတို့ကို နှောင့်ယှက် နေတာပါနော်... နေပါဦး... ရှင်က ဘယ်သူလဲ...”
အန်လင်း
“…”
ဒီကြောင်တောင်တောင် ကောင်မလေးကတော့။ အခုလေးတင် အဲဒီ အမျိုးသမီးကို ဆရာမ ယွဲ့ရင်လို့ ခေါ်လိုက်တယ်လေ... မကြားလိုက်ဘူးလား...
“ဟားဟားဟား... ဒီညီမလေးက အတော်လေး ရယ်ရတာပဲ...”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ထျန်းလင်းလင်းအား စိတ်ဝင်စားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။
“ဆရာမ... ကျွန်တော်တို့ကို ဘယ်လို ရှာတွေ့တာလဲ...”
အန်လင်းသည် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ရောက်ရှိလာရသည့် အကြောင်းအား ခန့်မှန်းပြီးသား ဖြစ်လေသည်။ ကောင်းကင်ဘုံ ပိုင်နက်သည် ပြိတ္တာဧကရာဇ်နှင့် ပတ်သက်သည့် ပြဿနာအား ဖြေရှင်းရန်အတွက် သူမကို စေလွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အဆက်အသွယ် မရှိခဲ့သဖြင့် ဆရာမ ယွဲ့ရင်သည် သူတို့အား မည်ကဲ့သို့ ရှာတွေ့ခဲ့သနည်း။
ထျန်းလင်းလင်းသည် အန်လင်း၏ ‘ဆရာမ’ ဟူသည့် စကားကို ကြားလိုက်ရသဖြင့် သူမမျက်နှာတွင် ကိုးရိုးကားရား ဖြစ်သည့် အမူအရာများ ပေါ်လာတော့သည်။ ထိုအချိန်မှာပင် ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာသည်။
“ကံကြမ္မာပေါ့ကွာ... ကံတရားက ငါတို့က ဒီကို ခေါ်ဆောင်လာခဲ့တာပဲ...”
အဆိုပါ အမျိုးသားသည် ဓားပျံပေါ်မှ ခုန်ဆင်း လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလာသည်။
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ထိုအမျိုးသားကို စိုက်ကြည့်လိုက်ပြီး “ငါ့ဖင်ကိုပဲ ကံကြမ္မာလိုက်... အန်လင်းဆီမှာ ရှိနေတဲ့ တံဆိပ်နဲ့ ငါတို့ဆီမှာ ရှိနေတဲ့ တံဆိပ်က ဆက်နွယ် နေတယ်လေ... အဲဒါကြောင့် သူတို့ကို ရှာတွေ့တာ မဟုတ်ဘူးလား...”
အန်လင်းသည် နားလည်သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ထိုလူသည် လက်ခံရန် ငြင်းဆိုနေတုန်းပင် ဖြစ်သည်။
“အဲဒါက ကံကြမ္မာ မဟုတ်ဘူးလား... ဘာမှမသိခြင်းတွေ အလယ်မှာ အလိုအလျောက် ဆက်နွယ်မှုလေးတစ်ခု ရှိနေတာ... မမြင်နိုင်တဲ့ ကမ္မရဲ့ ဖေးမမှုကြောင့် ငါတို့တွေက တွေ့ဆုံခဲ့ကြရတယ်...”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် : “…”
ထိုလူနှင့် ဆက်လက်ပြီး အဓိပ္ပါယ်မရှိသည်များအား ပြောဆိုနေမည် ဆိုပါက သူတို့သည် မည်သည့် အခါတွင်မျှ အဆုံးသတ်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် လျစ်လျူရှု လိုက်တော့သည်။
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ မိတ်ဆက်ပေးမှုကြောင့် ထိုအမျိုးသားသည် မြေကမ္ဘာအင်မော်တယ် မင်းယွမ် ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်၏ ဆရာတစ်ယောက် ဖြစ်ကာ ပြိတ္တာဧကရာဇ်အား နှိမ်နင်းရန်အတွက် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့်အတူ သေမျိုးကမ္ဘာသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။ (မင်းယွမ်က ကံကြမ္မာလို့ ဆိုပါတယ်။ ဓားအင်မော်တယ် မင်းယွမ်က အန်လင်းတို့ရဲ့ ကန့်သတ်မဲ့ ပြိုင်ပွဲမှာ ကြမ္မာဓား အင်မော်တယ် ဆိုပြီး ပါခဲ့ပြီးပါပြီ)
ထို့နောက်တွင် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် စာရွက်တချို့အား ထုတ်ယူလိုက်သည်။ ထိုစာရွက်များထဲတွင် အန်လင်းနှင့် သူ၏အဖွဲ့သည် မြေကမ္ဘာ အင်မော်တယ်များ၊ အင်မော်တယ် ပေါက်စများအား ကူညီရမည်ဟု တောင်းဆိုထားသည်။
“ဒီတာဝန်က အရမ်းကို ခက်ခဲတာပဲ... နင် အံ့ဩနေမိတယ် မဟုတ်လား... ထိတ်လန့်သွားတယ် မဟုတ်လား...”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် သူမလက်ထဲရှိ စာရွက်များအား ဝှေ့ယမ်းကာဖြင့် ပြုံးနေလေသည်။
အန်လင်း၏ မျက်နှာအမူအရာမှာ မည်းမှောင်လာပြီး “ကျွန်တော် အရမ်းကို ထိတ်လန့်သွားတာ...” သူက ခေါင်းညိတ်လိုက်သည်။
အံ့ဩစရာ ဘာတစ်ခုမှ မရှိဘူးဗျ... ထိတ်လန့်မှုနဲ့ တုန်လှုပ်ခြောက်ခြားမှုပဲ ရှိတယ်...
ပြိတ္တာဧကရာဇ်သည် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ရန်သူတစ်ဦး ဖြစ်သည်။ တာအိုခန္ဓာ အဆင့် ၁၀သာ ရှိနေသေးသည့် ကျင့်ကြံသူများ အနေဖြင့် ဘာများ လုပ်နိုင်မည်နည်း။
သူတို့သည် ဘေးတွင်ရပ်ကာ အားပေးမည် ဆိုလျှင်ပင် တိုက်ပွဲမှ ထွက်ပေါ်လာမည့် ပေါက်ကွဲအား လှိုင်းများကြောင့် လွင့်ထွက်ကာ ထိခိုက်နိုင်သေးသည်။
ကျောင်းတော်သည် ရူးသွပ်သွားသည်လား သို့တည်းမဟုတ် ကောင်းကင်ဘုံ ပိုင်နက်သည် ရူးနှမ်းသွားသည်လား။
အန်လင်းသည် အလွန်အမင်း စိတ်မပါသော်လည်း ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့အား ထိုသတင်းကို အသိပေးရန်အတွက် ဖုန်းခေါ်လိုက်သည်။
အန်လင်းတို့သည် မနက်ဖြန်တွင် တိဘက်သို့ ထွက်ခွာဖို့ရန် ဆုံးဖြတ်လိုက်သည်ကြောင့် ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် ရောက်သည့်နေရာမှ အမြန် ပြန်လာရန် လိုအပ်ပေသည်။
ထို့နောက် အန်လင်းသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်တို့အား ဟိုတယ်တွင် တည်းခိုနိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက်တွင် သူသိထားသမျှ သတင်း အချက်အလက်များအား ပြောပြလိုက်သည်။
အန်လင်း နားမည်နိုင်သည်မှာ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်တို့သည် သေမျိုးကမ္ဘာရှိ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူများနှင့် ပူးပေါင်းရန် အစီအစဉ် မရှိကြခြင်းကို ဖြစ်သည်။ သူတို့သည် သီးသန့် ပြုလုပ်ရန် ကြံစည် နေကြသည်။
ထို့အပြင် ယခု တာဝန်အတွက် တည်နေရာသည် တိဘက်မှ ရှေးဟောင်း ကျောက်စိမ်းရေကန်သို့ တိုက်ရိုက် ညွှန်ပြလျက် ရှိသည်။
“ဆရာမ... ပြိတ္တာ ဧကရာဇ်က ရှေးဟောင်း ကျောက်စိမ်း ရေကန်နားမှာ ပုန်းအောင်းနေတယ်လို့ တကယ်ထင်လား...” အန်လင်းမှ မေးလိုက်သည်။
ပြိတ္တာဘုံ၏ တည်နေရာအား သိရှိပြီးသည့် နောက်တွင် လူသား ကျင့်ကြံသူများသည် စုစည်းကာ တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း ပြိတ္တာဘုံ အတွင်းတွင် အားနည်းသည့် ပြိတ္တာကျင့်ကြံသူ အနည်းငယ်သာလျှင် ရှိသည်ကို တွေ့လိုက်ရသည်။ ပြိတ္တာဧကရာဇ်ကိုမူ မည်သည့် နေရာတွင်မျှ မမြင်တွေ့ခဲ့ရချေ။
ရှေးဟောင်း ကျောက်စိမ်းကန်တွင် သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပေါ်လာသည့် အချိန်မှစကာ ယခုအချိန်ထိ ကျင့်ကြံသူ အများအပြားသည် ပြိတ္တာမျိုးနွယ်စုနှင့် ဆက်နွယ်နေမည်ဟု ယူဆကြသည်။ အဖွဲ့ပေါင်းများစွာတို့သည် ထိုနေရာသို့ သွားရောက် လေ့လာကြသော်လည်း အရေးပါသည့် အချက်အလက်များအား ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း မရှိကြပေ။
“ဟက်... အဲဒီကိုရောက်ရင် သိလာလိမ့်မယ်... စပရိုက်အကြီးကြီး ရှိတယ်...” မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် နားလည်ရန်ခက်သည့် အမူအရာဖြင့် အန်လင်းအား ခြောက်လှန့် နေပြန်သည်။
စပရိုက်အကြီးကြီးတဲ့လား...
သူမပြောသည့် အံ့ဩဖွယ်ရာဆိုသည့် စကားလုံးအား စဉ်းစားနေရင်းဖြင့် အန်လင်းသည် အတော်လေး မသက်မသာ ခံစားရမိသည်။ သို့သော်လည်း အဆုံးထိတိုင်အောင် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သဲလွန်စ တစ်ခုမျှ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါ။ ထို့အစား သူမသည် အခန်းသို့ပြန်ကာ အိပ်စက်တော့သည်။ သူမ၏ အပြုအမူကြောင့် အန်လင်းသည် ဒေါသတကြီးဖြင့် ခေါင်းခါရုံသာ တတ်နိုင်လေသည်။
ထိုအချိန်တွင် မြေကမ္ဘာအင်မော်တယ် မင်းယွမ်သည် အန်လင်း၏ ခံစားချက်အား နားလည်စွာဖြင့် ပုခုံးပုတ်လာသည်။ “ကျောင်းသား အန်လင်းရေ... မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်က စကားစကို တန်းလန်းကြီးကြောင့် မင်းကောပဲ စိတ်ရှုပ်သွားပြီ မဟုတ်လား...”
သူနှင့် ခံယူချက်ခြင်း တူညီသူ တစ်ဦးအား တွေ့လိုက်ရသည်ကြောင့် အန်လင်းသည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ မြောကမ္ဘာ အင်မော်တယ် မင်းယွမ်သည် နှစ်နှစ်ကာကာ ရယ်မောလိုက်ပြီး “ငါကတော့ လူတွေကို ဘယ်တော့မှ တန်းလန်း မထားခဲ့ဘူး...”
အန်လင်း၏ မျက်လုံးများသည် အရောင်လက်လာပြီး “ဆရာရေ... ရှေးဟောင်း ကျောက်စိမ်းရေကန်မှာ ဘာတွေ ဖြစ်မှာလဲဆိုတာ ကျွန်တော့်ကို ရှင်းပြတော့မှာလား...”
မြေကမ္ဘာအင်မော်တယ် မင်းယွမ်သည် ခေါင်းခါလိုက်သည်။
“ကျောင်းသား အန်လင်းရေ... မင်းရဲ့ကံကြမ္မာကို ငါကြည့်လိုက်တော့ ငါဖွင့်မပြောတာ ပိုကောင်းလိမ့်မယ်... ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ကွာ အခုလာမယ့် စစ်ဆင်ရေးမှာ မင်းအတွက် မကောင်းတဲ့ လက္ခဏာတွေ မြင်နေရတယ်...”
အန်လင်း : “…”
***