ရှရန်၏ပုံတူ
Vol. 10 Ch. 136
"တားမြစ်ဇုန်ထဲက အသံလား ၊ တားမြစ်ဇုန်ထဲကလူက ငါတို့ဆရာမလား "
အခန်း၁၃တွင် သင်ကြားရေးနည်းလမ်းအသစ်တစ်ခု ရှိနေခဲ့သည်။သူတို့ဆရာမသည် သူတို့အား တစ်ဖက်ခန်းမှနေ၍ အိမ်စာပေးနေ၏။အနုပညာဆရာမသည် အိမ်စာမလုပ်နိုင်လျှင် သူတို့အား မည်သို့အပြစ်ပေးမည်ကို မပြောသော်လည်း ယင်းသည် ကောင်းမွန်မည်မဟုတ်မှန်း အားလုံးသိကြသည်။
အခန်း ၂၁၀၃၏ တံခါးနှင့်ပြတင်းပေါက်များကို ပိတ်ထား၏။အနက်ရောင်သင်ပုန်းပေါ်တွင် တိုင်ကပ်နာရီတစ်လုံး ချိတ်ဆွဲထားသည်။နာရီမျက်နှာပြင်ရှိ နံပါတ်သည် အင်မတန်သေးငယ်သည်။ အပ်များသဖွယ်နာရီလက်တံသည် တရွေ့ရွေ့နှင့် ထူးဆန်းသောပုံစံဖြင့် ရွေ့နေကြသည်။
"တံခါးတွေကို လော့မချထားဘူး ဒါပေမယ့် အဲ့ဒါတွေကို ဖွင့်မရဘူးဟ "
စီဆန်းက တံခါးကို သွားတွန်းကြည့်နေခြင်းဖြစ်သည်။သူသည် ခဲတံတစ်ချောင်းကိုင်၍ ချင့်ချိန်နေ၏။
" အရမ်းစိတ်ပျက်စရာကောင်းတယ် မင်းရပ်လို့မရဘူးလား "
တုပိုင်သည် စီဆန်းအား ဆေးဖြင့်ပက်ချင်နေလေသည်။
"ပန်းချီကားငါးချပ်စလုံးကို အရူးတစ်ယောက်က ဖန်တီးထားပုံရတယ် ၊ ထူးခြားချက်တစ်ခုကို ငါတို့ ဘယ်လိုရှာနိုင်မှာလဲ "
စီဆန်းက တုပိုင်ကို လျစ်လျူရှုလိုက်ပြီး အခြားပုံများအပေါ် စစ်ဆေးလိုက်သည်။လက်တွေ့ဘဝတွင် ကျောင်းသားအများစုကား ကျရှုံးနေကြပြီဖြစ်သည်။သူတို့သည် တွေးနိုင်ဖို့ပင် မဝံ့ရဲကြချေ။အတိတ်တွင် သူကို မှားယွင်းစွာတွေးခဲ့ပါက သူတို့မအောင်မြင်ရုံသာဖြစ်သည်။သို့သော် ဤနေရာတွင် သူတို့သေပေလိမ့်မည်။
"ကောင်းမင် လူသတ်သမားက ဘယ်ပုံကို ဆွဲခဲ့တယ်ထင်လဲ "
လျိုယီနှင့်ဝမ်ကျားတို့နှစ်ယောက်လုံး တော်ကြသည်။သူတို့နှစ်ဦးသည် ကောင်းမင်ထံ ရောက်လာကြသည်။
အတန်းတွင် စိတ်ဆရာဝန်နှစ်ယောက်ရှိသည်။ကျိုးဘိုက ရူးနေခဲ့သည်။နောက်တစ်ယောက်ကား ကောင်းမင်ဖြစ်၍ အတန်း၏မျှော်လင့်ချက်ဖြစ်သည်။
"ပန်းချီကားငါးချပ်စလုံးက အတန်းထဲမှာ ထိုင်နေတဲ့ ကျောင်းသားတွေရဲ့ တူညီတဲ့မြင်ကွင်းကို ဖော်ပြထားတာ ပထမဆုံးပန်းချီကားအတွက် ကျောင်းသားတွေကို အရိုးရှင်းဆုံး မျဉ်းကြောင်းတွေနဲ့ ရေးဆွဲထားတာ "
"ဒုတိယပန်းချီကားက ပန်းချီဆရာဟာ စက္ကန့်တွေကို မဲနက်နေအောင် ဆွဲထားတယ် ၊ စုတ်ချက်တွေက အရမ်းကြမ်းပြီး ကင်းဗတ်ကို ပျက်စီးခါနီးဖြစ်သွားစေခဲ့တယ် ဒါက ရန်လိုခြင်းရဲ့ လက္ခဏာပဲ ၊ ပန်းချီဆရာဟာ တစ်ယောက်ယောက်ကို ရန်လိုနေတာ ဖြစ်ရမယ် ၊ သူသာ လူသတ်သမားဆိုရင် စိတ်အားထက်သန်တဲ့ ရာဇဝတ်မှုဖြစ်မှာပဲ၊ ဒါက အရူးလူသတ်သမားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မကိုက်ဘူး "
"တတိယပန်းချီကားက အထူးခြားဆုံးပဲ ၊ ဒီပန်းချီကားတစ်ခုကိုပဲ အရောင်တွေအများအပြားသုံးလို့ရတာ ၊ စားပွဲတွေ၊ကုလားထိုင်တွေ၊ သင်ပုန်းနဲ့ စာသင်ခန်းထဲက အလင်းရောင်တွေကို အနီရောင်နဲ့ပဲဆေးခြယ်ထားခဲ့တယ် ၊ အနက်ရောင်လိုင်းတွေထဲမှာ ကျောင်းသားတွေကို ဆွဲထားပြီးတော့ အနီရောင်ဆေးသားတွေ ထပ်ထည့်ထားတယ် ၊ဒီပန်းချီကားက အမြင်အာရုံကို ထိခိုက်စေတယ် ၊ သူ့ရဲ့တင်ပြချက်က နစ်နာသူရဲ့ရှုထောင့်ဖြစ်ဖို့ ပိုများတယ် ၊ ဒီပန်းချီကားမှာ စိုးရိမ်မှုတွေနဲ့ နာကျင်မှုတွေကိုပဲ ခံစားရတယ် စိတ်လှုပ်ရှားစရာမရှိဘူး "
"လေးခုမြောက်ပန်းချီက ဆရာအကျဆုံးပဲ ၊ မူရင်းရှုခင်းကို ဓာတ်ပုံရိုက်ထားသလိုပဲ ၊ စုတ်ချက်တွေက ဓားတစ်ချောင်းလို ထက်မြိနေတယ် ၊ ကျောင်းသားတိုင်းရဲ့ အမူအရာတွေဟာ အရမ်းအသက်ဝင်တယ် ၊ အသုံးပြုသည့်နည်းပညာတွေက အရမ်းအထင်ကြီးစရာကောင်းပေမယ့် ပန်းချီဆရာရဲ့ ဘယ်အရာကိုမှ ထင်ဟပ်နေတာ မရှိဘူး ၊ ဒါမှမဟုတ် ပန်းချီဆရာက သူ့ရဲ့ တကယ့်အတွေးတွေကို ပြည့်ပြည့်စုံစုံဖုံးကွယ်ထားတာပဲ "
"နောက်ဆုံးပန်းချီကားက သာမန်အဆန်ဆုံးပဲ ၊ ဒါပေမယ့် တစ်ချက်အနီးကပ်ကြည့်လိုက် ၊ ဒီပန်းချီကားက အရှုပ်ထွေးဆုံးပဲ ၊ အသေးစိတ်အချက်များစွာက ပန်းချီဆရာ၏ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးနေမှုကို ဖော်ပြနေတယ် "
ကောင်းမင်က မတ်တပ်ရပ်လိုက်ပြီး ငါးခုမြောက်ပန်းချီကားဆီသွားလိုက်သည်။
"ပန်းချီကားမှာ နူးညံ့တဲ့လိုင်းတွေကို ပမာဏအနည်းဆုံး သုံးထားတယ် ၊ စားပွဲအစွန်းတွေနဲ့ ပွိုင့်တွေကိုတောင် ဟိုက်လိုက်လုပ်ထားတယ် ၊ ပန်းချီဆရာရဲ့ ရန်လိုမှုက ဒုတိယပန်းချီဆရာထက်တောင် ပိုများသေးတယ် ၊ ပြောရရင် အဲ့ဒါကို ဘယ်လိုဖုံးကွယ်ရမလဲ သူသိတယ် ၊ သူက သူ့ရဲ့ပြင်းပြတဲ့ဆန္ဒကို ဖိနှိပ်ထားဖို့ အချိန်အများစုကို ကုန်ဆုံးစေခဲ့တယ် "
"အခု ပန်းချီထဲက ကျောင်းသားတွေကို ကြည့်လိုက် ၊ တချို့က ရန်ဖြစ်နေကြပြီး တချို့က စကားများနေကြတယ် ၊ ဒါပေမယ့် မင်းရဲ့အာရုံကို ကျောင်းသားတွေဆီကနေ ထောင့်ဘက်ကိုဆွဲလိုက် ၊ ပန်းချီဆရာက သူတို့ကို ရေးဆွဲနေတဲ့အချိန်မှာ မသိစိတ်အရသူတို့ရဲ့လက်တွေက သူတို့ရဲ့အောက်ပိုင်းဆီကို ရောက်နေကြတယ် ၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ လိင်ပိုင်းဆိုင်ရာ လက္ခဏာတွေကို အလေးထားနေတယ်၊ ဒါက ပန်းချီဆရာဆီက ပြင်းပြတဲ့ဆန္ဒကို ပြသနေတာ ၊ ဒီလို အရံဇာတ်ကောင်တွေကို ဆွဲနေတဲ့အချန်မှာတောင် သူ့အသက်ရှူသံက လေးလံနေခဲ့တယ် "
ကောင်းမင်သည် ပန်းချီကားငါးချပ်ကို ကျော်ဖြတ်၍ ကြမ်းတမ်းစွာ မှန်းဆလိုက်သည်
"လူသတ်သမားရဲ့ ပန်းချီကားဟာ လေးခုမြောက်နဲ့ ငါးခုမြောက်ပန်းချီကားမှာပဲ ရှိရမယ်! "
"သောက်ရမ်းကျွမ်းတာပဲ !"
စီဆန်းသည် ကောင်းမင်အား လက်မထောင်ပြမိလိုက်သည်။
"မင်းနဲ့ တစ်တန်းတည်းတူတူဖြစ်ရတာ သိပ်ကောင်းတာပဲကွာ ! "
ကောင်းမင်သည် စီဆန်း၏ချီးကျူးမှုကို လက်မခံဝံ့ပေ။အဘယ်ကြောင့်ဆိုသော် စီဆန်း၏လည်ပင်းတွင် ရေကြီးမှုမှ ရွှံ့များ ကပ်နေသေးသောကြောင့်ဖြစ်သည်။
"ကျိုးဘို မင်းဘယ်လိုထင်လဲ "
ကောင်းမင်က ကျိုးဘိုဘေးကို လျှောက်သွားကာ ရပ်လိုက်သည်။သူတို့သည် အထက်တန်းကျောင်းနေဖက်များဖြစ်ပြီး ကောင်းမွန်သော အနာဂတ်ရှိအောင် ထောက်ပံ့ခဲ့ကြသည်။
"လေး ...လေးခုမြောက်ပဲ ! "
ကျိုးဘိုက ခဲတံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့ ကင်းဗတ်စတွင် စတင်ဆွဲလိုက်သည်။
"ဘာလို့လဲဆိုတော့ လေးခုမြောက်ပန်းချီကားက ဘာမှ ပြောမထားလို့ပဲ ! လူသတ်သမားတစ်ယောက်က သူလူသတ်သမားဖြစ်ကြောင်း တခြားလူတွေကို ဘာလို့ပြောရမှာလဲ "
"ငါ သဘောပေါက်ပြီ "
ကောင်းမင်သည် ဘောင်ကျဉ်းသွားစေရန် သူတို့အား ကူညီပေးလိုက်သည်။သူတို့သည် ပန်းချီကားနှစ်ခုကြား စတင်ရွေးချယ်ကြတော့သည်။
"ငါတို့မှာ မိနစ်သုံးဆယ်ပဲရှိတယ် ၊ အချိန်ဖြုန်းလို့ မဖြစ်ဘူး "
စီဆန်းက ငါးခုမြောက်ပန်းချီကားကို ရွေးလိုက်သည်။သူ ပန်းချီမဆွဲခင် ဝမ်ကျားအား စေတနာနဲ့ပင် သတိပေးခဲ့သေးသည်။
"ငါသာ လူသတ်သမားဆိုရင် ငါဘယ်လိုပန်းချီးကားမျိုး ဆွဲမလဲ "
ဝမ်ကျားစိတ်ထဲတွင် ထိုအတွေးတစ်ခုရှိသည်။သူသည် လေးခုမြောက်ပန်းချီကားကို စိုက်ကြည့်လိုက်ပြီး သူ့လက်များက မသိစိတ်ဖြင့် ယင်းကို စတင်ကူးဆွဲတော့သည်။သူ၏ ပန်းချီစကေးအရ သူသည် ထိုပန်းချီကို ပြည့်စုံစွာ ကူးဆွဲနိုင်မည်မဟုတ်ပေ။ယင်းသည် ထိုပန်းချီ၏မူကွဲပုံကို ဆွဲနေသည်နှင့်တူ၏။
အချိန်ကား တရွေ့ရွေ့သွားနေသဖြင့် ကျောင်းသားများက စတင်အလုပ်လုပ်ကြတော့သည်။ကောင်စမင်သည်လည်း ခဲတံကို ကောက်ကိုင်လိုက်သည်။
"ပုံဆွဲရတာကို မုန်းလိုက်တာ "
သူခဲတံကို ကိုင်လိုက်ချိန်တွင် အကြောင်းပြချက်တချို့ကြောင့် ရှရန်ကို တွေးမိလိုက်သည်။ထိုလူသည် သူ့ကိုယ်ပိုင်ပန်းချီကားအတွင်း သေဆုံးခဲ့ပြီး သူ့အလောင်းသည် သူ့ပုံကို ဆွဲနေခဲ့၏။ရှရန်သည် အကျိုးအကြောင်းမဆီလျော်သည့် ယင်းကဲ့သို့အကြံဉာဏ်ကို မည်သို့ပေါ်ပေါက်ခဲ့ကြောင်း ကောင်းမင်မသိပေ။
ရှရန်ကား သေသလော ရှင်သလော ကောင်းမင်အတည်မပြုနိုင်သေးပေ။သူ့တွင် အလောင်းရှိသောကြောင့် သူအသက်ရှင်မနေနိုင်ပေ။သူ့အလောင်းသည် သူ့အားပုံဆွဲနေခဲ့သောကြောင့် သူမသေနိုင်ပါချေ။ရှရန်ကား ...သေသလိုမျိုးပင်။
ခဲတံထိပ်ဖျားဖြင့် ကင်းဗတ်စကို ထိတွေ့လိုက်သည်။ကောင်းမင်သည် ငါးခုမြောက်ပန်းချီကားအား စတင်ပုံတူကူးယူတော့သည်။သူသည် အလွန်လျင်မြန်စွာ ရေးဆွဲနေ၏။သူသည် တွေးတောရန်ပင် လိုအပ်ပုံမရချေ။သို့သော်လည်း သူရေးဆွဲလိုက်သည်နှင့် ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ခဲတံကိုင်ထားသော သူ့လက်သည် အားတစ်မျိုးကြောင့်ဆက်လက်ရေးဆွဲရန် ထိန်းချုပ်ခံလိုက်ရပုံပေါ်သည်။
"မင်းဘာလို့ ဆွဲနေတာ ရပ်လိုက်တာလဲ"
သူ့ညာဘက်နားရွက်တွင် ရှရန်၏အသံက ရုတ်တရက်ထွက်ပေါ်လာ၏။ကောင်းမင်က ညာဘက်လှည့်ကြည့်လိုက်သည်။ဝမ်ကျားသည် ခဲတံအားဓားတစ်ချောင်းကဲ့သို့ ဆုတ်ကိုင်ထားလေသည်။သူ့မျက်လုံးများက နီရဲနေပြီး သူဝိဉာည်သည် ပန်းချီကားထဲ စုပ်ယူခံလိုက်ရပုံပေါ်လေသည်။
အခြားကျောင်းသားများလည်း အခြေနေကောင်းပုံမရချေ။သူတို့၏ခန္ဓာကိုယ်များသည် သူတို့၏ပန်းချီကားများထဲ တွားဝင်ချင်နေသကဲ့သို့ အရှေ့သို့ကိုင်းညွှတ်နေကြသည်။
ကြောက်စရာအကောင်းဆုံးသည် သူတို့ရဲ့ ပန်းချီကားများ ပြီးသွားသည်နှင့် သူတို့ ရှိနေခဲ့သောအနုပညာအခန်းသည် စတင်ပြောင်းလဲလာ၏။ယင်းသည် ပန်းချီကားအတွင်းမှ စာသင်ခန်းဖြစ်လာတော့သည်။
"သူတို့က သူတို့အသတ်ခံရတဲ့ အချိန်ကို ဆွဲနေကြတာ "
ရှရန်၏ အသံက ပြန်လည်ထွက်ပေါ်လာသည်။ကောင်းမင်က လူသေဓာတ်ပုံကို ထုတ်လိုက်သည်။
ကောင်းမင်က ကြည့်ရှုရန် ခေါင်းကို ငုံ့လိုက်သည်။ရှရန်၏ပုံတူသည် ပြောင်းလဲနေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။ရှရန်၏အလောင်းသည် ပန်းချီဆွဲနေခြင်းဖြစ်သော်လည်း သူ့ပုံသူဆွဲနေခြင်းမဟုတ်ဘဲ အခန်း၁၃မှ ကျောင်းသားများကို ဆွဲနေခြင်းဖြစ်သည်။
ကင်းဗတ်စပေါ်တွင် မုန်တိုင်းသည် ပြတင်းပေါက်ကို ဆောင့်တိုက်နေ၏။ကောင်းကင်ကား မှောင်မည်းနေခဲ့သည်။အနုပညာခန်းတစ်ခန်းလုံး သွေးများပြန့်ကျဲနေ၏။ကျောင်းသားများသည် ကြမ်းပြင်ပေါ်တွင် ပဟေဠိအပိုင်းအစများကဲ့သို့ အစိတ်စိတ်ကွဲကြေနေကြသည်။ကောင်းမင်တစ်ယောက်သာလျှင် အခန်းအလယ်တွင် တစ်ကိုယ်တည်းရပ်လျက်ရှိသည်။
"မင်းတစ်ယောက်ပဲ အသက်ရှင်ကျန်နေတယ်ဆိုတာ သေချာအောင် ငါလုပ်မယ် "
တခြားကျောင်းသားများသည် ပန်းချီဆရာမက သူတို့အား မည်သို့အပြစ်ပေးမည်ကို စဉ်းစားနေချိန်တွင် ကောင်းမင်က သူတို့ကို လူသေဓာတ်ပုံထဲ၌ သတ်ဖြတ်ထားပြီးသားဖြစ်သည်ဟု မျှော်လင့်ထားကြမည်မဟုတ်ပေ။
ထိုအရာသည် ကောင်းမင်ကိုလည်း ဒုက္ခရောက်စေ၏။ ဘေးအခန်းက ပန်းချီဆရာမဖြင့် ဘယ်လို ဖြေရှင်းမည်ကို သူအဖြေရှာမတွေ့ခင်ချိန်တွင် ရှရန်၏လူသေပုံတူနှင့်အတူ ပြဿနာအသစ်တစ်ခု ပေါ်လာခဲ့သည်။