အပြစ်တင်ခြင်း
Vol. 10 Ch. 142
"အမျိုးသမီးအိမ်သာထဲမှာ ကျောင်းသားကောင်စီကို ဝင်ဖို့ နည်းလမ်းတွေမှတ်တမ်းတင်ထားတာလား"
လျိုယီ၏စကားများသည် အမျိုးသမီးသန့်စင်ခန်းအပေါ်ကောင်းမင်၏ စိတ်ဝင်မှုအား အောင်မြင်စွာဆွဲဆောင်ခဲ့သည်။သူသည် နှာဗူးတစ်ယောက်မဟုတ်သော်လည်း အမျိုးသမီးအိမ်သာထဲတွင် အချက်အလက်များစွာ ချန်ထားခဲ့သည့်လူအား သိချင်မိသည်။
"အချက်အလက်တွေက ဘယ်လောက်စစ်မှန်တယ်ဆိုတာ ငါအတည်မပြုနိုင်ဘူး၊ ဒီအခွင့်အရေးကို အသုံးပြုနိုင်ပြီး ငါဒါကို အတည်ပြုလို့ရတယ် "
လျိုယီက သူ့အစီအစဉ်ကို ကောင်းမင်အားပြောပြလိုက်သည်။
"ကျောင်းဆင်းတဲ့အချိန်ကျရင် ငါတို့ ကျောင်းသားကောင်စီအဖွဲ့နောက် လိုက်သွားကြမယ် ကျောင်းဆင်းပြီးရင် သူတို့ဘာလုပ်ကြသလဲဆိုတာ မြင်ရအောင်ပေါ့ ၊ ငါတို့ သူတို့ရဲ့သားရဲတွင်းကို ရှာရမယ် "
"သားရဲတွင်းဆိုတဲ့စကားက နင်က ကျောင်းသားကောင်စီအဖွဲ့ကို မကောင်းဆိုးဝါးတွေအဖြစ် မြင်နေတုန်းဆိုတာ သက်သေပြနေတယ် ၊ နင် သူတို့ဆီတကယ်ပါဝင်ချင်တယ်ဆိုရင် နင့်ရှုထောင့်ကိုပြောင်းလဲဖို့လိုတယ် မဟုတ်ရင် နင့်ကိုအလွယ်တကူ ဖော်ထုတ်ခံရလိမ့်မယ် "
ကောင်းမင်က လျုယီအား မိမိကိုယ်ကိုလှည့်စားရန် လှည့်ကွက်အချို့ကို သင်ကြားပေးလိုက်သည်။ သူတပါးကို မလှည့်စားမှီ မိမိကိုယ်မိမိ အရင်လှည့်စားရမည်ဖြစ်သည်။
အခန်း ၁၃သည် သူတို့အတန်းဆီပြန်လာကြ၏။သူတို့စာသင်ခန်းထဲ ဝင်လိုက်သောအခါ သင်ပုန်းပေါ်ရှိနံပါတ်များသည် ပြောင်းလဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"သက်ရှိလူသားက ၃၃ယောက် ပြီးတော့ သရဲက ဆယ်ကောင် "
ဝမ်ကျားက စတိတ်ခုံဘေးတွင် ရပ်လိုက်ရင်း
"အနုပညာဆရာမက သရဲကျောင်းသားသုံးယောက်ကို သတ်လိုက်တယ် ၊ ဒါ ငါတို့အတွက်သတင်းကောင်းပဲ "
"ပထမဆုံးအတန်းချိန်တုန်းက ဆရာမပြောခဲ့တာကို မင်းမေ့သွားပြီလား "
ကျိုးကျွင်းကအေးစက်စွာပြောလိုက်သည်။
"မနက်ဖြန်အတန်းမှာ ငါတို့ ကျောင်းသား ၅၁ယောက်လုံးအကုန်မတက်ရင် လူတိုင်း ပွဲတော်တက်ရောက်ဖို့ဝင်ခွင့်ကို ဆုံးရှုံးသွားလိမ့်မယ် "
ကျိုးကျွင်း၏စကားများက လူတိုင်း၏စိတ်အားထက်သန်မှုကို အေးစက်သွားစေသည်။
"ကိုယ်ပိုင်စာကြည့်ချိန်အတန်းက ငါတို့အတွက်အနားယူဖို့မဟုတ်ဘူး အတူတကွဆွေးနွေးရမယ့်အချိန်ပဲ "
"တကယ်တော့ ငါသိချင်တာရှိတယ် ၊ သရဲတွေ သိမ်းပိုက်ခံလိုက်ရတဲ့လူတွေက ဘယ်ကိုသွားကြသလဲ "
ဝမ်ကျားက မာထုံကို စိုက်ကြည့်လိုက်သည်။
"အခု ငါတို့မှာ လူတွေပိုများနေပြီ ၊ မနက်ပိုင်းမှာ သရဲတွေက စည်းမျဉ်းတွေနဲ့ပဲ သတ်နိုင်တော့တယ် ၊ သရဲကျောင်းသားတွေကို စကားပြောအောင် ဖိအားပေးကြမလား "
ဝမ်ကျားသည် စွမ်းအားကြီးသည့်မိသားစုမှလာခြင်းဖြစ်သည်။ သူသည် ကြောက်ရွံ့ခြင်းမရှိပဲ ကြီးပြင်းလာခြင်းဖြစ်သည်။ သူ့မျက်လုံးထဲတွင် သရဲများသည် လူသားများထက် သတ်ရန်ပိုခက်ရုံမျှသာ။
"အဲဒီလူတွေကို ရှာတာထက်စာရင် ငါတို့အတန်းထဲသရဲတွေကို လာခိုင်းဖို့က ပိုမြန်လိမ့်မယ် "
ကျိုးကျွင်းပြောလိုက်သည်အား အချို့ကမနှစ်သက်သလိုခံစားရသော်လည်း ကျိုးကျွင်းက အခြားလူများကို ဂရုမစိုက်ပေ။
"လက်ရှိ ငါတို့အတန်းမှာ ကျောင်းသား ၄၃ ယောက်ရှိတယ် ၊ ငါတို့ သရဲရှစ်ကောင် ရှာဖို့လိုတယ် "
"ဒီမှာ သရဲတွေ ပိုများလာရင် လူသားတွေရဲ့အခြေအနေက ပိုကြောက်ဖို့ကောင်းလာလိမ့်မယ် ၊ အခုရှိတဲ့ပြဿနာအားလုံးကို ငါတို့ကျိုးကြောင်းဆင်ခြင်ပြီး ဆွေးနွေးနိုင်သေးတာက လူသားတွေက သရဲတွေထက် ပိုများနေလို့ပဲ ၊ သရဲတွေက လူသားတွေထက်များလာတာနဲ့ ငါတို့ဖန်တီးနိုင်တာတွေအားလုံး ဆုံးရှုံးသွားရလိမ့်မယ် ပြီးတော့ ငါတို့ဘာသာ သူများကိုထိန်းချုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ် "
လျိုယီက အခန်း၁၃ထဲ သရဲများကို ခေါ်မသွင်းချင်ခဲ့ပေ။
"အခုချိန်ထိ နင့်ကိုယ်နင် ဒုက္ခရောက်နေတဲ့ အနေအထားမှာ ထားချင်နေတုန်းလား "
ကျိုးကျွင်းက စတိတ်ခုံပေါ်တက်လိုက်ပြီး ကျန်လူများကို ငုံ့ကြည့်လိုက်သည်။
"မကြာခင်မှာ လူသားတွေက သရဲတစ္ဆေတွေထက် ပိုပြီး ခန့်မှန်းရခက်ပြီး အန္တရာယ်များတယ်ဆိုတာ မင်းတို့ နားလည်လာလိမ့်မယ် "
"မှန်တာပဲလေ ၊ ငါထင်တာကတော့ မင်းက ငါတို့အတန်းထဲမှာ အန္တရာယ်အများဆုံးပဲ "
ဝမ်ကျား၏မျက်နှာတွင် ရက်စက်သည့်အပြုံးတစ်ခုရှိနေခဲ့သည်။
"ငါတို့က ဘာလို့ မင်းနဲ့အရင်မစရမှာလဲ ၊ ငါတို့ မင်းကိုသတ်ပြီး မင်းနေရာမှာ သရဲတစ်ကောင်အစားထိုးလိုက်မယ် "
ကျိုးကျွင်း၏အကြည့်သည် အန္တရာယ်အဖြစ်ပြောင်းလဲသွားသည်။သူက ဝမ်ကျား၏မျက်နှာကို စိုက်ကြည့်လိုက်ပြီး သွားကြားမှထွက်လာသော လေသံဖြင့်ပြောလိုက်သည်။
"မင်း ကြိုးစားကြည့်လေ "
"မင်းက ဘာလို့ အရမ်းကြီးကျယ်မြင့်မြတ်တဲ့ပုံလုပ်နေရသလဲဆိုတာ ငါမသိဘူး ၊ မင်းလည်း ဒီအတန်းသားပဲလေ ၊ ဒီညီမျှခြင်းကနေ မင်းကိုမင်းဖယ်ထားနိုင်တယ်လို့ တွေးမနေနဲ့ "
ဝမ်ကျားက သူ့ထိုင်ခုံကို မှီလိုက်ပြီး ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တင်ထားလိုက်သည်။
"လူများများရှာတာကို ငါကန့်ကွက်မှာမဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ ပိုပြင်ဆင်ရမယ်၊ အရေအတွက်ကို ဖြည့်ဖို့အတွက် ငါတို့ သရဲတွေ လုံလုံလောက်လောက် စုဆောင်းထားဖို့ လိုတယ် "
ကျိုးကျွင်းက စတိတ်ခုံပေါ်မှ ဆင်းလိုက်သည်။သူသည် ဝမ်ကျားကို ဖြတ်ကျော်သွားသောအခါ တိတ်တဆိတ်နေခဲ့သော ကျိုးဘိုက ရုတ်တရက်ထရပ်လိုက်သည်။
"ငါတို့အတန်းခေါင်ယွမ်ဟွေ့နဲ့ စုန့်ရွှယ်တို့ ဘယ်မှာရှိတယ်ဆိုတာ ငါသိတယ် ! "
ကျိုးဘို၏အသံက ကောင်းမင်၏အာရုံကို ဆွဲဆောင်ခဲ့သည်။စုန့်ရွှယ်သည် လျိုယီ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ထိုညက စုန့်ရွှယ်သည် လျိုယီနှင့်အတူ ဘတ်စ်ကားပေါ်တွင်ရှိနေခဲ့သည်။သို့သော်လည်း စုန့်ရွှယ်သည် ခေါင်းကြေသွားခဲ့ပြီး ဥမင်ထဲမှ အသက်ရှင်လျက်ထွက်မလာနိုင်ခဲ့ပေ။
"မင်း စုန့်ရွှယ်ကို မြင်ခဲ့တာလား "
ကောင်းမင်သာမက အခြားကျောင်းသားများသည်လည်း ကျိုးဘိုဘက်လှည့်ကြည့်လိုက်သည်။စုန့်ရွှယ်သည် ကျောင်းသားတော်တော်များများကို ညင်သာစွာ ဖျောင်းဖျခဲ့ပြီးတွေ့ဆုံပွဲတက်ရောက်ရန် အဆက်မပြတ်ဖုန်းခေါ်၍ နှိုးဆော်ခဲ့ခြင်းဖြစ်သည်။ စုန့်ရွှယ် နှင့် ကျိုးကျွင်းတို့သည်သူတို့အား လှည့်စားခဲ့သော လူသတ်သမားများဖြစ်ကြသည်
"ယွမ်ဟွေ့က ရုံးခန်းအဆောက်အဦးမှာ ပိတ်မိနေတာ ၊ ရုံးခန်းအဆောက်အဦးကအခန်းတွေက အခန်းကျဉ်းလေးတွေပဲ ၊ အဲ့ဒါတွေက အညစ်ပတ်ဆုံး ရုပ်အဆိုးဆုံးလျှို့ဝှက်ချက်တွေရှိနေတဲ့ ထောင်တွေပဲ "
ကျိုးဘို၏မျက်လုံးများက ကျိုးကျွင်းထံ ဖြည်းညင်းစွာရွေ့လိုက်ပြီး
"အဲ့ဒီလူတွေက ငါတို့ကို ဓာတ်ခွဲခန်းကကြွက်တွေလို ဆက်ဆံနေတာ ၊ သူတို့က ယူနီဖောင်းနဲ့ နတ်ဘုရားတွေပဲ ၊ သူတို့က အရာအားလုံးကို ထိန်းချုပ်နိုင်တယ်ထင်ပြီး ငါတို့အပေါ် အရာအားလုံးစမ်းသပ်နေကြတာ ! "
ရုတ်တရတ်စွပ်စွဲခံလိုက်သဖြင့် ကျိုးကျွင်းကနူတ်ဆိတ်သွားသည်။အဆုံးတွင် ဝါကျတစ်ကြောင်းသာပြောလိုက်သည်။
"စုံစမ်းစစ်ဆေးရေးဌာနရဲ့အတန်းချိန်တိုင်းဟာ မင်းတို့ကို စည်းမျဉ်းတွေနားလည်အောင် ကူညီပေးဖို့ပဲ ၊ ဌာနက မင်းတို့ရှင်သန်ရေးကို အကောင်းဆုံးကူညီနေကြတာ ၊ မင်းတို့ဒါကို သတိရဖို့ပဲလိုတယ် "
"သူ့ကို မယုံနဲ့ ! မင်းတို့ ငါ့ကိုယုံသင့်တယ် ! ငါ့ဦးနှောက်တွေလည်း ပျက်စီးသွားပြီး ! မင်းတို့သူ့ကို ....ယုံသင့်တယ်! "
ကျိုးဘိုသည် ရုတ်တရက်ကောင်းမင်ကို လက်ညိုးထိုးလိုက်သည်။
"လူသေကြားမှာ ငါသူ့ကိုမမြင်ခဲ့ရဘူး ၊ သူအသက်ရှင်နေတာ တကယ်အသက်ရှင်နေတာပဲ ! "
"ကောင်းမင်နဲ့ကျိုးဘိုက ငယ်သူငယ်ချင်းတွေပဲ ၊ ဒါတွေကို သူတို့ကိုယ်တိုင် ဖော်ထုတ်ခဲ့တာ ဖြစ်နိုင်တယ် "
ကျိုးကျွင်းက ခေါင်းစဉ်ပြောင်းရန် အတင်းအကျပ်ကြိုးစားနေခဲ့သည်။သူသည် ကျိုးဘိုအား စတင်သတ်ဖြတ်ချင်လာ၏။
"မင်းလို အရူးတစ်ယောက်က ဒီအရာတွေ အများကြီးကို ဘယ်လိုသိနိုင်မှာလဲ ၊ ကောင်းမင်က မင်းကို ဒီအကြောင်းတွေ ပြောပြခဲ့တာလား "
"ငါ့ကို ဒီထဲဆွဲမထည့်နဲ့ "
ကောင်းမင်က စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့်ပြောလိုက်သည်။
"ငါတစ်ယောက်ပဲ အနုပညာအခန်းကို ခွဲခြားစိတ်ဖြာပြီး ကူညီပေးခဲ့တာ ၊ ပြီးတာနဲ့ ငါတစ်ယောက်ထဲပဲ စွန့်ပစ်ခံခဲ့ရတယ် ၊ မင်းကိုမင်း စဉ်းစားကြည့် ၊ ဘယ်သူက အတန်းကို ခေါင်းဆောင်ဖို့ကြိုးစားနေတာလဲ"
ကျောင်းသားများသည် ကောင်းမင်၏အပြစ်ကင်းမှုကို တွေးမိကြသည်။သူလုပ်ခဲ့သမျှတိုင်းသည် အခြားသူများနှင့်အတူတူ ခံစားခဲ့ရခြင်းဖြစ်သည်။
ကောင်းမင်က ကျိုးကျွင်းကို စိုက်ကြည့်လိုက်သည်။
"မင်းပဲ ငါ့ကို ဒီတွေ့ဆုံပွဲတက်ဖို့ ဖိတ်ခဲ့တာနော် ၊ အခုတော့ မင်းပဲ ငါ့ကိုအပြစ်တင်ဖို့ ကြိုးစားနေတာလား ၊ ငါဘာမှမလုပ်ခဲ့ရဘူး မင်းကငါ့ကို ဘတ်စ်ကားအောက်တွန်းချနေတယ် ၊ ကျိုးဘိုပြောတာတွေက မှန်နေလို့များလား "
" ကျိုးကျွင်းလို လူတစ်ယောက်တောင် ကပ္ပတိန်ဖြစ်လာနိုင်တယ် ဆိုတဲ့အချက်က စုံစမ်းစစ်ဆေးရေးဌာနဟာ ဘယ်လောက်တောင် အားကိုးမရလဲဆိုတာပြသနေတယ် "
ဝမ်ကျားက သူ့အခန်းဖော်ဘက်မှ ခိုင်ခိုင်မာမာရပ်တည်လိုက်သည်။
"လူ့သဘောသဘာဝရဲ့ အနှစ်သာရဟာ ယှဉ်ပြိုင်သတ်ပုတ်နေရတာပဲ ၊ ရန်သူမရှိဘူးဆိုရင် မင်းက မင်းတို့ကြားမှာ ရန်သူတစ်ယောက်ဖန်တီးလိမ့်မယ် "
ချင်ကျွင်းရန်က သက်ပြင်းချလိုက်သည်
"စကားများမနေနဲ့တော့ ! ကျိုးဘို ဆက်ပြောပါဦး စုန့်ရွှယ်ပုန်းနေတာက ဘယ်မှာလဲ "
"သူက ပုန်းနေတာမဟုတ်ဘူး ၊ သူက အမြဲတမ်း ငါတို့နားမှာပဲ "
ကျိုးဘိုသည် သူ့လူနာဝတ်စုံထဲမှ ဖုန်းကိုထုတ်ယူလိုက်သည်။
"စုန့်ရွှယ်က ဒီထဲမှာပဲ ၊ သူက သရဲတစ်ကောင်ပဲ ၊ သူက သရဲကျောင်းသားတွေထက် ပိုကြောက်စရာကောင်းတယ် ၊ သူက ငါတို့အားလုံးကို ဒီနေရာမှာ ထာဝရနေစေချင်တာကွ ! "
"ဒီအကြောင်းကို ဆွေးနွေးတာရဲ့အဓိကက ဘာလဲ "
တုပိုင်က သူ့ဖုန်းကိုချထားလိုက်သည်။
"ငါတို့ဖုန်းတွေကို ထားပြီးထွက်သွားလို့မရဘူး ၊ ငါတို့ဆက်သွယ်နိုင်မယ့် တစ်ခုတည်းသောနည်းက ဒီဖုန်းပဲကျန်တော့တာ ၊ ကျောင်းဆင်းခါနီးနေပြီ ၊ ဘာလို့ ငါတို့အုပ်စု နှစ်ခု မခွဲရမှာလဲ ၊ ပထမအုပ်စုက ယွမ်ဟွေ့ကိုရှာဖို့ ရုံးခန်းအဆောက်အဦးကိုသွားရမယ် ၊ ဒုတိယအုပ်စုက အန္တရာယ်သိပ်မများတဲ့ သရဲတွေကို အခန်း၁၃ အတန်းကို သွားဖိတ်ခေါ်ရမယ် "
"ခုက ဇဝေဇဝါဖြစ်ရမယ့် အချိန်လား "
မာထုံ၏အကျင့်စရိုက်သည် များစွာပြောင်းလဲသွားသည်။နောက်ဆုံးတွင် သူသည် သူ့အတွေးကို ထုတ်ပြောလိုက်သည်။
"ငါတို့အတန်းရဲ့ လက်ရှိအခြေအနေအရ မင်းကငပိန်းသရဲတွေကိုပဲ ငါတို့အတန်းမှာပါဖို့ လှည့်စားလို့ရမယ်၊ မင်းလွတ်မြောက်နိုင်မယ့် ဘာအခွင့်အရေးမှ ငါမတွေ့ဘူး ၊ အများဆုံးဖြစ်နိုင်ချေကတော့ မင်းတို့အားလုံး သေပြီး သရဲဖြစ်ရတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားကြရလိမ့်မယ် "
မာထုံက အဆိုးဆုံး မြင်ကွင်းကိုရေးဆွဲပြခဲ့သည်။ဓားစာခံများပင် သူတို့ကို မဖမ်းဆီးချင်ပါက သူတို့၏ အခြေအနေသည် အမှန်တကယ် ဆိုးဝါးနိုင်မည်မဟုတ်ချေ။
ကျောင်းဆင်းချိန်ထိ ကျောင်းသားများက စကားများနေခဲ့ကြသည်။နောက်ဆုံးတွင် သူတို့သည် လွတ်လပ်မှုအချို့ပြန်ရလာချေပြီ ။
ကောင်းမင်သည် ဝမ်ကျား၏အုပ်စုဖြင့် မပူးပေါင်းခဲ့ပေ။သူက လျိုယီကို ကူညီလိုခြင်းဖြစ်သည်။လေးလွှာရှိအမျိုးသမီးသန့်စင်ခန်းသို့ လျိုယီနောက်မှ လိုက်သွားခဲ့သည်။လျိုယီသည် သန့်စင်ခန်းထဲဝင်လိုက်ပြီးနောက် ပျောက်ကွယ်သွားသကဲ့သို့ တိတ်ဆိတ်သွားသည်။