ကျောင်းက သင်မပေးသော သင်ခန်းစာများ
Vol. 10 Ch. 144
"ကလေးတွေကို ကျွန်တော်ပြန်ခေါ်လာခဲ့ပါ့မယ် "
ကျောင်းအုပ်ယန်၏ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခြင်းခံခဲ့ရသောကလေးများသည် သရဲများအဖြစ် ကောင်းမင်တစ်ခါမှ မတွေးမိခဲ့ဘူးချေ။သူတို့သည် ထိုခံစားချက်မဲ့ကမ္ဘာကြီးကို ပြောင်းလဲရန် သူတို့ကိုယ်ပိုင်နည်းလမ်းများ အသုံးပြုနေရုံမျှသာဖြစ်သည်။
"မဒမ်ကျောင်းအုပ် ကျွန်တော့်ကို တစ်ခုကူညီပေးပါဦး ၊ ဒီအနီရောင်တံဆိပ် ကျွန်တော့်သူငယ်ချင်းလက်မောင်းထဲ ဝင်သွားလို့ပါ ၊ အဲ့ဒါကို ဆွဲထုတ်ပေးနိုင်မလား "
ကျိုးစီစီသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လက်ဆန့်ပေးလိုက်သည်။သူမသည် ကြောက်စရာကောင်းသည့်ပုံပင်။သူမ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ဖြူဖျော့နေ၏။
"သူကို ကျောင်းသားကောင်စီက ရွေးချယ်လိုက်တာ ကောင်းတဲ့ကိစ္စပဲလေ "
ယန်ရှီကျီးသည် ကောင်းမင်ကိုကြည့်ခဲ့စဉ်ကထက် ကျိုးစီစီအား ပိုနူးညံ့စွာကြည့်လိုက်သည်။ကျိုးစီစီသည် သူမ၏သမီးကဲ့သို့ပင်။
"လေးမြတ်မှု၊ ချစ်ခြင်းမေတ္တာ၊ နှလုံးသားထဲ အကြင်နာတရားရှိသူနဲ့ အမှန်တကယ်ပျော်ရွှင်တတ်တဲ့ဝိညာဉ်ရှိသူတွေသာ အနီရောင်တံဆိပ်ကို ဝတ်ဆင်ခွင့်ရှိပြီး တခြားကျောင်းသားတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်တယ် "
"ဒါပေမယ့်... ကျွန်မ လုံးဝမပျော်ဘူးလေ ၊ ကျွန်မစိတ်ဓာတ်ကျနေတယ်လို့ ထင်တယ် "
ကျိုးစီစီသည် သူမလက်မောင်းပေါ်ရှိ သွေးများကို သုတ်လိုက်သော်လည်း သွေးများကို သုတ်မရပေ။
"ငါ့တံဆိပ်က လူမှားရွေးမှာ မဟုတ်ဘူး "
ကျောင်းအုပ်ဆရာမကြီးက ကျိုးစီစီ၏ဦးခေါင်းကို ပွေ့ဖက်လိုက်သည်။ထူးဆန်းသည်က အလွန်စိတ်လှုပ်ရှားနေသော ကျိုးစီစီသည် ရုတ်တရက်စိတ်တည်ငြိမ်သွားခဲ့သည်။
သူမ၏ မျက်လုံးများတွင် စွမ်းအားအသစ်တစ်ခု တောက်ပလာသည်။ သူမသည် ကြောက်ရွံ့နေသေးပေမယ့်လည်း အရင်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။ ကျောင်းအုပ်ဆရာမကြီးယန်က သူမအပေါ် စွမ်းအားသုံးလိုက်ပုံရလေသည်။
"စာကို သွားပို့ဖို့ နင်စီစီနဲ့အတူသွားသင့်တယ် ၊ သို့မဟုတ် စီစီက သူ့ဘာသာ သွားပို့လိုလည်းရတယ် ၊ အနီရောင် တံဆိပ်က လမ်းပြပေးလိမ့်မယ် "
ကျောင်းအုပ်ယန်က လွှတ်ပေးလိုက်ပြီးကျိုးစီစီကို အားပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ် "
ကောင်းမင်က ကျိုးစီစီ၏လက်ကို ကိုင်၍ နောက်ဆုတ်လာ၏။တင်းယွမ်သည် မနာလိုသောအကြည့်တချို့ဖြင့် ပေါက်ချလာ၏။
"ဒီကောင်မလေးက မင်းရည်းစားလား -
တင်းယွမ်က ကျိုးစီစီကို လေ့လာလိုက်သည်။
"ဘယ်သူမှ ကျောင်းအုပ်ယန်ရဲ့ ကောင်းချီးကို မရဖူးသေးဘူး ၊ ငါ့ကောင်လေးတွေက အမျိုးမျိုးကြိုးစားခံကြပေမယ့် ကျောင်းအုပ်ယန်က သူတို့အပေါ် သူ့စွမ်းအားသုံးဖို့ ငြင်းလိုက်တယ်လေ "
"ကျောင်းအုပ်ယန်ရဲ့ စွမ်းအားက ဘာများလဲ "
ကောင်းမင်က စပ်စုလိုက်သည်။အကျင့်စာရိတ္တကောင်းမွန်သည်ဟု သူမယုံကြည်သော 'ကျောင်းသားများ' သာလျှင် သူမ၏ကောင်းချီးများကို ရရှိမည်ဖြစ်သည်။ကောင်းမင်ရော တင်းယွမ်ပါ ထိုကံကောင်းမှုမျိုး မရှိပေ။
"ငါရှင်းမပြတတ်ဘူး ၊ ငါ့နှလုံးသားထဲမှာ ငြိမ်းအေးနေတာကိုခံစားရတယ် ၊ ငါ့ခန္ဓာကိုယ်က စွမ်းအင်တွေ ပန်းထွက်နေသလိုပဲ "
ကျိုးစီစီသည် သူမလက်မောင်းပေါ်ရှိ တံဆိပ်ကို ထိတွေ့လိုက်သည်။
"ပိုဘေးကင်းလာတယ်လို့ ခံစားရတယ် ၊ ကျောင်းကြီးကလည်း ပိုကြင်နာလာတဲ့ပုံပဲ "
"ဟန်သဲ့ရှုရှန်းအကယ်ဒမီက ဟန်ဟိုင်းတခြားကျောင်းတွေနဲ့မတူဘူး ၊ ဟိုအရင်တုန်းကတော့ ဒီကကျောင်းသားတွေက တန်ဖိုးကြီးတယ် ၊အဲဒီတုန်းက ချမ်းသာတဲ့မိသားစုတော်တော်များများက သူတို့ရဲ့ ကလေးတွေကို ပိုကောင်းတဲ့လူဖြစ်လာဖို့ ဒီနေရာကို ပို့ချင်ပေမယ့် ယန်ရှီကျီးကတော့ ငြင်းပယ်ခဲ့တယ်လေ ၊ နောက်ပိုင်းမှာ ဒီလိုဖြစ်ရပ်ဆိုးကြီးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ ၊ ကောင်းမွန်တဲ့ အရည်အသွေးတွေကြောင့်ပဲ ကျောင်းသားတွေဟာ ပစ်မှတ်ထားခံခဲ့ရတယ် "
တင်းယွမ်က ဝမ်းနည်းစွာသက်ပြင်းချလိုက်သည်။
"စီတုအန်းက ဒီကျောင်းကို ပစ်မှတ်ထားခဲ့တဲ့အကြောင်းပြချက်က ကျောင်းသားတွေကြောင့်ပဲ "
"သူတို့ရဲ့ ဘဝသက်တမ်းကို ငှားယူဖို့များလား "
ကောင်းမင်သည် အတွင်းသတင်းအချို့ကို သိသည်။
"ကိစ္စတစ်ခုလုံးကိုတော့ ငါမစုံစမ်းနိုင်ခဲ့ဘူး ၊ ဒါပေမယ့် အမှန်တရားကို ဓာတ်ခွဲခန်းအဆောက်အဦးမှာ ဖုံးကွယ်ထားတယ် ၊ မင်းမှာ အခွင့်အရေးရှိရင် ဓာတ်ခွဲခန်းအဆောက်အဦး မြေအောက်ထပ်ကို မင်းစူးစမ်းသင့်တယ် ၊ အဲ့ဒီနေရာက စီတုအန်းနဲ့ကျောင်းစည်းမျဉ်းတွေ အကြီးဆုံးပဍိပက္ခဖြစ်တဲ့နေရာပဲ "
တင်းယွမ်သည် ထိုအကြောင်းကိုတွေးမိ၍ ထပ်ပြောလိုက်သည်။
"ဖြစ်ရပ်ဆိုးကြီး ဆိုက်ရောက်လာမယ်ဆိုတာကို စီတုအန်းက ကြိုသိနေသလို ငါခံစားရတယ်၊ ဒါကြောင့် သူက အဲဒါအတွက် ပြင်ဆင်နေခဲ့တာပဲ "
"သူက အနာဂတ်ကို မြင်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား "
ကောင်းမင်မျက်ခုံးများတွန့်သွားသည်။ရှရန်၏ လူသေပုံတူကို အသုံးပြုပြီးကတည်းက သူ့အလေ့အထများကို ရှရန်က လွှမ်းမိုးခဲ့သည်။ သာဓကတစ်ခုက သူ၏ နီးကပ်လာမည့် အန္တရာယ်ကို တိုးမြင့်ခံစားလာနိုင်ခြင်းဖြစ်သည်။
"ငါ ဒါကို ဘယ်လိုသိမှာလဲ ၊ သရဲတွေနဲ့ မူမမှန်ဖြစ်ရပ်တွေအတွက်အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာကို ကျူးကျော်လာတဲ့အချိန်မှာ အရက်စက်ဆုံးအရာက ရွှေငွေတွေနဲ့ အရင်းအမြစ်တွေအတွက်မဟုတ်ပဲ ပေါကြွယ်လှတဲ့ စိတ်ကမ္ဘာကြီးတစ်ခုနဲ့အတူရှိနေတဲ့ လူသားတွေပဲ "
တင်းယွမ်က ဟန်သဲ့ရှုရှန်းအကယ်ဒမီ၏ ကျောင်းသားအမှုတွဲဖိုင်များကို ကောင်းမင်ဆီလွဲပေးလိုက်သည်။
"ဒီကကျောင်းသားတွေဟာ စွန့်ပစ်ခံခဲ့ရတဲ့မိဘမဲ့တွေ ၊ မွေးရာပါ မသန်မစွမ်းတွေဖြစ်ပေမယ့်လည်း ယန်ရှီကျီးနဲ့အခြားဆရာတွေရဲ့ စောင့်ရှောက်မှုအောက်မှာ သူတို့ဟာ ကမ္ဘာကြီးရဲ့ အလှပဆုံးပုံရိပ်တွေအဖြစ် ခတ်နှိပ်ခံခဲ့ရတယ် ၊ သူတို့မှာ သန့်စင်တဲ့နှလုံးသားတစ်ခု ရှိကြတယ် ၊ အရိပ်ကမ္ဘာက သရဲတွေအတွက်ကတော့ ဒီကလေးတွေဟာ အရမ်းအရသာရှိနေလိမ့်မယ် "
စီတုအန်းသည် အခြားမည်သူမျှ ဘာမှ မလုပ်မီ ကျောင်းကို ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
"ဒါပေမယ့်လည်း စီတုအန်းက စွမ်းအားကြီးနေတာတော့မဟုတ်ဘူး ၊ သူကျောင်းကို မကျူးကျော်ခင်က ကျောင်းသားအများစုဟာ ညစ်ညမ်းသွားခဲ့ပြီးဖြစ်ပြီး သူတို့ရဲ့ အရင်အမူအကျင့်အများစုက ပျောက်ကွယ်ခဲ့ပြီးသားတွေ ဖြစ်နေတယ် ၊ အဲ့ဒါက စီတုအန်းမမျှော်လင့်ထားခဲ့တဲ့ အရာပဲ "
တင်းယွမ်သည် ဟွမ်မင်စုံစမ်းစစ်ဆေးရေးဌာန၏ စစ်ဆေးမှုရလာဒ်များကို ဆွဲထုတ်လိုက်သည်။
"ယန်ရှီကျီးလက်ထဲမှာ ကြီးလာတဲ့ ကလေးအချို့ဟာ ပြန်လည်ပေးဆပ်မယ် စိတ်ဓာတ်နဲ့ လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့ကြတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူတို့ရဲ့ကြင်နာမှုဟာ ခြယ်လှယ်တတ်တယ်လို့ အထင်အမြင်လွဲစရာတွေဖြစ်ကုန်တာက ဝမ်းနည်းစရာပါပဲ ၊ ဒီက သရဲနီအများစုဟာ တစ်ချိန်က ဟန်သဲ့ရှုရှန်းအကယ်ဒမီရဲ့ ကျောင်းသားတွေပါပဲ "
တင်းယွမ်က လျှို့ဝှက်ချက်ကြီးကို ထုတ်ဖော်လိုက်လေသည်။ယင်းကြောင့် သရဲနီများက ကျောင်းသို့ပြန်ရောက်လာကြခြင်းဖြစ်သည်။
သူတို့သည် တစ်ချိန်က ဟန်သဲ့ရှုရှန်းအကယ်ဒမီတွင် အထီးကျန်နေခဲ့ကြသော အကောင်းဆုံးလူသားများ ဖြစ်ခဲ့ကြသည်။ သူတို့တွင် အရွယ်ရောက်ပြီးသူအများစု ဆုံးရှုံးခဲ့ရသော တန်ဖိုးအရှိဆုံး အပြစ်ကင်းစင်မှုများလည်း ရှိခဲ့ကြသည်။ သို့သော် သူတို့သည် ၎င်းအတွက် ကြီးမားသောတန်ဖိုးတစ်ခုကိုလည်း ပေးဆပ်ခဲ့ရသည်။
"ဒီကျောင်းမှာ ကြောက်စရာအကောင်းဆုံးသရဲနီက ဓာတ်ခွဲခန်း အဆောက်အဦးအောက်မှာရှိတယ် ၊ စီတုအန်းနဲ့ ကျောင်းစည်းမျဉ်းတွေရဲ့ ပဋိပက္ခဟာ သူ့ကို ဗဟိုပြုပြီး စတင်ခဲ့တာပဲ ၊ မင်းသာသူ့အကူအညီကို ရနိုင်ခဲ့ရင် ငါတို့မှာ အနိုင်ရဖို့အခွင့်အရေးတစ်ခု ရှိလိမ့်မယ်! "
တင်းယွမ်သည် နောက်ဆုံးတွင် သူ့ရည်ရွယ်ချက်ကို ထုတ်ပြခဲ့သည်။ဟန်ဟဲ့ကိုယ်ပိုင်ကျောင်း၏ လျှို့ဝှက်ချက်အားလုံးသည် ဓာတ်ခွဲခန်းအဆောက်အဦးမြေအောက်ခန်းတွင် ဖုံးကွယ်ထားပုံရလေသည်။ကောင်းမင်သည်လည်း ကြောက်စရာအကောင်းဆုံးသရဲနီကို တွေ့ချင်မိသည်။
"ဓာတ်ခွဲခန်းအဆောက်အဦးအောက်က သရဲနာမည်က ဘာတဲ့လဲ ၊ သူ့စွမ်းအားကရော "
"သူ့နာမည်ကို ယိုလျန်းလို့ပဲ ငါတို့သိတယ် ၊ သူက ဟန်သဲ့ရှုရှန်းအကယ်ဒမီမှာ ဘွဲ့ရခဲ့တဲ့ ပထမဆုံးကျောင်းသားအသုတ်ထဲကပဲ ၊ သူက ယန်ရှီကျီးရဲ့ဂရုစိုက်မှုအောက်မှာ အဆိုးဆုံးရလာဒ်ထွက်ခဲ့သူလည်း ဖြစ်တယ် ၊ အဲ့ဒီကလေးရဲ့ ဦးနှောက်က ကောင်းမွန်ပေမယ့် ဦးနှောက်ချို့ယွင်းနေတဲ့ ကျောင်းသားတွေထက် ရလဒ်တွေက ပိုဆိုးနေခဲ့တယ် သူက ရည်ရွယ်ချက်ရှိရှိနဲ့ အဖြေမှားတွေအားလုံးကို ရွေးချယ်ခဲ့တယ်လေ "
တင်းယွမ်က အလေးအနက်ပြောလိုက်သည်။
"သူ့ကို အလွယ်တကူဖြေရှင်းလို့ရမယ်လို့တော့ မတွေးနဲ့ ၊ ဓာတ်ခွဲခန်းအဆောက်အဦးအောက်ကို သွားခဲ့တဲ့ သရဲတိုင်း ၊ လူတိုင်းကို သူက ရက်ရက်သတ်ပစ်ခဲ့တာနော် "
တင်းယွမ်က ပိုရှင်းပြလေလေ ကောင်းမင်က ပိုပြေးဝင်ချင်လာလေလေဖြစ်သည်။ ခွေးကြီး၏ အကာအကွယ်ဖြင့် သူသည်အဝေးမှ လုံခြုံစွာ စောင့်ကြည့်နိုင်မည်ဖြစ်သည်။
"မင်း အဲ့ဒီကို တကယ်သွားချင်တယ်ဆိုရင် မီးမပိတ်ခင်သွားဖို့ ငါအကြံပေးချင်တယ် ၊ အခု သရဲနီတွေက စီတုအန်းနဲ့ကျောင်းရဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ခံထားရတာ ၊ မီးပိတ်ပြီးရင်တော့ အဲ့နေရာနား ကပ်မိတဲ့လူတိုင်း သေလိမ့်မယ် "
"တင်းယွမ်သည် ကောင်းမင်အားအခြေအနေကို ပြောင်းလဲနိုင်စေရန် စိတ်ရင်းဖြင့်ဆန္ဒရှိခြင်းဖြစ်သည်။ စီတုအန်းက ကျောင်းကို လွှဲပြောင်းယူခဲ့သည်ဖြစ်စေ သို့မဟုတ် ကျောင်းစည်းကမ်းများက စီတုအန်းကို ဝါးမြိုခဲ့သည်စေ သူတို့ကို ကယ်တင်ရန် ဌာနချုပ်မှ စေလွှတ်ထားသည့် စုံစမ်းရေးမှူး အများအပြားသည် ယဇ်ကောင်များအဖြစ် ပြောင်းလဲသွားကြမည်ဖြစ်သည်။ကောင်းမင်တစ်ယောက်သာလျှင် ထိုဖြစ်ရပ်ဆိုးကို ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်သည်။
ညရောက်လာချေပြီ ။အချို့ကျောင်းသားများသည် ကိုယ်တိုင်စာလေ့လာရန် စာကြည့်တိုက်သို့ သွားနေကြသည်။တချို့သည် အပိုမှတ်များရရန် အတန်းသွားတက်ကြပြီး အခြားသူများကတော့ အနားယူရန် အိပ်ဆောင်သို့ပြန်ကြသည်။
ကျောင်းသားဘဝကို 'ပျော်ရွှင်စွာ'ဖြတ်သန်းနေကြသော အခြားကျောင်းသားများနှင့်ယှဉ်လျှင် အခန်း ၁၃သည် အလွန်အလုပ်များနေကြဆဲဖြစ်သည်။သူတို့သည် မနက်ဖြန်အတန်းတက်ရန် ကျောင်းသား ၅၁ယောက်လုံးကို စုစည်းကြရမည်ဖြစ်သည်။
"စီစီ နင်ခွေးကြီးရဲ့ကိုယ်ထဲမှာပုန်းလို့ရတယ် ၊ မကြောက်နဲ့နော် ၊ သူက အရမ်းနူးညံ့တယ် "
နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းသို့ ဝင်သွားသည်နှင့် ကောင်းမင်က ခွေးကြီးကိုဆင့်ခေါ်လိုက်သည်။ကျိုးစီစီသည် ရှည်လျှားလှသောအမွှေးများနှင့်တောင်ငယ်တစ်လုံးအသွင်ရှိနေသည့် ခွေးကြီးကိုမြင်လိုက်ရသောအခါ အလွန်ကြောက်ရွံ့သွားလေသည်။ခွေးကြီးသည် ကျိုးစီစီသည် စားချင်သည့်ဟန်ဖြင့် သူ၏ချွန်မြနေသောသွားစွယ်များကိုပြသရန်
သူ့ပါးကြီးကို ဟလိုက်၏။
"အား ငါတို့ကို စားတော့မယ် ..."
ကျိုးစီစီသည် သူမခန္ဓာကိုယ်အား နံရံတွင်ကပ်လိုက်ပြီး မလှုပ်ရှားဝံ့ပေ။
"မင်းငါ့ကို တောင်းပန်ရင် ငါမင်းကို မစားဘူး "
ခွေးကြီး၏ဝမ်းဗိုက်အတွင်းမှ ကြမ်းရှရှအသံတစ်ခုထွက်ပေါ်လာ၏။ခွေးကြီးသည် သမ်းဝေလိုက်ပြီးနောက် ယန်ရှီကျီးဆီသို့ ခပ်နှေးနှေးပြေးသွားခဲ့သည်။
"ပြန်လာခဲ့စမ်း! "
ကောင်းမင်က ခွေးနားရွက်ကို ဆွဲလိုက်သည်။
"မင်းဘာဖြစ်နေတာတုန်း ၊ မင်းဘာလို့ အဘွားကြီးကို သွားနှောက်ယှက်နေတာလဲ "
ကောင်းမင်သည် ကျိုးစီစီကို ကာကွယ်ရန်အတွက် ခွေးကြီးကို ဖျောင်းဖျရန် မနည်းအားထုတ်လိုက်ရသည်။သုံးယောက်သား စတိုခန်းမှ ထွက်လာကြသည်။ ကျိုးစီစီသည် ခွေးကြီး၏အနက်ရောင်အမွေးကို ထိလိုက်သောအခါ ကြောက်ရွံ့စိတ်နှင့်စူးစမ်းလိုစိတ်နှစ်မျိုးလုံးကို ခံစားနေရ၏။ညအမှောင်သည် သူမ၏လက်ချောင်းများကို စစ်ထုတ်နေပုံရသည်။ သူမသည် ခွေး၏ အနက်ရောင်မျက်လုံးများကို ကြည့်လိုက်သည်။ သူမသည် ခွေးခေါင်းကို ဖက်ထားချင်နေမိသည်။
"ကောင်းမင် နင်သူ့ကို ဘယ်ကရှာလာတာလဲ "
ကျိုးစီစီက မေးလိုက်သည်။
"ကောင်မလေး မင်းမမြင်သင့်တာကို မြင်ခဲ့ရပြီးပြီ "
ခွေးကြီးသည် ကျိုးစီစီ၏လက်ကို ခါထုတ်လိုက်ပြီး သူမကိုတိုက်ခိုက်မည့်ဟန် သရုပ်ဆောင်လိုက်သည်။
"အသတ်ခံရပြီး နှုတ်ပိတ်ခံရဖို့ ပြင်ထားပေတော့၊ ဒီကလေးက နှလုံးသားမဲ့တယ်နော် "
ကျိုးစီစီက လည်ပင်းကို ကျုံ့လိုက်သည်။ သူမ ထိတ်လန့်သွား၏။
"မင်းတို့နှစ်ယောက် တည်တည်ငြိမ်ငြိမ်နေလို့မရဘူးလား "
ကောင်းမင်က စိတ်တိုသွားသည်။ သူ့ အဒရီနယ်ဂလင်းများ ထိုးတက်လာ၏။ သူတို့၏ ဒရာမာဇာတ်လမ်းလေးတွင် ပါဝင်ရန် သူတကယ်ပင်စိတ်မဝင်စားချေ။
ဓာတ်ခွဲခန်းအဆောက်အဦးလေထုသည် တည်ငြိမ်နေ၏။ကျောင်းသားကောင်စီသည် အနုပညာအခန်းဆီ ဆက်လက်ပြေးလွှားနေကြသော်လည်း တားမြစ်ဇုန်သည် ထိန်းချုပ်မှုလွှတ်နေဆဲဖြစ်သည်။အနုပညာဆရာမဘာဖြစ်နေမှန်း ကောင်းမင်မသိချေ။သူ့တွင်ရှရန်၏ သေခြင်းပုံတူရှိ၍ ဆရာရှသည် သူ၏ဖန်တီးမှုကြောင့် ကြည်နူးအားရနေမှန်း သူသိသည်။ လူသေဓာတ်ပုံတွင် အနုပညာလက်ရာအသစ်များ ဆက်လက်ထွက်ပေါ်နေ၏။အနုပညာအပိုင်းအစတစ်ခုစီတိုင်းသည် သေခြင်းတရားနှင့် သွေးစက်များမှ ဖန်တီးထားခြင်းဖြစ်သည်။ဆရာရှသည် ရူးသွပ်စွာ ဖန်တီးနေခြင်းဖြစ်သည်။သူသည် ပန်းချီကား၏ အဆုံးမဲ့အထောက်အပံ့တစ်ခုရှိနေပုံရသည်။သူသည် ထိုကဲ့သို့ ပျော်ရွှင်မှုကို မရရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
ကောင်းမင်တို့သည် ဒုတိယထပ်ရှိ အနုပညာခန်းကို ကျော်ဖြတ်လာခဲ့ချိန်တွင် သွေးများသည် စတုတ္တအခန်းဆီသို့ ပျံ့နှံ့နေခဲ့သည်။ ကော်ရစ်ဒါတွင် ဆေးသားများစွန်းပေသည့် ကျောင်းဝတ်စုံများစွာရှိသည်။ ကောင်းမင်သည် ရှရန်က စာသင်ခန်းပြတင်းပေါက်နောက်မှ သူ့အား လက်ဝှေ့ယမ်းပြနေသလို ခံစားလိုက်ရသည်။ သူ အချိန်မဖြုန်းဝံ့ပေ။သူက ကျိုးစီစီကို ဆွဲခေါ်၍ ပထမထပ်ဆီပြေးလွှားလိုက်သည်။
အင်တာနက်ပေါ်ရှိ ကျောင်း၏ အပြင်အဆင်သည် မြေအောက်ခန်းကို အမှတ်အသား ပြုထားခြင်းမရှိပေ။စီတုအန်းနှင့် လူအနည်းငယ်မျှသာ ကျောင်းတွင် မြေအောက်ခန်းများ ရှိကြောင်းကို သိကြသည်။တင်းယွမ်ပေးခဲ့သော အချက်အလက်ကို အခြေခံ၍ ကောင်းမင်က ကော်ရစ်ဒါအဆုံးရှိ လျှို့ဝှက်တံခါးကို ဖွင့်လိုက်သည်။
ထိုနေရာတွင် လူမှုသရုပ်ဖော်မှုဆိုင်ရာ စမ်းသပ်မှုအချို့ကို ပြုလုပ်ထားခဲ့သည်။ စာသင်ခန်းအားလုံးကို မတူညီသော မြင်ကွင်းများ ၊ နောက်ခံများဖြင့် အလှဆင်ထားသည်။အချို့သည် ဆေးရုံများနှင့်တူပြီး အချို့သည် ထောင်များနှင့်တူ၏။မတူညီသော ဈေးဆိုင်အများအပြားလည်း ရှိပေသေးသည်။
ဤသည်မှာ ကျောင်းသားများသည် ကျောင်းမှထွက်မသွားမီ ပြင်ပလူ့အဖွဲ့အစည်းတွင် ကြုံတွေ့ရနိုင်သည့် အလားအလာရှိသော ပြဿနာများကို အတုယူနိုင်သည့် နေရာဖြစ်ပုံရသည်။ လှည့်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လုပ်ငန်းခွင်တွင် မမျှတသော ဆက်ဆံမှုစသည့် အတန်းများကို ထိုနေရာတွင် သင်ကြားပေးခြင်းဖြစ်သည်။ထိုအသိပညာအားလုံးသည် သာမာန်ကျောင်းများက သူတို့ကျောင်းသားများကို သင်မပေးသောအရာများဖြစ်ကြသည်။
"ဟန်သဲ့ကိုယ်ပိုင်အကယ်ဒမီမှာ ဒီလိုလက်တွေ့ခန်းတွေ ရှိတာလား ! "
ဝင်ပေါက်နားရှိ နံရံတွင် နာမည်စာရင်းတစ်ခုကို ကောင်းမင်တွေ့လိုက်ရသည်။ စာရင်းသည် ဤနေရာသို့ ရောက်လာသော ကျောင်းသားတိုင်း၏ 'ရှင်သန်ချိန်' ကို မှတ်တမ်းတင်ထားသည်။
ကောင်းမင်က စာရင်းကို စစ်ဆေးလိုက်သည်။အခြေခံအားဖြင့် လူမှုသရုပ်ဖော်ဆိုင်ရာသရုပ်ပြသင်တန်းကို တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦးမှ ၂၄နာရီထက် ပို၍မရှင်သန်နိုင်ခဲ့ပေ။တဦးတည်းသော ကျန်ရစ်သူကျောင်းသားကို ယိုလျန်းဟုခေါ်ပေသည်။