← Chapters

မင်း ဒီလောက် အရမ်းပျော်မနေနိုင်ဘူး

Vol. 10 Ch. 145

မင်း ဒီလောက် အရမ်းပျော်မနေနိုင်ဘူး

Vol. 10 Ch. 145

ယိုလျန်းသည် အမြဲတမ်းပျော်ပျော်ရွှင်‌‌ရွှင် နေတတ်သော ကလေးတစ်ယောက်ဖြစ်သည်။သူ့တွင် မည်သည့်သောကမှ ရှိနေပုံမရချေ။သူသည် ငယ်စဉ်ကလေးဘဝ၏ ကောင်းသည်အရာအားလုံးကို ကိုယ်စားပြုလေသည်။အရာအားလုံးဟူသည်မှာ အပြစ်ကင်းစင်မှု ၊ ပျော်ရွှင်မှု နှင့် စူးစမ်းတတ်မှု တစ်ခုတို့ဖြစ်သည်။သူသည် သူ့အားမပျော်ရွှင်စေသော အရာများကို အလွယ်တကူမေ့ပစ်နိူင်သည်။သူ့ဘဝသည် ပျှော်ရွှင်စရာကောင်းပြီး တောက်ပနေ၏။

ယိုလျန်းသည် အတန်းထဲတွင် ဆရာဆရာမများကို ခေါင်းကိုက်စေသော ရွှက်နောက်နောက်ကလေးတစ်ယောက်ဖြစ်သည်။သူသည် အတန်းအပြင်တွင်သာ ရပ်နေခဲ့ရသည်။သူအား စည်းမျဥ်းစည်းကမ်းများ၊ စိတ်ကူးယဉ်ဆန်သော ကိုယ်ရည်ကိုယ်သွေးများဖြင့် ချုပ်နှောင်ထားခြင်း မရှိပေ။ သီအိုရီအရ သူ့လိုကလေးတစ်ယောက်အ တင်းတင်းကြပ်ကြပ် အနီးကပ်စောင့်ကြည့်သင့်သော်လည်း သူ့ဘဝ၏ အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ယန်ရှီကျီးနှင့်တွေ့ဆုံခဲ့ရလေသသည်။

ကျောင်းအုပ်ဆရာမကြီးသည် သူ့အား ပညာရေးစံချိန်စံညွှန်းနည်းလမ်းများဖြင့် မပျိုးထောင်ခဲ့ပေ။ထို့အစား သူမသည် သူ့အား သူ့ပတ်ဝန်းကျင်တွင်ရှိသော ကမ္ဘာကြီး၏အလှတရားကို ရှာဖွေရန် အားပေးတိုက်တွန်းခဲ့သည်။သူမသည် အခြားကလေးများအပေါ် သူ့စွမ်းအားကို အသုံးပြုစေလိုခဲ့သည်။

ယိုလျန်းသည် အတန်းထဲတွင် ဘိတ်ဆုံးအမှတ်ကို ရည်ရွယ်ချက်ရှိရှိ ရယူနေကြောင်း ကျောင်းအုပ်ယန်က အစကတည်းက သိခဲ့သည်။ ပထမအဆင့်ထက်စာလျှင် သူသည် ဘိတ်ဆုံးအဆင့်ကိုသာ လိုချင်ခဲ့သည်။အဘယ်ကြောင်ဆိုသော် အရင်က အမှတ်အများဆုံးရခဲ့တဲ့ ကျောင်းသားများသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည့် ကလေးများ ဖြစ်နေခြင်းကြောင့်ပင်။လူတိုင်းက သူတို့ကို အားပေးနေသော်လည်း သူတို့သည် တခြားသူများနဲ့ မယှဉ်နိုင်သည့် ပိုကောင်းသော ကလေးများသာဖြစ်သည်ဟု သိခဲ့ကြသည်။

ယိုလျန်းသည် သူတို့နှင့်မိတ်ဆွေဖွဲ့သည်။သူအတွေးမှာ ရိုးရှင်းသည်။အမှတ်အဆိုးဝါးဆုံးလူတစ်ယောက်တော့ရှိရမည်။ ထိုအချိန်တွင် သူက ထိုရာထူးကို ယူမည်ဖြစ်သည်။စာမေးပွဲများတွင် အမှတ်အဆိုးဆုံးရရန်မှာ မလွယ်ကူပေ။သူသည် ကြုံရာကျပန်းရွေးချယ်လျင်ပင် အဖြေမှန်အနည်းငယ်ရဦးမည်ဖြစ်သည်။ထို့ကြောင့် သူသည် အဖြေမှန်များကို ရှောင်ရှားနိုင်ရန် အတွက် စာကြိုးစားခဲ့လေသည်။

သူဘွဲ့ရပြီးနောက် လူ့အဖွဲ့အစည်းထဲဝင်သည့်အချိန်တွင် ယိုလျန်း၏ ပျော်ရွှင်တတ်မှု ၊ ဂရုမစိုက်တတ်မှုသဘောသည် လူ့အဖွဲ့အစည်းနှင့် ဆန့်ကျင်ဖက်ဖြစ်ခဲ့ရသည်။သူ့တွင် ကိုယ်ပိုင်အိပ်မက်နဲ့ ရည်မှန်းချက်များရှိသည်။ ပုံသေအလုပ်တွင် ချည်နှောင်ခံရခြင်းအား သူမနှစ်သက်ခဲ့ပေ။သူ့တွင် ငွေပို့စရာ အိမ်မရှိ‌သောကြောင့်နေရာအနှံ့ လျှောက်သွားနေခဲ့သည်။ သူသည် မြို့‌တော်ကို သူ့ပန်းခြံအဖြစ် သဘောထားခြင်းဖြစ်သည်။ သူသည် တခြားသူများကို ကူညီရခြင်းအား နှစ်သက်ပြီး တစ်ခါတစ်ရံ စေတနာ့ဝန်ထမ်း ပင် လုပ်တတ်သေးသည်။သူ့ဝါသနာက ကူးစက်သွားခဲ့သည်။ သူသည် တောက်ပသည့် အလင်းတန်းများ ဖြာထွက်နေသော အထူးမီးလျှံတစ်ခုတူပေသည်။

သူအသက် နှစ်ဆယ်ကျော်ချိန်တွင် ယိုလျန်းသည် အချစ်ကိုရှာတွေ့ခဲ့သည်။သူ့ကောင်မလေးသည် အတွင်းရော အပြင်ရော လှပသောသူဖြစ်သည်။သူတို့သည် မိဘမဲ့ဂေဟာတွင် စေတနာ့ဝန်ထမ်းလုပ်ခဲ့စဉ်က သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။ထိုနှစ်ယောက်၏ တူ‌ညီသောစိတ်ဝိဉာည်တို့သည် တစ်ဦးနှင့်တစ်ဦး ထပ်တူကျခဲ့ကြသည်။လွတ်လပ်သော ငှက်တစ်ကောင်ဖြစ်သည့် ယိုလျန်းသည် နွေးထွေးသောအသိုက်တစ်ခုရှိလာခဲ့ပုံရသည်။

ယိုလျန်းကို လူတိုင်းချစ်ကြသည်။နေရောင်ခြည်ကို တောင့်တတဲ့သူတိုင်းသည် သူ့မိတ်ဆွေဖြစ်ချင်ကြ‌ သော်လည်း အမြဲတမ်းခြွင်းချက်ရှိသည်မဟုတ်ပါလား။

ပရဟိတသတင်းစာ၏ ခေါင်းစည်းပိုင်းတွင် ယိုလျန်း၏အစ်ကိုရင်းဖြစ်သူ ယိုတသည် သူ့ညီလေးကိုရှာတွေ့ခဲ့သည်။ယိုမျိုးရိုးသည် အလွန်ရှားပါးသောကြောင့်ပင်။ယိုတသည် သူ့ညီလေး ယိုလျန်းကိုရှာဖွေရန် အချိန်သိပ်မယူလိုက်ရပေ။ယိုတသည် သူတို့မိဘများ နေမကောင်းဖြစ်နေပြီး မိသားစုတွင် သူတို့အ စောင့်ရှောက်ရန် ပိုက်ဆံမရှိဟု ယိုလျန်းကို ပြောခဲ့သည်။ ယိုလျန်းက သူတို့ကို ကူညီနိုင်မည်ဟုသူမျှော်လင့်ထားခဲ့သည်။

ယိုလျန်းသည် သူမိသားစုမှ စွန့်ပစ်ခံခဲ့ရသော်လည်း စိတ်ထဲအမှတ်မထားခဲ့ပေ။သူ့စွမ်းအားဖြင့် သူ့မိသားစုအား ကူညီခဲ့သည်။သူသည် ကူညီရန်ဆန္ဒရှိသော်လည်း သူတို့သည် သူ့မိသားစု ဖြစ်သောကြောင့်မဟုတ်ကြပေ။သူသည် သူတို့အား ကူညီခဲ့ချေသည်။အဘယ်ကြောင့်ဆိုသော် သူသည်ကြင်နာတတ်သောကြောင့်ဖြစ်သည်။သူသည် အခြားလူများကို သူဆက်ဆံသကဲ့သို့ သူတို့အား ဆက်ဆံပေးခဲ့လေသည်။

ထို့ကြောင့် သူ့အစ်ကိုက ပိုက်ဆံထပ်တောင်းသောအခါ ယိုလျန်းက သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ယိုတသည် နားမလည်နိုင်ခဲ့ပေ။သူ့ညီ‌လေးသည် သူစိမ်းများကို ကူညီပေးသော်လည်း သူ့မိသားစုအတွက် ဒီထက်ပိုပြီး မစွမ်းဆောင်နိုင်တာ ဘာကြောင့်များလဲ။

အတင်းအဖျင်းများက အိမ်နီးချင်းများကြားတွင် ထွက်ပေါ်လာခဲ့သည်။ မီဒီယာပေါ်ရောက်လာသောအခါ ယင်းသည် ပေါက်ကွဲထွက်လာ၏။အင်တာနက်ပေါ်တွင် အဆိုးမြင်သည့်မှတ်ချက်များရှိသော်လည်း ယိုလျန်းက ဂရုမစိုက်ခဲ့ပေ။သူသည် သူ့ဘဝအား သူ့စတိုင်အတိုင်း နေထိုင်ခဲ့သည်။သူ၏နေ့ရက်များသည် ပြည့်စုံစရာ၊ ကြည်နူးစရာ၊ ပျော်ရွှင်စရာများ ဖြစ်ခဲ့သည်။

ယိုလျန်းအား လူများက ပိုပိုသိလာကြသည်။သူ့အစ်ကိုယိုတသည် သူ၏ 'သားသမီးဝတ်မသိ‌တတ်သော' ညီလေးဖြစ်သူ၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရိုက်ကူးခြင်းဖြင့်ပင် အင်တာနက်ဆယ်လီ ဖြစ်လာခဲ့သည်။ သူသည် ကြော်ငြာများမှတစ်ဆင့် followerများ နှင့် ငွေကြေးများစွာ ရရှိခဲ့သည်။

သူတို့မိဘများ၏အခြေအနေသည် တိုးတက်မလာသော်လည်း ယိုတသည် အိမ်သစ် ကားသစ်ပင်ပိုင်ဆိုင်လာခဲ့သည်။

ဇာတ်ရှိန်အမြင်ဆုံးကတော့ သူတို့မိဘများ ဆုံးပါးသွားသည့် နေ့ပင်ဖြစ်သည်။ယိုတသည် သူ၏အိမ်သစ်တွင် တစ်ယောက်တည်းနေနေခဲ့သည်။ သူသည် စစ်မှန်သောဘဝဖြင့် နေထိုင်ခဲ့သော သူ၏ညီငယ်လေးကို ကြည့်လိုက်သည်။ သူ့ညီလေး၏ပျော်ရွှင်နေသော မျက်နှာကိုကြည့်ရင်း သူ့နှလုံးသားတွင် ရက်စက်ရုပ်ဆိုးလှသော မျိုးစေ့တစ်ခုကြီးထွားလာခဲ့သည်။

ဘာလို့သူက အရမ်းပျော်နေရတာလဲ ၊ ပျော်ရွှင်မှုနဲ့ထိုက်တန်အောင် သူကဘာလုပ်ခဲ့လို့လဲ။

သူက ဘာမှမလုပ်တာတောင်မှ ဘာလို့ဒီလို လှပတဲ့‌ကောင်မလေးရထားတာလဲ။

ဘာလို့ လူတွေက သူ့ကိုချစ်နေကြသေးတာလဲ။

ယိုတသည် ယိုလျန်းကောင်မလေး၏မိသားစုကို ရှာဖွေရန် လူတစ်စုကို ပိုက်ဆံပေးခိုင်းခဲ့သည်။သူတို့သည် ကောင်မလေးမိဘများအား ယိုလျန်းသည် တိရိစ္ဆာန်တစ်ကောင်ဖြစ်ကြောင်း ၊ ပျင်းရိကြောင်း ၊ အလုပ်တစ်ခုပင်မရှိကြောင်းနဲ့ စိတ်ရောဂါတစ်ခုရှိနေကြောင်း ပြောခဲ့ကြသည်။ကောင်မလေး၏မိသားစုသည် အစက မယုံသော်လည်း လူများစွာက လာပြောကြသောအခါ သူတို့သည် ထိုဇာတ်လမ်းကို စတင်နားယောင်လာကြတော့သည်။နောက်ဆုံးတွင် သူတို့သမီးလေးအား ယိုလျန်းနှင့် အတူမနေရန် တားမြစ်လိုက်ကြသည်။

လမ်းခွဲသည့်နေ့တွင် ယိုလျန်းသည် ဝမ်းနည်းမနေခဲ့ပေ။ ပွင့်ပွင့်လင်းလင်း ငိုနေရှာသော သူ့ကောင်မလေးကိုသာ ပွေ့ဖက်ထားခဲ့သည်။ သူသည် သူမအား အရိုးသားဆုံး ကောင်းချီးပေးပြီး ထွက်ခွာသွားခဲ့သည်။

ယိုတနှင့် အခြားလူဆိုးများက ယိုလျန်း ရူးသွပ်သွားမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ ယိုလျန်းသည် တစ်ကိုယ်ကောင်းဆန်ပြီး ကျန်သူများကဲ့သို့ စည်းစိမ်ဥစ္စာများကို လိုက်စားလာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် သူတို့ စိတ်ပျက်သွားခဲ့ရပြန်သည်။

ယိုလျန်းသည် ယခင်အတိုင်း ပျော်ရွှင်နေခဲ့သည်။ လမ်းဘေးတွင် တောရိုင်းပန်း‌လေးများကို နှုတ်ဆက်၍ လေလွင့်တိရစ္ဆာန်များကို အစာကျွေးမြဲဖြစ်သည်။သူသည် ရေမွှေးကို တစ်ခါမှ မသုံးဖူးသော်လည်း ပျော်ရွှင်သောသင်းရနံ့တို့ဖြင့် လျှောက်လှမ်းနေခဲ့သည်။(လခွမ်း စာရေးဆရာက အကောင်းရေးထားလို့သာပေါ့၊ ဘာသာပြန်သူတောင် ယိုလျန်းရူးနေလားလို့ ထင်ရတယ်)

အိမ်ကြီးရခိုင်ဖြင့် နေထိုင်နေသော ယိုတသည် ယင်းကို ဘယ်တော့မှ နားမလည်နိုင်ခဲ့ပေ။ သူနဲ့သူ့ပရိသတ်များက ယိုလျန်းကိုလိုက်ရှာ၍ သူတို့သည် ညီအစ်ကိုများဖြစ်သောကြောင့် ယိုလျန်းအား ပိုကောင်းသောအလုပ်တစ်ခု ပိုကောင်းသော မိန်းမတစ်ယောက်ရှာပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ယိုလျန်းက သူတို့ကို ပြုံးပြပြီး ငြင်းပယ်လိုက်သည်။ သူသည် သူ့ပစ္စုပ္ပန်ကို ကျေနပ်၏။ အတိတ်မှာ နောင်တရစရာမရှိသလို သူ့အနာဂတ်ကိုလည်းစိုးရိမ်မနေပေ။

သူ့အစ်ကိုကြီးက ပိုကြီးတဲ့အိမ်မှာနေပြီး ပိုက်ဆံပိုရှိမှသာလျှင် စစ်မှန်တဲ့ပျော်ရွှင်မှုကိုရနိုင်မည်ဟု ပြောပြခဲ့သည်။သူသည် ယိုလျန်းက သူ့အား အစ်ကိုကြီးအဖြစ် အားကိုးတကြီးလေးစားစေချင်ပြီး တောင်းပန်စေချင်ခဲ့၏။

အိမ်ကြီးတစ်အိမ်က ပျော်ရွှင်မှုဖြစ်နိုင်တယ်။ ငွေကြေးလွတ်လပ်မှုဟာ ပျော်ရွှင်မှုဖြစ်နိုင်တယ်။ လွတ်လွတ်လပ်လပ် လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်စရာဖြစ်နိုင်တယ်။ယိုတသည် သူ၏ပျော်ရွှင်မှုအဓိပ္ပါယ်ကို ယိုလျန်းနှင့် မျှဝေခဲ့သော်လည်း ယိုလျန်းက ၎င်းတို့ကို ဂရုမစိုက်ခဲ့ပေ။

သူ ငယ်စဥ်ကတည်းက ယန်ရှီကျီးက သူ့ကို ပျော်ရွှင်စေတဲ့အရာတွေကို လုပ်မှသာလျှင် ပျော်ရွှင်နိုင်မည်ဟု သင်ကြားပေးခဲ့သည်။သူသည် အခြားလူများ၏ ပျော်ရွှင်မှုစည်းမျဉ်းကို လိုက်နာရန်မလိုအပ်ပေ။သူသည် လွတ်လပ်စွာမွေးဖွားလာသဖြင့် အဘယ်ကြောင့်သူ့ကိုယ်သူ ကန့်သတ်ထားရမည်နည်း။

ယိုတ၏စိတ်မိစ္ဆာသည် မကျေနပ်နိုင်ခဲ့ပေ။သူ့စည်းစိမ်ချမ်းသာများသည် ယိုလျန်းအား မနာလိုဖြစ်စေခြင်းမရှိပေ။ယိုလျန်း၏ဓာတ်ပုံများကို သူပိုရလေလေ သူ့နှလုံးသားရှိ မကောင်းဆိုးဝါးကြီးထားသည်က ပိုမြန်လာလေလေဖြစ်ခဲ့သည်။

အိမ်တွေ၊ ကားတွေကို ဂရုမစိုက်တာက မှန်တယ်လို့ မင်းကိုဘယ်သူ ပြောထားတာလဲ ၊ အရမ်းဆင်းရဲနေချိန်မှာ ပျော်ရွှင်ဖို့ အခွင့်အရေးကို မင်းကို ဘယ်သူက ပေးခဲ့တာလဲ ၊ အရင်က လူ့အဖွဲ့အစည်းရဲ့ ညှဉ်းပန်းနှိပ်စက်မှု မခံရဖူးလို့လား ၊ တကယ်ဆိုးဝါးတဲ့လူနဲ့ မဆုံတွေ့ခဲ့ရလို့လား ၊ မဟုတ်ဘူး၊ မင်း ဒီလောက်မပျော်နိုင်ဘူး ! မင်းငါ့စည်းမျဉ်းတွေကို လိုက်နာရမယ် ဒါမှသာ မင်းပျော်နိုင်လိမ့်မယ် ! "

ယိုတထွက်ခွာသွားပြီးနောက် ယိုလျန်းသည် ဥယျာဉ်ခုံတန်းလျားပေါ်တွင် နိုးလာခဲ့သည်။ လေလွင့်ကြောင်လေးများအတွက် ရေသွားယူရင်း သူသီချင်းညည်းလိုက်သည်။ သို့သော် အများဆုံးအိမ်သာကို ဖြတ်သွားသည့်အချိန်တွင် သူ့အား အများဆုံး တွယ်ကပ်‌ နေလေ့ရှိသော ကြောင်လေးမှာ ကြိုးဆွဲချခံရထားရကြောင်း သတိပြုမိသွားသည်။

ယိုတနှင့်လူဆိုးတစ်သိုက်သည် ထောင့်တွင် ပုန်းအောင်းနေပြီး ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။ သူတို့သည် ယိုလျန်းအား မက်ဆေ့တစ်စောင်ပို့လိုက်သည်။

"မင်း စိတ်ဆိုးရမယ် ဟုတ်တယ်မလား၊ နာကျင်နေပြီလား? ဒါပေမယ့် မင်း ဘာမှ မလုပ်နိုင်ဘူးလေ "

ကြောင်လေးကို မြေမြှုပ်ပေးပြီးနောက် ယိုလျန်းသည် လူအုပ်ကြီးကို စတင်ရှောင်ကွင်းလိုက်သည်။သို့သော်လည်း သူသည် ယိုတ၏အွန်လိုင်းရှိုးတွင် စတား တစ်ယောက်ဖြစ်နေခဲ့သည်။ယိုတနှင့်အခြားလူများသည် သူ့နောက်လိုက်နေကြပြီး စောင့်ကြည့်နေကြသည်။

ယိုလျန်းသည် မြို့ထဲတွင်လှည့်ပတ်သွားလာနေပြီး အကူညီလိုအပ်နေသူများကို ကူညီ၏။သူသည် ကြင်နာမှု၊ ပျော်ရွှင်မှုနှင့် အကောင်းမြင်မှုကို ပေးစွမ်းသည်။ ကမ္ဘာကြီးသည် ကြင်နာစွာ တုံ့ပြန်နေခဲ့သည်။

ယိုတသည် အနူးညံ့ဆုံးကုတင်ပေါ်တွင် အိပ်ပျော်နိုင်ရန် အိပ်ဆေးကို အားကိုးခဲ့ရသော်လည်း ယိုလျန်းသည် မာကျောသော ပန်းခြံခုံတန်းပေါ်တွင် အလွယ်တကူ ငိုက်မျဉ်းနိုင်ခဲ့သည်။

ယိုလျန်းသည် ဘာမှမပိုင်ဆိုင်သော်လည်း သူ့တွင်အားလုံးပြည့်စုံပေသည်။သူ၏ ပျော်ရွှင်မှုသည် အမှောင်ရိပ်ထဲတွင် နေထိုင်သော မကောင်းဆိုးဝါးများကို ‌ ဒေါသထွက်စေခဲ့သည်။ သူတို့သည် ယိုလျန်းကို မပျော်ရွှင်စေချင်ကြ‌ပေ။ သူ့ပျော်ရွှင်မှုက သူတို့ကို သေစေနိုင်သလိုပင်။

ယိုတတို့အဖွဲ့သည် နည်းမျိုးစုံကြိုးစားခဲ့ကြသော်လည်း ယိုလျန်းကို မနှောက်ယှက်နိုင်ကြပေ။သူတို့၏နှလုံးသားထဲရှိ အမှောင်ထုသည် သူတို့အတွင်းမှ လှိုက်စားနေခဲ့သည်။သူတို့သည် အမှောင်ထဲရှိထောင့်တစ်ထောင့်တွင် ဆွေးနွေးနေကြပြီး အဖြေတစ်ခုထွက်လာခဲ့သည်။ယိုလျန်းသည် အလွန်ပျော်ရွှင်နိုင်ပြီး ပုံမှန်လူများအဖိုးတန်ဆုံးအရာများကို လျစ်လျူရှုထားနိုင်ခြင်းမှာ သူ့တွင် ကျန်းမာသောခန္ဓာကိုယ်တစ်ခုရှိသောကြောင့်ဖြစ်သည်။သူ့ခန္ဓာကိုယ်အား ဖျက်ဆီးလိုက်ပါက သူသည် နာကျင်မှုနှင့်နေမကောင်းမှုများကို ခံစားရမည်ဖြစ်ပြီး ထပ်မံပျော်ရွှင်နိုင်တော့မည်မဟုတ်ချေ။

ထို့နောက် မကြာမီတွင် ယိုလျန်းသည် အဖိုးအိုတစ်ဦးအား တွန်းလှည်းအား တွန်း၍ ကူညီပေးနေစဉ် 'မတော်တဆမှု' ဖြင့် ကြုံတွေ့ခဲ့ရသည်။သူအား ကားတစ်စီးက ဖြတ်တိုက်သွားခြင်းဖြစ်သည်။

သူ၏ ပရဟိတသမိုင်းကြောင်းကြောင့် သူဒဏ်ရာရသွားပြီးချိန်တွင် လူများစွာက သူ့အားစေတနာ့ဝန်ထမ်းလုပ်ကာ ကူညီပေးခဲ့ကြသည်။နောက်ဆုံးတွင် ယိုလျန်းသည် မတော်တဆမှုမှအသက်ရှင်ခဲ့ပြီး စျေးသက်သာသော လက်အတုတစ်စုံကို လှူဒါန်းခံခဲ့ရသည်။

ယိုတနှင့်မကောင်းဆိုးဝါးများသည် ယိုလျန်း၏လူနာဆောင်တွင် လျှို့ဝှက်ကင်မရာများကို ပျော်ပျော်ရွှင်ရွှင်တပ်ဆင်ခဲ့ကြသည်။သူတို့သည် ယိုလျန်းအား စိတ်ပျက်လက်ပျက် ပြိုလဲသွားသည်ကို မြင်ချင်ခဲ့ကြသည်။ သို့သော် ယိုလျန်းသည် မတုန်မလှုပ်ဖြင့်တည်ငြိမ်နေပုံရသည်။ သူ့ဘဝအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ သူသည် နေရောင်အောက်တွင် ဖြည်းညှင်းစွာ ကပြနေခဲ့၏။

လူသားများသည် ရှင်သန်နေရသည့် အဓိပ္ပါယ်နှင့်မှီခိုရာတစ်ခု လိုအပ်ပေသည်။ သို့သော်လည်း ယိုလျန်း ၏ နှလုံးသားမှာ ပြည့်လျံနေခဲ့သည်။ သူသည် သူ့ကိုယ်ပိုင်သာ မှီခိုရာဖြစ်သည်။သူ ဆေးရုံမှဆင်းပြီးနောက်ယိုလျန်းသည် သနားရန်မတောင်းဆိုခဲ့ပေ။သူသည် သူ့အား လိုအပ်ချိန်၌ ကူညီပေးခဲ့ကြသူများကို ကျေးဇူးတင်ရန်အတွက် လက်မှုပစ္စည်းများဖန်တီးရန် သူ၏ 'လက်' အသစ်ကို အသုံးပြုခဲ့သည်။ မြို့ကြီးသည် ကြီးမားသော်လည်း နေမင်းကြီးသည် သူ့အပေါ်၌သာ အမြဲတောက်ပနေ၏။

ယိုတနှင့် တွန့်လိမ်နေသောမ‌ကောင်းဆိုးဝါးများသည် ရူးသွပ်သွားကြသည်။ သူတို့ကိုယ်သူတို့ သွေးထွက်လာသည်အထိ ကုတ်ခြစ်လိုက်ကြသည်။ သူတို့သည် ညဘက်တွင် အိပ်မပျော်နိုင်လောက်အောင်အထိ စိုးရွံ့နေခဲ့ကြသည်။ ဤကဲ့သို့ တစ်စုံတစ်ယောက် ရှိနေသည်ကို သူတို့ မယုံနိုင်ကြပေ။

မဖြစ်ဘူး။သူအရမ်း ပျော်ရွှင်မနေနိုင်ဘူး! ။

အမှောင်ရိပ်ထဲတွင် ယိုတနှင့်မကောင်းဆိုးဝါးများက အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာနေကြသည်။ယိုလျန်း သည် သူ့နှလုံးသားထဲတွင် တွယ်တာမှုနှင့် တာဝန်ခံမှုများမရှိသောကြောင့် အလွန်ပျော်ရွှင်နေသည်ဟု သူတို့ယုံကြည်ကြသည်။

အမှောင်ထဲတွင် မှောင်မိုက်နေသော သွေးမျက်လုံးများက တဖျတ်ဖျတ်ဖြစ်နေခဲ့ကြသည်။ယိုလျန်း၏ ရည်းစားဟောင်းနှင့်သူ့မိသားစုသည် မီးလောင်မှူကြောင့် သေဆုံးသွားခဲ့လေသည်။ယိုလျန်း၏သမီးဟု ယူဆရသော မိန်းကလေးသည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်သည်။

ယိုလျန်းသည် ရုတ်တရက်ဖခင်တစ်ယောက်ဖြစ်သွားခဲ့သည်။သို့သော် သူ့ဘဝသည် များစွာမပြောင်းလဲခဲ့ပေ။ယန်ရှီကျီးက သူ့ကို သင်ပေးခဲ့သမျှအရာအားလုံးကို သူ့သမီးအား သင်ကြားပေးခဲ့သည်။ကောင်မလေးသည် တဖြည်းဖြည်းကြီးပြင်းလာခဲ့သည်။သူမသည် လှပပြီး ချစ်စရာကောင်း၏။သူမသည် ဖခင်၏ ကောင်းမှုမှန်သမျှကို အမွေဆက်ခံခဲ့သည်။ သူမသည် အလုပ်ကြိုးစားပြီး ထက်မြက်သည်။ သူမသည် အခြားသူများကို ချစ်သည်၊ အခြားသူများက လည်း သူမကို ချစ်ကြသည်။

ယိုတနှင့် မကောင်းဆိုးဝါးများသည် အချိန်တစ်ခုအထိ ငြိမ်သက်နေခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့သည် တိုက်ခိုက်ရန် အချိန်မှန်ကို စောင့်နေသောကြောင့်ဖြစ်ပေသည်။

.......

"သူ့သမီးက မူလတန်းဒုတိယနှစ်ရောက်တဲ့အချိန်မှာ ယိုလျန်းဟာ သူ့ပျော်ရွှင်မှုကို ဆုံးရှုံးသွားခဲ့တယ် ၊ သူ့မျက်လုံး‌တွေဆီက အလင်းရောင်ဟာ ပျောက်ကွယ်သွားပြီး သူ့မျက်နှာ‌ပေါ်က အပြုံးဟာလည်း ပျောက်ကွယ်သွားခဲ့တယ် ၊ သွေးများသာ ကျန်ရစ်ခဲ့တော့တယ် "

"သူ့သမီးက ဒီကျောင်းကနေ ပျောက်ဆုံးသွားတာတဲ့ ၊ အခုဆို သူ့သမီးဘယ်မှာရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူး ၊ လူတွေသိကြတာက ယိုလျန်းဟာ သူ့အစ်ကိုရင်းယိုတကို ကိုယ်တိုင်သတ်ပစ်လိုက်ပြီး သူ့ကိုယ်သူ သတ်သေခဲ့တယ်တဲ့ ၊ သူက ဟန်သဲ့ရှုရှန်းအကယ်ဒမီရဲ့ အကြီးမားဆုံး အရှက်ရစရာဖြစ်လာခဲ့တယ် "

ယိုလျန်းဟာလည်း ယန်ရှီကျီးကို တိုက်ခိုက်ဖို့ စီတုအန်းအတွက် အကြီးမားဆုံး ကိစ္စဖြစ်လာခဲ့တယ် ၊ လူထုစစ်ဆေးမှုမှာ သူက ယန်ရှီကျီးကို ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေးခဲ့တယ် "

ကောင်းမင်နှင့် ကျိုးစီစီတို့သည် လူမှုဘဝသရုပ်‌ဖော်စမ်းသပ်ခန်းများတွင် ယိုလျန်းအကြောင်း ဆောင်းပါးများနှင့် ခွဲခြမ်းစိတ်ဖြာချက်များကို ဖတ်ရှုခဲ့ကြသည်။ အစီရင်ခံစာများသည် ယိုလျန်း၏ဘဝကို မှတ်တမ်းတင်ထားခဲ့သည်။

"သနားစရာကောင်းလိုက်တာ …"

ကျိုးစီစီ၏လက်များသည် တင်းကြပ်နေ၏။

"လက်ရှိယိုလျန်းက အရင်က ယိုလျန်းနဲ့မတူတော့ဘူး "

ကောင်းမင်သည် ဓာတ်ခွဲခန်း အဆောက်အဦးအောက်ရှိ မတူညီသော ထူးဆန်းသည့် အခန်းများကို စိုက်ကြည့်နေသည်။သူတို့သည် ယိုလျန်းဆီရောက်ရှိရန် "လူမှုဘဝစမ်းသပ်ချက်"တစ်ခုတွင် ရှင်သန်နိုင်ဖို့လိုသည်ဖြစ်ပေမည်။ယင်းအတွေ့အကြုံသည် ယိုလျန်း ၏ စိတ်ပျက်အားငယ်မှုပုံစံတူဖြစ်နိုင်ပေ၏။

All Chapters