တုံ့ပြန်မှုသုံးခု
Vol. 10 Ch. 146
ယိုလျန်းသည် ဟန်သဲ့ရှုရှန်း အကယ်ဒမီ၏ အကြီးမားဆုံးအရှက်ရစရာနှင့် အလျှို့ဝှက်ဆုံး သရဲနီတစ်ကောင်ဖြစ်သည်။သူသည် ကျောင်းစည်းမျဉ်းများနှင့်စီတုအန်းတို့ တိုက်ခိုက်ကြသည့် သော့ချက်နေရာဖြစ်သည်။
"စာရွက်အနည်းငယ်ပေါ်က တင်ပြချက်လေးတွေနဲ့ ငါတို့အများကြီး ပြောလို့မရဘူး ၊မင်းက သူဖြစ်လာတဲ့အချိန်မှသာ မင်းသူ့ကို တကယ်နားလည်လိမ့်မယ် "
ခွေးကြီးက စာရွက်များကို ကောက်ယူ၍ မျိုချလိုက်သည်။
"ဒီနေရာက အရမ်းအန္တရာယ်များတယ် ၊ ငါ မင်းကို ဝင်ပေါက်မှာ စောင့်နေမယ်လေ "
"ပြီးတော့ မင်းကို လမ်းပြဖို့ စေတနာ့ဝန်ထမ်းလုပ်ခိုင်းအောင် ငါတွေးနေတာ "
ကောင်းမင်သည် ခွေးကြီးက သူနှင့်မိတ်ဆွေများဖြစ်လာပြီးနောက် ပိုမိုပျော်ရွှင်လာပြီး စကားပြောလိုစိတ်ပိုရှိလာသည်ဟု ခံစားခဲ့ရသည်။
"ငါမင်းကို တံခါးဝမှာ စောင့်နေမယ် "
ခွေးကြီးသည် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး သူပါးစပ်ကြီးကို ကျိုးစီစီဘက် ဟလိုက်သည်။ကျိုးစီစီက သူ့အားရှောင်တိမ်းလိုသော်လည်း သူက သူမအဝတ်စကို ကိုက်ချီလိုက်ပြီး သူမအား သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။
"ငါတို့လိုမျိုး သာမန်လူတွေက အရူးလောကမှာ မပါဝင်သင့်ဘူး "
"ဒါပေမယ့် ကျွန်မက သူတို့ကို လူဆိုးတွေလို့ မမြင်မိပါဘူး "
ခွေးကြီးက သူမအားကူညီနေသည်ကို ကျိုးစီစီက သဘောမပေါက်ခဲ့ပေ။
"ကောင်းမင်ဖြစ်ဖြစ် ယိုလျန်းပဲဖြစ်ဖြစ် အခုသူတို့ ဘယ်သူလဲဆိုတာ သိအောင်လုပ်ဖို့ သူတို့မှာ တစ်ခုခုတော့ ဖြစ်လိမ့်မယ် ၊ သူတို့က ပြောင်းလဲဖို့ ဖိအားပေးခံခဲ့ရတာပဲ "
ကျိုးစီစီ၏ မသိစိတ်တွင် ကောင်းမင်သည် မြူးဇစ်ဘောက်လူသတ်သမားဖြစ်ကြောင်း သံသယရှိနေသေးသည်။သူမသည် ကောင်းမင်ကို အရှုံးပေးရန် ဖျောင်းဖျဖို့ကြိုးစားခဲ့သော်လည်း တစ်ခါမှ အခွင့်အရေးမရခဲ့ပေ။
"ငါ အရင်သွားလိုက်မယ် ၊ ပြဿနာမရှိဘူးဆိုတာ သေချာပြီးမှ မင်းတို့လိုက်လာခဲ့ "
ကောင်းမင်၏နှလုံးထဲတွင် သားစားကြူးနတ်နေထိုင်လျက်ရှိသည်။သူသည် ထူးဆန်းသောအခန်းများဆီသို့ ကော်ရစ်ဒါမှ ဂရုတစိုက်လျှောက်သွားလိုက်သည်။
မနာလိုစိတ်ကဲ့သို့ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကြောင့် ဖြစ်ပျက်ခဲ့သော အမှုများသည် လက်တွေ့ကမ္ဘာတွင် အများအပြားရှိပေသည်။ဟန်ရှန်းအကျဉ်းထောင်မှ စိတ်ရောဂါ အထူးကု ဆရာဝန်ဟောင်းတစ်ယောက် အနေဖြင့် ကောင်းမင်သည် ကမ္ဘာကြီးက မည်မျှမိုက်မဲကြောင်းကို သိရှိခဲ့သည်။ရုပ်ရှင်များစွာသည် ဖြစ်ရပ်မှန်များကို ယုတ္တိမတန်ဟု ဝေဖန်ခံရသောကြောင့် ဖြစ်ရပ်မှန်များကို သရုပ်ဖော်ဝံ့ခြင်းမရှိပေ။
ဖခင်ဖြစ်သူသည် နောက်အိမ်ထောင်ပြုပြီးနောက် သူနဲ့ဇနီးသစ်သည် သူ့ကလေးနှစ်ယောက်ကို လသာဆောင်မှ ပစ်ချခဲ့ခြင်း ၊ လူတစ်ယောက်သည် သူ့အိမ်နီးချင်း၏ စီးပွားရေးကောင်းမွန်သောမနက်စာဆိုင်လုပ်ငန်းကို မနာလိုသောကြောင့် သူ့ရွာက လူ ၄၂ ယောက်ကို အဆိပ်ခတ်သတ်ခဲ့ခြင်း ၊ ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်သည် ခြောက်နှစ်အရွယ်ကလေးတစ်ယောက်ကို လူကုန်ကူးသူများထံ ရောင်းခဲ့ခြင်း....
ကောင်းမင်သည် ထောင်ထဲတွင် သွေးထွက်သံယိုများနဲ့ တကယ့်ဖြစ်ရပ်မှန်များကို မြင်ခဲ့ရသည်။သစ်ပင်တစ်ပင်သည် အခြားအပင်ကို မနာလိုသောအခါ ပုဆိန်ဖြစ်လို၏။
"ငါသာ ဒီလိုအခြေအနေမျိုးနဲ့ကြုံရရင် ငါဘာလုပ်မလဲ "
ကောင်းမင်သည် ကော်ရစ်ဒါလမ်းအတိုင်း လျှောက်လာခဲ့သည်။ ကျောင်းကို ကိုယ်စားပြုသည့် အခန်းကို မသွားခင် သူ ခဏရပ်လိုက်သည်။
"ဒါက လူမှုဘဝစမ်းသပ်ချက်တစ်ခုပါပဲ ၊ အရာအားလုံးက အတုတွေ ၊ ပြဿနာတွေကို ဖြေရှင်းဖို့ ယိုလျန်းရဲ့နည်းလမ်းအတိုင်းလုပ်စရာမလိုဘူး ၊ ငါ့နည်းလမ်းနဲ့ပဲ ကိုင်တွယ်သင့်တယ် "
ကောင်းမင်က 'ကျောင်း'တံခါးကို တွန်းဖွင့်လိုက်သည်။အခန်းတွင် စာမေးပွဲစာရွက်များနှင့်နေ့စဉ်မှတ်တမ်းများ ကပ်ထား၏။ယိုလျန်းသည် ဟန်သဲ့ရှုရှန်းအကယ်ဒမီတွင် သူငယ်ချင်းများစွာရှိသည်။ထိုအခန်းသည် နွေးထွေးပြီး လုံခြုံပေသည်။ယိုလျန်းကလေးဘဝအချိန်က ကျောင်းအုပ်ယန်ကဲ့သို့သော လူကြီးများက သူတို့အား ကာကွယ်ပေးခဲ့ကြသည်။သို့သော်လည်း 'ကျောင်း'ဟူသည့် အခန်း၏နံရံပေါ်တွင် တိုင်ကပ်နာရီတစ်လုံး ချိတ်ဆွဲထား၏။နာရီလက်တံ ရွှေ့လျားလိုက်တိုင်း အခန်းသည် သွေးများဖြင့် မှောင်မိုက်လာသည်။
“ကျောင်းမှာ ငါသုံးနိုင်တဲ့ အချိန်က အကန့်အသတ်ရှိတယ် "
ကျောင်းရှိတိုင်ကပ်နာရီသည် အချိန်ထက်ပိုသော ကိုယ်စားပြုမှုရှိသည်။မိမိ၏ငယ်ဘဝကိုလည်း ကိုယ်စားပြုနိုင်သည်။ လူတစ်ယောက်သည် မည်မျှပင် မလိုလားစေကာမူ ကြီးပြင်းလာရမည်ဖြစ်သည်။ သွေးများက အခန်းတွင်း ပျံ့နှံ့သွားသည်။ဒိုင်ယာရီများနှင့်စာရွက်များတွင် သွေးများစွန်းထင်းနေကြသည်။ယင်းတို့သည် သွေးနီရောင်နှင်းများကဲ့သို့ အခန်းအတွင်းပလူပျံနေ၏။ ကောင်းမင်သည် နောက်ဆုံးအချိန်ကိုသုံး၍ ဒိုင်ယာရီများကိုဖတ်ရှုလိုက်သည်။ယိုလျန်းသည် စိတ်ရှုပ်၍ စိတ်ဓာတ်ကျနေမည်ဖြစ်ကြောင်း သူနားလည်မိသည်။
သို့သော်လည်း ထိုခံစားချက်များ မြင့်မားလာသည့်အချိန်တိုင်း လူကြီးများသည် သူ့အား အနွေးထွေးဆုံးပွေ့ဖက်၍ အလင်းရောင်ဆီသို့ လမ်းပြခဲ့ကြမည်ဖြစ်သည်။နောက်ဆုံးဒိုင်ယာရီကိုဖတ်ပြီးနောက်၊ 'ကျောင်း' အခန်းသည် သွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ ကောင်းမင်အခန်းထဲမှ ထွက်လိုက်ရာ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ကားများ လူများသည် နေရာအနှံ့ပင်။လူမှုဘဝစမ်းသပ်ချက်အခန်းများသည် အဆောက်အဦးအစစ်များဖြစ်လာကြသည်။သူသည် ဟန်သဲ့ရှုရှန်းအကယ်ဒမီမှ ထွက်ခွာလာပြီး လက်တွေ့လောကထဲ ပြန်ရောက်လာပုံရသည်။
"ဒါက နာကြည်းခြင်းအခန်းလား ၊ သရဲအိမ်လား ဒါမှမဟုတ် သေမင်းအဆောက်အအုံလား "
"ငါ ရေလွှမ်းမိုးမှုအိမ်မက်ဆိုးထဲ ရောက်သွားရသလို ခံစားချက်မျိုးပါပဲ ၊ ငါက အခု ယိုလျန်းရဲ့ အိမ်မက်ဆိုးထဲမှာ ဖြစ်ရမယ် ၊ သရဲနီတွေရဲ့ အိပ်မက်ဆိုးကြီးကို ပြန်လည်တည်ဆောက်နိုင်တယ်ဆိုတဲ့ အပေါ်မှာ သူတို့သုံးယောက်ကြား ကွာခြားချက်ရှိသလား "
"ယိုလျန်း! "
မျက်ပေါက်ကျဉ်းကျဉ်းဖြင့် ဖက်တီးတစ်ယောက်သည် ဘတ်စ်ကားမှတ်တိုင်အပြင်ဘက်ပြေးထွက်လာ၏။သူသည် ရောင်စုံရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။
"ငါက မင်းရဲ့အစ်ကိုကြီး ယိုတပါ ၊ အမေနဲ့ အဖေက မင်းကို ဟိုးနှစ်တွေကတည်းက လွမ်းနေကြတာ ၊ လာပါ ၊ ငါမင်းကို သူတို့နဲ့တွေ့ဖို့ ခေါ်သွားပေးမယ် ! "
ဖက်တီးသည် ကောင်းမင်ကို ဖမ်းဆွဲလိုက်၍ အဝေးကို ခေါ်သွားချင်သော်လည်း ကောင်းမင်က သူ့လည်ပင်းကို နောက်ကနေ ဆုပ်ကိုင်လိုက်သည်။
"သူတို့က ငါ့ကို ဘာလို့မွေးကတည်းက စွန့်ပစ်ခဲ့ဆိုတာ သိလား "
"ငါတို့ ဒါကို ဆေးရုံရောက်မှ ဆက်ပြောကြမယ်လေ အိုကေလား ၊ အမေနဲ့ အမေက သူတို့ရဲ့ဆုံးဖြတ်ချက်ကို နောင်တရနေကြပြီးကတည်းက ငိုနေကြတော့တာ "
ယိုတသည် ပုံပြောကောင်းသူတစ်ယောက်ဖြစ်ပေသည်။ ကောင်းမင်သည် ယိုတ၏ မျက်နှာကို စိုက်ကြည့်ကာ ပါးရိုက်ရန် သူ့လက်ကို ရုတ်တရက် မြှောက်လိုက်သည်။
ထိုပါးရိုက်ခြင်းသည် အနီးအနားရှိ လမ်းသွားလမ်းလာများကို ရပ်တန့်စေခဲ့သည်။ယိုတက သူ့မျက်နှာကိုအုပ်လိုက်ပြီး သူ့လက်ကို လွှတ်လိုက်သည်။ကောင်းမင်သည် သူ့လက်ငါးချောင်းကိုစိုက်ကြည့်ရင်း မျက်လုံးများကျဉ်းမြောင်းသွား၏။သာမာန်အားဖြင့်တော့ သူသည် ထပ်မံပါးရိုက်လိမ့်မည်မဟုတ်ချေ။ သို့သော်လည်း သူတစ်ခုခုကို အမှန်တကယ်ဆိုးရွားစွာ လုပ်ချင်သောအခါတွင် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်မှု အားနည်းသွားပေလိမ့်မည်။
"ရှရန်လည်း သူ့ကို ပါးရိုက်ချင်နေတာလား "
ညီအစ်ကိုနှစ်ဦးတွေ့ဆုံပွဲသည် ဘတ်စ်ကားမှတ်တိုင်တွင် ပါးရိုက်ခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။
ယိုတသည် သူ့ခြေထောက်များကြားမှ အမြီးကုတ်ကာ ထွက်ပြေးသွားသည်။ ကောင်းမင်က ဆေးရုံမသွားခဲ့ပေ။ သူသည် အလင်းရောင်၊ သွေးမြူမှုန်များဖြင့် မြို့အနှံ့ လှည့်လည်သွားလာလိုက်သည်။
အချိန်မည်မျှကြာသည်မသိ လူများက သူ့ကို ထူးဆန်းစွာ ကြည့်လာကြသည်။ သူတို့က သူ့အား လက်ညှိုးထိုးပြပြီး ကြောက်စရာကောင်းတဲ့ နာမည်များ ခေါ်ဝေါ်နေကြသည်။ သူသည် ဖျားနာနေသည့် မိဘများကို သေသည်အထိ ဒေါသထွက်စေခဲ့သည်ဟုဆို၏။
ကောင်းမင်သည် လမ်းသွားလမ်းလာတစ်ဦးထံမှ ဖုန်း'ငှား'လိုက်ပြီး လိုင်းပေါ်တက်ကြည့်လိုက်သည်။မြို့နေလူထု၏မှတ်ချက်များသည် ခြောက်ခြားဖွယ်ရာဖြစ်သည်။သို့သော်လည်း ယိုလျန်းအတွက် ကူပြောပေးသည့် ကျိုးကြောင်းဆင်ခြင်တတ်သော မြို့ခံတချို့ရှိနေသေးသည်။သူ့မိဘတွေက သူ့ကို စွန့်ပစ်ခဲ့တယ်။ ယိုလျန်းက သူတို့ကို စောင့်ရှောက်ပေးဖို့ ဘာကြောင့် တောင်းဆိုသင့်တာလဲ။
သေချာတာပေါ့ ယင်းအသံများသည် ကောင်းစွာ ဆဲဆိုကြိမ်းမောင်းခံခဲ့သည်။
" တိုးမြင့်လာတဲ့ဇာတ်လမ်းကို ငါမတားဆီးနိုင်သေးဘူး "
ကောင်းမင်သည် ယိုတ၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် အင်တာဗျူးများကို အင်တာနက်ပေါ်တွင် တွေ့လိုက်ရသည်။ ယိုတသည် ၎င်းတို့အားလုံးထဲတွင် လောဘကြီးသော ဝက်တစ်ကောင်နှင့်တူ၏။
"ဒီကိစ္စကို စက်ဆုပ်စရာကောင်းတယ်လို့ ငါမခံစားရတာ ထူးဆန်းနေသလား "
"ကြည့်ရတ မင်းယိုတကို အခုသွားသတ်သင့်တယ်၊ အဆုံးသတ်ကို ဆုံးဖြတ်ထားပြီးသားမို့ သူ့ကိုစောစောသတ်လိုက်ရင် လူတွေကို ပိုကယ်နိုင်လိမ့်မယ် "
ရှရန်၏အသံက ရုတ်တရက်ထွက်ပေါ်လာ၏။ယင်းအသံသည် သူ့စိတ်ထဲမှ ထွက်ပေါ်လာကြောင်း ကောင်းမင် အတည်ပြုနေသည်။
"အနုပညာဆရာမက ဆရာရှကို လုံလုံလောက်လောက် ဖိအားမပေးနိုင်ဘူး ထင်ပါရဲ့ "
ကောင်းမင် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။သူသည် ကျိန်ဆဲသံများကို လျစ်လျူရှု၍ မြို့တစ်လျှောက် တစ်ကိုယ်တည်းသွားလာနေလိုက်သည်။သူ့ပတ်ဝန်းကျင်ကလူများကို ကူညီခဲ့ပြီး သူတတ်နိုင်သမျှ စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့သည်။ကောင်းမင်အား လူကိုယ်တိုင်တွေ့ဖူးသူတိုင်းက ချီးကျူးခဲ့ကြသော်လည်း အင်တာနက်ပေါ်တွင်မူကား အသက်ရှင်ခဲ့သမျှ အကြီးကျယ်ဆုံး မကောင်းဆိုးဝါးအဖြစ် ပုံဖော်ခံခဲ့ရသည်။
"မြို့ထဲက လူတိုင်းက ငါ့ကို လူကောင်းလို့ ထင်နေကြတာပဲ ၊ ငါ့ကို ကျိန်ဆဲနေတာ ဘယ်သူလဲ "
ကောင်းမင်သည် ယိုလျန်း၏ဘဝကို ကူးချနေခြင်းဖြစ်သည်။အိမ်မက်ဆိုးသည် ပျော်ပွဲစားတစ်ခုဟု ခံစားရသည်။သူဒီလိုပြုမူလေလေ ပိုမုန်းတီးကြလေလေဖြစ်သည်။ ကောင်းမင်သည် သူ၏ ရိုးရှင်းပြီး ပျော်ရွှင်စရာကောင်းသော ဘဝနေထိုင်မှုကို နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်ရန် ဖုန်းဝယ်ခဲ့သည်။ထိုအရာက ထို မကောင်းဆိုးဝါးများကို ပို၍ပင်ဒေါသထွက်စေပြီး ရှုံ့မဲ့နေကြသည်။
အနီရောင်မြူများသည် မြို့ကြီးအားဆူပွက်စေသည်အထိ ဖုံးလွှမ်းနေခဲ့သည်။ ကောင်းမင်သည် အပျက်သဘောဆောင်သည့် ခံစားချက်များကို ဖုံးကွယ်မထားပေ။ သူသည် ဝန်ထုပ်ဝန်ပိုးကင်းရှင်းစွာ နေထိုင်ခဲ့သည်။သူ အချိန်ရသောအခါ သူတိုက်ရိုက်ထုတ်လွှင့်မှုတွင် ယိုတအား ဧည့်သည်အဖြစ်ဖိတ်ခေါ်၍ ရန်စလေ့ရှိသည်။ထိုနည်းလမ်းမှသဖြင့် သူသည် ယိုတအား လူကြိုက်နည်းသွားစေခဲ့သည်။
အရိပ်ထဲမှ မကောင်းဆိုးဝါးများသည် သူတို့အစွယ်များဖြင့် ဒေါသတကြီး အံကြိတ်နေကြသည်။သို့သော်လည်း ကောင်းမင်တွင် အပြစ်အနာအဆာမရှိတာကိုသူတို့ သတိပြုမိခဲ့သည်။ ဆဲဆိုကြိမ်းမောင်းခြင်းသည် မလုံလောက်ပေ။
နားမလည်နိုင်သော ငြူစူမှု၊ မနာလိုမှုနှင့် မုန်းတီးမှုများသည် ကောင်းမင်အတွက် အဖိုးတန်သည့်အရာများကို ဖျက်ဆီးရန် မကောင်းဆိုးဝါးများကို အတင်းအကြပ်ပြုမူစေခဲ့သည်။သို့သော် သူတို့သည် ကောင်းမင်အတွက် တန်ဖိုးရှိသော အရာများကို ရှာမတွေ့ခဲ့ကြပေ။သူသည် သူ့စိတ်ဝိဉာည်ကမ္ဘာကြီးကိုသာ ဂရုစိုက်ပေသည်။သူတစ်ယောက်တည်း ဖြစ်နေလျှင်ပင် ပျော်ရွှင်သောအချိန်ရှိနေဦးမည်ဖြစ်သည်။
မကောင်းဆိုးများက သူတို့ကြားဆက်သွယ်ကြတော့သည်။မကောင်းသောအပင်တို့သည် အသီးကိုသီးတတ်၏။ ယိုတသည် ကောင်းမင်အကြောင်းလုံလုံလောက်လောက်သိသည်။ သူသည် သူ့အား စကားပြောဖို့ ဖိတ်ခေါ်ခဲ့သည်။ သူတို့ ပြန်တွေ့ကြသောအခါ ကောင်းမင်သည် ယိုတအတွက် သူအသင့်ပြင်ဆင်ထားသော သောက်စရာကို လဲလှယ်ပေးလိုက်သည်။ပထမတော့ ကောင်းမင်သည် ကြင်နာစွာဖြင့် လုပ်ခဲ့ခြင်းဖြစ်သည်။ ယိုတ၏ အသံအိုးများ ပျက်စီးသွားပြီး သူ့အသက်ကိုကယ်တင်ရန် ခွဲစိတ်မှုလိုအပ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ယိုတသည် ရွှေအဖြစ်လာ၏။
ထိုအရက်သည် တရားဝင်အိပ်မက်ဆိုးကို စတင်ခဲ့ခြင်းဖြစ်သည်။ လူများ အယောင်ဆောင်မှုနှင့်လိမ်ညာမှုများ ကွာကျလာခဲ့သည်။ ယခင်က သူကူညီခဲ့ဖူးသော လူအချို့သည် သူ့အား အွန်လိုင်းပေါ်တွင် ကြိမ်းမောင်းနေကြမှန်း သူသိလိုက်ရသည်။
ယိုတနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောမကောင်းဆိုးဝါးများ၏ ကောင်းမင်အပေါ်မုန်းတီးမှုသည် စိတ်ပိုင်းဆိုင်ရာနယ်ပယ်ကို ကျော်လွန်သွားခဲ့သည်။ယိုတသည် ရုပ်ပိုင်းဆိုင်ရာ လက်စားချေမှုကို စတင်ခဲ့သည်။ မကောင်းဆိုးဝါးများသည် ကြောက်စရာကောင်းသည့် အစီအစဥ်များဖြင့် ရောက်လာကြသော်လည်း ကောင်းမင်သည် ယိုလျန်း မဟုတ်ပေ။'မတော်တဆ' ပြီးနောက် ယိုတသည် ဒုက္ခိတဖြစ်လာ၏။ယိုလျန်းအဖြစ် သရုပ်ဆောင်နေသော ကောင်းမင်က ယိုတကို စောင့်ရှောက်ခဲ့သည်။ ယိုတ၏ အိမ်စောင့်အဖြစ် သူ၏နေ့ရက်များကိုပင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ သူသည် အရင်ကထက် ပိုပျော်ရွှင်နေပုံရလေသည်။
မြို့တော်ရှိ သွေးမြူများသည် လူအများ၏မျက်စိများကို ကန်းသွားစေခဲ့သည်။ကောင်းမင်သည် ပျော်ရွှင်မှု၏ အနှစ်သာရမှ လမ်းလွဲနေခဲ့ပြီဖြစ်သည်။ သူသည် သူ့နှလုံးသားကို လိုက်နာနေရုံသာဖြစ်သည်။ မကောင်းဆိုးဝါးလှိုင်းလုံးကြီးရောက်လာသောအခါ၊ သူသည် သူနှင့်ရှရန်၏ယုတ်မာသောဆန္ဒဖြင့် ချက်ချင်းပြန်တိုက်ခိုက်သည်။ မကောင်းဆိုးဝါးမျာက ကောင်းမင်ကိုသတ်ချင်လာသောကြောင့် ကောင်းမင်သည် ရှရန်၏ရဲ့ ပန်းချီကားများကို ရေးဆွဲရန် သူတို့အိမ်များထံ အပြေးသွားလိုက်သည်။လောကကြီးသည် မကောင်းမှုကို ရပ်တန့်ရန် မကောင်းမှုကို အသုံးပြုသောအခါ ၎င်းသည် ပြိုကွဲပျက်စီးရန် သိပ်မဝေးကွာလှတော့ပေ။
သတ်ဖြတ်ခြင်းသည် မျဉ်းတစ်ကြောင်းဖြစ်ပြီး ဖြတ်ကျော်ပြီးသည်နှင့် ထပ်မံ၍ ဆွဲနှုတ်၍မရနိုင်တော့သော မျဉ်းတစ်ကြောင်းဖြစ်သည်။ ယိုလျန်းအတွက် သူ၏အဆုံးသတ်သည် အတင်းအကြပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရှရန်သည် အခြားရွေးချယ်မှုများကို တစ်ခါမှ မစဉ်းစားခဲ့ပေ။
အိမ်မက်ဆိုးသည် ကောင်းမင်မှတဆင့် ရှရန်၏ ပါးရိုက်သံတစ်ချက်ဖြင့် သက်ရောက်ခံလိုက်သောအခါ အိပ်မက်ဆိုးသည် သူ့ပန်းတိုင်မှ လမ်းလွှဲသွားခဲ့သည်။ လူမှုဘဝစမ်းသပ်ချက်သည် လူသတ်ပွဲဖြစ်လာ၏။ပြဿနာမှာ ကောင်းမင်ဖြစ်ပြီး ရှရန်သည် အပြင်းထန်ဆုံးသော အခြေအနေများကို ကျော်ဖြတ်နိုင်ခဲ့သည်။
လူအုပ်ကြားတွင် ကိုယ်ယောင်ဖျောက်ထားသော မကောင်းဆိုးဝါးများသည် ကောင်းမင်ကို ဖျက်ဆီးလိုကြသည်။ရှရန်၏လွှမ်းမိုးမှုအောက်တွင် Gao Ming သည် သူ၏အတွင်းစိတ်ကို လွတ်မြောက်စေပြီး သူ့သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာနေထိုင်ခဲ့သည်။
နောက်ဆုံးတွင် ကောင်းမင်နှင့်ရှရန်တို့၏ ခြေရာလက်ရာများဖြင့် တစ်မြို့လုံးကို ဖုံးလွှမ်းသွားခဲ့သည်။ သူသည် အိပ်မက်ဆိုးများ ပြီးဆုံးသည်အထိ သွေးစွန်းမြို့၌ ပုန်းအောင်းနေခဲ့သည်။မြူခိုးများ ပြန့်ကျဲသွားသောအခါ မငြင်းဆန်နိုင်သော အင်အားတစ်ခုက ကောင်းမင်ကို တွန်းထုတ်ပစ်လိုက်သည်။ကမ္ဘာကြီးသည် ပြိုကျသွားပြီး ပြန်လည်တည်ဆောက်နေခဲ့သည်။ကောင်းမင် မျက်လုံးများဖွင့်လိုက်သောအခါ သူသည် 'ကျောင်း'အခန်း၏တံခါးဝတွင် ထိုင်နေကြောင်း သိလိုက်ရသည်။သူ့အင်္ကျီအား သွေးစွန်းလက်တစ်ဖက်က ဖမ်းဆွဲထားခဲ့သည်။
"ငါက အိမ်မက်ဆိုးထဲက ဆွဲထုတ်ခံလိုက်ရတာလား "
ကောင်းမင် လှည့်ကြည့်လိုက်သည်။သန့်ရှင်းဖြူစင်သော လူငယ်တစ်ဦးကို သူမြင်လိုက်ရသည်။ သူသည် အထူးချောမောခြင်းမရှိသော်လည်း သူ့ပတ်ဝန်းကျင်ရှိလူများကို သက်တောင့်သက်သာဖြစ်စေ၏။သူသည် နေရောင်အောက်ရှိ နှင်းပုံတစ်ပုံကဲ့သို့ဖြစ်သည်။သူသည် သလင်းကျောက်ကဲ့သို့ သန့်စင်ကြည်လင်နေပြီး အပြစ်အနာအဆာများမရှိပေ။
"ယိုလျန်းလား "
လူမှုဘဝစမ်းသပ်ချက်အခန်းထဲမှ အမျိုးသမီးတစ်ယောက်ငိုသံ ပဲ့တင်ထင်နေ၏။လူငယ်လေးသည် ကောင်းမင်အား ကျိုးစီစီဘေး ရွေ့လျားစေလိုက်သည်။ကောင်းမင် အိမ်မက်ဆိုးထဲ နစ်မြှုပ်သွားသောအခါ ကျိုးစီစီနှင့်ခွေးကြီးသည်လည်း ဆွဲခေါ်ခံလိုက်ရသည်။သူတို့သုံးယောက်သည် လုံးဝကွဲပြားနေသည့် တုန့်ပြန်မှုသုံးမျိုးရှိနေလေသည်။
ကောင်းမင်သည် အပြင်းထန်ဆုံး ခုခံနိုင်မှုကို ရွေးချယ်ခဲ့သည်။ ကြင်နာမှုကို လက်မခံသောကြောင့် မကောင်းမှုကို ရွေးချယ်ခဲ့သည်။ရှရန်၏အကူအညီဖြင့် သူတို့သည် အိပ်မက်ဆိုး၏ရန်သူအသစ်ဖြစ်လာလုနီးပါးဖြစ်ခဲ့သည်။
ခွေးကြီးသည် တိတ်ဆိတ်ခြင်းကို ရွေးချယ်ခဲ့သည်။ မျက်မမြင်လူသည် အိပ်မက်ဆိုးထဲတွင် သူ့သားမွေးများကို ခါချ၍ သူ၏စစ်မှန်သော မိမိကိုယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် အလင်းထဲသို့ပြန် လျှောက်သွားခဲ့သည်။ စွပ်စွဲချက်များကို ရင်ဆိုင်ရင်း သူသည် နှုတ်ဆိတ်စွာ တုံ့ပြန်ခဲ့ပါသည်။ သူဘာကိုမှဝင်မစွတ်ခဲ့ပေ။သူသည် တိတ်တိတ်ဆိတ်ဆိတ်သာနေထိုင်၍ တိတ်တိတ်ဆိတ်ဆိတ်သာ သေဆုံးသွားခဲ့သည်။
ကျိုးစီစီ၏ အကျင့်စရိုက်သည် ယိုလျန်းနှင့် အလွန်ဆင်တူသည်။ သူမသည် မည်သူတစ်ဦးတစ်ယောက်ကဲ့သို့ ပြုမူရန်မကြိုးစားသော်လည်း သူမ၏ အဆုံးသတ်သည် ယိုလျန်းနှင့်တူလုနီးပါးဖြစ်သည်။သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ယိုလျန်းသည် ယန်ရှီကျီး၏တံဆိပ်ကိုမြင်ပြီး ကျိုးစီစီကိုခေါ်ထုတ်သွားခဲ့သည်။
နောက်ဆုံးစိတ်ပျက်အားငယ်မှုကို မခံစားခဲ့ရသော်လည်း ကျိုးစီစီသည် ကြီးမားသောနာကျင်မှုကို ခံစားခဲ့ရသည်။ သူမသည် မြေပြင်ပေါ်တွင် ခွေခွေလေးလဲနေရင်း ကိုယ့်ကိုယ်ကို ပွေ့ဖက်၍ ငိုကြွေးနေခဲ့သည်။
"မင်းတို့ သုံးယောက်မှာ ကျောင်းအုပ်ယန်ရဲ့ ကောင်းချီးတွေ ရှိတယ် ၊ မင်းတို့က သူ့တပည့်နှစ်ယောက်လား"
လူငယ်သည် သူတို့ရှေ့တွင် ထိုင်နေခဲ့သည်။သူ့မျက်လုံးများသည် ကျောင်းသားကောင်စီတံဆိပ်ထံမှ ကောင်းမင်၏မျက်နှာဘက် လှည့်သွားသည်။
"မင်းကဘာလို့ ဝမ်းနည်းနေပုံ မပေါ်ရတာလဲ "