စစ်ကူ
Vol. 10 Ch. 147
"ကျွန်တော့်နှလုံးသားက ငိုကြွေးနေပါတယ် ဒါပေမယ့် ခင်ဗျားဒါကို မမြင်နိုင်ဘူး "
ကောင်းမင်သည် ယန်ရှီကျီးရေးပေးလိုက်သောစာအား ယိုလျန်းကို ပေးလိုက်သည်။သူ့ရှေ့ရှိ ကြောက်စရာကောင်းသော သရဲနီကြီး၏ လုပ်ရပ်တိုင်းကို သူစူးစမ်းနေ၏။ လူတိုင်းကြောက်ကြရသည့် သရဲနီကြီးသည် သူ့မျက်လုံးထဲတွင် နွေးထွေးများသာရှိသည်။
ယန်ရှီကျီး၏ စာတွင် သူမ၏ စိုးရိမ်ပူပန်မှုတို့ကို သယ်ဆောင်ထားသည်။သူမသည် သူမ၏ကလေးများကို မိမိကိုယ်ကို မပျောက်ဆုံးစေရန်မျှော်လင့်သည်။လောကတွင် ကောင်းတဲ့ဘဝအား အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ များစွာရှိသည်။ကောင်းမင်၏ မျက်လုံးထဲတွင် ယိုလျန်းသည် စွမ်းဆောင်နိုင်ခဲ့သည်။
အခန်းအလယ်တွင် ထိုင်နေသော ယိုလျန်းသည် လူမှုဘဝစမ်းသပ်ချက်၏ အဓိကဇာတ်ကောင်ဖြစ်ခဲ့သည်။ကောင်းမင်သည် ယိုလျန်း၏စွမ်းအားကို မသိရသေးချေ။ယိုလျန်းသည် သူနှင့် ကျိုးစီစီကို အိပ်မက်ဆိုးမှ အလွယ်တကူ ဆွဲထုတ်နိုင်ပြီး ကိုယ့်ကိုယ်ကို အမှန်ဖော်ထုတ်ရန် ခွေးကြီး၏အသွင်အပြင်အား ဖယ်ရှားပစ်နိုင်သည်ကို သူသိသည်။
"ယိုလျန်းရဲ့ စွမ်းအားက လူသားအနှစ်သာရနဲ့ သက်ဆိုင်တယ်...”
ရုတ်တရက်ကောင်းမင်၏လက်အား လူတစ်ယောက်က ဖမ်းဆုပ်လိုက်သည်။သူလှည့်ကြည့်လိုက်ရာ ကျိုးစီစီဖြစ်နေ၏။သူမ၏အခြေအနေက ပိုကောင်းလာသော်လည်း အလွန်ကြောက်ရွံ့နေဆဲဖြစ်သည်။ယိုလျန်း၏အကျင့်စရိုက်အား အတိုင်းအတာတစ်ခုထိ ဝေမျှခဲ့သောလူသည် အရာအားလုံးကို ခံစားခဲ့ရပေမည်။အပျက်သဘောဆောင်သောလောက၏ ဝါးမြိုခံလိုက်ရချိန်တွင် သူမသည် သာမန်လူတစ်ယောက်၏ အကူအညီမဲ့မှုကို ပြည့်စုံစွာပြသခဲ့သည်။
ကောင်းမင်က လက်ကိုင်ပုဝါတစ်ခုကို ထုတ်၍ သူမနူတ်ခမ်းထောင့်ရှိ ငရုတ်ဆီများကို သုတ်ပေးလိုက်သည်။အချိန်တချို့ ကုန်လွန်သွားသောကြောင့် သူမအရေပြားပေါ်ရှိ ငရုတ်ဆီကား ခြောက်သွားပြီဖြစ်သည်။သူက အကြိမ်ရေအနည်းငယ် သုတ်လိုက်သော်လည်း အစွန်းအထင်းအား ဖယ်မရပေ။
"ကျေးဇူးပါပဲ "
ကျိုးစီစီသည် လက်ကိုင်ပုဝါကို ယူ၍ မျက်ရည်များပြည့်နေသော သူမမျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။သူမသည် သိပ်စဉ်းစားမနေဘဲ မျက်ရည်များသုတ်ရန် လက်သုတ်ပုဝါကို သုံးလိုက်၏။ သို့သော် ငရုပ်ဆီသည် သူမမျက်လုံးတွင် တွဲလွဲခိုနေသဖြင့် သူမကို ပိုငိုစေခဲ့သည်။
"ငါတို့ သုံးယောက်ဟာ လူမှုဘဝစမ်းသပ်ချက်ကို တွေ့ကြုံဖို့ မတူညီတဲ့နည်းလမ်းသုံးခုကို သုံးခဲ့ကြတယ် ၊ ဒါပေမယ့် ဒီစမ်းသပ်ချက်က မပြီးသေးဘူး ၊ အချက်အလက်တွေက စမ်းသပ်မှုက အစပဲရှိသေးတယ် "
ကျိုးစီစီသည် ပြင်းပြင်းထန်ထန်ငိုနေသည်ကိုမြင်သောကြောင့် သို့မဟုတ် သူမသည် သူနှင့်တူညီသော ရွေးချယ်မှုများစွာပြုလုပ်ခဲ့သောကြောင့် ယိုလျန်းသည် သူမ၏ အနီရောင်တံဆိပ်ကို လက်ဆန့်၍ ပြင်ဆင်ပေးလိုက်သည်။တံဆိပ်ကို ယိုလျန်းထိလိုက်ပြီးနောက် အနီရောင်ကျောင်းသားကောင်စီတံဆိပ်သည် ကျိုးစီစီအား နာကျင်စေခြင်းမပြုတော့ပေ။ယင်းသည် သူမ၏အစိတ်အပိုင်းတစ်ခုဖြစ်လာပုံရသည်။
"စီနီယာ ၊ ဓာတ်ခွဲခန်းအဆောက်အဦးအောက်မှာ ဘာတွေဖုံးကွယ်ထားတာလဲ ၊ ကျောင်းအုပ်ယန်ဆီကနေ ကျောင်းကို သိမ်းပိုက်ဖို့ အဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်နေကြတော့ အဲ့နေရာက အများကြီးတန်ဖိုးရှိတယ်ထင်တယ် "
သူတို့၏ မွေးနေ့အများအရ ယိုလျန်းသည် ကောင်းမင်ထက် အမှန်တကယ်အသက်ကြီးသည်။
ယိုလျန်းသည် ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။သူ့ကို အဖြေပေးရမည့်အစား မေးခွန်းတစ်ခု ပစ်လွှတ်လိုက်သည်။
"မင်း နာကျင်ခံစားပြီးတော့ အသက်ရှင်ချင်လား ဒါမှမဟုတ် ပျော်ရွှင်ပြီး သေချင်သလား "
"ကျွန်တော် နှစ်သက်တဲ့သူတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်"
ကောင်းမင်က တတိယမြောက်အဖြေကို ပေးလိုက်သည်။
ယိုလျန်းသည် အနီရောင်အခန်းထဲသို့ အကွာအဝေးတစ်ခုအထိ လျှောက်သွားလိုက်သည်။
"နာကျင်မှုတွေနဲ့ အသက်ရှင်ချင်တယ်ဆို မင်းဆက်သွားပါ ၊ ပျော်ရွှင်မှုတွေနဲ့ သေလိုတယ်ဆိုရင်တော့ အခုနောက်ပြန်လှည့်လိုက်ပါ ၊ ဆရာမယန်ကိုယ်စား ဒီလေးနက်တဲ့ဆုံးဖြတ်ချက်အတွက် မင်းကိုငါ အချိန်ပိုပေးလိုက်မယ် ၊ မင်းတကယ်အဆင်သင့်ဖြစ်တဲ့အခါ ပြန်လာခဲ့ပါ ၊ နောက်တစ်ခါ မင်းတို့သုံးယောက်ကို ငါတားမှာမဟုတ်ဘူး"
ယိုလျန်းသည် လူမှုစမ်းသပ်ခန်းထဲ ပျောက်ကွယ်သွားပြီး သူတို့ဝန်းကျင်ရှိ အခန်းများသည် ပုံမှန်အဖြစ်ပြောင်းလဲသွားခဲ့သည်။
"ကောင်းမင် ငါတို့ဆက်သွားဖို့ လိုလို့လား"
ကျိုးစီစီသည် ကောင်းမင်၏ အင်္ကျီစကို ကိုင်ထား၏။ သူမကြည့်ရသည်မှာ ခါးသီးနေပုံရသည်။
"ယိုလျန်းက ငါတို့အဖြေပေးခဲ့ပြီးပြီလေ "
ကောင်းမင်က အပြုံးတစ်ခု ထုတ်ဖော်လိုက်သည်။
"နောက်တစ်ကြိမ် ငါတို့ဒီကိုပြန်လာတဲ့အချိန်ကျရင် ရန်သူတွေကို ငါတို့နဲ့အတူ ခေါ်လာလို့ရတယ် ၊ ငါတို့ရန်သူတွေက အိမ်မက်ဆိုးထဲ ပိတ်မိနေတဲ့အချိန်မှာ ငါတို့ မြေအောက်ခန်းဒုတိယထပ်ကို အောင်အောင်မြင်မြင်ရောက်နေလောက်ပြီ ၊ ဆိုလိုတာက ငါတို့မှာ နောက်ထပ်ဝှက်ဖဲတစ်ချပ်ရှိလာတာပေါ့ ၊ ကျောင်းရဲ့ ကြောက်စရာအကောင်းသရဲနီကြီးက ငါတို့အတွက်အလုပ်လုပ်ပေးနေတာ ခံစားချက်ကောင်းတစ်ခုပဲ "
"သူအဝေးကြီး ရောက်နေပြီလို့ ငါတော့မထင်ဘူးနော် "
ကျိုးစီစီက နားမလည်ခဲ့ပေ။သူမသည် ကောင်းမင်မျက်နှာကိုသာ ဆက်ကြည့်နေ၏။
"ငါတို့ လူမှုရေးစမ်းသပ်ချက်အတူတူကိုပဲ ကြုံတွေခဲ့ရတာလား ၊ နင်ပျော်နေတယ်လို့ ငါဘယ်လိုခံစားနေရတာလဲ "
"ငါက ပြုံးနေတယ်လို့ ထင်ရပေမယ့် ငါ့နှလုံးသားထဲမှာ မျက်ရည်တွေအားလုံးရှိတယ် ၊ ငါအများကြီး ကြုံတွေ့ခဲ့ရပြီးပြီ "
ကောင်းမင်သည် သူမအား ဝတ်ကြေတန်းကြေပြန်ဖြေလိုက်ပြီး ခွေးကြီး၏လည်ပင်းကို ပွေ့ဖက်လိုက်သည်။
"သွားကြစို့ ၊ ငါတို့ ကျောင်းအုပ်ယန်ကို သွားရှာကြမယ် ၊ ငါ့အစ်ကိုကြီးက နောက်ဆုံးတော့ သူ့နှလုံးသားကိုဖွင့်ဟလိုက်ပြီ ၊ သူ့ကို အရင်ကလိုမျိုး စိတ်ပျက်အားငယ်ပြီး နာကျင်ခံစားနေရတာမျိုး ငါထပ်ဖြစ်ခွင့်မပေးနိုင်တော့ဘူး "
ကောင်းမင်သည် မည်သည့်အရာကိုမှ ဂရုမစိုက်ပုံပေါ်သည်။သို့သော် သူသည် စိတ်ပညာရှင်တစ်ယောက်အနေဖြင့် သူ့ပတ်ဝန်းကျင်ရှိ "လူ"များကို အခြားသူများတွေးနိုင်သည်ထက် ပိုဂရုစိုက်ပေသည်။
ကျိုးစီစီသည် ခွေးကြီး၏ ထူးဆန်းသော တုံ့ပြန်မှုကို သတိမထားမိသော်လည်း Gao Ming က သိပြီးနေပြီဖြစ်သည်။ ထို့ကြောင့် သူထွက်သွားရန် ရွေးချယ်လိုက်သည်။သူသည် ခွေးကြီးအား နာကျင်မှုကြိုးကွင်းများထဲ ပြန်မကျဆင်းချင်ပေ။ ကောင်းမင်က ခြေဖျားထောင် ရပ်လိုက်ပြီး ခွေးကြီး၏ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့ခန္ဓာကိုယ်အား ခွေးကြီးပေါ်မှီလိုက်သည်။
"အိမ်မက်ဆိုးက ပြီးသွားမှာပါ "
သုံးယောက်သား အပေါ်ပြန်တက်လာကြ၏။သူတို့သည် ဒုတိယထပ်ရှိ အနုပညာအခန်းကို ဖြတ်ကျော်လာကြသောအခါ ကော်ရစ်ဒါတွင် သွေးထွက်သံယိုဖြစ်ပွားခဲ့သည့် ခြေရာလက်များရှိနေကြောင်း သတိထားမိလိုက်ကြသည်။အကယ်၍ ကျောင်းသားတစ်ယောက်ယောက်သည် ထိုကဲ့သို့ လုပ်ဝံ့ပါက မိဘခေါ်ခံရရုံမကပဲ ကျောင်းထုတ်ခံရခြင်းလည်း ဖြစ်နိုင်လေသည်။
ကောင်းမင်က စတိုခန်းတံခါးကို ဖွင့်လိုက်သည်။တင်းယွမ်နှင့်သူလူများ ဝန်းရံလာကြသောအခါ သူ့မှာ အခန်းထဲဝင်လိုက်ရုံရှိသေးသည်။
"မင်း ဘာလို့ အရမ်းကြာနေတာလဲ ၊ မြန်မြန်သွားကြည့်မယ်လို့ မင်းတို့ပြောခဲ့တယ် မဟုတ်လား "
တင်းယွမ်ဆီမှ စိုးရိမ်ပူပန်နေသည့် လေသံကိုကြားလိုက်ရသဖြင့်ကောင်းမင်က အချိန်ကို တစ်ချက်ကြည့်လိုက်သည်။သူတို့သည် အိမ်မက်ဆိုးထဲတွင် နာရီတော်တော်များများ နေခဲ့ကြခြင်းဖြစ်သည်။
"အဲ့ဒါက ရှင်းပြရမှာခက်တယ် "
ကောင်းမင်က ခွေးကြီးအား ယန်ရှီကျီးဘေးနားတွင် သွားနေခိုင်းလိုက်သည်။စားပွဲတင်မီးအိမ်မှမီးရောင်အားခိုလှုံလိုက်သောအခါ ခွေးလေးသည် ပိုသက်တောင့်သက်သာ ရှိသွားခဲ့သည်။သူ့ဦးခေါင်းကို အနက်ရောင်အမွေးများထဲ နစ်မြှုပ်၍ တရေးတမောအိပ်တော့မည်ဟန်ပင်။
"ဓာတ်ခွဲခန်းအဆောက်အဦး အောက်က ဘာလဲ "
တင်းယွမ်နဲ့သူလူများသည် အမှန်တရားကို သိရရန် မစောင့်ဆိုင်းနိုင်တော့ချေ။
"အဲ့ဒီနား ရောက်သွားတဲ့ ဘယ်သူမဆို အိမ်မက်ဆိုးထဲ ကျရောက်သွားလိမ့်မယ် ၊ ကျွန်တော်တို့အတွက် လွတ်မြောက်ဖို့ကို မနည်းကြိုးစားခဲ့ရတယ် ၊ ကျိုးစီစီနဲ့ ခွေးကြီးကိုကြည့်လိုက် အဲ့ဒါက ဘယ်လောက်အန္တရာယ်များလဲ ခင်ဗျား သိနိုင်လိမ့်မယ် "
ကောင်းမင်က ယန်ရှီကျီး၏ စာများကို သိမ်းဆည်းလိုက်သည်။
"ခေါင်းတောင်တင်း သူတို့နှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ ကျွန်တော်ခင်ဗျားကို ဒုက္ခပေးရဦးမယ် ၊ ကျွန်တော့်မှာ တခြားလုပ်စရာရှိသေးတယ် "
ကျောင်းအုပ်ယန်၏ စာများသည် သူမအသိပညာသင်ပေးခဲ့သော ကျောင်းသားကောင်စီဝင်များအတွက်ဖြစ်သည်။သင်္ချာဆောင်လေးလွှာရှိ လေးခုမြောက်အိမ်သာမှ မိန်းကလေးသည်လည်း သူမ၏ အရင်ကျောင်းသူတစ်ယောက်ဖြစ်ပေသည်။
"ယိုလျန်းရဲ့တည်နေရာက အရမ်းအရေးပါတယ် ၊ ပြီးတော့ သူ့ကိုကျ အလွယ်တကူ ဖျောင်းဖျလို့ရမှာ မဟုတ်ဘူး ၊ ယန်ရှီကျီးရဲ့စာက သူ့ကို နူးညံ့စေရုံပဲ ရှိတယ် ၊ ငါ နောက်ကျောင်းသားတစ်ယောက် ထပ်ရှာဖို့ လိုတယ် "
ကောင်းမင်သည် မနက်အတန်းမစမီ ၅၁ယောက်မြောက် ကျောင်းသားအား ရှာမတွေ့နိုင်မည်ကို စိုးရိမ်မိသည်။ထို့ကြောင့် သူအားကိုးရနိုင်သော 'ကျောင်းသားများ' ကို ကိုယ်တိုင်ကိုယ်ကျ သွားရှာနေလိုခြင်းဖြစ်သည်။
ကောင်းမင်က တင်းယွမ်အား နူတ်ဆက်စကားပြောလိုက်သည်။ဒုတိယထပ်အနုပညာခန်းကို သူဖြတ်သွားသောအခါ ရှရန်၏လူသေပုံတူသည် ရုတ်တရက်ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ကောင်းမင်သည် ပုံတူကို ကောက်ယူရန် ခါးကိုင်းလိုက်သောအခါ သူ့ရှေ့တွင် လူတစ်ယောက်ရပ်နေကြောင်း သဘောပေါက်လိုက်သည်။
"မင်း ဘာလို့ သူတို့အကုန်လုံးကို မသတ်ခဲ့တာလဲ "
"ရှရန်လား "
ကောင်းမင် ခေါင်းမော့လိုက်သည်။ ခြောက်ခြားဖွယ်ရာ သေဆုံးခဲ့ရသည့် ကျောင်းသား ကောင်စီဝင်တစ်ဦး၏ ပန်းချီကားတစ်ချပ် ရှိနေခဲ့သည်။ထိုပန်းချီကားသည် အစောပိုင်းတွင် မရှိခဲ့ကြောင်း ကောင်းမင်သေချာသိသည်။
"ငါက မင်းရဲ့ အတွင်းစိတ်တွေကို အသံထွက်ပြလိုက်ရုံပါပဲ ၊ မင်းလုပ်ချင်တာမှန်သမျှ ငါလုပ်ခဲ့တယ် "
ရှရန်၏ အသံသည် ကျောင်းသား၏ ပါးစပ်မှ ထွက်ပေါ်လာ၏။
"ဒါဆို ကျွန်တော်ဆန္ဒရှိရင် ခင်ဗျားလုံးဝပျောက်ကွယ်သွားနိုင်မလား "
ကောင်းမင်က လူသေပုံတူကို ပြန်ကောက်လိုက်သည်။
"မင်းက ဒီပုံတူကို အချိန်မရွေး ဖျက်ဆီးနိုင်ပေမယ့် မင်းမဖျက်ဆီးခဲ့ဘူးလေ "
ကျောင်းသားက မျက်လုံးကို မှေးကျဉ်းသည်အထိ ပြုံးပြလိုက်ပြီး
“မင်းရဲ့ အပြစ်တွေ အားလုံး ငါ့ကိုဆွဲချိတ်ပေးချင်နေတာလား "
"ကျွန်တော့်အပြစ်တွေက ခင်ဗျားသယ်ဆောင်နိုင်မယ့် ဝန်ထုပ်ဝန်ပိုးလို့ ထင်နေတာလား "
ကောင်းမင်သည် အနုပညာခန်းအတွင်းမှ ထူးဆန်းသည့်အသံများကို ကြားလိုက်ရသည်။ရှရန်သည် သူ့အားထိုနေရာသို့ သွားစေချင်ခဲ့သည်။
"ဒါ့အပြင် ကျွန်တော်ဖြစ်ရတာက ဘာများ အရမ်းကောင်းနေလို့လဲ ၊ ခင်ဗျား ကျွန်တော့်ဘဝကို တကယ်သိမ်းပိုက်လိုက်တဲ့အခါကျရင် ခင်ဗျားဟာ ကျွန်တော့်အတွက် ချောက်နက်ထဲခုန်ချပေးခဲ့တယ်ဆိုတာ သဘောပေါက်လာလိမ့်မယ် "
ကောင်းမင်သည် အနုပညာခန်း၂၁၀၄ သို့ ဆင်းလာခဲ့သည်။ စာသင်ခန်းနံရံတွင် အသေဆိုးဖြင့်သေခဲ့ရသော ကျောင်းသားကောင်စီဝင်ပုံများကို ရေးဆွဲထား၏။
"မီးပိတ်တဲ့အချိန်က ကျော်သွားခဲ့ပြီ ၊ ကျောင်းသားကောင်စီက ခင်ဗျားကိုသတ်နိုင်မှာ မဟုတ်ဘူး "
"သူတို့ အောင်မြင်လုနီးပါးပဲ ၊ ဝမ်းနည်းစရာပဲ မီးတွေပိတ်ခါနီးမှာ သူတို့အားလုံး လွတ်သွားကြတယ် "
ရှရန်၏အသံသည် နောက်ကျောင်းသားတစ်ဦးထံမှ ထွက်ပေါ်လာ၏။သူသည် ပန်းချီကားအားလုံးထဲတွင် ရှင်သန်နေပုံရသည်။
"သူတို့က အရမ်းအလျင်စလိုနဲ့ ထွက်သွားကြတာ ၊ မီးပိတ်တာက သူတို့အတွက် အထူးသင်္ကေတဖြစ်ပုံရတယ် "
ပန်းချီစုတ်တံသည် ကင်းဗတ်စ်နှင့် ပွတ်တိုက်သွားခဲ့သည်။ ပြတင်းပေါက်မှတဆင့် Gao Ming သည် အခန်းအလယ်တွင် အနုပညာဆရာမထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမရဲ့အဝတ်အစားနဲ့ အသားအရည်ကို သူမပုံတူနှင့်အတူ ရေးဆွဲထားခဲ့သည်။သို့သော် ပုံတူတိုင်းသည် ရှရန်၏အသံကို ထုတ်လွှတ်နေသည်။
"ခင်ဗျားက ရူးနေတာပဲ "
"ဒါပေမယ့် ....ငါက မင်းဆီက အတုယူထားတာလေ "
အနုပညာဆရာမ၏ နာကြည်းခြင်းအခန်းသည် ရှရန်ကြောင့် အမြစ်ဖြုတ်ခံလိုက်ရသည်။ဆရာမသည် သူမ၏စုတ်တံကို ကိုင်၍ ရှရန်ကို ရေးဆွဲရန် ကြိုးစားနေ၏။
"ငါမင်းအတွက် ကျောင်းသားသစ်တစ်ယောက် တွေ့ထားတယ် ၊ ဒီအနုပညာဆရာမက ဘတ်စ်ကားပေါ်တက်ဖို့ သေချာပေါက် အရည်အချင်းရှိတယ် ၊ သူ့နေရာရအောင် ဘယ်သူ့ကို စတေးရမလဲ ၊ ကျိုးကျွင်းလား ၊ စုန့်ရွှယ်လား ဒါမှမဟုတ် တခြားကျောင်းသားတွေလား "
"အရင်က ခင်ဗျားဘယ်လောက်ထိ အကူအညီဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် မသိခဲ့ရပါလား "
ကောင်းမင်က အနုပညာခန်းမှ အလျင်အမြန်ထွက်လာခဲ့သည်။ဓာတ်ခွဲခန်းအဆောက်အဦးမှ သူထွက်လာပြီး အချိန်ဇယားကို စစ်ဆေးလိုက်သည်။နောက်ထပ်အနုပညာအတန်းသည် နောက်နှစ်ရက်ပြီးမှ ဖြစ်သည်။သို့သော်လည်း ကောင်းမင်ကို ပိုစိုးရိမ်စေသည်ကား မနက်ဖြန် နေ့လယ်တွင် လူမှုဘဝလုပ်ဆောင်ချက် အတန်းချိန်ရှိနေခြင်း ဖြစ်သည်။
"ဒီအတန်းချိန်က ငါတို့ကို ယိုလျန်းကို ရှာခိုင်းမှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား "
ပုံမှန်အသံထွက်ဖြင့် အတန်းများသည် ကောင်းမင်အတွက် ယခင်ကလောက် ကြောက်စရာမကောင်းပေ။ ကျန်းမာရေးအတန်းနှင့် စာရိတ္တအတန်းအားလုံးတို့သည် ထောင်ချောက်များသဖွယ် ခံစားခဲ့ရသည်။
"ငါ ထွက်သွားဖို့ နည်းလမ်းတစ်ခုရှာဖို့လိုတယ် "
ကျောင်းကြီးသည် အရင်ကနဲ့ ကွာခြားနေကြောင်း ကောင်းမင်ရုတ်တရက် သတိပြုမိလိုက်သည်။
"လေထဲမှာ သွေးနံ့တစ်ခု ရှိနေတယ်!"
မိုးသောက်ချိန်အထိ အချိန်တစ်ခုရသင့်သော်လည်း ကျောင်းကြီးသည် မနေ့ညကထက် ပိုမိုတောက်ပနေ၏။
"ဒါက ...."
သူက မီးရောင်ဘက်လှည့်လိုက်သည်။ဟန်သဲ့ကိုယ်ပိုင်ကျောင်းထဲသို့ ဘတ်စ်ကားသုံးစီးထိုးဝင်လာကြသည်။ဘတ်စ်ကားသည် သံချေးတက်နေပုံရပြီး အမှိုက်ပုံထဲရှိနေခဲ့ပုံရသည်။ ဒုတိယဘတ်စ်ကားသည် သွေးများ၊ ကလီစာများဖြင့် ဒဏ်ရာရနေခဲ့သည်။ ဘတ်စ်ကားတွင် မီးရောင်များတဖျပ်ဖျပ်ခတ်နေ၏။ တတိယဘတ်စ်ကားကတော့ ပုံမှန်အတိုင်းပင်ဖြစ်သည်။ဘတ်စ်ကားသည် ယူနီဖောင်းဝတ် စုံစမ်းရေးမှူးများနှင့်အတူ ရပ်နေခဲ့သည်။
ကောင်းမင်သည် ဘတ်စ်ကားအနီးလျှင်မြန်စွာ ချဉ်းကပ်သွားလိုက်သည်။ချင်ထျန်းနှင့်ပိုင်ရှောင်တို့သည်လည်း ဘတ်စ်ကားပေါ်တွင် ရှိနေခဲ့သည်။သူတို့သည် စိတ်လှုပ်ရှားနေပြီး သတိကို အမြင့်ဆုံးကပ်ထားကြသည်။
ထို့အပြင် ကောင်းမင်သည် ထူးဆန်းသည့်အရာတစ်ခုကိုလည်း သတိပြုမိ၏။ ဘတ်စ်ကား၏ ရှေ့နှင့်နောက်တွင် ထိုင်နေသော စုံစမ်းရေးမှူးနှစ်ယောက်သည် အခြားသူများနှင့် မတူသော ယူနီဖောင်းများ ဝတ်ဆင်ထားသည်။သူတို့လက်ကောက်ဝက်ရှိ ဆက်သွယ်ရေးစက်များသည် ပုံမှန်ကဲ့သို့ အနက်ရောင်မဟုတ် သွေးရောင်ဖြစ်နေလေသည်။