ကျောင်းက အကြောက်ရောဂါ
Vol. 10 Ch. 149
"ကျောင်းကြီးက 'ကျောင်းသား' အမျိုးမျိုးကို အထဲရောက်လာအောင် မြူဆွယ်နေတာ ၊ ကျောင်းယူနီဖောင်းနဲ့ သူတို့အများစုက အသက်တော်တော်ကြီးနေတဲ့ လူကြီးတွေပဲ ၊ အပြင်ဘက်က ကျောင်းသားတွေက တဖြည်းဖြည်း တန်ဖိုးကျလာလိမ့်မယ် ၊ သူတို့တန်ဖိုးကို ဆုံးရှုံးလိုက်ရပြီးတာနဲ့ သူတို့ဟာ အိပ်ဆောင်နံပါတ်ခြောက်ကို အပို့ခံရတယ် "
ဟူပြောင်က သင်္ချာဆောင်အား တိတ်တဆိတ်ညွန်ပြလိုက်သည်။
"ငါမင်းကို နောက်ထပ်လျှို့ဝှက်ချက်တစ်ခု သိခွင့်ပေးလိုက်မယ် ၊ အဲ့ဒီနေရာမှာ စည်းမျဉ်းတစ်ခုမကဘူးရှိတယ် ၊ ယန်ရှီကျီးရဲ့ကျောင်းစည်းမျဉ်းတွေသာမကဘူး အခြားလူတစ်ယောက်ရဲ့ စည်းမျဉ်းတွေလဲ ပါတယ် "
"စီတုအန်းရဲ့ဟာလား "
"ငါ ဘာမှ မပြောခဲ့ဘူးနော် "
ဟူပြောင်က အလျင်အမြန်လက်ခါလိုက်သည်။သူနှင့်ကောင်းမင်တို့သည် မှောင်ရိပ်ခို၍ အိပ်ဆောင်ခြောက်ဆီသို့ ရွေ့လျားနေကြသည်။အခြားခြားအိပ်ဆောင်များနှင့်ကွာခြားသည်က အိပ်ဆောင်ခြောက်တွင် အဆောင်မန်နေဂျာမရှိပေ။အမှောင်ထုသည် အိပ်ဆောင်အား အပြည့်အဝဝါးမျိုထားသည်။ယင်းဆီမှ ထွက်လာသော အသံတစ်စိုးတစ်စိမှ မရှိပေ။
"ဒီအဆောက်အဦးထဲကို ဘယ်လိုဝင်မှာလဲ "
"အတန်းပြေးပြီး ညဘက်ပြန်မလာကြတဲ့ ကျောင်းသားတွေက လမ်းကြောင်းတစ်ခု ဖောက်ထားကြတယ် "
ဟူပြောင်က ခြံစည်းရိုးအကာကို ဆွဲ၍ တက်လိုက်သည်။သူသည် ပထမထပ်နှင့်ဒုတိယထပ်ရှိ လုံခြုံကင်မရာများ၏ မျက်ကွယ်နေရာကို ရှာ၍ ဒုတိယလသာဆောင်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။
"လုံခြုံရေးအစောင့်တစ်ယောက်အနေနဲ့ စည်းကမ်းချိုးဖောက်နည်းတွေ အများကြီးသိမှာသေချာတယ် "
ဟူပြောင်၏ လမ်းကြောင်းကို လူတိုင်း လိုက်မလုပ်နိုင်ပေ။ ကောင်းမင်ခြံစည်းရိုးအနား ရောက်သည့်အချိန်တွင် အိပ်ခန်းထဲတွင် ဖြူရော်ရော်အရိပ်များ ပေါ်ထွက်လာ၏။ ယူနီဖောင်းဝတ်ထားသော ကျောင်းသားများသည် ကောင်းမင်နှင့် ဝေးရာသို့ မျက်နှာမူကာ ရပ်နေကြသည်။သူတို့၏ ခေါင်းများသည် သဘာဝမကျစွာ ရွဲ့စောင်းနေကြသည်။
"သူတို့ကိူ ဂရုစိုက်မနေနဲ့ "
ဟူပြောင်က သူ့နံပါတ်တုတ်ဖြင့် ခြံစည်းရိုးကိုရိုက်လိုက်သည်။ထူးဆန်းသောကျောင်းသားများက ကြောက်ရွံ့သွားဟန်ဖြင့် ပျောက်ကွယ်သွားကြသည်။ကောင်းမင်သည် ဒုတိယထပ်သို့ တတ်နိုင်သမျှ အမြန်တက်လိုက်သည်။ကျောင်းသားများ၏တုန့်ပြန်ချက်အရ သူသည် အစောင့်အပေါ် နားလည်မှုလွှဲခဲ့ကြောင်း ခံစားမိသည်။
"သူတို့အပေါ် ခင်ဗျားရဲ့ အထူးစွမ်းအားကို သုံးခဲ့တာလား "
"ဘာအထူးစွမ်းအားလဲ "
ဟူပြောင်က ကောင်းမင်အား တုံးရန်ကောဟူသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါနှလုံးသားထဲမှာ ကျောင်းသားတွေကို ထည့်ထားတာမို့ သူတို့ငါကို လေးစားတယ်ဆိုတာ သဘာဝကျပါတယ် "
ဟူပြောင်က လသာဆောင်တံခါးကို တွန်းဖွင့်လိုက်၏။သူက အိပ်ယာပေါ်ရှိ သေဆုံးနေပုံရသောကျောင်းသားများကို ပြင်းထန်စွာ ခြိမ်းခြောက်လိုက်သည်။
"ဆက်အိပ်ကြပါ မဟုတ်ရင် မင်းတို့ကျောင်းပြင် ထွက်ပြေးတာကို ကျောင်းသားကောင်စီဆီ ငါတိုင်ပြောလိုက်မယ်!"
"သူတို့က ခင်ဗျားကို ဘာလို့ အရမ်းကြောက်နေကြတာလဲ "
"သူတို့က ငါ့ကို မကြောက်ပါဘူး ၊ ငါက သူတို့ရဲ့ သူငယ်ချင်းလေ "
ဟူပြောင်က နှိမ့်ချစွာ ပြောလိုက်သည်။
"ညဘက်မှာ ကျောင်းစည်းကမ်းထိန်းသိမ်းရေးသမား တစ်ယောက်အနေနဲ့ရော ၊ ကျောင်းအုပ်အသစ်က ငှားထားတဲ့ ညအချိန် ကျောင်းလုံခြုံရေးအနေနဲ့ရော၊ပြီးတော့ ကျောင်းအုပ်ယန် ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့ ကျောင်းသားအနေနဲ့ရော သူတို့ ငါ့စကားနားထောင်ကြဖို့ မျှော်လင့်တယ် "
အခြားသူများ၏အမြင်တွင် ဟူပြောင်သည်တစ်ဦးတစ်ယောက်ကိုမျှ သစ္စာမရှိဘဲ တစ်ကိုယ်ကောင်းဆန်ပုံပေါက်သော်လည်း ကောင်းမင်က သဘောကျနေခဲ့သည်။ ဟူပြောင်သည် စည်းမျဉ်းသုံးခုအောက်တွင် ရှင်သန်နိုင်ခဲ့သည်။ဟူပြောင်သည် ကောင်းမင်အား 'ရင်းနှီးမြုပ်နှံမှု' ပုံစံတစ်ခုအဖြစ် ကူညီနေခြင်းဖြစ်သည်။
သူတို့အိပ်ခန်းထဲမှ ထွက်လာပြီးနောက် ဟူပြောင်မှာ ပိုစိတ်လှုပ်ရှားလာခဲ့သည်။
ကျောင်းသားကောင်စီရဲ့ လျှို့ဝှက်ချက်က ဒီနေရာမှာပဲ ၊ ဒါပေမယ့် ငါ ဒါကိုတော့ ရှင်းရှင်းလင်းလင်း ပြောထားရမယ် ကျောင်းသားကောင်စီက ငါတို့ကိုတွေ့ရင် ချက်ခြင်းပြန်လှည့်မယ် ၊ ငါ့ကိုဒီကိုဆွဲခေါ်လာသူမ မင်းပဲလို့ ငါပြောမယ် ဒါပြီးရင် မင်းက ပြေးဖို့ပဲ အာရုံစိုက်ထား ငါ မင်း နောက်ကို ပြေးလိုက်နေသလို ဟန်ဆောင်လိုက်မယ် ဒါမှသာ မင်းနဲ့အတူ ငါလည်းဒီနေရာက လွတ်မြောက်နိုင်မယ် "
"ခင်ဗျားက လူကောင်းတစ်ယောက်ပဲဗျာ "
ကောင်းမင်က ခါးသက်သက်ပြုံးလိုက်သည်။ဟူပြောင်သည် သူဘာပြောရမှန်းမသိအောင် ရိုးသားစွာပြောပြနေ၏။
"သဘာဝပဲလေ "
ဟူပြောင်က ကောင်းမင်အား အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။
"ကျောင်းစည်းမျဉ်းရဲ့ဖြစ်တည်မှုက ဆန်းကြယ်မှုတစ်ခုပဲ ၊ ညတွင်းချင်း ကျောင်းသားအများအပြားကို အစားထိုးခဲ့တယ် ၊ အကြောင်းရင်းအတိအကျကို ငါမသိပေမယ့် ပထမအသုတ်ကို အစားထိုးမယ့် ကျောင်းသားတွေက အိပ်ဆောင်ခြောက်ကပဲ "
သူတို့ စတုတ္ထထပ်သို့ ရောက်လာသောအခါ ဟူပြောင်က ရုတ်တရက် ရပ်တန့်လိုက်သည်။သူက ကောင်းမင်အား တိတ်တိတ်နေရန် မျက်စိဖြင့် အချက်ပြလိုက်သည်။
ကောင်းမင်က စူးစမ်းလိုစိတ်ဖြင့် ကော်ရစ်ဒါဘက် ကြည့်ရှုလိုက်သည်။ကျောင်းသားတစ်ခုသည် အိပ်ပျော်ရင်း လမ်းလျှောက်နေသကဲ့သို့ အခန်းတစ်ခုထဲ တန်းစီဝင်သွားကြသည်။
သူတို့အခန်းထဲမဝင်မီ သူတို့သည် သာမန်ကျောင်းသားများနှင့် မကွာခြားပုံရသည်။သို့သော်လည်း သူတို့သည် အခန်းထဲမှ ထွက်သွားသောအခါတွင် သူတို့၏ မျက်ဆံများထဲ တစ်စုံတစ်ခု ထိုးဖောက်ထားသကဲ့သို့ မျက်လုံးများ ပြူးကျယ်နေကြသည်။သူတို့၏ မျက်နှာများသည် ရှုံ့မဲ့ပုံပျက်နေပြီး သူတို့လက်မောင်းများတွင် ကျောင်းသားကောင်စီ တံဆိပ်ကို တပ်ဆင်ထားကြသည်။
"အခန်းထဲမှာ ဘာရှိတာလဲ "
ကော်ရစ်ဒါရှိ ကျောင်းသားကောင်စီဝင်များသည် ကောင်းမင်မြင်ဖူးသည့်ပုံများနှင့် ကွဲပြားနေသည်။သူသည် ရှေ့သို့ ဖြည်းညှင်းစွာ တိုးလိုက်သည်။ သို့သော်လည်း ဟူပြောင်က သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။ သူသည် ကောင်းမင်အား နောက်ထပ်မသွားဖို့ သတိပေးရန် သူ၏များပြားလှသော အမူအရာများဖြင့် သတိပေးနေ၏။
ဟူပြောင်က ကောင်းမင်အား ပြန်ဆွဲလိုက်သည်။သူတို့ လေးလွှာမှ ထွက်ခွာသွားပြီးမှသာ ဟူပြောင်က စကားပြောဝံ့လေသည်။
"မင်း သေချင်လို့လား ၊ ဘာလို့ ရှေ့တိုးသွားရတာလဲ"
"ကျောင်းစည်းကမ်းတွေက အဲဒီအခန်းမှာ ပုန်းနေနိုင်တယ် ၊ နောက်ဆုံးတော့ ကျောင်းစည်းကမ်းတွေရဲ့ တကယ့်မျက်နှာကို ငါတို့မြင်နိုင်တော့မယ်! "
ကောင်းမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ယင်းသည် သူကျောင်းထဲဝင်လာကတည်းက အမှန်တရားဆီသို့ အနီးဆုံးရောက်ရှိမိခြင်းဖြစ်သည်။
"အဲ့ဒါက လွယ်လွယ်လေးလို့ မင်းထင်နေတာလား ၊ စတုတ္ထထပ်ကို မင်းဝင်သွားတာနဲ့ မင်းလည်း တန်းစီစောင့်ပြီး အဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်လာဖို့ တွန်းအားပေးခံရလိမ့်မယ် ၊ မင်းအသိစိတ်ကို ဆုံးရှုံးလိုက်ရပြီး နောက်ဆုံးမှာ မင်းကကျောင်းသားကောင်စီရဲ့ အစိတ်အပိုင်းဖြစ်လာလိမ့်မယ် "
ဟူပြောင်က ကောင်းမင်၏လက်မောင်းကို လှုပ်ခါလိုက်သည်။
"နိူးထစမ်း ! "
"ကျောင်းသားကောင်စီဝင်တွေရဲ့ ဖိုင်တွေကို သိမ်းဆည်းပြီး ထည့်ထားတဲ့ အနီရောင် ဗီရိုကို ရှာတွေ့လိုက်တာနဲ့ ကျွန်တော်တို့က ကျောင်းသားကောင်စီအဖွဲ့ဝင် ဖြစ်သွားနိုင်တယ်လို့ လျိုယီက ပြောခဲ့တယ် "
ကောင်းမင်သည် လျိုယီရှာတွေ့ခဲ့သည့် အချက်အလက်ကို မှတ်မိနေဆဲဖြစ်သည်။
"ဒီလို သိသာတဲ့နေရာမှ ဘာလို့ အရမ်းအရေးကြီးတဲ့အရာကို ဝှက်ထားရမှာလဲ "
ဟူပြောင်က ကောင်းမင်ကို ဆွဲကိုင်လိုက်ပြီး
“ယန်ရှောင်ယုက ဒီရောက်နေပေမယ့် သူဘယ်အခန်းကို ရောက်နေတယ်ဆိုတာ ငါတို့သိဖို့လိုတယ် "
"ကျွန်တော်တို့ ကျောင်းသားတစ်ယောက်ကို ပြန်ပေးဆွဲပြီး မေးလိုက်ရင် ပိုလွယ်မလား "
"မင်း ဘယ်သူ့ကို စကားပြောနေတယ်ဆိုတာ သိရဲ့လား ၊ မဟုတ်ဘူး သူတို့က အိပ်ပျော်ရင်း လမ်းလျှောက်နေတဲ့အခြေအနေဖြစ်နေတာ ၊ မင်း သူတို့ကို နိူးလိုက်ရင် မကောင်းတာတစ်ခုခု ဖြစ်လာလိမ့်မယ် "
ကောင်းမင် မည်မျှမျှော်လင့်နေသည်ကို မြင်သောအခါ ဟူပြောင်က သူ့မျက်နှာကိုအုပ်လိုက်သည်။
"အခြားလူတွေ ဒီကိုရောက်လာတဲ့အခါ နံရံတွေအတွင်း ပုန်းအောင်းဖို့ မစောင့်နိုင်ပေမယ့် မင်းက တော့ ရှာဖွေဖို့ကို မစောင့်နိုင်တော့ဘူး"
"ကျွန်တော်တို့ သူတို့ကို နိူးလို့မရပေမယ့် ၊ သူတို့နား ကပ်သွားလို့ရတယ် ၊ ဒီလိုဆိုရင် ..."
ကောင်းမင်က အကြောက်ရောဂါ လူသေဓာတ်ပုံကို ထုတ်လိုက်သည်။အကြောက်တရားပျံ့နှံ့မှုသည် ပိုကြီးမားလေ ကြောက်မက်ဖွယ်ကောင်းသောထင်ယောင်ထင်မှားပုံရိပ်များ ပိုဖြစ်လာ ဖြစ်ပေလိမ့်မည်။ အကြောက်ရောဂါ ပြန့်နှံ့လာသည်နှင့်အမျှ တစ်မြို့လုံးကို သုတ်သင်နိုင်သော စွမ်းအားများ ရရှိလာနိုင်သည်။
"ဒါက ဘာလဲ "
ဟူပြောင်က ရုတ်တရက် ကောင်းမင်သည် အခြားစည်းမျဉ်းများထက် ပို၍အန္တရာယ်များသည်ဟုခံစားလာရသည်။အဘယ်ကြောင့်ဆိုသော် ထိုလူသည် မည်သည့်စည်းမျဉ်းမှ မကန့်သတ်ထားသောကြောင့်ဖြစ်သည်။
ကောင်းမင်သည် ဓာတ်ပုံထဲမှ ရုပ်ဆိုးပြီးကြောက်မက်ဖွယ်ကောင်းသော အရုပ်ကြီးကို ထုတ်ယူလိုက်သည်။သူဘာမှ မလုပ်ခင် ကော်ရစ်ဒါရှိ အိပ်ပျော်ပြီးလမ်းလျှောက်နေသော ကျောင်းသားများအားလုံး ဆတ်ခနဲခေါင်းထောင်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏မျက်ဆံမဲ့နေသောမျက်လုံးများကိုဖော်ပြရန် သူတို့မျက်ခွံများပွင့်လာကြသည်။ သူတို့မျက်နှာများတွင် တူညီသည့် ခံစားချက်မျာတွေ ရှိနေ၏။ ကျောင်းသားများသည်သူတို့ခြေထောက်များကို တချိန်တည်း ရွေ့လျားလိုက်ကြသည်။သူတို့သည် ရုပ်သေးရုပ်များကဲ့သို့ လှေကားထစ်များဆီပြေးဆင်းလာကြသည်။တူညီသောခြေသံများနှင့် တူညီသောမျက်နှာအမူအရာများသည် ခြောက်ခြားဖွယ်ရာဖြစ်နေလေသည်။
"ငါက သူ့ကို အရင်ဖမ်းခဲ့တာပဲ!"
ဟူပြောင်သည်ကြေးအမြင့်ဆုံးဖြင့်အနိုင်ရခဲ့သကဲ့သို့ လှမ်းအော်လိုက်သည်။ထို့နောက် သူသည် တနည်းနည်းဖြင့် ခလုတ်တိုက်မိသွားကာ ကောင်းမင်ကို လှေကားထစ်မှ တွန်းချလိုက်သည်။
" ဟေး ! သူ့နောက်ကို လိုက်ကြ! သူက အခန်း ၆၂၀၄ရဲ့တတိယ ပြတင်းပေါက်ကနေ ထွက်ပြေးတော့မယ် ! "
ဟူပြောင်က ကောင်းမင်အား ထွက်ပြေးနိုင်မည့်လမ်းကြောင်းပေးလိုက်သည်။ကောင်းမင်အဖမ်းမံရသရွေ့ သူသည် ရူးသလိုကြောင်သလို သရုပ်ဆောင်နိုင်၏။သူ့ဘေးတွင် ခွေးကြီးမရှိသောကြောင့် ကောင်းမင်မှာ ဖိအားအများအပြားခံစားနေရသည်။ထိုထိန်းချုပ်ခံထားရသောကျောင်းသားများသည် သူ့မိဘများထက် ကြောက်မက်ဖွယ်ကောင်းလေသည်။
"အရိပ်တွေ! သူတို့ခန္ဓာကိုယ်ထဲမှာ အရိပ်တွေလှုပ်ရှားနေတယ်!”
ကောင်းမင်သည် အခန်း၆၂၀၄သို့ ပြေးလွှားနေစဉ် အချိန်ပိုရရန်အတွက် တတိယထပ်လှေကားထောင့်တွင် အရုပ်ကို ပစ်ချလိုက်သည်။
" ချီးပဲဟေ့ ! အဓိကပန်းတိုင်က လွတ်မြောက်ဖို့ပဲ ! ရှင်သန်နိုင်စွမ်းအခက်အခဲ တိုးလာမှပဲ ဒါတွေကိုနောက်မှဖြေရှင်းတော့မယ် ! "