ငါ့နောက်မှာ ဘာရှိလဲ မင်းမြင်ရလား
Vol. 10 Ch. 150
ကျိကျဲသည် ထိုတွေ့ဆုံပွဲအတွက် များစွာပြင်ဆင်ခဲ့ရသည်။သူသည် ဈေးအဆုံးဆုံး ဘရန်းဒတ်အဝတ်အစားများနှင့် ဇိမ်ခံကားတစ်စီးကိုပင် ငှားလာခဲ့သည်။နောက်ဆုံးပေါ် ဖုန်းဝယ်ရန်အတွက်လည်း များစွာ ကုန်ကျခဲ့သည်။မနက် ၅ နာရီတွင် ဆံပင်ညှပ်ရန် အလှပြင်ဆိုင်သို့ ကားကြုံစီးခဲ့သည်။ ထို့နောက် သူသည် ငှားထားသည့်ကားကို သွားယူရန် မြေအောက်ရထားစီးလာခဲ့သည် ။သူသည် ကားပင်မမောင်းတတ်သောကြောင့် သူ့အစ်ကို ကျိဖူကို ကားမောင်းရန်အတွက် တစ်နာရီ ယွမ်နှစ်ဆယ်ပေးခဲ့ရသည်။
"ဘယ်သူက ကျိုးကျွင်းရဲ့ ဘတ်စ်ကားကို စီးချင်မှာလဲ "
သူ့ငွေကြေးအကန့်အသတ်ကြောင့် ကျိကျဲသည် ကားကို မနက်တစ်ပိုင်းသာ ငှားနိုင်ခဲ့သည်။သူသည် အားလပ်ရက်ဗီလာသို့ ရောက်ပြီး သူ့အတန်းဖော်များကို စောင့်ဆိုင်းရန် စီစဉ်ထားခဲ့သည်။သူတို့ ဘတ်စ်ကားပေါ်က ဆင်းလာချိန်တွင် သူ့အစ်ကိုအား ဘတ်စ်ကားကို 'မတော်တဆ ' ကျော်မောင်းခိုင်းစေမည်ဖြစ်သည်။ထို့နောက် အစ်ကိုဖြစ်သူက အလုပ်မှထွက်ရန် အကြောင်းပြချက်ကို အသုံးပြုကာ ကားကို ပြန်ပေးခဲ့မည်ဖြစ်သည်။ သူ့အကြံသည် ကောင်းမွန်သော်လည်း သူ့အစ်ကိုက အချိန်မှားသွားခဲ့သည်။ကျိကျဲသည် ကျန်အခန်း၁၃ ကျောင်းသားများထက် စော၍ ဟန်သဲ့ကိုယ်ပိုင်အကယ်ဒမီသို့ ဝင်ရောက်လာခဲ့သည်။
သူ့ကိုယ်ရည်ကိုယ်သွေးကို ထိန်းသိမ်းရန် ကျိကျဲသည် စကားပြောဂရုထဲတွင် တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။သူသည် အလွန်စောစောရောက်နေသောကြောင့် ဌာနယူနီဖောင်းဖြင့် ဆရာများက အဆင်သင့်ဖြစ်မနေကြသေးပေ။ထို့ကြောင့် ကျိကျဲနှင့် သူ့အစ်ကိုတို့သည် ကျောင်းသားများအား လမ်းညွှန်ချက်တောင်းရန် ချဉ်းကပ်လာသောအခါတွင် ၎င်းတို့အား ကျောင်းသားကောင်စီမှ ချက်ချင်းဖမ်းဆီး၍ အိပ်ဆောင် ၆ တွင်သော့ခတ်ထားခဲ့သည်။
ပထမတွင် ကျိကျားသည် ကားကိုပြန်ပေးရမည့်အချိန်ကျော်သွားမည်ကို စိုးရိမ်နေခဲ့သည်။နေ့လယ်ပိုင်းအတွက် ရုပ်ရှင်ကုမ္ပဏီတစ်ခုက ရှုတင်ရိုက်ရန် ကားကို ငှားထားခဲ့ပြီးဖြစ်သည်။သူက သူတို့၏ လုပ်ငန်းဆောင်တာများ မနှောင့်နှေးစေလိုပေ။သို့သော်လည်း ယင်းနေရာတွင် တခဏမျှနေပြီးနောက် သူ့စိုးရိမ်ပူပန်မှုများပျောက်ကွယ်သွားသည်။အကြောင်းမှာ အိပ်ဆောင်အတွင်းရှိ ကျောင်းသားအများစုသည် သရဲများဖြစ်နေကြောင်း သူသဘောပေါက်လိုက်သောကြောင့်ဖြစ်သည်။
"မင်းရဲ့အစ်ကိုအရင်းကို မင်းဘာလို့ ချုပ်ထားရတာလဲကွ"
ကျိဖူသည် ကျိကျား၏မျက်နှာကိုမြင်တိုင်း ဒေါသတကြီးဖြစ်နေတော့သည်။ သူက သူ့ညီ၏ခေါင်းကို ရိုက်လိုက်သည်။
"ဘယ်နေ့ရှိနေပြီလဲ ၊ မင်း ထွက်လမ်းရှာမတွေ့သေးဘူးလား "
"နောက်ဆုံးမှာ အလုပ်ဖြစ်မှာပါဗျ ၊ ကျွန်တော်က အမြဲကံကောင်းတဲ့သူလေ ၊ ကျွန်တော့်ကို ယုံထားလိုက်ပါ "
ကျိကျဲသည် သူ့ကျောင်းယူနီဖောင်းကို လဲမဝတ်ခဲ့ပေ။သူသည် ဘရန်းဒတ်အဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။ထို့ထက် ယင်းကဲ့သို့အဝတ်အစားများကို ဝတ်ဆင်နိုင်ရန်မှာ သူ့နေ့စဉ်ဘဝတွင် အခွင့်အရေးအများအပြားမရှိပေ။
"မနေ့ညက အခန်းထဲကို လူတွေလာစစ်ပေမယ့် ဒီနေ့တော့ တစ်ခုခု အနှောင့်အယှက်ဖြစ်သွားတယ် ၊ ဒါက ကျွန်တော်တို့လွတ်မြောက်ဖို့ အခွင့်အရေးပဲ”
ညီအစ်ကိုနှစ်ယောက် ထွက်လာသည်နှင့် ရုတ်တရက်လှေကားထစ်များမှ ရူးသွပ်သောအရှိန်ဖြင့် ပြေးလာနေသော ခပ်တောင့်တောင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူ၏မျက်နှာကိုမြင်သောအခါ ကျိကျဲအေးခဲသွားသည်။ သူက အော်ဟစ်လိုက်သည်။
"ကောင်းမင် ! "
သူက ထိုလူကို မှတ်မိသွားရုံရှိသေးသည် ကောင်းမင်သည် တတိယထပ်လှေကားထစ်များသို့ တစ်စုံတစ်ခုပစ်လွှင့်လိုက်သည်ကို မြင်လိုက်ရသည်။
"မင်း တစ်ခုခု ကျနေခဲ့ပြီ ! "
ကျိကျဲနှင့် သူ့အစ်ကိုက ထိုအရာကြီးကို ကောက်ယူလိုက်သည်။ယင်းသည် ရုပ်ဆိုးဆိုးအရုပ်တစ်ရုပ်ဖြစ်သည်။၎င်းအား ရောင်စုံခဲတံများဖြင့် ဆေးခြယ်ထား၏။သူတို့ မလေ့လာနိုင်ခင်တွင် သူတို့နောက်မှ ခြေသံများ ထွက်ပေါ်လာ၏။ သူတို့ လှည့်ကြည့်လိုက်ရာ သေလုမတတ် ကြောက်ရွံ့သွားကြသည်။ကျောင်းသားအုပ်လိုက်ကြီးသည် ကော်ရစ်ဒါတွင် ဒယိမ်းဒယိုင်ပြေးလွှားလာနေကြသည်။ယင်းသည် အလွန်ပင် ဖရိုဖရဲနိုင်၏။
"ပြေးဟ! ၊ မင်း ချီးကိုစောင့်နေတာလား "
ကျိဖူသည် ကျိကျဲကို ဆွဲ၍ ပြေးလိုက်သည်။ သူတို့ အိပ်ခန်းထဲက လွတ်သွားသော်လည်း နောက်သို့အမြန်ပြန်ဆုတ်လိုက်ရသည်။ ကျောင်းသားများသည် အုပ်စုနှစ်စုကွဲသွား၏။ သူတို့နှစ်ယောက်သည် ကောင်းမင်အား အမှတ်မထင် ကူညီပေးခဲ့ခြင်းဖြစ်သည်။
"မင်းအတန်းဖော်က ဘာဖြစ်နေတာလဲ ၊ ဘာလို့ သူနောက်ကို လူတွေအများကြီး ပြေးလိုက်နေကြတာလဲ "
"ကျွန်တော်လဲ ဘယ်သိမလဲ ၊ ကျောင်းမှာတုန်းက သူက ဒီလိုလူကြိုက်မများပါဘူး "
ထပ်သွားစရာနေရာမရှိတော့သဖြင့် ညီအစ်ကိုနှစ်ယောက်သည် အိပ်ခန်းထဲသို့ပြန်ဝင်ကာ တံခါးကိုသော့ခတ်လိုက်ကြသည်။ ကျောင်းသားများသည် အိပ်ခန်းအပြင်ဘက်တွင် အချိန်အတော်ကြာလှည့်ပတ်နေပြီး ထွက်သွားကြလေ၏။
အရာအားလုံးပုံမှန်ဖြစ်သွားပြီးနောက် အရုပ်ကိုဖက်ထားသော ကျိကျဲသည် သက်ပြင်းရှည်ကြီးချလိုက်သည်။
"ကိစ္စတွေက အများကြီးပြောင်းလဲသွားပြီပဲ ၊ ကောင်းမင်ဆိုတာ အရင်တုန်းက တုံဏှိဘာဝေနေတတ်တဲ့သူ တစ်ယောက်ပဲ "
သူက နောက်လှည့်လိုက်ရာ သူ့အားကြောက်ရွံ့စွာဖြင့်ကြည့်နေသော သူ့အစ်ကိုကို မြင်လိုက်ရသည်။
"အစ်ကို ၊ ကျွန်တော့်နောက်မှာ တစ်ခုခုရှိနေတာလား ၊ ကျွန်တော့်ကို ဒီလိုမျိုး မခြောက်လှန့်ပါနဲ့ "
ကျိဖူ၏မျက်ဆံများသည် ဂနာမငြိမ်ဖြစ်နေလေ၏။သူက လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်ပြီး
"မင်းဘယ်သူလဲ ၊ ကျိကျဲဘယ်မှာလဲ ၊ ငါ လူမှားပြီးဆွဲခေါ်လာခဲ့တာလား "
"အစ်ကို "
သူ့အစ်ကို ဘာဖြစ်နေမှန်း ကျိကျဲနားမလည်နိုင်ပေ။သူ့အစ်ကိုက သူ့ဆီမှ လျင်မြန်စွာ ထွက်ပြေးသွားသဖြင့် ပြတင်းပေါက်မှ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
"မရူးစမ်းနဲ့ ၊ ကျွန်တော်က အစ်ကို့ရဲ့ညီလေး ကျိကျဲလေ ! "
"ထွက်သွားစမ်း ! ထွက်သွား ! "
ကျိဖူသည် ထိုင်ခုံကိုဆွဲယူ၍ သူ့အားချိန်ရွယ်ထား၏။
ဆူဆူညံညံအသံများကြောင့် အခြားကျောင်းသားများနိူးလာကြသည်။သူတို့သည် ကျိကျဲကိုမြင်သောအခါ အားလုံးနောက်ဆုတ်သွားကြလေသည်။သူတို့ခန္ဓာကိုယ်များသည် နံရံတွင် စုပြုံတိုးကပ်နေကြ၏။သူတို့မျက်လုံးထဲတွင် ကျိကျဲသည် မတူညီသော ပုံစံတစ်ခုဖြစ်နေပုံရသည်။
သူ့အစ်ကိုနဲ့ အခန်းဖော်များက ရူးသွပ်နေကြပြီး သူ့အား နာကျင်အောင် လုပ်တော့မည်ကိုမြင်သောအခါ ကျိကျဲသည် ရင်နာနာနဲ့ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။သူသည် ထူးဆန်းသော ကျောင်းသားများ၏ ရင်ခွင်ထဲသို့ တည့်တည့်မတ်မတ်ကျသွားခဲ့သည်။ ထိုကျောင်းသားများ အိပ်ခန်းထဲ ဝင်သွားမည်ကို စိုးရိမ်သဖြင့် ကျိကျဲသည် သူ့၏နောက်ဆုံးခွန်အားကို အသုံးပြု၍ အိပ်ခန်းတံခါးကို ပိတ်လိုက်သည် ။သူ့ခန္ဓာကိုယ်သည် ကျောင်းသားများ၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။ဖြူဖျော့နေသော မျက်နှာများသည် သူ့ပတ်လည်တွင် ဝဲပျံနေကြသည်။ကျိကျဲသည် တံခါးကို ဆောင့်မိသွားသည်။သူသည် နောက်ဆုံးလက်ကျန် သတ္တိလေးကိုစုစည်း၍ လေသံဖြင့်ပြောဆိုလိုက်၏။
"ငါလဲ သရဲတစ်ကောင်ပါ ၊ ငါက သနားစရာကောင်းတဲ့ သရဲလေးတစ်ကောင်ပါ ၊ ငါ ဘာမှ မလုပ်ခဲ့ပါဘူး "
ကျိကျဲအား ကျောင်းသားရှစ်ယောက်က ဝန်းရံထားကြသည်။သူတို့သည် သူ့အား လေးထပ်ရှိအခန်းတစ်ခုထဲ ဆွဲခေါ်ချင်နေကြသည်။ကျိကျဲသည် သူ့ကံကြမ္မာကို အရှုံးပေးလိုက်တော့သည်။သို့သော်လည်း သူတို့ လှေကားထောင့်ဘက် လှည့်လိုက်ကြသည်နှင့် ကျောင်းသားတစ်ယောက်သည် စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။
"ဘာဖြစ်တာလဲဟ"
ကျိကျဲက သူ့ခေါင်းကိုအုပ်၍ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်သည်။
ကျောင်းသားအပေါ်သက်ရောက်မှုသည် အိမ်မက်ဆိုးတစ်ခုမှ နိုးထလာခဲ့ပုံရသည်။သူမျက်လုံးရှိ မျက်ဆံများက စတင်ပုံမှန်ဖြစ်လာ၏။သို့သော် ၎င်းတို့သည် ပြင်းထန်စွာ တုန်လှုပ်နေလေ၏။
သူ့မျက်နှာသည် ကြောက်ရွံ့မှုဖြင့် စတင်အရောင်ပြောင်းလာခဲ့သည်။သူသည် သူ့ဆံပင်နှင့် သူ့မျက်နှာကို ရူးသွပ်စွာကုတ်ဆွဲလိုက်၏။သူသည် ကျိကျဲ၏ပုခုံးများပေါ်စိုက်ကြည့်နေလေသည်။သူ့လည်ချောင်းထဲတွင် ငါးရိုးတစ်ချောင်း စူးနေသကဲ့သို့ နားမလည်နိုင်တဲ့ အသံများထွက်နေခဲ့သည်။
"မင်းတို့အကုန်း ဘာမှားနေကြတာလဲကွာ "
ကျိကျဲက ကြောက်ရွံ့စွာဖြင့် သူ့နောက်ကျောသို့ လှည့်ကြည့်လိုက်၏။သူသည် ပတ်ပတ်လည် လှည့်ကြည့်နေသော်လည်း ဘာမှ မတွေ့ခဲ့ရချေ။
"ငါ့နောက်မှာ ဘာရှိနေလို့လဲလို့ ! "
ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။သူတို့ထဲမှ သုံးယောက်သည် အော်ဟစ်ရင်း ထွက်ပြေးသွားလေ၏။အကြောက်တရားသည် သူတို့အပေါ်ထိန်းချုပ်ထားသော ကျောင်းစည်းမျဉ်းကို ကျိုးပျက်သွားစေပုံရသည်။
ကျန်ရစ်နေခဲ့သော ကျောင်းသားများက သူ့အား လေးလွှာသို့ တွန်းထုတ်လိုက်ကြသည်။ကျိကျဲသည် သူတို့အလယ်တွင်ရပ်နေခဲ့သည်။ကျိကျဲသည် ရုပ်ဆိုးဆိုးအရုပ်ကို ကိုင်ထားပြီး သူ့ခေါင်းကိုသာ ဆက်လှည့်ကြည့်နေခဲ့သည်။သူကား အလွန်ကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည်။
သူ့နောက်မှ လျှောက်လာသော ကျောင်းသူသည် တဆတ်ဆတ်တုန်ယင်နေ၏။သူမသည် အိပ်ပျော်ပြီး လမ်းလျှောက်နေရင်း တဖြည်းဖြည်း နိုးလာခဲ့သည်။ မိန်းကလေး၏ မျက်လုံးများတွင် အရုပ်တစ်ရုပ်ကို ထင်ဟပ်နေသော်လည်း အရုပ်သည် မကြာမီတွင်ချွန်မြနေသောသွေးစွန်းဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ မိန်းကလေး၏ မျက်စိထဲတွင် ကျိကျဲ၏မျက်နှာသည် အခြားမျက်နှာတစ်ခုဖြင့် ခပ်နေ၏။ယင်းသည် တယ်လီဗေးရှင်းတွင် ထုတ်လွှင့်ခဲ့သော မိုးသည်းညလူသတ်သမား ဖြစ်ပေသည်။
"ညီမလေး ငါ့နောက်မှာ ဘာရှိလဲကြည့်ဖို့ ကူညီပေးနိုင်လား "
"အား ! "
စူးရှသောအော်ဟစ်သံက ကျိကျဲအား သူ့နားကို ပိတ်မိသွားစေသည်။အကြောက်တရားသည် ပျံ့နှံ့လာပြီး လူတိုင်းကို ကူးစက်သွားစေတော့သည်။အကြောက်တရားသည် ကျောင်းသားတိုင်း၏မျက်လုံးထဲထိ ပျံ့နှံ့လာ၏။ကျိကျဲသည်လည်း အလွန်တရာကြောက်ရွံ့နေတော့သည်။
အထူးခန်းကို သွားနေသည့် လူတန်းကြီးက တိုတောင်းသွားလေ၏။ ကျောင်းသား ကောင်စီဝင်ဟောင်းများ ရောက်လာကြသည်။ သူတို့သည် အမိန့်ကို ထိန်းသိမ်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။အဆုံးတွင် သူတို့သည် ကျိကျဲကိုသာ ဖမ်းဆီးလိုက်ကြသည်။ကျောင်းသားကောင်စီသည် အကြောက်ရောဂါကို ကိုယ်စားပြုသည့် အရုပ်နှင့် တရားဝင်ထိတွေ့ခွင့်ရခဲ့ခြင်းဖြစ်သည်။
"ကျောင်းသားတွေလည်း အကြောက်တရား ကူးစက်လိုက်ရတာပဲ ! "
တံဆိပ်တပ်ထားသော အဖွဲ့ဝင်များသည် သူတို့၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်း၍ တွေးတောနေကြသည်။သူတို့သည် 'အိပ်ပျော်လျက်လမ်းလျောက်နေသော ' အခြားကျောင်းသားများနှင့် မတူပေ။သူတို့သည် ကျောင်းစည်းကမ်းအရ ချဉ်းကပ်လာကြသည်။
"ပြဿနာက ဘယ်မှာလဲ"
ကျောင်းသားကောင်စီဝင်များက ကျိကျဲဆီဦးလှည့်လိုက်ကြသည်။ဘရန်းဒတ်အဝတ်အစားများဖြင့် ကျိကျဲသည် ကြမ်းပြင်ပေါ် ဒူးထောက်လျက်ရှိသည်။သူသည် ကြောက်ရွံ့နေသော်လည်း ထွက်မပြေးဝံ့ပေ။
“ ဒါက ဒီကျောင်းသားနဲ့ ပတ်သက်နေရမယ် ၊ သူ့ကို ငါတို့ အိပ်ခန်းထဲ ခေါ်သွားလိုက် ၊ ကောင်စီဥက္ကဋ္ဌက ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်လိမ့်မယ် "
အဖွဲ့ဝင်များသည် ကျိကျဲကို မြေပြင်မှ မထူလိုက်ပြီး အိပ်ဆောင်ခြောက် ဗဟိုသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်ကြသည်။