ကျောင်းသားကောင်စီသို့ဝင်ခြင်း
Vol. 10 Ch. 141
"အနုပညာဆရာမဟာ သေဆုံးသူတွေရဲ့ပန်းချီကားထဲမှာပုန်းနေတုန်းက ကျောင်းသားတွေကို လူသတ်သမားတွေရဲ့ပန်းချီကားတွေ ဆွဲဖို့ ရွေးချယ်ခိုင်းခဲ့တယ် ၊ ပန်းချီငါးခုထဲမှာ တစ်ခုက သူ့ရဲ့လူသတ်သမားရေးဆွဲထားတာဖြစ်ရမယ် "
ကောင်းမင်သည် ပန်းချီကားများထဲရှိ ချောမောလှသောလူ၏မျက်နှာအား မှတ်သားထားလိုက်သည်။သူသည် အနုပညာဆရာမကို နောက်ယောင်ခံလိုက်နေပုံရသည်။ကောင်းမင်သည် အနုပညာဆရာမ၏ ပုံတူဓာတ်များနောက်ကျောကို လှန်ကြည့်လိုက်သည်။ကောင်းမင်၏မျက်စိသူငယ်အိမ်များ အနည်းငယ်ကျဉ်းမြောင်းသွား၏။ပုံတူများ၏နောက်ကျောတိုင်းတွင် ညစ်ညမ်းသောစာသားဖြင့်ပြည့်နှက်နေပြီး ထိတ်လန့်ဖွယ်ဖြစ်သည်။
အနုပညာဆရာမ၏ မူလအမည်များကို ရေးမှတ်ထားခဲ့သည်။သူတို့က 'အသံမဲ့အချစ်'ဟူသော နာမည်အသစ်ပေးခဲ့သည်။
နာမည်အောက်တွင် မျဉ်းကြောင်းအသေးလေးတစ်ခုရှိသည်။
"မင်းရဲ့ဖြစ်တည်မှုကြောင့် ဒီမြို့ကြီးမှာ အချစ်နဲ့ဆက်နွယ်တဲ့အသံမှန်သမျှကို ငါကြားနိုင်တယ် "
"တားမြစ်စာသင်ခန်းထဲက မင်းယူလာသမျှကို လက်လွှဲပေးပါ "
ကျောင်းသားကောင်စီသည် နောက်ဆုံးတွင် အခန်း ၂၁၀၄ကို ချိတ်ပိတ်လိုက်ကြသည်။သူတို့သည် ကောင်းမင်ဘက် ပြန်လည်အာရုံစိုက်လာကြပြီး သူ့အား မကောင်းသော ရည်ရွယ်ချက်များဖြင့်ကြည့်ရှုနေ၏။
ယခုကား ကျောင်းသားကောင်စီကို တိုက်ခိုက်ရန်အချိန်ကောင်းမဟုတ်သေးပေ။ကောင်းမင်၏ လက်သည် အိတ်ထဲကို ရောက်သွားပြီး ပိုက်ဆံအိတ်ကို သူ့အင်္ကျီလက်ထဲ ထည့်လိုက်သည်။
"ဒီအိတ်ထဲမှာ ဘာမှမရှိပါဘူး ၊ ပန်းချီကားတချို့ပါပဲ "
"ငါတို့ကို မေးခွန်းပြန်မထုတ်နဲ့ ၊ စည်းကမ်းတွေကို လိုက်နာဖို့ပဲလိုတယ် ! "
ကျောင်းသားကောင်စီအဖွဲ့ခေါင်းဆောင်က အိတ်ကိုဆွဲယူလိုက်သည်။
"ဒီမှာ ရစ်သီရစ်သီလုပ်မနေကြနဲ့တော့ ၊ မင်းတို့ရဲ့ စာသင်ခန်းတွေထဲ ပြန်သွားကြ! "
နောက်အတန်းသည် ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သည်။ကျောင်းသားကောင်စီထံမှ မည်သည့်တိုက်တွန်းချက်မှ မရှိပဲ ကျောင်းသားများသည် တံခါးဝဆီ အလျင်အမြန်သွားလိုက်ကြသည်။သူတို့နှလုံးသားထဲတွင် သင်္ချာဆောင်မှာ လုံခြုံပေသည်။
"ယနေ့ခေတ်လူတွေက စည်းမျဉ်းတွေ အလေ့အထတွေအတွက် ပိုသင့်လျော်တယ်ဆိုတာ လက်တွေ့ဖြစ်ရပ်က သက်သေပြနေတယ် "
ချင်ကျွင်းရန်က ယုံကြည်ချက်ရှိရှိပြောလိုက်ပြီး
"ငါတို့ ဘာကိုမှ မစူးစမ်းသင့်တော့ဘူး စည်းကမ်းတွေကို ရိုးရိုးသားသားပဲ လိုက်နာသင့်တယ် "
ချင်ကျွင်းရန်က ကျိုးကျွင်းဆီအကြည့်တစ်ချက်ပို့လိုက်သည်။
"စုံစမ်းစစ်ဆေးရေးဌာနကလဲ ဒီလိုပဲယုံကြည်ထားတာလေ ဟုတ်တယ်မလား "
ချင်ကျွင်းရန်က မျက်နှာသာလုပ်လိုက်သော်လည်း ကျိုးကျွင်းက မတုန့်ပြန်ခဲ့ပေ။သူ့အား ချင်ကျွင်းရန်နှင့်အတူ ကျောင်းဆေးခန်းသွားရန် အမိန့်ပေးခံခဲ့ရစဉ်ကတည်းက သူသည် ကပ္ပတိန်ယူနီဖောင်းအောက်တွင် ရေကူးဘောင်းဘီကို ဝတ်ထားဆဲဖြစ်သည်။
"လျိုယီ ငါနင့်ကို မေးစရာရှိတယ် "
ကောင်းမင်သည် 'ပေါ့ပေါ့ပါပါး'ဖြင့် လျိုယီအနား လျှောက်သွားလိုက်သည်။သူမ၏လက်ထဲ အနုပညာဆရာမ၏ပိုက်ဆံအိတ်ကို ထိုးပေးလိုက်သည်။
"ဖွင့်ကြည့်လိုက် "
အနုပညာဆရာမ၏ ပိုက်ဆံအိတ်ထဲတွင် သူမမိဘနှစ်ပါး၏ဓာတ်ပုံများ ၊ ဘဏ်ကတ်နှစ်ကတ် ၊ စေတနာ့ဝန်ထမ်းကတ်တစ်ခု နှင့် ပြင်မရအောင်စုတ်ပြဲနေသော ဆာတီဖီကေးရှင်းတစ်ခုတို့ ရှိပေသည်။
"ပိုက်ဆံအိတ်ဆိုထဲကပစ္စည်းတွေက အနုပညာဆရာမရဲ့ အရေးအကြီးဆုံးပစ္စည်းတွေဖြစ်ရမယ် ၊ မိဘနှစ်ပါးရဲ့ဓာတ်ပုံတွေမှာ သွေးစအနည်းငယ်တောင်မရှိဘူး ၊ အဲ့ဒီမှာ ဘာနာကြည်းမုန်းတီးမှုကိုမှ ငါအာရုံမရဘူး ၊ ဒါကြောင့် သူက သူမိဘတွေကို အရမ်းချစ်တာဖြစ်နိုင်တယ် ၊ ဘဏ်ကတ်တွေက ဘယ်လိုအရေးကြီးသလဲတော့ ငါရှင်းမပြတတ်ဘူး ၊ ငါ့ကို စိတ်ရှုပ်စေတဲ့အရာက အခြားနှစ်ခုပဲ "
ကောင်းမင်က လျိုယီအား စေတနာ့ဝန်ထမ်းကတ်ကို ကြည့်ခိုင်းလိုက်သည်။
"ချောင်ကျောင်းကျောင်းတဲ့ "
လျိုယီသည် အာရုံစူးစိုက်မှုများ မဆွဲဆောင်မိစေရန် တစ်ချက်တည်းဖြင့် အရာအားလုံးကို စစ်ဆေးခဲ့သည်။
"အနုပညာဆရာမက မသန်မစွမ်းကလေးတွေကို ပန်းချီဆွဲသင်ပေးမယ်လို့ကြားတော့ ကျောင်းရဲ့စေတနာ့ဝန်ထမ်းပရိုဂရမ်မှာ ပါဝင်ခဲ့တယ် ၊ သူက လှပပြီး ကြင်နာတတ်မယ့်ပုံပါပဲ ၊ သူသေပြီးတော့ ဘယ်လိုလုပ်အရမ်း ကွာခြားသွားတာလဲ "
"သူရဲ့ ကြင်နာတတ်တာက ရက်ရက်စက်စက်အသတ်ခံရတဲ့အကြောင်းရင်း ဖြစ်နိုင်တယ် "
ကောင်းမင်က ပျက်စီးနေသော ဆာတီဖီကိတ်ကို ညွှန်ပြလိုက်သည်။
"ဆာတီဖီကိတ်က အနုပညာဆရာမရဲ့ဟာ မဟုတ်ဘူး၊ အဲ့ဒါက ဟိုလူရဲ့ဟာပဲ ၊ ငါ ချောင်ကျောင်းကျောင်းရဲ့ ပန်းချီကားတွေကို မြင်ခဲ့ရတယ် ၊ သူ့ရဲ့ပုံတူတွေ အားလုံးမှာ လူတစ်ယောက်ပေါ်လာတယ်၊ သူဟာ အနုပညာဆရာမနဲ့ ချည်နှောင်နေပုံရတယ် "
အခြားလူများက သူတို့အား မည်သို့မျှ အာရုံမစိုက်ကြသောကြောင့် ကောင်းမင်သည် သူ့အိတ်ကပ်ထဲမှ ပန်းချီတစ်ချပ်ကို ထုတ်လိုက်သည်။သူက အစောကတည်းက ဝှက်ထားခြင်းဖြစ်သည်။
အနုပညာဆရာမ၏ဓာတ်ပုံထောင့်တွင် လူတစ်ယောက်ကိုမြင်လိုက်သောအခါ လျိုယီ၏ခြေလှမ်းများနှေးကွေးသွား၏။
"ငါ ဒီလူကို သိတယ် !"
"ဘာလဲ "
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟန်ဟိုင်းမှာဖြစ်ပွားခဲ့တဲ့ အသံတိတ်သားသတ်သမားအမှုကို နင်သိသေးလား "
လျိုယီက ပန်းချီကို ခေါက်ပြီး ကောင်းမင်ထံပြန်ပေးလိုက်သည်။
"လူအတစ်ယောက်က လူ ၃ ဦးကိုသတ်ဖြတ်ခဲ့ပြီးအလောင်းများတွေကို အပိုင်းပိုင်းဖြတ်ပစ်ခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် နှစ်ဖက်ရှေ့နေတွေက အပြင်းအထန် ငြင်းခုံခဲ့ကြတယ်၊ သူ့ကို သေဒဏ်မပေးခဲ့ကြဘူး "
"သူက ဘယ်လိုလုပ် သေဒဏ်ကို ရှောင်လွှဲနိုင်ခဲ့တာလဲ "
ကောင်းမင်သည် မှုခင်းနောက်ကွယ်မှ ကြံစည်မှုများရှိမရှိ စဉ်းစားနေခဲ့သည်။
"အဲ့ဒါက နင်တွေးတာထက် ပိုရှုပ်ထွေးတယ် ၊ တစ်ဖက်က သူတို့က သေဒဏ်ပေးချင်ခဲ့ကြတယ် ဒါပေမယ့် နောက်တစ်ဖက်က သူ့ကိုသေဒဏ်ပေးတာဟာ အရမ်းကြင်နာလွန်းတယ်လို့ တွေးခဲ့ကြတယ် ၊ ဒါကြောင့်မို့ သူတို့က သူ့ကိုပိုကြီးတဲ့အပြစ်ပေးချင်ခဲ့ကြတယ် "
လျိုယီသည် ဆွံ့အနားမကြားသူအတွက် ခုခံကာကွယ်ခဲ့သောရှေ့နေတစ်ယောက်ဖြစ်ခဲ့သောကြောင့် သူမသည် ထိုအမှုကို ကောင်းစွာသိသည်။
"သူက အနုပညာဆရာမရဲ့ လူသတ်သမားဖြစ်ရမယ် ၊ လူသတ်သမားဟာ အမည်မသိ အကြောင်းရင်းတစ်ခုခုကြောင့် ဆေးရုံမှာ ကိုမာဝင်သွားခဲ့တယ်၊ သူက အခုချိန်ထိ နည်းပညာပိုင်းအရတော့ အသက်ရှင်နေသေးတယ် ၊ သူ့ကိုသတ်လိုက်ရင် ငါတို့သရဲနီကို ကူညီနိုင်လိမ့်မယ် "
"သူ့ကို သတ်တာနဲ့မလုံလောက်ဘူး ၊ ငါတို့က သူ့ကို အနုပညာဆရာမရဲ့မျက်စိရှေ့မှာ သတ်မှရမယ် "
ကောင်းမင်က သူ့ဘာသာတွေးလိုက်သည်။
"နင်က ကိုမာဝင်နေတဲ့လူကို ကျောင်းခေါ်လာချင်နေတာလား ၊ အရမ်းခက်တယ်နော် "
ကောင်းမင်က အိမ်မက်မက်နေသည်ဟု လျိုယီတွေးလိုက်သည်။
"မဟုတ်ဘူး ၊ ငါက အနုပညာဆရာမကို အပြင်ခေါ်သွားချင်တာ "
"ငါတို့ ဒီကျောင်းကနေ ငါတို့ဘာသာ ထွက်သွားလို့မရဘူး "
လျိုယီက ကောင်းမင်ဘေးတွင် လမ်းလျှောက်နေ၏။
"တကယ်တော့ ဒီမှာရှိတဲ့ သရဲနီတွေက သူတို့မသေခင်က လူကောင်းတွေဖြစ်ရမယ် "
"နင်ဘာလို့ အဲ့လိုပြောနိုင်ရတာလဲ "
ကောင်းမင်က သိချင်သွားသည်။လူသားများသည် ရှုပ်ထွေးပေသည်။သူတို့၏သဘာဝများကို သူ့တို့မျက်နှာပေါ်တွင် ရေးသားမထားပေ။ရှေ့နေတစ်ယောက်အနေဖြင့် လျိုယီသည် ထိုအချက်ကို သူ့ထက်ပိုသိရမည်ဖြစ်သည်။
"ကာယဆရာဟာ စီစီရေထဲနစ်သွားတာတွေ့တော့ ချက်ချင်းပဲ သူ့အင်္ကျီကိုချွတ်ပြီး ရေထဲခုန်ဆင်းချခဲ့တယ် "
"ဒါက သူဟာ စည်းကမ်းတွေကိုပဲ လိုက်နာတယ်လို့ ဆိုလိုတာလေ "
"အားလုံးက ကျိုးစီစီကို အာရုံစိုက်နေကြချိန်မှာ ငါက ကာယဆရာရဲ့ အဝတ်အစားတွေကို ကြည့်ခဲ့တယ် ၊ ငါက သူရဲ့အလုပ်အိုင်ဒီကတ်နဲ့ ဖြောင့်ချက်စာတစ်စောင်ကို ရှာတွေ့ခဲ့တယ် "
"ကာယဆရာရဲ့အမည်က ကျောင်းလုံတဲ့ ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့ကိုယ်သူအပြစ်မရှိကြောင်း သက်သေပြဖို့ မိမိကိုယ်ကို သတ်သေခဲ့တဲ့ ဆရာနဲ့ ဆင်တူတယ် "
ကောင်းမင်တွင် ထိုနာမည်၏တချို့မှတ်ဉာဏ်များရှိသည်။
"ကျောင်းစီမံခန့်ခွဲသူတစ်ဦးဟာ မိန်းကလေးကျောင်းသူတစ်ဦးနှင့် မရှင်းမရှင်းဆက်ဆံရေးရှိခဲ့တယ် ၊ကျောင်းလုံက သူတို့ကို သိပြီး သတိပေးခဲ့တယ်၊ လက်တုံ့ပြန်ဖို့အတွက် ကျောင်းစီမံခန့်ခွဲသူက ကျောင်းလုံဟာ သူ့ကျောင်းသားတွေကို နှောင့်ယှက်ပါတယ်လို့ စွပ်စွဲခဲ့တယ် ၊ သက်သေအတုတွေအပြည့်နဲ့ကျောင်းလုံဟာ အားကစားအဆောင် သေဆုံးခဲ့တယ် "
"သူ့အပြစ်ကင်းမှုကို ပြသဖို့အတွက် သူ့ကိုယ်သူသတ်သေခဲ့တယ် ၊ သူက ကျိုးစီစီရေထဲကျသွားတဲ့အချိန်မှာ သူ့ကို ကယ်ဖို့ ရွေးချယ်နေတုန်းပဲ ၊ သူဟာ သေတဲ့အထိစွပ်စွဲခံခဲ့ရပေမယ့် သူ့ရဲ့ကြင်နာမှုဟာ ပျောက်ဆုံးမသွားခဲ့ဘူး "
လျိုယီသည် နေ့စဉ်ပင် ဟန်ဟိုင်း၏မှုခင်းများကို ကြည့်ရှုခဲ့ရသည်။တစ်ခါတစ်ရံတွင် သူမသည် အကူအညီမဲ့မှုကို ခံစားရသည်။သို့သော်လည်း ထို့ကြောင့်ပင် သူမသည်ရှေ့နေတစ်ယောက်ဖြစ်ခဲ့ရခြင်းဖြစ်သည်။
"ဒီကျောင်းက သရဲနီတစ်မျိုးကို ဆွဲဆောင်နေတာ ၊ ကျောင်းရဲ့ ရည်ရွယ်ချက်ကို ငါမသိပေမယ့် ကျောင်းစည်းကမ်းတွေက လုံးဝကြီးမကောင်းဆိုးဝါးဆန်နေတာမဟုတ်ဘူးလို့ ခံစားရတယ် "
လျိုယီသည် မုန်တိုင်းထဲမှ အဆောက်အဦးများကိုကြည့်ရှုလိုက်သည်။
"ငါဒါကို ဘယ်လိုလုပ်ရပါ့မလဲ ၊ မုန်တိုင်းကြောင့် ကမ္ဘာကြီး ဝါးမျိုခံလိုက်ရတဲ့အခါ အရိပ်ထဲက ဒီအဆောက်အဦတွေမရှိရင် အားလုံး စိုရွှဲကုန်လိမ့်မယ် "
"စည်းမျဉ်းတွေကြောင့် ဦးနှောက်အဆေးမခံရစေနဲ့ "
"ကျောင်းစည်းကမ်းတွေက ကြောက်စရာကောင်းပြီး သွေးထွက်သံယိုဖြစ်ပေမဲ့ စည်းကမ်းတွေက အများစုရဲ့ရှင်သန်မှုကို အတည်ပြုနိုင်တယ် "
လျိုယီက ကောင်းမင်ဘက်လှည့်လိုက်ပြီး
"နင်က စည်းမျဉ်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်ဖြစ်စေ ဒါမှမဟုတ် နင်ကစည်းမျဉ်းအသစ်တွေကိုဖြစ်ပေါ်စေရင် အဲ့ဒါက ငါတို့ရဲ့ရှင်သန်မှုကိုသေချာစေနိုင်တယ်၊ ငါ့မှာ ရူးသွပ်တဲ့အကြံတစ်ခုရှိတယ် ၊ငါကျောင်းသားကောင်စီကို ဝင်ပြီးဒီကျောင်းလည်ပတ်ပုံရဲ့နောက်ကွယ်က အခြေခံလော့ဂျစ်ကို အဖြေရှာချင်တယ် "
ကောင်းမင်က ထိုအစီအစဉ်ကြောင့် ထိတ်လန့်သွားသည်။
"သူတို့နဲ့ ဘယ်လိုဆက်သွယ်ရမလဲ နင်သိလား "
"အမျိုးသမီးအိမ်သာထဲက အိမ်သာခန်းနံရံပေါ်မှာ နည်းလမ်းတစ်ခုကို ငါမြင်ခဲ့တယ် "
လျိုယီက မရေမရာပြောလိုက်သည်။
"ဒီကျောင်းမှာ လျှို့ဝှက်အခန်းရှိတယ် အဲဒါက ကျောင်းသားကောင်စီရဲ့ ဖိုင်တွေထားတဲ့အခန်းပဲ ၊ အိပ်ဆောင်အဆောက်အဦး မီးမပိတ်ခင် အဲဒီအခန်းကို ရှာပြီး အနီရောင် ဗီရိုထဲမှာ ငါ့ကိုယ်ပိုင်ဖိုင်ကို ထည့်ထားဖို့ လိုတယ် "