ငါ့ကိုလွှတ်
Vol. 10 Ch. 140
အတိတ်တွင် အနုပညာဆရာမသည်ကျောင်းစည်းကမ်းများဖြင့် ချည်နှောင်ထားခံရခြင်းကို မုန်းတီးသော်လည်း သူမစိတ်ပြောင်းလိုက်ပြီဖြစ်သည်။သူမသည် ရှရန်အား ကျောင်းက ချုပ်နှောင်ထားရန် ပြင်းပြင်းထန်ထန် ဆန္ဒရှိခဲ့သည်။ ထိုလူသည် လုံးဝအသိစိတ်လွတ်နေခြင်းဖြစ်သည်။ သူ့အား သာမန်လူတစ်ယောက်အဖြစ် ဆက်ဆံ၍ မရပေ။
အနုပညာဆရာမ၏ နာကြည်းခြင်းအခန်းတစ်ဝက်မှာ သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။ထိုအတိုင်းသာ ဆက်ဖြစ်နေပါက အနုပညာဆရာမသည် အခြားလူတစ်ယောက်၏အနုပညာလက်ရာဖြစ်လာပေလိမ့်မည်။
အနုပညာဆရာမသည် ရှရန်ကို ပုံမဆွဲနိုင်သဖြင့် သူမ၏ဒေါသကို ကောင်းမင်ဘက်လှည့်လိုက်သည်။သို့သော်လည်း သူမသည် ကောင်းမင်ကိုပုံဆွဲရန် ကြိုးစားလိုက်သောအခါ သူမသည် ပုံအား ဘယ်သောအခါမှ အပြီးမသတ်နိုင်ကြောင်း သိလိုက်ရလေသည်။
အမုန်းတရားများပြည့်နှက်နေသော သူမ၏မျက်လုံးများထဲတွင် သေခြင်းတရားမြင်နိုင်ပေသည်။သို့သော် သူမမျက်လုံးများကို လှန်ကြည့်လိုက်သောအချိန်တွင် ထိုကျောင်းသား၏နှလုံးသားထဲတွင် သေခြင်းတရားများပြည့်နှက်နေလေသည်။သေခြင်းတရားထက် သူ့မှတ်ဉာဏ်များ၌ သေမင်းရှေ့တွင် ရုန်းကန်နေရပုံများ ပါဝင်လေသည်။သူ့ဘဝတစ်ခုလုံးသည် သေခြင်းတရားဆီသို့ ချီတက်နေသော ခရီးတစ်ခုဖြစ်သည်။
သူမက ဒါကို ဘယ်လိုဆွဲနိုင်မှာလဲ။
အနုပညာဆရာမ၏ စိတ်ရှုပ်ထွေးမှုကြောင့် ကောင်းမင်ကို တိုက်ခိုက်ရန် ကြိုးစားသောအခါ ရှရန်သည် သူမအား တားရန်ပင် မကြိုးစားခဲ့ပေ။ တစ်ခုခုဖြစ်ခဲ့လျင်ပင် သူသည် သူမအား ကောင်းမင်ကိုသတ်ရန် အားပေးနေမည်ဖြစ်သည်။
ရှရန်နှင့်ကောင်းမင်သည် ရိုးရိုးရှင်းရှင်းပူးပေါင်းနေသည့်ဆက်ဆံရေး မရှိပေ။သူတို့သည် တစ်ဦးကိုတစ်ဦး ဖိနှိပ်ရန်ကြိုးစားနေကြသည်။သူမသည် ကောင်းမင်ကို သတ်ဖြတ်ရန် ကြိုးစားလိုက်ပါက ပိုကြောက်ဖို့ကောင်းသည့် တစ်စုံတစ်ရာကို လွှတ်ပေးမိလိမ့်မည်ဖြစ်သည်။
"နင်တို့နှစ်ယောက်က တစ်လှေတည်းစီးနေတာမဟုတ်ဘူးလား "
သင်ပုန်းအထက်ရှိ သွေးစွန်းနာရီသည် စတင်ရွေ့လျားလာ၏။ပျက်ယွင်းနေသော လက်များမှာ တုန်ယင်နေကြသည်။အနုပညာဆရာမသည် သူမ၏နာကြည်းခြင်းအခန်းကို ဆုံးရှုံးနေရပြီဖြစ်သည်။သူမသည် အမှန်တကယ်ကြောက်ရွံ့နေခြင်းဖြစ်သည်။ရှရန်တွင် တစ်ပါးသူ၏နာကြည်းခြင်းအခန်းများကို အတင်းအကျပ်သိမ်းယူနိုင်သော စွမ်းအားရှိပေသည်။ယင်းက မဖြစ်နိုင်ဖွယ်ရာပင်။
ရှရန်၏ သိမ်းပိုက်မှုကိ ခုခံရင်း အနုပညာဆရာမသည် ကျောင်း၏စည်းမျဉ်းကို ထွေးပွေ့ရန်ဆုံးဖြတ်လိုက်သည်။သူမသည် အနုပညာအခန်းတံခါးကို ကျောင်းရှိကျန်ရှိနေသော အခန်း၂၁၀၄ဖြင့် ဆက်သွယ်နိုင်ရန် တက်ကြွစွာ ဖွင့်လိုက်သည်။
တစ်ကြိမ်လှည့်စားခံခဲ့ရသော အခန်း၁၃မှ ကျောင်းသားများသည် တံခါးဖွင့်လိုက်သည်ကို မြင်သော်လည်း အတန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကြလေသည်။သူတို့က လှုပ်ပင်မလှုပ်ချေ။
ကျောင်းသားကောင်စီအဖွဲ့ဝင်များရောက်လာသောအခါ ကျောင်းသားများသည် ငိုယိုပြီး အနုပညာအခန်းအပြင်ဘက် ပြေးထွက်လိုက်ကြလေသည်။
"အတန်းခေါင်းဆောင်က အစားခံလိုက်ရပြီ ၊ သိပ်ကြောက်ဖို့ကောင်းတာပဲ ! "
စီဆန်းသည် ကျောင်းသားကောင်စီဝင်တစ်ယောက်၏ လက်ကို ဆုပ်ကိုင်ထားတော့သည်။သူသည် ထိုလူထက် ခေါင်းနှစ်လုံးစာအရပ်ရှည်သော်လည်း သူက ထိုလူနောက်တွင် ပုန်းအောင်းနေချင်လေ၏။
"အနုပညာဆရာမက သရဲကျောင်းသားသုံးယောက်ကို သတ်လိုက်တာလား ! "
ကျောင်းသားကောင်စီသည် အခြေအနေများကို စစ်ဆေးလိုက်သည်။အခန်း၁၃သည် ရှရန်၏တည်ရှိမှုကို သိရှိကြခြင်း မရှိပေ။သူတို့သည် အနုပညာဆရာမအား ဝိုင်းဝန်းအပြစ်တင်ကြတော့သည်။
အနုပညာဆရာမသည် အတန်းတစ်ဝက်အားသတ်ဖြတ်၍ ရုပ်တုများအဖြစ်ပြောင်းချင်နေသောကြောင့် ကျောင်းစည်းကမ်းများချိုးဖောက်ခဲ့ကြောင်း သိသွားပြီးနောက် ကျောင်းသားကောင်စီအဖွဲ့ဝင်များသည် ကြင်နာတတ်ပုံမပေါ်တော့ချေ။သူတို့သည် အခန်း ၂၁၀၄အတွင်း ပျံ့နှံ့နေသော စွမ်းအင်များကို ခံစားရသည်။
"အခု နောက်ဆုတ်လိုက်တော့ "
အဖွဲ့ခေါင်းဆောင်သည် သူ့အိတ်ကပ်ထဲမှ သံချောင်းအနည်းငယ်ကို ထုတ်ယူလိုက်သည်။သူတို့သည် စတိုခန်းသို့ သွား၍ သစ်သားပြားများယူလာကြသည်။သူတို့သည် အခန်း ၂၁၀၄မှ အော်ဟစ်သံများကို လျစ်လျူရှုလိုက်ပြီး အနုပညာခန်း တံခါးကို ချိတ်ပိတ်ပစ်ချင်နေကြသည်။
"နေပါဦး ! ကောင်းမင်က အထဲမှာ ရှိနေတုန်းပဲ! "
လျိုယီက သူတို့လက်များကို ဆွဲလိုက်သည်။
"လွှတ်ထားလိုက် "
ကျောင်းသားကောင်စီအဖွဲ့က လျိုယီအား အေးစက်စက်ကြည့်လိုက်သည်။သူ့မျက်လုံးများတွင် မည်သည့်ခံစားချက်မှ မရှိပေ။
"တားမြစ်ဇုန်က သရဲနီတစ်ကောင်ကို လွှတ်မြောက်ခွင့်ပေးလိုက်ရင် ကျောင်းသားတွေ ဘယ်လောက်များများသေကြမယ်ဆိုတာ မင်းသိရဲ့လား ၊ သူတို့က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မင်းမသိပါဘူး "
"သူတို့က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ ကျွန်မတို့မသိဘူး ဒါပေမယ့် ကျွန်မသိတာက အဲ့ဒီမှာ မလွတ်သေးတဲ့ ကျောင်းသားတွေ ရှိနေတယ်ဆိုတာပဲ ၊ ကျွန်မတို့ကို သရဲနီတွေရဲ့ ပါးစပ်ဆီ လွှတ်လိုက်တာ ကျောင်းသားကောင်စီဆိုတာလည်း သိတယ် "
ကျိုးစီစီသည်လည်း ရှေ့ထွက်လာပေသည် ။သူမကို ရေသရဲများ ခေါ်ဆောင်သွားသောအခါ သူမကို ကယ်တင်ရန် အရာအားလုံးလုပ်ဆောင်ပေးခဲ့သည့် ကာယဆရာ ကြောင့်သာ မဟုတ်လျှင် သူမရေနစ်သေနေလောက်ပြီဖြစ်သည်။
"စကားများနေဖို့ မလိုပါဘူး ၊ ကျောင်းသားကောင်စီက ငါတို့ကောင်းကျိုးအတွက် ဒါကို လုပ်ပေးနေတာပဲ "
ချင်ကျွင်းရန်က လျိုယီထံ ကြောက်ကြောက်ရွံ့ရွံ့ဖြင့်သွားလိုက်သည်။
"ပိုကြီးတဲ့ ရုပ်ပုံကို ကြည့်ပါ "
"ဘေးကို သွားစမ်း "
ဝမ်ကျားက ချင်ကျွင်းရန်အား ဘေးသို့တွန်းထုတ်လိုက်သည်။သူ့မျက်လုံးထဲတွင် ကောင်းမင်သည် အလွန်တော်ပြီး သူ့လွှတ်မြောက်ရေးအတွက် ကူညီပေးနိုင်သောကြောင့် သူသည်လည်း ကောင်းမင်ကယ်တင်ချင်နေ၏။
အနုပညာခန်းအတွင်းမှ အော်ဟစ်သံများသည် ပိုမိုထင်ရှားလာ၏။ပန်းချီကားရှိသွေးလက်ဝါးရာများသည် ပြတင်းပေါက်တွင် ထွက်ပေါ်လာကြသည်။နံရံဆီမှ သွေးများစိမ့်ထွက်လာသည်။စာသင်ခန်းအတွင်းမှ တွန်းဖွင့်ခံနေရခြင်းဖြစ်သည်။
"ငါတို့ စာသင်ခန်း ချိတ်မပိတ်ဘူးဆိုရင် သရဲနီက လွတ်မြောက်သွားလိမ့်မယ် "
သစ်သားပြားများကို တံခါးတွင် ကပ်လိုက်ကြသည်။နာကြည်းခြင်းအခန်းနှစ်ခုကြားတွင် ရှိနေသောကောင်းမင်သည် အပြင်ဘက်မှ အခြေအတင်စကားများကို ကြားနေရသည်။သူသည် ရှရန်၏ဘန်ဂလိုထဲတွင် ပိတ်မိမနေချင်သော်လည်း အနုပညာခန်းတွင်လည်း မနေချင်ခဲ့ပေ။လူသေဓာတ်ပုံကို ကိုင်ထားရင်း ကောင်းမင်သည် ပန်းချီဆွဲနေသော ရှရန်နှင့် တံခါးကို တိုက်ခိုက်နေသော အနုပညာဆရာမကို လျစ်လျူရှုလိုက်သည်။ကောင်းမင်က စားပွဲပေါ်တက်လိုက်ပြီး ပြတင်းပေါက်မှ ခုန်ချလိုက်လေသည်။သူထွက်မလာခင် စတိတ်ခုံအောက်မှ သင်ကြားရေးအစီအစဉ်နှင့်အိတ်ကို ဆွဲယူလာရန် မမေ့ခဲ့ပေ။၎င်းတို့တွင် အနုပညာဆရာ၏ အချက်အလက်များ ပါနိုင်၏။ကျောင်းမှာ သူမနေရာအား ပုံဖော်နိုင်ရန် အနုပညာဆရာမသည် တော်တော်လေး အစွမ်းထက်ပေလိမ့်မည်။
စာသင်ခန်းပြတင်းပေါက်သည် ကွဲကြေသွား၏။ကောင်းမင်သည် အနုပညာဆရာမ၏ပစ္စည်းများနှင့်အတူ လွတ်မြောက်လာ၏။အနုပညာဆရာမက အော်ဟစ်လိုက်သည်။အနီရောင်ဆေးသားလှိုင်းလုံးကြီးသည် ပြတင်းပေါက်ထံ စီးဝင်သည်။ယင်းသည် ရူးသွပ်စွာ စီးဆင်းတော့သည်
"သရဲနီကြီး ငါတို့နောက်လိုက်လာပြီဟ! "
အခန်း ၁၃သည် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ကျောင်းသားကောင်စီက အနုပညာဆရာမသည် အဘယ်ကြောင့် ထိုသို့ပြုမူနေကြောင်း နားမလည်ခဲ့ပေ။သူတို့သည် အခန်း၂၁၀၄အတွင်းရှိ သရဲနီအား ချိတ်ပိတ်ရန် အကောင်းဆုံးကြိုးစားနေကြသည်။
ကျောင်းသားကောင်စီသည် ကျောင်းစည်းမျဉ်းများကို ထိန်းသိမ်းသူများဖြစ်ကြသည်။သူတို့မျက်လုံးထဲတွင် ကျောင်းစည်းကမ်းက အရာရာဖြစ်သည်။စည်းမျဥ်းစည်းကမ်းကို ဆန့်ကျင်သည့် လုပ်ရပ်မှန်သမျှအား ရပ်ဆိုင်းရမည်ဖြစ်သည်။ ဥပမာအားဖြင့် အနုပညာဆရာမသည် နာကျင်စွာ အော်ဟစ်နေသော်လည်း သူတို့သည် သူမအား မည်သို့မျှ အာရုံမထားကြပေ။သူတို့သည် စည်းမျဉ်းများကိုသာ လိုက်နာပြီး သူမအခန်းထဲကို သူမကို ချိတ်ပိတ်ချင်နေကြသည်။
ပြတင်းပေါက်များ ကွဲအက်ကုန်သည်။တံခါးသည် တုန်ခါနေ၏။ကျောင်းသားအားလုံးက ကြောက်ရွံ့နေကြပေသည်။
"သေစမ်း ! ဒီသရဲရဲ့ နာကြည်းခြင်းအခန်းက အရမ်းသန်မာတာပဲ ! "
ကောင်းမင်သည် ကြမ်းပြင်ပေါ်မှ ထလိုက်ပြီး ရှရန်၏ လူသေပုံတူကို သူ့အိပ်ကပ်ထဲ ဝှက်လိုက်သည်။လက်ရှိအားဖြင့် ဓာတ်ပုံတွင် လူသေအလောင်းတစ်ခုနှင့် ပန်းချီအလွတ်တစ်ခုသာ ရှိသည်။ရှရန်သည် အခန်း ၂၁၀၄အတွင်း ရှိနေဆဲဖြစ်သည်။
"ညကျမှ ငါတစ်ချက်ပြန်လာကြည့်မယ် "
စူပါမားကတ်သူဌေးနှင့် အိမ်နီးချင်းများက ရေလှိုင်းလုံးအဖြစ် ပြောင်းလဲသွားသည်။ရှရန်သည် အနုပညာဆရာမဖြင့် တိုက်ခိုက်နေသည်။ကောင်းမင်၏ 'မိတ်ဆွေ'အားလုံးသည် သူတို့၏ ကိုယ်ပိုင်ဇာတ်ခုံကို တွေ့သွားပြီဖြစ်သည်။
"ကောင်းမင် မင်းအဆင်ပြေရဲ့လား "
စီဆန်းသည် လျိုယီကို ဘေးသို့တွန်းလိုက်သည်။ သူသည် ကောင်းမင်ကိုစစ်ဆေးရန် ပထမဆုံး အပြေးအလွှားရောက်လာသူဖြစ်သည်။ သူ့ခန္ဓာကိုယ်အတွက် အလွန်စိုးရိမ်နေကြောင်း ပြသခဲ့သည်။
"ငါ အဆင်ပြေတယ် "
ကောင်းမင်က သူ့ကိုယ်ပေါ်ရှိ မှန်စများကို ပုတ်ထုတ်လိုက်သည်။ကျိုးကျွင်းက လမ်းလျှောက်လာခဲ့သည်။သူက ကောင်းမင်အား ဂရုမစိုက်ပေ။သူ့မျက်လုံးများက ကောင်းမင်၏ လက်များထံတွင် ရှိနေ၏။
"သရဲနီရဲ့ အိတ်ကို မင်းနဲ့အတူ အပြင်ယူလာခဲ့တာလား "
သရဲနီ၏ အတိတ်ကို သိခြင်းသည် သူတို့အပေါ် စုံစမ်းစစ်ဆေးရေးဌာန၏ နားလည်မှုကို ကူညီပေးနိုင်ပြီး သူတို့ကိုပင် ထိန်းချုပ်နိုင်သည်။ကျိုးကျွင်းသည် သူ့မျက်လုံးထဲရှိ လောဘကို ဖုံးကွယ်ရန်ကြိုးစားလိုက်သည်။
"အထဲမှာ ဘာပါလဲ ငါကြည့်လို့ရမလား "
"မရဘူး "
ကောင်းမင်က စဉ်းစားခြင်းမရှိပဲ ငြင်းလိုက်သည်။
"စောနတုန်းက အနုပညာခန်းထဲမှာ ငါပိတ်မိလုမတတ်ဖြစ်ခဲ့တော့ ငါ့ကို ကူညီဖို့ မင်းဘာမှ မပြောခဲ့ပါလား ၊ အခု ငါ့အသက်အန္တရာယ်ကို စွန့်စားပြီး သရဲနီရဲ့ပစ္စည်းကို ယူလာခဲ့တော့ မင်းက ဒါကို ငါ့ဆီက လိုချင်နေတာလား "
သူ့အား ပြန်ချေပရန် အခွင့်အရေးမပေးဘဲ ကောင်းမင်က အိတ်ကို သူ့ဘာသာ ဖွင့်လိုက်သည်။၎င်းတွင် ဆရာမ၏ ကိုယ်ပိုင်ပုံတူများရှိနေ၏။ သို့သော် ပန်းချီကားတိုင်း၏ နောက်ခံတွင် လူတစ်ယောက်၏ ကောက်ကြောင်းသဏ္ဍာန်ရှိနေ၏။
ထိုလူသည် ရုပ်ရည်ချောမောသော်လည်း မနှစ်မြို့ဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။ သူသည် ပန်းချီကားများတွင် သိမ်မွေ့စွာ ပေါ်ထွက်လာပြီး မသိစိတ်ဖြင့် အမျိုးသမီးဆရာမအား စိုက်ကြည့်နေလေ၏။
"သရဲနီတိုင်းရဲ့ နှလုံးသားထဲမှာ စွဲလမ်းမှုတစ်ခုရှိကြတယ် ၊ ယန်ရှီကျီးရဲ့ စွဲလမ်းမှုက ကျောင်းက ကျောင်းသားတွေပဲ ၊ အနုပညာဆရာမရဲ့ စွဲလမ်းမှုက ဓာတ်ပုံတွေထဲကလူနဲ့ တစ်ခုခုလုပ်စရာရှိနေတာ ဖြစ်ရမယ် "