← Chapters

မင်းကို ဆွဲပေးပါရစေ

Vol. 10 Ch. 139

မင်းကို ဆွဲပေးပါရစေ

Vol. 10 Ch. 139

အနုပညာခန်းသည် အနီရောင်ဆေးသားများစီးဆင်းနေပြီး အနုပညာဆရာမ၏အေးစက်သောအသံများ ပဲ့တင်ထပ်နေ၏။သူမ စာသင်စားလာသည်မှာ နှစ်များစွာကြာပြီဖြစ်သော်လည်း သူမသည် အရင်က သို့မဟုတ် သူမမသေခင်က ထိုကဲ့သို့အရာမျိုး မကြုံခဲ့ဘူးပေ။

"ကျောင်းသား‌တွေက စာသင်ချိန်အတွင်း စာသင်ခန်းထဲက ဘယ်လိုထွက်သွားနိုင်ရတာလဲ"

သူမအသံသည် ကင်းဗတ်စများထံမှ ထွက်ပေါ်နေ၏။ဖြည်းညင်းစွာပင် လူသတ်သမားများမှ ဖန်တီးထားသော ပန်းချီကားများသည် သေဆုံးသူများဖန်တီးထားသော ပန်းချီကားများအဖြစ်ပြောင်းလဲလာ၏။ပန်းချီကားငါးချပ်တွင် စာသင်ခန်းနှင့် ကျောင်းသားများ၏ အဓိကဆိုလိုရင်းရှိသည်။ပန်းချီကားများတွင် မည်သူမျှ မသေသော်လည်း အနီးကပ်ကြည့်လျှင် ကျောင်းသားအများစုသည် စင်မြင့်ကို ကြည့်နေကြခြင်းအား သတိပြုမိနိုင်သော်လည်း ဆရာရှိသင့်သည့်နေရာတွက် ကွက်လပ်ဖြစ်နေလေသည်။အမှန်တကယ် နစ်နာသေဆုံးခဲ့သူသည် အနုပညာဆရာမဖြစ်သည်။သူမ၏ခန္ဓာကိုယ်သည် ဖြတ်တောက်ခံခဲ့ရပြီး အနုပညာခန်းတစ်ခုလုံးတွင် ဝှက်ထားခံခဲ့ရခြင်းဖြစ်သည်။

ပန်းချီကားတိုင်းတွင် အနီရောင်ဆေးများစိုစွတ်လျက်ရှိသည်။ ကြမ်းပြင်များ ကွဲအက်လာပြီး နံရံများ ပြိုကျကုန်၏။ထောင့်စွန်းမှ သွေးချည်မျှင်များ တွားသွားထွက်လာကာ အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် ပေါင်းစပ်သွားခဲ့သည်။ပန်းချီကားတိုင်းရှိ စတိတ်ခုံများပေါ်တွင် သူမသည် မတ်တပ်ရပ်လျက်ရှိသည်။သူသည် ဂုဏ်သရေရှိပြီး ကြင်နာလှပသော်လည်း သူမမျက်လုံးများသည် အမုန်းတရားများဖြင့် တောက်လောင်နေ၏။

အနုပညာခန်း ၂၁၀၄သည် တားမြစ်ဇုန်တစ်ခုဖြစ်သည်။ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများပင် ထိုနေရာမှာ သရဲနီတစ်ကောင်၏ နေရာဖြစ်ကြောင်းသိကြသည်။သူမ၏ စွမ်းအားမှာ ထူးခြားသည်။သူမသည် ပန်းချီကားများထဲတွင် ပုန်းအောင်းနိုင်ပြီး သတ်ဖြတ်ရန် မဖြစ်နိုင်သလောက်ပင်။ပန်းချီကားများထဲမှ အမျိုးသမီးသည် စတိတ်ခုံပေါ်မှဆင်းလိုက်‌လေသည်။သူမသည် ကင်းဗတ်စများထဲမှ လျှောက်ထွက်လာချင်ပုံရလေသည်။

"မင်းတို့အားလုံးကို ငါပြန်ဖမ်းပြီး မင်းတို့ကို လူသားရုပ်တုပုံစံတွေဖြစ်အောင် ပြောင်းပြီး အထင်ရှားဆုံးနေရာတွေမှာ မင်းတို့ကို ထားပေးမယ် "

သူမသည် တံခါးကို အဆိပ်ပြင်းစွာကြည့်လိုက်သည်။သူမ၏လက်များက အနီရောင်ဆေးခြယ်ထားသောပန်းချီကားများကို ထိတွေ့လိုက်သောအခါ သူမ၏သွယ်လျသောလက်ချောင်းများသည် ကင်းဗတ်စ်မှ တိုးထွက်လာသည်။ ပထမဆုံးထွက်ပြေးသွားသူ စီဆန်းသည် အနုပညာအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ သူသည် ကျန်အတန်းသားများနှင့်အတူ ပြန်ပြေးလာခဲ့သည်။

လက်ရာမြောက်သော လက်ကလေးသည် လေထုထဲတွင် တန်းလန်းဖြစ်နေလေ၏။ အနုပညာဆရာမက စိတ်ရှုပ်‌ထွေးသွားလေသည်။

ကျောင်းသားများသည် ရိုကျိုးစွာပင် သူတို့၏ခုံများတွင် ပြန်ထိုင်လိုက်ကြသည်။သူတို့သည် သွေးနီရောင်အနုပညာခန်းတွင် ထိုင်လိုက်ကြသည်။လူတိုင်းသည် အကောင်းဆုံးအနုပညာကျောင်းကို တက်ခွင့်ရရန် ကြိုးစားနေကြပုံရလေသည်။သင်ကြားမှုတွင် သူတို့၏စိတ်ဝင်စားမှုကို ဘယ်အရာမှ မနှောက်ယှက်နိုင်တော့သလိုပင်။

အနုပညာဆရာမသည် သူမ၏ကျောင်းသားများ အားလုံး ပြန်ရောက်လာသောအခါ ဒေါသတကြီးဖြစ်နေခဲ့သည်။ ထွက်ပြေးသွားသော သိုးသူငယ်များ အားလုံး သူမဘက်သို့ ပြန်ရောက်လာကြခြင်းဖြစ်သည်။

"မဟုတ်ဘူး ! လေးယောက် ပျောက်နေတယ် ! "

သူမမျက်လုံးထဲရှိ စိတ်ရှုပ်နေမှုသည် အဆိပ်ပြင်းသည့်ပုံစံ ပြန်ရောက်သွားသည်။အမျိုးသမီးသည် သူမ၏ ပန်းချီကားများထဲမှ လျောက်ထွက်မလာနိုင်ခဲ့ချေ။သူမသည် ကင်းဗတ်များကြားတွင် တရိပ်ရိပ်လှုပ်ရှားလိုက်ပြီး မကြာမီ တံခါးဆီသို့ ရောက်လာ၏။ အနီရောင်ဆေးသားသည် သူမ၏အရိပ်ကို ကွေးညွှတ်နေစေခဲ့သည်။သူမသည် သူမ၏ နာကြည်းခြင်းအခန်းကို တစ်စုံတစ်ခုက ဖုံးလွှမ်းပစ်လိုက်မှန်း သိလိုက်ရသည်။

"ကျောင်းစည်းကမ်းတွေတောင် ငါ့ရဲ့နာကြည်းခြင်းအခန်းကို မသက်ရောက်နိုင်ဘူး ၊ ဒါက ဘာကြီးလဲ "

အနုပညာဆရာမသည် သူမကိုဒေါသထွက်စေပြီး ထိတ်လန့်သွားစေသော တစ်စုံတစ်ခုကို ရှာတွေ့လိုက်လေသည်။လူတစ်ယောက်သည် သူမ၏ နာကြည်းခြင်းအခန်းကို ပန်းချီဆွဲနေခဲ့ခြင်းဖြစ်ပေသည်!။

အရူးလူသတ်သမားသည် သူမ၏ နာကြည်းခြင်းအခန်းကို သူ၏ကင်းဗတ်စ်အဖြစ် ပြောင်းလဲကာ သူမ၏ နာကြည်းခြင်းအခန်းအား သူ၏ ဖန်တီးမှုများထဲမှ တစ်ခုအဖြစ် ဖန်တီးချင်နေခြင်းဖြစ်သည်။

အမုန်းနဲ့ ဒေါသတို့သည် အတူတကွလှိုက်တက်လာ၏။အနုပညာဆရာမက အနုပညာတန်းအပြင်ဘက်တွင် ရပ်နေသည့် တစ်ဦးတည်းသော ကျောင်းသားကို စိုက်ကြည့်လိုက်သည်။

"နင်မလား ၊ နင်လည်း အနုပညာရှင်ပဲလား "

အနုပညာဆရာမသည် အမုန်းတရားဖြင့် မေးခွန်းထုတ်လိုက်သည်။

"မသုံးပါနဲ့"

ကောင်းမင်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။သူစကားမပြောရသေးခင် အသံတစ်ခုက အနုပညာဆရာမ၏ နားထဲဝင်ရောက်သွားလေသည်။

"မင်းကို အနုပညာရှင်လို့ ခေါ်ရမှာ မထိုက်တန်ဘူး ၊ အများဆုံး မင်းက အနုပညာချစ်သူအဆင့်ပဲ ရှိတယ် "

"အနုပညာချစ်သူတဲ့လား "

အနုပညာဆရာမက ယင်းသို့ ရန်စမခံရတာ ကြာခဲ့ပြီဖြစ်သည်။ ၎င်းသည် သူမအား ရုပ်ဆိုးပြီး စိတ်ပုတ်သည်ဟု ခေါ်ခံရတာထက် ပိုနာကျင်ရသည်။

"ကျွန်တော် ဒီလိုမပြောခဲ့ဘူးနော် "

ကောင်းမင်သည် သူ့လက်များကို ရမ်းပြလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။အနုပညာဆရာမသည် ရှရန်၏ပန်းချီကားထဲ ဝင်ရောက်သွားချေပြီ။

ရှရန်၏နာကြည်းခြင်းအခန်းသည် သူ့လူသေဓာတ်ပုံထဲရှိ ဘန်ဂလိုပင်ဖြစ်သည်။ပန်းချီကားတိုင်းတွင် ရှရန်၏ရူးသွယ်မှုနှင့်အတွေးများ ပါဝင်ပေသည်။သူ့ဘဝ၏ တက်ကြွမှု ၊ မှတ်ဉာဏ်နှင့် တန်ဖိုးများသည် ပန်းချီကားများထဲတွင် ရှိနေကြသည်။ထိုအရာရှိနေသရွေ့ သူပျောက်ကွယ်လိမ့်မည် မဟုတ်ပေ။

အနုပညာပိုင်းအရ အနုပညာဆရာမသည် ရှရန်ထက်အတွေ့အကြုံနည်းပေသည်။ သူမနှင့်ပတ်သက်၍ ကြောက်စရာကောင်းသည့်အရာသည် လူသတ်သမားနဲ့သက်ရှိများအပေါ် အဆုံးမဲ့မုန်းတီးမှုပင်ဖြစ်သည်။သူမ၏ အမုန်းတရားသည် သူမ၏အနုပညာအခန်းအား နာကြည်းခြင်းအခန်းတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။

အနုပညာရှင် နှစ်ယောက်စလုံးက အရှုံးမပေးချင်ကြပေ။ သူတို့တိုက်ခိုက်ပုံသည် ကောင်းမင်အား အထင်ကြီးစေ၏။ သူတို့နှစ်ယောက်လုံးသည် ပန်းချီကားထဲမှ ထွက်လာခြင်း မရှိကြပေ။သွေးနှင့် မှတ်ဉာဏ်များကို ကြားခံအဖြစ်သုံး၍ သူတို့၏ စွဲမြဲနေသော စွဲလမ်းမှုကို ပန်းချီစုတ်တံအဖြစ် အသုံးပြုကာ တစ်ဖက်သား၏ နာကြည်းမှုအခန်းကို ရေးဆွဲနေကြသည်။

အနုပညာရှင်များ၏ ပန်ချီကားတိုင်းတွင် သူတို့၏ စိတ်ခံစားချက်များ ပါဝင်သည်။တစ်ဦး၏နာကြည်းခြင်းအခန်းအား တစ်ဦး၏သိမ်းပိုက်ခြင်းခံလိုက်ရသည်နှင့် သူတို့သည်အရာအားလုံးဆုံးရှုံးသွားကြမည်ဖြစ်ပြီး အနိုင်ရသူ၏အနုပညာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

အနုပညာဆရာမသည် ထိုကဲ့သို့ သရဲနီတစ်ကောင်ဖြင့် မကြုံတွေ့ဖူးခဲ့ပေ။ ရှရန်ကား အသာစီးရနေခဲ့သည်။ သူ့အပေါ် ရှိနာကြည်းမုန်းတီးမှုများသည် တစ်ခါမှမပြင်းထန်ခဲ့သော်လည်း မည်သည့်အားနည်းချက်ကိုမှ သူမပြသပေ။

"ကလေးတွေကို အနိုင်ကျင့်ရတာ ငါတကယ်မကြိုက်ဘူး ၊ ငါ့မျက်လုံးထဲမှာ မင်းက အရည်အချင်းရှိတဲ့ ကောင်မလေးတစ်ယောက်ပဲ ၊ မင်းက ငါလေးနှစ်သားအရွယ်က ပထမဆုံးအကြိမ် ပန်းချီသင်တန်းတက်တဲ့နေ့ကို သတိရမိစေတယ်၊ သူ့ဘေးမှာ ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ် ၊ သူဟာ စုတ်တံကိုကြောင်အအနဲ့ကိုင်ထားပြီး ကင်းဗတ်ပေါ်တွင် သူ့ရဲ့အတွင်းစိတ်အတွေးတွေကို ထုတ်ဖော်နိုင်ဖို့ အကောင်းဆုံးကြိုးစားနေခဲ့တာလေ ၊ ငါသူ့ကို ဝေဖန်လိုက်တော့ သူလေးက ချစ်ဖို့ကောင်းလိုက်တာ "

"တိတ်စမ်း ! တိတ်စမ်း ! တိတ်စမ်း ! "

အနုပညာဆရာသည် စိတ်လွတ်သွားတော့သည်။သူမသည် ကျောင်းတွင် တားမြစ်တည်ရှိမှုတစ်ခုဖြစ်သည်။ကျောင်းသားတိုင်းသည် သူမ၏စည်းကမ်းများကို သည်းခံရသည်။အခြားဆရာ ဆရာမများသည် သူမ၏အနုပညာအခန်းသို့ လာမနှောက်ယှက်ရဲကြပေ။

"မင်းရဲ့နှလုံးသားထဲမှာ လောင်ကျွမ်းနေတဲ့အလိုဆန္ဒတစ်ခုကို ဖုံးကွယ်ထားတယ် ၊ သူ့ကို ဘာလို့ မပြတာလဲ ၊ မင်းရဲ့ နှလုံးသားထဲက ကောင်မလေးဟာ ဘယ်တော့မှ တိမ်မြှုပ်မသွားခဲ့ဘူး ၊ သူရဲ့ငိုကြွေးသံကို ငါကြားနိုင်တယ် ၊သူဟာ အမုန်းတရားတွေကို ၀တ်ဆင်ထားပြီး ဓါးသွားတွေပေါ်မှာ လမ်းလျှောက်နေတာပဲ ၊ အေးစက်တဲ့ဓားသွားတွေပေါ်မှာ သူရဲ့နွေးထွေးတဲ့ခြေဖဝါးက နင်းဖြတ်နေရတယ် ၊ နီရဲနေတဲ့သွေးတွေနဲ့ အေးစက်နေတဲ့မျက်ရည်တွေဟာ ထိတွေ့နေကြတယ် ၊ ဒဏ်ရာတွေက ပန်းတွေလို ဖူးပွင့်နေကြတယ် ၊ အဲ့ဒါက လှပလိုက်တာ !"

ရှရန်၏အသံသည် ရူးသွပ်ခြင်းနှင့်အတူ ဝမ်းမြောက်ဝမ်းသာဖြစ်‌နေ၏။ သူ့ဘန်ဂလိုက ပြိုကျသွားသည်။ အနီရောင်ဆေးသားများအားလုံးသည် အနုပညာအခန်း၏အပြင်ဘက်နံရံသို့ လွှင့်စင်၍စိမ့်ဝင်သွားသည်။

"ငါမင်းကို ပန်းချီဆွဲပေးပါရစေ ၊ မင်းရဲ့ဝိဉာည်ထဲမှာရှိတဲ့ ပန်းရနံ့ကို လူတိုင်းမွှေးကြူနိုင်ဖို့ ငါမင်းကို ပွင့်လန်းလာအောင်ကူညီပေးပါ့မယ် "

အနုပညာအခန်း၏အပြင်ဘက်နံရံတွင် အနုပညာဆရာမ၏ပုံတူများ ထွက်ပေါ်လာကြသည်။နံရံထောင့်တိုင်းသည် မတူညီသော နာကျင်မှုနှင့်အလှတရားကို သယ်ဆောင်ထားခဲ့သည်။သူမ၏ ခြေလက်များသည် ပုံသဏ္ဍာန်မကျစွာ ကွေးကောက်သွားခဲ့သော်လည်း သူမ၏ မျက်နှာသည် ပို၍ ပို၍ ဆွဲဆောင်မှုရှိလာလေသည်။

"နင်က ရူးနေတာပဲ ! "

အနုပညာဆရာမသည် သူမ၏ ပုံတူများကို ဆေးကြောရန် သွေးများကို ဆက်လက်အသုံးပြု‌နေခဲ့သည်။သူမသည်လည်း ရှရန်ကို ပန်းချီဆွဲချင်‌နေသော်ငြား ရှရန်၏မျက်နှာကို ပုံမဖော်နိုင်ခဲ့ချေ။သူမသည် ရှရန်ကိုပင် ဖြတ်မမြင်နိုင်ခဲ့ချေ။

ကျောင်းရှိသရဲနီများသည် ကျောင်းစည်းကမ်းကို ဘယ်တော့မှာ မနာခံသော်လည်း ၎င်းတို့ကိုလည်း တက်ကြွစွာ ဆန့်ကျင်နေခြင်းမရှိပေ။သို့သော်လည်း အနုပညာဆရာမသည် ရှရန်၏အနုပညာတွင် မတူညီသော တစ်စုံတစ်ရာကို မြင်ခဲ့ရလေသည်။

ရှရန်၏ မျက်လုံးများထဲတွင် ကန့်သတ်ချက် သို့မဟုတ် စည်းမျဉ်းများ ရှိမနေပေ။သူ၏အနုပညာသည် လူသားစိတ်ဝိညာဉ်အပေါ်ထားရှိသည့် ကန့်သတ်ချက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။

သူမသည် ယင်းကိုနားလည်လေလေ ပိုကြောက်လေလေဖြစ်လာ၏။ သန့်စင်သော အမုန်းတရားသည် အနီရောင်စစ်စစ်ဖြစ်လျှင် ရှရန်သည် သူမအတွက် အနက်ရောင်စစ်စစ်ဟု ခံစားရသည်။

အတွင်းတွင်မည်သူရှိနေသည်ကို ဘယ်သူမှ မပြောနိုင်ချေ။ အစွန်းရောက်မှု၊ ရူးသွပ်မှုနှင့် လောဘသည် မည်သည့်အလင်းတန်းကိုမဆို ဝါးမြိုပစ်လိုက်လေသည်။

အပြင်ဘက်နံရံရှိ အနုပညာဆရာမ၏ပုံတူများသည် ပို၍ အစစ်အမှန်ဆန်လာလေသည်။အနုပညာဆရာမသည် မကောင်းသည့်ခံစားချက်ကို ခံစားလိုက်ရသည်။သူမ၏ပုံတူအား ရှရန်က ပြည့်စုံအောင်ဆွဲလိုက်နိုင်မည့်အချိန်သည် သူမကိုယ်တိုင်အပြည့်အဝပျောက်ကွယ်သွားမည့် အချိန်ပင်ဖြစ်သည်။

All Chapters