← Chapters

ဆောက်လုပ်ရေးလုပ်သား ၃၀၀၀ အဖွဲ့

Vol. 3 Ch. 33

ဆောက်လုပ်ရေးလုပ်သား ၃၀၀၀ အဖွဲ့

Vol. 3 Ch. 33

ကျန်းယန် နဂါးပျံအစောင့်တပ်သား ၃၀၀၀ ကိုကြည့်ရှုနေခဲ့၏။ သူတို့ကို ဘာမှမလုပ်ခိုင်းဘဲ ဤနေရာတွင်ထားကာ ဒီတိုင်းသာစောင့်ကြည့်နေရလျှင် အမှန်တကယ် ဖြုန်းတီးမှုသာ ဖြစ်သည်။

တစ်ဖက်တွင်အဇူရာတိမ်ဂိုဏ်း၌လည်း လုပ်စရာအလုပ်များက များစွာ ရှ်ိနေခဲ့သည်။

နဂါးပျံအစောင့်၃၀၀၀ဆိုသည်မှာ အကောင်းဆုံး ဆောက်လုပ်ရေးလုပ်သား ၃၀၀၀ပင် မဟုတ်ပါလော။

“ဦးလေးတို့ ဒီရက်ထဲတော့ ဦးလေးတို့ အနားယူရမှာမဟုတ်ဘူး ကျေးဇူးပြုပြီး အဇူရာတိမ်ဂိုဏ်းကို သေချာစောင့်ကြည့်ပေးပါဦး တကယ်လို့ တစ်ယောက်ယောက်က မူမမှန်ခဲ့ရင် ချက်ချင်းသုတ်သင်ပစ်လိုက်ပါ” ကျန်းယန် နဂါးပျံအစောင့်များကို ညွှန်ပြကာ သတ်ဖြတ်ခြင်းအရှိန်အဝါထုတ်၍ ပြောလိုက်၏။

“တကယ်လို့ လှုပ်ရှားမှုတစ်ခုခုတွေ့ခဲ့ရင် ချက်ချင်းအ‌ေရးယူလိုက်ပါ သက်ညှာနေဖို့ မလိုဘူး”

လင်းယွမ်ကျိ နဂါးပျံအစောင့်များကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“ငါသူတို့ကို ငါ့ဖာသာစောင့်ကြည့်နေလို့ရပါတယ် လူတိုင်းလုပ်ဖို့ မလိုပါဘူး”

ကျန်းယန် ခေါင်းယမ်းလိုက်ကာ

“ကျွန်တော်သူတို့ကို လူစုခွဲပြီး အလုပ်အချို့ခိုင်းဖို့ စီစဉ်ထားလို့ပါ”

“ဘယ်လို” ပိလင်းကျိနှင့်အခြားသူများ အနည်းငယ် ကြောင်အသွားခဲ့ကြသည်။

သူတို့သည် ဂိုဏ်း၏ရန်သူများဖြစ်သောကြောင့် သူတို့ကို ဖမ်းဆီးထားခြင်းက ကိစ္စတစ်ခုဖြစ်ပါသော်လည်း ထိုသူများကို အလုပ်ခိုင်းခြင်းကတော့ အနည်းငယ် ကြောင်တောင်တောင်နိုင်လှ၏။

ကျန်းယန် ရိုးဖြောင့်စွာ ပြောလိုက်သည်။

“ကျွန်တော်သူတို့ကို အလုပ်သမားလုပ်ခိုင်းမလို့ပါ အလကားလည်းမခိုင်းပါဘူး စိတ်မပူကြပါနဲ့ အလုပ်ပြီးရင် သူတို့အတွက် လုပ်အားခစီစဉ်ပေးမှာပါ အဇူရာတိမ်ဂိုဏ်းတပည့်တွေရဲ့ နေထိုင်ရတဲ့ပုံစံတွေက အရမ်းဆင်းရဲလွန်းတယ် အခုက အဆောက်အဦးကောင်းတွေဆောက်ဖို့ အကောင်းဆုံးအခြေအနေပဲ နောက်ပြီး ဦးလေးတို့ တစ်ခုခုခိုင်းချင်ရင်လည်း သူတို့ကို ကူညီခိုင်းလို့ရတယ်”

အရင်ကတပည့်များသည် ကျန်းယန်စီစဉ်မှုအောက်တွင် တစ်ယောက်ကိုတစ်ယောက်ကူညီကာ သူတို့နေထိုင်မည့် အိမ်များကို ဆောက်လုပ်ခဲ့ကြသည်။

သို့သော်လည်း ထိုအိမ်များက ကျန်းယန်အမြင်တွင်တော့ အိမ်မဟုတ်ဘဲ တဲစုတ်များသာ ဖြစ်နေခဲ့၏။

အရင်က သူထိုကိစ္စကို ပြန်စီစဉ်ပေးဖို့ စွမ်းအားမရှိခဲ့သလို တပည့်များကြား ပြဿနာအချို့လည်းရှိနေသေးသောကြောင့် ဘာမှလုပ်မပေးခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ကိစ္စအားလုံးအခြေကျသွားမည့် အချိန်ကိုစောင့်ဖို့သာ သူဆုံးဖြတ်ခဲ့၏။

သို့သော် ယခုတော့ ဆောက်လုပ်ရေးလုပ်သားများက အိမ်တံခါး၀ဆီရောက်လာပြီဖြစ်လေရာ သူတို့ကိုမသုံးလျှင် ဖြုန်းတီးရာ ရောက်မသွားပေဘူးလော။

သူဆောက်လုပ်ရေးလုပ်သားများ…နဂါးပျံအစောင့်များအနားလို့ ချဉ်းကပ်သွားကာ တတိယမင်းသားကိုပြောလိုက်လေသည်။

“ငါ့မှာမင်းနဲ့ဆွေးနွေးစရာရှ်ိတယ်”

“မင်းဘာပြောချင်လို့လဲ” တတိယမင်းသား ကျန်းယန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်၏။

ဤအဖြစ်အပျက်အတွင်း တတိယမင်းသားသည် အတော်လေး အရှက်ကွဲခဲ့ရပေသည်။ သို့သော်လည်း ယခုတော့ သူ့စိတ်ကအတော်လေး ပြန်တည်ငြိမ်နေပြီဖြစ်ပြီး တော်၀င်ဆန်ဆန်အရှိန်အဝါကိုထုတ်လွှတ်ကာ အသိလည်း ပြန်၀င်နေခဲ့ချေပြီ။

ယခုအချိန်တွင် ကျန်းယန်ကိုဒေါသထွက်အောင်သွားလုပ်၍ မဖြစ်မှန်း သူကောင်းကောင်းသိ၏။

ကိစ္စအားလုံးက ကျန်းယန်သည် အဇူရာတိမ်ဂိုဏ်းထဲ၌ ထင်ရှားသောသူတစ်ယောက်ဖြစ်မှန်း ညွှန်ပြနေခဲ့သည်။

သူကျန်းယန်ကိုဘယ်လောက်မုန်းမုန်း တော်၀င်မြို့တော်ကို ပြန်ရောက်တဲ့အထိတော့ စောင့်ဖို့ လို၏။

သူအနည်းငယ် စိတ်ရှည်သည်းခံရပေမည်။

ကျန်းယန် နဂါးပျံအစောင့်များကို ညွှန်ပြလိုက်ကာ

“မင်းကအလုပ်သမားခေါင်းပဲ သူတို့ကို ငါ့အတွက်အလုပ်လုပ်ပေးဖို့ ဦးဆောင်ပေးပါ ငါခြံ၀န်း ၈၇ ခု လိုချင်တယ် နောက်ပြီး စံအိမ်ကြီးတစ်လုံးရောပဲ”

သည်းခံဖို့တွေးထားသော တတိယမင်းသား တခဏ‌ကြောင်အသွားခဲ့လေသည်။

သူသည် မင်းသားတစ်ပါးသာ ဖြစ်၏။

ကျန်းယန် သူ့အသံကိုနှိမ့်လိုက်ကာ အထင်သေးစွာ ပြောလိုက်သည်။

“မင်းအသိညဏ်နဲ့ဆိုရင် မင်းက အာဏာကစားပွဲတွေ ကစားချင်နေတုန်းပဲမဟုတ်လား အခုက မင်းအတွက်အဲ့ဒီနဂါးပျံအစောင့် ၃၀၀၀ကိုသိမ်းသွင်းဖို့ အကောင်းဆုံးအချိန်ပဲ နားလည်လား အဲ့ဒီအမြင်နဲ့ကြည့်ရင် မင်းငါ့ကိုကျေးဇူးတောင် တင်သင့်သေးတယ်”

တတိယမင်းသား၏ အမူအရာပြောင်းလဲသွားခဲ့၏။ နန်းတော်ထဲတွင် ကြီးပြင်းလာခဲ့ရသူဖြစ်သောကြောင့် အာဏာကစားပွဲပညာကို သူဆရာမလိုဘဲ တတ်မြောက်ခဲ့ရသည်။

ယခုအခါ ကျန်းယန်၏ သဲလွန်စပေးမှုကြောင့် သူချက်ချင်း နားလည်သွားခဲ့၏။

သူလည်းအသံကိုနှိမ့်လိုက်ကာ

“မင်းက ငါ့အဆင့်ကိုဒီလောက်ထိနှိမ့်ချပစ်ပြီးတာတောင် ငါကမင်းကိုကျေးဇူးတင်သင့်တာလား ငါ့ကိုမင်းအတွက် တွင်းတူးခိုင်းနေတာတောင် ငါကကျေးဇူးတင်သင့်တာလား နောက်ပြီး မင်းငါ့ကိုဘာလို့ ကူညီတာလဲ”

ကျန်းယန် တတိယမင်းသားရှေ့တွင် ခြေချိတ်ထိုင်လိုက်ပြီး သူ့ကိုအထင်သေးစွာကြည့်လိုက်ကာ

“မင်းစကားပြောတဲ့အခါ ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သေချာစဉ်းစား မင်းရဲ့ သီးခြားဆန်လိုမှုက ငါတို့ကြားပိုပြီး ဝေးကွာစေနေတာပဲ ဒီအခြေအနေမှာ မင်းတစ်ယောက်တည်း သီးခြားနေနေတာက အကျိုးရှိမယ်လို့ မင်းတကယ်ထင်တယ်လား”

တတိယမင်းသားမျက်နှာနီရဲသွားကာ နှလုံးသားထဲ ဒေါသများ လိမ့်တက်လာခဲ့သည်။ သူတစ်ယောက်ယောက်ကိုပင် ရိုက်ချင်လာခဲ့၏။

“မင်းပြောချင်နေတာကိုသာ ပြောပါ” တတိယမင်းသား တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ငါ့နာမည်က ကျန်းယန် မင်းကရော”

“ဒီမင်းသားက….လီရှောင်ကျဲ”

“မိန်းက‌ေလးလီလား” ကျန်းယန် ရယ်မောလိုက်ပြီးနောက် အလျင်အမြန်ပင် လက်ကာပြလိုက်ကာ “တောင်းပန်ပါတယ် ငါကကျွမ်းကျင်သူတစ်ယောက်မဟုတ်လို့ မထိန်းနိုင်လိုက်ဘူး….”

တတိယမင်းသားလုံး၀ကြက်သေသေသွားခဲ့သည်။

သူ့နာမည်ကို အခုလိုလှောင်ခံရလိမ့်မည်ဟု သူလုံး၀မျှော်လင့်မထားခဲ့ပေ။ ထိုကောင်သည် ဘာအဓိပ္ပာယ်မရှိတာကို ပြောနေပါသနည်း။ သူ‌ေပြာ‌ေနသော စကားလုံးများကို သူနားလည်ပါသော်လည်း ဘာကိုဆိုလိုနေတယ်ဆိုတာကိုတော့ မဖမ်းဆုပ်နိုင်ခဲ့ပေ။

တတိယမင်းသား၏ တောင့်တင်းသွားသော အမူအရာကိုကြည့်ကာ ကျန်းယန် အမြန်ပြောလိုက်၏။

“တောင်းပန်ပါတယ် ငါရိုင်းမိသွားတယ် အစကပြန်စကြတာပေါ့ မင်းကျင့်ကြံဖူးလား”

“မကျင့်ကြံဘူး ဧကရာဇ်က ကျင့်ကြံလို့မရဘူး” တတိယမင်းသား တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ဘာလို့လဲ” ကျန်းယန်မေးလိုက်၏။

တတိယမင်းသား ခေါင်းယမ်းလိုက်ကာ

“ငါလည်းတိကျတဲ့အကြောင်းပြချက်ကိုမသိဘူး ဧကရာဇ်က ကျင့်ကြံပြီး ရွှေအမြုတေအဆင့်ကိုရောက်သွားရင် သေမယ်ဆိုတာပဲ သိတယ် တော်၀င်မင်းဆရာပြောတာတော့ အဲ့တာက ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက်လို့ ပြောတယ် ဒါပေမယ့် မှန်မမှန်တော့ ငါလည်းသေချာမသိဘူး”

“ဆိုတော့ မင်းက ပလ္လင်အတွက်တိုက်ခိုက်ချင်လား”

တတိယမင်းသားကျန်းယန်ကိုတစ်ချက်ကြည့်ကာ တွန့်ဆုတ်သွားခဲ့ပြီး ပြောလိုက်၏။

“တော်၀င်မိသားစုမှာ မွေးဖွားလာရင်တော့ ပလ္လင်အတွက် မတိုက်ခိုက်ချင်တဲ့သူ ဘယ်သူရှိမှာလဲ”

ထိုကိစ္စကို ဖုံးကွယ်ထားစရာမလိုဘူးဟု သူခံစားရပေသည်။ ထိုအရာက ထင်ရှားပြီး အကယ်၍ သူကထိုအရာကို၀န်မခံရင်တောင် သူ့ညီကိုများက သူ့ကိုယုံကြည်လိမ့်မည် မဟုတ်ပေ။

“မင်းမှာ ယုံကြည်မှုဘယ်လောက်ရှိလဲ” ကျန်းယန် ဆက်မေးလိုက်သည်။

တတိယမင်းသားမျက်မှောင်ကြုံ့လိုက်ကာ

“မင်းဘာကိုလိုချင်နေတာလဲ ငါတို့က အခုရန်ဘက်တွေဆိုတာ မင်းသိလား….မင်းငါ့ကိုအခုဖမ်းထားရင်တောင် နောက်ဆုံးကျရင်တော့ မင်းငါ့ကိုပြန်လွှတ်ရမှာပဲ”

ကျန်းယန် မျက်ခုံးကိုပင့်တင်လိုက်ပြီး

“ဧကရာဇ်က မင်းကိုပြန်ရွေးမှာလို့ မင်းအဲ့လောက်တောင် သေချာနေတယ်လား”

“တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ဧကရာဇ်ကငါ့ကိုပြန်ကိုရွေးလိမ့်မယ် ဒါပေမယ့် တောင်းဆိုချက်တွေက အကန့်အသတ်ကိုကျော်လွန်နေရင်တော့ သူသဘောတူမှာမဟုတ်ဘူး ငါတစ်ယောက်တည်းဆိုရင်တော့ ကိစ္စက အဲ့လိုဖြစ်သွားမယ်ဆိုပေမယ့် ဒီနေရာက နဂါးပျံအစောင့်တွေကြောင့် အခြေအနေတွေက မတူညီတော့ဘူး” တတိယမင်းသား ခပ်အေးအေးပြောလိုက်သည်။

“ဧကရာဇ်က နဂါးပျံအစောင့်တပ်အပေါ် အရင်းအမြစ်တွေအများကြီး မြှုပ်နှံထားခဲ့တာ သူတို့ကို စွန့်ပစ်လိမ့်မှာမဟုတ်ဘူး မင်းသာသူတို့ကို အရင်က သတ်လိုက်ရင် ဧကရာဇ်က ရင်တော့ကွဲရလိမ့်မယ် ဒါပေမယ့် မကြာခင် မေ့မေ့လျော့လျော့ဖြစ်သွားမှာပဲ ဒါပေမယ့် မင်းကအခုလိုဖမ်းထားလိုက်တော့ သူ့အတွက် ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းအခြေအနေထဲကို ရောက်သွားစေတယ်”

ကျန်းယန်ပြုံးလိုက်ကာ

“ကောင်းကင်က သက်ရှိတွေအသက်ကို တန်ဖိုးထားတယ် လူတစ်ယောက်က ဘယ်လိုလုပ် အခြားသက်ရှိတွေကို အလွယ်တကူသတ်ပစ်လို့ ဖြစ်မှာလဲ”

တတိယမင်းသား ကျန်းယန်စကားများကိုတစ်လုံးမှမယုံခဲ့ပေ။ ကျန်းယန်ဘာလိုချင်နေလဲဆိုတာ မသိသေးသောကြောင့် ဆိတ်ဆိတ်သာနေလိုက်ပြီး ကျန်းယန် ဆက်ပြောတာကို စောင့်နေခဲ့၏။

“ငါမင်းကို ပလ္လင်အတွက်တိုက်ခိုက်ဖို့ ကူညီပေးမယ် မင်းကငါ့ကို ဒီလူတွေကိုဦးဆောင်ပြီး ငါ့အတွက်အလုပ်လုပ်ခိုင်းပေး ဒီအပေးအယူက မျှတတယ်လို့ ထင်လား”

တတိယမင်းသား နှလုံးခုန်မြန်သွားခဲ့သည်။ ခုနက တိုက်ပွဲအရ အဇူရာတိမ်ဂိုဏ်းဘယ်လောက်အစွမ်းထက်မှန်း သူမြင်ခဲ့ရပြီးဖြစ်ပြီး အကယ်၍ သူတို့ကသာ သူ့ကိုကူညီမည်ဆိုလျှင် သူ့အတွက် အကောင်းဆုံးအခွင့်အရေး ရှိမလာနိုင်ဘူးပေလော။

သူမပြောရသေးခင်တွင် ချင်ယွင်ကျိအသံ ကျန်းယန်နားထဲ ၀င်လာခဲ့လေသည်။

“ကောင်စုတ်လေး ငါတို့က တော်၀င်ကိစ္စတွေမှာ ဝင်မပါဘူး”

“ဆရာစိတ်ချပါ အဇူရာတိမ်ဂိုဏ်းက ၀င်ပါမှာမဟုတ်ဘူး” ကျန်းယန်အရင်ရှင်းပြလိုက်ပြီးနောက် လေးလေးနက်နက်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက ပြောင်းလဲနေတာ အရင်နဲ့မတူတော့ဘူးလေ ကျွန်တော်တို့က တော်၀င်အရေးတွေမှာ ၀င်မပါဘူးဆိုရင်တောင် သူတို့နဲ့ မလွှဲမရှောင်သာရင်ဆိုင်ရဦးမှာပဲ ဒီတစ်ကြိမ်ကျွန်တော်တို့က တိမ်တောင်အင်ပါယာကို အနိုင်ရရှိခဲ့တယ် ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းမထားရင် ဂိုဏ်းအတွက် နောင်ရေးကောင်းနိုင်မှာမဟုတ်ဘူး”

“မင်းကောင်းမယ်ထင်သလိုသာ လုပ်တော့” ချင်ယွင်ကျိအသံ ပျောက်ကွယ်သွားခဲ့လေသည်။

ကျန်းယန်တတိယမင်းသားကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။

“မင်း‌ပြန်တဲ့အခါ မင်းကကျင့်ကြံနေတယ်လို့ သတင်းထုတ်ပြန်လိုက်”

တတိယမင်းသားအံ့အားသင့်သွားခဲ့သည်။

“ဘယ်လို”

သူအမြန်တုန့်ပြန်လိုက်၏။

“ဟန်ဆောင်ရမှာလား”

ကျန်းယန် သူ့ကိုတစ်ချက်ကြည့်လိုက်ကာ

“ဒါပေါ့ တကယ်ကျင့်ကြံရမှာ”

တတိယမင်းသားအကြည့်များ ဝေဝါးသွားကာ ကျန်းယန်ကိုဘာမှမပြောဘဲ ကြည့်နေခဲ့သည်။

သူ့ကိုပလ္လင်အတွက်တိုက်ခိုက်ဖို့ ဤအစီအစဉ်ဖြင့် ကူညီခြင်းပေလော။

ကျန်းယန် တတိယမင်းသားကိုကြည့်လိုက်ပြီး နောင်တရဟန်ဖြင့် ခေါင်းယမ်းလိုက်ကာ

“မင်းညဏ်ရည်နဲ့ ဘယ်လိုအာဏာကစားပွဲတွေ ကစားနိုင်ပါ့မလဲ သွယ်ဝှိုက်ပြီး တိုက်ခိုက်ဖို့ မင်းရည်ရွယ်ချက်အစစ်တွေကိုဖုံးကွယ်ထားဖို့ ဘယ်လိုဆုတ်ခွာထားရမလဲဆိုတာ ငါမင်းကို သင်ပေးပါရစေ”

ဤကဲ့သို့သော လူမျိုးက တော်၀င်သမိုင်းများတွင်ဆိုလျှင် အသက်ကြီးတဲ့ထိပင် မရှင်သန်နိုင်လောက်ဘူးဟု ကျန်းယန် တွေးမိလိုက်လေသည်။

All Chapters