← Chapters

ပြန်ပေးငွေ

Vol. 3 Ch. 38

ပြန်ပေးငွေ

Vol. 3 Ch. 38

“တောင်ပိုင်းဘုရင် စီနီယာစုပြောသွားတာကို ခင်ဗျားကြားတယ်မဟုတ်လား နဂါးပျံအစောင့်တပ်သား သုံးထောင်နဲ့ နဂါးပျံလှေတစ်စင်းက ဘယ်လောက်တန်လဲ” ကျန်းတယ် ကွေ့ဝိုက်မနေတော့ဘဲ လိုရင်းကိုသာ ပြောလိုက်၏။

“အသုံးမ၀င်တဲ့ မင်းသားအတွက်ကတော့ သူ့ကိုအပိုလက်ဆောင်အနေနဲ့ပဲ ထည့်ပေးလိုက်ပါ့မယ် ဒါဆို ကျွန်တော်အရင်မေးပါရစေ တိမ်တောင်အင်ပါယာက ဒီတစ်ခေါက်ညှိနှိုင်းမှုအတွက် ဘယ်လောက်ပြင်ဆင်လာခဲ့သလဲ”

တောင်ပိုင်းဘုရင် ရှန်းကျွင်း ခါးသက်သက်ပြုံးလိုက်ကာ

“အင်ပါယာက နဂါးပျံအစောင့်တပ်ကိုလေ့ကျင့်ပေးဖို့ ဆယ်စုနှစ်တစ်ခုလောက် အချိန်ပေးခဲ့ရပြီးတော့ အရင်းအမြစ်တွေလည်း အများကြီးသုံးခဲ့ရတာပဲ အဲ့တာကြောင့်ပဲ ဧကရာဇ်က နဂါးပျံအစောင့်တပ်ကို အများကြီးတန်ဖိုး‌ထားနေတာ

ကျွန်တော်တို့ဒီတစ်ခေါက် ညှိနှိုင်းမှုအတွက် အများကြီးပြင်ဆင်လာခဲ့ပါတယ် ဒါပေမယ့်လည်း ပြန်ပေးငွေက စိတ်ဝိညာဉ်ကျောက်တုံးသန်းချီဆိုရင်တော့ ကျွန်တော်တို့တတ်နိုင်မှာမဟုတ်ဘူး

အရိုးသားဆုံးပြောရရင် အင်ပါယာရဲ့ နှစ်စဉ်စိတ်ဝိညာဉ်ကျောက်တုံး၀င်ငွေက သိန်းဂဏန်းလောက်ပဲ ရှ်ိတာပါ

ဒီလိုအခြေအနေမှာ ကျွန်တော်တို့ကဘယ်လိုလုပ် စိတ်ဝိညာဉ်ကျောက်တုံး သန်းချီတတ်နိုင်မှာလဲ”

အဇူရာတိမ်ဂိုဏ်း၏ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းအပေါ် တင်းမာခဲ့မှုကြောင့် တောင်ပိုင်းဧကရာဇ် အသနားခံသည့်အကွက်ကို စတင်ထုတ်သုံးလေတော့သည်။

“ဒါပေါ့ ကျွန်‌ေတာ်တို့ တစ်နိုင်ငံလုံးက စိတ်၀ိညာဥ်မိုင်းတွင်း‌ေတွက‌ေန အတင်းဖျစ်ညှစ်ထုတ်မယ်ဆိုရင်တော့ နှနှစ် သုံးနှစ်အတွင်းမှာ အဲ့လောက်ပမာဏရနိုင်ပါတယ် ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် အင်ပါယာတစ်ခုလုံး ပျက်ဆီးပြီး ပြည်သူတွေသန်းချီသေဆုံးကြရလိမ့်မယ်”

လင်းယွမ်ကျိ ကျန်းယန်ကို စိတ်ချင်းဆက်သွယ်၍ မပြောဘဲ မနေနိုင်တော့ပေ။

“ကျန်းယန် ငါတို့ဒီကိစ္စကို ဒီတိုင်းပဲထားလိုက်ရမလား”

ကျန်းယန်ဒေါသတကြီး ပြန်ပြောလိုက်၏။

“ဦးလေး ဦးလေးကသူတို့ဘက်ကလား ဘာလို့အဲ့ဘက်မှာ သွားမထိုင်လဲ သူက ကျွန်တော်တို့ကို အပြစ်ရှိစိတ်၀င်အောင်လုပ်နေတာကို ဦးလေးမမြင်နိုင်ဘူးလား မေ့လိုက်ပါတော့ အခုကစပြီး ဦးလေးကျင့်ကြံခြင်းမှာသာ အာရုံစိုက် ဒီကိစ္စတွေကို ကျွန်တော့်တာ၀န်သာ ထားလိုက်တော့”

လင်းယွမ်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ။

ကျန်းယန်ခေါင်းယမ်းလိုက်ကာ သက်ပြင်းချလိုက်ပြီး

“ဒါဆိုရင်တော့ တကယ်ပဲ သနားစရာကောင်းလွန်းပါတယ်‌ တောင်ပိုင်းဘုရင်ပြောတာကြားရတော့ ကျွန်တော် ကရုဏာမသက်ဘဲ မနေနိုင်တော့ဘူး ဒီလိုလုပ်လိုက်ပါ ဒီကိစ္စကို ဒီမှာတင်မေ့လိုက်ကြတော့တာပေါ့”

တောင်ပိုင်းဘုရင် ကျေနပ်သွားခဲ့ပြီး စိတ်ထဲတွင်တော့ လူငယ်တွေက လူငယ်တွေပါပဲဟု တွေးနေခဲ့မိ၏။

သူကျန်းယန်ကို လေးလေးစားစားဦးညွတ်အရိုအသေပေးလိုက်ပြီး

“ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်ကျန်း အင်ပါယာရဲ့ကိုယ်စား ပြည်သူသန်းချီရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ် ပြန်ရောက်တဲ့အခါ အဲ့ဒီနဂါးပျံအစောင့်တွေကိုလည်း နောက်တစ်ခါ အဇူရာတိမ်ဂိုဏ်းကို အပြစ်မပြုရဲတော့အောင် သေချာဆုံးမလိုက်ပါ့မယ် အထူးသဖြင့် ဧကရာဇ်ကိုလျှောက်တင်ပြီး မင်းသားကိုလည်း ဒါမျိုးအဖြစ်အပျက်တွေ ထပ်မလုပ်ရဲတော့အောင် သေချာဆုံးမခိုင်းလိုက်ပါ့မယ်”

“ဒါပေါ့ ဒါပေါ့” ကျန်းယန် ခံစားချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင်ကျန်း” တောင်ပိုင်းဘုရင် နောက်တစ်ကြိမ်ကျေးဇူးထပ်တင်လိုက်ပြန်သည်။

“ကျွန်တော်သူတို့ကို ပြန်ခေါ်သွားလို့ ရပြီလား”

“ဟမ်” ကျန်းယန် ကြောင်တောင်တောင်ပြန်ပြောလိုက်၏။

“ခင်ဗျားက တတိယမင်းသားကိုပဲ ခေါ်သွားချင်တာမဟုတ်ဘူးလား သွားလေ သူကဒီမှာဘာအလုပ်မှလည်း မလုပ်နိုင်ဘူး သူ့ကိုထားရတာက အစားအစာကိုဖြုန်းတီးနေတာပဲ စားဖို့အိပ်ဖို့ပဲ သိတဲ့ကောင် တကယ့်အမှိုက်တစ်ထုပ်”

တတိယမင်းသားပြောစရာစကားမဲ့သွားခဲ့ရပြီး “ဆရာဒီလောက်ပြောရရင် လုံလောက်ပါပြီ” ဟုပြောချင်နေခဲ့သည်။

သို့သော် လတ်တလောတွင်သူလည်း သနားကရုဏာသက်ခံရမည့် အကွက်ကိုထုတ်သုံးနေခြင်းဖြစ်သောကြောင့် ဘာမှပြောလို့မရခဲ့ပေ။

တောင်ပိုင်းဘုရင် အမြန်မေးလိုက်၏။

“နဂါးပျံအစောင့်တပ်ကရော”

ကျန်းယန်သက်ပြင်းချလိုက်ကာ

“တကယ်လို့ နဂါးပျံအစောင့်တွေကို ပြန်ပို့လိုက်ရင် တိမ်တောင်အင်ပါယာက သူတို့အတွက် အရင်းအမြစ်တွေအများကြီး သုံးစွဲနေရမှာပေါ့ ဒါဆို အင်ပါယာရဲ့သန်းချီတဲ့ပြည်သူတွေ ၀န်ထုပ်၀န်ပိုးဖြစ်ကုန်ကြလိမ့်မယ် ကျွန်တော်တို့က အဲ့ဒီပြည်သူတွေကို ဘယ်လိုလုပ် ဒီလိုခက်ခဲတဲ့ဘ၀မျိုး ပေးလို့ဖြစ်မှာလဲ

အဇူရာတိမ်ဂိုဏ်းကပဲ ဒီနာကျင်မှုကို ထမ်းပိုးထားရပါစေတော့

ကျွန်တော်တို့ပဲ နဂါးပျံအစောင့်တွေကို စောင့်ရှောက်ထားလိုက်ပါ့မယ်

တိုက်တိုက်ဆိုင်ဆိုင် ဂိုဏ်းကလည်း လူအင်အားလိုအပ်နေတယ်လေ အခြေခံတည်ဆောက်ခြင်းအဆင့် ၃ထောင်လုံး အဇူရာတိမ်ဂိုဏ်းထဲ ၀င်ရမယ်

စိတ်ချပါ ကျွန်တော်တို့က သူတို့ကိုကောင်းကောင်းဆက်ဆံ ကျင့်စဉ်ကောင်းတွေသင်ပေးပြီးတော့ ဆေးဝါးတွေပါ ထောက်ပံ့ပေးဦးမှာပါ

ဒီနာကျင်မှုကို အင်ပါယာကထပ်ပြီးတောင့်ခံနေစရာမလိုတော့ပါဘူး”

တောင်ပိုင်းဘုရင် ကြောင်အသွားခဲ့သည်။

သူသည် အဇူရာတိမ်ဂိုဏ်းကို နဂါးပျံအစောင့်တပ်သား ၃၀၀၀အားပြန်ခေါ်ဖို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး အခုတော့ အားလုံးက အဓိပ္ပာယ်မဲ့နေခဲ့၏။

သူ့မျက်လုံးများ ပျာယာခတ်သွားပြီး ခေါင်းကိုယမ်းလိုက်ကာ

“နဂါးပျံအစောင့်တွေဆိုတာကလည်း အင်ပါယာရဲ့ ရင်သွေးတွေပါပဲ သူတို့မိဘတွေက သူတို့အိမ်ပြန်လာဖို့ စောင့်နေကြတယ် ကျွန်တော်မလာခင်ကတောင် သူတို့မိဘတွေက သူတို့ကိုအိမ်ပြန်ခေါ်လာခဲ့ပေးဖို့ တဖွဖွမှာခဲ့ကြသေးတာ အချို့တပ်သားတွေရဲ့ မိဘတွေဆိုရင် အပြင်းအထန်နေမကောင်းဖြစ်နေကြတယ်လေ အဲ့တာကြောင့် သူတို့ရဲ့နောက်ဆုံးနေ့ရက်လေးတွေမှာ ပြန်ပြုစုပေးဖို့ သူတို့သားသမီးတွေကို လိုအပ်နေကြပါတယ်

ဆိုတော့ အင်ပါယာကဘယ်လောက်ပဲဆင်းရဲနေပါစေ ကျွန်တော်တို့ အဲ့ဒီလူအိုကြီးတွေကိုတော့ စိတ်ဆင်းရဲစေလို့မဖြစ်ပါဘူး ကျွန်တော့်မှာ အကြံပြုချက်တစ်ခုတော့ရှိတယ် လျော်ကြေးငွေကို စိတ်ဝိညာဉ်ကျောက်တုံးအစား တွင်းထွက်တွေနဲ့ ပေးရင်ရော ဘယ်လိုထင်လဲ ဂိုဏ်းသခင်”

သူ့ကရုဏာလှည့်ကွက်က ကျန်းယန်အပေါ်အလုပ်မဖြစ်မှန်း သိသွားသည်နှင့် သူချက်ချင်း ညှိနှိုင်းရေးဈေးနှုန်းဘက်ကို ပြောင်းလိုက်၏။

“တွင်းထွက်ပစ္စည်းဘယ်လောက်လဲ” ကျန်းယန် မေးလိုက်သည်။

“ကြေးနီရိုင်း ပေါင်တစ်သိန်းခွဲ သံရိုင်းပေါင်သုံးသိန်း ရွှေရိုင်းပေါင်သုံးသောင်းနဲ့ ငွေရိုင်းတစ်သိန်း…” သူပြင်ဆင်လာသော အရင်းအမြစ်အချို့စာရင်းကို ပြောပြလိုက်၏။

ကျန်းယန်တောင်ပိုင်းဘုရင်ကို တစ်ချက်ကြည့်လိုက်ကာ

“အဲ့လောက်အရင်းအမြစ်ပမာဏလေးနဲ့ဆိုရင်တော့ ပြည်သူပြည်သားလူအိုကြီးတွေ စိတ်ပျက်သွားရတော့မှာပဲ”

“နောက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း” တောင်ပိုင်းဘုရင် ထပ်ပြောလိုက်သည်။

ကျန်းယန် ထေ့ငေါ့လိုက်၏။

“ကျွန်တော့်ဂျူနီယာညီမလေးက ယွင်ထန့်ကုန်သွယ်သမဂ္ဂက သမီးတစ်ယောက်လေ သူဂိုဏ်းထဲ၀င်တော့ ဂိုဏ်းကဆင်းရဲနေတာကိုမြင်ပြီး စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းလှူပေးခဲ့တယ် အခုဆို အဇူရာတိမ်ဂိုဏ်းမှာ စိတ်ဝိညာဉ်ကျောက်တုံးမရှားပါးတော့ဘူး နဂါးပျံအစောင့်တပ်သားတွေကို ဂိုဏ်းထဲ၀င်ခိုင်းလိုက်တာ ပိုကောင်းမယ်ထင်ပါတယ် ဂိုဏ်းကသူတို့ကိုလည်း ထောက်ပံ့ပေးထားနိုင်ပါတယ်”

“ဟမ်” တောင်ပိုင်းဘုရင် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

အဇူရာတိမ်ဂိုဏ်းထိုပစ္စည်းတွေကို တပ်မက်မှုမရှိတာ အံ့ဩစရာမရှိတော့ပေ။

သူအမြန်ပြောလိုက်ပြန်သည်။

“ကျွန်တော်တို့ တွင်းထွက်ပစ္စည်းတွေကို နှစ်ဆထပ်ပေါင်းပေးပြီး စိတ်ဝိညာဉ်ကျောက်တုံးနောက်ထပ်ငါးသိန်းလည်း ထပ်ထည့်ပေးမယ် ဒါက တကယ်ပဲကျွန်တော်တို့တတ်နိုင်တာ အကုန်ပါပဲ ဂိုဏ်းသခင်ကျေးဇူးပြုပြီး သက်ညှာပေးပါ”

ကျန်းယန် ခပ်အေးအေးပြောလိုက်၏။

“အရှင်တောင်ပိုင်းဘုရင် ကျွန်တော်က ဒီတွင်းထွက်တွေရဲ့ တန်ဖိုးကိုမသိဘူးထင်လို့လား ထပ်တိုးတာတွေပါ အားလုံးပေါင်းမှ သူ့တန်ဖိုးက တစ်သန်းကျော်ပဲရှိဦးမှာ အဲ့လောက်ပမာဏလေးနဲ့ နဂါးပျံအစောင့်တပ်သား ၃၀၀၀ ကို ဘယ်ပြန်ခေါ်လို့ရမလဲ အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ ဂိုဏ်းကလည်း တကယ်ပဲ လူအင်အားလိုအပ်နေတာ ခင်ဗျားတို့ဘက်က စစ်မှန်မှုမရှိမှတော့ ဒီလိုပဲဆုံးဖြတ်လိုက်ကြရအောင် နဂါးပျံအစောင့်တပ်သား ၂၀၀၀ ကို ပြန်ခေါ်သွားလိုက်၁၀၀၀ကိုတော့ ဒီမှာပဲထားခဲ့”

“ကျွန်တော်က နဂါးပျံအစောင့်တပ်သား ၃၀၀၀လုံးကို လိုချင်တာ” တောင်ပိုင်းဘုရင် အံကိုကြိတ်လိုက်ကာ ပြောလိုက်၏။

“မုိင်တစ်‌ေထာက်ရှိတဲ့ ချင်စီရင်စု နယ်မြေက အခုကစ အဇူရာတိမ်ဂိုဏ်းအပိုင်ဖြစ်သွားပြီ ချင်စီရင်စုရဲ့ တန်ဖိုးကတော့ စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းကျော်တယ်နော် ဟုတ်တယ်မလား”

ဤအရာက သူကမ်းလှမ်းနိုင်စွမ်း မိုင်ကုန်ပင်။

ကျန်းယန်တခဏကြောင်အသွားခဲ့ပြီး သူ့စိတ်ထဲတွင်တော့ ၀မ်းသာလုံးစို့သွားခဲ့လေသည်။

ချင်စီရင်စု နယ်မြေက လက်ရှိအဇူရာတိမ်ဂိုဏ်းနယ်မြေထက်ပင် ကြီးနေသေးပြီး ထိုနယ်မြေကြီးထဲတွင် အရင်းအမြစ်မည်မျှ ရှိနေနိုင်ပါမည်နည်း။

အရေးကြီးဆုံးမှာ ထိုစီရင်စုရှိ ပြည်သူများဖြစ်ပြီး ထိုအရာက အဇူရာတိမ်ဂိုဏ်းကို အများကြီးအကျိုးဖြစ်ထွန်းစေပေလိမ့်မည်။

ထိုအရာက လုံး၀သဘောတူစရာပဲဟု ကုအန်တွေးနေခဲ့၏။

သူပြောရန်ပြင်လိုက်ချိန်တွင် ချင်ယွင်ကျိအသံ သူ့နားထဲရောက်ရှိလာခဲ့သည်။

“ချင်စီရင်စုကိုမယူနဲ့ ဘယ်နယ်မြေကိုမှ မယူနဲ့”

“ဆရာ!” ကျန်းယန်ကြောင်သွားခဲ့၏။

“ဒီကိစ္စမှာ ငါ့စကားကိုနားထောင်” ချင်ယွင်ကျိ ထပ်ပြောလိုက်ပြန်သည်။

ကျန်းယန်လည်းရွေးချယ်စရာမရှိတော့ဘဲ တောင်ပိုင်းဘုရင်ကိုခေါင်းသာ ယမ်းပြလိုက်ပြီး

“ကျွန်တော်တို့က ဂိုဏ်းတစ်ဂိုဏ်းပါ မင်းဆက်တစ်ခုတည်ထောင်ဖို့ စိတ်မ၀င်စားဘူး ဆိုတော့ ချင်စီရင်စုက ဘာလုပ်ရမှာလဲ နောက်ပြီး ကျွန်တော်ခင်ဗျားတို့အင်ပါယာရဲ့ နယ်မြေတွေ ခွဲခံလိုက်ရမှာမျိုးကိုလည်း မမြင်ချင်ဘူး

ဒီလိုဆိုရင်ရော လက်ကျန်အကြွေးကိုနောက်ဆယ်နှစ်နေမှပေးလေ လက်ရှိကိစ္စကိုတော့ ဒီလောက်နဲ့ သဘောတူလိုက်မယ် ဒါပေမယ့် အခြေအနေတစ်ခုဝောာ့ရှ်ိလိမ့်မယ်”

“ဘာအခြေအနေလဲ” တောင်ပိုင်းဘုရင် သတိအနေအထား ဖြစ်သွားခဲ့သည်။

ကျန်းယန်နှင့်ရင်ဆိုင်ရပြီးသည့်နောက်တွင် ကျန်းယန်ကမရိုးရှင်းမှန်း သူသိရှိသွားခဲ့၏။

ကျန်းယန်ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့ဂိုဏ်းရဲ့ အဆောင်တွေ ဆေးဝါးတွေ မှော်ရတနာတွေနဲ့ အလားတူပစ္စည်းတွေရောင်းဖို့ ကုန်သွယ်သမဂ္ဂတစ်ခုထောင်ဖို့ စီစဉ်နေတယ် တိမ်တောင်အင်ပါယာက ကျွန်တော်တို့ကို ထောက်ခံပေးဖို့ မျှော်လင့်ပါတယ် အဲ့ဒီပစ္စည်းတွေက ခင်ဗျားတို့အတွက်လည်း အကျိုးရှိစေမှာပါ ဘယ်လိုထင်လဲ ဒါပေါ့ ကျွန်တော်တို့က ဥပဒေအတိုင်းပဲ အခွန်လည်းဆောင်မှာပါ ဒါပေမယ့် ပုံမှန်ထက်တော့ အခွန်ကိုလျှော့ပေးရမယ်”

အတိုချုံးပြောရလျှင် ဤအရာမှာ ပွင့်လင်းသောကုန်သွယ်လုပ်ငန်းတစ်ခုတည်ထောင်လိုနေခြင်းပင်။

All Chapters