← Chapters

အဇူရာတိမ်ဂိုဏ်း၏ ပထမဆုံးအမြတ်အစွန်း

Vol. 3 Ch. 39

အဇူရာတိမ်ဂိုဏ်း၏ ပထမဆုံးအမြတ်အစွန်း

Vol. 3 Ch. 39

တောင်ပိုင်းဘုရင်တခဏတွေးတောပြီးနောက် ဤကိစ္စက သဘောတူစရာကောင်းသည်ဟု ခံစားလိုက်ရပြီး သဘောတူလိုက်၏။

သဘောမတူစရာအကြောင်းလည်း မရှိပေ။ အဇူရာတိမ်ဂိုဏ်းရောင်းသော ပစ္စည်းများက သူတို့ကို အကျိုးရှိစေနိုင်သလို ဂိုဏ်းက ဥပဒေအတိုင်း သူတို့ကိုပင် အခွန်ဆောင်ဦးမည်ဖြစ်သည်။ ထိုထက်ကောင်းသောအရာ ဘာရှိပါဦးမည်နည်း။ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းနှင့်မတူသည်မှာ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကတော့ သူတို့ကို အခွန်လုံး၀မဆောင်ခဲ့ပေ။

နှစ်ဖက်စလုံး သဘောတူစာချုပ်တွင် လက်မှတ်ထိုးပြီးသည့်နောက်တွင် တောင်ပိုင်းဘုရင်ပြင်ဆင်လာသော အရင်းအမြစ်များနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လက်လွှဲပေးခဲ့၏။

တကယ်တော့ ဤတစ်ခေါက်တွင် တိမ်တောင်အင်ပါယာက မည်သည့်ရှုပ်ထွေးမှုများကိုမှ ဖန်တီးလိုစိတ်မရှိဘဲ နဂါးပျံအစောင့်များကိုသာ ပြန်ခေါ်သွားလိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း လဲလှယ်ရေးအတွက် အရင်းအမြစ်များကို တစ်ပါတည်းသယ်လာခဲ့ခြင်း ဖြစ်၏။

လျော်ကြေးညီမျှဖို့အတွက် အစက တိမ်တောင်အင်ပါယာသည် ချင်စီရင်စုနှင့်ပါ လျော်ပေးဖို့ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

အခုတော့ သူတို့ချင်စီရင်စုကိုပင် ထိန်းထားနိုင်ပြီဖြစ်ရာ တိမ်တောင်အင်ပါယာအတွက် ဒီထက်ပိုကောင်းသောအရာတော့ ရှိမည် မဟုတ်တော့ပေ။

“ကျွန်တော်တို့ မိတ်ဆွေဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ပြီး အနာဂတ်မှာ ပဋိပက္ခတွေမဖြစ်ဖို့ မျှော်လင့်ပါတယ်” တောင်ပိုင်းဘုရင်ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

ပဋိပက္ခတစ်ခုကပင် ဒီလောက်ကုန်ကျခဲ့လေရာ နောက်ပဋိပက္ခများဖြစ်လာခဲ့လျှင် လျော်ကြေးငွေကို တိမ်တောင်အင်ပါယာက တတ်နိုင်တော့မည်မဟုတ်ပေ။

ကျန်းယန်လည်းခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက ငြိမ်းချမ်းရေးကိုအမြဲမြတ်နိုးပြီးတော့ ဘယ်တော့မှ ပဋိပက္ခတွေကို စတင်မှာမဟုတ်ပါဘူး ကျွန်တော်တို့ ချင်စီရင်စုကို မလိုချင်တဲ့အချက်က ဒီသ‌ေဘာထားကိုသက်‌ေသပြနေတာပဲမဟုတ်လား ဒီတစ်ကြိမ်မှာ တစ်‌ယောက်ယောက်က အဇူရာတိမ်ဂိုဏ်းနယ်မြေထဲက မိုင်းတွင်းတွေကို ခိုးတူးနေခဲ့တယ်လေ အဲ့တာကြောင့် ကျွန်တော်တို့က ဖြေရှင်းချက်တစ်ခုလိုချင်ပြီး ပြဿနာကိုငြိမ်းငြိမ်းချမ်းချမ်းအဆုံးသတ်လိုက်မလို့ပါပဲ

ဒါပေမယ့် မျှော်လင့်မထားဘဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို အန်းချင်းမြို့အရှင်က အားနည်းချက်လို့မြင်ပြီး နဂါးပျံအစောင့်တွေကိုလိုက်ဖမ်းခိုင်းရာကနေ ဒီပြဿနာအတွဲလိုက်ကြီး စလာရတော့တာပါပဲ

ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ပဋိပက္ခတွေကပဲ နားလည်မှုတွေဆီကိုလမ်းပြပေးနိုင်တာပါ အနာဂတ်မှာကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှု အသစ်အသစ်တွေကို ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်”

တောင်ပိုင်းဘုရင်မျက်လုံးများ ထက်ရှသွားခဲ့ပြီး ပြုံးကာပြောလိုက်သည်။

“စိတ်ချပါ ဂိုဏ်းသခင်ကျန်း အန်းချင်းမြို့စားက သက်ဆိုးရှည်မှာမဟုတ်ပါဘူး”

ဤတစ်ကြိမ်တွင် တိမ်တောင်အင်ပါယာက အများကြီးနစ်နာခဲ့ရပြီး အပြစ်များအားလုံးကို ဧကရာဇ်ကိုယ်စား တတိယမင်းသားက ကိုယ်စားခံယူခဲ့ရ၏။ တတိယမင်းသား၏ အဆင့်အတန်းကြောင့် ထိုကိစ္စက သူ့အပေါ် အကျိုးသက်ရောက်မှုအကြီးကြီးတော့ ရှိလာမည်မဟုတ်ပေ။ သို့သော် အန်းချင်းမြို့လို မြို့အသေးလေး၏ မြို့စားလေးကတော့ ထိုမျှကံကောင်းမည်မဟုတ်ပေ။ အင်ပါယာ၏ ဤမျှလောက်သော နစ်နာမှုကြီးအတွက် သူ့အသက်နှင့်မပေးဆပ်၍ ဘယ်ဖြစ်ပါမည်နည်း။

ကျန်းယန် ပြုံးလိုက်ကာ

“ကျွန်တော်အင်ပါယာရဲ့ အတွင်းရေးကိစ္စတွေမှာ ၀င်မပါချင်ပါဘူး ဒါပေမယ့် ကျွန်တော့်မှာ ဆွေးနွေးစရာကိစ္စတစ်ခုတော့ ရှိတယ် အရှင်တောင်ပိုင်းဘုရင် ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်ဖို့ စိတ်၀င်စားလား”

“ဘယ်လိုအလုပ်မျိုးလဲ” တောင်ပိုင်းဘုရင် မေးလိုက်သည်။

ကျန်းယန်ပြုံးကာ ပြောလိုက်၏။

“တောင်ပိုင်းဘုရင်သိတဲ့အတိုင်းပဲ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက မိုင်းတွင်းအချို့ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုနေတယ်လေ အစကတော့ နဂါးပျံအစောင့်တွေက မိုင်းတွင်းတွေအတွက် အသင့်တော်ဆုံးပဲလို့ တွေးထားခဲ့တာ ဒါပေမယ့် အခုသူတို့ကို ပြန်ပေးလိုက်ရပြီဆိုတော့ အဲ့ဒီမိုင်းတွင်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့နေရာမှာ တောင်ပိုင်းဘုရင် ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်ချင်သလား သိချင်ပါတယ်”

အဇူရာတိမ်ဂိုဏ်းသည် လူအင်အားအရာတွင် အားနည်းနေဆဲဖြစ်သောကြောင့် ကျန်းယန်သူ့အာရုံကို တောင်ပိုင်းဘုရင်ဆီ ပြန်စိုက်ထားလိုက်သည်။

တောင်ပိုင်းဘုရင် မိုင်းတွင်းဆိုတာကလွဲ ဘာကိုမှမကြားနိုင်တော့ဘဲ စိတ်အားထက်သန်စွာ ပြန်မေးလိုက်၏။

“ကျွန်တော်တို့ ဘယ်လိုပူးပေါင်းကြမှာလဲ”

“ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းရဲ့ မိုင်းတွင်းတွေက အသင့်ရှိနေပြီးသားကိုမှ အနှေးနဲ့အမြန်တူးဖော်လို့ရတော့မှာလေ အဲ့တာကြောင့် ၅၀ ၅၀ ကတော့ အလုပ်ဖြစ်မှာမဟုတ်ဘူး တကယ်လို့ တောင်ပိုင်းဘုရင် ဆန္ဒရှိမယ်ဆိုရင်တော့ ကျွန်တော်တို့က ၇၀ ၃၀ ခွဲချင်ပါတယ် အဇူရာတိမ်ဂိုဏ်းက ၇၀ ပေါ့ နောက်ပြီး တောင်ပိုင်းဘုရင်ရဲ့မျိုးဆက်တွေကအဇူရာတိမ်ဂိုဏ်းကို ၀င်ခွင့်ရလိမ့်မယ် သူတို့ရဲ့ ပါရမီကဘာပဲဖြစ်ဖြစ် ဂိုဏ်းကသူတို့ကို မမျှမတဆက်ဆံမှာမဟုတ်ဘူး”

တောင်ပိုင်းဘုရင်ပြတ်ပြတ်သားသား ပြောလိုက်၏။

“အပေးအယူဖြစ်တယ်”

တိမ်တောင်အင်ပါယာက ကောင်းကင်ဒဏ္ဍာရီဂိုဏ်းနှင့်ဆက်ဆံရေးကောင်းရှိပါသော်လည်း ထိုအရာက အခြားဂိုဏ်းများထဲ ၀င်ခွင့်မရှိဘူးလို့တော့ ဆိုလိုမနေခဲ့ပေ။

ထို့ကြောင့် တောင်ပိုင်းဘုရင်စိတ်ပူခြင်းမရှိပေ။

“ကျွန်တော့်မှာ အသက်၁၀နှစ်တည်းနဲ့ သူ့ပါရမီကိုပြသနေတဲ့ မြေးလေးတစ်ယောက်ရှ်ိပါတယ် ကျွန်တော်ပြန်ရောက်တဲ့အခါ ကျွန်တော်သူ့ကို အဇူရာတိမ်ဂိုဏ်းဆီ ပို့လိုက်ပါမယ် နောက်ပြီး ကျွန်တော့်ရဲ့ ဆောက်လုပ်ရေးအဖွဲ့ကိုလည်း အဇူရာတိမ်ဂိုဏ်းဆီပို့ထားပြီး ဂိုဏ်းသခင်ရဲ့ စီစဉ်ပေးတာကို စောင့်နေခိုင်းလိုက်ပါ့မယ်” တောင်ပိုင်းဘုရင်ကျန်းယန်ကို ပြောလိုက်သည်။

“လုံး၀အဆင်ပြေတယ်” ကျန်းယန် သဘောတူလိုက်၏။

ထို့နောက် သူနဂါးပျံအစောင့်များနှင့်တတိယမင်းသားတို့ကို လိုက်ပို့ခဲ့ပြီး ထိုသူများ ဂိုဏ်းကထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့သည်။

တောင်ပိုင်းဘုရင် နဂါးပျံလှေနှင့်အတူ တခဏပျံသန်းထွက်ခွာပြီးချိန်၌ပင် စုမင်ယန်ပြန်ရောက်မလာသောကြောင့် သူထိုသူများကို မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး အန်းချင်းမြို့ဆီသို့သာ ဦးတည်သွားခဲ့၏။

“ငါတို့ ဒီကိစ္စအသေးလေးတွေကို ကိုင်တွယ်ပြီးရင် မြို့တော်ကိုပြန်ပြီး ဧကရာဇ်ကို ဒီကိစ္စအကြောင်းသတင်းပို့ရမယ်”

သူဒီတစ်ခေါက်ခရီးစဉ်နှင့်ပတ်သက်ပြီး အတော်လေးစိတ်‌ကျေနပ်နေခဲ့သည်။ ဤခရီးတွင် သူတို့နယ်မြေကို မဆုံးရှုံးခဲ့ရရုံသာမက တောင်ပိုင်းဘုရင်မိသားစုအတွက်ပင် စီးပွားရေးလုပ်ငန်းတစ်ခု ရရှ်ိခဲ့သေး၏။

ဤကိစ္စနှင့်ပတ်သက်ပြီး အရှင်မင်းကြီးလည်း ကျေနပ်သွားမယ်ဆိုတာကို သူသေချာသိနေပြီး ထိုအခါ တောင်ပိုင်းဘုရင်မိသားစုအတွက် ဆုတော်လာဘ်တော်များ ရရှိနိုင်သေးသည်။

ထိုစဉ် တောင်ပိုင်းဘုရင်တို့ပြန်သွားပြီးနောက် ချင်းယွင်ကျိနှင့်အခြားသူများ ကျန်းယန်ဗီလာဆီရောက်ရှိလာခဲ့ကြ၏။ ထိုထဲတွင် စစ်ထူမင်ယွဲ့ပင် ပါနေသေးသည်။

“စီနီယာအစ်ကိုကြီး အစ်ကိုဒီတစ်ခေါက် ပွပေါက်တိုးသွားတာပဲ” စစ်ထူမင်ယွဲ့ကျန်းယန်ကိုကြည့်ကာ ပြောလိုက်၏။

“နင်ဘာတွေပြောနေတာလဲ” သူနှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ

“ပွပေါက်တိုးတာ အဇူရာတိမ်ဂိုဏ်း ငါမဟုတ်ဘူး”

သူဂုဏ်ယူစွာ ရယ်မောလိုက်လေသည်။

ယခုရရှိထားသော စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းခွဲနှင့်အရင်လက်ကျန်စိတ်ဝိညာဉ်ကျောက်တုံးများ ပေါင်းလိုက်ပါက ယခုအခါ သူတို့ဂိုဏ်းတွင် စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းကျော်ပင် ရှိနေခဲ့ချေပြီ။

ပိုအရေးကြီးသည်မှာ အဇူရာတိမ်ဂိုဏ်းအတွက်အရေးကြီးသော မရေတွက်နိုင်သည့် ကျင့်ကြံခြင်းအရင်းအမြစ်များလည်း ရရှိခဲ့သေး၏။

ချင်းယွင်ကျိနှင့်အခြားသူများ ကျန်းယန်ကို ဇဝေဇဝါဖြစ်နေဟန်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းသည် အရင်က မည်မျှဆင်းရဲခဲ့ပါသနည်း။

အခုဘယ်လောက်မှမကြာသေးဘဲ ဂိုဏ်းတွင် စိတ်ဝိညာဉ်ကျောက်တုံးသန်းချီနှင့် အရင်းအမြစ်များ ရှိနေခဲ့ချေပြီ။ အရင်က သူတို့သည် အမှန်တကယ်ပင် အရည်အချင်းမရှိခဲ့ခြင်းပေလော။

“ဆရာအခုပြုပြင်ပြောင်းလဲခြင်းရဲ့ အကျိုးအမြတ်တွေကို မြင်ပြီလား” ကျန်းယန် ချင်းယွင်ကျိကို ပြုံးပြကာ ပြောလိုက်၏။

“အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်းရဲ့ ကြွယ်၀မှုက တိုးလာဖို့သာ ရှိတယ်”

ချင်းယွင်ကျိ လေးလေးနက်နက်‌ပြောလိုက်သည်။

“ငါကမင်းအဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးမိမှာကို စိတ်ပူခဲ့ရုံပါ နောက်ဆုံးတော့ အနာဂတ်မှာ ငါတို့မရှိတော့ရင် ဒီဂိုဏ်းက မင်းပဲအုပ်ချုပ်ရမှာပဲ မဟုတ်လား အဲ့ဒီအခါ ဂိုဏ်းကပျက်ဆီးနေရင် မင်းကငါ့ကို အပြစ်တင်မှာပေါ့”

“အခုစိတ်မပူတော့ဘူးမလား” ကျန်းယန်ပြုံးကာ မေးလိုက်၏။

ချင်းယွင်ကျိ ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး

“မင်းအဆင်ပြေမယ်ထင်သလိုသာ လုပ် အကူအညီလိုရင်လည်း ငါတို့ကိုသာ ပြောလိုက်”

ကျန်းယန်၏ အရည်အချင်းကိုလက်တွေ့မြင်နေရလေရာ သူဘာကိုစိတ်ပူစရာလိုဦးမည်နည်း။

အထူးသဖြင့် ကျန်းယန်တွင် မူလအပျက်အဆီးရွှေအမြုတေ ရှိနေပေသည်။ ထို့ကြောင့် သူကြီးပြင်းလာသည်နှင့် ချင်းယွင်ကျိ လုံး၀စိတ်ချသွားရမည်သာ။

ကျန်းယန်များစွာသော အရင်းအမြစ်များနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုကြည့်ရှုပြီးနောက် တခဏတွေးလိုက်ကာ ပြောလိုက်၏။

“ဒီပစ္စည်‌း‌ေတွရဲ့ တစ်၀က်ကိုတော့ ဂိုဏ်းရဲ့အုတ်မြစ်အဖြစ် သိမ်းထားမယ် ကျန်တဲ့တစ်၀က်ကိုတော့ ဦးလေး၃နဲ့ ဦးလေး၆တို့ ယူလိုက်ကြ ဦးလေးတို့တာ၀န်က ဒီပစ္စည်းတွေကို ဆေးတွေ မှော်ရတနာတွေအဖြစ်ပြောင်းပေးဖို့နော် ဒါတွေက ကျွန်တော်တို့ဂိုဏ်းရဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေပဲ လျစ်လျူရှုထားလို့ မရဘူး”

တန်ချန်ကျိနှင့်ဦးလေး၆တို့ ခေါင်းညိတ်လိုက်ကြပြီး ထိုတာ၀န်နှင့်ပတ်သက်ပြီး ဘာမှငြင်းခုန်ခြင်း မရှိခဲ့ပေ။

အရင်က သူတို့ ဆေးဖော်တာတွေ ရတနာသွန်းလုပ်တာတွေကို လုပ်ချင်ခဲ့သော်လည်း သူတို့တွင် အရင်းအမြစ်တွေရှိမနေခဲ့ပေ။ အခုတော့ ရှိနေပြီဖြစ်ရာ သူတို့မပျော်စရာဘာအကြောင်းရှိပါမည်နည်း။

“စိတ်ဝိညာဉ်ကျောက်တုံးတွေကိုလည်း အဲ့လိုပဲ ကိုင်တွယ်မယ် တစ်သန်းကို ဖွံ့ဖြိုးရေးဘဏ္ဍာငွေအဖြစ်သိမ်းထားမယ် ကျန်တဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတော့ ဆရာက ငါးသိန်းယူလိမ့်မယ် ကျန်တာတွေကို ဆရာဦးလေးခြောက်ယောက် ဂျူနီယာညီမလေးနဲ့ ကျွန်တော်တို့ အညီအမျှခွဲယူကြမယ် တစ်ယောက်ကိုတစ်သိန်းစီလောက်ပေါ့” ကျန်းယန် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

ချင်းယွင်ကျိဘာလို့ စိတ်ဝိညာဉ်ကျောက်တုံးအများအပြားလိုနေလဲဆိုတာ သူမသိခဲ့ပေ။ သို့သော် သူ့တွင်ခိုင်မာသောအကြောင်းပြချက်ရှိမှာသေချာသောကြောင့် သူ့ကို စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်းအပိုပေးခဲ့ခြင်း ဖြစ်၏။

“ဒါ‌ဆို ငါယဉ်ကျေးမနေတော့ဘူးနော်” ချင်းယွင်ကျိ စိတ်ဝိညာဉ်ကျောက်တုံးငါးသိန်းကို ယူလိုက်သည်။

လင်းယွင်ကျိနှင့်အခြားသူများကတော့ တွန့်ဆုတ်နေခဲ့ကြ၏။

ထိုစဉ်ကျန်းယန်လေးလေးနက်နက်ပြောလိုက်သည်။

“ဆရာဦးလေးတို့ ဦးလေးတို့ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ယူကိုယူရမယ် ဦးလေးတို့တာ၀န်က အမြန်ဆုံး နတ်ဝိညာဉ်အဆင့်ကိုချိုးဖြတ်ကျဖို့ပဲ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက နတ်ဝိညာဉ်အဆင့်နှစ်ယောက်က ကျွန်တော်တို့ဂိုဏ်းကိုလာပြီး အနိုင်ကျင့်ချင်ခဲ့ကြတာ ကျွန်ဝောာ်တို့ဒီလိုအခြေအနေတွေ ထပ်အဖြစ်ခံလို့ မဖြစ်ဘူး ဆရာဦးလေးတို့ရဲ့ ခွန်အားက ဂိုဏ်းရဲ့ လုံခြုံရေးနဲ့ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး အာမခံချက်ပဲ အဲ့တာကြောင့် ကျေးဇူးပြုပြီး ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကိုလက်ခံပြီးတော့ ကျင့်ကြံခြင်းကို မြှင့်တင်ပေးကြပါ”

သူပြောလိုက်သည်နှင့်လင်းယွင်ကျိနှင့်အခြားသူများလည်း စိတ်ဝိညာဉ်ကျောက်တုံးများကို တွန့်ဆုတ်စွာ ယူလိုက်ကြလေသည်။

“ညီမလေးကတော့ ဘာမှမလိုဘူး” စစ်ထူမင်ယွဲ့ပြုံးကာ ပြောလိုက်၏။

သူမတွင် ငွေကြေးပြတ်လပ်နေခြင်းမျိုး မရှိခဲ့ပေ။ ဂိုဏ်းက လက်ကျန်စိတ်ဝိညာဉ်ကျောက်တုံးများကပင် သူပေးထားသောဟာများ ဖြစ်ကြသည်။

ကျန်းယန် စစ်ထူမင်ယွဲ့ကိုတစ်ချက်ကြည့်လိုက်ကာ

“ဒါကအဇူရာတိမ်ဂိုဏ်းရဲ့ အမြတ်အစွန်းပဲ လူတိုင်းရရမယ် တကယ်လို့နင်သာမရရင် ဘယ်မျှတပါတော့မလဲ ယူသာယူလိုက်ပါ”

စစ်ထူမင်ယွဲ့ ပြောစရာစကားမဲ့သွားခဲ့၏။ ထိုအရာက ကောင်းသောအရာသာဖြစ်သော်လည်း ဤအရာကိုလက်ခံရတာကို အဘယ်ကြောင့်သူမမသက်မသာဖြစ်နေရပါသနည်း။

All Chapters