← Chapters

လျှို့ဝှက်နယ်မြေတစ်ခု လိုချင်တယ်

Vol. 3 Ch. 40

လျှို့ဝှက်နယ်မြေတစ်ခု လိုချင်တယ်

Vol. 3 Ch. 40

“ဆရာ အဇူရာတိမ်ဂိုဏ်းမှာ လျှို့ဝှက်နယ်မြေတစ်ခုခုများရှိလား” ကျန်းယန် မေးလိုက်သည်။

“ကျွန်တော်တစ်ခုလောက်ဖွင့်ဖို့ ခွင့်ပြုချက်လိုချင်ပါတယ်”

သူ့အမြင်တွင် အဇူရာတိမ်ဂိုဏ်းသည် နှစ်ပေါင်း ၅၀၀၀သက်တမ်းရှိသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ရာ အဘယ်သို့ လျှို့ဝှက်နယ်မြေတွေမရှိဘဲ နေပါမည်နည်း။

အဓိကပြဿနာက ထိုနယ်မြေကို သူဖွင့်ခွင့်ရှိမရှိသာ ဖြစ်သည်။

ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်၏။

“မင်းက လျှို့ဝှက်နယ်မြေဘာလို့လိုအပ်တာလဲ ကျင့်ကြံခြင်းအတွက်လား မင်းလက်ရှိကျင့်ကြံခြင်းနဲ့တော့ မလိုလောက်သေးပါဘူး”

ကျန်းယန်ခေါင်းယမ်းလိုက်ကာ

“ကျင့်ကြံခြင်းအတွက်မဟုတ်ပါဘူး ကျွန်တော်က လျှို့ဝှက်နယ်မြေတစ်ခုဖွင့်တယ်ဆိုတဲ့ သတင်းဖြန့်ပြီး ကမ္ဘာကြီးကို ဆွဲဆောင်ချင်လို့ပါ”

ချင်းယွင်ကျိ မျက်မှောင်ကြုံ့လိုက်သော်လည်း ဘာမှတော့မပြောခဲ့ပေ။

“အရမ်းစွမ်းအားကြီးတဲ့ လျှို့ဝှက်နယ်မြေမျိုးမလိုပါဘူး အခြေခံတည်ဆောက်ခြင်းအဆင့်တွေ ဝင်နိုင်တဲ့လျှို့ဝှက်နယ်မြေလောက်ဆိုရင်ရပြီ ရွှေအမြုတေအဆင့်တွေပါ ၀င်နိုင်ရင်တော့ ပိုကောင်းတယ်” ကျန်းယန် အမြန်ထပ်ပြောလိုက်၏။

ထိုအခါမှ ချင်းယွင်ကျိလည်း သိသိသာသာစိတ်အေးသွားခဲ့ရသည်။

“အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ရွှေအမြုတေအဆင့်လောက်ပဲဆိုရင်တော့ ပြဿနာမရှ်ိပါဘူး”

သူထူးဆန်းစွာပြုံးလိုက်ကာ

“စောင့်သာနေ လျှို့ဝှက်နယ်မြေတစ်ခု မကြာခင်ပေါ်လာလိမ့်မယ်”

ကျန်းယန်အနည်းငယ်ပဟေဠိဖြစ်သွားခဲ့၏။ လျှို့ဝှက်နယ်မြေတစ်ခု မကြာခင်ပေါ်လာမယ်ဆိုတာ ဘာကိုဆိုလိုနေပါသနည်း။

သို့သော် သူခွင့်ပြုချက်ရသွားပြီဖြစ်သောကြောင့် ထပ်ပြီးမေးမနေတော့ပေ။

ထို့နောက်တွင်တော့ ချင်းယွင်ကျိနှင့်အခြားသူများ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွား‌ခဲ့လေသည်။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေက…” လင်းယွင်ကျိ ချင်းယွင်ကျိကို ထူးဆန်းစွာကြည့်လိုက်ကာ ပြောလိုက်၏။

ချင်းယွမ်ကျိ ရယ်ကျဲကျဲလုပ်လိုက်ကာ

“အဲ့တာက ရွှေအမြုတေအဆင့်လျှို့ဝှက်နယ်မြေလေးတစ်ခုပဲ မဟုတ်လား ငါနည်းနည်းလောက်အားစိုက်လိုက်ရင် တစ်ခုလောက်က လုပ်လို့ရပါတယ် အချိန်ကြာမှာလည်းမဟုတ်ဘူး အဲ့တာကကိစ္စအ‌ေသး‌ေလးပါ စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့မှပဲ ငါအသက်ရှူချောင်သွားတော့တယ် ဒီကောင်စုတ်လေးက ငါ့ကိုစိတ်ဝိညာဉ်ကျောက်တုံးတွေရှာပေးထားတာဆိုတော့ သူ့ဆန္ဒကိုဖြည့်ကိုဖြည့်ပေးရမယ်”

လင်းယွင်ကျိနှင့်အခြားသူများ ဆွံ့အသွားခဲ့ကြသည်။

ချင်းယွင်ကျိဘာလို့ထိုမျှလွယ်လွယ်သဘောတူလိုက်လဲဆိုတာ သူတို့သိချင်နေခဲ့ကြခြင်းဖြစ်၏။ ထိုလျှို့ဝှက်နယ်မြေကို ဘယ်ကရနိုင်ပါမည်နည်း။

သို့သော် ချင်းယွင်ကျိကအစကတည်းက လေဟာနယ်ထဲကနေ လျှို့ဝှက်နယ်မြေတစ်ခုဖန်တီးဖို့ စီစဉ်ပြီးသာဖြစ်နေခဲ့သည်။ ထိုအရာကြီးက မလွန်လွန်းဘူးပေလော။

“စီနီယာအစ်ကိုကြီး ဘယ်အဆင့်ကိုရောက်နေပြီလဲ”

လင်းယွင်ကျိ စိတ်၀င်စားစွာ မေးလိုက်သည်။

ချင်းယွင်ကျိ သူတို့ကိုအဓိပ္ပာယ်ပါပါကြည့်လိုက်ကာ

“မင်းတို့ပိုကြိုးစားသင့်တယ်”

ပြောပြီးသည်နှင့် သူချက်ချင်းပျောက်ကွယ်သွားခဲ့၏။

အခြားသူများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးသည့်နောက်တွင် တံခါးပိတ်ကျင့်ကြံခြင်း၀င်ရန် ထွက်သွားခဲ့ကြသည်။

“စီနီယာအစ်ကိုကြီး ဘာလိုချင်လို့လဲ” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုရှုပ်ထွေးစွာကြည့်ကာ ပြောလိုက်၏။ ကျန်းယန်သူမကို ဘာကြောင့်မပြန်ခိုင်းသေးလဲ သူမမသိခဲ့ပေ။

ကျန်းယန်ထူးဆန်းစွာ ပြောလိုက်၏။ “ကြည့်ရတာ နင်ဘာလို့ အဇူရာတိမ်ဂိုဏ်းကိုရောက်လာရသလဲဆိုတဲ့ ပထမဆုံးအချက်ကို မေ့သွားပုံပဲ ဟုတ်တယ်မလား”

စစ်ထူမင်ယွဲ့တခဏကြောင်သွားပြီးနောက် အလျင်အမြန်ပင် နားလည်သွားခဲ့သည်။

သူမအဇူရာတိမ်ဂိုဏ်းကိုလာရသည့် ပထမဆုံးရည်ရွယ်ချက်က ကုန်သွယ်ရေးတွင် ပူးပေါင်းရန်သာ ဖြစ်၏။

သို့သော်ဂိုဏ်းထဲရောက်ကတည်းက ထိုကိစ္စကိုဘယ်သူမှထုတ်မပြောကြတော့သောကြောင့် ထိုကိစ္စက ပြီးသွားပြီလို့ သူမထင်နေခဲ့ခြင်းဖြစ်သည်။

“အစ်ကို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးလည်းရနေပြီ အဲ့တာကို ပစ္စည်းတွေရောင်းချင်သေးတာလား”

စစ်ထူမင်ယွဲ့ ကျန်းယန်ကိုရှုပ်ထွေးစွာကြည့်ကာ ပြောလိုက်၏။

ကျန်းယန် စစ်ထူမင်ယွဲ့ကို စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြန်ကြည့်လိုက်ပြီး

“ကုန်သွယ်သမဂ္ဂတစ်ခုရဲ့ သမီးကြီးတစ်ယောက်အနေနဲ့ နင့်အရည်အချင်းက စိတ်ပျက်စရာပဲ ဂိုဏ်းမှာအခုစိတ်ဝိညာဉ်ကျောက်တုံ‌းတွေရှိပေမယ့် နောက်ဆုံးကျအဲ့တာတွေက သုံးလို့ကုန်သွားမှာပဲ ငါတို့က လက်ရှ်ိစိတ်ဝိညာဉ်ကျောက်တုံးတွေကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှာတဲ့နေရာမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံရမယ်

ငါတို့က တိမ်တောင်အင်ပါယာထဲမှာ ကုန်သွယ်သမဂ္ဂတစ်ခုထောင်ဖို့လည်း ညှိနှိုင်းပြီးပြီ နောက်ပြီး ကိုယ်ပိုင်ဆေးတွေ အဆောင်တွေလည်း ထုတ်နိုင်တယ် အဲ့တာက ကုန်သွယ်ရေးအတွက်အကောင်းဆုံးအခြေအနေ မဟုတ်ဘူးလား

နောက်အခြေအနေတစ်ခုကတော့ ဂိုဏ်းကြီးတစ်ဂိုဏ်းကတောင် ကမ္ဘာပေါ်က သတင်းအချက်အလက်တွေနဲ့ ဝေးကွာနေလို့မရဘူး

အဲ့တာကြောင့် ဂိုဏ်းအတွက် ကုန်သွယ်သမဂ္ဂတစ်ခုထောင်ဖို့ အရေးတကြီးလိုအပ်နေတာပဲ”

သူအရင်က အဇူရာတိမ်ဂိုဏ်း၏စွမ်းဆောင်ရည်များနှင့်ပတ်သက်ပြီး မကျေမချမ်းဖြစ်နေခဲ့သည်။ ဂိုဏ်းသည်ကမ္ဘာ့ရေးရာများနှင့်ပတ်သက်ပြီး ဘာဆိုဘာမှပင် မသိကြပေ။

အကယ်၍ ကမ္ဘာပေါ်ကအပြော်င်းအလဲကြီးတွေကိုသာ အဇူရာတိမ်ဂိုဏ်းက သိမထားလျှင် ချင်းယွင်ကျိဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ နောက်ဆုံးတွင် ကိစ္စကြီးများနှင့်ကြုံတွေ့သွားရမည်သာ။

စစ်ထူမင်ယွဲ့ ကျန်းယန်ကိုတုန်လှုပ်စွာ ကြည့်လိုက်ကာ

“စီနီယာအစ်ကိုကြီး အစ်ကိုကအဝေးကြီးကြိုတွေးနေတာပဲ”

“အဝေးကြီးကြိုတွေးမထားရင် အနီးကပ်ကျစိတ်ပူရလိမ့်မယ်”

ကျန်းယန်လေးလေးနက်နက်ပြောလိုက်၏။

“ဆရာနဲ့အခြားသူတွေက အနှေးနဲ့အမြန်ထွက်ခွာသွားကြမှာပဲ အနာဂတ်မှာဂိုဏ်းက ငါတို့ဟာဖြစ်လာမှာ ဂိုဏ်းမှာရွှေအမြုတေအဆင့်ဆိုလို့လည်း နင်နဲ့ငါပဲရှိတာ အခြားတပည့်တွေက အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်ကြသေးဘူး အဲ့တာကြောင့်လည်း ဂိုဏ်းတာ၀န်တွေက ငါတို့ပုခုံးပေါ် ရောက်လာတာပဲ

ဂျူနီယာညီမလေး နင်ကင့ါ့ကိုမကူညီသင့်ဘူးလား

ဒါမှမဟုတ် နင်ကဂိုဏ်းကို အပျော်သဘောထားပြီး အချိန်တန်အိမ်ပြန်မယ်ဆိုပြီး ၀င်လာခဲ့တာလား

ဒီလိုဆိုရင်တော့ ငါစိတ်ပျက်ရလိမ့်မယ်”

စစ်ထူမင်ယွဲ့ ကျန်းယန်ကိုအတန်ကြာကြည့်နေပြီးမှ ခြောက်ကပ်ကပ်ပြုံးလိုက်ကာ

“တစ်ခါတစ်လေ အစ်ကိုက ညီမလေးအဖေနဲ့တကယ်တူတယ်”

“အာ ငါကအဲ့လောက်ကြီးတူနေလို့လား” ကျန်းယန် အံ့အားသင့်စွာ ပြန်မေးလိုက်၏။

စစ်ထူမင်ယွဲ့ခေါင်းညိတ်ပြလိုက်ပြီးနောက်မှ တစ်ခုခုမှားနေသည်ကို သတိပြုလိုက်မိပြီး ကျန်းယန်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။

“ညီမလေးက ဟန်ပန်အမူအရာတူတာကိုပြောတာ…ဘာပဲဖြစ်ဖြစ်ပါ ညီမလေးကိုကူညီစေချင်ရင် အကျိုးအမြတ်အချို့တော့ပေးရမယ် အလကားတော့မကူညီနိုင်ဘူး”

“ဘာအကျိုးအမြတ်လိုချင်လို့လဲ” ကျန်းယန်မေးလိုက်၏။

“မစဉ်းစားရသေးဘူး ဒါပေမယ့် ကတိတော့ပေးထားရမယ် ညီမလေးစဉ်းစားလို့ရလာတဲ့အခါ ပြောမယ်” စစ်ထူမင်ယွဲ့ ပြောလိုက်သည်။

ကျန်းယန် လက်ကာပြလိုက်ပြီး

“ကိစ္စမရှိဘူး အစ်ကိုကတိပေးတယ်”

ကုန်သည်မိသားစုကြီးတစ်ခု၏ သမီးကြီးတစ်ယောက်အနေနှင့် စစ်ထူမင်ယွဲ့က သူတို့ကုန်သွယ်ူသမဂ္ဂကိုလည်ပတ်ဖို့ အကောင်းဆုံးသူသာ ဖြစ်၏။

နောက်ထပ်အကြောာင်းပြချက်တစ်ခုမှာ ယွင်ထန့်ကုန်သွယ်သမဂ္ဂနှင့် အဆက်အသွယ်များတည်ဆောက်ထားခြင်းဖြင့် အနာဂတ်တွင် သူတို့ကုန်သွယ်သမဂ္ဂကိုတိုးချဲ့လို၍ ဖြစ်သည်။

စစ်ထူမင်ယွဲ့ကျေနပ်စွာပြုံးလိုက်ပြီး ပြောလိုက်၏။

“ညီမလေးတို့ ကုန်သွယ်သမဂ္ဂကိုဘယ်နာမည်ပေးသင့်လဲ မင်ယွဲ့ကုန်သွယ်သမဂ္ဂဆိုရင်ရော”

“နင့်နာမည်နောက်မှာမှ အဇူရာတိမ်ဂိုဏ်းနာမည်ကို ထည့်ရမှာလား” ကျန်းယန် ခေါင်းယမ်းပြလိုက်သည်။

“ဒါဆို အဇူရာတိမ်ကုန်သွယ်သမဂ္ဂလား” စစ်ထူမင်ယွဲ့ နှာခေါင်းရှုံ့လိုက်ကာ

“ဒါမှမဟုတ် နာမည်တစ်လုံးစီယူပြီး ချင်းမင်ကုန်သွယ်သမဂ္ဂဆိုရင်ရော”

ကျန်းယန်ပြောစရာစကားမဲ့သွားခဲ့၏။ အဘယ်ကြောင့် သူတို့ကုန်သွယ်သမဂ္ဂက မစရသေးဘဲ ပျက်တော့မလို သူခံစားနေရပါသနည်း။

“ကောင်းပြီ ကောင်းပြီ နင်ကဖွဲ့စည်းမှာဆိုတော့ နင့်နာမည်ပါသင့်ပါတယ် အပြာရောင်လကုန်သွယ်သမဂ္ဂလို့ ခေါ်ကြရအောင် အခုကျေနပ်ပြီလား”

စစ်ထူမင်ယွဲ့တခဏတွေးပြီးနောက် ခေါင်းညိတ်လိုက်ကာ

“အပြာရောင်လကုန်သွယ်သမဂ္ဂကကောင်းတယ် အနာဂတ်မှာ ညီမလေးက အဲ့ဒီကုန်သွယ်သမဂ္ဂကို ဦးစီးရမှာလား”

“အင်း ဒါပေမယ့် အစ်ကိုကပိုပြီးအမြင်ကျယ်တယ် အဲ့တာကြောင့် လိုအပ်လာရင် အစ်ကို့အကြံပေးချက်တွေကို လိုက်နာရမယ်” ကျန်းယန်ပြောလိုက်သည်။

စစ်ထူမင်ယွဲ့ ဂုဏ်ယူစွာ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ညီမလေးက ကုန်သည်မိသားစုကလာခဲ့တာပါ ညီမလေးကျင့်ကြံခြင်းက အစ်ကို့ကိုမယှဉ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စီးပွားရေးကတော့ မတူဘူး စိတ်မပူပါနဲ့ ညီမလေးအဇူရာတိမ်ဂိုဏ်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်အမျိုးမျိုးရှာပေးဖို့ ကတိပေးတယ်”

“အို့” ကျန်းယန် မေးခွန်းထုတ်လိုက်သည်။

“ညီမလေးက စီးပွားရေးကိုအဲ့လောက်တောင် နက်နက်နဲနဲနားလည်တယ်လား စစ်ထူမိသားစုက စီးပွားရေးလောကထဲရောက်လာတာ ဘယ်နှနှစ်လောက်ရှိပြီလဲ”

“စစ်ထူမိသားစုမှာ နှစ်၂၀၀ကြာ စီးပွားရေးသမိုင်းရှိတယ်”

“နှစ်၂၀၀လား” ကျန်းယန် နှုတ်ခမ်းကိုသပ်လိုက်ကာ

“အစ်ကိုတို့မှာက နှစ်၂၀၀၀ကြာ စီးပွားရေးသမိုင်းရှိတယ်လို့ ပြောရင် ယုံမှာလား အနာဂတ်မှာ စီးပွာရေးအပိုင်းကို အစ်ကိုသင်ပေးဦးမယ် အခုတော့ ညီမလေးအရည်အချင်းတွေကိုပြဖို့ စီးပွားရေးအစီအစဉ်တစ်ခုသွားဆွဲချေ”

စစ်ထူမင်ယွဲ့ကတော့ ကြောင်သွားခဲ့သည်။ အဇူရာတိမ်ဂိုဏ်းတွင် ဘယ်လိုလုပ် စီးပွားရေးသမိုင်းထိုမျှ ရှိနိုင်ပါမည်နည်း။

သူမယုံတစ်၀က်မယုံတစ်၀က်ဖြင့် အနာဂတ်တွင် ကျန်းယန်အရည်အချင်းကိုစောင့်ကြည့်ဦးမည်ဟု စီစဉ်ထားလိုက်၏။

ထို့နောက်တွင်တော့ ချွန်းရှောင်ကိုခေါ်ကာ သူမ စီးပွားရေးအစီအစဉ်ဆွဲဖို့ ပြန်သွားခဲ့လေသည်။

ထိုစဉ် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းထပ်ရထားသော ကျန်းယန်လည်း တံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားခဲ့ပြန်၏။

သူ့တွင် ကိုယ်ပိုင်ဗီလာရှိနေပြီဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် စုတ်ချက်တောင်ထွတ်သို့ သွားစရာမလိုခဲ့ပေ။

ကျင့်ကြံရေးအခန်းထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးများကို ဖြန့်ချထားကာ စိတ်ဝိညာဉ်ချီက အခန်းထဲပြည့်နှက်နေပြီး ကျန်းယန် စိတ်ဝိညာဉ်ချီများကို စတင်စုပ်ယူခဲ့ပြန်လေသည်။

All Chapters