လေ့လာသင်ယူခြင်း ပြီးဆုံးသွားသည့်နောက် တတိယမင်းသား၏ အိမ်အပြန်
Vol. 3 Ch. 41
ကျန်းယန်ကျင့်ကြံနေစဉ်တွင် တောင်ပိုင်းဘုရင်တို့အဖွဲ့ အန်းချင်းမြို့ဆီ ရောက်ရှိသွားခဲ့ကြသည်။
ဤတစ်ကြိမ် ညှိနှိုင်းမှုက သူတို့အတွက်အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပြီး နဂါးပျံအစောင့်များကို မျှော်မှန်းထားသည့်ထက်ပိုပြီးဈေးချိုစွာ ပြန်လည်ရရှိခဲ့၏။ သို့သော်လည်း ဤကိစ္စ၏ တိမ်တောင်အင်ပါယာအပေါ်ရိုက်ခတ်မှုက မသေးလှသောကြောင့် ဤကိစ္စကို တစ်ယောက်ယောက်ကတော့ တာ၀န်ယူရပေလိမ့်မည်။
ဧကရာဇ်က ထိုကိစ္စကို တာ၀န်ယူ၍မဖြစ်နိုင်သလို တတိယမင်းသားကလည်း အချိုု့အစိတ်အပိုင်းေလးများေလာက်ကိုသာ တာ၀န်ယူနုိင်ပြီး ကိစ္စတစ်ခုလုံးကိုတော့ တာ၀န်ယူ၍ မရနိုင်ပေ။ ထို့ကြောင့် ထိုပြဿနာကြီးက အန်းချင်းမြို့စားခေါင်းပေါ် ကျရောက်သွားခဲ့သည်။
တောင်ပိုင်းဘုရင် အန်းချင်းမြို့သို့ ရောက်ရောက်ခြင်းနေ့မှာပင် အန်းချင်းမြို့စားကို ကွက်မျက်ခဲ့၏။
အရာရှိများက အန်းချင်းမြို့စားမင်းသည် အာဏာကိုအလွဲသုံးစားလုပ်ကာ အိမ်နီးခြင်းအင်အားစုများကို စော်ကြည့်သည့် ခွင့်မလွှတ်နိုင်သောရာဇ၀တ်မှုမျိုး ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
တကယ်တော့ အန်းချင်းမြို့စားအတွက် ထိုအပြစ်ဒဏ်ကသိပ်တော့ မမျှတခဲ့ပေ။ တိမ်တောင်အင်ပါယာက အစကတည်းက အဇူရာတိမ်ဂိုဏ်းကိုဆန့်ကျင်ဖို့ ဆန္ဒရှိနေခဲ့ခြင်းဖြစ်ပြီး သူက ထိုပြဿနာမီးစကို စရှို့ခဲ့မိသူသာ ဖြစ်၏။
မြို့စားကိစ္စစီစဉ်ပြီးသောအခါ တောင်ပိုင်းဘုရင် ရှောင်မိသားစုဆီ အလည်သွားခဲ့သည်။
ရှောင်ကျန့်ချွန်ကတော့ အလွန်တရာပင် ကြောက်ရွံ့နေခဲ့မိ၏။ အန်းချင်းမြို့စားပင် ဤကဲ့သို့ အဆုံးသတ်ခဲ့လေရာ သူတို့ ရှောင်မိသားစုရော ဘယ်လိုဒုက္ခမျိုးကို ခံရပါီဦးမည်နည်း။
တောင်ပိုင်းဘုရင် ရှောင်ကျန့်ချွန်၏ သောကကိုသတိထားမိဟန်ဖြင့် စိတ်သက်သာရာရအောင် ပြုံးပြလိုက်ပြီး
“ေရှာင်မိသားစုက အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းဖို့သဘောတူညီထားမှတော့ ကောင်းကောင်းပူးပေါင်းလုပ်ကိုင်ကြပါ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပါ ေရှာင်မိသားစုက ရိုးရိုးသားသားပဲပူးပေါင်းဆောင်ရွက်ကြရမယ် မကောင်းကြံဖို့ တွေးတောင်မတွေးနဲ့ အန်းချင်းမြို့စားရဲ့ ကံကြမ္မာက သတိပေးချက်တစ်ခုပဲ ရှောင်မိသားစုကိုလည်း အဲ့သလိုကပ်ဘေးမျိုး မကျရောက်ပါစေနဲ့”
“စိတ်ချပါ အရှင် ကျွန်တော်တို့ရှောင်မိသားစုက အဲ့လိုလုပ်မှာမဟုတ်ပါဘူး” ရှောင်ကျန့်ချွန် အကြိမ်ကြိမ်အခါခါ ခေါင်းညိတ်ကာ ကတိပေးနေခဲ့၏။
တောင်ပိုင်းဘုရင်လည်း ခေါင်းညိတ်ပြလိုက်ပြီး နဂါးပျံအစောင့်များနှင့်အတူ မြို့တော်သို့ ပြန်သွားခဲ့လေသည်။
မြို့တော်သို့ ပြန်ရောက်သောအခါ တောင်ပိုင်းဘုရင် နဂါးပျံအစောင့်များကို နေရာချထားပေးဖို့ ရှုပိုင်ကိုတာ၀န်ပေးလိုက်ပြီး သူကတော့ တတိယမင်းသားကိုခေါ်ကာ ဧကရာဇ်နှင့်တွေ့ဆုံဖို့ အတွင်းခန်းမထဲ ရောက်လာခဲ့၏။
သူတို့တွေ့လိုက်သည်နှင့် ဧကရာဇ် တတိယမင်းသားကို လက်ညှ်ိုးငေါက်ငေါက်ထိုးကာ ဆူပူလေတော့သည်။
“မင်းကောင်စုတ်လေး ဒီတစ်ခေါက်မင်းရှာလာတဲ့ ပြဿနာကိုကြည့်စမ်း!”
သူ့အကြည့်က သတိပေးမှုများနှင့် ပြည့်နေခဲ့၏။
လေ့ကျင့်ထားပြီးသား တတိယမင်းသားကတော့ ချက်ချင်း ဒူးထောက်ကာ ခေါင်းကိုငုံ့ထားလိုက်ပြီး
“ခမည်းတော် ဒီသားတော်က အပြစ်ရှိစိတ်ကိုခံစားနေရပါတယ်”
“မင်းခေါင်းကိုမော့ပြီး ငါ့ကိုကြည့်စမ်း” ဧကရာဇ်ခပ်တင်းတင်းအမိန့်ပေးလိုက်သည်။
တွန့်ဆုတ်ခြင်းမရှိဘဲ တတိယမင်းသား ဧကရာဇ်ကို မော့ကြည့်လိုက်၏။
တတိယမင်းသားမျက်လုံးထဲမည်သည့်အာဃာတကိုမှ မတွေ့မှ ဧကရာဇ်စိတ်အေးသွားပြီး အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
“ဒီတစ်ခေါက်မင်းရှာလာတဲ့ ပြဿနာကကြီးလွန်းတော့ ငါမင်းကို ဘယ်လိုအပြစ်ပေးရမယ် မဆုံးဖြတ်ရသေးဘူး အဲ့တာကြောင့် အခုကစပြီး မင်းကို ၆လတိတိ အကျယ်ချုပ် ချုပ်ထားမယ်”
တတိယမင်းသားသည် သူ့အစား အပြစ်ခံပေးနေခြင်းကို သူမသိဘဲ မနေပေ။
သို့သော် အချို့ကိစ္စများက လူအများအမြင်တင့်တယ်စေရန် ဖြေရှင်းချက်တော့ လို၏။
ဤတစ်ခေါက် ဧကရာဇ်က အရင်းအမြစ်များစွာ အသုံးပြုခဲ့ရခြင်းကြောင့် အများအမြင်တွင် တရားမျှတမှုရှိသယောင် လုပ်ပြဖို့တော့ လိုနေပေသည်။
“ဒီသားတော်က အပြစ်ဒဏ်ကို ခံယူပါတယ်” တတိယမင်းသားအရင်ဆုံး သူ့အပြစ်ရှိစိတ်ကို ၀န်ခံလိုက်ပြီး ဆက်ပြောလိုက်၏။
“အဖေ ဒီသားတော်မှာ တောင်းဆိုချက်လေးတစ်ခုရှိပါတယ် ပြီးတော့ အဖေသဘောတူဖို့လည်း မျှော်လင့်ပါတယ်”
ဧကရာဇ်မျက်လုံးများ ချက်ချင်းထက်ရှသွားပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။
“ဘာများလဲ”
“ဒီကိစ္စကနေတစ်ဆင့် ဒီသားတော်က ရုတ်တရက် စစ်သည်တော်ထောင်ချီကို အမိန့်ပေးနိုင်ရင်တောင် အဲ့ဒီကျင့်ကြံသူကြီးတွေရှေ့မှာတော့ ဟာသတစ်ခုထက် မပိုမှန်း သိသွားခဲ့ရပါတယ် အဲ့တာကြောင့် ဒီသားတော်က သေမျိုးကမ္ဘာကို ဆက်ပြီးဖက်တွယ်မနေလိုတော့ဘဲ အမတလမ်းစဉ်ကို လျှောက်လှမ်းချင်ပါတယ်”
“ဘာ မင်းကအမတလမ်းစဉ်ကို လျှောက်လှမ်းချင်တာလား” ဧကရာဇ် အံ့ဩတုန်လှုပ်သွားကာ မတ်တပ်ပင် ထရပ်လိုက်မိ၏။
ဤအဖြေက သူတစ်ခါမှမျှော်လင့်မထားခဲ့ဖူးသော အဖြေသာ ဖြစ်ပေသည်။
အနားတွင်ရပ်နေသော တောင်ပိုင်းဘုရင်ကတော့ တိတ်ဆိတ်နေခဲ့ပြီး အခြေအနေကိုသာ အကဲခတ်နေခဲ့၏။
ဤညှိနှိုင်းမှုတွင် ပါ၀င်ခဲ့သောကြောင့် သူကဒီစကားဝိုင်းကိုနားထောင်ခွင့်ရှိနေသော်လည်း တော်၀င်မိသားစုကိစ္စများတွင် ၀င်ပြောရဲခြင်းမျိုးတော့ မရှိပေ။
“သားေတာ်သေချာတွေးပြီးသွားပါပြီ သားတော်အမတလမ်းစဉ်ကို လျှောက်ကိုလျှောက်လှမ်းမှာပါ” တတိယမင်းသား ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
ဧကရာဇ်တတိယမင်းသားကို အတန်ကြာအောင်အကဲခတ်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ကာ မေးလိုက်၏။
“အမတလမ်းစဉ်ကိုလျှောက်လှမ်းတယ်ဆိုတာ ဘာကိုဆိုလိုသလဲ မင်းသိလား”
“သားတော်နားလည်ပါတယ်” တတိယမင်းသား အသာအယာပြုံးလိုက်ကာ
“အမတလမ်းစဉ်ကို လျှောက်လှမ်းပြီးတဲ့နောက် တောင်တွေကိုရွှေ့ ပင်လယ်တွေကိုဖြည့်နိုင်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်ပြီးတော့ အမတခန္ဓာကိုယ်ကို ရရှိနိုင်မှာပါ ဘယ်အရာကများ အဲ့လိုစွမ်းအားနဲ့ ယှဉ်နိုင်ဦးမှာလဲ”
တစ်နည်းအားဖြင့်ဆိုသော် သူသည် ပလ္လင်ကိုမလိုချင်ပါဘူးဟု ကြေငြာလိုက်ခြင်း ဖြစ်သည်။
ဧကရာဇ်တတိယမင်းသားကို ဗလာအကြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။ သူသည် တတိယမင်းသားကိုထိုမျှ ဒုက္ခခံခိုင်းမိခဲ့သောကြောင့် ပြန်ရောက်လာလျှင် မကျေမနပ်ဖြစ်နေမှာကို စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ သူတတိယမင်းသားကို အတော်လေးတန်ဖိုးထား၏။ ထို့ကြောင့်လည်း နဂါးပျံအစောင့်သုံးထောင်ကို အုပ်ချုပ်ဖို့ တာ၀န်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်အခုတော့ ဤကလေးက အမတလမ်းစဉ်ကို လျှောက်လှမ်းချင်နေပါသည်တဲ့!
သူရုတ်တရက် တတိယမင်းသားသည် ကျင့်ကြံသူများလက်ထဲ အရှက်တကွဲရှုံးနိမ့်ခဲ့ရမှုကြောင့် ၀မ်းနည်းသွားခဲ့ကာ ယခုလိုအတွေးမျိုး ၀င်လာသလားဟု သိချင်သွားခဲ့၏။
ထိုသို့တွေးမိသောအခါ ဧကရာဇ်နှလုံးသားပျော့ပြောင်းသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါနားလည်ပါတယ် မင်းစံအိမ်ကိုပြန်တော့ ငါမင်းကိုပြန်စဉ်းစားဖို့ သုံးရက်အချိန်ပေးမယ် သုံးရက်ကုန်တဲ့အခါ ငါမင်းကိုစီစဉ်ပေးမယ်”
“ခမည်းတော် သားတော်အကြာကြီးစဉ်းစားခဲ့ပြီးပါပြီ သားတော်သုံးရက်မလိုပါဘူး ကျွန်တော်ဆရာတစ်ယောက်တောင် ရှာပြီးသွားပါပြီ”
“ဆရာက ဘယ်သူလဲ”
“သားေတာ်တပ်မှူးရှုပိုင်နဲ့ အကြာကြီးအတူတူအလုပ်လုပ်ခဲ့ပြီးတဲ့နောက် သူ့ခွန်အားကို သတိပြုမိခဲ့ပါတယ် နောက်အကြောင်းပြချက်တစ်ခုကတော့ နဂါးပျံအစောင့်တပ်လို အင်အားကြီးစစ်တပ်တစ်ခုက ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာပဲ ရှိသင့်ပါတယ် ကျွန်တော်ကျင့်ကြံခြင်းမှာ အောင်မြင်လာတဲ့အခါ တိုင်းပြည်ရဲ့ဘယ်ရန်သူကိုမဆိုဖိနှိပ်တဲ့နေရာမှာ ကူညီပေးပြီး အဖေ့၀န်ထုပ်၀န်ပိုးတွေကို မျှဝေထမ်းပေးချင်ပါတယ်” တတိယမင်းသား ကျန်းယန်သင်ပေးထားသလို သူ့ရည်ရွယ်ချက်ကို လေးလေးနက်နက်ပြောလိုက်၏။
ဧကရာဇ် သတိထားမိသွားမှာကို သူကြောက်ရွံ့နေမိသော်လည်း ဧကရာဇ်ကတော့ သူ့ကိုတစ်ချက်သာ ကြည့်ခဲ့ကာ ပြောလိုက်သည်။
“မင်းစိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါလည်းခွင့်ပြုရတော့မှာပေါ့ ဒါပေမယ့် မင်းဆုံးဖြတ်ချက်ချပြီးမှ နောင်တမရရဘူးနော်”
“သားတော်ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး”
ဧကရာဇ်တတိယမင်းသားကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ လှည့်ကာ မေးလိုက်၏။
“မိန်းမစိုးဟုန် မင်းငါ့ရဲ့သားတော်ကို လမ်းပြပေးနိုင်မယ်လို့ ထင်လား”
ထိုအခါ ခရမ်းရောင်၀တ်စုံ၀တ် မိန်းမစိုးတစ်ယောက် တစ္ဆေတစ်ကောင်လို ခန်းမထဲပေါ်လာပြီး ဧကရာဇ်ကိုပြုံးပြကာ ပြောလိုက်သည်။
“အရှင်မင်းကြီး ဒီအဖိုးကြီးရဲ့ ခန္ဓာကိုယ်က မပြည့်စုံပါဘူး နောက်ပြီး ကျင့်စဉ်ကလည်းထူးဆန်းပါတယ် ဒါကြောင့် တတိယမင်းသားနဲ့မသင့်တော်ပါဘူး ဒါပေမယ့် ဒီအဖိုးကြီးက ကျင့်ကြံခြင်းမှာ အောင်မြင်မှုအချို့ရထားတော့ တတိယမင်းသားအမတလမ်းစဉ်ပေါ်ရောက်သွားတဲ့အခါကျရင်တော့ အကူအညီအချို့ပေးနိုင်မှာပါ”
ဧကရာဇ်ခေါင်းညိတ်ပြလိုက်ကာ တတိယမင်းသားကို အချက်ပြလိုက်၏။
“ငါခွင့်ပြုတယ် ခဏနေရင် ရှုပိုင်ကို မင်းကိုအမတကျင့်ကြံခြင်းသင်ကြားပေးဖို့ ဆင့်ခေါ်လိုက်မယ်”
တကယ်တော့ တတိယမင်းသားသည် အမတကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းချင်ယောင်ဆောင်ပြီးပလ္လင်ကို သိမ်းပိုက်ဖို့ ကြံစည်နေမှာကို သူစိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် မိန်းမစိုးဟုန်က အာမခံလိုက်သောအခါ သူစိတ်အေးသွားခဲ့ရ၏။
တတိယမင်းသားလည်း သူလိုချင်တာရသွားသောအခါ နန်းတော်မှ ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားစဉ် သူ့မျက်နှာတွင်လည်း အပြုံးတစ်ပွင့်ရှိနေခဲ့၏။
တတိယမင်းသားထွက်ခွာသွားသောအခါ ဧကရာဇ်တောင်ပိုင်းဘုရင်ကို နာနာကျင်ကျင်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
“ဘယ်လိုဖြစ်သွားလဲ”
တောင်ပိုင်းဘုရင်လည်း အခုမှ အိပ်မက်ကလန့်နိုးလာဟန်ဖြင့် အလျင်အမြန် ရှေ့တက်သွားလိုက်ပြီး ခပ်တိုးတိုးလျှောက်တင်လိုက်၏။
“အရှင်မင်းကြီး ချင်စီရင်စုကိုကယ်တင်နိုင်ခဲ့ပါတယ်”
ဧကရာဇ်ကြောင်သွားပြီး အမြန်ထပ်မေးလိုက်သည်။
“ပြောပါဦး မင်းဘယ်လိုညှိနှိုင်းခဲ့လဲ”
သူ့အမြင်တွင် ချင်စီရင်စုကိုဆုံးရှုံးရဖို့ဆိုသည်မှာ ရှောင်လွှဲမရသော ကိစ္စဖြစ်ပြီး အခုတော့ ချင်စီရင်စုကို ကယ်တင်နိုင်ခဲ့သည်ဟု တောင်ပိုင်းဘုရင်ကပြောနေခဲ့၏။
“ကျွန်တော်အဇူရာတိမ်ဂိုဏ်းနဲ့ အကြာကြီးညှိနှိုင်းခဲ့ပြီးတော့ သူတို့တောင်းတဲ့ ပမာဏအများကြီးကိုပေးဖို့ ငြင်းဆန်ခဲ့ပါတယ် အများကြီး ငြင်းခုန်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးကျ သူတို့က လျှော့ပေးဖို့ သဘောတူခဲ့ကြပါတယ် ကျွန်တော်ယူသွားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အရင်းအမြစ်တွေကိုပဲ ယူသွားပြီးတော့ ကျန်တာကိုတော့ နောက်ဆယ်နှစ်အတွင်းပေးရမယ်လို့ ကျွန်ဝောာ်တို့ ညှိနှိုင်းခဲ့ကြပါတယ်
ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက အခြေအနေတစ်ခုကိုတော့ တောင်းဆိုထားပါတယ် သူတို့က သူတို့ဂိုဏ်းကထွက်တဲ့ ဆေးဝါးတွေ အဆောင်တွေ ရတနာပစ္စည်းတွေကို တိမ်တောင်အင်ပါယာမှာ ရောင်းချင်ဝာာပါ ကျွန်တော်လည်း ဒီကိစ္စက အင်ပါယာအတွက်လည်း အကျိုးရှိမယ့်အပြင် အဇူရာတိမ်ဂိုဏ်းကလျှော့ပေးနေတော့ ကျွန်ဝောာ်တို့လည်း လျှော့ပေးသင့်တယ်တွေးမိတာနဲ့ ဒီကိစ္စကို ကိုယ့်သဘောနဲ့ကိုယ်သဘောတူခဲ့မိပါတယ် ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး”
ဧကရာဇ်ရယ်မောလိုက်ကာ
“မင်းကောင်းကောင်းလုပ်ခဲ့တာပဲလေ ဘယ်ကအပြစ်ကျူးလွန်ခဲ့တာဖြစ်ရမှာလဲ မင်းကဆုတော်လာဘ်တော်တွေနဲ့တောင် ထိုက်တန်တယ်”
တောင်ပိုင်းဘုရင်ပြုံးလိုက်ကာ
“အရှင်မင်းကြီး ကျွန်တော်မလျှောက်တင်ရသေးတာ ရှိပါသေးတယ် အဇူရာတိမ်ဂိုဏ်းကအတော်လေးအကျိုးအကြောင်းသင့်ပါတယ် သူတို့က ကျွန်တော်တို့အင်ပါယာမှာ ရောင်း၀ယ်ချင်ပေမယ့် ပုံမှန်အတိုင်း အခွန်ဆောင်ပါမယ်တဲ့ အချို့ခွင့်ပြုချက်လေးတွေပဲ အပိုတောင်းခဲ့ကြတာ နောက်ပြီး ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းနယ်မြေမှာ မိုင်းတွင်းတူးနေတဲ့ကိစ္စမှာလည်း သူတို့က ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ သဘောတူခဲ့သေးတယ် သူတို့ ကျွန်တော့်မိသားစုထဲမှာ ကျင့်ကြံခြင်းအတွက် အလားအလာရှိတဲ့သူရှ်ိနေရင် လေ့ကျင့်ဖို့ အဇူရာတိမ်ဂိုဏ်းဆီ ပို့ခွင့်ပေးမယ်လို့တောင် ခွင့်ပြုခဲ့ပါတယ်”
“အာ” ဧကရာဇ်အပြုံးက ပိုမိုကြီးမားလာခဲ့သည်။
“မင်းညှိနှိုင်းခဲ့မှတော့ ငါတို့လည်း ဆက်ပြီးပူးပေါင်းဆောင်ရွက်ရတော့မှာပေါ့ ငါကလည်း လက်ပေါက်မကပ်တတ်ပါဘူးလို့ အဇူရာတိမ်ဂိုဏ်းကိုပြောလိုက် သူတို့ရောင်းချတာတွေ အတွက် ဘာအခွန်မှဆောင်စရာမလိုဘူး”
ထိုအခွန်များက ဘာတန်ကြေးရှိပါမည်နည်း။
ထို့အပြင် အဇူရာတိမ်ဂိုဏ်းကအခွန်မဆောင်လျှင်တောင် သူတို့ဘာမှအပြစ်ယူရဲမည်မဟုတ်ပေ။
“ကျင့်ကြံခြင်းအတွက် တပည့်တွေပို့ဖို့ကိစ္စကတော့…မင်းဖာသာသာစီစဉ်လိုက်” ဧကရာဇ်ပျော်ရွှင်စွာ ပြုံးလိုက်ကာ
“ဒါပေမယ့် ငါ့မှာလည်း ကိုယ်စားလှယ်နှစ်ယောက်တော့ရှိတယ် သူတို့ကို မင်းမျိူးဆက်တွေဟန်ဆောင်ခိုင်းပြီး အဇူရာတိမ်ဂိုဏ်းထဲ ပို့ထားလိုက်”
အရင်က သူတို့လူများကို လျှို့ဝှက်ပြီးသာ ပို့နိုင်ခြင်းဖြစ်ပြီး အခုတော့ ပွင့်ပွင့်လင်းလင်းပင် ပို့နေနိုင်ပြီဖြစ်ရာ သူတို့အဘယ်ကြောင့်မပို့ဘဲ နေပါမည်နည်း။
တောင်ပိုင်းဘုရင် အဇူရာတိမ်ဂိုဏ်းတွင်ရှိခဲ့စဉ်က တတိယမင်းသား၏ စွမ်းဆောင်ရည်များကိုလည်း ပြန်လျှောက်တင်လိုက်၏။
တတိယမင်းသားသည် ထိုမျှလောက်သော နာကျင်မှုများကိုခံခဲ့ရခြင်းကြောင့် အခုလိုဖြစ်သွားမှန်း ဧကရာဇ်လည်းသိနေခဲ့သည်။
သို့သော် အမတလမ်းစဉ်ပေါ်လျှောက်လှမ်းသွားသော မင်းသားမျိုးက သူယုံကြည်နိုင်သော လူမျိုးသာဖြစ်၏။
သူ့အရည်အချင်းများကို ဗျူဟာနည်းပရိယာယ်ချရာတွင်သာ အမြဲသွေးနေသော မင်းသားကအခုလိုပြောင်းလဲသွားမည်ဟု သူထင်မထားခဲ့မိရုံသာ ဖြစ်သည်။