← Chapters

လျှို့ဝှယ်နယ်မြေတစ်ခု ဖန်တီးခြင်း

Vol. 3 Ch. 42

လျှို့ဝှယ်နယ်မြေတစ်ခု ဖန်တီးခြင်း

Vol. 3 Ch. 42

ညဉ့်နက်ချိန်တွင် တောင်တစ်ရာတောင်တန်းအတွင်း၌

မှောင်မည်းနေသော ညဉ့်အချိန်တွင် မီတာတစ်ရာမြင့်သောတောင်ကြီးတစ်လုံးက လျင်မြန်စွာရွေ့လျားနေသော မြင်ကွင်းက အတော်လေး ကျောချမ်းစရာကောင်းလှသည်။ သေချာကြည့်ပါက ထိုတောင်ကို တစ်ယောက်ယောက်သယ်၍ ပျံသန်းနေခြင်းဖြစ်မှန်း သိသာ‌၏။

တောင်တစ်ရာတောင်တန်းသည် အလွန်အန္တရာယ်များလှသော နေရာဖြစ်ပြီး ထိုကဲ့သို့သောနေရာတွင်ပင် ဘယ်သူက ဤကဲ့သို့ ပြုမူနေရဲရပါသနည်း။

သေချာကြည့်ပါက ထိုပျံသန်းနေသူမှာ ချင်းယွင်ကျိသာ ဖြစ်နေခဲ့ပေသည်။

“ဟီး ဒီတောင်ကိုသာ အုတ်မြစ်အဖြစ်ထားလိုက်ရင် လျှို့ဝှက်နယ်မြေမှာ ပစ္စည်းအချို့တော့ရှိလာမှာပဲ”

ချင်းယွင်ကျိတောင်ကြီးကို အရုပ်တစ်ရုပ်လို သယ်ဆောင်ကာ ပျံသန်းလာနေခဲ့၏။

ကောင်းကင်နှင့်မြေပြင်၏ဥပဒေသများက သူ့လက်ထဲက တောင်ကြီးကိုဖုံးလွှမ်းထားခဲ့သည်။ ထိုဥပဒေသများအောက်တွင် ကျန်းတစ်ရာလောက်မြင့်သောတောင်ကြီးက ဖြည်းဖြည်းချင်း သေးငယ်လာခဲ့ပြီး မူလအရွယ်အစား၏ ဆယ်ပုံတစ်ပုံထိ ရောက်ရှိလာကာ မီတာသုံးဆယ်ခန့်သာ မြင့်သော တောင်ငယ်လေးတစ်လုံး ဖြစ်လာခဲ့၏။

ထို့နောက်တွင်တော့ ချင်းယွင်ကျိ ထိုတောင်ငယ်လေးကို သူကိုင်ထားသော စာလိပ်တစ်ခုထဲသို့ အတင်းဖိသိပ်၍ ထည့်နေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်၏ဥပဒေသများအောက်တွင် တောင်ငယ်လေးက စာလိပ်ထဲအတင်းဖိသိပ်၍ ထည့်ခံနေခဲ့ရ၏။

“လျှို့ဝှက်နယ်မြေရဲ့ ရှေးဦးပုံစံကတော့ အဆင်သင့်ဖြစ်သွားပြီ” ချင်းယွင်ကျိ တောင်ကိုစုပ်ယူထားသော စာလိပ်ကိုကြည့်လိုက်ကာ

“ဒီလျှို့ဝှက်နယ်မြေက ရိုးရှင်းလွန်းနေတယ်….ငါကြားတာတော့ ယွမ်မုန့်စိမ့်တောအနက်ပိုင်းထဲမှာ ရှားပါးသက်တံ့ငါးတွေရဲ့အိမ်ဖြစ်တဲ့ စိတ်ဝိညာဉ်ရေကန်တစ်ကန်ရှိတယ်တဲ့ အဲ့ဒီရေကန်ကိုလည်း ဒီနယ်မြေထဲ ထည့်ရမယ် တောင်တစ်လုံးနဲ့ရေကန်တစ်ကန်ဆိုရင် ပိုပြီး လိုက်ဖက်သွားတာပေါ့ အို့ လျှို့ဝှက်နယ်မြေတစ်ခုဆိုတာ သားရဲတွေမရှိဘဲလည်း မပြည့်စုံနိုင်ဘူး ငါသားရဲအချို့လည်း ဖမ်းရမယ်…”

ချင်းယွင်ကျိပုံရိပ်က ဖြတ်ကနဲပျောက်သွားပြီး တောင်တစ်ရာတောင်တန်းနှင့်အလွန်ဝေးသောနေရာတွင် ပြန်ပေါ်လာခဲ့သည်။

သူတောင်ပိုင်းရှိ ယွမ်မုန့်စိမ့်တောအတွင်းပိုင်းထဲသို့ ၀င်သွားခဲ့ပြီး စိတ်ဝိညာဉ်ရေကန်ဆီရောက်ရှ်ိလာခဲ့၏။ ထို့နောက် သူ့လက်ကိုဆုပ်ကိုင်လိုက်သည့်ဟန် ပြုလုပ်လိုက်ရာ ဆယ်မိုင်ပတ်လည်လောက်ရှိသော ရေကန်ကြီးက ကောင်းကင်ပေါ်တက်လာခဲ့ကာ မြေပြင်တွင် တွင်းနက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ လေပေါ်တက်လာပြီးနောက် ရေကန်ကြီးကို ကောင်းကင်နှင့်မြေပြင်ဥပဒေသများက ဖုံးလွှမ်းသွားခဲ့ပြီး ကျုံ့၀င်သွားကာ အိုင်ငယ်လေးတစ်ခုအရွယ်ဖြင့် စာလိပ်ထဲ၀င်သွားခဲ့ပြန်၏။

ထို့အပြင် ယွမ်မုန့်စိမ့်တောထဲရှ်ိ သားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် ပျံတက်လာကာ ချင်းယွင်ကျိ စာလိပ်ထဲ၀င်သွားခဲ့ပြန်သည်။

နှစ်ရက်ခန့်ကြာပြီးနောက် တာအိုပညာရှင်အဖိုးကြီးတစ်ယောက် ယွမ်မုန့်စိမ့်တောဆီ ရောက်ရှိလာခဲ့၏။

“သက်တန့်ငါးအရသာကိုမခံစားရတာ အတော်ကြာနေပြီ ငါအဲ့အရသာလေးကိုတကယ်လွမ်းနေပြီ ယွမ်မုန့်စိမ့်တောကိုဖြတ်သွားတုန်း စိတ်ကျေနပ်ရလောက်အောင် အ၀ဖမ်းသွားရမယ်…ဘာလဲဟ စိတ်ဝိညာဉ်ရေကန်ကြီး ဘယ်ရောက်သွားတာလဲ”

တာအိုပညာရှင်အဖိုးကြီး ကြီးမားလှသောတွင်းနက်ကြီးကိုကြည့်ကာ အတန်ကြာ ဆွံ့အနေခဲ့သည်။

“ဘယ်သူလဲ…ဘယ်တာအိုပညာရှင်က ဒီစိတ်ဝိညာဉ်ရေကန်ကြီးကို အဝေးသယ်သွားရလောက်အောင် ပျင်းနေတာလဲဟ” တာအိုပညာရှင်အဖိုးကြီး ခြေကိုဆောင့် ရင်ကိုထုလိုက်ပြီး

“ဒါကြီးက လွန်လွန်းတယ် မင်းဘယ်လိုလုပ်ပြီး သဘာ၀ကပျိုးထောင်ထားတဲ့ အရာတစ်ခုကို မင်းအိမ်ကိုပြန်သယ်သွားရတာလဲကွာ

ယွမ်မုန့်စိမ့်တောရဲ့ ကောင်းကင်နဲ့မြေပြင်ဥပဒေသတွေမရှိရင် သက်တန့်ငါးတွေရဲ့ အရသာကကောင်းတော့မှာမဟုတ်ဘူး တကယ်ကို ဖြုန်းတီးမှုတစ်ခုပါလား

တာအိုမိတ်ဆွေ မင်းလုပ်ရပ်က တကယ်ပဲလွန်လွန်းတယ်”

တာအိုပညာရှင်အဖိုးကြီး ဒေါသတကြီးကျိန်ဆဲနေပြီး ဖြစ်ခဲ့သည်များကို တွက်ချက်ကြည့်ဖို့ ကြိုးစားခဲ့သော်လည်း ဘာကိုမှ တွက်မရခဲ့ပေ။

နောက်ဆုံးတွင်တော့ သူပွစိပွစိပြောပြီးသာ ပြန်လာခဲ့ရ၏။

ယွမ်မုန့်စိမ့်ဝောာလို အန္တရာယ်များသောနေရာကိုလာပြီး ဒီစိတ်ဝိညာဉ်ရေကန်ကြီးကို ရွှေ့သွားရလောက်တဲ့အထိ ပျင်းနေသောသူကို သူတကယ်ပင် နားမလည်နိုင်ခဲ့ပေ။

ထိုစဉ် ချင်းယွင်ကျိကတော့ အဇူရာတိမ်ဂိုဏ်းဆီ ပြန်ရောက်လာခဲ့သည်။

သူစာလိပ်ကိုဖွင့်လိုက်ပြီး ပန်းချီဆရာတစ်ယောက်လို ဟိုခြစ်ဒီခြစ်ခြစ်လိုက်၏။

“ပြီးသွားပြီ ဒါကရွှေအမြုတေအဆင့်တွေအတွက် လျှို့ဝှက်နယ်မြေလေးပဲဟာ ငါ့အတွက်အဲ့လောက်မခက်ပါဘူး”

ချင်းယွင်ကျိ ကျေနပ်စွာလက်ခုပ်တီးလိုက်ပြီး စာလိပ်ကိုတခဏလေ့လာကြည့်ပြီးသည့်နောက် ပြောလိုက်သည်။

“ကျန်းယန် ဒီကလေးလည်းရွှေအမြုတေအဆင့်ပဲလေ

ဒီလျှို့ဝှက်နယ်မြေဖွင့်ရင် သူလည်း၀င်ကောင်း၀င်နိုင်တယ်

မူလအပျက်အဆီးရွှေအမြုတေ….ငါဒီလျှို့ဝှက်နယ်မြေထဲကို အထူးဒြပ်စင်အချို့တော့ ထည့်ကိုထည့်ရမယ်

နတ်ဆိုးအိုကြီးတွေ ခင်ဗျားတို့ကို အခွင့်အရေးမပေးလို့ ကျုပ်ကိုအပြစ်မ‌ေပြာနဲ့နော် ကျုပ်အတင်းအကြပ်မလုပ်ချင်ဘူး ခင်ဗျားတို့နတ်ဆိုးမျိုးစေ့တွေကို နှစ်ခြမ်းခြမ်းပြီး အပြင်ကမ္ဘာကြီးအကြောင်း တွေ့ကြုံခံစားစေရင်ရော ဘယ်လိုလဲ”

“မင်းလုပ်ရဲလား” ငရဲဆန်လှသော ခပ်တိုးတိုးအသံကြီးတစ်သံ မြေအောက်အနက်ထဲမှ ထွက်ပေါ်လာခဲ့၏။

ချင်းယွင်ကျိ အသာအယာပြုံးလိုက်ကာ

“ကျုပ်ခင်ဗျားတို့ကို ဖိတ်ခေါ်ခဲ့တယ်နော် ခင်ဗျားတို့ နတ်ဆိုးမျိုးစေ့တွေကို သေချာဖွဲ့တည် ပြီးရင် နတ်ဆိုးတာအိုပညာရပ်အချို့လည်း ထည့်ပေး မဟုတ်ရင် စိတ်၀င်စားစရာကောင်းမှာ မဟုတ်ဘူး”

“ဟီးဟီး မင်းသဘောအတိုင်းပါပဲ!”

ထို့နောက် မြေအောက်ထဲမှ အေးစက်စက်အရှိန်အဝါနှင့်အနက်ရောင်အရိပ်များထွက်ပေါ်လာပြီး ချင်းယွင်ကျိ၏ စာလိပ်ထဲ၀င်သွားခဲ့ကြလေသည်။

ချင်းယွင်ကျိ လက်ခုပ်တီးလိုက်ပြီး

“ကောင်းပြီ အခုမှ လျှို့ဝှက်နယ်မြေကတကယ်ပြည့်စုံသွားတာ”

သူအဇူရာတိမ်တောင်နောက်ဘက်ရှိ ချောက်နက်ကြီးတစ်ခုအနောက်သို့သွားကာ စာလိပ်ကို ဖွင့်လိုက်၏။

ထိုစဉ် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများပေါက်ကွဲထွက်ပေါ်လာကာ စာလိပ်က ကမ္ဘာမြေကြီးထဲတိုး၀င်ပျောက်ကွယ်သွားခဲ့လေသည်။

ချင်းယွင်ကျိ ဂိုဏ်းဆီပြန်ရောက်သောအခါ ကျန်းယန်ကို သွားရှာခဲ့ပြီး သူ့ကိုပစ္စည်းတစ်ခု ပစ်ပေးလိုက်၏။

“မင်းလိုချင်တဲ့ လျှို့ဝှက်နယ်မြေပဲ ဒါကသော့ ဒါကိုသုံးပြီးလျှို့ဝှက်နယ်မြေကိုဖွင့်”

“ဆရာ” ကျန်းယန် ချင်းယွင်ကျိကို အံ့အားသင့်နေဟန်ဖြင့် ကြည့်နေခဲ့မိသည်။

“အဇူရာတိမ်ဂိုဏ်းမှာတကယ်ကြီး လျှို့ဝှက်နယ်မြေရှိတယ်လား”

လျှို့ဝှက်နယ်မြေတစ်ခုရှိနေလျှင် သူတို့ဂိုဏ်းသည် အဘယ်ကြောင့်ထိုမျှဆင်းရဲနေရပါသနည်း။

ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်၏။

“ဒါက အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်တွေပဲ ငါအဲ့တာတွေကို မင်းကိုအစောကြီးမပေးလိုက်ချင်ဘူး ဒါပေမယ့် အခုကိစ္စတွေအရ မင်းမှာအရည်အချင်းအချို့ရှိမှန်း ငါမြင်လိုက်ရတယ် အဲ့တာကြောင့် မင်းကိုဒီလျှို့ဝှက်နယ်မြေပေးဖို့ ယုံကြည်သွားတာ”

သူကျန်းယန်ကိုတစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။

“နှစ်ပေါင်းထောင်နဲ့ချီသက်တမ်းရှိတဲ့ အဇူရာတိမ်ဂိုဏ်းမှာ အဖြူထည်ရွှေအမြုတေတစ်ယောက်က ဂိုဏ်းချုပ်ဖြစ်လာတာ တစ်ခါမှမရှိခဲ့ဖူးဘူး မင်းကတော့ ငါသေချာရွေးချယ်ထားတဲ့ အနာဂတ်ဂိုဏ်းသခင်အလောင်းအလျာပဲ မင်းသေချာအာရုံစိုက်ဖို့ ငါမျှော်လင့်ပါတယ် ဒီဂိုဏ်းအရေးကိစ္စတွေမှာတင် မဟုတ်ဘူး မင်းကျင့်ကြံခြင်းကိုလည်း တတ်နိုင်သမျှ မြန်မြန်တိုးတက်အောင် လုပ်”

သူကျန်းယန်ကို အဖြူထည်ရွှေအမြုတေဖြစ်သောကြောင့် ပိုကြိုးစားသင့်မှန်း ဆက်ဖျောင်းဖြနေခဲ့၏။

ကျန်းယန်လည်း ခေါင်းညိတ်ပြလိုက်သည်။

“ဆရာ စိတ်ချပါ ကျွန်တော်အောင်မြင်အောင် ကျင့်ကြံမှာပါ”

သူ့နားလည်နိုင်စွမ်းကို သက်သေပြထားပြီးဖြစ်ရာ သူ့တွင် ပြဿနာလုံး၀ရှိမနေခဲ့ပေ။

သူ့ရွှေအမြုတေက အရင်းအမြစ်များ သူများထက်ပိုလိုအပ်ရုံသာ ဖြစ်ပြီး သူသာလုံလောက်အောင်ချမ်းသာကာ ထိုရွှေအမြုတေကို လုံလုံလောက်လောက်ကျွေးမွေးနေနိုင်ခဲ့လျှင် သူ့အတွက် ဝိညာဉ်အခြေတည်အဆင့်ရောက်ဖို့က သေချာပေသည်။

ချင်းယွင်ကျိ ခံစားချက်အပြည့်ဖြင့် ခေါင်းယမ်းလိုက်ကာ

“ငါ့မှာက ဟွင်းယွမ်ရွှေအမြုတေရှိပြီးတော့ မင်းဆရာဦးလေးတွေမှာက မဟာလမ်းစဉ်ရွှေအမြုတေတွေ ရှ်ိကြတာ ငါတို့ထဲကဘယ်သူမှ အဖြူထည်ရွှေအမြုတေနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှ်ိဘူး ဒါပေမယ့် ငါတို့က နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့သူတွေဆိုတော့ မင်းကျင့်ကြံခြင်းမှာ အကူအညီလိုလာတဲ့အခါ ငါတို့မင်းကို အတတ်နိုင်ဆုံးကူညီပေးဖို့ ကြိုးစားမှာပါ”

သူအမှန်တကယ်ပင် မူလအပျက်အဆီးရွှေအမြုတေအကြောင်း ဘာမှမသိခဲ့ပေ။ အကယ်၍ ကျန်းယန်က သူ့ကိုမေးခွန်းများ မေးလာမည်ဆိုလျှင်တောင် ထိုမေးခွန်းများကို သူဖြေနိုင်မည် မဟုတ်ပေ။

ကျန်းယန်ပြုံးကာ ပြောလိုက်၏။

“ဆရာ ကျွန်တော်အခုတလော စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီး စုပ်ယူထားပြီးတော့ ကျွန်တော့်ရွှေအမြုတေက နည်းနည်းပိုထူလာပြီ ကျွန်တော်သာ ဒီတိုင်းဆက်ဖြည့်နိုင်ရင် ရွှေအမြုတေကို အပြည့်ဖြစ်အောင်လုပ်နိုင်မှာ သေချာတယ်”

ချင်းယွင်ကျိတွေးဆကာ ပြောလိုက်သည်။

“ဘာလို့ အခြားမဟာလမ်းစဉ်စွမ်းအားတွေနဲ့ ဖြည့်ဖို့ မကြိုးစားတာလဲ ဘာပဲဖြစ်ဖြစ် မင်းရွှေအမြုတေက အထဲမှာ ဘာမှရှိတာမှ မဟုတ်ဘဲ အခြားမဟာလမ်းစဉ်စွမ်းအားတွေ ထည့်ကြည့်တော့ အမျိုးစုံသွားတာပေါ့”

ချင်းယွင်ကျိ မူလအပျက်အဆီးရွှေအမြုတေ၏ စရိုက်သဘာ၀ကို အခြေခံကာ ဖြစ်နိုင်ချေရှိသော အကြံဉာဏ်များ ပေးလိုက်၏။

“ဘာလို့ ကြိုးစားမကြည့်ရမှာလဲ” ကျန်းယန် ချင်းယွင်ကျိကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကာ

“ဆရာ ကျွန်ဝောာ့်ကို ဆရာ့ရဲ့မဟာလမ်းစဉ်စွမ်းအား နည်းနည်းပေးပါလား”

ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်ပြီး

“ငါမင်းကို နည်းနည်းထည့်ပေးမယ် ကြိုးစားကြည့်ပေါ့ စိတ်မပူပါနဲ့ ငါ့မဟာလမ်းစဉ်စွမ်းအားကို ထိန်းချုပ်ပြီး ထည့်မှာပါ”

ထို့နောက် သူ့စွမ်းအားကိုထိန်းချုပ်ကာ ကျန်းယန်ရွှေအမြုတေထဲသို့ မဟာလမ်းစဉ်စွမ်းအားများ စတင်ထည့်ပေးလေတော့သည်။

ကိုယ့်ရွှေအမြုတေထဲကို အခြားသူ၏စွမ်းအားထည့်ခိုင်းခြင်းဆိုသည်မှာ ကိုယ့်အသက်ကို ထိုလူ့လက်ထဲထည့်လိုက်သည်နှင့်ဘာမှမခြားဘဲ အတော်လေး အန္တရာယ်များသော ကိစ္စသာဖြစ်၏။

သို့သော် ချင်းယွင်ကျိသူ့ကို ဘာဒုက္ခမှပေးမည်မဟုတ်မှန်း ကျန်းယန် ယုံကြည်ပေသည်။ ထို့ကြောင့်လည်း မဟာလမ်းစဉ်စွမ်းအားများ ထည့်ခွင့်ပေးလိုက်ခြင်း ဖြစ်၏။

“အသင့်ပြင်ထား ငါလာပြီနော်”

“ဆရာ စိတ်မပူပါနဲ့ ကျွန်တော်အသင့်ဖြစ်ပြီ”

တခဏအကြာတွင် ကျန်းယန် အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်လေသည်။

“ဆရာ ထည့်ပြီးသွားပြီလား”

“ငါခုနကလေးတင် ထည့်ပြီးသွားတာလေ” ချင်းယွင်ကျိ မကျေနပ်ဟန်ဖြင့် မေးလိုက်၏။

“မင်းဘာမှ မခံစားရဘူးလား”

ကျန်းယန် ချင်းယွင်ကျိကို စိတ်ရှုပ်ထွေးစွာကြည့်နေမိသလို ချင်းယွင်ကျိလည်း ကျန်းယန်ကို ကြောင်အအပြန်ကြည့်နေခဲ့မိသည်။

သူဘာကြောင့် မည်သည့်မဟာလမ်းစဉ်စွမ်းအားကိုမှ မခံစားခဲ့ရပါသနည်း။

ထိုအခိုက်တွင် ချင်းယွင်ကျိလည်း ပဟေဠိဖြစ်နေခဲ့၏။

သူ့မဟာလမ်းစဉ်စွမ်းအား ကျန်းယန်၏ရွှေအမြုတေထဲ၀င်သွားသည်နှင့် သူထိုအရာနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

သူ့မဟာလမ်းစဉ်စွမ်းအားတစ်စိတ်တစ်ပိုင်းကလည်း ပျောက်ကွယ်သွားခဲ့၏။

သူ့အတွက် ထိုမျှလောက်စွမ်းအားပမာဏက ပြောပလောက်သော ပမာဏတော့ မဟုတ်ပေ။

သို့သော် သူ့အဆင့်က မည်သည့်အဆင့်ဖြစ်ပါသနည်း။ ကျန်းယန်အဆင့်ကရော မည်သည့်အဆင့်ဖြစ်ပါသနည်း။ ထိုမျှကွာဟလွန်းသော အဆင့်အခြေအနေတွင် အဘယ်ကြောင့် ဘာတုန့်ပြန်မှုမှ ရှိမသွားရပါသလဲ။

ဒီမူလအပျက်အဆီးရွှေအမြုတေက တကယ်ပဲ မကောင်းဆိုးဝါးဆန်တဲ့ အရာတစ်ခုပဲ!

All Chapters