ပြိုင်ပွဲ ဆု ရသည့် သတင်းကောင်း
Vol. 8 Ch. 107
ကျန်းကျဲ့က ဟိုတယ် အဝင်ဝတွင် ရပ်နေပြီး အစ်မလျောင် ၏ ကား ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်ကို ကြည့်နေသည်။
ခုနက သူတို့၏ စကားပြောဆိုမှုက ကမောက်ကမ ဖြစ် ခဲ့သည်။
အစ်မ လျောင်က သူတို့ နှစ်ဦး၏ အနာဂတ်ကို ဆင်ခြင်တုံတရားဖြင့် ခွဲခြမ်းစိတ်ဖြာပြီး သူမကြောင့် ကျန်းကျဲ့ကို ထိခိုက်စေလိုခြင်း မရှိကြောင်း ရှင်းလင်းစွာ ပြောပြလေ သည်။ သို့သော် သူမ ကျန်းကျဲ့၏ မော်ဒယ် ဆက် လုပ် မည်ဟု ဆိုခြင်းက ဖြစ်နိုင်ခြေ များစွာဖြင့် ပြည့်နှက်နေသည်။
ကားက အမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။
ကျန်းကျဲ့က လှည့်ပြီး ခြံဝင်းထဲသို့ ပြန်ဝင်လာသည်။ စားသောက်ဆိုင် တံခါးကို ဖြတ်သွားသောအခါ အတွင်းတွင် ဆူညံသံများ ဆက်လက် ကြားနေရသေး သည်။
သူက ရပ်တန့်ခြင်း မရှိဘဲ သူ့အခန်းသို့ တန်းတန်းမတ်မတ် ပြန်သွားပြီး နေ့စဉ် သင်ယူမှု စုဆောင်းခြင်းကို ပြီးမြောက်စေသည်။
စုဆောင်းမှုက ပျမ်းမျှ ပမာဏသို့ ရောက်ရှိသောအခါ သူက သင်ယူခြင်း ကို ရပ်လိုက်လေ သည်။ မီးပိတ်ကာ အိပ်ရာပေါ်တွင် ပက်လက် လှန်ပြီး မျက်နှာကျက်ကို ငေးကြည့်နေမိသည်။
ကျန်းကျဲ့က စာမေးပွဲ ရလဒ် ထွက်ပေါ်လာချိန်မှ စ၍ သူ လက်ခံရရှိကြောင်း အတည်ပြုသည့် အချိန်အထိ ပြန်တွေးမိသည်။ စုဆောင်းခြင်းကို ဆက် လုပ်နေသော်လည်း သူ၏ စိတ် အတွင်းတွင် အနည်းငယ် မာန်မာန ထောင်လွှားပြီး ပေါ့ဆနေမိသည်။
အစ်မလျောင် နှင့် အခြား လူများက ရှေ့သို့ ဆက်လက် သွားနေကြသည်။ သူ့ကိုယ်သူလည်း ရပ်တန့်နေ ၍ မရပေ။
သူက ကိုယ့်ကိုယ်ကို ပန်းချီခန်း ဝယ်ခြင်း သို့မဟုတ် နာမည်ကျော်ကြားမှုကို မြှင့်တင်ခြင်း ကဲ့သို့သော ပန်းတိုင် အသေးလေး တစ်ခု ထား သင့်သည်ဟု တွေးမိ သည်။
..........
သဘာဝအလှဆွဲ ခြင်း လှုပ်ရှားမှု၏ တတိယနေ့။
မနက်စောစောတွင် ကျန်းကျဲ့က စောစော ထပြီး လေ့ကျင့်ခန်း လုပ်သည်။ ထို့နောက် မျက်နှာသစ် သွားတိုက်သည်။
ဟိုတယ် အခြေအနေက သာမန်သာ ဖြစ်ပြီး မျက်နှာသစ် သွားတိုက်သည့် နေရာက ခြံဝင်း တစ်ဖက်တွင် ရှိသည်။
သူက တိတ်ဆိတ်သော စင်္ကြံကို ဖြတ်ပြီး မျက်နှာသစ် သွားတိုက်သည့် နေရာသို့ ရောက်ရှိလာသည်။ ရေပိုက်ကို ဖွင့်ပြီး လက်ဖဝါးဖြင့် ရေ ခပ်ကာ မျက်နှာသစ်လိုက်သည်။
မျက်နှာက ရေ၏ အေးမြမှုကို ခံစားရပြီး ချက်ချင်း လန်းဆန်းလာသည်။
သူ မျက်နှာသုတ်ပဝါဖြင့် မျက်နှာကို သုတ်နေစဉ် တစ်စုံတစ်ဦးက သူ့ကို ခေါ်နေသည်ကို ကြားလိုက်ရသည်။
ကျန်းကျဲ့က မျက်နှာသုတ်ပဝါကို ကိုင်ပြီး လှည့်ကြည့်လိုက်ရာ ဝမ်ကျန်း ကား ထွက်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။
“မန်နေဂျာ ဝမ် အပြင် သွားမလို့လား”
ဝမ်ကျန်း ရပ်လိုက်ပြီး “ဒီနေ့ ဂျာမနီ BCA ပန်းချီပြိုင်ပွဲရဲ့ အနိုင်ရ စာရင်းကို ကြေညာမှာ ငါ ပြန်သွားပြီး စောင့်ကြည့်ရမယ်။ သတင်း တစ်ခုခု ရှိရင် နင့်ကို ချက်ချင်း အကြောင်းကြားပါ့မယ်”
“ကျေးဇူးတင်ပါတယ်” ကျန်းကျဲ့က ဝမ်ကျန်း ကားပေါ် တက်ပြီး ထွက်ခွာသွားသည်ကို ကြည့်နေ သည်။ တစ်စုံတစ်ဦး သတိပေးခြင်း မရှိလျှင် သူ ဆု ရ ကြေညာမည့် အချိန်ကို မေ့သွားလိမ့်မည်ဟု တွေးမိသည်။
စနစ်က သူ့ကို ပြိုင်ပွဲ ဝင်ရန် အကြံပေးပြီး လက်ရာကို တင်းကြပ်စွာ ပြန်လည် သုံးသပ်ထားသောကြောင့် စိုးရိမ်ရန် မလိုပေ။
ဒီနေ့ သဘာဝအလှ ဆွဲ ခြင်း လှုပ်ရှားမှု၏ နောက်ဆုံး နေ့ ဖြစ်ပြီး လူများစွာက နောက်ကျမှ အိပ်ရာ ထရန် ရွေးချယ်ကြသည်။
ကျန်းကျဲ့က တစ်ယောက်တည်း မနက်စာ စားပြီး ပန်းချီသေတ္တာ ကို ကျောပိုးကာ ပန်းချီပုံကြမ်းဆွဲရန် ထွက်ခဲ့လေသည်။
ပန်းတိုင် ရှိသောအခါ အရာရာကို အေးအေးဆေးဆေး လုပ် နိုင်ပြီး မမျှော်လင့်သော အဖြစ်အပျက်များကြောင့် အနှောင့်အယှက် အဖြစ်မခံတော့ ပေ။
သူက ရွာ အပြင်ဘက်တွင် ရပ်ကာ ရွာ၏ မြင်ကွင်း တစ်ခုလုံးကို အောက်မှ အပေါ်သို့ တဖြည်းဖြည်း ကြည့်သည်။
သစ်ပင်များ ပိတ်ဆို့နေသောကြောင့် ရွာ၏ မြင်ကွင်း တစ်ခုလုံးကို မမြင်ရပေ။ သူက နေရာ အမျိုးမျိုးတွင် အကြိမ်ကြိမ် ကြည့်သည်။ စိတ်ကူးတစ်ခု ရပြီး နောက် သူ၏ မှတ်စုစာအုပ်တွင် ရွာ၏ပုံစံ ကို စဆွဲ သည်။
ကျန်းကျဲ့က ဤ ပုံကြမ်းတွင် သူ၏ လေ့လာမှုနှင့် စိတ်ကူးစိတ်သန်းကို ပေါင်းစပ်ပြီး ရွာ၏ ရှေးကျမှုနှင့် သဘာဝနှင့် ပေါင်းစပ်နေသော ပုံစံကို ဖော်ပြထားသည်။
သူက ပုံကြမ်း ဆွဲပြီးနောက် အရောင် ပုံကြမ်းကို စ ဆွဲသည်။
တစ်ချိန်တည်းတွင် အချို့သော ပန်းချီအသင်း အဖွဲ့ဝင်များက ခန်းမကြီးတွင် လက်ဖက်ရည် သောက်ပြီး စကားပြောဆိုနေ ကြသည်။ အချို့ သူများက အနီးအနားရှိ ဈေးသို့ သွားပြီး ဒေသထွက် ပစ္စည်း အချို့ကို ဝယ်ယူရန် စီစဉ်ကြသည်။
ဆရာ ယင်နှင့် သူ၏ သူငယ်ချင်းဟောင်း တစ်ဦးလည်း ခန်းမကြီးသို့ ရောက်ရှိလာသည်။
တစ်စုံတစ်ဦးက သူ့ကို လက်ဖက်ရည် သောက်ရန် ခေါ်လေ သည်။ “လူအိုကြီး ယင် နေ့လယ် ပြန်ရတော့မှာ။ ခဏလောက် နားပါဦးကွာ”
ဆရာ ယင်က ပြန်သွားပြီးနောက် ဤ သူငယ်ချင်းများနှင့် စကားပြောရန် အခွင့်အရေး မရနိုင်တော့ဟု ထင်သောကြောင့် ထိုင်ပြီး လက်ဖက်ရည် သောက်လေ သည်။ “မင်းတို့ ပြောနေတာ ဆူညံနေတာပဲ။ ဘာကိစ္စလဲ”
“ဂျာမနီ BCA ပန်းချီပြိုင်ပွဲ၏ ဆု ရ စာရင်းကို ဒီနေ့ ကြေညာမှာကွ ။ လူအိုကြီး ယင် ခင်ဗျား ဝင်ပြိုင်ခဲ့သေး လား” တစ်စုံတစ်ဦးက ဆရာ ယင်ကို လက်ဖက်ရည် ငှဲ့ပေးသည်။ “ပန်းချီပြခန်း ပိုင်ရှင် အချို့ သတင်း နားထောင်ဖို့ ပြန်သွားကြတယ်လို့ ကြားတယ်”
ဆရာ ယင်က စားပွဲဝိုင်းတွင် လက်ဖက်ရည် သောက်နေသော လူ ရှစ်ဦးကို ကြည့်ကာ “ငါ မဝင်ပြိုင်ခဲ့ဘူး။ ဒီမှာ ဘယ်သူ ဝင်ပြိုင်ခဲ့လဲ”
တစ်စုံတစ်ဦးက ဆရာ ယင်အတွက် စိတ်မကောင်း ဖြစ်သွားကာ “လူတွေအများကြီး ဝင်ပြိုင်ကြ တယ်။ လူအိုကြီး ယင် ခင်ဗျား ဝင်ပြိုင်ရင် ဆုရချင်ရမှာ ”
ဆရာ ယင်က “ငါက ကံမကောင်းဘူး။ မကောင်းတဲ့ ကိစ္စတွေပဲ ကြုံနေ ရတယ်။ ပြည်တွင်း ပန်းချီပြပွဲ ဝင်ပြိုင် ရင်လည်း အမြဲတမ်း ဆုမရဘူး ။ ပြည်ပ ပြပွဲ ဝင်ပြိုင် ရင် ပိုလို့တောင် မသေချာဘူး။ ဒါနဲ့ ကျန်းကျဲ့ကို တွေ့မိကြရဲ့ လား” ဟု ပြောသည်။
တစ်စုံတစ်ဦးက “ သူ မနက်အစောကြီး ထွက်သွားတာ ငါတွေ့တယ်။ လူငယ်တွေက တက်ကြွတယ်လေ” ဟု ပြောသည်။
“ကျန်းကျဲ့ ဝင်ပြိုင်ခဲ့လား” ရက်အနည်းငယ် ပေါင်းသင်းပြီးနောက် လူများက ကျန်းကျဲ့ကို သိကြသည်။
မေးရိုး ကျယ်သော အမျိုးသား တစ်ဦး ဖြတ်သွားသည်။
ကျန်းကျဲ့ ပန်းချီဆွဲ ရန် ရောက်သည့် ပထမဆုံး နေ့တွင် ဤသူက စကားပြောရန် အစပြုခဲ့သည်။ သို့သော် မတော်တဆ မျက်နှာပျက်ခဲ့ရသည်။ သူ ဖော်ပြခြင်း မရှိသော်လည်း ဆွေးနွေးသံကို ကြားသောအခါ ခြေလှမ်း ရပ်ပြီး တက်ကြွစွာ ပါဝင်လေ သည်။
သူက ဆေးလိပ် သောက်နေသူ အချို့ကို ဆေးလိပ် ကမ်း ပေးကာ “ဒီနှစ် ပြိုင်ပွဲဝင် အရေအတွက်က အရင် နှစ်တွေထက် ပိုများတယ်လို့ ကြားတယ်။ လူငယ်တွေ ပြိုင်ပွဲ ဝင်ပြိုင် ရဲရင်တောင် အတွေ့အကြုံ ရရုံ လောက်ပါပဲလေ ”
တစ်စုံတစ်ဦးက ငြင်းခုံသည်။ “ လူအိုကြီး ချဲ့ ဒီလို မပြောသင့်ဘူး။ သူတို့ ဆု ရကောင်း ရနိုင်တာပဲလေ”
လူအိုကြီး ချဲ့က သူ့ မေးရိုး ကျယ်ကြီးကို ပွတ်ပြီး နက်နဲသောလေသံဖြင့် “အရင် နှစ်တွေက ငါတို့ အားလုံး ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ဖူးတယ်။ ဆု ရဖို့ ခက်ခဲတယ်ဆိုတာ သိကြတာပဲ ။ ဆု ရဖို့ဆိုရင် ပိုလို့တောင် ပြောဖို့ မလိုဘူး။တကယ်တော့ ငါ ဒီလို ပြောတာက လူငယ်တွေ အတွေ့အကြုံ ရဖို့ သွားတာ ကောင်းတယ်လို့ ဆိုလိုတာပဲလေကွာ”
ဘေး ရှိ လူများ အားလုံးက လူအိုကြီး ချဲ့ ၏ စကားတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို နားလည်ကြ သည်။
ဆရာ ယင်က ကျန်းကျဲ့အတွက် စကားပြောပေးချင်စိတ် ရှိသော်လည်း မည်သို့ ငြင်းခုံရမည်ကို မသိပေ။
လူအိုကြီး ချဲ့ ပြောသည်မှာ လက်တွေ့ကျ သည်။
ခန်းမကြီးရှိ ပန်းချီဆရာ အများစုက နိုင်ငံ အတွင်းမှာ ဆု အချို့ကိုသာ ရရှိခဲ့ဖူးသည်။ ပိုမို မြင့်မားသော စင်မြင့် သို့ ရောက်သောအခါ ကြောက်ရွံ့လာကြ သည်။
သူတို့ ပြိုင်ပွဲဝင်ရခြင်း၏ စစ်မှန်သော ပန်းတိုင်မှာ ဆု ရရှိရန်သာ ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဤ ပြိုင်ပွဲတွင် တစ်စုံတစ်ဦး ဆု ရရှိခဲ့ခြင်းက ဂုဏ်ယူစရာ အကောင်းဆုံး ကိစ္စ ဖြစ်သည်။
စားပွဲဝိုင်းတွင် လက်ဖက်ရည် သောက်နေသော လူအနည်းငယ်က စကားပြောဆိုမှုတွင် သိပ် မပါဝင်ပေ။ မည်သူ ဆု ရရှိပါစေ သူတို့ အားကျရုံသာ ရှိလေ သည်။
ကျွမ်းကျင်သူတစ်ဉီးသည် ဤ ခေါင်းစဉ်က လူ များစွာကို ထိခိုက်နိုင်သည်ကို တွေ့သောအခါ ခေါင်းစဉ် ပြောင်းရန် ချက်ချင်း နည်းလမ်း ရှာလေ သည်။
လူများ အားလုံးက နောက်ပိုင်း ပြပွဲအတွက် မည်သည့် လက်ရာမျိုးကို ပြသသင့်သည်၊ မည်သည့် ဆိုင်သို့ ဘောင်ခတ်ရန် ပို့သင့်သည်ကို စတင် ဆွေးနွေးကြသည်။
ဤ ခေါင်းစဉ်တွင် လူတိုင်း ပါဝင်နိုင်ပြီး အငွေ့အသက် က ပြန်လည် တက်ကြွလာသည်။
၁၀:၃၀ ပြိုင်ပွဲ သတင်း တစ်ခုမျှ မရောက်လာသေးပေ။
ခန်းမကြီးရှိ လူများ ဝင်ထွက် သွားလာနေကြသည်။
အချို့ သူများက မစောင့်နိုင်တော့ဘဲ ပြန်သွားပြီး ခရီးဆောင်အိတ် ထုပ်ပိုးကြ ကာ အချို့ သူများက ခရီးဆောင်အိတ်ကို ခန်းမကြီးသို့ ယူလာပြီး ညစာ စားပြီးနောက် ချက်ချင်း ကား ပြန်စီးရန် ပြင်ဆင်ကြ သည်။
၁၁ နာရီ ကျော်ကျော်တွင် ကားငယ် တစ်စီးက ဟိုတယ် အဝင်ဝတွင် ရပ်လိုက်လေ သည်။
ကျိုးချီက ဖုန်း ကိုင်ပြီး ဖုန်းပြောရင်း ကားပေါ်မှ ဆင်းလာပြီး ခြံဝင်းထဲသို့ အလျင်အမြန် ပြေးဝင်လာသည်။
တစ်စုံတစ်ဦးက သူမ ဖုန်းပြော ပြီးသည်ကို စောင့်ရင်း သူမကို ကြိုဆိုပြီး မေးလိုက်သည်။ “သူဌေး ကျိုး ပြန်လာပြီ။ သတင်းကောင်း ပါလား”
ကျိုးချီက ဖြေကြားရင်း သူမ၏ ပန်းချီပြခန်းနှင့် ပူးပေါင်းထားသော ပန်းချီဆရာများကို ခေါ်လိုက် သည်။
ခန်းမကြီးရှိ လူများ သတိထားမိ သောအခါ တိတ်တဆိတ် ဆွေးနွေးကြသည်။ “ သူဌေး ကျိုး အကြံပြုထားတယ့် ပန်းချီဆရာတွေ ဆု ရတာများ လား”
သူတို့ ခန့်မှန်းနေစဉ် အခြား ပန်းချီပြခန်း ပိုင်ရှင် တစ်ဦးက သတင်းအသစ်ကို ယူလာသည်။ သူတို့၏ ပန်းချီပြခန်းမှ အကြံပြုထားသော ပန်းချီဆရာ နှစ်ဦးဖြစ်သည့် ကျန်းလုနှင့် ယန်ထိုက်တို့၏ လက်ရာများက ဂျာမနီ BCA ပန်းချီပြိုင်ပွဲတွင် ဆု ရရှိခဲ့သည်။
တိုက်ဆိုင်စွာ ထို နှစ်ဦး ခန်းမကြီးတွင် ရှိနေခဲ့သည်။
ရင်းနှီးသူဖြစ်စေ မရင်းနှီးသူဖြစ်စေ အားလုံးက သူတို့ နှစ်ဦးကို ဂုဏ်ပြုကြသည်။
ဥက္ကဋ္ဌ ချွေ့လည်း ခန်းမကြီးသို့ လာပြီး သူတို့နှစ်ဦးကို ဂုဏ်ပြုသည်။
အဖွဲ့ဝင် နှစ်ဦး၏ လက်ရာများ ဆု ရရှိသောကြောင့် သူ တကယ် ပျော်ရွှင်မိသည်။ ဤ သုံးလပတ် အကျဉ်းချုပ်က ပိုမို ကောင်းမွန်လိမ့်မည်။
သူတို့၏ လက်ရာများ ဆု မရရှိကြောင်း အတည်ပြုထားသူ အချို့က စိတ်ထဲ တွင် မကျေနပ်သော်လည်း ပြုံးနေကြ သည်။
ကျိုးချီက ခန်းမကြီးတွင် ပြန် ပေါ်လာသည်။ သူမ အကြံပြုထားသော လက်ရာများ အားလုံး ရှုံးနိမ့်ခဲ့ပြီး သတင်း ပြန့်နှံ့သွားသော်လည်း သူမ၏ မျက်နှာက အေးဆေး တည်ငြိမ်ပုံ ရပြီး လုံးဝ မထိခိုက်ပေ။
သတင်းအသစ် တစ်ခု ပြန်လာတိုင်း အမှန် ဖြစ်စေ အတု ဖြစ်စေ လူတိုင်း၏ ဆွေးနွေးကြ သည်။
သတင်းအသစ် များ တဖြည်းဖြည်း နည်းလာပြီး လူ များစွာက သက်ပြင်း ချကြ၍ သူတို့ ဆု မရရှိကြောင်း နားလည်ခဲ့ကြ သည်။
ဥက္ကဋ္ဌ ချွေ့နှင့် ပန်းချီအသင်းမှ တာဝန်ရှိသူ အချို့က ပြိုင်ပွဲတွင် အဖွဲ့ဝင်များ ဆု ရရှိသည့် သတင်းကောင်းကို သတင်းစာတွင် ဖော်ပြသင့် မဖော်ပြသင့်ကို ဆွေးနွေးကြ သည်။
လူအိုကြီး ချဲ့က ဤ စကားများကို ကြားရသောအခါ သူ့စိတ် အတွင်းတွင် ပြောမပြနိုင်သော ခံစားချက်များ ရှိလာသည်။
“ဝမ်ကျန်း ပြန်မလာသေးဘူး။ သူမ အကြံပြုထားတယ့် ပန်းချီဆရာတွေ အားလုံး ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ကြတယ်လေ” တစ်စုံတစ်ဦးက သတင်းကို အတည်ပြုပြီးမှသာ သတင်းစာ တင်ရန် ဆွေးနွေးသင့်သည်ဟု အကြံပြုသည်။
လူအိုကြီး ချဲ့ က “သတင်းကောင်း ရှိရင် အရင်ဆုံး ပြေး ပြန်လာမှာပေါ့။ ခုထိ မပြန်လာသေးဘူး။ ရလဒ်က ဘယ်လို ဖြစ်မယ်ဆိုတာ တွေးကြည့်လို့ရတယ် ” ဟု ပြောသည်။
တစ်စုံတစ်ဦးက အမြင်လျင်ပြီး ခန်းမကြီး အဝင်ဝကို လက်ညှိုးထိုးပြီး ပြောသည်။ “ပြောရင်း ဆိုရင်း ရောက်လာပြီ။ ဝမ်ကျန်း ပြန်လာပြီ”
ဝမ်ကျန်း ပြန်ရောက်လာသည်နှင့် လူများ ဝိုင်းပြီး မေးခွန်း မျိုးစုံ မေးကြသည်။
ဥက္ကဋ္ဌ ချွေ့က ဝမ်ကျန်းကို ဝိုင်းထားသော လူအုပ်ထဲမှ ရယ်သံ များ ကြားနေရကာ ဆွေးနွေးသံ ချက်ချင်း ကျယ် လာသည်ကို တွေ့ရသောအခါ သတင်းကောင်း ရှိသည်ဟု ခန့်မှန်းမိကြ သည်။
“သွား၊ သွား မေးကြည့်ရအောင်”
လူအိုကြီး ချဲ့ နှင့် အချို့ သူများက ဥက္ကဋ္ဌ ချွေ့၏ နောက်မှ လိုက်လာကြသည်။ “ဘယ်သူ ဆု ရမယ်လို့ ထင်လဲ”
လူ အများစုက အဆင့်အတန်း မြင့်မားသော ပန်းချီဆရာ အချို့ ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
တစ်ဦးက နောက်ပြောင်သော လေသံဖြင့် လူအိုကြီး ချဲ့ ကို ပြောသည်။ “ဝမ်ကျန်း အကြံပြုထားတယ့် ပန်းချီဆရာတွေထဲမှာ အရမ်း ငယ်တယ့် ကျန်းကျဲ့လည်း ပါတယ်။ သူ ဆွဲတာလည်း ကောင်းတယ်လို့ ထင်တယ်။ မျှော်လင့်ချက် ရှိနိုင်တယ်”
လူအိုကြီး ချဲ့က ရယ်မောရင်း သူ့ကို ကြည့်ကာ “မင်း ပြောတာကို မင်းကိုယ်တိုင်ရော ယုံရဲ့လား”
နှစ်ဦးသား တစ်ချိန်တည်း ရယ်မောကြသည်။
သို့သော် သတင်း တစ်ခုကြောင့် သူတို့ နှစ်ဦး၏ အပြုံးများ မျက်နှာပေါ်တွင် တောင့်တင်းသွားသည်။
“ကျန်းကျဲ့ သူ့လက်ရာ ဆု ရတယ် ဟုတ်လား။ တကယ်လား”
နောက် တစ်ဦးက သတင်းကို အတည်ပြုပြီးနောက် သူ့မျက်နှာက အလွန် ထူးဆန်းနေ သည်။ ထို့နောက် လူအိုကြီး ချဲ့ ကို ကြည့်လိုက်သည်။
လူအိုကြီး ချဲ့ ၏ မျက်နှာက တဖြည်းဖြည်း နီမြန်းလာပြီး လှည့်ပြီး ထွက်သွားသည်။
ဥက္ကဋ္ဌ ချွေ့က ဝမ်ကျန်း ယူလာသော သတင်းကို ကြားသောအခါ ခဏ တွေဝေသွားပြီး မယုံနိုင်ပေ။
“အကြိမ်ကြိမ် အတည်ပြုပြီးပါပြီ” ဝမ်ကျန်းက ပျော်ရွှင်စွာ ပြုံးလိုက် သည်။ ကျန်းကျဲ့၏ လက်ရာ ဆု ရရှိသော်လည်း သူမ၏ ပန်းချီပြခန်းက အကူအညီ သိပ် မပေးခဲ့ကြောင်း အပြင်လူများ မသိကြပေ။
ဝမ်ကျန်း၏ ပန်းချီပြခန်းမှ လက်ရာ နှစ်ခု ဆု ရရှိသည်။
အခြား ပန်းချီဆရာ တစ်ဦးက နိုင်ငံ အတွင်းတွင် နာမည်ကျော်ကြားပြီး သတင်း ကြားသူများက အံ့သြခြင်း မရှိပေ။
သို့သော် ကျန်းကျဲ့ ဆု ရရှိသည့် သတင်းက ဆု မရရှိသူ များစွာ၏ စိတ်ကို တကယ် နာကျင်စေသည်။ မူလက အမူအရာ ထိန်းထားနိုင်သူ များပင် ယခု မျက်နှာကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။
နှစ်ပေါင်း များစွာ သိကျွမ်းသူများ ဝင်ရောက်ခွင့် ရရှိသောအခါ သူတို့ ကိုယ်သူတို့ အကြောင်းပြချက် မျိုးစုံ ရှာနိုင်သေးသည်။ သို့သော် အသက် နှစ်ဆယ် မပြည့်သေးသော လူငယ် တစ်ဦးက ကျော်လွန်သွားသောအခါ သူတို့ တကယ် နားမလည်နိုင်တော့ပေ။
ခန်းမကြီးတွင် ခါးသီးသော စကားများ၊ ထူးဆန်းသော စကားများ ပေါ်ထွက်လာသည်။
ထို အချိန်တွင် ကျန်းကျဲ့က ပန်းချီကား တစ်ချပ်ကို ဆွဲ ပြီးခဲ့ ပြီး ဟိုတယ်သို့ ပြန်ရန် ပြင်နေလေ သည်။
ပစ္စည်းများ သိမ်းနေစဉ် ဝမ်ကျန်း၏ ဖုန်း ဝင်လာ သည်။
“မန်နေဂျာ ဝမ်၊ ဘာကိစ္စလဲ။ ကျွန်တော် ခဏနေ ပြန်လာတော့မှာ ”
“ကျန်းကျဲ့၊ ဂုဏ်ယူပါတယ်၊ နင့်ရဲ့ 'ညဈေး' လက်ရာ ဆု ရသွားပြီ” ဝမ်ကျန်း ဘက်မှ အသံက ဆူညံနေသည်။
ကျန်းကျဲ့၏ နှလုံးခုန်နှုန်း မြန်ဆန်လာသည်။
သူက စနစ်၏ စီစဉ်မှုကို ယုံကြည်ပြီး တစ်ချိန်တည်းတွင် အစွမ်းကုန် ကြိုးစားခဲ့သည်။ ထို့ကြောင့် သတင်း ကြားသည့် အချိန်တွင် ရင်ခုန်စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
သူက တတ်နိုင်သမျှ တည်ငြိမ်သော လေသံဖြင့် “ကျေးဇူးတင်ပါတယ် မန်နေဂျာ ဝမ်၊ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
“နင် ပထမဆုံး အကြိမ် ဝင်ပြိုင်တာနဲ့ ဆု ရတာ။ ကောင်းကောင်း ဂုဏ်ပြု သင့်တယ်။ နင် အခု ဘယ်မှာလဲ”
ကျန်းကျဲ့က “ကျွန်တော် ပန်းချီကား တစ်ချပ် ဆွဲပြီးသွားပြီ။ ချက်ချင်း ပြန်လာခဲ့မယ်” ဟု ပြောသည်။
“ကောင်းပြီ၊ ခဏနေ တွေ့ကြ မယ်”
ကျန်းကျဲ့က ပစ္စည်း များ သိမ်းဆည်းပြီးနောက် ပေါ့ပါးသော ခြေလှမ်းဖြင့် ဟိုတယ်သို့ ပြန်လာခဲ့သည်။
ကျန်းကျဲ့ကို သိသော လူအချို့က သူ့ကို ပန်းချီသေတ္တာ သယ်ယူ ပြီး ပြန်လာသည်ကို အဝေးမှ မြင်နေရလေ သည်။ ပြုံး ရင်း နှုတ်ဆက်ရန် လာကြသည်။ “ကျန်းကျဲ့၊ ဂုဏ်ယူပါတယ်”
“ငါတို့ အားလုံး ကြားပြီးပြီ ။ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်”
ကျန်းကျဲ့က ဟိုတယ်သို့ ပြန်လာသည့် လမ်းတွင် သူ့စိတ် လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး သူ့ကို ဂုဏ်ပြုသူများအားလုံးကို အလွန် ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်လေ သည်။