ပန်းချီကားအချောသတ်ခြင်း၊ ဖန်တီးမှုမှ ရရှိသော အကျိုးကျေးဇူးများ
Vol. 8 Ch. 109
ကျန်းကျဲ့က အကြီးဆုံး ရှဉ့်အမွေး ရေဆေးစုတ်တံကို အပြာရောင်ထဲ နှစ်ပြီး ပန်းချီကားပေါ်သို့ ညင်သာစွာ တို့လိုက်သည်။
ရေနှင့် ဆေးရောင်တို့က လျင်မြန်စွာ စီးဆင်းသွားကြပြီး စုတ်တံ ၏ ဦးဆောင်မှုအောက်တွင် စက္ကူမျက်နှာပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ရှိ အောက်ခံအရောင်များနှင့်လည်း ရောစပ်သွားကာ တောင်စောင်း၏ အမှောင်ပိုင်း အရောင်များကို ဖန်တီးခဲ့လေသည်။
သူက စုတ်တံဖြင့် ဆေးရောင်များကို ဆက်ဆွဲ ခဲ့ ပြီး စုတ်တံထိပ်ကို အကြိမ်များစွာ ရည်ရွယ်ချက်ရှိရှိ ရပ်တန့်စေခဲ့သည်။ ထိုသို့လုပ်ခြင်းကြောင့် ဆေးရောင်များကြားတွင် ဆန်လုံးအရွယ် အဖြူရောင်ကွက်လပ်လေးများ ကျန်ရစ်စေခဲ့ကာ ၎င်းတို့က အရွယ်အစားမတူညီသည့် ပုလဲလုံးလေးများနှယ် ဖြစ်နေ ပေတော့၏။
ကျန်းကျဲ့က စုတ်တံကို သုတ်ပုဝါ ပေါ် အနည်းငယ် ပွတ်လိုက်သည်။ ထို့နောက် စုတ်တံထိပ်ဖြင့် ဆေးရောင်စပ်ခွက် အတွင်းရှိ ဆေးရောင်အချို့ကို လျင်မြန်စွာ တို့ယူကာ ပန်းချီကား ပေါ်တွင် အနည်းငယ် ဝိုက် လိုက်ပြီး စုတ်တံပေါ်ရှိ ဆေးရောင်များ လုံးဝမရောစပ်မီမှာပင် အရောင်အသစ်များကို စတင် ဖြန့်တော့သည်။
သူက အလယ်မြင်ကွင်းနှင့် အဝေးမြင်ကွင်းတို့မှ အရောင်များကို ရောစပ်ပြီးနောက် စုတ်တံကို ရပ်၍ ခဏမျှ ကြည့်လိုက်သည်။ ထို့နောက် ပလတ်စတစ်ပြားတစ်ခုကို ကောက်ယူကာ ဆေးရောင်အချို့ကို ခြစ်ထုတ်ပစ်လိုက်သည်။ ဤသို့ဖြင့် ကျေးလက်နေအိမ်များ၏ အလင်းရောင်ကျ သော အပိုင်းကို ဖန်တီးလိုက်တော့၏။
အကြိမ်များစွာ ဆေးခြယ် ပြီးသည့်နောက် ညနေဆည်းဆာ မြင်ကွင်းပန်းချီပုံကြမ်းတစ်ချပ် ပြီးစီးခဲ့လေသည်။
ကျန်းကျဲ့က ပုံကြမ်းခြောက်သွေ့သည်အထိ စောင့်ပြီးနောက် ပန်းချီကားကို တစ်ဖန် ပြန်သုံးသပ် ပြန်သည်။ သိပ်မကျေနပ်သောကြောင့် ပုံကြမ်းကို ဖြုတ်ကာ စက္ကူအသစ်တစ်ရွက်ကို အစားထိုးလိုက်တော့သည်။
အလုပ်စားပွဲပေါ်တွင် စာမျက်နှာ ၁၆ ရွက် အရွယ်အစားရှိ ပုံကြမ်းများ တစ်ထပ်ကြီး ရှိနှင့်ပြီးသားဖြစ်သည်။
ကျန်းကျဲ့၏ ပုံကြမ်းအသစ်က မနက်ခင်းရွာလေးတစ်ရွာကို သရုပ်ဖော်ထားသည်။ သူက အဖြူရောင်နှင့် အခြားမီးခိုးရောင်များကို ရောစပ်လိုက်ရာ အရောင်အသွေးသန်းသော မီးခိုးဖြူရောင်ကို ရရှိလာခဲ့သည်။ ယင်းအရောင်ကို အိမ်များနှင့် ခြံဝင်းနံရံနေရာများတွင် တို့လိုက်သည်။
မီးခိုးရောင်က အခြားအရောင်များနှင့် ရောစပ်သွားပြီး မှုန်ဝါးဝါး မီးခိုးရောင်များကို ဖြစ်ပေါ်စေသည်။ ပန်းချီကား၏ အစိတ်အပိုင်းအချို့က ဝေဝါးသွားစေကာ တိမ်တိုက် သို့မဟုတ် မြူခိုးများ ဖုံးလွှမ်း နေသကဲ့သို့ ခံစားချက်မျိုး ပေးနေလေ တော့၏။
ကျန်းကျဲ့က ဤမမျှော်လင့်သော ရလဒ်ကို သတိပြုမိလိုက်ကာ အထူးအကျိုးသက်ရောက်မှု ဖန်တီးသည့် ဖြစ်စဉ် ကို မှတ်သားထားပြီးနောက် အပင်များကို ကြည်လင်သော ဆေးရောင်နှင့် စခြယ်လေ သည်။
ကျေးရွာနေအိမ်များ၏ အမြင့်နိမ့် အနေအထား မတူညီသည့်အတွက် သူက နေအိမ်များကို ရေးဆွဲသောအခါ အမိုးကို အရောင်ဖျော့ဖြင့်လည်းကောင်း နံရံများကို အရောင်ရင့်ဖြင့်လည်းကောင်း အသုံးပြုခဲ့သည်။ တောင်ခြေရှိ နေအိမ်များကို ရေးဆွဲသောအခါမူ ဆန့်ကျင်ဘက် အရောင် ကို အသုံးပြုသည်။ ပန်းချီကား၏ အရိပ်နှင့် အစစ်အမှန် အလွှာများ ထင်ရှား လာသောအခါ စုတ်တံကိုရပ်လိုက်၍ ရလဒ်ကို ကြည့်လေတော့သည်။
ဤပုံကြမ်းကို သူ ကျေနပ်သည့်အတွက် နံရံပေါ်တွင် ကပ်လိုက်တော့သည်။
နံရံတစ်ဖက်တွင် အရွယ်အစားတူ အရောင်ပုံကြမ်း ခုနစ်ချပ်၊ ရှစ်ချပ်ခန့် ကပ်ထားပြီးဖြစ်သည်။
ကျန်းကျဲ့က အနည်းငယ် နောက်ဆုတ်လိုက်ပြီး သူစိတ်တိုင်းကျသော ပုံကြမ်းများကို ကြည့်လေသည်။
ဤပုံကြမ်းများက အရုဏ်ဦး၊ နံနက်ခင်း၊ နေ့လယ်ခင်း၊ ညနေခင်းနှင့် ညနေဆည်းဆာ အစရှိသည့် အချိန်ကာလ အမျိုးမျိုးတို့တွင် ရွာ၏ မတူညီသော အကျိုးသက်ရောက်မှုများကို သရုပ်ဖော်ထားသည်။ အလင်းရောင် မတူညီသောကြောင့် ပန်းချီကားတိုင်းတွင် အရောင်အသွေး ကွဲပြားပြီး အချို့မှာ အေးသောဘက်သို့ သက်ရောက်၍ အချို့မှာ နွေးသောဘက်သို့ သက်ရောက်လေ သည်။
ပုံကြမ်းအားလုံးတွင် အသေးစိတ်ကို အလွန်အကျွံ ထည့်သွင်းမရေးဆွဲခဲ့ပေ။ အရောင်အလွှာနှင့် ဆက်နွယ် မှု ပြဿနာများကိုသာ ဖြေရှင်းထားခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်း အချိန်တစ်လျှောက်လုံးတွင် သူက ပန်းချီကားအချောမသတ်မီ ပြဿနာအားလုံးကို ဖြေရှင်းရန် ရည်ရွယ်၍ အရောင်ပုံကြမ်းလေးများကိုသာ ဆက်တိုက် ဆွဲနေခဲ့သည်။
မီးခိုးရောင် အလွှာများကြောင့် ပုံကြမ်းအချို့၏ အရောင်များတွင် အထူးခြားဆုံး အလင်းအမှောင် ရလဒ်များ ပေါ်ပေါက်လာသည်ကို ကျန်းကျဲ့ သတိပြုမိလိုက်သည်။
သူက ထိုပုံကြမ်းများ၏ အရောင်ဆွဲပုံ အဆင့်ဆင့်ကို မှတ်သား ပြီးနောက် စ နား တော့သည်။
ဤတစ်ကြိမ် ဖန်တီးမှုအား တစ်ထိုင်တည်းနှင့် အပြီးသတ်၍ မရနိုင်။ ပန်းချီဆွဲရတာ ပင်ပန်းလာသောအခါ ခဏတာ အနားယူရ သည်။
သူက ပညာရှင် တစ်ဦးထံမှ ဝယ်ယူထားသော စုတ်တံတစ်ချောင်းကို ယူလိုက်ပြီး မှင်သွေးကာ စာရွက်ကို ဖြန့်၍ စာလုံးလှ ရေးခြင်းကို လေ့ကျင့်လေသည်။
အချိန်အတန်ကြာ လေ့ကျင့် ပြီးနောက် ပန်းချီကားကို တစ်ဖန် ပြန်စဆွဲလေ သည်။
တစ်ရက်တာ အချိန်ကုန်ဆုံးသွားသောအခါ နံရံပေါ်ရှိ အရောင်ပုံကြမ်းများမှာ ဆယ့်ခြောက်ချပ်အထိ တိုးလာခဲ့သည်။
ကျန်းကျဲ့ ထိုအထဲမှ စိတ်တိုင်းအကျ ဆုံး ပန်းချီ သုံးချပ် ကို ရွေးလိုက်ပြီး နောက်တစ်နေ့တွင် အရွယ် နှစ်ဆ ရှိသော ပုံကြမ်းတစ်ချပ် ထပ်ဆွဲရန် စီစဉ်လိုက်သည်။
ညစာစားပြီးနောက် သူက ရှောင်ကား ကို ခေါ်ကာ ပင်လယ်ကမ်းစပ်တွင် လမ်းလျှောက် ထွက်ခဲ့သည်။
ရှောင်ကားက ကမ်းနားတံတားပေါ်တွင် အလွန်ပျော်ရွှင်စွာ ပြေးလွှားနေကာ ကျန်းကျဲ့က ကြိုးကိုဆွဲ၍ လျှောက်ရင်း ကြည့်နေခဲ့သည်။
မိုးချုပ်လာသည်နှင့်အမျှ ပင်လယ်၏ ပုံသဏ္ဌာန်မှာ မှုန်ဝါးလာခဲ့သည်။ ယနေ့ ပင်လယ်က အလွန် ငြိမ်သက်နေပြီး မြို့မှ မီးရောင်များကလည်း အနီးနားရှိ ပင်လယ်ပြင်ပေါ်တွင် အရောင်အသွေး စုံလင်သော သက်ရောက်မှု များကို ထပ်လောင်းပေးနေသည်။
ညချမ်းအချိန် ပင်လယ်ရေပြင်တွင် ရှိနေသည့် တည်ငြိမ်ပြီး အေးချမ်းသည့် အလှတရားကို ကျန်းကျဲ့က ထူးထူးခြားခြား ရိပ်မိလိုက်တော့သည်။
သူက ရပ်လိုက်ပြီး ပင်လယ်ပြင်ကို စိုက်ကြည့်လိုက်သည်။ အာရုံခံစားမှုများကို နှိုးဆွကာ သေချာ ဂရုတစိုက် သုံးသပ်နေသည်။
သူ၏ ပန်းချီကားများကို ပြန်စဉ်းစားကြည့်သောအခါ ညမြင်ကွင်း မဟုတ်သော်လည်း ဤအလှတရားကို အတုယူနိုင်လေ သည်။
လမ်းလျှောက်နေရင်း အချိန်တွင်ပင် သူက အတွေးသစ်တစ်ခုကို ရရှိလိုက်တော့သည်။
ပန်းချီကားအချောသတ် ဖန်တီးမှု၏ ဒုတိယနေ့တွင် ကျန်းကျဲ့ အရွယ် နှစ်ဆရှိသော ပန်းချီစက္ကူပေါ်တွင် ပုံကြမ်းတစ်ချပ်ကို ပြီးစီးခဲ့သည်။
ပုံကြမ်းဟု ဆိုထားသော်လည်း အမှန်စင်စစ် အချောသတ်ထားသော ပန်းချီကား နှင့် မခြားနားပေ ။
ဤပန်းချီကားတွင် သူက မတူညီသော အရောင်အမျိုးမျိုး ရှိသည့် အရောင်ဖျော့ မီးခိုးရောင်များကို အသုံးပြုထားသည်။ အရောင်တို့၏ အေးခြင်း/နွေးခြင်း နှိုင်းယှဉ်မှုကို သိမ်မွေ့စေပြီး နံနက်ခင်း မြူပါးပါးအတွင်းမှ ကျေးရွာကို ဖော်ပြထားလေသည်။ကောင်းကင်နှင့် အဝေးမြင်ကွင်းတို့၏ အရောင်များ ရောစပ်နေကာ ရွာထဲရှိ နေအိမ်များ၊ သစ်ပင်များ၊ လမ်းများသာမက နံနက်စောစော အိပ်ယာထသူများပါ ပါးလွှာသော မြူခိုးများဖြင့် ဆက်စပ်နေပြီး ထူးခြားသော အလှတရားကို ဖန်တီးနေလေ သည်။
သူက ပုံကြမ်းကို ဆွဲပြီးနောက် စိတ်ကျေနပ်သည့်အတွက် အချိန်မဆိုင်းဘဲ အချောသတ်ထားသော ပန်းချီကား ကို စ ဖန်တီးတော့သည်။
ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသည့် အတွက် အဆင့်တိုင်းကို ထည့်သွင်းစဉ်းစားခဲ့ပြီးဖြစ်လေ သည်။ ထို့ကြောင့် အချောသတ်ထားသော ပန်းချီကား ရေးဆွဲချိန်တွင် စိတ်ရောကိုယ်ပါ လွှတ်ချကာ ဖန်တီးမှုအား လုပ်ဆောင်နိုင်ပေသည်။
သူ၏ ဖန်တီးမှု လုပ်ငန်းစဉ်က အလွန်ချောမွေ့ခဲ့ပြီး စိတ်ပျော်ရွှင်နေ သောကြောင့် အရာဝတ္ထုအချို့ကို ပုံဖော်ရာတွင် ပို၍ပင် ရလဒ်ကောင်း များကို ရေးဆွဲနိုင်ခဲ့သည်။
လေးနာရီကြာပြီးနောက် ပန်းချီကားအပြည့် အရွယ်အစားရှိသော ရေဆေးပန်းချီကားမှာ တစ်ထိုင်တည်းနှင့် ပြီးစီးသွားခဲ့သည်။
ကျန်းကျဲ့က ပန်းချီတင်ခုံရှေ့တွင် ရပ်၍ ပန်းချီကားကို စိုက်ကြည့်လေ သည်။
ပန်းချီကား၏ အနီးမြင်ကွင်းတွင် မညီသော မြေ ၊ သစ်ပင်များနှင့် မြက်ခင်းများ ရှိကာ ဤအရာများကို ရွာဆီသို့ ဦးတည်သည့် လမ်းဖြင့် ဆက်ထားသည်။ ပန်းချီကား၏ ဗဟိုချက်မှာ တောင်စောင်းပေါ်ရှိ သစ်ပင်များနှင့် ခြံဝင်းများ ဖြစ်ပြီး ရွာ၏ နောက်ဘက်ရှိ တောင်တန်းကိုမူ မြူပါးပါး ဖုံးအုပ်ထားသဖြင့် ဝိုးတဝါး ပုံသဏ္ဌာန်ကိုသာ မြင်နိုင်လေ သည်။
ကျန်းကျဲ့က ရွာတွင်းလမ်းအချို့ကို မြူပါးပါးထဲတွင် ဝှက်ထားခဲ့ပြီး ပုံဆွဲပုံ အစီအစဉ်ဖြင့် ရွာ၏ လမ်းကြောင်းကို အရိပ်အမြွက် ဖော်ပြထားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများအား သစ်ပင်များနှင့် မြူခိုးများ နောက်ကွယ်တွင် အခြားနေအိမ်အချို့ ရှိနေသေးသည်ဟု ခံစားရစေနိုင်သည်။
ထို့အပြင် သူက ရွာ၏ မြေမျက်နှာသွင်ပြင်ကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်လိုက်ရာ ပန်းချီကားတစ်ခုလုံး၏ အလွှာလိုက် ခံစားမှုမှာ ပို ပြင်းထန်လာခဲ့သည်။
ဖန်တီးမှု ဖြစ်စဉ် အတွင်း ကျန်းကျဲ့က ပန်းချီကား၏ အစိတ်အပိုင်းအချို့ကို အမြဲတမ်း စိုစွတ်စေခဲ့သည်။ ပန်းချီကား လုံးဝခြောက်သွေ့သောအခါ ထူးခြားသော ရေ ရာများ၊ စုတ်တံ၏ စုတ်ချက်များနှင့် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသော အသွင်အပြင်များ၊ ဝိုးတဝါး ပုံရိပ်များ ပေါ်ထွက်လာခ့ပြီး အရောင်ပြောင်းလဲမှုကို ပိုမိုကြွယ်ဝစေခဲ့သည်။ ထိရောက်သော ထိန်းချုပ်မှုအောက်တွင် အရောင်များနှင့် စုတ်တံ၏ စုတ်ချက်များက ပုံရိပ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစည်းသွားတော့သည်။
သူက ပန်းချီကားကို ကြည့်ရင်း ပို၍ ပို၍ စိတ်ကျေနပ်လာသည်။ စုတ်တံကို ကောက်ယူကာ သင့်တော်သော နေရာတွင် လက်မှတ် ထိုးလိုက်တော့သည်။
ကျန်းကျဲ့က ဝမ်ကျန်းကို ဖုန်းခေါ်ပြီးနောက် ပန်းချီခန်းကို စ ရှင်းလေ သည်။
ရက်အနည်းငယ်ကြာ ဖန်တီးခဲ့ပြီးနောက် ပန်းချီခန်းမှာ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့သည်။
သူက ဖန်တီးမှုအစောပိုင်းမှ အရောင်ပုံကြမ်းများကို စနစ်တကျ စုစည်းလိုက်သည်။
ပုံကြမ်းများစွာကို ကြည့်ရင်း ရုတ်တရက် စိတ်ကူးရကာ သူ စိတ်ကျေနပ်သည့် အရောင်ပုံကြမ်းများကို ရွေးထုတ်လိုက်ပြီး ၎င်းတို့ကို အပိုင်းလိုက် အပိုင်းလိုက် အရောင်စုံအဖြစ် မှတ်ယူကာ ပုံဆက်ပဟေဠိ ဆက်သကဲ့သို့ ပုံစံမျိုးစုံကို ပေါင်းစပ်လိုက်သည်။
ဤဂိမ်းလေးက ကျန်းကျဲ့၏ အမြင်တွင် အလွန်စိတ်ဝင်စားဖွယ် ဖြစ်ပြီး အရောင်စုံ ပန်းချီကားကို စမ်းသပ်နေသကဲ့သို့ပင်။
စိတ်ကျေနပ်သည့် ပုံစံကို ချပြီးနောက် သူက ပုံကြမ်းများကို ပုံစံအတိုင်း နံရံပေါ်တွင် ပြန် စီလိုက်ပြီး ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ယူလိုက်သည်။
ဒေါက်၊ ဒေါက်ဒေါက်... တံခါးခေါက်သံ ပေါ်ထွက်လာသည်။
"ကျန်းကျဲ့၊ ငါ ဝမ်ကျန်းပါ" တံခါးအပြင်ဘက်မှ ဝမ်ကျန်း၏ အသံ ထွက်ပေါ်လာသည်။
ကျန်းကျဲ့က တံခါးကို ဖွင့်လိုက်သောအခါ လက်ထောက်နှင့်အတူ တံခါးဝတွင် ရပ်နေသည့် ဝမ်ကျန်းကို တွေ့လိုက်ရသည်။
"ကြွ ပါခင်ဗျ။ ခင်ဗျားတို့ ဒီလောက်မြန်မြန် ရောက်လာမယ်လို့ မထင်ထားမိဘူး။ ပန်းချီခန်း မရှင်းရသေးတာမို့ စိတ်မရှိပါနဲ့ ဗျာ" သူက ဝမ်ကျန်းနှင့် လက်ထောက်ကို ပန်းချီခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
ဝမ်ကျန်းက လျှောက်ရင်း ကြည့်ရင်း ပြောသည် "ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ နင် ပန်းချီခန်းအသစ်ကို ပြောင်းလာတုန်း ငါ ပထမဆုံးအကြိမ် အလည်လာတာပဲလေ ။
ဒီနေရာက အရင် ပန်းချီခန်းထက် အများကြီး ပိုကောင်းတယ်။
ပြိုင်ပွဲရလဒ်နဲ့ ပြပွဲတွေ ပြီးသွားရင် နင် ပိုကောင်းတဲ့ ပန်းချီခန်းကို ပြောင်းနိုင်မှာပါ။"
ကျန်းကျဲ့က သူတို့ နှစ်ဦးအတွက် လက်ဖက်ရည် ဖျော်ရင်း "ခင်ဗျား ပြောသလို ဖြစ်ပါစေဗျာ" ဟု ဆိုသည်။
ဝမ်ကျန်းက ပန်းချီတင်ခုံပေါ်ရှိ အချောသတ်ထားသော ပန်းချီကားနှင့် နံရံတွင် ကပ်ထားသည့် ပုံကြမ်းကို မြင်နှင့်ပြီးသားဖြစ်သည်။
သူမက လက်ရာနှစ်ခုလုံးကို တစ်ခုပြီးတစ်ခု ကြည့်ရင်း ပြောသည် "နင့်လက်ရာတွေ ပြောင်းပြန်ပြီ။ ဒီလက်ရာနှစ်ခုစလုံးမှာ ကိုယ်ပိုင်ထူးခြားမှုတွေ ရှိနေတယ်။ အထူးသဖြင့် ပန်းချီကားထဲက မြူခိုးတွေရဲ့ ခံစားမှုက တစ်ချက်မြင်ရုံနဲ့ မေ့လို့ရမှာမဟုတ် ဘူး။
လူအများစုကလည်း မြူခိုးတွေ ဆွဲကြပေမယ့် အရောင်တွေ မှိုင်းသွားပြီးတော့ ပန်းချီကားကို မှိုင်းညို့စေနိုင်တယ်။
နင်ကလည်း မီးခိုးရောင် အများကြီး သုံးထားတယ် ဆို ပေမယ့် အရမ်းကို လန်းဆန်းနေသလိုပဲ။"
ကျန်းကျဲ့က "အဲ့လောက် ကပ် မကြည့်နဲ့ နောက်နည်းနည်းဆုတ်ပြီးမှ ထပ်ကြည့်ပါ" ဟု ဆိုသည်။
ဝမ်ကျန်းက နှစ်လှမ်း နောက်ဆုတ်ကာ ပြန်ကြည့်သည်။ "ဒီလိုကြည့်တော့ ရလဒ်က ပိုကောင်းပါလား။ ပန်းချီကားရဲ့ အရောင်ပြောင်းလဲမှုတွေက အရမ်း သိမ်မွေ့တယ်။ လက်တွေ့ဆန်တဲ့ပုံစံနဲ့ မကွာပေမယ့် ကြည့်ရတာ ပိုပြီး ဆွဲဆောင်မှု ရှိတယ်။"
ကျန်းကျဲ့က "ကောင်းကောင်း မကောင်းကောင်း ဒီအဆင့်ရောက်အောင်တော့ ကျွန်တော် အစွမ်းကုန် ကြိုးစားထားတာပဲ " ဟု ပြောသည်။
ဝမ်ကျန်းက "နင် အရမ်းကို နှိမ့်ချလွန်းပယ်။ ဒီလိုပန်းချီကားက မကောင်းရင် ဘယ်လိုဟာကမှ ကောင်းတော့မှာလဲ" ဟု ဆိုသည်။
သူမက အရွယ် နှစ်ဆ ရှိသော ပုံကြမ်းကို လက်ညှိုးထိုးကာ ကျန်းကျဲ့အား "ဒီပန်းချီကားကို ကျွန်မရဲ့ ပန်းချီပြခန်းမှာ ရောင်းချဖို့ ဆိုရင်ရော ဘယ်လို သဘောရလဲ" ဟု မေးသည်။
ကျန်းကျဲ့က ခေါင်းယမ်း၍ "ဒီ အချောသတ်ထားတယ့် ပန်းချီကား ကိုပဲ ရောင်းဖို့ စီစဉ်ထားတယ်။ ပုံကြမ်းနဲ့ အချောသတ်ထားတယ့် ပန်းချီကား မှာ ထပ်နေတဲ့ အပိုင်းတွေ ရှိလို့ အပြင်ကို ထုတ်ရောင်းလို့ မ ဖြစ်ဘူး" ဟု ဖြေသည်။
ဝမ်ကျန်းက ကျန်းကျဲ့၏ သဘောထား ခိုင်မာသည်ကို မြင်သောအခါ လက်လျှော့လိုက်ရတော့သည်။
သူမက လက်ထောက်ကို စာအုပ်တစ်အုပ် ထုတ်ခိုင်းသည်။ "တစ်ချက်ကြည့်ပါဦး၊ ဘယ်လိုဘောင်မျိုးနဲ့ တွဲချင်လဲ။ ငါတို့ ပြခန်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ စက်ရုံတွေ ရှိတယ်။ အကောင်းဆုံး ဘောင်တပ် မှုကို အာမခံနိုင်ပါတယ်။ ဘောင်တပ် ပြီးရင် နင် သွားကြည့်ပေါ့။ မကြိုက် ရင် ပြန်ပြင်လို့ရသေးတယ်။ ငါတို့မှာ အချိန် အလုံအလောက်ရှိသေး တယ်"
ကျန်းကျဲ့က စာအုပ်ထဲမှ ပန်းချီဘောင် နမူနာပုံများကို လှန်ကြည့်ပြီး နောက်ဆုံးတွင် တစ်မျိုးကို ရွေးလိုက်သည်။ ပစ္စည်းအစစ်အမှန်ကို မမြင်ရသော်လည်း သူ၏ အာရုံခံစားမှု စွမ်းရည်ဖြင့် မည်သည့်ဘောင်က သူ၏ လက်ရာကို အကောင်းဆုံး မြှင့်တင်ပေးနိုင်သည်ကို သိပေသည်။
သူက ရေဆေးပန်းချီကားကို ဖြုတ်ယူကာ ပန်းချီကားပြွန် ထဲ ထည့်၍ ဝမ်ကျန်း၏ လက်ထောက်ကို အပ်လိုက်သည်။
ဝမ်ကျန်းက နံရံပေါ်တွင် အရွယ်အစားတူညီသော်လည်း အရောင်အသွေး လုံးဝကွဲပြားသော ပုံကြမ်း ဆယ်ချပ်ကျော်အား စတုဂံပုံစံဖြင့် စနစ်တကျ စီထားသည်ကို သတိထားမိ လိုက်သည်။
ခဏကြာ ကြည့်ပြီးနောက် ကျန်းကျဲ့ကို "နင် ဒါက အရောင်စုံ ပန်းချီကား စမ်းသပ်ဖို့ ပြင်နေတာလား" ဟု မေးသည်။
ကျန်းကျဲ့၏ အဖြေကို မစောင့်ဘဲ ထပ်၍ "မဟုတ်သေးဘူး။ အချို့ ပန်းချီကားတွေက အချောသတ်ထားတယ့် ပန်းချီကားနဲ့ နည်းနည်း ဆင်နေတယ်။ ဒါတွေက ပုံကြမ်းတွေလား" ဟု ဆိုသည်။
ကျန်းကျဲ့က "ဟုတ်တယ်၊ ပုံကြမ်းတွေ ပဲ" ဟု ဆိုသည်။
ဝမ်ကျန်းက ဤအရောင်ပုံကြမ်းများ ရှေ့တွင် ရပ်၍ ထပ်ခါတလဲလဲ စေ့စေ့စပ်စပ် ကြည့်ပြီး လက်ဖြင့်ပင် တိုင်းတာခဲ့သည်။
"နင့် ဒီပုံကြမ်းတွေကို ထူးခြားတဲ့ အစီအစဉ်နဲ့ စီထားတော့ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီပုံကြမ်းတွေကို ခုလိုပုံစံအတိုင်း ပန်းချီဘောင်အကြီးတစ်ခုထဲ ထည့်ပြီး အရောင်စုံ ပန်းချီကားအဖြစ် ပြမယ်ဆိုရင် မမျှော်လင့်ဘဲ ရလဒ်ကောင်း တွေ ရနိုင်မလားလို့ စဉ်းစားမိဖူးလား" ဟု မေးသည်။
သူမက ချက်ချင်း စဉ်းစားမိလိုက်ပြီး ကျန်းကျဲ့အား အကြံပြုသည်။ "ကျန်းကျဲ့ နင် ဒီပုံကြမ်းတွေနဲ့ အချောသတ်ထားတယ့် ပန်းချီကား ကို အတူတူ ထားလိုက်ရင် ရလဒ်က ပို ကောင်းသွားလိမ့်မယ်။"
ပန်းချီကားကို စိတ်ကူးနေစဉ် ကျန်းကျဲ့က ပြပွဲခန်းမ ပတ်ဝန်းကျင်က ပန်းချီကားအပေါ် သက်ရောက်မှုရှိနိုင်ပုံကို ထည့်သွင်းစဉ်းစားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤပန်းချီကားက ပြပွဲခန်းမသို့ ရောက်သောအခါ ယခုထက် ပိုကောင်းသော ရလဒ်များ ရရှိလိမ့်မည်ဟု သူ ယုံကြည်သည်။
ဝမ်ကျန်းက အခြားရှုထောင့်မှ ပေးလိုက်သော အကြံဉာဏ်က သူ့အား လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။
"ခင်ဗျား ဖြစ်နိုင်တယ်လို့ ထင်လား။ ပန်းချီအသင်းက ခွင့်ပြုပါ့မလား" ဟု မေးသည်။
ဝမ်ကျန်းက အလွန်ယုံကြည်မှုရှိစွာဖြင့် "သေချာပေါက် ရတာပေါ့။ ဘာကြောင့် မစမ်းကြည့်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် နင့်မှာ ဒီရေဆေးပန်းချီကားက ပုံကြမ်း ရှိနေတော့ အရောင်ပုံကြမ်းတွေကို အတွေ့အကြုံယူလို့ရတာပေါ့ ငါ စီစဉ်ပေးပါ့မယ်" ဟု ဆိုသည်။
ကျန်းကျဲ့က "ဒါဆိုရင် စမ်းကြည့်တာပေါ့။ ဒါပေမယ့် စီစဉ်ထားတဲ့ အစီအစဉ်ကိုတော့ လုံးဝ မပြောင်းပါနဲ့" ဟု ဆိုသည်။
"ပြဿနာ မရှိဘူး။"
ဝမ်ကျန်းက အရောင်ပုံကြမ်းများ၏ ဓာတ်ပုံကို ရိုက်ယူကာ အကိုးအကား အဖြစ် သိမ်းပြီးနောက် ကျန်းကျဲ့နှင့် ပန်းချီကား ပေးပို့မည့် အချိန်ကို ချိန်းဆိုခဲ့ပြီးနောက်မှသာ နှုတ်ဆက် ခဲ့လေ သည်။
သူမက လက်ထောက်နှင့်အတူ ကားပေါ်သို့ ပြန် ရောက်လာခဲ့သည်။
လက်ထောက်က ကားကို စ မောင်းရင်း "မန်နေဂျာဝမ် ကျန်းကျဲ့ ကိုင်တွယ်နိုင် ပါ့မလား" ဟု မေးသည်။
"ငါတို့က ပန်းချီပြပွဲမှာ ပန်းချီဆရာတချို့ကို ဖိတ်ထားတာပဲ။ အဆင်ပြေမပြေဆိုတာ အချိန်ကျရင် သိရမှာပေါ့ " ဝမ်ကျန်းက ပန်းချီကားပြွန် ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းကျဲ့က စနစ် ကို စစ်ဆေးနေသည်။
ရက်အနည်းငယ်ကြာ ဖန်တီးခဲ့ခြင်းကြောင့် ရေဆေးပန်းချီ စွမ်းရည်မှာ ကျွမ်းကျင်မှု တိုးလာခဲ့ပြီး အာရုံခံစားမှုစွမ်းရည်များ လည်း တိုးတက်လာခဲ့သည်။
ကျပန်းမစ်ရှင်၏ ဂုဏ်ကျက်သရေ တိုးတက်မှုမျဉ်း တွင် အမှတ် ၉၀ ကို ရောက်ရှိနေခဲ့သည်။
မကြာသေးခင် ရက်အနည်းငယ်အတွင်း တိုးတက်မှု နှေးကွေးသွားခဲ့သည်။ ပန်းချီပြပွဲ စတင်ပြီးနောက် အမှတ်ပြည့် ရောက်ရှိနိုင်ပါစေဟု သူ မျှော်လင့်နေမိသည်။