← Chapters

ကျားအဝှာ သေရည်

Vol. 30 Ch. 392

ကျားအဝှာ သေရည်

Vol. 30 Ch. 392

ရှေးဟောင်းအပျက်အစီးနယ်မြေ၏ သေရည်က အရသာအသစ် ဖြစ်သည်။ လူစိတ်ဝင်စားမှု မခံလိုသော ယွမ်ရှောင်နှင့် လန်ရီသည် အစွန်တစ်နေရာ၌ နေရာယူလိုက်ကြပြီး ကိုယ်ပိုင်ကမ္ဘာအတွင်း ရောက်ရှိနေသကဲ့သို့ ပြုမူနေသဖြင့် လျိုရင်ရင်မှာ ခေါင်းကိုက်နေသည်။ လူငယ်သခင်လေးများက လန်ရီထံ ချဥ်းကပ်ချင်သော်လည်း ဆောင်ပို၏ အကြည့်တစ်ချက်ဖြင့် သတိပေးခံထားရ၏။ ထိုစုံတွဲကြောင့် မွေးနေ့ပွဲတွင် မီးပွား တောက်လောင်လာပြီး စိတ်ဝင်စားစရာကောင်းမည်ကို ထက်မြက်သူတိုင်း နားလည်ကြသည်။ ဟူယန်လော့သည် လူပုံအလယ်တွင် စိတ်ဝင်စားကြောင်း ပြသခဲ့သော်လည်း လန်ရီက လက်မခံသည့်အပြင် ယွမ်ရှောင်ကိုပင် ခေါ်လာသောကြောင့် ပါးရိုက်လိုက်ခြင်းနှင့် မခြားပေ။

"ဒီနှစ်ယောက်က တကယ် မရင့်ကျက်ဘူး။ လန်ရီက အမြဲတမ်း ပွင့်ပွင့်လင်းလင်း နေတတ်ပြီး လူမှုရေးကို သိပ်ဂရုမစိုက်လို့ စိတ်ထဲမထားပါနဲ့"

လျိုရင်ရင်က ဆောင်ပိုကို တောင်းပန်သောလေသံဖြင့် ပြုံးပြလိုက်၏။

"ပွင့်လင်းစစ်မှန်တာက ရှားပါးတယ်။ ဒီလိုသန့်စင်တဲ့ နှလုံးသားကြောင့် အမြင့်ကို တက်လာတာပဲ။ ကျုပ်က လေးစားရုံကလွဲလို့ ပြောစရာ မရှိဘူး။ ဘာကြောင့် စိတ်ကွက်ရမှာလဲ။ စကားမစပ် ကျုပ် တောင်းပန်စရာ ရှိတယ်"

ဆောင်ပိုက သက်ပြင်းချ၍ ချိုမြိန်စွာ ပြုံးပြလိုက်သောကြောင့် လျိုရင်ရင်ကို အသက်ရှူချောင်သွားစေသော်လည်း နောက်ဆက်တွဲစကားကြောင့် သူမ အံ့အားသင့်သွားရသည်။

"ကျုပ်ရဲ့ ပေါ့ဆမှုပါ။ တကယ် စိတ်မကောင်းပါဘူး။ ရှေးဟောင်းသားတော်က ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံချင်လို့ သေရည်ထဲမှာ ကမ္ဘာဦးအဆီအနှစ်တွေ ရောထားခဲ့တယ်"

သူက သေရည်ကို ပျော်ရွှင်စွာ သောက်သုံးနေသည့် ယွမ်ရှောင်အား တစ်ချက်ကြည့်ကာ အံကြိတ်၍ ရှင်းပြခဲ့၏။

"ဒါက နတ်ဘုရားဆန်ဆန် ဆေးရည်ပဲ။ တန်ဖိုး မဖြတ်နိုင်ဘူး။ ဝိညာဥ်ကို အာဟာရဖြည့်ပေးပြီး အဆင့်တက်ရာမှာ ကူညီပေးနိုင်တယ်။ ရှေးဟောင်းသားတော်က ဒီလိုရတနာမျိုးနဲ့ ဧည့်ခံတာ ရက်ရောလွန်းတယ်။ ဘာတောင်းပန်စရာရှိလို့လဲ"

လျိုရင်ရင်က ၎င်း၏ တန်ဖိုးကို သိထားသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွား၍ သေရည်တစ်ခွက် သောက်ရန်ပင် မစောင့်နိုင်တော့ချေ။

"ပြဿနာက ယွမ်ရှောင်ကို ဒီအကြောင်း မပြောလိုက်ရဘူး"

"သူက အရမ်းသောက်နေလို့လား။ ဒီလူမိုက်က နိမ့်ကျတဲ့ နေရာတစ်ခုကနေ ရောက်လာတာဆိုတော့ ဘာအမူအကျင့်ကောင်းမှ မရှိဘူး။ စိတ်မဆိုးပါနဲ့"

လျိုရင်ရင်၏ မျက်နှာက ယွမ်ရှောင်အစား အရှက်ရသွားဟန်ဖြင့် ပြောင်းလဲသွား၏။

"ရပ်လိုက်။ ကမ္ဘာဦးအဆီအနှစ်တွေက ရတနာဆိုပေမယ့် မူလဝိညာဥ်အဆင့်နဲ့ အထက် ကျင့်ကြံသူတွေ အတွက်ပဲ။ ဒီအဆင့်အောက်က လူတွေဆိုရင် အချိန်မတိုင်ခင် သောက်မိရင် ပြဿနာတက်သွားနိုင်တယ်။ အနည်းဆုံးကတော့ တစ်ညလုံး အိမ်သာထဲမှာ အိပ်ရလိမ့်မယ်။ အဆိုးဆုံးကတော့ အဆုံးသတ် ဖြစ်သွားလိမ့်မယ်။ ယွမ်ရှောင်က သုံးအိုးတောင် သောက်ထားတယ်"

ဆောင်ပိုက သူမ၏ လက်ကို အရေးတကြီး ဆွဲဖမ်း၍ ဟန့်တားလိုက်သည်။

"ဒါဆိုရင် သူ သေသွားနိုင်တာလား"

လျိုရင်ရင်၏ မျက်နှာက ထိုအတွေးကြောင့် ပျက်ယွင်းသွားကာ ယွမ်ရှောင် တစ်ခုခု ဖြစ်လျှင် ကြံရာပါဖြစ်မည်ကို စိုးရိမ်သဖြင့် နောက်တစ်လှမ်း ဆုတ်ခဲ့၏။

"စိတ်မကောင်းပါဘူး။ ရှေးဟောင်းသားတော်ရဲ့ ဧည့်သည်တွေအားလုံးက မူလဝိညာဥ်နယ်ပယ်နဲ့ အထက်အဆင့်တွေ ဆိုတော့ ကျုပ် မစဥ်းစားလိုက်မိဘူး"

"ရှင့်အပြစ်တော့လည်း မဟုတ်ပါဘူး"

လျိုရင်ရင်သည် လန်ရီနှင့် ခွက်ချင်းတိုက်၍ သေရည်မော့သောက်နေသည့် ယွမ်ရှောင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်မိသည်။

"အခု လုပ်ရမှာက ကမ္ဘာဦးအဆီအနှစ်တွေ အစွမ်းမပြခင် သူ့ကို ခေါ်ထုတ်သွားသင့်တယ်"

"ကောင်းပြီ။ ငါ သွားပြောလိုက်မယ်"

မွေးနေ့ပွဲတွင် အရှက်ရစရာများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဆောင်ပိုက ရှင်းရှင်းလင်းလင်း သတိပေးလိုက်သောအခါ သူမသည် အသက်ပြင်းပြင်းရှူ၍ လန်ရီနှင့် ယွမ်ရှောင်ထံ ချဥ်းကပ်သွားခဲ့၏။ ဆောင်ပို၏ မျက်နှာအထက်တွင် လှောင်ပြုံးတစ်ခု ရှိနေပြီး ယွမ်ရှောင် ရောက်ရှိလာလျှင် အကောက်ကြံရန် ကမ္ဘာဦးအဆီအနှစ်များ ကြိုတင်ကြံစည်ထားကြောင်း သိသာသည်။ ဤနည်းလမ်းဖြင့် လန်ရီကို တိုက်ရိုက်စော်ကားခြင်း မရှိဘဲ မွေးနေ့ပွဲ၌ အရှက်ရစရာ ဖြစ်ရပ်များ ပြုလုပ်မိလျှင် ယွမ်ရှောင်ကို အပြစ်ပုံချနိုင်ပေလိမ့်မည်။

"ရေထဲ ရောက်နေတာနဲ့တင် ငါးတစ်ကောင်က နဂါး ဖြစ်မလာနိုင်ဘူး"

သူက လျိုရင်ရင်နှင့်အတူ လိုက်ပါသွားကာ ယွမ်ရှောင်နှင့် လန်ရီအနားတွင် ထိုင်ချလိုက်သည်။ ထိုအခိုက်တွင် ယွမ်ရှောင်က ရုတ်တရက် မျက်လုံးမှိတ်၍ မျက်နှာ ရှုံ့မဲ့သွားကာ အသက်ရှူသံများ ပြင်းထန်လေးလံလာ၏။

"မင်း အဆင်ပြေရဲ့လား"

ဆောင်ပိုက စိုးရိမ်ဟန်ဆောင်၍ မေးလိုက်ချိန်တွင် လျိုရင်ရင်မှာ အရှက်မကွဲစေရန် သိသိသာသာ နောက်ဆုတ်လိုက်၏။ ယွမ်ရှောင်က စကားတစ်ခွန်းမှမဆိုဘဲ စားပွဲထောင့်စွန်းကို လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် သူမ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမက ဦးနှောက်ခြောက်နေပြီး သေရည်အသောက်လွန်သွားသော တစ်ဖက်လူကို စိတ်ထဲမှ ကဲ့ရဲ့ပြစ်တင်နေ၏။

"ဆေးဆရာတစ်ယောက် ခေါ်ပေးရမလား"

ဆောင်ပိုက ဟန်ဆောင်ပန်ဆောင် စိုးရိမ်ပေးနေချိန်တွင် ယွမ်ရှောင်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချကာ ဂေ့ခနဲ လေတက်လိုက်သည်။ လျိုရင်ရင်က အော်ဟစ်ရင်း အလန့်တကြား နောက်ဆုတ်သွား၍ ဆောင်ပိုလည်း ရယ်ချင်စိတ်ကို အောင့်အီးထားရင်း ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားလိုက်သည်။ ထိုဆူညံသံများက ဧည်သည့်များကို အာရုံစိုက်လာစေပြီး ဟူယန်လော့၏ နောက်လိုက်များမှာ ပြုံးစိစိ ဖြစ်နေကြ၏။

"အစ်ကို အဆင်ပြေရဲ့လားဟင်"

"ကောင်းပါတယ်။ အဆင့်တက်သွားလို့"

"တကယ်လား ဂုဏ်ယူပါတယ်နော်"

လန်ရီက စိုးရိမ်တကြီး မေးလိုက်သောအခါ ယွမ်ရှောင်သည် နောက်တစ်ကြိမ် လေချဥ်တက်၍ ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ အဆိုးဆုံး အခြေအနေကို မျှော်လင့်ထားသည့် လျိုရင်ရင်မှာ တစ်ဖက်လူ အဆင့်တက်သွားသည် ဆိုသောကြောင့် မင်သက်သွားခဲ့၏။ ဆောင်ပိုသည်လည်း စိတ်ရှုပ်ထွေးဟန်ဖြင့် အလားတူ ငြိမ်သက်သွားခဲ့သည်။

"မင်း တကယ် အဆင်ပြေလို့လား"

"ဘာအဆင်မပြေစရာ ရှိလို့လဲ။ ရှေးဟောင်းသားတော်ရဲ့ ကောင်းမွန်တဲ့ သေရည်က တကယ့်ကို ဧည့်ဝတ်ကျေလွန်းပါတယ်။ ဒီအရက်ထဲမှာ ရတနာတစ်ခုခု ပါတယ်မလား။ ငါက ပြည့်စုံခြင်းအဆင့် ကောင်းကင်ခန်းဆောင်နယ်ပယ်ကို တစ်ချက်တည်း ရောက်သွားပြီ"

ယွမ်ရှောင်က တစ်ဖက်လူကို ပြုံးပြရင်း နောက်ထပ်သေရည် တစ်အိုး ကိုင်မြှောက်လိုက်သည်။

"သေရည်ထဲမှာ ကမ္ဘာဦးအဆီအနှစ်တွေ ထည့်ထားတယ်။ ဒါကို သတိပေးဖို့ မေ့သွားလို့ပါ။ တောင်းပန်ပါတယ်"

ဆောင်ပို၏ မျက်နှာက နေရခက်ဟန်ဖြင့် ရှုံ့မဲ့သွား၏။

"ပြဿနာ ဖြစ်မယ့်အစား ကံကောင်းမှု ဖြစ်သွားတာပဲ။ ကမ္ဘာဦးအဆီအနှစ်ကို ကျင့်ကြံသူအများစု အိပ်မက်ထဲမှာသာ တတ်နိုင်တယ်"

လျိုရင်ရင်က သက်ပြင်းချလိုက်သည်။

"မှန်တယ်။ ဒီသေရည်က သိပ်အရသာ မရှိတော့သလိုပဲ။ ဒီရတနာ ဘယ်လောက်များများ ငါ ခံနိုင်လောက်ပါတယ်"

ယွမ်ရှောင်က လက်ထဲမှ သေရည်အိုးကို ဗလာဖြစ်အောင် မော့သောက်၍ အရှက်မဲ့စွာ တောင်းဆိုခဲ့၏။

"ကြည့်ရတာ မင်းက သေရည်အကြောင်း ကောင်းကောင်းသိထားပုံပဲ။ ဓားစံအိမ် နာမည်ကျော်ကြားတာက သေရည်ကြောင့်လည်း ပါဝင်တယ်။ ဘယ်လိုသေရည်မျိုးကို ကြိုက်သလဲ"

ဆောင်ပိုက အတင်းအကြပ်ဖြင့် ဟန်လုပ်ပြုံးထားရင်း လောကဝတ်ပြုနေရသည်။

"ကြမ်းတမ်းပြီး မီးတောက်ဆန်တဲ့ ကျားသေရည် ရှိလား။ ကျားရဲ့ လိင်တံနဲ့ သေရည် ချက်ထားတာမျိုးပေါ့"

သေရည်၏ နာမည်ကြောင့် လန်ရီမှာ မျက်နှာကလေး နီရဲသွားသည်။

"ဓားစံအိမ်ရဲ့ ကျားသေရည်က ဒဏ္ဍာရီလာ သေရည်တစ်မျိုးပဲ။ သန်မာတဲ့ ကျားလိင်တံတွေနဲ့ ဖော်စပ်ထားတယ်။ ဒါပေမယ့် အားနည်းသူတွေ မသောက်နိုင်ဘူး"

ဆောင်ပို၏ အကြည့်က နောက်တစ်ကြိမ် မကောင်းကြံရန် အခွင့်အရေးကြောင့် တောက်ပသွားသည်။

"မစိုးရိမ်ပါနဲ့။ ငါက အားနည်းတဲ့ ငချွတ်လေး မဟုတ်ဘူး။ ယူလာခဲ့၊ များလေ ကောင်းလေ"

ယွမ်ရှောင်က လန်ရီကို ရင်ခွင်အတွင်း ဆွဲသွင်း၍ တစ်ဖက်လူအား စိန်ခေါ်သော အကြည့်မျိုးနှင့် ရင်ဆိုင်လိုက်၏။

"ကောင်းပါပြီ"

"ဒါနဲ့ ကမ္ဘာဦးအဆီအနှစ်တွေလည်း ထည့်လိုက်နော်။ အခု သေရည်တွေမှာ ပါသလောက်က ကလိထိုးနေသလိုပဲ။ နည်းလွန်းတယ်"

"ပြဿနာ မရှိပါဘူး"

ဓားဆွဲထုတ်၍ ခုတ်ပစ်ချင်စိတ်ကို ဆောင်ပိုက အတင်းထိန်းချုပ်ထားရင်း အမိန့်ပေးလိုက်သောအခါ ခဏအတွင်း ကမ္ဘာဦးအဆီအနှစ်များ ပြည့်လျှံနေသည့် ကျားသေရည်တစ်အိုး ရောက်ရှိလာခဲ့သည်။

"ရှေးဟောင်းသားတော်ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ"

ယွမ်ရှောင်က ခေါင်းညိတ်ပြ၍ လက်ဆောင်ကို ပျော်ပျော်ကြီး လက်ခံခဲ့သည်။

"မကြာခင် သူ ရောက်လာတော့မှာပါ။ ကိုယ်တိုင် ကျေးဇူးတင်စကား ပြောလိုက်"

"ကောင်းပြီ။ မင်းရော သောက်ဦးမလား"

"ကျုပ်ရဲ့ အကြိုက်မဟုတ်လို့ စိတ်မရှိပါနဲ့"

ယွမ်ရှောင်က သေရည်အိုးကြီးကို တစ်ချက်ကြည့်၍ ကမ်းလှမ်းလိုက်သောအခါ ဆောင်ပိုမှာ မသောက်ဝံ့သောကြောင့် ချက်ချင်း ငြင်းဆန်ခဲ့သည်။ ထို့နောက် သူက လျိုရင်ရင်နှင့်အတူ ပြန်လည်ထွက်ခွာသွားကာ ချောင်ကျသည့် ထောင့်တွင် ယွမ်ရှောင်နှင့် လန်ရီနှစ်ယောက်တည်းသာ သင်းကွဲပမာ ကျန်ရစ်ခဲ့သည်။

"ဒီသေရည်ကြောင့် နင် သေလိမ့်မယ်"

လျိုရင်ရင်သည် ကမ္ဘာဦးအဆီအနှစ်ကို တစ်ဖက်လူ မည်သို့ ခုခံနိုင်ကြောင်း မသိသော်လည်း မကျေမနပ် ကျိန်ဆဲနေပြန်သည်။

"တစ်ငုံလောက် သောက်ဦးမလား"

"ရှင့်ဘာသာ သောက်ပါလား"

ယွမ်ရှောင်က တစ်ခွက် ကမ်းပေးလာသောအခါ ကျားအဝှာနှင့် ပြုလုပ်ထားသည့် သေရည်ကြောင့် လန်ရီမှာ အရှက်သည်းသွား၍ ငြင်းဆန်ကာ တွင်းတစ်တွင်း တူးကာ ပုန်းနေချင်စိတ်ပင် ပေါက်သွားရလေသည်။

All Chapters