← Chapters

ငါးစာ

Vol. 30 Ch. 393

ငါးစာ

Vol. 30 Ch. 393

မကြာမီ ဧည့်သည်များ ရောက်ရှိလာကြပြီး ခန်းမတစ်ခွင် ရှေးဟောင်းကျောင်းတော်၏ တပည့်များ ပြည့်နှက်သွားကြသည်။ ယေဘူယျအားဖြင့် မွေးနေ့ပွဲတွင် အိမ်ရှင်က ဧည်သည့်ကို ကြိုဆိုရမည်ဖြစ်သော်လည်း ဧည့်သည်များ ပြန်လည်စောင့်ဆိုင်းနေရသော ဟူယန်လော့၏ အဆင့်အတန်းမှာ ထူးခြားပေသည်။ နောက်ဆုံးတွင် အကြည့်အားလုံးအောက်တွင် သူက ခြွေရံသင်းပင်းများနှင့်တကွ ထွက်ပေါ်လာပြီး ရွှေရောင်ဝတ်စုံနှင့် သရဖူကို ဆင်မြန်းထားကာ ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်၍ အမိန့်ပေးနိုင်သော အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။

"အားလုံးကို ကြိုဆိုပါတယ်"

သူက မြင့်မားသော နေရာတစ်ခုမှ ကြေညာလိုက်သောအခါ ဧည်သည့်များထံမှ ဆုမွန်ကောင်းများ ကျယ်လောင်စွာ သံပြိုင် ထွက်ပေါ်လာခဲ့၏။ သို့ရာတွင် ကမ္ဘာဦးအဆီအနှစ်များနှင့် အကြံအစည် ကျရှုံးခဲ့သောကြောင့် သူက မျက်နှာပျက်နေပြီး ရတနာကိုပင် ဆုံးရှုံးလိုက်ရသည်။ ထို့နောက် အခမ်းအနား စတင်သောအခါ မီးပန်းများ ကောင်းကင်တစ်ခွင် ထွန်းလင်း၍ ထောင့်တစ်ခုတွင် နေရာယူထားသည့် စုံတွဲအတွက် ပြကွက်အလားပင်။ သီချင်းနှင့် အကအလှများ၊ သေရည်သောက်သုံးနေကြသူများ စသဖြင့် ပတ်ဝန်းကျင်က တက်တက်ကြွကြွ ဖြစ်လာသော်လည်း တင်းမာမှုတစ်ခု ရှိနေဆဲ ဖြစ်သည်။

ငယ်ရွယ်သော ဟူယန်လော့က ခံစားချက်များကို ဖုံးကွယ်နိုင်သည်အထိ ရင့်ကျက်သေးပုံ မရချေ။ ကောင်းကင်မှ ရွှေရောင်နှင့် အနက်ရောင် ရောယှက်နေသည့် အလင်းတန်းတစ်ခု မျက်စိကျိန်းလောက်အောင် တောက်ပစွာ ဆင်းသက်လာ၍ သူ၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားသောအခါ လူတိုင်း အာရုံစိုက်လာကြ၏။

"ဒါက ဘာလဲ"

ဆောင်ပိုနှင့် နီးကပ်စွာ ရှိနေသော လျိုရင်ရင်က မေးလိုက်ခြင်းဖြစ်ပြီး သေရည်သောက်ထားသဖြင့် ပါးပြင်များ နီရဲ၍ တစ်ဖက်လူ၏ ပခုံးအပေါ် မှီထားသည်။

"ဒါက လူသားအင်မော်တယ်ရဲ့ လက်ဆောင်"

လူသားအင်မော်တယ်သည် အောက်ကမ္ဘာတစ်ခုသို့ ရောက်ရှိနေသောကြောင့် ဓားပညာရပ်ဆိုင်ရာ ဉာဏ်အလင်း ဝေမျှရန် ပြန်မလာခဲ့သော်လည်း ရှေးဟောင်းသားတော်ကို မျက်နှာသာပေးရန် လက်ဆောင်တစ်ခု ပို့ပေးလိုက်၏။ ဆောင်ပို၏ စကားကြောင့် လူအများ မနာလိုဖြစ်သွားကြပြီး မှုန်ကုပ်နေသည့် ဟူယန်လော့မှာလည်း မျက်လုံးများ တောက်ပ၍ အလင်းတန်းထံ ချက်ချင်း ပြေးသွားကာ ဒူးထောက်ခဲ့သည်။

"မျိုးဆက် ဟူယန်လော့က အင်မော်တယ်ဘိုးဘေးကို ကျေးဇူးတင်ပါတယ်"

သူက အသံကုန်အော်ဟစ်၍ လေးနက်စွာ သုံးကြိမ် ဦးချလိုက်ပြီး ပျော်ရွှင်ကျေနပ်နေသဖြင့် မည်သည့်သင်ကြားမှုထက်မဆို ပို၍ တန်ဖိုးရှိကြောင်း ထင်ရှား၏။

"ဒါက ဘာများလဲ"

လူအုပ်က စူးစမ်းလိုစိတ်ဖြင့် ဝိုင်းဝန်းမေးလိုက်ကြသည်။

"ကပ်ဘေးအရိုး"

ဟူယန်လော့၏ အဖြေကြောင့် လူငယ်ပါရမီရှင်များ မနာလိုမှုကြောင့် အသက်ရှူမှားမတတ် ဖြစ်ကုန်သည်။

"ကပ်ဘေးအရိုးကို ပိုင်ဆိုင်ထားရင် ရှေးဟောင်းသားတော်က တသက်လုံး ဓားအော်ရာအတွက် ပူပန်ရမှာ မဟုတ်တော့ဘူး"

အတွေ့အကြုံကြွယ်ဝသော ကျင့်ကြံသူများပင် မနာလိုစိတ်များ ပေါ်လွင်နေသဖြင့် ယွမ်ရှောင်က သိလိုစိတ် ပြင်းစွာ ဖြစ်ပေါ်လာသည်။

"ဒီရတနာက ဘာလဲ"

"ဒါက အမေ့ခံနတ်ဆိုးပင်လယ် ကပ်ဘေးနတ်ဆိုးတစ်ကောင်ရဲ့ အဓိကအရိုးဖြစ်ပြီး ဓားအော်ရာကို သန်မာစေတယ်"

"ဘယ်လောက်တောင် အားကောင်းစေတာလဲ"

"သတင်းတွေအရ ဓားအော်ရာ အရေအတွက် တစ်သိန်းကနေ သုံးသိန်းအထိ ဖြစ်ပေါ်လာစေနိုင်တယ်"

လန်ရီ၏ ရှင်းပြချက်ကြောင့် သူက မင်သက်သွားကာ ထိုအရေအတွက်ကို ကြားပင် မကြားဖူးပေ။

"မင်းရဲ့ ဆရာက ငါ့အတွက် တစ်ခုလောက် ပေးနိုင်လား"

"ဒါက ဂေါ်ဖီထုပ်တွေလို ပေါများနေတာ မဟုတ်ဘူး"

"ဒါဆိုရင် ငါ့အတွက် ယူပေးနိုင်မလား"

ယွမ်ရှောင်သည် ကပ်ဘေးအရိုးကို စိုက်ကြည့်နေဆဲဖြစ်သော်လည်း လန်ရီအား စနောက်ရန် မမေ့ချေ။

"ဒါကို လုယူလိုက်ရင် ရှေးဟောင်းအပျက်အစီးနယ်မြေကနေ ချက်ချင်း ထွက်ပြေးရမှာပေါ့"

သူမက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လူသားအင်မော်တယ်၏ လက်ဆောင်ကို လုယူရန် မဖြစ်နိုင်သလောက်ပင်။

"ဒီသင်္ကေတကို မြင်လား။ သွေးတံဆိပ်လို့ ခေါ်တယ်။. လူသားအင်မော်တယ်ရဲ့ မျိုးဆက်တစ်ယောက် မဟုတ်ရင် ဒီရတနာကို ရသွားရင်တောင် အပြည့်အဝ အသုံးမချနိုင်ဘူး"

သူမက ကပ်ဘေးအရိုး၏ တစ်နေရာသို့ ညွှန်ပြကာ သတိပေးသည်။

"ဒီသွေးတံဆိပ်က ချိုးဖျက်လို့ မရဘူးလား"

"မရဘူး။ အတင်းအကြပ်လုပ်ရင် သွေးတံဆိပ်က ရတနာကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်"

ထိုအချက်ကြောင့် ဤကပ်ဘေးအရိုးသည် ဟူယန်လော့တစ်ယောက်တည်းအတွက် ရည်ရွယ်ထားပြီး အခြားလူများ အသုံးပြုမည်ကို ကန့်သတ်ထား၏။

"ဒီကပ်ဘေးအရိုးနဲ့ဆိုရင် ရှေးဟောင်းသားတော်က အသက် ၁၈နှစ် ပြည့်တဲ့အထိ ဓားအော်ရာအတွက် စိတ်ပူရမှာ မဟုတ်ဘူး"

ဆောင်ပိုသည်ပင် လက်ဆောင်၏ အဖိုးတန်မှုကြောင့် အထင်ကြီးနေပြီး လျိုရင်ရင်မှာ ရှေးဟောင်းသားတော်ကို မရွေးချယ်ခဲ့သည့် လန်ရီ၏ ဆုံးဖြတ်ချက်အပေါ် ပို၍ အပြစ်မြင်လာသည်။ မွေးနေ့ပွဲသည် ထိုလက်ဆောင်ကြောင့် ပိုမို စည်ကားလာ၍ ဟူယန်လော့၏ မျက်နှာထား ပြေလျော့သွားကာ ရယ်မောပျော်ရွှင်ရင်း သေရည်ကို အရသာခံလိုက်၏။

"ကြည့်ရတာ မင်းက သူမရဲ့ ရွေးချယ်မှုကို မကြိုက်ဘူး။ သူမကလည်း ငါ့ကို အမြင်မကြည်ဘူး"

ယွမ်ရှောင်က ရယ်မော၍ ထောက်ပြလိုက်ပြီး လန်ရီသည် လျိုရင်ရင်၏ သဘောထားကြောင့် သက်ပြင်းချမိလိုက်သည်။

"သူမကို စိုးရိမ်မိတယ်။ ငါ့ကြောင့် ရင်ရင် အသုံးချခံရမှာကို မလိုချင်ဘူး"

လန်ရီ၏ အမြင်တွင် လျိုရင်ရင်၏ နောက်ခံသည် မွေးနေ့ပွဲရှိ အထက်တန်းလွှာများအောက် နိမ့်ကျကြောင်းနှင့် ဆောင်ပို၏ ရည်ရွယ်ချက်မှာ နေ့ခင်းကြောင်တောင်ကဲ့သို့ ရှင်းလင်းနေ၏။

"ဂရုမစိုက်တော့ဘူး။ ဒီည ရင်ရင်ကို ရအောင် ဆွဲခေါ်သွားမယ်။ ကျန်တာကို နောက်မှ ဖြေရှင်းရမှာပဲ"

လျန်ရီက နှုတ်ခမ်းကိုက်၍ ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ ယွမ်ရှောင်က ချောင်ကျကျ နေရာယူထားသော်လည်း အချို့သော လူများ၏ မနှစ်မြို့သော အေးစက်စက်အကြည့်များကို သတိထားမိ၏။

"ရှေးဟောင်းသားတော်က ကြေညာစရာ ရှိတယ်"

ဆောင်ပို၏ ကြေညာချက်ကြောင့် လူတိုင်း တိတ်ဆိတ်သွားကာ ဟူယန်လော့ထံ အကြည့်ရောက်ကုန်သည်။

"ဒီနေ့ ကြွရောက်လာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကပ်ဘေးအရိုးရဲ့ စွမ်းအားကို မျှဝေဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် သွေးတံဆိပ်နဲ့ စည်းခတ်ထားတဲ့အတွက် ဘယ်လောက်စုပ်ယူနိုင်မလဲ ဆိုတာကတော့ ကိုယ်တိုင်အပေါ် မူတည်နေပြီ"

သူက ကပ်ဘေးအရိုးကို ဆင့်ခေါ်၍ ခန်းမအတွင်း ရောက်နေသည့် ဓားကျင့်ကြံသူငါးဆယ်ကျော်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"တကယ်ပြောနေတာလား"

လူငယ်တစ်ယောက်က မယုံနိုင်ဟန်ဖြင့် မေးခွန်းထုတ်၏။

"မင်းတို့က လူသားအင်မော်တယ်ရဲ့ တိုက်ရိုက်မျိုးဆက် မဟုတ်တော့ အများကြီး စုပ်ယူနိုင်မှာ မဟုတ်ဘူး။ ငါ့အတွက် မပြောပလောက်ပါဘူး။ ကံကောင်းမှုတစ်ခုလို့ မှတ်ယူလိုက်ပါ"

"ရှေးဟောင်းသားတော်ရဲ့ မွေးနေ့ပွဲက တကယ်ကို ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်"

လူတိုင်းက မြှောက်ပင့်ပြောဆိုနေကြသဖြင့် ဟူယန်လော့မှာ ကျေနပ်ပျော်ရွှင်နေပြီး ကပ်ဘေးအရိုးကို လေထဲ မျောလွင့်စေလိုက်သောအခါ ထူးဆန်းစွာ လင်းလက်တောက်ပနေ၏။

"တစ်ယောက်ချင်းစီ လာကြ"

"ကျေးဇူးတင်ပါတယ် ရှေးဟောင်းသားတော်"

သူ၏ ညွှန်ကြားချက်အရ အစိမ်းရောင်ဝတ် လူငယ်တစ်ယောက် ရှေ့ထွက်လာကာ ကျေးဇူးတင်စကားဆို၍ ဓားဝိညာဥ်အား ဆင့်ခေါ်သည်။ ၎င်းက အပြာရောင်နှင့် အဖြူရောင် နှစ်မျိုးစပ် ဓားတစ်လက်ဖြစ်ကာ ဓားစက်ကွင်း ခြောက်ခုနှင့် ဓားအော်ရာ အလွှာလေးသောင်း ပိုင်ဆိုင်ထား၏။

"ဒါက ဘယ်သူလဲ"

"တုန်းလီအိမ်တော်က ချန်ခွန်၊ သတ္တုအဆင့်မြင့် ဓားဝိညာဥ် ပိုင်ဆိုင်တယ်"

ဆောင်ပိုက လျိုရင်ရင်အား ရှင်းပြနေသည်ကို ယွမ်ရှောင် ကြားလိုက်ရပြီး ငရဲကိုးထပ်ကမ္ဘာ၌ အစွမ်းအထက်ဆုံး သက်စောင့်တံဆိပ်မှာ သတ္တုအဆင့်နိမ့် ဖြစ်၍ ဤနယ်မြေတွင် လူငယ်ပါရမီရှင်တစ်ယောက်ပင် ပိုမို သန်မာနေကြောင်း နားလည်သွားခဲ့သည်။ ချန်ခွန်က ဓားဝိညာဥ်ကို ကပ်ဘေးအရိုး၏ စွမ်းအားထံ ထိုးသွင်းလိုက်သောအခါ ဟိန်းသံတစ်ချက်နှင့် ဧရာမငါးမန်းတစ်ကောင်ပုံရိပ် ထွက်ပေါ်လာ၍ ရက်စက်ကြမ်းကြုတ်စွာ ကိုက်ချလိုက်သောကြောင့် ဓားသွား၌ အက်ကွဲသံ ထွက်ပေါ်လာ၏။

"ဒီအရိုးကတောင် ဓားဝိညာဉ်ကို တိုက်ခိုက်နိုင်တာလား"

"ကပ်ဘေးနတ်ဆိုးတွေက ရက်စက်ကြမ်းတမ်းမှုကြောင့် နာမည်ကြီးတယ်။ ဒါပေမယ့် သူရဲ့ ဓားဝိညာဥ်က သန်မာတော့ အရိုးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာပါ"

ယွမ်ရှောင်၏ ရေရွတ်သံကို ကြားလိုက်ရသောအခါ လန်ရီက ရှင်းပြပေးခဲ့၏။

"ဓားအော်ရာ သုံးဆယ် စုပ်ယူနိုင်ခဲ့တယ်။ ဒီအရိုးက နာမည်ကျော်သလောက် ထိုက်တန်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်"

ချန်ခွန်က မျက်တောင်တစ်ခတ်အတွင်း လွင့်ထွက်သွားကာ ဓားဝိညာဥ်မှာ တဆတ်ဆတ် တုန်ခါနေ၏။ သူက ထရပ်၍ ကျေးဇူးတင်ပြီးသောအခါ ဟူယန်လော့သည် နောက်တစ်ယောက် ဆင့်ခေါ်ခဲ့ပြန်သည်။ ဓားကျင့်ကြံသူများက ကိုယ့်အလှည်ကို စိတ်လှုပ်ရှားတကြီး စောင့်ဆိုင်းနေကြသော်လည်း ကပ်ဘေးအရိုး၏ စွမ်းအား အနည်းငယ်ကိုသာ ရယူနိုင်သောကြောင့် ဤမျှရက်ရောနေသည်မှာ မထူးဆန်းတော့ပေ။ ဓားသမားငါးဆယ်က တစ်ယောက်လျှင် အလွှာသုံးဆယ် ယူဆောင်သွားနိုင်သည့်တိုင်အောင် ကပ်ဘေးအရိုး၏ စွမ်းအားအရ အရာပင် မထင်လောက်ချေ။

"သူက ရက်ရောနေတာ မဟုတ်ဘူး။ ငါ့ရဲ့ ဓားဝိညာဉ်ကို ဖျက်ဆီးချင်နေတာ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ဟူယန်လော့၏ ငါးစာကို ထောက်ပြလိုက်သည်။

"ဒါဆိုရင် သူက အစ်ကိုကြီးကို ထောင်ချောက်ဆင်နေတာပေါ့"

လန်ရီက အံ့သြတကြီး ဖြစ်သွား၏။

"ဟုတ်တယ်။ ကပ်ဘေးအရိုးရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ငါ သေသွားရင် မင်းလည်း ဘာမှလုပ်လို့မရတော့ဘူးလေ"

"ယုတ်မာလိုက်တာ။ ငါးစာကို သိပြီဆိုမှတော့ ရှောင်ရမှာပေါ့"

သူမက အံကြိတ်ထားပြီး ယွမ်ရှောင်အနေဖြင့် တစ်ဖက်လူ၏ အကြံကို ထိုးဖောက်မြင်နိုင်သည့်အတွက် ဝမ်းသာနေသည်။

"ဘာလုပ်မလို့လဲ"

"မစောင့်နိုင်တော့ဘူး။ ငါ တန်းစီလိုက်ဦးမယ်"

"ထောင်ချောက်မှန်း သိနေတာတောင် သွားမလို့လား"

သို့ရာတွင် ယွမ်ရှောင်က ရုတ်တရက် ထရပ်လိုက်သောကြောင့် သူမသည် အလန့်တကြား ဆွဲထားလိုက်မိ၏။

"ဟုတ်တယ်။ သွားရမယ်"

"ဘာကြောင့်လဲ။ ငါ နားမလည်ဘူး"

"ဘာကြောင့်လဲဆိုတော့ ထောင်ချောက်ဆင်တာ လူသိသွားတဲ့ ဒီစောက်ကလေးကို မွေးနေ့ပွဲမှာ ငိုသွားစေချင်လို့ပေါ့"

လန်ရီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သောအခါ ယွမ်ရှောင်သည် တစ်ချက်ပြုံး၍ ဟူယန်လော့ထံ စိုက်ကြည့်လိုက်လေသည်။

All Chapters