← Chapters

ဒါဟာ အိပ်မက်လား

Vol. 88 Ch. 1223

ဒါဟာ အိပ်မက်လား

Vol. 88 Ch. 1223

မန်ဟိုက အဖြေကို ချက်ချင်း မရေး။ ပထမဆုံး ... မည်သို့ဖြေရမလဲ ဂရုတစိုက် စဉ်းစားနေသည့်အလား မျက်လုံးများကို ပိတ်သည်။ သူ့မျက်လုံးများ ပြန်ဖွင့်လာသောအခါ ၎င်းတို့သည် စူးရှတောက်ပနေ၏။ ထို့နောက် သူသည် စုတ်တံကို ကိုင်၍ ပထမဆုံးအဖြေကို စတင်ရေးတော့သည်။

သူ့စုတ်တံ စာရွက်ကို ထိလိုက်သော အခိုက်အတန့်တွင် မြင့်မြတ်တည်ကြည်သောအရှိန်အဝါတစ်ခုက မိုးနှင့်မြေတွင် အရောင်အဝါများ ပြိုးပြိုးပြက်သွားစေရင်း မြို့ထဲ၌ ရုတ်တရက် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မြို့တစ်နေရာရှိ တားမြစ်နန်းတော်ထဲတွင် ဧကရာဇ်သည် ကျားရုပ်တစ်ရုပ်ကို ကိုင်ရင်း ထိုင်နေ၏။ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာတော့ တန်ခိုးရှင်အငွေ့အသက်များနှင့် ပြုံးနေသော တာအိုရသေ့တစ်ဦး ဖြစ်သည်။

ရုတ်တရက် တာအိုရသေ့၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက အံ့အားသင့်နေသောအမူအရာဖြင့် စာမေးပွဲကွင်းပြင်သို့ လှမ်းကြည့်လိုက်သည်။

“အင်ပါယာစာမေးပွဲကျင်းပနေတဲ့ စာပေသမားတစ်ယောက်က မြင့်မြတ်တည်ကြည်တဲ့အရှိန်အဝါတစ်ခုကို လှုံ့ဆော်ခဲ့တယ်။ ဘယ်သူများလဲ”

တာအိုရသေ့က လက်ချောင်းကို လှုပ်ရှားလိုက်ရာ ကျားခုံအပေါ်၌ ရေပွက်များသဖွယ် ဖြာထွက်သွားစေကာ စာပေးပွဲကွင်းပြင်၏ပုံရိပ်ဖြင့် အစားထိုးခံလိုက်ရစေသည်။

တာအိုရသေ့၏အကြည့်က စာမေးပွဲကွင်းပြင်ကို ဖြတ်ရင်း သူ့ရှာနေသောအရာကို လိုက်ရှာနေသည်။ မကြာမီ ပုံရိပ်က မန်ဟို ဒေါင်းကနေသကဲ့သို့ လှပကျော့မော့နေသည့် စာလုံးများအား ချရေးနေသောနေရာဖြစ်သည့် အခန်းတစ်ခန်းတွင် ရပ်သွားသည်။

တာအိုရသေ့မှာ ဧကရာဇ်ကို တအံ့တဩ ပြန်ကြည့်ပြီးနောက် မန်ဟို့ကို ပြန်ကြည့်လိုက်သည်။ သူက ပြုံးလိုက်၏။

“အဲဒီကောင်လေးက ထူးခြားတာလား” ဧကရာဇ်က မေးသည်။

“ထူးခြားတယ်၊ သိပ်ကို ထူးခြားတယ်” တာအိုရသေ့က တဟားဟားရယ်ရင်း ပြန်ဖြေသည်။ မန်ဟို့ကြည့်နေစဉ် သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုသည် ပို၍သာပြင်းထန်လာနေ၏။

“ကျုပ် နှစ်ပေါင်းများစွာ ခရီးနှင်နေခဲ့တဲ့တစ်လျှောက်လုံး အခုလို မြင့်မြတ်တည်ကြည်အရှိန်အဝါတစ်ခုကို လှုံ့ဆော်နိုင်တဲ့လူကို ပထမဆုံး မြင်ဖူးတာပဲ။ ဆုံးဖြတ်ပြီးသွားပြီ။ အခုကစပြီး သူက မြင့်မြတ်တည်ကြည်ဂိုဏ်းရဲ့ အဖိုးတန်မျိုးဆက်ပဲ” တာအိုရသေ့က ဝမ်းသာအားရ ရယ်ပြီးနောက် ထရပ်၍ စာမေးပွဲကွင်းပြင်ရှိရာသို့ လျှောက်သွားသည်။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းရှိ အဘိုးကြီးသည်လည်း တိုက်တိုက်ဆိုင်ဆိုင် ထိုဧရိယာကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်မိလိုက်၏။

သူ့နတ်ဘုရားအာရုံမှာ တာအိုနယ်ပယ်သို့ ရောက်ရှိနေခဲ့သည်သာမက ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဘိုးဘေးရတနာဖြင့်လည်း အားဖြည့်ခံထားရ၍ မယုံနိုင်လောက်အောင် အစွမ်းကြီးမားပြီး အကွာအဝေးများစွာ ရောက်နိုင်လေသည်။ ထိုမျှသာမက သူက ပို၍ဝေးဝေးလံလံ ရှာနိုင်ဖို့ အစွမ်းမြှင့်ထားသေးသည်။ ၎င်း လော့မြစ်ဂြိုဟ်ကို စစ်ဆေးသည့်အခါ တစ်ဂြိုဟ်လုံး တုန်ခါလာတော့သည်။

မန်ဟိုက စာရေးနေခြင်းကို ခေတ္တရပ်၍ မျက်လုံးများ ပိတ်လိုက်သည်။ နတ်ဘုရားအာရုံကို ယခုလေးတင် သူ သတိထားမိခဲ့သည်။ ၎င်းက သူ့ကိုယ်ပေါ်၌ ရပ်မသွားခဲ့သော်လည်း ရှာတွေ့ခံခဲ့ရပြီဖြစ်ကြောင်း သူ ခံစားလိုက်ရလေသည်။

“နှမြောစရာပဲ။ စာမေးပွဲတစ်ဝက်တောင် မဖြေရသေးဘူး...” သူက ရေရွတ်လိုက်သည်။ သူသည် အဖြေစာရွက်ကို ငုံ့ကြည့်ပြီးနောက် ပုံမှန်အတိုင်း ပြုံးလိုက်၏။ နတ်ဘုရားအာရုံကို အဖက်မလုပ်ဘဲ သူက စာဆက်ရေးနေလေသည်။

အဋ္ဌမတောင်ပေါ်က ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းတွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးက မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်သည်။ သူ့မျက်နှာမှာ အတန်ငယ်ဖြူဖျော့နေသော်လည်း သူက အင်္ကျီလက်စကို ခါလိုက်သေးသည်။ ချက်ချင်းပင် ကျောက်စိမ်းပြားထောင်ချီသည် အဋ္ဌမတောင်မှ ပျံထွက်ကာ အရပ်မျက်နှာအသီးသီးသို့ ဦးတည်ရင်း ဟင်းလင်းပြင်ကို ဖြတ်သွားကြ၏။

ကျောက်စိမ်းပြားများက မရေမတွက်နိုင်သောကျင့်ကြံသူများ၏ လက်ထဲတွင် ပေါ်လာပြီးနောက် အဘိုးကြီး၏အသံကို သူတို့စိတ်ထဲတွင် ကြားလိုက်ရစေသည်။ “ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်သုတ်သင်ခဲ့တဲ့ တိုင်းတစ်ပါးသားကျင့်ကြံသူက လော့မြစ်ဂြိုဟ်ပေါ်က မြင့်မြတ်တည်ကြည်နိုင်ငံရဲ့ မြို့တော်မှာ အင်ပါယာစာမေးပွဲဖြေနေတယ်”

ကျောက်စိမ်းပြားများက မန်ဟို့တည်နေရာကိုလည်း အတိအကျဖော်ပြပေးထားရာ ၎င်းတို့ကို ကိုင်ထားသည့် မည်သူမဆို မန်ဟို့အား အလွယ်တကူ ရှာနိုင်လေသည်။

လူရိပ်ပေါင်းများစွာက ဆုကြေးအား သူတို့ထက်အရင် သူများရသွားမှာစိုး၍ လော့မြစ်ဂြိုဟ်ရှိရာသို့ အလောတကြီး ထွက်လာကြသည်။

ကြယ်တာရာကောင်းကင်တစ်နေရာတွင် အသက်သုံးဆယ်ပတ်ဝန်းကျင် လူငယ်တစ်ယောက်သည် လက်နှစ်ဖက်ကျောနောက်ပစ်လျက် လမ်းလျှောက်နေ၏။ သူ့အနောက်တွင် အဆုံးမဲ့အလင်းရောင်တောက်ပနေသည့် ကောင်းကင်နတ်ဘုရားအသွင် ဧရာမအရိပ်ကြီးတစ်ခုအား မြင်ရနိုင်သည်။

လူငယ် လမ်းလျှောက်နေစဉ် ကျောက်စိမ်းပြားတစ်ပြားက သူ့ဆီ ပြေးဝင်လာ၍ သူက ဖမ်းလိုက်သည်။ ထို့နောက် သူ့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာ၏။ သူက ပြုံးရင်း လော့မြစ်ဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

နောက်တစ်နေရာတွင် မီတာသုံးထောင် သွေးမြူတိမ်တစ်ခုသည် ကြယ်တာရာကောင်းကင်တွင် တဖွေးဖွေးလှုပ်နေ၏။ ၎င်းအတွင်းထဲ၌ အစွမ်းထက်သားရဲအမျိုးမျိုးမှာ ဟိန်းဟောက်ရင်း မြူထဲမှ ရုန်းထွက်ဖို့ ရုန်းကန်နေကြသည်။ သို့သော် မကြာမီ သူတို့ခန္ဓာကိုယ်များ စိစိညက်ညက်ကြေသွားပြီး မြူထဲ စုပ်ယူခံလိုက်ရသဖြင့် တဂျွတ်ဂျွတ်မြည်သံများ ပဲ့တင်ထပ်ကျန်ခဲ့သည်။

ရုတ်တရက် ကျောက်စိမ်းပြားတစ်ပြားက ကောင်းကင်ကို ဖြတ်၍ သွေးမြူတိမ်ထဲ ဝင်သွားသည်။  အချိန်အနည်းငယ်ကြာသော် ကျောချမ်းဖွယ်ရယ်သံကြီးတစ်သံ ထွက်လာ၏။

“နောက်ဆုံးတော့ သူ့ကို ရှာတွေ့ပြီပေါ့လေ... စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားစရာပဲ...” သွေးမြူတိမ်က ဦးတည်ရာပြောင်း၍ လော့မြစ်ဂြိုဟ်သို့ ရွေ့လျားသွားသည်။

လော့မြစ်ဂြိုဟ်မှ သိပ်မဝေးသော ကြယ်တာရာကောင်းကင်တစ်နေရာတွင် အမျိုးသမီးတစ်ယောက် ပျံသန်းနေသည်ကို မြင်ရနိုင်သည်။ သူမသည် ကြာပွတ်တစ်လက်ကို ခါးတွင် ရစ်ခွေချိတ်ထားပြီး အရိုင်းဆန်ဆန်မျက်ဝန်းများနှင့် လူရိုင်းအသွင်အပြင် ရှိ၏။ ရုတ်တရက် သူမပတ်ပတ်လည်တွင် ဧရာမမြွေကြီးများ ဖြစ်ပေါ်လာပြီးနောက် သူမအား လော့မြစ်ဂြိုဟ်ရှိရာသို့ သယ်ဆောင်သွားသည်။

အမျိုးသမီးသည် ကြမ်းတမ်းသော်လည်း အတော်တော့ လှ၏။ လော့မြစ်ဂြိုဟ်အနား ရောက်လျှင် သူမက လေချွန်လိုက်သည်။ လေချွန်သံက သိပ်မစူးသော်လည်း ရလဒ်အနေဖြင့် လော့မြစ်ဂြိုဟ်ပေါ်ရှိ မြေမျိုးနွယ်သတ္တဝါအားလုံး ရုတ်တရုတ် ကျယ်လောင်စွာ တွန်ကြတော့သည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားရန် သိပ်မကြာလိုက်ပေ။ ပထမဆုံးလှုပ်ရှားသည်ကတော့ လော့မြစ်ဂြိုဟ်အပေါ်၌ပင် ရှိသော ဂိုဏ်းများဖြစ်သည်။ ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံး မြေလှန်ရှာနေသောလူက သူတို့၏ဂြိုဟ်ပေါ် ရောက်နေလိမ့်မည်ဟု သူတို့မည်သို့ထင်ထားခဲ့မည်နည်း။

လော့မြစ်ဂြိုဟ်သည် အဋ္ဌမတောင်ပင်လယ်ရှိ ဂြိုဟ်ကြီးလေးလုံးထဲမှ တစ်လုံးဖြစ်သည်။ ဂြိုဟ်ပေါ်၌ မြင့်မြတ်တည်ကြည်ဂိုဏ်းအပြင် တခြားဂိုဏ်းသုံးဂိုဏ်း ရှိသေးလေသည်။

ထိုဂိုဏ်းလေးလုံးက လော့မြစ်ဂြိုဟ်၏ ဘုရင်များဖြစ်ကြ၍ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့တွင် အလွန်အရေးပါသောနေရာများကို သိမ်းပိုက်ထားကြ၏၊ လောလောဆယ်တွင် ဂိုဏ်းလေးဂိုဏ်းလုံးကား အင်အားအလုံးအရင်းဖြင့် မြို့တော်သို့ ဦးတည်လာနေကြလေပြီ။

အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်လာပြီး လေမုန်တိုင်းများ တိုက်ခတ်လာကာ မြေငလျင်များလည်း လှုပ်ခတ်လာသည်။ သို့သော် မန်ဟိုက သူ၏စာဖြေအခန်းငယ်လေးထဲတွင် အဖြေများ ချရေးနေဆဲပင်။ သူ့မှာ စာမေးပွဲတစ်ခုလုံးကို ပြီးဆုံးအောင် ဖြေ၍ အတိတ်တုန်းက စာမေးပွဲကျခဲ့မှုများကို ဖြေသိမ့်ချင်လေသည်။

အသက်ဆယ်ရှိုက်ကြာသော် မန်ဟိုသည် နောက်ဆုံးစာလုံးကို ရေးပြီးသွား၏။ သူက အသက်၀၀ရှူပြီး အဖြေစာရွက်ပေါ်က မှင်များ ခြောက်အောင် မှုတ်ပြီးနောက် စုတ်တံကို ချလိုက်သည်။

"အောင်စာရင်းထွက်လာတဲ့အထိ စောင့်လို့မရတာ ဆိုးလွန်းတာပဲ …. ဒီတစ်ခေါက်တော့ ငါ သေချာပေါက် ကျမှာမဟုတ်ဘူး။ ဘယ်လိုနေနေ ဆိုးတာက ဆိုးတာပဲလေ။ ငါ့အနေနဲ့ သူဋ္ဌေးကြီးဖြစ်ချင်တဲ့ ငါ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အရာရှိတစ်ဦး ဖြစ်မလာနိုင်တော့ဘူး ...." သူက ဟက်ခနဲ တစ်ချက်ရယ်ရင်း ထရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အပြင်၌ လေတစ်ချက် တိုက်ခတ်လာပြီး ရုတ်တရက် တစ်စုံတစ်ခုက သာမန်ကျင့်ကြံသူများထက် ကျော်လွန်သော အမြန်နှုန်းဖြင့် စာမေးပွဲကွင်းပြင်သို့ ဝုန်းခနဲ ၀င်လာသည်။ ၎င်းက ... မြည်းတစ်ကောင်ဖြစ်၏။

မြည်း စာမေးပွဲကွင်းပြင်ထဲ ၀င်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ မျက်လုံးပြူးကုန်ကြသည်။ စာမေးပွဲစောင့်အရာရှိ ပါးစပ်အဟောင်းသားဖြစ်နေစဉ် မြည်းက မန်ဟို၏စာဖြေခန်းနံရံကို ခေါင်းဖြင့် ဆောင့်တိုက်၍ ချိုးဖျက်ပြီး အထဲသို့ ၀င်သွားလေသည်။

မန်ဟိုက တဟားဟားရယ်၍ ‌မြည်းကျောပေါ် တက်ကာ တစ်ဖက်နံရံကို ဖောက်ထွက်လိုက်သည်။ ထို့နောက် မြည်းက လေပေါ် ပျံတက်သွားရာ စောင့်ကြည့်နေသူတိုင်း အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်တော့သည်။

"အင်မော်တယ်ပါလား"

"ဒါပေမယ့် အင်မော်တယ်တစ်ယောက်က ဘာလို့ အင်ပါယာစာမေးပွဲ လာဖြေနေတာတုန်း"

"ဘုရားရေ ငါအခုလေးတင် အင်မော်တယ်တစ်ယောက်နဲ့ အင်ပါယာစာမေးပွဲ‌ အတူတူဖြေလိုက်ရတာ ယုံတောင်မယုံနိုင်ဘူး" တအံ့တသြအော်သံများက လေထဲတွင် ပဲ့တင်ထပ်နေသည်။

မန်ဟို မြည်းကိုစီးလျက် လေပေါ် ပျံတက်သွားသောအခိုက်အတန့်တွင် အလင်းတန်းတစ်တန်းက အနားရောက်လာ၏။ ၎င်းက တာအိုရသေ့မှတစ်ပါး အခြားမဟုတ်ပေ။ သူ၏မျက်နှာပေါ်တွင် ထူးခြားသော အမူအရာတစ်ခုရှိသည်။ သူသည် ကျောက်စိမ်းပြားတစ်ပြားမှ လက်ခံမရရှိခဲ့၍ မန်ဟိုက မည်သူမည်ဝါမှန်း မသိ‌ပေ။ ကြည့်ရသရွေ့ သူသည် ထိုအချက်ကို ဂရုမစိုက်သလို၊ မန်ဟို ကျင့်ကြံသူဟုတ်ဟုတ် မဟုတ်ဟုတ်ပင် ဂရုမစိုက်မည့်ပုံပေါ်သည်။

"ဟိတ် ညီလေး မသွားနဲ့ဦး" တာအိုရသေ့က လှမ်းအော်သည်။ "မကြောက်ပါနဲ့။ ငါက မြင့်မြတ်တည်ကြည်ဂိုဏ်းက ရှုရန်ပါ။ မင်း ငါတို့ ဂိုဏ်းကို ၀င်ချင်ရင် အချိန်မရွေး ၀င်လို့ရတယ်နော်

"မြင့်မြတ်တည်ကြည်ဂိုဏ်းမှာ တာအိုမှော်သိုင်းစာလိပ်တစ်ထောင်၊ မှော်အတတ်သုံးထောင်နဲ့ မရေမတွက်နိုင်တဲ့ ဂိုဏ်းသားတွေရှိတယ်။ ငါတို့က ကောင်းကင်နတ်ဘုရားမဟာမိတ်မှာလည်း အဆင့် ၇

"ငါတို့က လော့မြစ်ဂိုဏ်းရဲ့ ၃၀ ရာခိုင်နှုန်းကိုတောင် သိမ်းပိုက်ထားတာ။ လာပါ ငါတို့ထဲ ၀င်လိုက်စမ်းပါ။ မင်း ၀င်လိုက်ရင် မင်းဘာမဆို လုပ်နိုင်ပြီနော်"

မန်ဟိုမှာ ထိုလူ့စကားကို ကြားသည်နှင့် မျက်လုံးပြူးသွားသည်။ သို့သော် သူ ပြန်မဖြေနိုင်ခင် မရေမတွက်နိုင်သော အလင်းတန်းများက အပေါ်ထက်မှ ရုတ်တရက် ထိုးဆင်းလာကြ၏။

"မန်ဟို အဲ့ဒါ မန်ဟိုပဲ"

"ဆိုတော့ သူက ဒီရောက်နေတာကိုး။ သူ့ကို သတ်ပစ်။ သူ့ကို သတ်ပစ်နိုင်ရင် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက နှစ်တစ်ထောင် ကျွန်ခံပေးမယ်တဲ့"

"သူ့ကို သတ်ကြ" စိတ်လှုပ်တရှားအော်သံများ ပဲ့တင်ထပ်နေစဉ် အရပ်လေးမျက်နှာမှ ဦးတည်လာသော ကျင့်ကြံသူအရေအတွက်ကား တစ်ထောင်ထက် မနည်းပေ။

မန်ဟို၏မြည်းမှာ တဆတ်ဆတ် တုန်ရီလာပြီး သူ့ကို တောင်းလျှိုးပန်လျှိုး ကြည့်သည်။ မန်ဟိုက ဟက်ခနဲ ရယ်၍ မြည်းပေါ်မှဆင်းလိုက်ရာ မြည်းသည် ဖောက်ခနဲ အသားဂျယ်လီအသွင်ပြောင်းပြီးနောက် မန်ဟို၏သိုလှောင်အိတ်ထဲ ၀င်သွားလေသည်။

"ဘယ်လောက်နှမြောစရာ ကောင်းလိုက်သလဲ" မန်ဟိုက ခေါင်းခါရင်း ပြောသည်။ အေးစက်စက်အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး သူ ထိုသို့ပြုံးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အရှိန်အဝါသည် ပြောင်းလဲသွား၏။ သူကား စာပေသမားနှင့် မတူတော့ဘဲ စွမ်းအားတို့ပြည့်၀နေသော မိစ္ဆာနတ်ဆိုးကြီးနှင့် တူလာတော့သည်။ သူက လက်ကိုဝှေ့ယမ်းရင်း ကောင်းကင်ထက်တွင် အ‌ဆုံးမဲ့သွေးအလင်းရောင်များ တောက်ပသွားစေသဖြင့် အရာအားလုံး တဝုန်းဝုန်းမြည်လာသည်။ ထို့နောက် ဧရာမအကွဲကြောင်းကြီးတစ်ကြောင်း ပွင့်လာပြီးနောက် သွေးမိစ္ဆာကြီးက ဟိန်းဟောက်ရင်း ထွက်လာကာ ဝိုင်းထားသောကျင့်ကြံသူများဆီ ပြေးတက်သွားသည်။ မန်ဟို၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီး၀င်း၀င်းတောက်နေ၏။ သူကား သူ့ကိုသတ်ဖို့ ကြိုးစားနေသော အဋ္ဌမတောင်ပင်လယ်၏ ဤကျင့်ကြံသူများကို သနားညှာတာနေမည်မဟုတ်ပေ။

မန်ဟိုက လှစ်ခနဲ မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင် ပြောင်းရင်း ရန်သူကျင့်ကြံသူများအား လျှပ်စီးသဖွယ် ဝင်တိုက်လိုက်သည်။ အင်မော်တယ်တောင်များ ကျရောက်လာသည်။ ခရမ်းလ ပြိုးပြက်လက်သွားပြီး နေတစ်စင်းက ပတ်ဝန်းကျင်ရှိ အလင်းရောင်ခပ်သိမ်းကို စုပ်ယူပြီးနောက် အားလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ရန်သူများစွာ ကောင်းကင်အပြင် လွင့်ထွက်ကုန်သဖြင့် သွေးပျက်စွာအော်သံများ ဆူညံသွား၏။

သွေးများက အရပ်လေးမျက်နှာတွင် ပြန့်ကြဲကာ အသားသွေးမိုးအဖြစ် မြေကြီးအပေါ် ရွာကျလာသည်။

ဝိုင်းထားသော ကျင့်ကြံသူများအနက် တစ်ရာခန့်က အစိမ်းရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားသည်။ သူတို့သည် ချက်ချင်း မတိုက်ခိုက်ဘဲ တီးတိုးမန်းမှုတ်ပြီးနောက် သူတို့သာ မြင်ရသော အံ့မခန်းလိလိအရှိန်အဝါတစ်ခုအား ဖော်ဆောင်လိုက်ကြ၏။

မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူ့အနေဖြင့် ထိုအရှိန်အဝါကို မမြင်ရသော်လည်း ဤလူများ၏ ကျင့်စဉ်မှာ လွန်စွာပြိုင်ဘက်ကင်းကြောင်း ခံစားလိုက်ရသည်။

၎င်းက သူ နဝမတောင်ပင်လယ်တွင် ကြုံတွေ့ခဲ့ရသည့် အမွှေးနံ့သာအစည်းအရုံး၏ တာအိုမှော်ကျင့်စဉ်နှင့် တူသယောင်ယောင် ရှိသည်။

မန်ဟို သူတို့ လုပ်နေသောအရာကို သတိထားမိလိုက်သော အခိုက်အတန့်တွင် တာအိုရသေ့က ရုတ်တရက် ဒေါသူပုန်ထသွားသည်။ သူက ရှေ့တက်၍ ကျင့်ကြံသူတစ်ရာခန့်၏အရှေ့တွင် ရပ်ကာ ကြိမ်းမောင်းလိုက်လေသည်။ “မင်းတို့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ ဘာလုပ်နေတယ်ထင်လဲ။ ဘာတုန်း ဂိုဏ်းကို သိက္ခာချနေတာလား။ သူ့ကို မင်းတို့ရဲ့ ဂိုဏ်းတူဦးလေးလို့တောင် ခေါ်သင့်တာကွ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူများမှာ တုံ့ခနဲ ရပ်ပြီး ကြောင်အမ်းကုန်ကြသည်။ ထိုအဖွဲ့ကို ဦးဆောင်နေသော အဘိုးအိုက ရှေ့တက်၍ တာအိုရသေ့အား အားတုံ့အားနာ ပြုံးပြပြီးနောက် လက်ယှက်အရိုအသေပေးလိုက်၏။

“ရသေ့ဘိုးဘိုး ဒီလူက .... ဒီလူက ဟို ... မန်ဟိုပါ”

“မန်ဟိုဆိုတော့ရော ဘာလုပ်ရမှာတုန်း” တာအိုရသေ့က မျက်စောင်းထိုးရင်း ပြန်ပြောသည်။

အဘိုးအိုမှာ ချီတုံချတုံဖြစ်ပြီးနောက် တာအိုရသေ့ စိတ်မနှံ့ခြင်းကြောင့် ကျော်ကြားသည်ကို တွေးရင်း အလျင်အမြန် ရှင်းပြလိုက်သည်။ “မန်ဟိုက... ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြုတ်သုတ်သင်ခဲ့တဲ့တစ်ယောက်ပါ”

“ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်သုတ်သင်ခဲ့တယ်တဲ့လား” တာအိုရသေ့က ချာခနဲ လှည့်၍ ပို၍ပင် ထူးဆန်းနေသော အမူအရာဖြင့် မန်ဟို့အား ကြည့်သည်။

“ဟားဟားဟား ငါ့တပည့်ဆိုတဲ့အတိုင်းပဲ။ ပြောင်မြောက်တယ်၊ ပြောင်မြောက်တယ်။ အဲဒီဝိညာဉ်အဖွဲ့အစည်းက ခွေးသူတောင်းစားတွေကို ငါ မျက်မုန်းကျိုးနေခဲ့တာ နှစ်ချီနေပြီ။ မင်းက တကယ်ပဲ ငါ့တပည့်ဖြစ်ဖို့ ရေစက်ပါသကိုး။ ငါ့ကို ဆရာအဖြစ် တရားဝင်တောင် ဂါဝရမပြုရသေးဘူး။ ငါ့အတွက် ခေါင်းကိုက်စရာတွေထဲက တစ်ခုကို ဖြေရှင်းပြီးသွားပြီ”

All Chapters