← Chapters

လိမ္မာစမ်းပါ ငါ့တပည့်လေးရာ မပြေးပါနဲ့

Vol. 88 Ch. 1224

လိမ္မာစမ်းပါ ငါ့တပည့်လေးရာ မပြေးပါနဲ့

Vol. 88 Ch. 1224

ထူးဆန်းသောအမူအရာတစ်ခုအား မန်ဟို့မျက်နှာအပေါ်တွင် မြင်ရနိုင်သော်လည်း သူ ဘာမှမပြောနိုင်ခင် တာအိုရသေ့က မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ဂိုဏ်းသားများကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

“ဘာရပ်လုပ်နေကြတာတုန်းကွ။ မင်းတို့ဂိုဏ်းတူဦးလေး အနိုင်ကျင့်ခံနေရတာ မမြင်ဘူးလား။ ကူကြလေကွာ” တာအိုရသေ့က ခြေဆောင့်နင်း၍ လေထုအား ဝုန်းခနဲ မြည်သွားစေသည်။ မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ဂိုဏ်းသားများမှာ ကူရာမဲ့နေသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

အဖွဲ့၏ ရှေ့ဆုံးတွင် ဦးဆောင်နေသော အဘိုးအိုမှာတော့ မျက်ရည်များပင် ဝဲနေသယောင် ထင်ရသည်။ သူ့မှာ မန်ဟို့ကို တိုက်ခိုက်ရမှာလား၊ မတိုက်ခိုက်ရဘူးလား ဝေခွဲမရတော့သဖြင့် သက်ပြင်းရှည်ကြီး ချလိုက်မိလေသည်။

သူ လွန်ဆွဲနေသည့်အချိန်မှာပင် လေချွန်သံတစ်သံအား ကောင်းကင်ထက်မှ ကြားလိုက်ရသည်။ အသံပဲ့တင်ထပ်နေစဉ် လော့မြစ်ဂြိုဟ်ပေါ်ရှိ မြွေအားလုံး ကျယ်လောင်စွာ တွန်ကြတော့သည်။

မြေတွန်သံများ ဆူညံလာပြီး တိမ်တိုက်များ ဆူပွက်လာကာ မန်ဟို့ထံ ပြေးဝင်လာနေသော မြွေအုပ်ကြီးကို ဖော်ပြလိုက်သည်။

တစ်ဆက်တည်းမှာပင် လျှာနှစ်ခွကို ပြူတစ်ပြူတစ်ထုတ်လျက် သွေးအေးအေးမျက်ဝန်းများဖြင့် မြွေများက မြှားများသဖွယ် မြေကြီးကို ဖောက်ထွက်လာကြသည်။

သို့သော် မပြီးဆုံးသေး။ ဝေဟင်ထက်မှ ပို၍ပင်ကြီးမားသော မြွေကြီးတစ်ကောင် ပျံဆင်းလာသည်။ ၎င်းက အရောင်အဝါတို့ တောက်ပနေသည့်အပြင် ပါရာဂွန်တစ်ပါးကဲ့သို့ အရှိန်အဝါကိုပင် ထုတ်လွှတ်နေ၏။

ကျင့်ကြံသူအားလုံး တုန်လှုပ်ကုန်ကြသည်။ မန်ဟိုကမူ မော့ကြည့်လိုက်သောအခါ မျက်လုံးများ တဒင်္ဂပြူးကျယ်သွားသော်လည်း ထို့နောက်တွင် သူ့အပြုံးသည် ဖြစ်ထွန်းလာ၏။

“နောက်ဆုံးတော့” သူက ရေရွတ်လိုက်သည်။ “ဒေသခံရွေးချယ်ခံတွေကို... မြင်ရပြီပဲ” သူသည် တိုက်ခိုက်ရန် လက်ယားနေပြီဖြစ်၍ မြွေကြီးပေါ်လာလျှင်ချင်း ကောင်းကင်သို့ ပျံတက်သွားသည်။ သူ၏ရွေ့လျားမှုက အလွန်လျင်မြန်လွန်းသဖြင့် ပေါက်ကွဲသံများပင် ပဲ့တင်ထပ်လာသည်။ သူသည် သူ၏အပြင်အားကိုယ်ခွန်အားတစ်ခုတည်းအပေါ်သာ အားပြုရင်း မြွေအုပ်ကြီးကို ဝင်တိုက်လိုက်၏။ ၎င်းတို့ ဟိန်းဟောက်ပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသောအခိုက်အတန့်တွင် မန်ဟိုက ပါရာဂွန်သဖွယ်မြွေကြီးဆီသို့ ရောက်ရှိသွားခဲ့လေပြီ။

သူက လက်ကို သွက်လက်စွာ ဝှေ့ယမ်းရင်း နတ်မီးတောက်အဆီအနှစ်ကို ဖြန့်ကျက်ကာ မည်သည့်အရာကိုမဆို ပြာချပစ်နိုင်သော မီးပင်လယ်တစ်စင်းဖြစ်လာစေသည်။ တုံ့ပြန်သည့်အနေဖြင့် မြွေကြီးက ပါးစပ်ဟ၍ မီးများ ၎င်းကို မထိနိုင်အောင် လေလှိုင်းတစ်လှိုင်းအား မှုတ်ထုတ်ပြီးနောက် ပါးစပ်ကြီးဖြဲလျက် မန်ဟို့ဆီ ပြေးဝင်လာသည်။

မန်ဟိုက အေးစက်စက် ပြုံး၍ လက်သီးဆုပ်ပြီးနောက် မြွေကြီးနှင့် ၎င်း၏ပါးစပ်ကြီးကို ထိုးချလိုက်သည်။

ပထမဆုံးလက်သီး အသက်နုတ်လက်သီး

လက်သီး လေကို ခွင်းသွားနေစဉ် မိုးနှင့်မြေမှာ တဖျတ်ဖျတ်လက်နေသော အရောင်အဝါများဖြင့် ထိတ်လန့်ဖွယ်ကောင်းလာသည်။ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး အရာခပ်သိမ်း ပြင်းထန်စွာ တုန်ခါလှုပ်ရမ်းလာသည်။ မြေကြီးထံမှ မချိတင်ကဲ အော်သံကြီးနှင့်အတူ မြွေကြီး၏ခန္ဓာကိုယ်မှာ တစစီပြိုကွဲသွားတော့သည်။

မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ အသံမှာ သိပ်မကျယ်သော်လည်း ၎င်းပဲ့တင်ထပ်နေသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်ရှိ မြွေအားလုံး တုန်ရီစပြုလာသည်။ ၎င်းတို့က သူ့အနား မကပ်ရဲတော့သဖြင့် လှည့်ကာ ပြေးကြလေသည်။

“ပိတ်ထားစမ်း” တစ်ယောက်က အထက်စီးဆန်စွာ မာန်မဲသည်။ ၎င်းသည် မန်ဟို့ထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေသော ငါးရောင်ခြည်အလင်းတန်းတစ်တန်းအား စီးနင်းနေသည့် လူရိုင်းမဖြစ်၏။

ထိုလူရိုင်းမလေးသည် အသားမည်းသော်လည်း အတော်လေးလှ၏။ သူမတူသော အငွေ့အသက်လည်းရှိရာ မန်ဟို ကြုံတွေ့ခဲ့ဖူးသော ကျင့်ကြံသူအမျိုးသမီးများထံမှ ကွဲထွက်နေသည်။

“မြွေနဂါးမယ်”

“အဲဒါ မြွေနဂါးစပ်ဂိုဏ်းက မြွေနဂါးမယ်ပဲ။ သူ ဒီ လော့မြစ်ဂြိုဟ်ပေါ် ရောက်လာတာ ယုံတောင်မယုံနိုင်ဘူး”

“မန်ဟို့အတွက် မဟာမိတ်ကနေ ထုတ်ပြန်ထားတဲ့ ဆုကြေးက စွဲမက်စရာကောင်းလွန်းတယ်မဟုတ်လား။ မြွေနဂါးစပ်ဂိုဏ်းတောင် ပါလာပြီ ... ဒါမှမဟုတ် မာနကြီးလွန်းတဲ့ ဟော့ဒီ မြွေနဂါးမယ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့တာဖြစ်မယ်....”

“သူ ဒီကို ရောက်လာတယ်ဆိုတော့ ကောင်းကင်နတ်ဘုရားရဲ့ လက်သည်းကိုးသွယ်ထဲက ကျန်ရှစ်ယောက်လည်း လာနေလောက်ပြီ” လူတိုင်း ဆွေးနွေးနေကြစဉ် မြင့်မြတ်တည်ကြည်ဂိုဏ်းမှ အဘိုးအိုမှာ မြွေနဂါးမယ်၏ရောက်ရှိလာမှုက သူ့အား ရှက်စရာကောင်းသောအခြေအနေမှ ကယ်တင်ပေးခဲ့သည်ကို ကျေးဇူးတင်ရင်း သက်ပြင်းချလိုက်သည်။ ယခုတွင် သူ့မှာ မန်ဟို့ကို တိုက်ခိုက်ရမလား၊ မတိုက်ခိုက်ရဘူးလား ဆုံးဖြတ်စရာမလိုတော့ပေ။

သူက သူ့ဆရာဖြစ်သူကို မျက်လုံးထောင့်မှ မသိမသာအကဲခတ်ရင်း ခပ်ယဲ့ယဲ့သာ ပြုံးလိုက်မိသည်။ ယခုလောလောဆယ်တွင် တာအိုရသေ့၏မျက်လုံးများသည် ဝင်းလက်တောက်ပနေ၍ ထိုအမူအရာပေါ်လာလျှင် တာအိုရသေ့ ကမောက်ကမတစ်ခုခု လုပ်တော့မည်ဖြစ်ကြောင်း အဘိုးအို သိလိုက်သည် ....

မန်ဟိုက သူ့ဆီ လာနေသော အမျိုးသမီးကို ကြည့်ပြီး မျက်လုံးများကျဉ်းမြောင်းသွားသည်။ တစ်ချိန်တည်းမှာပင် သူမ မည်သူဖြစ်ကြောင်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ပြောနေသည်ကို ကြားလျှင် အပြုံးတစ်စက သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။

“ကောင်းကင်နတ်ဘုရားရဲ့ လက်သည်းကိုးသွယ်။ သူတို့က ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ ရွေးချယ်ခံတွေ ဖြစ်ရမယ် ... သိပ်ကောင်းတယ်။ နဝမတောင်ပင်လယ်မှာ ငါ့အကြွေးအတော်များများ တောင်းပြီးပြီ အခု ဒီရောက်နေပြီဆိုတော့ ... အဋ္ဌမတောင်ပင်လယ်မှာလည်း အကြွေးမြီလည်း ဘာလေးချဦးမှပဲ” သူသည် ကျယ်လောင်စွာ ရယ်ရင်း မြွေနဂါးမယ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။

မြွေနဂါးမယ်မှာ မန်ဟို မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သို့သော် သူမက တိုက်ပွဲကို မရှောင်။ သူမ ညာလက်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ ငါးရောင်ခြယ်အလင်းအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေပြီး မန်ဟို့ထံ ဟိန်းဟောက်ပြေးဝင်သွားသည့် မြွေငါးကောင် ဖြစ်လာစေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ခေါင်းလောင်းတွဲတစ်တွဲကို ဆင့်ခေါ်လိုက်၏။ သူမ ၎င်းကို ခါလိုက်လျှင် သာယာနာပျော်ဖွယ်တေးသံထွက်လာသည်။ သို့သော် ထိုအသံ မန်ဟို့နားထဲ ရောက်သည့်အခါ ကောင်းကင်ဘုံ၏အမြင့်ဆုံးအထပ်မှ ထစ်ချုန်းသံကြီးနှင့် တူပြီး သူ့စိတ် တုန်ရီသွားသည်ကိုပင် ခံစားလိုက်ရ၏။

မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် တာအိုနတ်ဘုရားကျမ်းစာကို ကျင့်ကြံခဲ့ပြီးဖြစ်၍ စိတ်အာရုံတုန်ခါလှိုင်းများ သူ့ကို ထိမှန်လျှင်ချင်း သူက သူ၏နတ်ဘုရားအာရုံကို ကိုယ်ပျောက်လေမုန်တိုင်းအသွင်ပြောင်း၍ လှိုင်းများအား ပြန်ရိုက်ခတ်စေလိုက်သည်။ မြွေနဂါးမယ် မျက်နှာပျက်သွားပြီး သွေးများက သူမနှုတ်ခမ်း‌ထောင့်မှ စီးကျလာ၏။ သူမက အထိတ်တလန့် နောက်ဆုတ်လိုက်သည်။

သူမ ဘာမှမလုပ်နိုင်ခင် မန်ဟိုက မြွေငါးကောင်ထံသို့ လျှပ်စီးသဖွယ် ပြေး၀င်သွားသော မိုးပြာရောင်သိမ်းငှက်အသွင် ပြောင်းသွားသည်။ မှန်သည်။ ဂဠုန်သိမ်းငှက်များသည် မြွေနဂါးများ၏ ဗဟိုရန်သူတော်ကြီးဖြစ်သည့်အတွက် ၎င်း၏အရှိန်အဝါ ပေါ်လာလျှင်ချင်း မြွေငါးကောင်မှာ ချက်ချင်း တုန်ရီသွားသည်။ မိုးပြာရောင်သိမ်းငှက်က လျင်မြန်စွာ ချဉ်းကပ်လာပြီး ခြေသည်းများဖြင့် မြွေငါးကောင်ကို ပိုင်းချလိုက်သည်။

မြွေများမှာ မတိုက်ခိုက်နိုင်တော့ဘဲ အပိုင်းပိုင်း ပြတ်ကုန်သဖြင့် တဖောင်းဖောင်းပေါက်ကွဲသံများ ဆူညံသွားသည်။ ထို့နောက် မန်ဟိုက အမျိုးသမီးအနား ရောက်လာသည်။

"ဂဠုန်သိမ်းငှက်အသွင်ပြောင်းခြင်း။ နင်က နတ်ဂဠုန်သိမ်းငှက်ဂိုဏ်းရဲ့ ဂိုဏ်းသားပဲ" အမျိုးသမီး၏မျက်နှာပျက်သွားပြီး သူမက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လျက် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ထို့နောက် မည်းညစ်နေသောသွေးတစ်လုပ်ကို ကပျာကယာ ထွေးထုတ်လိုက်၏။ သွေးမည်းများက သွေးချိပ်စည်းအသွင် ပြောင်းသွားသည်။ ချိပ်စည်းသည် လူးလွန့်လှုပ်ရှားလာပြီး မျက်စိတစ်မှိတ်အတွင်း  နဂါးတစ်ကောင်အသွင် ပြောင်းသွားခဲ့လေပြီ။

၎င်းက သွေးမည်းမှ ဖြစ်ပေါ်လာသော နဂါးတစ်ကောင်ဖြစ်၍ နဂါးနက်အသွင်ရှိသည်။ နဂါးနက်က ဟိန်းဟောက်ရင်း မန်ဟို့ထံသို့ ပြေးဝင်လာရင်း လေပြင်းတစ်ချက် တိုက်ခတ်လာစေသည်။

"ဒီ‌လိုမှော်သိုင်းကွက်မျိုးက ရွေးချယ်ခံတစ်ယောက်နဲ့ တကယ်ပဲ ထိုက်တန်သလား" မန်ဟိုက ခေါင်းခါရင်း ပြောလိုက်သည်။ ဤမျှသာ ဤအမျိုးသမီး လုပ်နိုင်လျှင်တော့ မန်ဟို့အပေါ် အကြွေးတင်ဖို့ မလုံလောက်ပေ။

သူက ခြေတစ်လှမ်းတက်၍ လက်သီးဆုပ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

၎င်းက သူ၏ဒုတိယလက်သီးချက်။ နတ်ဆိုးလက်သီးဖြစ်၏။

လက်သီး လေကိုခွင်းသွားစဉ် ကောင်းကင်ဘုံများမှာ ပြိုကွဲတော့မည့်အလား ဖြစ်လာသည်။ နဂါးနက်မှာ ယခုလေးတင် ပေါ်လာခဲ့သော်လည်း တွ့န်လိမ်‌ဖယ်နေလေပြီ။ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မည့်အလား မချိတင်ကဲ အော်ဟစ်နေရသည်။

မန်ဟို စကားပြောလိုက်သော အခိုက်အတန့်တွင် မြွေနဂါးမယ်က ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ကာ တစ်၀က်ကျော်က မီးငြိမ်းနေပြီဖြစ်သော ဝိညာဉ်မီးအိမ်ဆယ်လုံးကျော်အား သူမပတ်ပတ်လည်တွင် ပေါ်လာစေသည်။ ထိုဝိညာဉ်မီးအိမ်များထဲ၌ တင်ပျဉ်ခွေထိုင်နေသော လူသေးသေးလေးများ၏ ပုံရိပ်များကို မြင်ရနိုင်သည်။

ထိုပုံရိပ်အားလုံးသည် ခါးအောက်ပိုင်းမှစ၍ မြွေခန္ဓာဖြစ်နေသည်မှလွဲ၍ မြွေနဂါးမယ်နှင့်တစ်ပုံစံတည်းပင်။ ရုတ်တရက် ၎င်းတို့က မျက်လုံးများဖွင့်၍ နဂါးနက်အား ကြည့်လိုက်ကြသည်။

"မြွေနဂါးအစွမ်းဆယ့်သုံးဆ" သူမက ခပ်စူးစူးအသံဖြင့် အော်လိုက်သည်။ နဂါးနက်တစ်ကိုယ်လုံး တုန်ရီသွားပြီး ၎င်း၏စွမ်းအားတို့ နှစ်ဆတိုးလာ၏။

ထို့နောက် သုံးဆ... လေးဆ ....မျက်စိတစ်မှိတ်အတွင်း နဂါးနက်၏အစွမ်းကား ဆယ့်သုံးဆတိုးသွားခဲ့လေပြီ။ ယခုတွင် ၎င်းက ယခင်နှင့်လုံးလုံးမတူတော့ပေ။ ထိုမျှသာမက တာအိုနယ်ပယ်အရှိန်အဝါတစ်ချို့ကိုပင် ထုတ်လွှတ်နေ၏။

မန်ဟိုမှာ အံ့အားသင့်သွားသော်လည်း ခေါင်းခါလိုက်သေးသည်။

"ဒါကလည်း သိပ်ပြီးမထူးသေးဘူး" သူက ပြောသည်။ သူသည် ဤတိုက်ပွဲအား ငြီးငွေ့နေပြီဖြစ်၍ တတိယလက်သီးချက်၊ နတ်ဘုရားသုတ်သင်ခြင်းအား ထုတ်လွှတ်လိုက်တော့သည်။

နတ်ဘုရားသုတ်သင်ခြင်းလက်သီး ထွက်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး တုန်ခါလာ၏။ ယခုတွင် ဆယ့်သုံးဆအစွမ်းထက်နေသော မြွေနဂါးနက်မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး တစ်ကိုယ်လုံး ပျက်စီးသွားတော့သည်။ ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ အံ့အားသင့်သွားပြီး မန်ဟို့အား ပြူးကျယ်နေသော မျက်လုံးများဖြင့် လှမ်းကြည့်ကြ၏။

"ကောင်းကင်နတ်ဘုရားမဟာမိတ်တော့ မှားသွားပြီ။ သူ သုံးစွဲနိုင်တဲ့စွမ်းအားက ရှေးဟောင်းနယ်ပယ်အဆင့်မဟုတ်ဘူး"

"သူ့ရဲ့ဒဏ်ရာတွေကလည်း ပျောက်သွားခဲ့ပြီ"

"သူက ဒဏ်ရာမရခင်တုန်းက ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြုတ်နိုင်ခဲ့တယ်။ ဝိညာဉ်နက်အဖွဲ့အစည်းခေါင်းဆောင်ကြီးကိုယ်တိုင်တောင်မှ သေလုမျောပါးဒဏ်ရာတွေ ရခဲ့တာ"

လူတိုင်း အံ့အားသင့်နေကြသည်။ မန်ဟိုက မြွေနဂါးမယ်ဆီ လျှောက်သွားပြီး ညာလက်ကို ဆန့်တန်းလိုက်၏။ သူ၏မျက်လုံးများက သွေးအေးအေး တောက်ပနေလေသည်။ ဤကျင့်ကြံသူများသည် သူ့ကို သတ်ဖို့ လာခဲ့သည့်အတွက် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အရေးမကြီး။ သူ့အပေါ် အကြွေးစာချုပ်တင်နိုင်သည့် အရည်အချင်းမရှိသရွေ့ မန်ဟိုက အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။

သူက အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်း တောက်နေလျက် မြွေနဂါးမယ်အနား ချဉ်းကပ်လာသည်။ သူမသည် မျက်နှာပျက်သွားပြီး လက်နှစ်ဖက်လုံး မုဒြာလက်ကွက် ဖော်လိုက်၏။ မန်ဟို သူမလည်ပင်းအား ဆုပ်ကိုင်တော့မည့်အချိန်မှာပင် သူမက ဟိန်းဟောက်ကာ သရဲပုံရိပ်အသွင် ပြောင်းသွားသည်။

သူမ ပြန်ပေါ်လာသောအခါ သွေးများက သူမပါးစပ်မှ စီးကျနေ၏။

"အယ်" မန်ဟိုက ပြောသည်။ သူမ နေရာရွှေ့ပြောင်းလိုက်သောအခိုက်အတန့်တွင် တာအိုနတ်ဘုရားကျမ်းစာ၏အခိုးအငွေ့များကို သူ ခံစားခဲ့ရလေသည်။

သူက သူမထံသို့ လေကိုခွင်း၍ ရွေ့လျားလာပြန်ရာ မြွေနဂါးမယ်၏မျက်နှာမှာ ဖြူလျော့နေပြီး အကြောက်တရားများ ထင်ဟပ်နေတော့သည်။ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် သူမသည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ နေရာရွှေ့ပြောင်းရင်း ထွက်ပြေးပြန်၏။

မန်ဟိုမှာ ပိုမိုစိတ်၀င်စားသွား၍ လက်ချောင်းကို ရုတ်တရက် လှုပ်ရှားကာ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။ အမျိုးသမီးမှာ ဘာကြောင့်မှန်းမသိသော်လည်း တုံ့ခနဲ ရပ်သွားလေရာ သူမမျက်ဝန်းများတွင် အားငယ်မှုတို့ ပြည့်နှက်လာသည်။

သူ သူမအနားသို့ ရောက်သွားသည့်အချိန်မှာပင် ရုတ်တရက် ပိန်ချုံး‌ခြောက်ကပ်နေသော လက်တစ်ဖက်က မည်သည့်နေရာကမှန်းမသိ ထွက်လာပြီး မန်ဟို့ကို ဆုပ်ကိုင်လိုက်သည်။

"တစ်၀က်တစ်ပျက်တာအို ထွက်သွားစမ်း" ဤလူက မည်ကဲ့သို့လူမျိုးလဲ မန်ဟို ချက်ချင်း သိလိုက်၏။ သူက လက်ကို ဝှေ့ရမ်းလိုက်ကာ ပါရာဂွန်တံတား၏အရှိန်အဝါကို ထွက်လာစေသည်။ သူ့လက်နှင့်ထိလိုက်သည်နှင့်တစ်ပြိုင်နက် ပိန်ချုံးချုံးလက်ကြီးမှာ ကြေမွသွားပြီး အဘွားအိုတစ်ဦးက ကြောက်လန့်နေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်ရင်း ယိုင်တိယိုင်တိုင်ဖြင့် ဘွားခနဲ ပေါ်လာလေသည်။ သူမက သွေးအန်ရင်း မြွေနဂါးမယ်ထံသို့ ရွေ့လျားကာ သူမကို ဆွဲပြီး ထွက်ပြေးတော့သည်။

ထိုအဘွားအိုက မြွေနဂါးမယ်၏ တာအိုစောင့်ရှောက်သူဖြစ်သော်လည်း သူမပင်လျှင် ကြောက်ရွံ့နေရလေပြီ။ "မမလေး ကျွန်မတို့ ထွက်ပြေးမှ ဖြစ်မယ်။ ဒီလူက ဒဏ်ရာရမထားဘူး"

မြွေနဂါးမယ် ထွက်ပြေး‌နေသည်ကိုမြင်လျှင် မန်ဟိုက ပြုံးလိုက်သည်။ အပြုံးကား အေးစက်နေသည်။ သူက သူ၏လက်ကို ထွက်ပြေးနေသော မြွေနဂါးမယ်ထံသို့ ဝှေ့ယမ်းလိုက်၏။

"အကြွေးစာချုပ် ဖန်ဆင်းဖို့ ကံကြွေးကို ဆင့်ခေါ်တယ်။ ဒီနေ့ကစပြီး မင်း ငါ့အပေါ် အကြွေးတင်သွားပြီ" ချက်ချင်းပင် ကံကြွေးမျှင်များက မြွေနဂါးမယ်၏အပေါ်တွင် ပေါ်လာ၏။ ထို့နောက် မန်ဟိုက အတောက်ပဆုံးကံကြွေးမျှင်ကို လှမ်းဆွဲပြီး ၎င်းအပေါ်တွင် ချိတ်ပိတ်အမှတ်အသားတစ်ခု စီရင်လိုက်သည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ မြွေနဂါးမယ်မှာ သွေးအန်လိုက်ရ၏။ ယခုတွင် သူမနှလုံးသားထဲ၌ မဖော်ပြနိုင်သော အကြောက်တရားတို့ ပြည့်နှက်နေလေပြီ။ အထူးသဖြင့် မန်ဟိုလက်ဝါးထက်၌ ပျံဝဲနေသော တောက်တောက်ပပ စာရွက်တစ်ရွက်ကို မြင်လိုက်ရသည့်အခါတွင်ပင်။ အရေးကြီးသော အရာတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် သူမ၏ကြောက်စိတ်တို့မှာ ပို၍သာ ကြီးထွားလာတော့၏။

ထိုအခိုက်အတန့်တွင် အေးစက်စက်နှာမှုတ်သံက ကောင်းကင်တွင် ပဲ့တင်ထပ်လာပြီး လူးလွန့်‌လှုပ်ရှားနေသော သွေးမြူတိမ်တစ်ခုသည် မန်ဟို့ဆီ ထိုးဆင်းလာသည်။

"အာ နောက်တစ်ယောက်ပါလား" မန်ဟိုက ဟက်ခနဲ တစ်ချက်ရယ်ကာ ပြောသည်။ သူက ရပ်စောင့်နေမည့်အစား ကောင်းကင်သို့ ထိုးတက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။ သို့သော် အဝေးမှကြည့်လျှင် သူသည် ထွက်ပြေးနေသည်နှင့်တူ၏။

မန်ဟို ကောင်းကင်သို့ ထိုးတက်၍ တိုက်ခိုက်တော့မည့်အချိန်မှာပင် တာအိုရသေ့က တောက်ပစွာ ပြုံး၍ လေလယ်တွင်ပေါ်လာကာ လှမ်းအော်သည်။ "လိမ္မာစမ်းပါ ငါ့တပည့်လေးရာ မပြေးပါနဲ့"

All Chapters