Chapters

အထူးမြေပြင်နှင့်ဂမ္ဘီရနွယ်! ၃

Vol. 73 Ch. 1081

အထူးမြေပြင်နှင့်ဂမ္ဘီရနွယ်! ၃

Vol. 73 Ch. 1081

ဒီအရည်အသွေးရှိတာပိုကောင်းသည်။ သူခိုးရန်၊ပျိုးထောင်သည့်ရန်၊ရွှေ့ပြောင်းစိုက်ပျိုးသည့်ရန်မှကာကွယ်နိုင်သောအရည်အသွေးကောင်းပင်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား အာကာသအကွက်ထဲသွားပြီး မျိုးပြောင်းအာကာသနွယ်ပင်စိုက်စေသည်။

မျိုးပြောင်းအာကာသနွယ်မှာ ကြီးထွားနှုန်းအရည်အသွေး +၁ ရှိသောကြောင့် အကြီးမြန်သည်။

အပြင်မှာတစ်နာရီသာကြာပြီး မျိုးပြောင်းအာကာသနွယ်သတင်းပေါ်လာသောကြောင့် ချင်လင်အံ့ဩမိသည်။

နည်းနည်းတော့မြန်သည်။

ချင်လင်ကခဏစောင့်ပြီး ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် စိုက်ခင်းအပေါ်မှာခြစ်ခြစ်တောက်ပူနေသောနေကိုကြည့်လိုက်သည်။

မျိုးပြောင်းအာကာသနွယ်က နေ့ဘက်နေအလင်းရောင်ကိုစုပ်ယူပြီး ညဘက်အလင်းထုတ်နိုင်သည်။ အခု အလင်းရောင်အများကြီးစုပ်ယူထားလိမ့်မည်။

ချင်လင်က အာကာသအကွက်ထဲလျှောက်သွားကာ မျိုးပြောင်းအာကာသနွယ်ကိုကြည့်လိုက်သည်။ သာမန်နွယ်နှင့်မခြားဘဲ ပင်စည်သာနည်းနည်းထူသည်။

စနစ်ကြောင့်ပေါ်လာသောဝါးတိုင်များက အာကာသအကွက်ထဲရှိနေသည်။ မျိုးပြောင်းအာကာသနွယ်က ဝါးတိုင်ကိုရစ်ပတ်ပြီးတက်နေ၏။

ချင်လင်အနီးကပ်ကြည့်သောအခါ လူပုလေးတစ်ယောက်လည်းရောက်လာသည်။ အဝါရောင်ဝတ်ထားသောလူပုလေးဂိုဒီဖြစ်သည်။

ဂိုဒီက ချင်လင်ကိုတမင်သက်သက်လှည့်ပတ်ပြီး ချင်လင်မမြင်မြင်အောင်ပြသည်။ ပြီးမှ သူ့နောက်ပြေးလာကာ_

"သူဌေး လမ်းလေးပေးပါဦး... ကျုပ်အလုပ်သွားလုပ်တော့မယ်!''

သူကဘာလို့ သူဌေးလာရင်ကြွားချင်တဲ့ရုံးဝန်ထမ်းနဲ့တူနေတာလဲ?

သူအလုပ်ကြိုးစားထားကြောင်း ပြချင်နေသလိုပင်။

ဂိုဒီက မျိုးပြောင်းအာကာသနွယ်များကိုရိတ်သိမ်းသည်။

ခဏအကြာ ချင်လင်ကအာကာသနွယ်ကို စိုက်ပျိုးရေးခြံအိမ်ထဲယူသွားသည်။ တံခါးများ၊ပြတင်းပေါက်များအကုန်ပိတ်ပြီး ခန်းဆီးဆွဲကာအလင်းမဝင်နိုင်အောင်ပိတ်ထားလိုက်သည်။

ဒီလိုဆို ဘယ်ဘက်ကမှအလင်းမဝင်နိုင်တော့။ သို့ရာတွင် ချင်လင်ကိုဗဟိုပြုပြီး အလင်းဖျော့ဖျော့ထွက်လာကာ အဘက်ဘက်သို့ပြန့်သွားသည်။

သူ့လက်ထဲမှမျိုးပြောင်းအာကာသနွယ်ပင်။

နောက်ပြီး အလင်းကအတော်ထွက်လာသည်။ တခဏချင်း အားလုံးလင်းသွား၏။ မီးအိမ်ထက်တော့မလျော့။

ဒီလိုအလင်းမျိုးက နေရာအတော်များများမှာ လမ်းမီးအဖြစ်သုံးနိုင်သည်။

နောက်ပြီး ရသ +၁ ရှိသောအလင်းက အတော်လှသည်။

ထိုအလင်းအောက်တွင် ချင်လင်လည်းစိတ်တည်ငြိမ်လာသည်။ စိတ်ငြိမ်ခြင်း +၁ အရည်အသွေးကြောင့်ပင်။

တောင်ပေါ်မှာဒီအပင်စိုက်ရင် ပြိုင်စံရှားအပန်းဖြေတောင်တန်းရှုခင်းနေရာဖြစ်လာဖို့ ပိုသေချာသွားသည်။

တောင်ပေါ်တွင် လူတစ်စုကအသည်းအသန်ရှာနေကြသည်။

ဥက္ကာခဲကအရေးကြီးသောကြောင့် ခေါင်းဆောင်ထန်တို့အပါးမခိုရဲ။ သို့သော်လည်း တောင်ခြေမှာဥက္ကာခဲရပြီးနောက်ပိုင်း ဘာမှမတွေ့တော့ချေ။

သူတို့က အဖွဲ့သုံးဖွဲ့ခွဲထားသည်။ တစ်ဖွဲ့ကတောင်ပေါ်၊ နောက်တစ်ဖွဲ့က တောင်ဘေး၊ နောက်ဆုံးအဖွဲ့က တောင်ကြားကိုရှာကြသည်။

တောင်ကြားက တောင်အရှေ့ဘက်မှာရှိပြီး မြေအနေအထားလည်းထူးခြားသည်။

ခေါင်းဆောင်ထန်တို့က တောင်ကြားထဲရှာရင်း မူမမှန်ကြောင်းသတိထားမိသည်။

အထူးသဖြင့် အထူးကိရိယာကိုင်ထားသောအဖွဲ့ဝင်တစ်ဦးကအစီရင်ခံလာသည်_

"ခေါင်းဆောင်ထန်... ဒီမှာ SMC တန်ဖိုးရှိတယ်''

SMC က "အာကာသပစ္စည်းဖွဲ့စည်းမှု'' ၏အတိုကောက်ဖြစ်သည်။

ထိုပစ္စည်းများတွင်ဥက္ကာခဲပါပြီး လွယ်လွယ်မပျောက်ကွယ်တတ်။ သူတို့က ပတ်ဝန်းကျင်အလိုက်ပြောင်းလဲပေါင်းစပ်သည်။ တချို့အာကာသပစ္စည်းများက နှစ်ရာချီကြာတောင်မပျောက်ကွယ်နိုင်ပေ။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှသိပ္ပံပညာရှင်များက SMC တန်ဖိုးကိုတိုင်းနိုင်သောကိရိယာထွင်ထားကြသည်။

ထိုကိရိယာကြောင့်သာ ဘယ်နေရာမှာအာကာသဥက္ကာခဲအစိုင်အခဲတွေရှိကြောင်း သိပ္ပံပညာရှင်များအတည်ပြုနိုင်ကြသည်။

အချိန်နဲ့အမျှ ထိုနေရာများတွင် အာကာသဥက္ကာခဲများ၊မျိုးပြောင်းအပင်များတွေ့ရတတ်သည်။

ဒီတစ်ခါ တော်ဝင်ပညာရှင်လီက ရုံချန်းမှာကျောက်တုံးကျဖူးကြောင်းမှတ်တမ်းရှိသည်ဟုပြော၍ သူတို့ဒီကိရိယာယူလာခဲ့သည်။

မိုးပေါ်ကကျောက်တုံးဆိုတာ ဥက္ကာခဲ၊ အဲဒီဥက္ကာခဲကဖြစ်လာတဲ့အစိုင်အခဲဖြစ်မည်။

အခုတောင်ကြားမှာ ကိရိယာနဲ့စမ်းရင်း PMC တန်ဖိုးထွက်လာသည်။

ဒီတော့ ဒီမှာအရင်ကဥက္ကာခဲကျဖူးတဲ့သဘော။ ဒီတောင်ကြားမှာ အဲဒီဥက္ကာခဲကျခဲ့တာဖြစ်မည်။