တောင်ကြားမှာတွေ့တဲ့မျိုးစေ့!
Vol. 73 Ch. 1082
တောင်ကြားတွင်_
ခေါင်းဆောင်ထန်တို့နည်းနည်းအလုပ်ရှုပ်နေကြသည်။ ပတ်ပတ်လည်ကိုရှာဖွေရန်အမိန့်ပေးထား၏။
SMC တန်ဖိုးတက်လာသောကြောင့် ဒီနေရာမှာဥက္ကာခဲတကယ်ရှိခဲ့ကြောင်းပြနေသည်။ အထူးအာကာသဓာတ်နှင့်ပတ်ဝန်းကျင်ရောနေ၏။
ဥက္ကာခဲတွေ့ဖို့တော့ သူမမျှော်လင့်မိ။ ဘာပဲဖြစ်ဖြစ် ရှေးတုန်းကကျတဲ့ကျောက်တုံးကို တစ်ယောက်ယောက်ယူချင်ယူသွားနိုင်သည်။
ရှေးက မိုးကျကျောက်တုံးများကို မင်္ဂလာကျောက်တုံး ဒါမှမဟုတ် နိမိတ်မကောင်းဟုယူဆကြသည်။ အတော်များများက အထူးအဓိပ္ပါယ်တစ်ခုခုကိုယ်စားပြုပြီးပုံသွင်းထုဆစ်ကြ၏။
ဥက္ကာခဲကျပြီး မြို့ပျက်သောရောဂါများဖြစ်ကြသည်။
တချို့ဥက္ကာခဲများကရောင်ခြည်ထွက်ပြီး တချို့ကပိုးမွှားများရှိတတ်သည်။
ရှေးလူတွေကဒီအကြောင်းမသိသောကြောင့် ဒီအတိုင်းယူပြီးလူကြားထဲတောင်ပြထားကြသည်။
ထို့နောက် ငြိမ်သွား၏။
သို့ရာတွင် ဒီ SMC တန်ဖိုးက တော်ဝင်ပညာရှင်လီ၏မှန်းဆချက်ကိုအတည်ပြုလိုက်သလိုပင်။
ဒီမှာ အမှန်ပင်ဥက္ကာခဲကျဖူးသည်။
အခုဒီတောင်ကြားမှာ နောက်ထပ်ဥက္ကာခဲတွေ့ဖို့သာမျှော်လင့်ရတော့မည်။
တချိန်တည်းမှာ ခေါင်းဆောင်ထန်တို့က တော်ဝင်ပညာရှင်လီကိုအသိပေးကြသည်။
တော်ဝင်ပညာရှင်လီကတာဝန်ခံဖြစ်သောကြောင့် ဒီအခြေအနေကိုတင်ပြရမည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က မျိုးပြောင်းအာကာသနွယ်နှင့်ဂိမ်းထဲမှထွက်လာသည်။
သံသယဖြစ်စရာမရှိ_
မျိုးပြောင်းအာကာသနွယ်ကိုတောင်ပေါ်မှာအလုံအလောက်စိုက်ရင် တစ်တောင်လုံးလင်းနေမည်။ ညပိုင်းတွင် နတ်သမီးပုံပြင်ထဲကလိုထူးခြားလှပနေမည်။
ခရီးသည်တွေညပိုင်းတောင်ပေါ်တက်ရင် ဒီနတ်သမီးပုံပြင်အလင်းတောကြီးက အရမ်းကြည်နူးစရာကောင်းမည်။
အဲဒီအချိန်ကျရင် ဒီတောင်ကို'နတ်သမီးပုံပြင်တောင်'ဟုခေါ်မည်။
တောင်ပေါ်ဖွံ့ဖြိုးအောင် တောင်တက်လမ်းအပြင် တောင်ပေါ်လှုပ်ရှားမှုများစွာဖွင့်ရမည်။
အချိန်ကျရင် တောင်ပေါ်မှာနေထွက်ရှုခင်းကြည့်၊ ကေဘယ်ကားနှင့်ပန်းအိမ်များကြောင့် တောင်ပေါ်တစ်ခုလုံးခရီးသွားအစီအစဉ်က ချင်းလင်စံအိမ်ထက်လျော့မည်မဟုတ်။
ဒါပေမဲ့ ပြဿနာတစ်ခုရှိသည်။
အာကာသပင်များမှာအလွန်ရှား၍ လူသားတွေကဘာအာကာသပင်မှမတွေ့ဖူးသေး။
ရှိပြီးသားအာကာသပင်များကလည်း လူသားတွေအာကာသထဲမျိုးစေ့ယူသွားပြီး အာကာသပစ္စည်းများနှင့်ထိတွေ့ခြင်းကြောင့် မျိုးပြောင်းသွားခြင်းဖြစ်သည်။
မျိုးပြောင်းအာကာသနွယ်ပင်က ဂိမ်းထဲမှာမျိုးပြောင်းထားသောမျိုးစေ့ဖြစ်သည်။ စိုက်ပျိုးပြီးရင် ကမ္ဘာပေါ်မှာမရှိသောအာကာသဓာတ်တချို့သေချာပေါက်ပါမည်။
ထိုဓာတ်များကို အာကာသသီးနှံများတွင် အနည်းနှင့်အများတွေ့ရသည်။
နည်းနည်းစမ်းသပ်ကြည့်ရင်ပေါ်လာမည်။
ချင်လင်တွေးတောနေစဉ် တံခါးခေါက်သံကြားရသည်။
သူကတံခါးဖွင့်လိုက်သည်။
တော်ဝင်ပညာရှင်လီက ပြုံးပြုံးရွှင်ရွှင်နှင့်ဝင်လာပြီး_
"သူဌေးချင်... သတင်းကောင်းပြောဦးမယ်... ခေါင်းဆောင်ထန်တို့က တောင်ကြားမှာ SMC တန်ဖိုးစမ်းသပ်တွေ့ရတယ်တဲ့''
"ပြောရရင်တော့ ရုံချန်းမှာဥက္ကာခဲကျဖူးတယ်ဆိုတာ အဲဒီတောင်ကြားမှာဖြစ်မယ်... နောက်ထပ်ဥက္ကာခဲတွေ့ရင်တွေ့ဦးမှာ''
"မင်းသွားကြည့်ချင်လား? တောင်ကြားမှာ မျိုးပြောင်းတဲ့အပင်တွေရှိရင်ရှိနိုင်တယ်''
တော်ဝင်ပညာရှင်လီကဖိတ်ခေါ်သည်။
ဒါ အိမ်ရှင်ချင်လင်အပေါ် လေးစားသမှုနဲ့ယဉ်ကျေးမှုရှိခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ချင်လင်ရဲ့သီးနှံသုတေသနလုပ်နိုင်စွမ်းကို သူအသိအမှတ်ပြုသည်။
ဒါကြောင့် ဖိတ်ရခြင်းပင်။
"မျိုးပြောင်းအပင်?''
ရုတ်တရက် ချင်လင်မျက်စိကျယ်သွားသည်။
ဒါအခွင့်အရေးကြီးပဲမလား?
စမ်းသပ်တွေ့ရတာနဲ့ မျိုးပြောင်းအာကာသနွယ်ကိုတန်းထုတ်လို့မကောင်း။ တစ်ယောက်ယောက်ကတိတ်တဆိတ်ယူသွားပြီး တောင်ပေါ်မှာတကယ်စိုက်ထားတယ်ဆိုရင်ရော?
ဒါမှမဟုတ် အဲလိုပဲဖြစ်မည်။
ကြည့်ရတာ ပြဿနာဖြေရှင်းနိုင်ပြီ။
သူနဲ့တော်ဝင်ပညာရှင်လီက တောင်ကြားကိုသွားပြီး အမှတ်မထင်မျိုးစေ့တချို့တွေ့ခဲ့သည်ပေါ့။ အဲဒီမျိုးစေ့တွေကိုစိုက်ပြီး မျိုးပြောင်းအာကာသနွယ်ဖြစ်လာမည်။
ကျိုးကြောင်းမသင့်ဘူးလား?
ဒါပေမဲ့ စံအိမ်နားကတောင်တန်းပေါ်မှာ ဥက္ကာခဲကျဖူးတာတော့ တကယ်မထင်ထားတဲ့ကိစ္စပင်။
ချင်လင်ကချက်ချင်းပြန်ဖြေသည်_
"တော်ဝင်ပညာရှင်လီ... ဥက္ကာခဲကျတဲ့နေရာ တကယ်တွေ့တာလား? လိုက်ကြည့်မှာပေါ့... ဒါပေမဲ့ အိမ်အရင်ပြန်လိုက်ဦးမယ်... တော်ဝင်ပညာရှင်လီ ကျွန်တော့်ကိုစောင့်နော်''
"ရတယ်''
တော်ဝင်ပညာရှင်လီပြုံးလိုက်သည်။
နှစ်ယောက်သား ရုံးခန်းထဲမှအတူတူထွက်လာကြ၏။
တော်ဝင်ပညာရှင်လီက ဧည့်ခန်းထဲစောင့်နေသည်။
ချင်လင်က အတွင်းဘက်ဝင်လာ၏။
သူဂိမ်းထဲဝင်ပြီး မျိုးပြောင်းအာကာသနွယ်ထုတ်လာမည်။
အချိန်ကျရင် အခွင့်အရေးရှာပြီး တောင်ကြားမှာမျိုးစေ့တွေ့သည်ဟုပြောမည်။ တောင်ကြားမှာတချို့တလေချထားခဲ့ရင် မျိုးပြောင်းအာကာသနွယ်ပေါက်နိုင်သည်။ ဒါဆိုပိုပြီးလက်ခံနိုင်စရာရှိသည်။
စံအိမ်အတွင်းဘက်ဝင်လာသောအခါ ကြက်တူရွေးရှောင်ဝူနှင့်ရှောင်ပေါင်က တွတ်တီးတွတ်တာပြောနေကြသည်ကိုတွေ့ရသည်။
ချင်လင်ဝင်လာသောအခါ နှစ်ကောင်သားတပြိုင်တည်းကြည့်လိုက်ကြသည်။
ချင်လင်က ကြက်တူရွေးနှစ်ကောင်ကိုဂရုမစိုက်အား။ အလုပ်ခန်းထဲတန်းသွားပြီး ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မှမျိုးပြောင်းအာကာသနွယ်မျိုးစေ့ဝယ်စေသည်။
ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေပြီးနောက် အခန်းတံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် သူဝယ်ထားသောမျိုးပြောင်းအာကာသနွယ်မျိုးစေ့ကိုထုတ်လာသည်။
ဂိမ်းထဲကထွက်မည်အပြုတွင် ခဏတွေးကြည့်ပြီး ဥက္ကာခဲတစ်ခဲပါထုတ်လာသည်။
စိတ်ချရအောင် ခေါင်းဆောင်ထန်နဲ့တော်ဝင်ပညာရှင်လီတို့ကို တခြားအရာနဲ့အာရုံပြောင်းမည်။
ချင်လင်က ဥက္ကာခဲနှင့်အလုပ်ခန်းထဲမှထွက်လာပြီး အခန်းထောင့်မှာကစားနေဆဲဖြစ်သောကြက်တူရွေးရှောင်ဝူအား_
"ရှောင်ဝူ.. ခဏလာဦး... ဒီကျောက်တုံးကို တောင်ကြားထဲသွားပစ်ပေးစမ်းပါ... တောင်ကြားသိတယ်မလား?''