← Chapters

သန္ဓေအားဆေးအစွမ်း! ဉာဏ်ကြီးရှင်ကလေး!

Vol. 73 Ch. 1084

သန္ဓေအားဆေးအစွမ်း! ဉာဏ်ကြီးရှင်ကလေး!

Vol. 73 Ch. 1084

တော်ဝင်ပညာရှင်လီလျှောက်လာသောကြောင့် ချင်လင်ကချက်ချင်းခေါင်းညိမ့်ပြီး_

"ဟုတ်တယ်... မျိုးစေ့ကိုထပ်ကြည့်ပြီးပြီ... နည်းနည်းထူးခြားတယ်... စိုက်ကြည့်ရင်တော့ဘယ်လိုနေမလဲမသိဘူး''

တော်ဝင်ပညာရှင်လီကစိတ်ကြည်နေသောကြောင့် ပြုံးပြီး_

"ဘယ်လိုလုပ်ရမလဲ? ငါလုပ်ကူမယ်!''

"ပုံမှန်အတိုင်း အိုးထဲမြေကြီးထည့်ရုံပါပဲ''

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး ချင်လင်ကိုမြေကြီးကူဖြည့်ပေးသည်။ သူကပြုံးလိုက်ပြီး_

"သူဌေးချင်... ငါတို့အဲဒီတောင်ကြားမှာ ဥက္ကာခဲထပ်တွေ့ခဲ့တာ... ဒီမျိုးစေ့ကလည်း မင်းကိုမထင်မှတ်ထားတာတွေပေးချင်ပေးနိုင်တယ်''

ချင်လင်ကပြုံးပြီး_

"အဲလိုဖြစ်ပါစေဗျာ... မထင်ထားတာတွေဖြစ်လာရင် တော်ဝင်ပညာရှင်လီရဲ့ကျေးဇူးကြောင့်ပါပဲ''

မထင်ထားတဲ့အရာက မျိုးပြောင်းအာကာသနွယ်မှန်းသိရင် တော်ဝင်ပညာရှင်လီပါးစပ်အဟောင်းသားဖြစ်သွားနိုင်သည်။

ချင်လင်က ပန်းအိုးများအကုန်မြေကြီးဖြည့်လိုက်သည်။ စုစုပေါင်း ၁၀ အိုးကျော်သည်။ ထို့နောက် ဧည့်ခန်းရှေ့တွင်ပန်းအိုးများထားပြီး မျိုးပြောင်းအာကာသနွယ်မျိုးစေ့ကိုတစ်အိုးချင်းလိုက်ထည့်သည်။

ထို့နောက် တော်ဝင်ပညာရှင်လီနှင့်ချင်လင်က ဥက္ကာခဲအကြောင်းပြောကြသည်။

တောင်ပေါ်မှာဥက္ကာခဲနှစ်ခုဆက်တိုက်တွေ့သောကြောင့် သူအရမ်းဝမ်းသာနေပုံရသည်။

မျိုးပြောင်းအာကာသနွယ်ပင်စိုက်ပြီး ချင်လင်ကရေလိုက်လောင်းသည်။ ပြီးရင် မျိုးပြောင်းအာကာသနွယ်ပင်ထွက်လာဖို့စောင့်ရုံသာ။

သို့ရာတွင် ချင်လင်မိသားစုနည်းနည်းစိတ်လောသွားရသည်။

ကျောက်မိုချင်းမီးဖွားခါနီးသောကြောင့်ပင်။

သူ ပထမဆုံးအကြိမ် အဖေဖြစ်တော့မည်။ ကျောက်မိုချင်းကိုသန္ဓေအားဆေးကျွေးထားသောကြောင့် ပြဿနာမရှိမှန်းသိသော်လည်း စိတ်ဖိစီးရသေးသည်။

…

မြန်မြန်ဆန်ဆန် အချိန်ကုန်လွန်သွားသည်။

နတ်သမီးပုံပြင်တောင်နှင့်မျက်စိကြည်ဂျင်ဆင်းကြော်ငြာက အစီအစဉ်တကျတိုးတက်လာနေသည်။

ချင်းလင်စံအိမ်ဆေးကုသခန်းအပြင်ဘက်_

ချင်လင်ကစိတ်လှုပ်ရှားစွာစောင့်နေသည်။

ကျောက်မိုချင်းမွေးတော့မည်ဖြစ်၍ အပြင်မှာအကြာကြီးစောင့်နေ၏။ နောက်ဆုံးတော့ မွေးခန်းအပြင်မှာစောင့်နေတဲ့ အဖေဖြစ်တော့မယ့်ခံစားချက်ကိုသူသိပြီ။

အပန်းဖြေစံအိမ်သားဖွားခန်းကိုလည်း အသုံးချရပြီ။

ထန်ရှိုးဝမ်က စီရင်စုဆေးရုံသားဖွားမီးယပ်ဆရာဝန်ကိုကူပြီး ကျောက်မိုချင်းကိုကလေးမွေးပေးသည်။

သူအပြင် သူ့အမေလင်းဖန်၊ သူ့ယောက္ခမချန်ရှောက်၊ ယောက္ခထီးကျောက်ရှန်ဟုန်၊ ယောက်ဖကျောက်မိုယွင်နှင့်မရီးလီကျားဝမ်တို့လည်းစောင့်နေကြသည်။

တခြားအမျိုးသမီးသုံးယောက်ပါပါသည်။

လီကျားဝမ်နှင့်လင်းလျိုတို့က သူတို့သမီးလေးများချီထား၏။

ကျောက်မိုချင်းနှင့်မိတ်ကောင်းဆွေကောင်းများဖြစ်သောကြောင့် စိတ်ပူနေကြသည်။

"ချင်လင်... လူတိုင်း ကလေးအဖေဖြစ်တော့မယ်ဆိုရင်စိတ်လှုပ်ရှားကြတာပဲ... ကလေးနဲ့အမေအန္တရာယ်ကင်းဖို့ ရင်တမမနဲ့''

ကျောက်မိုယွင်က ချင်လင်ကိုပြောသည်။

ချင်လင်ကမကြား။

သန္ဓေတားဆေးကြောင့် ကျောက်မိုချင်းနဲ့ကလေးအန္တရာယ်ကင်းမှန်းသိရင်တောင် စိတ်ကထိန်းချုပ်မရပေ။

ထို့ကြောင့် သူစိတ်မထိန်းနိုင်။

"လင်းဖန်... မိုချင်းကလေးက ယောက်ျားလေးလို့ထင်ထား မိန်းကလေးလို့ထင်လား?''

ချန်ရှောက်ကအရမ်းသိချင်နေသည်။

သူမသမီးဘာမွေးမွေး ချစ်မယ်ဆိုပေမဲ့ ယောက်ျားလေးဆိုပိုကောင်းမည်။

လင်းဖန်ကလောလောနှင့်_

"ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်မြေးပါပဲ''

တကယ်တော့ လင်းလျိုတို့လည်းသိချင်နေကြသည်။

သူတို့အကုန်လုံးက မိန်းကလေးမွေးထားတယ်မလား။

ချင်လင်လည်း ကျောက်မိုချင်းဘာမွေးမလဲသိချင်သည်။

အထူးမစမ်းသပ်ထားသောကြောင့် ကျောက်မိုချင်းကိုယ်ဝန်က ကျားလား၊မလားမသိ။ အခု ကလေးထွက်လာမှသိတော့မည်။

ကျောက်မိုချင်းမိန်းကလေးမွေးလာရင် ချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ ပြဿနာရှိမရှိစဉ်းစားရတော့မည်။

ဝိုင်က အမျိုးသားတွေအတွက်ကောင်းပေမဲ့ သောက်ပြီးမွေးလာသမျှက မိန်းကလေးတွေဖြစ်နေတယ်မလား?

ကျောက်မိုချင်းသားမွေးရင်တော့ လောင်ချန်၊လောင်မာ၊လီရှင်းနဲ့သူ့ယောက်ဖက ပြဿနာရှိနေတဲ့သဘော။

မျိုးမကောင်းရင် ဝိုင်ကိုအပြစ်မတင်နဲ့ပေါ့။

အချိန်တခုကြာသွားသောအခါ သားဖွားခန်းတံခါးပွင့်လာသည်။

ထန်ရှိုးဝမ်ကထွက်လာပြီး သူ့ကိုဂုဏ်ပြုသည်_

"ဥက္ကဌချင် ဂုဏ်ယူပါတယ်... မိုချင်းက ယောက်ျားလေးမွေးတယ်... အခြေအနေအားလုံးကောင်းတယ်... ကလေးရောအမေပါကျန်းမာတယ်''

ချင်လင် သက်ပြင်းချလိုက်သည်။

ဝိုင်မှာ ပြဿနာမရှိ။

ကလေးရောအမေပါကျန်းမာတာ အကောင်းဆုံးပင်။

လင်းဖန်နှင့်ချန်ရှောက်က သားဖွားခန်းထဲအမြန်ဝင်ပြီး ကျောက်မိုချင်းကိုကြည့်ကြသည်။

တဖက်တွင် မွေးခါစကလေးကကိုယ်ခံအားနည်းသောကြောင့် အသားကျရန်အချိန်ယူဖို့လို၍ အထူးခန်းနှင့်ထားရသည်။ သူတို့ကမှန်မှတဆင့်သာကြည့်ရ၏။

သို့ရာတွင် ကျောက်မိုချင်းကမူ မွေးကုတင်ပေါ်တွင်မှီပြီးထိုင်နေပြီဖြစ်၍ အခန်းထဲဝင်လာသောလင်းဖန်၊ချန်ရှောက်နှင့်လင်းလျိုတို့ပါမကျန်အံ့ဩရသည်။

ကလေးမွေးပြီး သူမမျက်နှာမှာ ပင်ပန်းခြင်း၊မောဟိုက်ခြင်း အလျဉ်းမရှိ။

သူမက လင်းဖန်နှင့်ချန်ရှောက်ကိုမြင်သောအခါ_

"အမေ... ဗိုက်နည်းနည်းဆာတယ်... စောစောကအားကုန်သွားလို့... စားစရာလေးပေးပါဦး''

ကလေးမွေးထားသောအမျိုးသမီးများ ကြောင်ကုန်သည်။

အထူးသဖြင့် လီကျားဝမ်နှင့်လင်းလျိုတို့ပင်။

သူတို့ကလေးမွေးထားတာမကြာသေး။ ဘယ်လောက်နာလဲ သူတို့သိသည်။ မွေးပြီးဘယ်လောက်ချိနဲ့လဲမှန်းလည်းသိသည်။

အရုပ်ကြိုးပြတ်ပဲမလား?

ကျောက်မိုချင်းက ဘယ်လိုတုန်း? မွေးပြီးမျက်နှာကဖြူဖျော့မနေဘဲ အားရှိသေးတယ်လား?

ကလေးမွေးတာချင်းအတူတူ ဘာလို့မတူတာလဲ?

ကျောက်မိုချင်း သန္ဓေအားဆေးအကြာကြီးသောက်ခဲ့တာ သူတို့မသိပေ။

သန္ဓေသားအတွက်အကျိုးရှိရုံသာမက ကိုယ်ဝန်ဆောင်အတွက်လည်းအားရှိသည်။

"ဟုတ်ပြီ.. စားစရာယူပေးမယ်!''

ယောက္ခမလင်းဖန်က ဂရုမစိုက်အား။

ချွေးမလုပ်တဲ့သူကမြေးလေးမွေးပေးထားတာ မိသားစုရဲ့သူရဲကောင်းပဲ။ စားချင်တယ်ဆိုရင် တန်းပြင်ပေးမည်။

All Chapters